July 10, 2025
Kalay CND
Kalay CND/Photo: TCP
 The Chinland Post | 2019 February 15| (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ် (၉၅)သိန်းဖြင့် ချင်းလူမျိုး အများစုနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အ.ထ.က (၂) အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ(၂) ရက်တာကျင်းပပြုလုပ်မည်ဟု သတင်းရရှိသည်။
 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အစိုးရရန်ပုံငွေ ကျပ် (၁၀၀)သိန်း ထောက်ပံ့ပေးထားသည်ဟု စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က The Chinland Post သတင်းဌာနသို့ ပြောသည်။
တိုင်းဒေသကြီး အစိုးရထောက်ပံ့ငွေ ကျပ် ၁၀၀သိန်းကို ကလေးမြို့ ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက်ကျပ် (၉၅)သိန်း၊ မုံရွာမြို့နယ် ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ကျပ် (၃)သိန်း၊ ကသာ- ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ကျပ် (၂)သိန်း ထောက်ပံ့ကြောင်း စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးထံမှ သတင်းရရှိသည်။
ကလေးမြို့၌ ကျင်းပမည့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး နှင့် ကလေး ချင်းလူမျိုး အဖွဲ့အစည်း လူကြီးများ ဦးဆောင်မှုဖြင့် ကလေးမြို့၊ အ.ထ.က (၂) အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ(၂) ရက်တာကျင်းပပြုလုပ်မည်
(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ပြည်နယ်အဆင့်အနေဖြင့် ကျင်းပကြမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တက်ရောက်လာမည်ဟုသိရသည်။
 ————————————————
Unicode ဖြင့်
ကျပ် (၉၅)သိန်းဖြင့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကလေးမြို့တွင် စည်ကားစွာကျင်းပမည်
The Chinland Post | 2019 February 15|
(၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ကို စစ်ကိုုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ် (၉၅)သိန်းဖြင့် ချင်းလူမျိူး အများစုနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အ.ထ.က (၂) အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ(၂) ရက်တာကျင်းပပြုလုပ်မည်ဟု သတင်းရရှိသည်။
စစ်ကိုုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ ကျင်းပနိုင်ရေးအတွက် အစိုးရရန်ပုံငွေ ကျပ် (၁၀၀)သိန်း ထောက်ပံ့ပေးထားသည်ဟု စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က The Chinland Post သတင်းဌာနသို့ ပြောသည်။
တိုင်းဒေသကြီး အစိုးရထောက်ပံ့ငွေ ကျပ် ၁ဝဝသိန်းကို ကလေးမြို့ ချင်းအမျိူးသားနေ့ ကျင်းပနိုင်ရေးအတွက်ကျပ် (၉၅)သိန်း၊ မုံရွာမြို့နယ် ချင်းအမျိူးသားနေ့ ကျင်းပနိုင်ရေးအတွက် ကျပ် (၃)သိန်း၊ ကသာ- ချင်းအမျိူးသားနေ့ ကျင်းပနိုင်ရေးအတွက် ကျပ် (၂)သိန်း ထောက်ပံ့ကြောင်း စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးထံမှ သတင်းရရှိသည်။
ကလေးမြို့၌ ကျင်းပမည့် (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ကို စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး နှင့် ကလေး ချင်းလူမျိုး အဖွဲ့အစည်း လူကြီးများ ဦးဆောင်မှုဖြင့် ကလေးမြို့၊ အ.ထ.က (၂) အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ(၂) ရက်တာကျင်းပပြုလုပ်မည်။
(၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးရွှေခါရ်းမှ “ဒီနှစ် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ (၁၉)ရက်နေ့ညတွင် စမည်။ ဖေဖော်ဝါရီ (၂၀)ရက်နေ့ မနက် ၉းဝဝနာရီ၌ ချင်းအမျိုးသားနေ့ အစီစဉ်ပြုလုပ်ပြီး အလှမယ်ပြိုင်ပွဲ၊ ချင်းရိုးရာ အကများဖြစ်သည့် ဟားခါး၊ ဖလမ်း၊ တီးတီန်၊ ဟိုလ်ငို၊ မီဇို လူမျိုးနွယ်စုများ အကဖြင့် ဖျော်ဖြေပြသမည်။ ဆယ်တန်း ၆ဘာသာဂုဏ်းထူးရရှိသူများ၊ ပညာရေး (Secular) ဖြင့် ဒေါက်တာဘွဲ့ရရှိသူများ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်မည်။ ချင်းအမျိုးသားနေ့ စာစီစာကုံး ပြိုင်ပွဲ နှင့် မိမိရိုးရာယဉ်ကျေးမှု ဝတ်စုံပြပွဲ၊ သီချင်းဖျော်ဖြေမှုများ၊ Talent Show, ကာယဗလပြိုင်ပွဲ၊ Talent အသီးသီးများ ပြသဖျော်ဖြေရန် အစီစဉ်ရေးစွဲပြီးဖြစ်ကြောင်း” ပြောသည်။
ယခုနှစ်ကျင်းပမည့် ချင်းအမျိုးသားနေ့အခမ်းအနားတွင် အထူးဧည့်သည်တော်ကြီးအဖြစ် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်ကို ဖိတ်ကြားထားသည်ဟုလည်း သိရသည်။
(၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ကို ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ပြည်နယ်အဆင့်အနေဖြင့် ကျင်းပကြမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တက်ရောက်လာမည်ဟ ုသိရသည်။
About The Author
Leave a Reply
Your email address will not be published. Required fields are marked *