June 13, 2025

ချင်းလူမျိုးများ၏ ပိုင်ဆိုင်မူနှင့်ဆင်းရဲခြင်း

0
Van Bawi Mang

လူမျိုးတစ်မျိုး၏ ဝိသေသ လက္ခဏများအားလုံးသည် ပိုင်ဆိုင်မူ၏ဆိုလိုရင်းအောက်မှာ ရှိတယ်။ ပစ္စည်းတစ်စုံတစ်ရာ(things) ပိုင်ဆိုင်ခြင်းသက်သက်ကို ဆိုလိုခြင်း မဟုတ်ဘဲ ထိုထက် အဓိပ္ပါယ်က ပိုနက်နဲသည်။ ထိုပိုင်ဆိုင်မူဆိုတာ သဘာဝတရားအရ ရရှိသော အခြေခံ လူ့၏အခွင့်အရေး (rights) ဖြစ်သည်။ ဥပမာ- ချင်းလူမျိုးများ၏ ပိုင်ဆိုင်မူတွင် ရိုးရာ၊ ဘာသာ စကား၊ နယ်မြေ၊ယာ၊ တောတောင်၊ တရိစ္ဆာန်၊ နွားနောက် စသည့် အရာများပါဝင်သည်။ ထိုအရာများအားလုံးဟာ ကျွန်တော်တို့၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်တည်မူ(Identity) ဖြစ်တယ်။ ထိုကဲ့၍ ချင်းလူမျိုးများ၏ ပိုင်ဆိုင်မူတွင် မြေသည် ရိုးရာ၊ ယုံကြည်မူနှင့် ကိုယ်ပိုင်လက္ခဏာ ဖြစ်တည်မူနှင့် ခွဲခြား သီးသန့်ထားလို့မရဘူး။ ဆိုလိုရင်းမှာ ချင်းလူမျိုးများ၏ မြေသည် ချင်းလူမျိုးများနဲ့ဘဲ သက်ဆိုင်ပြီး ကျွန်တော်တို့သည် မြေပိုင်ရှင်သည်။ ပြီးရင် မြေသည် မြေကွက်၊ အိမ်ကွက် သက်သက်မဟုတ်ဘဲ သူ့မှာ အရင်းအမြစ်များစွာ(resource) ရှိပြီး ( ဥပမာ- သစ်၊တော၊ တရိစ္ဆာန်၊…)။ ထိုမြေ၏ အရင်းအမြစ်ပေါ်မှ လူတွေက မှီခိုပြီး နေထိုင် အသက်ရှင် ကြသည်။

 

သို့သော် ယခု ၂၁ ရာစုခေတ်တွင် မြေသည် အကြောင်းအမျိုးမျိုးဖြင့် အစိုးရ၊ လူမျိုးခြား နှင့် စီးပွားရေးသမားများ၏့ အာရုံစိုက်ခြင်းခံရသည်။ အဲဒီလိုဘဲ ကျွန်တော်တို့ ချင်းလူမျိုးများ၏ ပိုင်ဆိုင်မူဖြစ်သော မြေများသည်လည်း အမျိုးသာဥယျာဉ်(national park)၊ စက်မူရုံ၊ ခရီးသွား ဟိုတယ်ရုံ၊(hotel and tourism) စိုက်ပျိုးရေးနှင့် မွေးမျိုးရေးစသော စီမံကိန်းကြေင့် အစိုးရ နှင့် ပုဂ္ဂလိက ကုပ္ပဏီများထံမှ အာရုံစိုက်ခြင်းခံနေရသည်။ အထူးသဖြင့် ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးသော ပြည်နယ်ဖြစ်နေသောကြောင့် ပြည်နယ်ဖွံဖြိုးတိုးတက်ဖို့အတွက် မြေသည် အဓိက ဦးတည်ချက်ဖြစ်လာသည်။ ချင်းပြည်နယ် နှင့် ချင်းလူမျိုးများ တိုးတက်ဖို့အတွက် ကျွန်တော်တို့၏ မြေအား အသုံးပြုရမှာ ဖြစ်သည်။ သို့သော် ထိုမြေ စီမံခန့်ခွဲ၊ အသုံးပြုရာတွင် (resource management )ဘယ်လို မဟာနည်းဗျူဟာ၊ နည်းစနစ်များဖြင့် အကောင်အထည်ဖော်မလဲဆိုတာ အရင်ပြန်လည် သုံးသပ် ကြည့်ရှူလေ့လာရမှာ ဖြစ်သည်။

 

အထက်က ရှင်းလင်းခဲ့သလို မြေသည် မြေကွက်၊ အိမ်မြေယာ နှင့် ပစ္စည်းဥစ္စာသက်သက်မဟုတ်ဘဲ အခွင့်အရေးဖြစ်သလို (ချင်း)လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်တည်မူလည်း ဖြစ်သည်။ ထို့ကြောင့် မြေအား အသုံးပြုခွင့်ပြုလိုက်ပြီခြင်းသည် မြေ၌ ရှိသော အရင်းအမြစ်များအားလုံးအပေါ် ကြိုက်သလို လုပ်ပိုင်ခွင့် အခွင့်အရေးပေးခြင်းဖြစ်သည်။ ထိုအခွင့်အရေးပေးခြင်းမှာလည်း အဆင့်မျိုးမျိုးရှိတယ်။ ဥပမာ- ဌားယူ သုံးစွဲခွင့် ပေးမလား ဒါမှမဟုတ် ပိုင်ဆိုင်ခွင့်ပေးမလား (absolute rights or exclusive) စသော အခွင့်အရေးတွေ အများကြီးရှိသည်။ ထို့ကဲ့သို့ အခွင့်အရေးပေးခြင်းသည် တစ်ခါတစ်လေ ပါဝါ အာဏာ ပေးခြင်းနှင့်ညီမျှသည်။ ဒီ အခွင့်အရေးမှာ လုပ်ပိုင်ခွင့်တွေ ရှိနေတာကြောင့် အင်အားချိန်ခွင် သို့မဟုတ် ဟန်ချက်ညီအောင် တာဝန်၊ ဝတ္တရားတွေ ချပေးရမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့၏ မြေများအပေါ် ရရှိသည့် အခွင့်အရေးများကို တစ်ခြား လူမျိုး သို့မဟုတ် အဖွဲ့တစ်စုက လာသိမ်း၊ လုယူမှမျိုး မဖြစ်ဖို့အတွက် ကာကွယ်ရမှာ ဖြစ်သည်။

 

ထိုမြေကိစ္စနှင့် ပက်သက်၍ ယခု ကြားနေရသည့်သတင်းအရဆိုလျှင် ချင်းပြည်နယ်အစိုးရမှ ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမူလာလုပ်မည့် ရင်းနှီးမြှုပ်နှံသူများကို ချင်းလူမျိုးများ၏ မြေများအပေါ် ပိုင်ဆိုင်ခွင့် အခွင့်အရေး အလုံးအရင်းပေးရန် စီစဉ်နေသည်။ ဆိုလိုရင်းသည် ခင်ဗျားသည် မိခင်မြေကနေ နှင်ထုတ်ခံရခြင်း(exclude)နှင့်တူသည်။ ဒါဟာ ပြန်လည်သုံးသပ်မယ်ဆိုလျှင် ချင်းလူမျိုးများ၏ ပိုင်ဆိုင်မူနှင့် ဆင်းရဲသား ပြည်သူများအတွက် စိုးရိမ်စရာဖြစ်သည်။ ဆိုလိုရင်းမှာ ဆင်းရဲသားများသည် သူတို့၏အမိမြေမှာ အိမ်မြေကွက် တစ်ကွက်တောင်ရဖို့ရုန်းကန်နေချိန်မှာ ပိုက်ဆံရှိသူများကတော့ ကြိုက်သလောက် မြေများ ပိုင်ဆိုင်ခွင့် ရှိတော့မည်။ ဥပမာ- မြေအား ဈေးကွက်တစ်ခုအနေဖြင့် ကစားပြီး ချင်းလူမျိုးများ၏မြေတွေအားလုံးသည် ကျွန်တော်တို့၏ ပိုင်ဆိုင်မူအောက်ကနေ တစ်ခြားလူမျိုးစီ ရောင်းချခံရတော့မှာ ဖြစ်တယ်။(ဥပမာ- ဒီကိစ္စသည် လတ်တလောတွင် ဟားခါးနဲ့ ကန်ပလက်မြို့တွင် ဖြစ်နေသည်)။ ထို့ကြောင့် မြေအပေါ် အခွင့်အရေးပေးရာတွင် အာဏာ ပါဝါပြည့်သော အခွင့်အရေးမျိုးများကို တစ်စုံတစ်ဦး၊ အဖွဲ့အစည်း၊ အစိုးရများထံတွင် လုံးဝ မပေးသင့်သည့် အရာဖြစ်သည်။ ထိုမြေအပေါ် အခွင့်အရေးဆိုင်ရာကိစ္စအား ( ချင်းမျိုးလူများ၏ မြေယာ အသုံးပြုခြင်းနှင့် စီမံခန့်ခွဲခြင်း နည်းစနစ်အား) ယခုချင်းလူမျိုး နှင့် ချင်းအစိုးရ ကိုယ်တိုင် ပြန်လည်စဉ်းစား သုံးသပ်ရမည်ဖြစ်သည်။

 

ယခု ချင်းပြည်နယ်သည် ချင်းလူမျိုးများအတွက် ပြည်နယ်တစ်ခုသာ မဟုတ်ဘဲ ကျွန်တော်တို့၏ သမိုင်း၊ ရိုးရာ၊ ယဉ်ကျေးမူ နှင့် ချင်းလူမျိုးလက္ခဏာ ဖြစ်တည်မူများ၏ အမိမြေဖြစ်သည်။ ထို့ကြောင့် ချင်းပြည်နယ် အစိုးရမှ ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် မြေ စီမံခန့်ခွဲခြင်းနဲ အသုံးမူဆိုင်ရာ မဟာနည်းဗျူဟာများကို ချင်းမျိုးများ ရှေ့အနာဂတ်ကို မျှော်မျှင်ပြီး ဂရုတစိုက် စီမံရမှာ ဖြစ်သည်။ ထိုစီမံရာတွင်လည်း အဆင့်ဆင့်တိုင်းမှာ လွတ်လပ်စွာ ပြည်သူလူထု၊ လူမူ့အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မူကို လက်ခံ တခါးဖွင့်ပေးရမှာ ဖြစ်သည်။

ထိုကဲ့သို့ မလုပ်ဆောင်လျှင် ဆင်းရဲတွင်းကနေ ကျွန်ေတာ်တို့ လွှတ်နိုင်မည် မဟုတ်ပါ။

Salai Van Bawi Mang

24 Jan 2019

CNX

Leave a Reply

Your email address will not be published. Required fields are marked *