ခ်င္းအမ်ိဳးသားေန႔ ျဖစ္ေပၚလာပုံ

Chin National League for Democracy ဦးေဆာင္မႈျဖင့္ ရန္ကုန္မွ ခ်င္းအမ်ဳိးသားေန႔က်င္းပစဥ္

ခ်င္းအမ်ိဳးသားေန႔ နီးကပ္လာၿပီျဖစ္တဲ့အတြက္ ခ်င္းလူမ်ိဳးတုိင္းသိသင့္သိထုိက္သည့္ ခ်င္းအမ်ိဳးသားေန႔ျဖစ္ေပၚ လာပုံကုိ က်ေနာ္ေလ့လာ ေတြ႕ရွိခ်က္မ်ား ေဝငွလုိပါသည္။ တနည္းေျပာရရင္ သမုိင္းအက်ဥ္းခ်ဳပ္ကုိ ေဖာ္ျပျခင္း ျဖစ္သည္။

” ခ်င္းအမ်ိဳးသားေန႔ ျဖစ္ေပၚလာပုံ “

ခ်င္းအမ်ိဳးသားေန႔သည္ ခ်င္းအမ်ိဳးသားတုိ႔၏ ကုိယ့္ၾကမၼာ ကုိယ္ဖန္တီးခြင့္ျပန္လည္ရရွိေရး၊ လြတ္လပ္မႈ၊ တန္း တူညီမႈတုိ႔ရရွိေရးအတြက္ ႏွစ္ေပါင္း ၆၀ ေက်ာ္ ရုန္းကန္လႈပ္ရွား တုိက္ပြဲဝင္လာခဲ့ၾကရာမွ ေပၚေပါက္လာခဲ့ သည္။ ခ်င္းအမ်ိဳးသားေန႔သည္လြတ္လပ္ေရးႏွင့္ ဒီမုိကေရစီကုိအေျခခံၿပီး ေပၚေပါက္လာသည့္အတြက္ ရွည္ လ်ားနက္နဲသည့္ သမုိင္းေၾကာင္းျဖစ္သည္။ သမုိင္းဝင္ ေန႔ထူး၊ေန႔ျမတ္မ်ားပင္ျဖစ္သည္။ ခ်င္းအမ်ိဳးသားေန႔ကုိ ပုိင္ဆုိင္ျခင္းအားျဖင့္ ကမၻာမွာ လူမ်ိဳးတစ္မ်ိဳးအျဖစ္ ဒီကေန႔ထိ ရပ္တည္ႏုိင္ခဲ့ျခင္းျဖစ္သည္။ သုိ႔ရာတြင္ ခ်င္းအ မ်ိဳးသားေန႔ျဖစ္ေပၚလာရျခင္း၏ သမုိင္းအေထာက္အထားမ်ားကုိ ယေန႔ေခတ္ ခ်င္းလူငယ္မ်ား သိရွိနားလည္ရန္ အထူးလုိအပ္ေပသည္။ ခ်င္းအမ်ိဳးသားေန႔သည္ သမုိင္းဝင္ေန႔ရက္မ်ားတုိက္ဆုိင္မႈျဖစ္သည့္အေလၽွာက္ အထူး ပင္စိတ္ဝင္စားစရာ ေကာင္းလွပါသည္။ ထုိ႔ေၾကာင့္ ခ်င္းအမ်ိဳးသားေန႔ ျဖစ္ေပၚလာပုံသမုိင္းကုိ ပုိင္းျခားၿပီး အ ခ်က္အလက္မ်ားႏွင့္ ေဖာ္ျပလုိပါသည္။

ပထမအခ်က္မွာ ၁၉၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀)ရက္မွာ ေမၿမိဳ႕၊ အဂၤလိပ္စစ္တပ္တြင္တာဝန္ထမ္းေဆာင္ သည့္ ခ်င္းအမ်ိဳးသားမ်ားဖြဲ႕စည္းထားတဲ့ “ခ်င္းအမ်ိဳးသားပညာေရးျမႇင့္တင္ေရးအဖြဲ႕” ေပၚေပါက္သည့္ ေန႔ျဖစ္ ပါသည္။ ခ်င္းအမ်ိဳးသားမ်ားရဲ႕ ပထမဦးဆုံးေသာလူမႈေရးအဖြဲ႕အစည္းလည္းျဖစ္ပါသည္။ ဥကၠဌ ဦးအြမ္ပုိင္း၊ ဒုဥကၠဌ ဦးဝမၼသူးေမာင္း၊ အတြင္းေရးမွဴး ရက္ေလာင္းလိန္း၊ လူေရွ၊ အရႈိ၊ ေတာင္ပုိင္းေျမာက္ပုိင္းခ်င္းအဖြဲ႕ဝင္ မ်ားႏွင့္ ဖြဲ႕စည္းၾကပါသည္။ ေနာင္တြင္ ဦးဝမၼသူးေမာင္းကုိယ္တုိင္ ရာထူးရာခံမ်ားကုိစြန္႔ၿပီး သူ႔ဇာတိရြာတြင္ ေက်ာင္းဖြင့္လာသည္အထိ သက္ေရာက္မႈရွိသည္။ ဒုတိယအခ်က္မွာ ၁၉၂၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀)ရက္ေန႔ မင္းတပ္နယ္၊ လွိယုံးရြာမွာ ခ်င္းအမ်ိဳးသားမ်ားရဲ႕ ပထမဦးဆုံးေသာႏုိင္ငံေရးအဖြဲ႕အစည္းျဖစ္သည့္ “ခ်င္းေတာင္ ညီညြတ္ေရးအဖြဲ႕” ေပၚေပါက္သည့္ ေန႔ျဖစ္ပါသည္။ ဥကၠဌ ဦးဟာထန္းအြမ္၊ ဒုဥကၠဌ ဦးဝမၼသူးေမာင္း၊ အတြင္း ေရးမွဴး ဝရဲေလာဟာ တုိ႔ႏွင့္အဖြဲ႕ဝင္ (၁၂)ဦး ေကာ္မီတီျဖင့္ စတင္ဖြဲ႕စည္းခဲ့ပါသည္။ ၎အဖြဲ႕၏ ၁၉၃၃ ခုႏွစ္၊ မတ္လ (၂၄-၂၅)ရက္၊ မသုံႏူးရြာ(မင္းတပ္နယ္)ညီလာခံကေန “ခ်င္းအမ်ိဳးသားညီညြတ္ေရးအဖြဲ႕”လုိ႔ အမည္ျပင္ ဆင္ေျပာင္းလဲခဲ့ပါသည္။ ျပင္ဆင္ရသည့္အေၾကာင္းမွာ ခ်င္းေတာင္တန္း၊ လူေရွေတာင္တန္း၊ နာဂေတာင္တန္း၊ ေျမျပန္႔ခ်င္း(အရႈိ) စသျဖင့္ အဂၤလိပ္အစုိးရက ခ်င္းအမ်ိဳးသားမ်ားအခ်င္း ခ်င္းကုိ ကြဲျပားစြာေခၚေဝၚအုပ္ခ်ဳပ္ေန သည့္အတြက္ ေတာင္ေပၚေျမျပန္႔ ခ်င္းအမ်ိဳးသားမ်ားအားလုံး ေသြးစည္းညီညြတ္ေရးကုိဦးတည္ၿပီး ျပန္လည္ ျပင္ဆင္ေၾကာင္း သိရွိရပါသည္။ ၎ ခ်င္းအမ်ိဳးသားညီညြတ္ေရးအဖြဲ႕ (ခမညဖ)၏ ၁၉၃၄ ခုႏွစ္၊ စက္တင္ဘာ လ (၂၉)ရက္၊ ဝရဲရြာ (မင္းတပ္နယ္) ညီလာခံကေန အဂၤလိပ္အစုိးရကုိ ရာဇသံ (၉)ခ်က္ ေပးပုိ႔ထားပါသည္။ ရာဇသံ (၉)ခ်က္မွာ

၁။ ခ်င္းေတာင္ေဒသအုပ္ခ်ဳပ္ေရးကုိ ျပည္မႏွင့္တန္းတူအခြင့္အ ေရးေပးရန္

၂။ ခ်င္းေတာင္ အုပ္ခ်ဳပ္ေရးတြင္ ခ်င္းအမ်ိဳးသားကုိယ္စားလွယ္မ်ား ပါဝင္ေရးဆြဲေသာ ဥပေဒကုိသာ က်င့္သုံးရန္

၃။ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရး တုိးတက္ဖြံ႕ၿဖိဳးေရးျပဳျပင္ေဆာင္ရြက္ေပးရန္

၄။ ခ်င္းေတာင္ပညာေရးစနစ္ အ ျမန္ဆုံးျပဳျပင္ေဆာက္ရြက္ေပးရန္ (အဂၤလိပ္စာအျပင္ ျမန္မာစာကုိပါ သင္ၾကားခြင့္ျပဳရန္)

၅။ ဘာသာေရး လြတ္ လပ္ခြင့္ေပးရန္ ၆။ ခ်င္းေတာင္တန္း လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေအာင္အျမန္ဆုံးေဖာက္လုပ္ေပးရန္

၇။ ျပည္မႏွင့္ခ်င္းေတာင္တန္းေဒသ  လြတ္လပ္စြာကူးလူးဆက္ဆံခြင့္ေပးရန္

၈။ ခ်င္းလူမ်ိဳးတုိ႔အား မည္သည့္လူမ်ိဳး ႏွင့္မဆုိ တန္းတူရည္တူဆက္ဆံခြင့္ေပးရန္

၉။ ျပည္မကုိ လြတ္လပ္ေရးေပးေသာအခါ ခ်င္းေတာင္ကုိပါတခါ တည္း လြပ္လပ္ေရးေပးရန္ တုိ႔ျဖစ္ပါသည္။ တတိယအခ်က္မွာ ၁၉၃၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀)ရက္ေန႔ ခ်င္း အမ်ိဳးသားညီညြတ္ေရးအဖြဲ႕ (ခမညဖ)၏ ေတာင္းဆုိခ်က္ (၉)ခ်က္ႏွင့္ပါတ္သက္ၿပီး အဂၤလိပ္အစုိးရကုိယ္စား လွယ္မ်ားႏွင့္ ခမညဖဦးစီးသည့္ ခ်င္းလူထုသုံးေထာင္ေက်ာ္တုိ႔၊ ေတာင္ပုိင္းခ်င္းျပည္၊ ကန္ပက္လက္ၿမိဳ႕မွာ ေတြ႕ ဆုံက်င္းပသည့္ေန႔၊ ေတာင္းဆုိခ်က္(၉)ရပ္ကုိ အဂၤလိပ္အစုိးရက တခုမၽွမလုိက္ေလ်ာႏုိင္ေၾကာင္း ေၾကျငာခ်ိန္ မွာ ခ်င္းလူထုက ခ်က္ခ်င္းထၿပီးသပိတ္ေမွာက္ ေမာင္းထုတ္သည့္ေန႔ျဖစ္ပါသည္။  အဂၤလိပ္အစုိးရကုိယ္စား လွယ္မ်ား ညတြင္းခ်င္း ေဆာၿမိဳ႕(မေကြးတုိင္း)သုိ႔ ထြက္ေျပးၾကရပါသည္။ စတုတၳအခ်က္မွာ ၁၉၃၉ ခုႏွစ္၊ ေဖ ေဖာ္ဝါရီလ (၂၀)ရက္ေန႔ အဂၤလိပ္အစုိးရက ခမညဖကုိ မတရားအသင္းေၾကျငာၿပီး ဦးဝမၼသူးေမာင္းအပါအဝင္ ခမညဖေခါင္းေဆာင္(၉)ဦး စတင္ဖမ္းဆီးသည့္ေန႔ျဖစ္ပါသည္။ ကန္ပက္လက္ၿမိဳ႕မွာ အဂၤလိပ္အစုိးရကုိယ္စား လွယ္မ်ားကုိ သပိတ္ေမွာက္ေမာင္းထုတ္သည့္ကိစၥႏွင့္ပါတ္သက္ၿပီး အဂၤလိပ္အစုိးရက တစ္ႏွစ္ခန္႔အခ်ိန္ယူ ျပင္ဆင္ၿပီး အသုတ္(၅)သုတ္၊ လူေပါင္း (၇၉)ဦးအား ႏုိင္ငံေရးအက်ဥ္းသားမ်ားအျဖစ္ ဖမ္းဆီးေထာင္ခ်ခံရ တာျဖစ္ပါသည္။ ဤအေၾကာင္းကုိ ၁၉၄၀ ခုႏွစ္၊ ဇြန္လ(၂)ရက္ေန႔ ဇလြန္ေဒါင့္ႀကီး လူထုအစည္းအေဝးမွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းက ထုတ္ေဖာ္ေျပာၾကားသည့္အတြက္ ငါးက်ပ္တန္ဝရမ္းထုတ္ခံရၿပီး ျပည္ပကုိထြက္ခြာ ခဲ့ရသည္။ ပဥၥမအခ်က္မွာ ၁၉၄၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀)ရက္ေန႔ျဖစ္ပါသည္။ ေျမာက္ပုိင္းခ်င္းေတာင္၊ ဖ လမ္းၿမိဳ႕မွာ ၁၉၄၈ ေဖေဖာ္ဝါရီလ (၁၉-၂၂)က်င္းပသည့္ ခ်င္းဝိေသသတုိင္းလုံးဆုိင္ရာညီလာခံမွာ “တုိက္သူ ႀကီးမ်ား ျဖဳတ္ခ်ၿပီး လူထုေရြးခ်ယ္သည့္ ကုိယ္စားလွယ္မ်ားျဖင့္ အုပ္ခ်ဳပ္ရန္” ဆုိသည့္ အဆုိအမွတ္ (၄)ကုိ ေထာင္ဇကုိင္း (တီးတိန္)မွတင္သြင္းၿပီး၊ ဆြန္မန္း(ဖလမ္း)ႏွင့္ ထန္းေမာင္း (ကန္ပက္လက္)တုိ႔ကေထာက္ခံ ခဲ့ၾကရာ၊ မဲခြဲဆုံးျဖတ္ရာတြင္ ေထာက္ခံမဲ ငါးေထာင္ေက်ာ္ႏွင့္ ကန္႔ကြက္မဲ(၁၇)မဲျဖင့္၊ “တုိက္သူႀကီးမ်ားျဖဳတ္ ခ်ၿပီး လူထုေရြးခ်ယ္သည့္ ကုိယ္စားလွယ္မ်ားျဖင့္အုပ္ခ်ဳပ္ရန္” အဆုိကုိ အတည္ျပဳသည့္ေန႔ျဖစ္ပါသည္။ တ နည္းေျပာရလၽွင္ ခ်င္းေတာင္အုပ္ခ်ဳပ္ေရးတြင္ ဒီမုိကေရစီစနစ္ကုိ ေမြးဖြားေပးသည့္ ေန႔လည္းျဖစ္သည္။

စာေရးသူ ဆလိုင္း ေယာမာန္ (ရႊင္းေျမသား)

၁၉၅၀ ခုႏွစ္၊ ေအာက္တုိဘာလ (၉)ရက္ေန႔၊ ရန္ကုန္ၿမိဳ႕မွာ ခ်င္းေရးရာေကာင္စီမွက်င္းပသည့္ ခ်င္းအမ်ိဳးသား ေန႔သတ္မွတ္ေရးအစည္းအေဝးမွာ အထက္ကတင္ျပခဲ့သည့္သမုိင္းေနာက္ခံမ်ားႏွင့္အတူ တုိက္ဆုိင္မႈမ်ားထူ ထပ္လာသည့္ ေဖေဖာ္ဝါရီလ (၂၀)ရက္ေန႔ကုိ ေရြးခ်ယ္ၾကၿပီး၊ ဖလမ္းညီလာခံမွာ ဒီမုိကေရစီအုပ္ခ်ဳပ္ေရးစနစ္ ခ်မွတ္ရန္ဆုိသည့္ အဆုိအမွတ္(၄)တင္သြင္း၊ ေထာက္ခံ၊ ဆုံးျဖတ္သည့္ေန႔ ၁၉၄၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔ကုိ သတ္မွတ္ဖုိ႔ တညီတညြတ္တည္း ဆုံးျဖတ္ၾကပါသည္။ ပထမဆုံးေသာ ခ်င္းအမ်ိဳးသားေန႔အခမ္း အ နားကုိ ၁၉၅၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀)ရက္ေန႔၊ ေတာင္ပုိင္းခ်င္းေတာင္ခရုိင္၊ မင္းတပ္ျမဳိ႕မွာ က်င္းပခဲ့ပါသည္။ ဖလမ္းၿမိဳ႕မွာက်င္းပသည့္ ခ်င္းဝိေသသတုိင္းလုံးဆုိင္ရာညီလာခံကုိ ႏုိင္ငံေတာ္သမၼတ စဝ္ေရႊသုိက္တက္ေရာက္ ၿပီး၊ မင္းတပ္ၿမိဳ႕တြင္က်င္းပေသာ ပထမဦးဆုံးေသာခ်င္းအမ်ိဳးသားေန႔အခမ္းအနားကုိ ႏုိင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဦးႏု ကုိယ္တုိင္ တက္ေရာက္ခဲ့သည္။ တဆက္တည္းမွာပဲ ခ်င္းအမ်ိဳးသားေန႔၊ ခ်င္းဝိေသသတုိင္းေန႔၊ ခ်င္းျပည္နယ္ ေန႔ မတူကြဲျပားေၾကာင္းကုိလည္း တင္ျပလုိပါသည္။ ခ်င္းအမ်ိဳးသားေန႔မွာ အမ်ိဳးသားေရးႀကိဳးပမ္းမႈ ေနာက္ခံ သမုိင္းႏွင့္အတူ ဆင္းသက္ေပၚေပါက္လာၿပီး၊ ေဖေဖာ္ဝါရီလ (၂၀)ရက္ေန႔ျဖစ္ပါသည္။ ခ်င္းဝိေသသတုိင္းေန႔မွာ ၁၉၄၇ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔မွာ အတည္ျပဳခဲ့သည့္ဖြဲ႕စည္းပုံအရ ခ်င္းဝိေသသတုိင္းျဖစ္လာသည့္ အတြက္ စက္တင္ဘာလ (၂၄)ရက္ေန႔ျဖစ္ပါသည္။ ခ်င္းျပည္နယ္ေန႔မွာ ၁၉၇၄ ခုႏွစ္၊ ဇန္နာဝါရီလ (၃) ရက္ေန ႔ မွာ အတည္ျပဳခဲ့သည့္ဖြဲ႕စည္းပုံအရ ခ်င္းျပည္နယ္ျဖစ္လာပါသည္။ ထုိ႔ေၾကာင့္ ခ်င္းျပည္နယ္ေန႔သည္ ဇန္နာဝါရီ လ (၃)ရက္ေန႔ျဖစ္ပါသည္။ အမ်ိဳးသားေန႔မွာ ခ်င္းတစ္မ်ိဳးသားလုံးႏွင့္သက္ဆုိင္ၿပီး ခ်င္းဝိေသသတုိင္းေန႔၊ ခ်င္း ျပည္နယ္ေန႔မွာ ၎အတုိင္းအတာဧရိယာအတြင္းမွာ ေနထုိင္ၾကသည့္ လူမ်ားႏွင့္သာသက္ဆုိင္ပါသည္။ ေနာက္ တခုတင္ျပလုိသည္မွာ ဗမာအစုိးရအဆက္ဆက္လက္ထက္မွာ အစုိးရကုိယ္တုိင္ ခ်င္းအမ်ိဳးသားေန႔ကုိေသးသိမ္ ပေပ်ာက္ေအာင္၊ ဦးတည္ခ်က္လမ္းလြဲေအာင္၊  အဓိပၸါယ္အႏွစ္သာရပ်က္ျပယ္ေအာင္ ႀကိဳးပမ္းခ်က္မ်ား ေတြ႕ ၾကဳံခဲ့ရပါသည္။ ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈ ခုႏွစ္ကာလမ်ားမွာ ခ်င္းအမ်ိဳးသားေန႔ကုိ ပါလီမန္ကပယ္ဖ်က္ဖုိ႔ ႀကိဳးပမ္း ခဲ့ဖူးသည္။ ၁၉၆၆ ခုႏွစ္၊ ေတာ္လွန္ေရးေကာင္စီအစုိးရကလည္း ခ်င္းဝိေသသတုိင္းေန႔လုိ႔ ေျပာင္းလဲက်င္းပဖုိ႔ စီ စဥ္ခဲ့သည္။ ဖဆလအစုိးရက ၁၉၇၆ ကေန ၁၉၈၀ ခုႏွစ္ထိ ခ်င္းအမ်ိဳးသားေန႔ႏွင့္ ခ်င္းျပည္နယ္ေန႔ဆုိၿပီး အဓမၼ တြဲဖက္ က်င္းပခုိင္းသည္။ ဗမာအစုိးရက ၁၉၈၁ ခုႏွစ္မွစၿပီး ခ်င္းျပည္နယ္ေန႔လုိ႔ အတင္းက်င္းပခုိင္းျပန္သည္။ ၁၉၈၈ ေနာက္ပုိင္း နဝတ၊ နအဖ စစ္အစုိးရလက္ထက္မွာေတာ့ က်င္းပခြင့္မျပဳပဲေနလာခဲ့ရာ ၂၀၁၂ခုႏွစ္၊ ခ်င္း အမ်ိဳးသားတပ္ဦး (CNF )ႏွင့္ ျမန္မာအစုိးရၾကား ဒုတိယအႀကိမ္ ေတြ႕ဆုံညႈိႏွဳိင္းအၿပီး “ခ်င္းအမ်ိဳးသားေရးဆုိင္ ရာသေဘာတူညီခ်က္” (နံပါတ္-၂)မွာ ခ်င္းအမ်ိဳးသားတုိ႔၏ အျမတ္တႏုိးတန္ဖုိးထားသည့္ ေန႔ရက္ျဖစ္ေသာ ေဖ ေဖာ္ဝါရီလ (၂၀)ရက္ေန႔ကုိ ခ်င္းအမ်ိဳးသားေန႔ အျဖစ္ျပန္လည္သတ္မွတ္ရန္ႏွင့္ ခ်င္းျပည္နယ္တြင္ ယင္းေန႔ရက္ အား တရားဝင္ရုံးပိတ္ရက္အျဖစ္သတ္မွတ္ေရးတုိ႔ကုိ ျပည္နယ္အစုိးရမွ ဆက္လက္ေဆာင္ရြက္ရန္ သေဘာတူခဲ့ ၾကသည္။ ထုိ႔ေၾကာင့္ ႏွစ္ေပါင္း (၃၀)ေက်ာ္ၾကာ ပိတ္ပင္ဟန္းတားခံရသည့္ ခ်င္းအမ်ိဳးသားေန႔ကုိ ၂၀၁၃ ခုႏွစ္ တြင္ ခ်င္းအမ်ိဳးသားတပ္ဦး (CNF)ႏွင့္ ျမန္မာအစုိးရပူးေပါင္းၿပီး ၿမိဳ႕ေတာ္ဟားခါးတြင္ စည္းကားသုိက္ၿမိဳက္စြာ က်င္းပခဲ့ၿပီးေနာက္ ယခုတုိင္လြတ္လြတ္လပ္လပ္ အႏွစ္သာရျပည့္ဝစြာက်င္းပလာခဲ့သည္။

1966 Chin National Day ကုိ ၀န္ၾကီးခ်ဳပ္ဦးနုကုိယ္တုိင္ တက္ေရာက္စဥ္     foto- Van Cung Lian Fb

ခ်င္းအမ်ိဳးသားေန႔က်င္းပျခင္းအားျဖင့္ မ်ိဳးဆက္သစ္ခ်င္းလူငယ္မ်ား၏ ဇာတိေသြးမ်ား ျမႇင့္တက္ေစၿပီး အနာဂတ္ ခ်င္းလူမ်ိဳး၊ ခ်င္းျပည္နယ္အေရးမွာ စိတ္အားထက္သန္စြာပါဝင္ေဆာင္ရြက္ကာကြယ္ရန္ျဖစ္သည္။ လူမ်ိဳးတစ္မ်ိဳး ဆုိရာတြင္ အမ်ိဳးသားေန႔မရွိလၽွင္ လူမ်ိဳးတစ္မ်ိဳးအျဖစ္ေရရွည္ရပ္တည္ႏုိင္ဖုိ႔မွာ ရာခုိင္ႏႈန္းနည္းပါးသြားပါသည္။ ထုိ႔ေၾကာင့္ မိမိခ်င္းလူမ်ိဳးမ်ားသည္ ေရွးခ်င္းေခါင္းေဆာင္မ်ား၏ အေျမာ္အျမင္ႀကီးမားမႈေၾကာင့္ အမ်ိဳးသားေန႔ကုိ ပုိင္ဆုိင္ေသာလူမ်ိဳးျဖစ္ရသည္မွာ ဝမ္းသာစရာ၊ ဂုဏ္ယူစရာ၊ ဆက္လက္ၿပီးထိန္းသိမ္းဖုိ႔ တာဝန္ႀကီးျမင့္ပါသည္။ ဒီေနရာမွာ ခ်င္းအမ်ိဳးသားေန႔ကုိ မိမိအမ်ိဳးသားေခါင္းေဆာင္က ဘယ္ေလာက္ထိ ကာကြယ္သြားခဲ့သလဲဆုိတာ တင္ျပလုိပါသည္။ ၁၉၆၆ ခုႏွစ္၊ ေတာ္လွန္ေရးေကာင္စီအစုိးရက ခ်င္းအမ်ိဳးသားေန႔ကုိ ခ်င္းဝိေသသတုိင္းေန႔ အျဖစ္ ေျပာင္းလဲက်င္းပဖုိ႔စီစဥ္ခုိင္းသည့္အတြက္ ခ်င္းအမ်ိဳးသားေန႔ေခါင္းေဆာင္ႀကီး ဦးဝမၼသူးေမာင္း ကုိယ္ တုိင္ သူ႔ဇာတိရြာဝမၼသူးကေန မင္းတပ္ပါတီယူနစ္ကုိ လာေရာက္ကန္႔ကြက္ခဲ့ပါသည္။ သူ၏ကန္႔ကြက္မႈေၾကာင့္ အဆုိပါႏွစ္တြင္ ခ်င္းအမ်ိဳးသားေန႔အျဖစ္က်င္းပခြင့္ရရွိခဲ့သည္။ ဦးဝမၼသူးေမာင္းသည္ ခ်င္းအမ်ိဳးသားေန႔ အခမ္း အနားအၿပီး (၂၃၊ ၂၊ ၁၉၆၆ )ေန႔ရြာအျပန္လမ္းတြင္ ကံမေကာင္းစြာျဖင့္ ကားေမွာက္ၿပီး အသက္ဆုံးသြားခဲ့ရ သည္။ ခ်င္းအမ်ိဳးသားေန႔ကုိ အသက္ႏွင့္ရင္းၿပီး ကာကြယ္သြားပါသည္။ တနည္းအားျဖင့္ ခ်င္းအမ်ိဳးသားေန႔၏ ဖခင္ႀကီးမွာ ဦးဝမၼသူးေမာင္းအျဖစ္လည္းဆုိရပါမည္။ အဘယ့္ေၾကာင့္ ေျပာႏုိင္သလဲဆုိရင္ျဖင့္ အထက္ပါ အ ဖြဲ႕အစည္းမ်ားေပၚထြက္လာေအာင္ ဦးေဆာင္ဖြဲ႕စည္းသူမွာ သူသာျဖစ္ေၾကာင္း သမုိင္းအားျဖင့္ သက္သာျပေန ပါသည္။ ယေန႔ခ်င္းအမ်ိဳးသားမ်ားအေနျဖင့္ မိမိခ်င္းအမ်ိုးသားေန႔ကုိ ဆက္လက္ထိန္းသိမ္းၾကဖုိ႔ လြန္ပင္အေရး ၾကီးပါသည္။ မိမိဘုိးဘြားမ်ား၏ အားအင္ခြန္စုိက္ ရဲရင့္ခၽြန္ထက္၊ စည္းလုံးညီညြတ္စြာျဖင့္ အမ်ိဳးသားေရးတုိက္ပြဲ ဝင္ျခင္း၊ အနာဂတ္မ်ိဳးဆက္သစ္မ်ားအတြက္ အေျမာ္အျမင္ႀကီးျမင့္ျခင္းအားျဖင့္သာ ခ်င္းအမ်ိဳးသားေန႔ ေပၚ ေပါက္လာျခင္းျဖစ္သည္။ ထုိ႔ေၾကာင့္ယေန႔ေခတ္ ခ်င္းလူငယ္မ်ားအေနျဖင့္ ဘုိးဘြားမ်ား၏ စည္းလုံးညီညြတ္ ျခင္း၊ ရဲရင့္ျပတ္သားျခင္း၊ အမ်ိဳးသားေရးစိတ္ဓာတ္ျပင္းထန္ျခင္း၊ ရုိးသားေျဖာင့္မတ္ျခင္းစသည့္ စရုိက္မ်ားကုိ နည္းနာခံယူၿပီး ခ်င္းအမ်ိဳးသားေန႔ကုိ လက္ဆင့္ကမ္းထိန္းသိမ္းၾကဖုိ႔ လုိအပ္ပါသည္။ ခ်င္းအမ်ိဳးသားတုိ႔၏ ေတာေတာင္ေရေျမ၊ ရုိးရာဓေလ့၊ ထုံးတမ္းစဥ္လာ၊ စာေပယဥ္ေက်းမႈမ်ား ဆက္လက္ထိန္းသိမ္းဖုိ႔ရန္လည္း အေရးႀကီးပါသည္။ ခ်င္းအမ်ိဳးသားေန႔က်င္းပျခင္းအားျဖင့္ မိမိတုိ႔ရဲ႕ ေသြးစည္းျခင္း၊ ကမၻာမွာ လူမ်ိဳးတစ္မ်ိဳး ျဖစ္ျခင္းမ်ားကုိ ဂုဏ္ယူၾကဖုိ႔ လုိအပ္ပါသည္။  အနာဂတ္မ်ိဳးဆက္သစ္မ်ားဆင့္ဖြားသိရွိႏုိင္ရန္ႏွင့္ မိမိအမ်ိဳးသား ေန႔ကုိတန္ဖုိးထားၿပီး ဆက္လက္ထိန္းသိမ္းႏုိင္ရန္ ရည္ရြယ္ခ်က္ျဖင့္ ခ်င္းအမ်ိဳးသားေန႔ျဖစ္ေပၚလာပုံ သမုိင္း အတုိခ်ဳပ္ကုိ တင္ျပျခင္းျဖစ္ပါသည္။

မွတ္ခ်က္ ။  ။ ဤေနရာမွာ ခ်င္းအမ်ိဳးသားေန႔ကုိ ဇုိမီးအမ်ိဳးသားေန႔အျဖစ္ ေျပာင္းလဲက်င္းပျခင္းမွာ ဗမာအစုိးရ၊ စစ္အစုိးရ ေခတ္အဆက္ဆက္၏ ခ်င္းအမ်ိဳးသားေန႔ကုိ တားဆီးပိတ္ပင္ျခင္း၊ ဖ်က္လုိဖ်က္ဆီးျခင္း၊ အႏွစ္သာရ ကင္းမဲ့ေအာင္ ဖန္တီးျခင္းႏွင့္ထပ္တူ ျဖစ္ေနေၾကာင္းေဖာ္ျပလုိပါသည္။ ထုိ႔ေၾကာင့္ ဇုိမီးအမ်ိဳးသားေန႔ ဟု က်င္းပ ျခင္းကုိ မိမိအေနႏွင့္ျပင္းထန္စြာ ရႈတ္ခ်ကန္႔ကြက္ေၾကာင္းလည္း ေဖာ္ျပအပ္ပါသည္။

ဆလိုင္း ေယာမာန္ (ရႊင္းေျမသား) ေရးသားသည္။

 

Unicode

ချင်းအမျိုးသားနေ့ နီးကပ်လာပြီဖြစ်တဲ့အတွက် ချင်းလူမျိုးတိုင်းသိသင့်သိထိုက်သည့် ချင်းအမျိုးသားနေ့ဖြစ်ပေါ် လာပုံကို ကျနော်လေ့လာ တွေ့ရှိချက်များ ဝေငှလိုပါသည်။ တနည်းပြောရရင် သမိုင်းအကျဉ်းချုပ်ကို ဖော်ပြခြင်း ဖြစ်သည်။

” ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ ”
ချင်းအမျိုးသားနေ့သည် ချင်းအမျိုးသားတို့၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပြန်လည်ရရှိရေး၊ လွတ်လပ်မှု၊ တန်း တူညီမှုတို့ရရှိရေးအတွက် နှစ်ပေါင်း ၆၀ ကျော် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်လာခဲ့ကြရာမှ ပေါ်ပေါက်လာခဲ့ သည်။ ချင်းအမျိုးသားနေ့သည်လွတ်လပ်ရေးနှင့် ဒီမိုကရေစီကိုအခြေခံပြီး ပေါ်ပေါက်လာသည့်အတွက် ရှည် လျားနက်နဲသည့် သမိုင်းကြောင်းဖြစ်သည်။ သမိုင်းဝင် နေ့ထူး၊နေ့မြတ်များပင်ဖြစ်သည်။ ချင်းအမျိုးသားနေ့ကို ပိုင်ဆိုင်ခြင်းအားဖြင့် ကမ္ဘာမှာ လူမျိုးတစ်မျိုးအဖြစ် ဒီကနေ့ထိ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ချင်းအ မျိုးသားနေ့ဖြစ်ပေါ်လာရခြင်း၏ သမိုင်းအထောက်အထားများကို ယနေ့ခေတ် ချင်းလူငယ်များ သိရှိနားလည်ရန် အထူးလိုအပ်ပေသည်။ ချင်းအမျိုးသားနေ့သည် သမိုင်းဝင်နေ့ရက်များတိုက်ဆိုင်မှုဖြစ်သည့်အလျှောက် အထူး ပင်စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ထို့ကြောင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ပိုင်းခြားပြီး အ ချက်အလက်များနှင့် ဖော်ပြလိုပါသည်။
ပထမအချက်မှာ ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်မှာ မေမြို့၊ အင်္ဂလိပ်စစ်တပ်တွင်တာဝန်ထမ်းဆောင် သည့် ချင်းအမျိုးသားများဖွဲ့စည်းထားတဲ့ “ချင်းအမျိုးသားပညာရေးမြှင့်တင်ရေးအဖွဲ့” ပေါ်ပေါက်သည့် နေ့ဖြစ် ပါသည်။ ချင်းအမျိုးသားများရဲ့ ပထမဦးဆုံးသောလူမှုရေးအဖွဲ့အစည်းလည်းဖြစ်ပါသည်။ ဥက္ကဌ ဦးအွမ်ပိုင်း၊ ဒုဥက္ကဌ ဦးဝမ္မသူးမောင်း၊ အတွင်းရေးမှူး ရက်လောင်းလိန်း၊ လူရှေ၊ အရှို၊ တောင်ပိုင်းမြောက်ပိုင်းချင်းအဖွဲ့ဝင် များနှင့် ဖွဲ့စည်းကြပါသည်။ နောင်တွင် ဦးဝမ္မသူးမောင်းကိုယ်တိုင် ရာထူးရာခံများကိုစွန့်ပြီး သူ့ဇာတိရွာတွင် ကျောင်းဖွင့်လာသည်အထိ သက်ရောက်မှုရှိသည်။ ဒုတိယအချက်မှာ ၁၉၂၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ မင်းတပ်နယ်၊ လှိယုံးရွာမှာ ချင်းအမျိုးသားများရဲ့ ပထမဦးဆုံးသောနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် “ချင်းတောင် ညီညွတ်ရေးအဖွဲ့” ပေါ်ပေါက်သည့် နေ့ဖြစ်ပါသည်။ ဥက္ကဌ ဦးဟာထန်းအွမ်၊ ဒုဥက္ကဌ ဦးဝမ္မသူးမောင်း၊ အတွင်း ရေးမှူး ဝရဲလောဟာ တို့နှင့်အဖွဲ့ဝင် (၁၂)ဦး ကော်မီတီဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအဖွဲ့၏ ၁၉၃၃ ခုနှစ်၊ မတ်လ (၂၄-၂၅)ရက်၊ မသုံနူးရွာ(မင်းတပ်နယ်)ညီလာခံကနေ “ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့”လို့ အမည်ပြင် ဆင်ပြောင်းလဲခဲ့ပါသည်။ ပြင်ဆင်ရသည့်အကြောင်းမှာ ချင်းတောင်တန်း၊ လူရှေတောင်တန်း၊ နာဂတောင်တန်း၊ မြေပြန့်ချင်း(အရှို) စသဖြင့် အင်္ဂလိပ်အစိုးရက ချင်းအမျိုးသားများအချင်းချင်းကို ကွဲပြားစွာခေါ်ဝေါ်အုပ်ချုပ်နေ သည့်အတွက် တောင်ပေါ်မြေပြန့် ချင်းအမျိုးသားများအားလုံး သွေးစည်းညီညွတ်ရေးကိုဦးတည်ပြီး ပြန်လည် ပြင်ဆင်ကြောင်း သိရှိရပါသည်။ ၎င်း ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ (ခမညဖ)၏ ၁၉၃၄ ခုနှစ်၊ စက်တင်ဘာ လ (၂၉)ရက်၊ ဝရဲရွာ (မင်းတပ်နယ်) ညီလာခံကနေ အင်္ဂလိပ်အစိုးရကို ရာဇသံ (၉)ချက် ပေးပို့ထားပါသည်။ ရာဇသံ (၉)ချက်မှာ ၁။ ချင်းတောင်ဒေသအုပ်ချုပ်ရေးကို ပြည်မနှင့်တန်းတူအခွင့်အရေးပေးရန် ၂။ ချင်းတောင် အုပ်ချုပ်ရေးတွင် ချင်းအမျိုးသားကိုယ်စားလှယ်များ ပါဝင်ရေးဆွဲသော ဥပဒေကိုသာ ကျင့်သုံးရန် ၃။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးပြုပြင်ဆောင်ရွက်ပေးရန် ၄။ ချင်းတောင်ပညာရေးစနစ် အ မြန်ဆုံးပြုပြင်ဆောက်ရွက်ပေးရန် (အင်္ဂလိပ်စာအပြင် မြန်မာစာကိုပါ သင်ကြားခွင့်ပြုရန်) ၅။ ဘာသာရေး လွတ် လပ်ခွင့်ပေးရန် ၆။ ချင်းတောင်တန်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်အမြန်ဆုံးဖောက်လုပ်ပေးရန် ၇။ ပြည်မနှင့်ချင်းတောင်တန်းဒေသ လွတ်လပ်စွာကူးလူးဆက်ဆံခွင့်ပေးရန် ၈။ ချင်းလူမျိုးတို့အား မည်သည့်လူမျိုး နှင့်မဆို တန်းတူရည်တူဆက်ဆံခွင့်ပေးရန် ၉။ ပြည်မကို လွတ်လပ်ရေးပေးသောအခါ ချင်းတောင်ကိုပါတခါ တည်း လွပ်လပ်ရေးပေးရန် တို့ဖြစ်ပါသည်။ တတိယအချက်မှာ ၁၉၃၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ချင်း အမျိုးသားညီညွတ်ရေးအဖွဲ့ (ခမညဖ)၏ တောင်းဆိုချက် (၉)ချက်နှင့်ပါတ်သက်ပြီး အင်္ဂလိပ်အစိုးရကိုယ်စား လှယ်များနှင့် ခမညဖဦးစီးသည့် ချင်းလူထုသုံးထောင်ကျော်တို့၊ တောင်ပိုင်းချင်းပြည်၊ ကန်ပက်လက်မြို့မှာ တွေ့ ဆုံကျင်းပသည့်နေ့၊ တောင်းဆိုချက်(၉)ရပ်ကို အင်္ဂလိပ်အစိုးရက တခုမျှမလိုက်လျောနိုင်ကြောင်း ကြေငြာချိန် မှာ ချင်းလူထုက ချက်ချင်းထပြီးသပိတ်မှောက် မောင်းထုတ်သည့်နေ့ဖြစ်ပါသည်။ အင်္ဂလိပ်အစိုးရကိုယ်စား လှယ်များ ညတွင်းချင်း ဆောမြို့(မကွေးတိုင်း)သို့ ထွက်ပြေးကြရပါသည်။ စတုတ္ထအချက်မှာ ၁၉၃၉ ခုနှစ်၊ ဖေ ဖော်ဝါရီလ (၂၀)ရက်နေ့ အင်္ဂလိပ်အစိုးရက ခမညဖကို မတရားအသင်းကြေငြာပြီး ဦးဝမ္မသူးမောင်းအပါအဝင် ခမညဖခေါင်းဆောင်(၉)ဦး စတင်ဖမ်းဆီးသည့်နေ့ဖြစ်ပါသည်။ ကန်ပက်လက်မြို့မှာ အင်္ဂလိပ်အစိုးရကိုယ်စား လှယ်များကို သပိတ်မှောက်မောင်းထုတ်သည့်ကိစ္စနှင့်ပါတ်သက်ပြီး အင်္ဂလိပ်အစိုးရက တစ်နှစ်ခန့်အချိန်ယူ ပြင်ဆင်ပြီး အသုတ်(၅)သုတ်၊ လူပေါင်း (၇၉)ဦးအား နိုင်ငံရေးအကျဉ်းသားများအဖြစ် ဖမ်းဆီးထောင်ချခံရ တာဖြစ်ပါသည်။ ဤအကြောင်းကို ၁၉၄၀ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့ ဇလွန်ဒေါင့်ကြီး လူထုအစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက ထုတ်ဖော်ပြောကြားသည့်အတွက် ငါးကျပ်တန်ဝရမ်းထုတ်ခံရပြီး ပြည်ပကိုထွက်ခွာ ခဲ့ရသည်။ ပဥ္စမအချက်မှာ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ဖြစ်ပါသည်။ မြောက်ပိုင်းချင်းတောင်၊ ဖ လမ်းမြို့မှာ ၁၉၄၈ ဖေဖော်ဝါရီလ (၁၉-၂၂)ကျင်းပသည့် ချင်းဝိသေသတိုင်းလုံးဆိုင်ရာညီလာခံမှာ “တိုက်သူ ကြီးများ ဖြုတ်ချပြီး လူထုရွေးချယ်သည့် ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်ရန်” ဆိုသည့် အဆိုအမှတ် (၄)ကို ထောင်ဇကိုင်း (တီးတိန်)မှတင်သွင်းပြီး၊ ဆွန်မန်း(ဖလမ်း)နှင့် ထန်းမောင်း (ကန်ပက်လက်)တို့ကထောက်ခံ ခဲ့ကြရာ၊ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ငါးထောင်ကျော်နှင့် ကန့်ကွက်မဲ(၁၇)မဲဖြင့်၊ “တိုက်သူကြီးများဖြုတ် ချပြီး လူထုရွေးချယ်သည့် ကိုယ်စားလှယ်များဖြင့်အုပ်ချုပ်ရန်” အဆိုကို အတည်ပြုသည့်နေ့ဖြစ်ပါသည်။ တ နည်းပြောရလျှင် ချင်းတောင်အုပ်ချုပ်ရေးတွင် ဒီမိုကရေစီစနစ်ကို မွေးဖွားပေးသည့် နေ့လည်းဖြစ်သည်။

၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့၊ ရန်ကုန်မြို့မှာ ချင်းရေးရာကောင်စီမှကျင်းပသည့် ချင်းအမျိုးသား နေ့သတ်မှတ်ရေးအစည်းအဝေးမှာ အထက်ကတင်ပြခဲ့သည့်သမိုင်းနောက်ခံများနှင့်အတူ တိုက်ဆိုင်မှုများထူ ထပ်လာသည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို ရွေးချယ်ကြပြီး၊ ဖလမ်းညီလာခံမှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ချမှတ်ရန်ဆိုသည့် အဆိုအမှတ်(၄)တင်သွင်း၊ ထောက်ခံ၊ ဆုံးဖြတ်သည့်နေ့ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို သတ်မှတ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ကြပါသည်။ ပထမဆုံးသော ချင်းအမျိုးသားနေ့အခမ်း အ နားကို ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ တောင်ပိုင်းချင်းတောင်ခရိုင်၊ မင်းတပ်မြို့မှာ ကျင်းပခဲ့ပါသည်။ ဖလမ်းမြို့မှာကျင်းပသည့် ချင်းဝိသေသတိုင်းလုံးဆိုင်ရာညီလာခံကို နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်တက်ရောက် ပြီး၊ မင်းတပ်မြို့တွင်ကျင်းပသော ပထမဦးဆုံးသောချင်းအမျိုးသားနေ့အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင် တက်ရောက်ခဲ့သည်။ တဆက်တည်းမှာပဲ ချင်းအမျိုးသားနေ့၊ ချင်းဝိသေသတိုင်းနေ့၊ ချင်းပြည်နယ် နေ့ မတူကွဲပြားကြောင်းကိုလည်း တင်ပြလိုပါသည်။ ချင်းအမျိုးသားနေ့မှာ အမျိုးသားရေးကြိုးပမ်းမှု နောက်ခံ သမိုင်းနှင့်အတူ ဆင်းသက်ပေါ်ပေါက်လာပြီး၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ဖြစ်ပါသည်။ ချင်းဝိသေသတိုင်းနေ့မှာ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့မှာ အတည်ပြုခဲ့သည့်ဖွဲ့စည်းပုံအရ ချင်းဝိသေသတိုင်းဖြစ်လာသည့် အတွက် စက်တင်ဘာလ (၂၄)ရက်နေ့ဖြစ်ပါသည်။ ချင်းပြည်နယ်နေ့မှာ ၁၉၇၄ ခုနှစ်၊ ဇန်နာဝါရီလ (၃) ရက်နေ ့ မှာ အတည်ပြုခဲ့သည့်ဖွဲ့စည်းပုံအရ ချင်းပြည်နယ်ဖြစ်လာပါသည်။ ထို့ကြောင့် ချင်းပြည်နယ်နေ့သည် ဇန်နာဝါရီ လ (၃)ရက်နေ့ဖြစ်ပါသည်။ အမျိုးသားနေ့မှာ ချင်းတစ်မျိုးသားလုံးနှင့်သက်ဆိုင်ပြီး ချင်းဝိသေသတိုင်းနေ့၊ ချင်း ပြည်နယ်နေ့မှာ ၎င်းအတိုင်းအတာဧရိယာအတွင်းမှာ နေထိုင်ကြသည့် လူများနှင့်သာသက်ဆိုင်ပါသည်။ နောက် တခုတင်ပြလိုသည်မှာ ဗမာအစိုးရအဆက်ဆက်လက်ထက်မှာ အစိုးရကိုယ်တိုင် ချင်းအမျိုးသားနေ့ကိုသေးသိမ် ပပျောက်အောင်၊ ဦးတည်ချက်လမ်းလွဲအောင်၊ အဓိပ္ပါယ်အနှစ်သာရပျက်ပြယ်အောင် ကြိုးပမ်းချက်များ တွေ့ ကြုံခဲ့ရပါသည်။ ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈ ခုနှစ်ကာလများမှာ ချင်းအမျိုးသားနေ့ကို ပါလီမန်ကပယ်ဖျက်ဖို့ ကြိုးပမ်း ခဲ့ဖူးသည်။ ၁၉၆၆ ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရကလည်း ချင်းဝိသေသတိုင်းနေ့လို့ ပြောင်းလဲကျင်းပဖို့ စီ စဉ်ခဲ့သည်။ ဖဆလအစိုးရက ၁၉၇၆ ကနေ ၁၉၈၀ ခုနှစ်ထိ ချင်းအမျိုးသားနေ့နှင့် ချင်းပြည်နယ်နေ့ဆိုပြီး အဓမ္မ တွဲဖက် ကျင်းပခိုင်းသည်။ ဗမာအစိုးရက ၁၉၈၁ ခုနှစ်မှစပြီး ချင်းပြည်နယ်နေ့လို့ အတင်းကျင်းပခိုင်းပြန်သည်။ ၁၉၈၈ နောက်ပိုင်း နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာတော့ ကျင်းပခွင့်မပြုပဲနေလာခဲ့ရာ ၂၀၁၂ခုနှစ်၊ ချင်း အမျိုးသားတပ်ဦး (CNF )နှင့် မြန်မာအစိုးရကြား ဒုတိယအကြိမ် တွေ့ဆုံညှိုနှိုင်းအပြီး “ချင်းအမျိုးသားရေးဆိုင် ရာသဘောတူညီချက်” (နံပါတ်-၂)မှာ ချင်းအမျိုးသားတို့၏ အမြတ်တနိုးတန်ဖိုးထားသည့် နေ့ရက်ဖြစ်သော ဖေ ဖော်ဝါရီလ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ်ပြန်လည်သတ်မှတ်ရန်နှင့် ချင်းပြည်နယ်တွင် ယင်းနေ့ရက် အား တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေးတို့ကို ပြည်နယ်အစိုးရမှ ဆက်လက်ဆောင်ရွက်ရန် သဘောတူခဲ့ ကြသည်။ ထို့ကြောင့် နှစ်ပေါင်း (၃၀)ကျော်ကြာ ပိတ်ပင်ဟန်းတားခံရသည့် ချင်းအမျိုးသားနေ့ကို ၂၀၁၃ ခုနှစ် တွင် ချင်းအမျိုးသားတပ်ဦး (CNF)နှင့် မြန်မာအစိုးရပူးပေါင်းပြီး မြို့တော်ဟားခါးတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးနောက် ယခုတိုင်လွတ်လွတ်လပ်လပ် အနှစ်သာရပြည့်ဝစွာကျင်းပလာခဲ့သည်။

ချင်းအမျိုးသားနေ့ကျင်းပခြင်းအားဖြင့် မျိုးဆက်သစ်ချင်းလူငယ်များ၏ ဇာတိသွေးများ မြှင့်တက်စေပြီး အနာဂတ် ချင်းလူမျိုး၊ ချင်းပြည်နယ်အရေးမှာ စိတ်အားထက်သန်စွာပါဝင်ဆောင်ရွက်ကာကွယ်ရန်ဖြစ်သည်။ လူမျိုးတစ်မျိုး ဆိုရာတွင် အမျိုးသားနေ့မရှိလျှင် လူမျိုးတစ်မျိုးအဖြစ်ရေရှည်ရပ်တည်နိုင်ဖို့မှာ ရာခိုင်နှုန်းနည်းပါးသွားပါသည်။ ထို့ကြောင့် မိမိချင်းလူမျိုးများသည် ရှေးချင်းခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားမှုကြောင့် အမျိုးသားနေ့ကို ပိုင်ဆိုင်သောလူမျိုးဖြစ်ရသည်မှာ ဝမ်းသာစရာ၊ ဂုဏ်ယူစရာ၊ ဆက်လက်ပြီးထိန်းသိမ်းဖို့ တာဝန်ကြီးမြင့်ပါသည်။ ဒီနေရာမှာ ချင်းအမျိုးသားနေ့ကို မိမိအမျိုးသားခေါင်းဆောင်က ဘယ်လောက်ထိ ကာကွယ်သွားခဲ့သလဲဆိုတာ တင်ပြလိုပါသည်။ ၁၉၆၆ ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရက ချင်းအမျိုးသားနေ့ကို ချင်းဝိသေသတိုင်းနေ့ အဖြစ် ပြောင်းလဲကျင်းပဖို့စီစဉ်ခိုင်းသည့်အတွက် ချင်းအမျိုးသားနေ့ခေါင်းဆောင်ကြီး ဦးဝမ္မသူးမောင်း ကိုယ် တိုင် သူ့ဇာတိရွာဝမ္မသူးကနေ မင်းတပ်ပါတီယူနစ်ကို လာရောက်ကန့်ကွက်ခဲ့ပါသည်။ သူ၏ကန့်ကွက်မှုကြောင့် အဆိုပါနှစ်တွင် ချင်းအမျိုးသားနေ့အဖြစ်ကျင်းပခွင့်ရရှိခဲ့သည်။ ဦးဝမ္မသူးမောင်းသည် ချင်းအမျိုးသားနေ့ အခမ်း အနားအပြီး (၂၃၊ ၂၊ ၁၉၆၆ )နေ့ရွာအပြန်လမ်းတွင် ကံမကောင်းစွာဖြင့် ကားမှောက်ပြီး အသက်ဆုံးသွားခဲ့ရ သည်။ ချင်းအမျိုးသားနေ့ကို အသက်နှင့်ရင်းပြီး ကာကွယ်သွားပါသည်။ တနည်းအားဖြင့် ချင်းအမျိုးသားနေ့၏ ဖခင်ကြီးမှာ ဦးဝမ္မသူးမောင်းအဖြစ်လည်းဆိုရပါမည်။ အဘယ့်ကြောင့် ပြောနိုင်သလဲဆိုရင်ဖြင့် အထက်ပါ အ ဖွဲ့အစည်းများပေါ်ထွက်လာအောင် ဦးဆောင်ဖွဲ့စည်းသူမှာ သူသာဖြစ်ကြောင်း သမိုင်းအားဖြင့် သက်သာပြနေ ပါသည်။ ယနေ့ချင်းအမျိုးသားများအနေဖြင့် မိမိချင်းအမျိုးသားနေ့ကို ဆက်လက်ထိန်းသိမ်းကြဖို့ လွန်ပင်အရေး ကြီးပါသည်။ မိမိဘိုးဘွားများ၏ အားအင်ခွန်စိုက် ရဲရင့်ချွန်ထက်၊ စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားရေးတိုက်ပွဲ ဝင်ခြင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက် အမြော်အမြင်ကြီးမြင့်ခြင်းအားဖြင့်သာ ချင်းအမျိုးသားနေ့ ပေါ် ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့်ယနေ့ခေတ် ချင်းလူငယ်များအနေဖြင့် ဘိုးဘွားများ၏ စည်းလုံးညီညွတ် ခြင်း၊ ရဲရင့်ပြတ်သားခြင်း၊ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းစသည့် စရိုက်များကို နည်းနာခံယူပြီး ချင်းအမျိုးသားနေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းကြဖို့ လိုအပ်ပါသည်။ ချင်းအမျိုးသားတို့၏ တောတောင်ရေမြေ၊ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာ၊ စာပေယဉ်ကျေးမှုများ ဆက်လက်ထိန်းသိမ်းဖို့ရန်လည်း အရေးကြီးပါသည်။ ချင်းအမျိုးသားနေ့ကျင်းပခြင်းအားဖြင့် မိမိတို့ရဲ့ သွေးစည်းခြင်း၊ ကမ္ဘာမှာ လူမျိုးတစ်မျိုး ဖြစ်ခြင်းများကို ဂုဏ်ယူကြဖို့ လိုအပ်ပါသည်။ အနာဂတ်မျိုးဆက်သစ်များဆင့်ဖွားသိရှိနိုင်ရန်နှင့် မိမိအမျိုးသား နေ့ကိုတန်ဖိုးထားပြီး ဆက်လက်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်း အတိုချုပ်ကို တင်ပြခြင်းဖြစ်ပါသည်။

မှတ်ချက် ။ ။ ဤနေရာမှာ ချင်းအမျိုးသားနေ့ကို ဇိုမီးအမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပခြင်းမှာ ဗမာအစိုးရ၊ စစ်အစိုးရ ခေတ်အဆက်ဆက်၏ ချင်းအမျိုးသားနေ့ကို တားဆီးပိတ်ပင်ခြင်း၊ ဖျက်လိုဖျက်ဆီးခြင်း၊ အနှစ်သာရ ကင်းမဲ့အောင် ဖန်တီးခြင်းနှင့်ထပ်တူ ဖြစ်နေကြောင်းဖော်ပြလိုပါသည်။ ထို့ကြောင့် ဇိုမီးအမျိုးသားနေ့ ဟု ကျင်းပ ခြင်းကို မိမိအနေနှင့်ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်းလည်း ဖော်ပြအပ်ပါသည်။
ဆလိုင်း ချစ်သူ (ရွှင်းမြေသား)

Leave a Commnet

%d bloggers like this: