April 27, 2025

ခ်င္းျပည္နယ္မွခ်င္းရခိုင္ဆက္ဆံေရးသမိုင္း(ဃ) ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း(ဃ)

0
Rosang D

Map by Ro Sang

ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း(ဃ)
ငြိမ်းချမ်းမှုကိုလိုလားသောပလက်ဝဒေသခံများ

ပလက်ဝဒေသနေ ချောင်းသားများ(ရခိုင်)နှင့် ချင်းလူမျိုးများ၏ ပင်ကိုယ်စရိုက်မှာ အေးချမ်းစွာ နေ ထိုင်လိုသောသဘာဝနှင့် လွတ်လပ်မှုကိုမြတ်နိုးသောသဘောရှိလေသည်။ လူမျိုးပေါင်းစုံနှင့်နေ ထိုင်သော သဘာဝရှိလေသည်။ ယခင်ရခိုင်မင်းနိုင်ငံနှင့်ဆက်စပ်ထိစပ်လျက်နေထိုင်နေသော ချင်းတိုင်းရင်း သားများနှင့်ဆက်စပ်လူမျိုးစုများမှာ ရခိုင်အုပ်ချုပ်မှုနှင့်အဆင်ပြေစေရန်အတွက် ပဏ္ဍာဆက်ခြင်း၊ မင်းမှုထမ်းခြင်းများရှိပေသည်။ ရခိုင်ဘုရင်သြဇာသက်ရောက်လွှမ်းမိုးခြင်းများလည်း ရှိပါလိမ့်မည်။ ရခိုင်လူမျိုး၏ကျေးဇူးသည် ချင်းလူ မျိုးများအပေါ်တွင်ရှိပါသကဲ့သို့ ချင်းလူမျိုးများ၏ ကျေးဇူးသည်လည်း ရခိုင်လူမျိုးများအပေါ်တွင်ရှိပါသည်။ အပြန်အလှန်အမှီသဟဲပြုနေပါသည်။ အထူးသဖြင့် လေးမြို့စား ကဲ့သို့သော ခေါင်း ဆောင်ကောင်းများအောက်တွင် ဌာနေတိုင်းရင်း သားလူနည်းစုများသည် တိုးတက် ယဉ်ကျေးပြီး အချင်းချင်းအကြားတွင်လည်း ကောင်းမွန်သောဆက်ဆံရေးရှိပါသည်။ သို့သော်အများအားဖြင့် တိုးတက်မှုမရှိခဲ့ကြောင်းသမိုင်းအရတွေ့မြင်နိုင်ပါလိမ့်မည်။

သို့သော် ရခိုင်ဘုရင်များအကြား အချင်းချင်းနန်းလုခြင်း၊ နိုင်ငံရေးကစားခြင်းများ၊ တိုက်ခိုက်သတ် ဖြတ်ခြင်းများ၊ လက်အောက်ခံမင်းစိုးရာဇာများက အနိုင်အထက်ပြုလုပ်သောကြောင့် ရခိုင်အချင်း ချင်းလည်းများစွာပုန်ကန်တော်လှန်မှုများရှိခဲ့သလို၊ ဌာနေတိုင်းရင်းသားများကလည်း အနည်းနှင့် အ များ တော်လှန်ခြင်းများရှိပေသည်။ မြိုသင်းကြီးပုန်ကန်မှု(၁၇၅၀)နှင့် လေးမြို့ချောင်းနေချင်းများပုန်ကန်မှု (၁၇၈၀) မှာ ထိုအချက်ကို ဖော်ပြနေ သည်။ သို့သော် တစ်စင်ထောင်လိုသော ရည်ရွယ် ချက်ကား မဟုတ်ပေ။ မခံနိုင်သောကြောင့်ဖြစ်မည်ဟုယူဆနိုင်ပါသည်။ ထို့ကြောင့်ကောင်းမွန်သော မင်း လောင်း များကို မျှော်လင့်တတ်ကြပေသည်။ နောက်ပိုင်းရခိုင်အမျိုးသားရေးသမားအချို့အပြစ် တင်ချင်သော လေးဒူလေးဝခံတပ် အကြောင်းသည် ငသံထွေနှင့်မြန်မာတပ်အားထောက်ခံရခြင်းမှာလည်း ထိုအချက်များ ကြောင့် ဖြစ်ဟန်တူသည်။ (ကိုးကားကျမ်းရှာဆဲ)ထိုအချက်ကို“ရခိုင်ပြည်သူထုအပေါင်း တို့သည် လည်း တိုင်းကားပြည်ရွာသာ ယာစည်ပင်အောင်လုပ်တတ်သော မင်းကောင်းမင်းမွန်ရောက် လာ သည်ဟု မှတ်ထင်၍ အလွန်ဝမ်းသာရွှင်လန်း၍ ကခုန်ပျော်ပါးလျှက် လက်ပမ်းပေါက် ခတ်ပြီး လျှင် အောင်သည် အောင်သားစားသောက်ကြကုန်၏။” ဟုဖော်ပြထားပါသည်။

ဌာနေတိုင်းရင်းသားတို့မှာ ရခိုင်နှင့်ဗမာလူမျိုးကြီးနှစ်ခုအားပြိုင်မှုတွင် အမြဲကြားညပ်နေသော သ ဘော ရှိနေသည်။ယနေ့တိုင်လည်းရှိနေဆဲဖြစ်သည်။ နိုင်ငံအရေးအရာ ဆုံးဖြတ်ရာတွင်လည်းလူနည်းစု တိုင်းရင်းသားများ၏သဘောထား၊ အသံ ကို ရှေးနှစ်ပေါင်းများစွာကတည်းက လစ်လျူရှုထား ခြင်းခံခဲ့ရပါသည်။ ထို့ကြောင့် လည်း ဌာနေတိုင်းရင်းသားများအား နားလည်မှုပေးသင့်ပါသည်။

၁)ကုန်းဘောင်မင်းများလက်ထက်ပလက်ဝ (၁၇၈၅-၁၈၂၆)

ချင်းပြန်တော်လှန်ရေးနှင့်ပလက်ဝ။ ။ဗမာအုပ် ချုပ်မှုကိုပုန်ကန်တော်လှန်သော ချင်းပြန်တော်လှန် ရေးရောက်လာသောအခါ ရခိုင်လေးမြို့ (ဓည်ဝတီ၊ ရမ္မာဝတီ၊ မေဃဝတီ၊ ဒွါရာဝတီ) အပါအဝင်၊ ပလက်ဝဒေသသည်လည်း မတည်ငြိမ်မှုပြန်လည် ဖြစ်ပွားလာပြန်ပါသည်။ သက္ကရာဇ်(၁၁၇၃) ခရစ် (၁၈၁၁)တွင် စတင်ပါသည်။ ငချင်းပြန်သည် ရခိုင်သမိုင်းတွင် ၁၇၈၄ ခုနှစ်အတွက်အရေးပါခဲ့သော ငဇင်ရိုင်းချောင်းကျွန်ူမှ ဓါးပိုင်ကြီးငသံထွေ၏ သားငယ်ဖြစ်သည်။ ချင်းပြန်၏မျိုးနွယ်ဆက်များသည် မွန်ရခိုင်ကပြားများဖြစ်ကြသည်။ ၎င်း၏ ဖခင် ငသံထွေမှာ ရခိုင်ပြည်တွင် ၁၇၈၂ မှ ၁၇၈၄ နှစ်များ အ တွင်း မငြိမ်မသက်ဖြစ်ပေါ်နေမှုကို ထိန်းသိမ်းရန် အမရပူရရွှေနန်းအရှင်ဗဒုံမင်းအား သွားရောက် အကူအညီတောင်းခံခဲ့သူဖြစ်သည်။လေးမြို့ချောင်း နေချင်းများ၏ ထောက်ခံအားပေးမှု၊ ယုံကြည်မှု ကိုလည်းရရှိသောသူဖြစ်ခဲ့လေသည်။

map by Ro Sang

ကုလားတန်ချောင်းဖျားဒေသများအရေးကိုဆောင်ရွက်ခြင်း(၁၈၁၁)။ ။ဓညဝတီမြို့ဝန်မင်းကြီးကျော် ထင်က တိုင်းတားဗိုလ်ချုပ်မင်းကို ပြောဆိုသည့်စကားမှာ……..ငချင်းပြန်ငယ်၊ လက်ရုံးဘွေတို့ရှိရာ ချီတက်လိုက်သွားလျှင်ကုလားတန်ချောင်း ရှိ ချင်းမျိုး မျုံ/မြုန် လင်းကဲးတို့လည်း ထောင်လွှား ၍ မလိုက်မလာ၊ တပ်တောင်တာအလုံးအရင်းနှင့်အတင်းနေသည်။ ရှေ့သို့ချီလျှင် ဓညဝတီမြို့ကို သင်းတို့ဝင်၍နှောက် ယှက်ရာသည်။ ကုလားတန်ချောင်းကို တပ်တောင်တာအလုမ်းအရင်းနှင့်/တပ်ခန့် ရံ၍ ချီတက်ဖျက်ဆီး ဦးမှသာသင့်သည်။ ကုလားတန်ချောင်းလည်း အခွန်ဝန်ဇေယျကျော်ထင် ဝန်စုအခွန်သားဖြစ်သည်။ ဆိုလေသော် တိုင်းတားဗိုလ်ချုပ်က အခွန်ဝန်ကိုဆိုသည်ကား “မြို့ဝန် စကားအတိုင်း” ချီတက်တိုက် ယူရမည်။ သင်းတို့ကို အခွန်ဝန်က ပါအောင်ခေါ်နိုင်မည်၊ မခေါ်နိုင်မည် အကြောင်းနှစ်ခုကို အနောက်သို့ တပ်မချီမီ သိသာအောင်ပြောဆိုရမည်ဆို၏။

အခွန်ဝန်ဇေယျကျော်ထင်က “ကျွန်တော်ရွှေဖဝါး တော်မြတ်အောက်မှာရှိခိုက် ကုလားတန်ချောင်း အရိုင်းတို့ကို မွှေနှောံကြသောကြောင့် ကြောံလန့်၍ နေသည်(သည့်) အမှုသာဖြစ်ပါသည်။ ချားနားသည့် အမှုမဟုတ်ပါ။ ကုလားတန်ချောင်းရှိ ချင်းမျိုး မျုံ ချောင်းရှိ၊ လင်းကဲး ချော် (မြန်ချောင်းရှိလင်းကဲကျော) ရင်ပေါင်၊ လေးဒူးခေါင်းအကြီးတို့ကို ကျွန်တော်က ခေါ်၍ ပေးအပ်ပါမည် ဆိုလေသော် တိုင်းတားဗိုလ် အခွန်ဝန်စကားကို ကြိုက်လေ၍ အခွန်ဝန်က လူစေလွှတ်ခေါ်စေရာ သင်း တို့ခေါင်အကြီးတရာကျော် လက်ဆောင်ပဏ္ဍာနှင့်လိုက်လှာကြ၏။ တိုင်းတားဗိုလ်မင်းက အခွန်ဝန်ဆိုသော စကားအတိုင်း မှန် သည်၊ သင်းတို့တစ်စုကို ငြိမ်ဝပ်အောင် နှလုံးရည်ဖြင့် သိမ်းဆည်းလျက် အရိုး(အရိုင်း) အမျိုးနှင့် လျော်စွာ သာယာသောစကားကို ပြောဆို၍ သင်းတို့ဓလေ့ သွေးသစ္စာပေးပြီးလျှင်ပြန်စေ၏။ ကုလား တန်ချောင်းနေ အရိုင်းလူမျိုးတို့ကို နှလုံးရည်ဖြင့်ယဉ်စေပြီးမှ………… (လှထွန်းဖြူ၊ မဇ္စျိမဒေသအရေး တော်ပုံကျမ်း၊ ရခိုင်သားကြီးစာပေ၊ ၁၉၉၂)

ကုန်းဘောင်ခေတ်မြန်မာအုပ်ချုပ်ရေးသို့ရောက်သောအခါတွင် ဌာနေတိုင်းရင်းသားများအား မည် သို့ အုပ်ချုပ်သည်ဆိုသည်ကို အတိအကျမတွေ့ရပါ။ အထောက်အထားများရှာဖွေနေဆဲသာဖြစ် သည်။ ကုန်းဘောင်ခေတ်လေးမြို့၊ လေးဝတီအုပ် ချုပ်ရေးတည်ဆောက်သောအခါတွင် ပလက်ဝဒေသမှ ကျေးရွာအကြောင်းများကို ရှာဖွေတွေ့ရှိရခြင်းမရှိသောကြောင့် မြန်မာတို့က ငြိမ်ဝပ်အောင်သာပြု လုပ်ပြီးမိမိဓလေ့အတိုင်းနေထိုင်စေကြောင်း ယူဆနိုင်ပါသည်။ သို့သော်ခန့်မှန်းမိသလောက်မှာ ကုလားတန်မြစ်အနောက်ဖက်တွင်နေထိုင်သော မြုန်များ၊ ချောင်းရိုးများတွင်နေထိုင်သော လင်းကဲး များ၊ ကုလားတန်အဖျားတွင်နေသော ချော်များ၊ ကုလားတန်တလျောက်တွင်နေသော ရင်ပေါင် (Yaungpang) ယနေ့ ခူမီးဟုခေါ်သည့်လူများ၊ လေးမြို့မြစ်ဝှမ်းတွင်နေထိုင်သော လေးဒူးချင်းများ အားလုံးပါဝင်သည်။ ၎င်းတို့မှာ ကုလားတန်မြစ်ဝှမ်းဘယ်ညာတွင်နေထိုင်သည့် အနွယ်များသာဖြစ်လေ သည်။“သင်းတို့ဓလေ့ သွေးသစ္စာ” ဆိုသည့် အနက်မှာ မျိုးနွယ်အချင်းချင်းစစ်ဖြစ်ပွားပြီး ငြိမ်းချမ်းစွာ နေလိုသည့်အခါတွင်လည်းကောင်း၊ အပြန်အလှန်မတိုက်ခိုက်ရန်အတွက်လည်းကောင်း ပြုသော သစ္စာပင်ဖြစ်သည်။ ချင်းတို့ထံမှလည်း မြန်မာများမျှော် လင့်စရာမည်သည့်အရာမှမရှိကြောင်း ကုန်းဘောင် ခေတ် ချင်း-မြန်မာဆက်ဆံရေးများကို ကြည့်လျှင်ခန့်မှန်းနိုင်ပါသည်။ တောင်တန်းအမြင့်ပိုင်း တွင်နေသော ချင်းလူမျိုးများထံသို့သြဇာမသက်ရောက်ပေ။ ဗြိတိသျှတို့အုပ်ချုပ်သည့် နောက်ပိုင်း ၁၈၇၀ အထိပင် အုပ်ချုပ်ရေးအောက်သို့ ဝင်ရောက်ခြင်းမရှိပေ။

ကူးဝတိုက်ပွဲ။ ။မင်းကြီးကျော်ထင်သေလွန်ပြီးနောက် မဟာနော်ရထာသည်သက္ကရာဇ် (၁၁၇၅)ခု ခရစ် (၁၈၁၃) နတ် တော်လတွင် ရခိုင်မြို့ဝန်ပြုလာ၏။ ချင်းပြန်လည်း သမက်တော်တိမ်ကြားဗိုလ် ဗိုလ်မှူးတပ်မှူးတို့ကို အသီးသီးခန့်၍ သူရဲကောင်းတို့နှင့် ရခိုင်မြို့ဝန် မဟာနော်ရထာကို တိုက််ချေဟု စေလိုက်ပြန်၏။ ချင်းပြန် ဗိုလ်မှူးတပ်မှူးတို့ချီသွားလေရာ ကစ္ဆပနဒီမြစ်ညာ#ကူးဝတွင် ရောက် လေသော် ထိုအကြောင်းကို ရခိုင်မြို့ဝန် မဟာနော်ရထာသိလေသော်ကြောင့် မြို့သူကြီး ရန်ကင်းကို ဗိုလ် ချုပ်ခန့်၍ များစွာသော လက်နက်ကိုင်သူရဲတို့နှင့် စေလွှတ်ကာချီသွားကြလေရာ ကစ္ဆပနဒီမြစ်ညာ
ကူးဝတွင် ချင်းပြန်စစ်သည်တို့နှင့် တွေ့ကြုံ၍ သက္ကရာဇ် (၁၁၇၅)ခု ပြာသိုလ်လတွင် တပ်ချင်းဆိုင် ပြိုင်တိုက်ခိုက် ကြလေသော် ချင်းပြန်စစ် သည်သူရဲတို့သည် များစွာပျက်စီးလေကုန်၏။ ကြွင်းကျန်သော စစ်သည် သူရဲတို့သည် နောက်သို့မဆုတ်နိုင်။ မြန်မာတပ်ဝိုင်းရံရှိသဖြင့် မြေခံတုတ်ထဲရှိနေသည်ကို မြန်မာတပ်မှူးဗိုလ်မှူး တို့မသိကြ သေ နတ်အထောင်အသောင်းပစ်လွှတ်သော်လည်း တစုံတယာက်မျှ ထွက်ဝင်သွားလာသည်ကို မမြင်သဖြင့်သွား၍ကြည့်လတ်သော် ထမင်းငတ်ပြတ်နေသောသူတို့ကို တွေ့လေလျှင် ထမင်း ရေစာပေးပြီးမှ အသက်ရှင်ခြင်းကိုရကုန်၏။ မြန်မာတပ်မှူးတို့လည်း ထိုနေ့ပင် ချင်းပြန်ရှိရာလိုက်သွားကာ ညဉ့်စစ်သည်တို့တိုက်ခိုက်လေသော် ချင်းပြန်သည်သရက်ချိုမြို့မှ ရွှေ့ ပြောင်းကာ ပန်းဝါကုလားနိုင်ငံသို့ ဝင်အောင်းလျှက်နေလေ၏။(စန္ဒမာလလင်္ကာရ၊ ရခိုင်ရာဇဝင် သစ်ကျမ်း) တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် ပြည်သူပြည်သားတို့မှာ ကျီးလန့်စာစာဘဝဖြင့် နေ ထိုင်ခဲ့ရလေသည်။

ထိန်းချုပ်ရန်ခက်ခဲသောတောင်တန်သားများ။ ။ ၁၈၇၀ မတိုင်မီ ရခိုင်ဒေသကိုအုပ်ချုပ်သော ဗြိတိ သျှ အစိုးရအုပ်ချုပ်သူများသည် တောင်တန်းသားများအား ထိတွေ့ဆက်ဆံရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ Captain Hopkinson(Commi ssioner of Arakan) ကပင်လျှင် ၁၈၅၆ ခုနှစ်တွင် ဖော်ပြခဲ့သော အချက်အရ ယခင်က အုပ်ချုပ်ခဲ့သော Messrs. Bogle, Phayer, Sir Archibald Bogle (Commissioner)အစရှိသောသူများကလည်း ထိုတောင်တန်းသားများနှင့် ရင်းနှီးမှု တည် ဆောက်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်းဖော်ပြပါသည်။ ထို့နောက်အကြံပြု သည်မှာ ထိုမျိုးနွယ် များအားလုံးအား အတူတကွပင် ၎င်းတို့၏ နယ်မြေနှင့်အတူချန်ထားရန်ဖြစ်ပါသည်။ ထိုလူမျိုးများမှ တောင်တန်းအတွင်းဖက်ကျသောလူမျိုးများကိုဆိုလိုသည်။ ထိုတောင်တန်း သားများတွင် မရာ (Shandoo) မျိုးနွယ်များနှင့်အခြားချင်းမျိုးနွယ်များကိုဆိုလိုပါသည်။(Hughes, 8-9) Major Hamilton (Officeating Inspec tor-General of Police) ၏ ဖော်ပြချက်အရ ၁၈၆၃ မှ ၁၈၇၀ အကြားတွင် နေရာအမျိုးမျိုးမှ တိုက်ခိုက်မှုများ အကြိမ် ၃၀ ကျော်ရှိပြီး လူ ၆၅ ဦးသေကျေကာ ၂၆၈ ဦးအား ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကြောင်းဖော်ပြထားပါသည်။

ခမီး(Kamees)နှင့်မြို(Mros)တို့မှာ လွန်ခဲ့သောနှစ် ၃၀ အထက်က တောင်တန်းပေါ်တွင်နေထိုင်ပြီး ပိုမိုအင်အားကြီးသောမျိုးနွယ်များကြောင့် မြစ်ချောင်းများသို့ပြောင်းရွှေ့နေထိုင်လာကြသည်။ ၎င်းတို့ သည်ဖခင်ကြီးစိုးသောအဖွဲ့အစည်းဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်မှုစနစ်ဖြင့်နေထိုင်လေသည်။ ကျေးရွာ တိုင်းတွင် တောင်မင်းများဟု ရခိုင်များကခေါ်သော အုပ်ချုပ်သူများရှိသည်။ (Hughes, 10) ယနေ့ ပလက်ဝအား နောက်ပိုင်းမှ ဝင်ရောက်လာသော ချောင်းသားရခိုင်များဝင်ရောက်လာသော အချိန်တွင် အနည်းငယ်ရိုင်းစိုင်းသော(မဖွံ့ဖြိုးသေးဟုဆိုလို)ခမီလူမျိုးများက ပိုင်ဆိုင်နှင့်ကြောင်း ၎င်းတို့၏ နှုတ် သမိုင်းများက ဖော်ပြနေပါသည်။ ထိုစာသားကို အောက်ပါအတိုင်းဖော်ပြပါမည်။
The Kamees appears, like the Choungthas, in a more rude state of existence; the traditions of the latter people refer to the former as already possessors of the country when the Myamma race entered it. (Remark of Sir Arthur Phayer in the Asiatic Journal)-(Hughes, 14)

နယ်မြေပေါ်သံယောဇဉ်ကြီးမားသောခမီများ။ ။ဗြိတိသျှအုပ်ချုပ်သူများက၎င်းတို့အုပ်ချုပ်သော ဒေသများအတွင်းရှိ လူမျိုးများ၏ စိတ်နေစိတ်ထားနှင့် မည်သို့အုပ်ချုပ်ရမည်ကို ကောင်းမွန်စွာ မှတ် တမ်းတင်ထားပေးလေ့ရှိပါသည်။ ထိုအချက်များအရ ပလက်ဝဒေသရှိ ခမီး(ခူမီး)များ၏ ဒေသ နယ်မြေ အပေါ်သံယောဇဉ်မည်မျှကြီးမားသည်ကို တွေ့မြင်နိုင်သည်။

မျိုးနွယ်စုများ၏ ဓလေ့စရိုက်တစ်ခုမှာ ၎င်းတို့၏ နယ်မြေအပေါ်တွင်ချစ်သောအရာပင်ဖြစ်သည်။ မြေပြန့် ဒေသများသို့ ပြောင်းရွှေ့စေရန် အခြားတိုက်ခိုက်မှုများမတိုင်မီ ၎င်းတို့မူလနေထိုင်သော နယ်များ တွင်သာ နေထိုင်ချန်ရစ်လိုကြသည်။ အသက်ကြီးသော ခေါင်းဆောင်များကို အဘယ် ကြောင့် လုုံခြုံ သောကောင်းမွန်သော ကျွန်ုပ်တို့၏ နယ်မြေသို့မပြောင်းရွှေ့လိုပါသနည်းဟု မေးရာ ၎င်းတို့မှ “ဒိုပြေ၊ ကိုယ့်မြေ၊ မဖြစ်နိုင်” ဟုဆိုပါသည်။ အဓိပ္ပါယ်မှာ မိမိတို့နယ်မြေနှင့်ဒေသကို စွန့်ခွာရန်မဖြစ်နိုင် ပါဟု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ခမီး(ခူမီး)များနှင့် ရှမ်းဒူ(မရာ) များသည် မြန်မာ (ဗြိတိသျှ ဗားမား) အုပ်ချုပ်သူများ၏စကားကိုနာခံသည်။ ယဉ်ကျေးတိုးတက်မှု၊ အကျိုးအမြတ်များကို ကျေနပ် နှစ်သက် ကြသော်လည်း မိမိတို့၏တောင်တန်းပေါ်မှ အိမ်များသို့အမြဲပြန်လှည့်ခြင်းရှိလေသည်။ (Hughes 23) ၎င်း ချင်းခမီများကို တောင်သားများဟုလည်းသုံးနှုန်းလေသည်။

ချောင်းသားနှင့်တောင်သားများအကြားနားလည်မှုတည်ဆောက်ရန်လိုအပ်ခြင်း
လွန်ခဲ့သောအပိုင်းများတွင် ရခိုင်ကနဦးသမိုင်းများကို ဖော်ပြပြီးဖြစ်လေသည်။ ပလက်ဝဒေသရှိ ချောင်းသားများသည်လည်းကောင်း၊ ချင်းများ သည်လည်းကောင်း ရခိုင်လေးမြို့လေးဝတီနှင့် အလှမ်းဝေး သည့်အပြင် လူမျိုးများသည်လည်း အဆက်အစပ်နည်းပါးပါသည်။ ၎င်းတို့သည် မိမိတို့၏ ဒေသအား ချစ်မြတ်နိုးရာတွင် တူညီသည်။ မိမိတို့ပလက်ဝကို သံယောဇဉ်ထားခြင်း၊ တွယ်တာခြင်းမှာလည်း အတူတူပင်ဖြစ်ပါသည်။ ၎င်းတို့၏ စိတ်နေသဘောထားများ၊ အသိုက်အဝန်းနှစ်မျိုး၏ အခြေအနေကို ဗြိတိသျှအုပ်ချုပ်ရေးဝင်ရောက်လာ သောအခါ အင်္ဂလိပ်တို့မှတ်တမ်းတွင်အထူးတွေ့ရပေသည်။

အာသာဖယ်ယာက ချောင်းသားများသည် တောင် တန်းများ၏ အတွင်းပိုင်းသို့ မည်သည့်အခါမျှ ဝင် ရောက်နေထိုင်ခြင်းမပြုခဲ့ကြောင်းဆိုလေသည်။ ကုလားတန်မြစ်ဝှမ်းကမ်းပါးများတွင် စိုက်ပျိုးမွေးမြူ ခြင်းများပြုလုပ်ခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုကြောင်း၊ ထို့ကြောင့် ချောင်းသားအမည်ရခြင်းဖြစ် သည်။ Hughes (p 15-16) တွင် ၎င်းတို့သည် ရခိုင်လူမျိုးများကဲ့သို့ ညာဏ်များကြကြောင်းဆိုသည်။ ခမီများ၏ ဘာသာစကားကို နားလည်တတ်ကျွမ်းကြသောကြောင့် ရခိုင်လူမျိုးများထက်ပင်လျင် ခမီလူ မျိုးများအပေါ် နိုင်လိုမင်းထက်ပြုမူတတ်ကြကြောင်းဖော်ပြထားပါသည်။ ၎င်းတို့၏ ခမီလူမျိုးများနှင့် အခြား တောင်ပေါ်တိုင်းရင်းသားများ အပေါ်လွှမ်းမိုးမှုမှာ မကောင်းတတ်ပေ။ အင်္ဂလိပ်မူရင်း စာသား အတိုင်းသာဖတ်ရှုပါ။
“They are quiet as tricky as the Arakanese, while, with their knowledge of the Kamee language, they are enabled to tyrannize over, defraud, and impose upon the Kamees to a far greater extent than the Arakanses, who are hindered by want of local knowledge; indeed, their influence among the Kamees is generally for evil; they parctise among the other hill tribes much the same deception and chicanery as the Manipur officals appear to have done among the Looshais”. (Hughes 15-16)

ချောင်းသားများနှင့်တောင်သားများအကြား အမြင်လွဲမှားမှုရှိခဲ့သော အကြောင်းကိုလည်း ဆက်လက် ဖော်ပြထားပါသည်။ ၎င်း(ချောင်းသား)များအား အုပ်ချုပ်သူဝန်ထမ်းများအဖြစ်ထားလျှင် ခမီနှင့်ရှမ်းဒူး များ အပေါ်မည်သည့်အခါမျှ အဆင်ချောမည်မဟုတ်ကြောင်းဖော်ပြပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူမျိုးနွယ်နှစ်ဖက်လုံးအကြားတွင် မယုံကြည်မှုနှင့် အထင်သေးမှုများရှိနေခြင်းကြောင့်ဖြစ်သည်။ ရခိုင်ဘုရင်မှတောင်တန်း သားများ၏ တိုက်ခိုက်မှုကို ကိုင်တွယ်စေသောအခါတွင် မတိုက်နိုင်သည့် အခါ နောက်ဆုံး ငြိမ်ချမ်းရေးယူကာ ရှမ်းဒူးခေါင်းဆောင်များကို ပွဲကျင်းပပေးစဉ် သောက်စားမူးယစ် နေသောအခါတွင်သွေးအေးအေးဖြင့်သုတ်သင်ဖူးသည်ဆို၏။ ချောင်းသားများ သည် အပြုံးမျက်နှာနှင့်ပင် အခွင့်အရေးရလျှင် ယနေ့ပင်တိုင်းရင်းသားမျိုးနွယ်စုများအပေါ် အုပ်စိုးချင်ကြောင်း ခမီများက ဖော်ပြခဲ့သည်ဆိုလေသည်။ (Hughes 16) အသေးစိတ်အင်္ဂလိပ်လိုသာဖတ်ရှုပါ။
If employed as officals in the Hill tracts, they should never be entertained in posts of power over Kamees or Shandoos; for by both these clans they are regarded with feelings of mistrust and contempt, and there is more than one instance on record in which the Choungthas, when unable in the days of old to adoubt fair means for carrying out the royal edicts from the Court of Arakan for holding in check the turbulent tribes, resorted to foul and deep treachery for the purpose by inviting the more influential Shandoo chiefs as guests to a big feast, making them drunk, and then massacring them all in cold blood. Other stories, still preserved with feelings of mistrust and dislike of the Choungthas, have been told me by Kamees, and admitted with a smile by descendants of these Choungthas, who doubtless, had they the opportunity, would control the tribes even at this day much in the same fashion, utterly ignoring all principles of fair play and honour. (Hughes, 16)

၂)ဗြိတိသျှကိုလိုနီခေတ်ပလက်ဝဒေသ (၁၈၂၆-၁၉၄၈)

၁၈၂၆ ခုနှစ် ရခိုင်တိုင်းသည် ဗြိတိသျှတို့လက် အောက်သိုကျရောက်ပြီး ၁၈၂၇ မှစကာ စစ်တွေစီရင်စု၊ ရမ်းဗြဲစီရင်စု၊ သံတွဲစီရင်စုအဖြစ်ဖွဲ့စည်းကာ ရခိုင်တိုင်းဝန်ရှင်တော်မင်းကြီး၏ လက်အောက်ခံတွင်ထားရှိလေသည်။ ၁၈၂၉ တွင် ရခိုင်အား တနင်္သာရီမှ ခွဲထုတ်ကာ စစ်တကောင်းအုပ်ချုပ်မှုအောက်တွင် ထားလေသည်။ ၁၈၆၂ ခုနှစ်တွင် ရခိုင်၊တနင်္သာရီ၊ ပဲခူးနယ်များကို စုစည်းကာ ဝန်ရှင်တော်မင်းသုံးဦး ခန့်ကာ မဟာဝန်ရှင်တော်မင်းမှ အိန္ဒိယဘုရင်ခံချုပ်အားတာဝန်ခံရလသည်။

၁၈၆၅ ခုနှစ်တွင် စစ်တွေ၊ ကျောက်ဖြူ ၊သံတွဲနှင့် ရခိုင်တောင်တန်းဒေသများအဖြစ်ပြောင်းလဲဖွဲ့စည်း သည်။ ၁၈၇၁ တွင် မြောက်ပိုင်းရခိုင်တောင်တန်းစီရင်စုအား စစ်တွေစီရင်စုမှ ခွဲထုတ်လေသည်။၁၈၉၇ ခုနှစ်တွင် ရခိုင်ခရိုင်ကို စစ်တွေ၊ ကျောက်ဖြူ ၊ သံတွဲ၊ ရခိုင်မြောက်ပိုင်းစီရင်စု လေးခုဖြင့်ဖွဲ့စည်း သည်။ ၁၉၀၁-၁၉၀၂ ပြောင်းလဲဖွဲ့စည်းသော ရခိုင်တိုင်းတွင် ခရိုင်လေးခုဖြစ်လာသည်။ ရခိုင်တောင် တန်းဒေသများအုပ်ချုပ်ရေးအားသီးသန့်ဖြစ်စေရန် ၁၈၆၅ ခုနှစ်တွင် ရခိုင်တောင်တန်းဒေသများအား စစ်တွေခရိုင်မှခွဲထုတ်ပြီး ဝန်ထောက်တစ်ဦး (Superintendent)အားခန့်ထားလေသည်။ ၁၈၆၈ ခုနှစ်တွင် စစ်တွေမြောက်ဖက် ၆၈ မိုင်အကွာ မြောက်တောင်တွင် ရုံးထိုင်လေသည်။

ရခိုင်မြောက်ပိုင်းတောင်တန်းဒေသအား ၁၈၇၀/၇၁ တွင် စစ်တွေစီရင်စုမှ ခွဲထုတ်ပြီး၊ ရခိုင်တောင်တန်းဒေသအဖြစ်ရောက်ရှိလာသည်။ (T &Cary, The Chin Hill Gazateer, 1896) မြောက်တောင်တွင် အခြေစိုက်သော ရုံးအား ၁၈၇၆ ခုနှစ်တွင် မြောက်ဖက် မိုင် ၄၀ အကွာ ပလက်ဝသို့ ပြောင်းရွှေ့ရုံးထိုင်လေသည်။

(က)ရခိုင်တောင်တန်းစီရင်စုစည်းမျဉ်းဥပဒေ (၁၈၇၄)
Arakan Hill District Law Regulation of 1874
ရခိုင်တောင်တန်းစီရင်စုစည်းမျဉ်းဥပဒေ (၁၈၇၄)အားပြဌာန်းပြီး အခွန်ကောက်ခံခြင်းနှင့် အုပ်ချုပ်ရေး များအား အပိုင်း IX 1874 ဖြင့်အတည်ပြုသည်။

(ခ)ရခိုင်တောင်တန်းတရားမနည်းဥပဒေ (၁၈၇၄)
Arakan Hill Civil Justice Regulation (1874)
ထို့နောက် ၁၈၇၄ ခုနှစ် ရခိုင်တောင်တန်းတရားမနည်းဥပဒေပြဌာန်းလိုက်ပြီး အပိုင်း VIII 1874 နှင့် V 1876 များအားဖြင့် ထိုဒေသများတွင်ကျင့်သုံးလေသည်။ ချင်းအကြီးအကဲများ၊ တောင်ပိုင်များအား မူလအရိုက်အရာအတိုင်းထားကာ ဆက်လက်အုပ် ချုပ်စေခြင်းဖြစ်လေသည်။ (Hugh,The Arakan Hill, 1960) ထိုရခိုင်တောင်တန်းတရားမနည်း ဥပဒေ (၁၈၇၄)တွင် အုပ်ချုပ်သူများအားခန့်ထားခြင်းနှင့် စီရင်ဖြတ်ထုံးများပါဝင်လေသည်။ ချင်းလူမျိုးများအား နှစ်ပိုင်းခွဲထားပြီး
(i)ခမီ -Criminal Code & Civil Law
(ii)ချင်း -Chin Criminal Code &Chin Civil Law (iii)ချင်း Civil Law related to Land အဖြစ် ဓလေ့ထုံးတမ်းများကို ကျင့်သုံးစေသည်။ မြေယာနှင့်သက်ဆိုင်သော ဓလေ့ထုံးတမ်းဥပဒေအားထည့် သွင်းထားခြင်းကထူးခြားပေသည်။(Hughes,The Hill Tracts of Arakan,1881)

(ဂ)ရခိုင်တောင်တန်းနည်းဥပဒေ(၁၉၁၆)
Arakan Hills Regulation(1916)
၁၉၁၆ ခုနှစ်အရောက်တွင် ရခိုင်တောင်တန်းနည်း ဥပဒေ(၁၉၁၆)အားပြဌာန်းကာ တောင်တန်းဒေသ များကို အုပ်ချုပ်ပြန်လေသည်။(မြင့်သိန်း၊ပြောင်း လဲလာသောမြန်မာနိုင်ငံအုပ်ချုပ်ပုံများ၊၂၀၀၆)

ချင်းမြေယာ နှင့်ပတ်သက်သော ထိုဥပဒေသည် ချင်းတို့ပိုင်ဆိုင်သောမြေယာများကို အထူးကာကွယ် ပေးထားခြင်း ဖြစ်လေသည်။ ထိုသို့ ပလက်ဝနယ်မှ လူများစုဖြစ်သောချင်းမျိုးနွယ်များ၊ ခမီးများအား မိမိဘာသာဓလေ့အတိုင်း အုပ်ချူပ်စီရင်ခွင့်ပြုလိုက်ခြင်းသည် ထိုမျိုးနွယ်များအတွက် တိုးတက်မှု တစ်ရပ်ပင် ဖြစ်ပါသည်။ ချင်းနှင့်ခမီးများအား အခြားလူမျိုးကြီးများမှ ကာကွယ်လိုက်ခြင်းဖြစ်သကဲ့သို့ ထိုတောင် တန်းသားဌာနေတိုင်းရင်းသားများအား တိုးတက်စေသော အချက်တစ်ချက်ပင်ဖြစ်ပါသည်။

၁၉၁၂ တွင် ရခိုင်တောင်တန်းစီရင်စုအဖြစ်ပြောင်း လဲခေါ်ဝေါ်သည်။ (Report on the Administration of Burma,1911-12,p 12) ၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေးစနစ် မြန်မာပြည်ရောက်ရှိချိန်တွင်ဤဒေသအား မဖွံ့ဖြိုးသေးသောနယ်မြေအဖြစ် ကြေငြာခြင်းခံရကာ အနောက်မြောက် နယ်ခြားခရိုင်အတွင်းကျရောက်လေသည်။ ထိုနယ်ခြားဝန်ထမ်းအဖွဲ့သည် ၁၉၂၂ ဒီဇင်ဘာလ ၂၀ တွင် ဖွဲ့စည်း ကာ အရာရှိပေါင်း ၅၀ ခန့်ပါဝင်သည်။(ဆိုင်မွန်ကော်မရှင်အစီရင်စာ၊ ၁၉၃၁၊ စာ ၉-၁၀)

ရခိုင်တောင်တန်းစီရင်စုအုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေသာမက အိန္ဒိယရာဇသတ်နှင့် ရာဇဝတ်ကျင့် ထုံးဥပဒေကိုလည်း ၁၉၃၀ အထိကျင့်သုံးသည်။ ၁၉၃၀ ခုနှစ်တွင် ရခိုင်တောင်တန်းစီရင်စုစည်းမျဉ်း ဥပဒေ (၁၈၇၄)အားဖျက်သိမ်းကာ ချင်းတောင် တန်းစည်းမျဉ်းအခြေခံဥပဒေ(၁၈၉၆)ဖြင့် အစား ထိုးကာ အုပ်ချုပ်လေသည်။(Report on the Administration of Burma,1929-1930, p7) မြောက်ပိုင်းရခိုင်တောင်တန်းဒေသအားလည်း အနောက်မြောက်နယ်ခြား ဝန်ရှင်တော်မင်းက မဖွံ့ဖြိုးသေးသောဒေသအပိုင်း(၁)အဖြစ်အုပ်ချုပ်လေသည်။ အနောက်မြောက်နယ်ခြား ခရိုင်ဝန်ရှင်တော်မင်းကြီးအောက်တွင် အရေးပိုင်များ(ချင်းတောင်၊ ရခိုင်တောင်တန်း၊ အထက်ချင်းတွင်း၊ လက်ထောက်အရေးပိုင်များ) ခန့်အပ်လေသည်။

၃)ရီစ်းကော်မစ်ရှင်ထွက်ဆိုချက်(၁၉၄၇)

မြန်မာနိုင်ငံလွတ်လပ်ရေးရရန်တာစူနေသောအချိန်တွင် တနိုင်ငံလုံးမှ တိုင်းရင်းသားများသည် မိမိတို့ ဒေသ အရေးနှင့်ပတ်သက်ကာ တွဲရေးခွဲရေးအ ကြောင်းများကို ကျယ်ကျယ်လောင်လောင် ဆွေး နွေးလာသည်။ ထိုအတူ ပလက်ဝနယ်သည်လည်း အပါအဝင်ဖြစ်လေသည်။ ရီစ်းကော်မစ်ရှင်ထံထွက် ဆိုချက်များမှာ-
၁၉၄၇ ခုနှစ် တောင်တန်းဒေသစုံစမ်းရေးကော်မတီ ထံထွက်ဆိုရာတွင်

ပလက်ဝမှ ဖဆပလပါတီဝင် ချောင်းသား (ရခိုင်)ခေါင်းဆောင် ဦးထွန်းမြနှင့် ဦးစောလှတို့မှ
၁) ပြည်မနှင့်တပြိုင်နက် လွတ်လပ်ရေးရလိုကြောင်း၊
၂) တန်းတူအခွင့်အရေးရလျှင် သီးခြားနယ်အဖြစ်မရပ်တည်လိုဘဲ မြန်မပြည်မတွင်သာနေလိုကြောင်း ထွက်ဆိုပါသည်။

ထိုအချိန်ကာလက ခမီ(ခူမီး)နှင့် လခဲရ်ချင်း (မရာ) ကိုယ်စားလှယ်များက
၁) ဟားခါးနှင့်ကန်ပက်လက်ချင်းတို့သည် ဝန်ကြီးများအုပ်ချုပ်သောမြန်မာနိုင်ငံနှင့်ပူးပေါင်းလျှင် မိမိတို့ လည်းပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း၊
၂) မိမိတို့ဒေသနှင့်ပိုမိုနီးကပ်သော ဟားခါးချင်းတို့ဆောင်ရွက်သမျှကိုမိမိတို့ လိုက်ပါဆောင်ရွက်ကြ မည်ဖြစ်ကြောင်းထွက်ဆို၍၊

လွန်ပုမရိုချင်း(မြိုခမီ)တို့က
၁) မိမိတို့ဒေသကို မိမိတို့ဓလေ့ထုံးစံနှင့်အညီအုပ်ချုပ်၍ မြန်မာနိုင်ငံနှင့်ပူးပေါင်းလိုကြောင်းထွက်ဆိုခဲ့ကြသည်။

လေးမြို့ချင်းတို့်၏ကိုယ်စားလှယ်ဦးမြှားနှင့် စကားပြန် ဦးသာအောင်တို့က
၁) လက်ရှိအုပ်ချုပ်ရေးအတိုင်း ဆက်လက်အုပ်ချုပ်စေလိုကြောင်း၊
၂) ထိုသို့မဖြစ်နိုင်လျှင်လည်း ပလက်ဝချင်းတို့၏ ဆုံးဖြတ်ချက်ကို လိုက်နာလက်ခံမည်ဖြစ်ကြောင်း ထွက်ဆိုပါသည်(တိုင်းရင်းသားလူမျိုးများအရေးနှင့်၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ)

ထိုအချက်များကြောင့်ပင် လွတ်လပ်ပြီးခေတ်တွင် လူမျိုးစုတူရာ ချင်းတောင်တန်းခရိုင်၊ ပခုက္ကူ တောင်တန်းခရိုင်နှင့် အတူရခိုင်တောင်တန်းခရိုင်တို့သည် အတူတကွပူးပေါင်းလာပြီး ချင်းဝိသေသ တိုင်းအဖြစ် ပေါ်ပေါက်လာပေတော့သည်။ လမ်း ပန်းဆက်သွယ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ကြောင့် ရခိုင်ပြည်နယ်(ထိုအချိန်က ရခိုင်တိုင်း)မှ ပူးတွဲကိုင်တွယ်ပေးလေသည်။

နိဂုံး

၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်းလက်စွဲဥပဒေ(သို့) ချင်းအက်(၁၉၄၈)ခေါ် အက်ဥပဒေအမှတ်(၄၉) အား ၁၉၄၈ အောက်တိုဘာလ(၂၂)တွင် ထုတ်ပြန်ကြေငြာသည်။ ထိုအခါယခင် ရခိုင်မြောက်ပိုင်းတောင်တန်းဒေသခရိုင်သည် ချင်းဝိသေသတိုင်းအတွင်းပါဝင်လေသည်။ ထိုအက်ဥပဒေ အပိုင်း (၁) အမှတ်(၂) ပုဒ်ခွဲ (၄)၌ဖော်ပြထားသည်မှာ “ချင်းအမျိုးသားများ” ဆိုသည့် စကားရပ်တွင်၊ ချင်းဝိသေသတိုင်း ၌ အိုးအိမ်အတည်တကျရှိသော ပြည်ထောင်စုမြန်မာနိုင်ငံသားများပါဝင်သည်။

ထိုအချက်အရ ချင်းပြည်နယ်မှ ကျန်ချင်းတိုင်းရင်း သားများမှလည်း ချောင်းသား(ရခိုင်)များသည် ညီ ရင်းအစ်ကို တမြေတည်းနေတရေတည်းသောက် အမျိုးသားရင်းများ သွေးသောက်များအဖြစ် ခံယူကြ ပါသည်။ ချင်းပြည်နယ်သားအချင်းချင်းအဖြစ်လည်း ခံယူကြပါသည်။ ဆိုလိုသည်မှာ ချောင်သား၊ ခူမီး၊ မရာ၊ အခြားချင်းအားလုံးတို့သည် တမြေတည်းနေတရေတည်းသောက်ကြသော ညီရင်းအစ် ကို အထောင်သားများဖြစ်ကြောင်း ချောင်းသားများမှဖက်မှလည်း ယူဆမည်ဖြစ်ပါသည်။

ချောင်းသား(ရခိုင်)တို့သည် လူမျိုးနွယ်အားဖြင့် ရခိုင်ပြည်ဖက်သို့ ဆက်နွယ်နေသည်ဖြစ်သော်လည်း မိမိနေထိုင်ရာ ဒေသအရေးကိုလည်းအလေးထားရပါမည်။ ချင်းအက်ဥပဒေအရ ချောင်းသား(ရခိုင်) များကို ချင်းပြည်နယ်သား ဇာတိသားများအဖြစ်လက်ခံထားပါသည်။ နောက်ပိုင်းပြောင်းရွှေ့လာသူ များထက်ပင် နဂိုရှိယင်းစွဲချောင်းသား(ရခိုင်)များကပင် ပို၍အခရာကျပေသည်။

ချင်းပြည်နယ်သားရင်းများဖြစ်သောကြောင့် ချင်းပြည် နယ်အရေး၊ ချင်းပြည်နယ်တိုးတက်ရေး၊ ပြည်နယ်အတွင်းရှိအရေးကိစ္စများ၊ ချင်းပြည် နယ်၏ လုံခြုံရေးများ၌ပါ တာဝန်ရှိပါသည်။ အခြားချင်းမျိုးနွယ်များနည်းတူ သက်ဆိုင်ပါသည်။ ချင်း ပြည်နယ်အတွင်းရှိ ချင်းတိုင်းရင်းသားများနှင့်ချောင်းသား(ရခိုင်) တို့သည် လာမည့်နှစ်အတေအတီ ယှဉ်တွဲနေထိုင်ကြရအုံးမည်သာဖြစ်သည်။ထို့ကြောင့်ချင်းပြည်နယ်အတွင်းရှိ အခြားဒေသခံဌာနေ ချင်းမျိုးနွယ်အမျိုးမျိုးနှင့်လည်း ငြိမ်းချမ်းစွာလက်တွဲကာ နေထိုင်ရန် မျှော်လင့်ပါသည်။

ချင်းပြည်နယ်သား ချောင်းသား(ရခိုင်)တိုင်းရင်း သားတို့၏ ပြည်နယ်သားဖြစ်ခြင်းနှင့် ဝတ္တရားများကိုလည်းသဘောပေါက်ရမည်ဖြစ်ပါသည်။ နောင်မြန်မာနိုင်ငံငြိမ်းချမ်းလာပြီး နိုင်ငံရေးပိုမို တည်ငြိမ်လာပါက ထိုချောင်းသားမျိုးနွယ်များအတွက် နိုင်ငံရေးတည်ဆောက်ပြီး၊ အခွင့်လမ်းများလည်း ပိုမိုရယူလာနိုင်မည်ဖြစ်ပါသည်။

Ro Sang
21-1-2020

===============

Zawngyi is below

ခ်င္းျပည္နယ္မွခ်င္းရခိုင္ဆက္ဆံေရးသမိုင္း(ဃ)
ၿငိမ္းခ်မ္းမႈကိုလိုလားေသာပလက္ဝေဒသခံမ်ား

ပလက္ဝေဒသေန ေခ်ာင္းသားမ်ား(ရခိုင္)ႏွင့္ ခ်င္းလူမ်ိဳးမ်ား၏ ပင္ကိုယ္စရိုက္မွာ ေအးခ်မ္းစြာ ေန ထိုင္လိုေသာသဘာဝႏွင့္ လြတ္လပ္မႈကိုျမတ္နိုးေသာသေဘာရွိေလသည္။ လူမ်ိဳးေပါင္းစုံႏွင့္ေန ထိုင္ေသာ သဘာဝရွိေလသည္။ ယခင္ရခိုင္မင္းနိုင္ငံႏွင့္ဆက္စပ္ထိစပ္လ်က္ေနထိုင္ေနေသာ ခ်င္းတိုင္းရင္း သားမ်ားႏွင့္ဆက္စပ္လူမ်ိဳးစုမ်ားမွာ ရခိုင္အုပ္ခ်ဳပ္မႈႏွင့္အဆင္ေျပေစရန္အတြက္ ပ႑ာဆက္ျခင္း၊ မင္းမႈထမ္းျခင္းမ်ားရွိေပသည္။ ရခိုင္ဘုရင္ၾသဇာသက္ေရာက္လႊမ္းမိုးျခင္းမ်ားလည္း ရွိပါလိမ့္မည္။ ရခိုင္လူမ်ိဳး၏ေက်းဇူးသည္ ခ်င္းလူ မ်ိဳးမ်ားအေပၚတြင္ရွိပါသကဲ့သို႔ ခ်င္းလူမ်ိဳးမ်ား၏ ေက်းဇူးသည္လည္း ရခိုင္လူမ်ိဳးမ်ားအေပၚတြင္ရွိပါသည္။ အျပန္အလွန္အမွီသဟဲျပဳေနပါသည္။ အထူးသျဖင့္ ေလးၿမိဳ႕စား ကဲ့သို႔ေသာ ေခါင္း ေဆာင္ေကာင္းမ်ားေအာက္တြင္ ဌာေနတိုင္းရင္း သားလူနည္းစုမ်ားသည္ တိုးတက္ ယဥ္ေက်းၿပီး အခ်င္းခ်င္းအၾကားတြင္လည္း ေကာင္းမြန္ေသာဆက္ဆံေရးရွိပါသည္။ သို႔ေသာ္အမ်ားအားျဖင့္ တိုးတက္မႈမရွိခဲ့ေၾကာင္းသမိုင္းအရေတြ႕ျမင္နိုင္ပါလိမ့္မည္။
သို႔ေသာ္ ရခိုင္ဘုရင္မ်ားအၾကား အခ်င္းခ်င္းနန္းလုျခင္း၊ နိုင္ငံေရးကစားျခင္းမ်ား၊ တိုက္ခိုက္သတ္ ျဖတ္ျခင္းမ်ား၊ လက္ေအာက္ခံမင္းစိုးရာဇာမ်ားက အနိုင္အထက္ျပဳလုပ္ေသာေၾကာင့္ ရခိုင္အခ်င္း ခ်င္းလည္းမ်ားစြာပုန္ကန္ေတာ္လွန္မႈမ်ားရွိခဲ့သလို၊ ဌာေနတိုင္းရင္းသားမ်ားကလည္း အနည္းႏွင့္ အ မ်ား ေတာ္လွန္ျခင္းမ်ားရွိေပသည္။ ၿမိဳသင္းႀကီးပုန္ကန္မႈ(၁၇၅၀)ႏွင့္ ေလးၿမိဳ႕ေခ်ာင္းေနခ်င္းမ်ားပုန္ကန္မႈ (၁၇၈၀) မွာ ထိုအခ်က္ကို ေဖာ္ျပေန သည္။ သို႔ေသာ္ တစ္စင္ေထာင္လိုေသာ ရည္ရြယ္ ခ်က္ကား မဟုတ္ေပ။ မခံနိုင္ေသာေၾကာင့္ျဖစ္မည္ဟုယူဆနိုင္ပါသည္။ ထို႔ေၾကာင့္ေကာင္းမြန္ေသာ မင္း ေလာင္း မ်ားကို ေမၽွာ္လင့္တတ္ၾကေပသည္။ ေနာက္ပိုင္းရခိုင္အမ်ိဳးသားေရးသမားအခ်ိဳ႕အျပစ္ တင္ခ်င္ေသာ ေလးဒူေလးဝခံတပ္ အေၾကာင္းသည္ ငသံေထြႏွင့္ျမန္မာတပ္အားေထာက္ခံရျခင္းမွာလည္း ထိုအခ်က္မ်ား ေၾကာင့္ ျဖစ္ဟန္တူသည္။ (ကိုးကားက်မ္းရွာဆဲ)ထိုအခ်က္ကို“ရခိုင္ျပည္သူထုအေပါင္း တို႔သည္ လည္း တိုင္းကားျပည္ရြာသာ ယာစည္ပင္ေအာင္လုပ္တတ္ေသာ မင္းေကာင္းမင္းမြန္ေရာက္ လာ သည္ဟု မွတ္ထင္၍ အလြန္ဝမ္းသာရႊင္လန္း၍ ကခုန္ေပ်ာ္ပါးလၽွက္ လက္ပမ္းေပါက္ ခတ္ၿပီး လၽွင္ ေအာင္သည္ ေအာင္သားစားေသာက္ၾကကုန္၏။” ဟုေဖာ္ျပထားပါသည္။
ဌာေနတိုင္းရင္းသားတို႔မွာ ရခိုင္ႏွင့္ဗမာလူမ်ိဳးႀကီးႏွစ္ခုအားၿပိဳင္မႈတြင္ အျမဲၾကားညပ္ေနေသာ သ ေဘာ ရွိေနသည္။ယေန႔တိုင္လည္းရွိေနဆဲျဖစ္သည္။ နိုင္ငံအေရးအရာ ဆုံးျဖတ္ရာတြင္လည္းလူနည္းစု တိုင္းရင္းသားမ်ား၏သေဘာထား၊ အသံ ကို ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက လစ္လ်ဴရႈထား ျခင္းခံခဲ့ရပါသည္။ ထို႔ေၾကာင့္ လည္း ဌာေနတိုင္းရင္းသားမ်ားအား နားလည္မႈေပးသင့္ပါသည္။

၁)ကုန္းေဘာင္မင္းမ်ားလက္ထက္ပလက္ဝ (၁၇၈၅-၁၈၂၆)

ခ်င္းျပန္ေတာ္လွန္ေရးႏွင့္ပလက္ဝ။ ။ဗမာအုပ္ ခ်ဳပ္မႈကိုပုန္ကန္ေတာ္လွန္ေသာ ခ်င္းျပန္ေတာ္လွန္ ေရးေရာက္လာေသာအခါ ရခိုင္ေလးၿမိဳ႕ (ဓည္ဝတီ၊ ရမၼာဝတီ၊ ေမဃဝတီ၊ ဒြါရာဝတီ) အပါအဝင္၊ ပလက္ဝေဒသသည္လည္း မတည္ၿငိမ္မႈျပန္လည္ ျဖစ္ပြားလာျပန္ပါသည္။ သကၠရာဇ္(၁၁၇၃) ခရစ္ (၁၈၁၁)တြင္ စတင္ပါသည္။ ငခ်င္းျပန္သည္ ရခိုင္သမိုင္းတြင္ ၁၇၈၄ ခုႏွစ္အတြက္အေရးပါခဲ့ေသာ ငဇင္ရိုင္းေခ်ာင္းကၽြန္ူမွ ဓါးပိုင္ႀကီးငသံေထြ၏ သားငယ္ျဖစ္သည္။ ခ်င္းျပန္၏မ်ိဳးႏြယ္ဆက္မ်ားသည္ မြန္ရခိုင္ကျပားမ်ားျဖစ္ၾကသည္။ ၎၏ ဖခင္ ငသံေထြမွာ ရခိုင္ျပည္တြင္ ၁၇၈၂ မွ ၁၇၈၄ ႏွစ္မ်ား အ တြင္း မၿငိမ္မသက္ျဖစ္ေပၚေနမႈကို ထိန္းသိမ္းရန္ အမရပူရေရႊနန္းအရွင္ဗဒုံမင္းအား သြားေရာက္ အကူအညီေတာင္းခံခဲ့သူျဖစ္သည္။ေလးၿမိဳ႕ေခ်ာင္း ေနခ်င္းမ်ား၏ ေထာက္ခံအားေပးမႈ၊ ယုံၾကည္မႈ ကိုလည္းရရွိေသာသူျဖစ္ခဲ့ေလသည္။
ကုလားတန္ေခ်ာင္းဖ်ားေဒသမ်ားအေရးကိုေဆာင္ရြက္ျခင္း(၁၈၁၁)။ ။ဓညဝတီၿမိဳ႕ဝန္မင္းႀကီးေက်ာ္ ထင္က တိုင္းတားဗိုလ္ခ်ဳပ္မင္းကို ေျပာဆိုသည့္စကားမွာ……..ငခ်င္းျပန္ငယ္၊ လက္႐ုံးေဘြတို႔ရွိရာ ခ်ီတက္လိုက္သြားလၽွင္ကုလားတန္ေခ်ာင္း ရွိ ခ်င္းမ်ိဳး မ်ဳံ/ျမဳန္ လင္းကဲးတို႔လည္း ေထာင္လႊား ၍ မလိုက္မလာ၊ တပ္ေတာင္တာအလုံးအရင္းႏွင့္အတင္းေနသည္။ ေရွ႕သို႔ခ်ီလၽွင္ ဓညဝတီၿမိဳ႕ကို သင္းတို႔ဝင္၍ေႏွာက္ ယွက္ရာသည္။ ကုလားတန္ေခ်ာင္းကို တပ္ေတာင္တာအလုမ္းအရင္းႏွင့္/တပ္ခန႔္ ရံ၍ ခ်ီတက္ဖ်က္ဆီး ဦးမွသာသင့္သည္။ ကုလားတန္ေခ်ာင္းလည္း အခြန္ဝန္ေဇယ်ေက်ာ္ထင္ ဝန္စုအခြန္သားျဖစ္သည္။ ဆိုေလေသာ္ တိုင္းတားဗိုလ္ခ်ဳပ္က အခြန္ဝန္ကိုဆိုသည္ကား “ၿမိဳ႕ဝန္ စကားအတိုင္း” ခ်ီတက္တိုက္ ယူရမည္။ သင္းတို႔ကို အခြန္ဝန္က ပါေအာင္ေခၚနိုင္မည္၊ မေခၚနိုင္မည္ အေၾကာင္းႏွစ္ခုကို အေနာက္သို႔ တပ္မခ်ီမီ သိသာေအာင္ေျပာဆိုရမည္ဆို၏။
အခြန္ဝန္ေဇယ်ေက်ာ္ထင္က “ကၽြန္ေတာ္ေရႊဖဝါး ေတာ္ျမတ္ေအာက္မွာရွိခိုက္ ကုလားတန္ေခ်ာင္း အရိုင္းတို႔ကို ေမႊေႏွာံၾကေသာေၾကာင့္ ေၾကာံလန႔္၍ ေနသည္(သည့္) အမႈသာျဖစ္ပါသည္။ ခ်ားနားသည့္ အမႈမဟုတ္ပါ။ ကုလားတန္ေခ်ာင္းရွိ ခ်င္းမ်ိဳး မ်ဳံ ေခ်ာင္းရွိ၊ လင္းကဲး ေခ်ာ္ (ျမန္ေခ်ာင္းရွိလင္းကဲေက်ာ) ရင္ေပါင္၊ ေလးဒူးေခါင္းအႀကီးတို႔ကို ကၽြန္ေတာ္က ေခၚ၍ ေပးအပ္ပါမည္ ဆိုေလေသာ္ တိုင္းတားဗိုလ္ အခြန္ဝန္စကားကို ႀကိဳက္ေလ၍ အခြန္ဝန္က လူေစလႊတ္ေခၚေစရာ သင္း တို႔ေခါင္အႀကီးတရာေက်ာ္ လက္ေဆာင္ပ႑ာႏွင့္လိုက္လွာၾက၏။ တိုင္းတားဗိုလ္မင္းက အခြန္ဝန္ဆိုေသာ စကားအတိုင္း မွန္ သည္၊ သင္းတို႔တစ္စုကို ၿငိမ္ဝပ္ေအာင္ ႏွလုံးရည္ျဖင့္ သိမ္းဆည္းလ်က္ အရိုး(အရိုင္း) အမ်ိဳးႏွင့္ ေလ်ာ္စြာ သာယာေသာစကားကို ေျပာဆို၍ သင္းတို႔ဓေလ့ ေသြးသစၥာေပးၿပီးလၽွင္ျပန္ေစ၏။ ကုလား တန္ေခ်ာင္းေန အရိုင္းလူမ်ိဳးတို႔ကို ႏွလုံးရည္ျဖင့္ယဥ္ေစၿပီးမွ………… (လွထြန္းျဖဴ၊ မဇၥ်ိမေဒသအေရး ေတာ္ပုံက်မ္း၊ ရခိုင္သားႀကီးစာေပ၊ ၁၉၉၂)
ကုန္းေဘာင္ေခတ္ျမန္မာအုပ္ခ်ဳပ္ေရးသို႔ေရာက္ေသာအခါတြင္ ဌာေနတိုင္းရင္းသားမ်ားအား မည္ သို႔ အုပ္ခ်ဳပ္သည္ဆိုသည္ကို အတိအက်မေတြ႕ရပါ။ အေထာက္အထားမ်ားရွာေဖြေနဆဲသာျဖစ္ သည္။ ကုန္းေဘာင္ေခတ္ေလးၿမိဳ႕၊ ေလးဝတီအုပ္ ခ်ဳပ္ေရးတည္ေဆာက္ေသာအခါတြင္ ပလက္ဝေဒသမွ ေက်းရြာအေၾကာင္းမ်ားကို ရွာေဖြေတြ႕ရွိရျခင္းမရွိေသာေၾကာင့္ ျမန္မာတို႔က ၿငိမ္ဝပ္ေအာင္သာျပဳ လုပ္ၿပီးမိမိဓေလ့အတိုင္းေနထိုင္ေစေၾကာင္း ယူဆနိုင္ပါသည္။ သို႔ေသာ္ခန႔္မွန္းမိသေလာက္မွာ ကုလားတန္ျမစ္အေနာက္ဖက္တြင္ေနထိုင္ေသာ ျမဳန္မ်ား၊ ေခ်ာင္းရိုးမ်ားတြင္ေနထိုင္ေသာ လင္းကဲး မ်ား၊ ကုလားတန္အဖ်ားတြင္ေနေသာ ေခ်ာ္မ်ား၊ ကုလားတန္တေလ်ာက္တြင္ေနေသာ ရင္ေပါင္ (Yaungpang) ယေန႔ ခူမီးဟုေခၚသည့္လူမ်ား၊ ေလးၿမိဳ႕ျမစ္ဝွမ္းတြင္ေနထိုင္ေသာ ေလးဒူးခ်င္းမ်ား အားလုံးပါဝင္သည္။ ၎တို႔မွာ ကုလားတန္ျမစ္ဝွမ္းဘယ္ညာတြင္ေနထိုင္သည့္ အႏြယ္မ်ားသာျဖစ္ေလ သည္။“သင္းတို႔ဓေလ့ ေသြးသစၥာ” ဆိုသည့္ အနက္မွာ မ်ိဳးႏြယ္အခ်င္းခ်င္းစစ္ျဖစ္ပြားၿပီး ၿငိမ္းခ်မ္းစြာ ေနလိုသည့္အခါတြင္လည္းေကာင္း၊ အျပန္အလွန္မတိုက္ခိုက္ရန္အတြက္လည္းေကာင္း ျပဳေသာ သစၥာပင္ျဖစ္သည္။ ခ်င္းတို႔ထံမွလည္း ျမန္မာမ်ားေမၽွာ္ လင့္စရာမည္သည့္အရာမွမရွိေၾကာင္း ကုန္းေဘာင္ ေခတ္ ခ်င္း-ျမန္မာဆက္ဆံေရးမ်ားကို ၾကည့္လၽွင္ခန႔္မွန္းနိုင္ပါသည္။ ေတာင္တန္းအျမင့္ပိုင္း တြင္ေနေသာ ခ်င္းလူမ်ိဳးမ်ားထံသို႔ၾသဇာမသက္ေရာက္ေပ။ ၿဗိတိသၽွတို႔အုပ္ခ်ဳပ္သည့္ ေနာက္ပိုင္း ၁၈၇၀ အထိပင္ အုပ္ခ်ဳပ္ေရးေအာက္သို႔ ဝင္ေရာက္ျခင္းမရွိေပ။

ကူးဝတိုက္ပြဲ။ ။မင္းႀကီးေက်ာ္ထင္ေသလြန္ၿပီးေနာက္ မဟာေနာ္ရထာသည္သကၠရာဇ္ (၁၁၇၅)ခု ခရစ္ (၁၈၁၃) နတ္ ေတာ္လတြင္ ရခိုင္ၿမိဳ႕ဝန္ျပဳလာ၏။ ခ်င္းျပန္လည္း သမက္ေတာ္တိမ္ၾကားဗိုလ္ ဗိုလ္မႉးတပ္မႉးတို႔ကို အသီးသီးခန႔္၍ သူရဲေကာင္းတို႔ႏွင့္ ရခိုင္ၿမိဳ႕ဝန္ မဟာေနာ္ရထာကို တိုက္္ေခ်ဟု ေစလိုက္ျပန္၏။ ခ်င္းျပန္ ဗိုလ္မႉးတပ္မႉးတို႔ခ်ီသြားေလရာ ကစၧပနဒီျမစ္ညာ#ကူးဝတြင္ ေရာက္ ေလေသာ္ ထိုအေၾကာင္းကို ရခိုင္ၿမိဳ႕ဝန္ မဟာေနာ္ရထာသိေလေသာ္ေၾကာင့္ ၿမိဳ႕သူႀကီး ရန္ကင္းကို ဗိုလ္ ခ်ဳပ္ခန႔္၍ မ်ားစြာေသာ လက္နက္ကိုင္သူရဲတို႔ႏွင့္ ေစလႊတ္ကာခ်ီသြားၾကေလရာ ကစၧပနဒီျမစ္ညာ
ကူးဝတြင္ ခ်င္းျပန္စစ္သည္တို႔ႏွင့္ ေတြ႕ၾကဳံ၍ သကၠရာဇ္ (၁၁၇၅)ခု ျပာသိုလ္လတြင္ တပ္ခ်င္းဆိုင္ ၿပိဳင္တိုက္ခိုက္ ၾကေလေသာ္ ခ်င္းျပန္စစ္ သည္သူရဲတို႔သည္ မ်ားစြာပ်က္စီးေလကုန္၏။ ႂကြင္းက်န္ေသာ စစ္သည္ သူရဲတို႔သည္ ေနာက္သို႔မဆုတ္နိုင္။ ျမန္မာတပ္ဝိုင္းရံရွိသျဖင့္ ေျမခံတုတ္ထဲရွိေနသည္ကို ျမန္မာတပ္မႉးဗိုလ္မႉး တို႔မသိၾက ေသ နတ္အေထာင္အေသာင္းပစ္လႊတ္ေသာ္လည္း တစုံတယာက္မၽွ ထြက္ဝင္သြားလာသည္ကို မျမင္သျဖင့္သြား၍ၾကည့္လတ္ေသာ္ ထမင္းငတ္ျပတ္ေနေသာသူတို႔ကို ေတြ႕ေလလၽွင္ ထမင္း ေရစာေပးၿပီးမွ အသက္ရွင္ျခင္းကိုရကုန္၏။ ျမန္မာတပ္မႉးတို႔လည္း ထိုေန႔ပင္ ခ်င္းျပန္ရွိရာလိုက္သြားကာ ညဉ့္စစ္သည္တို႔တိုက္ခိုက္ေလေသာ္ ခ်င္းျပန္သည္သရက္ခ်ိဳၿမိဳ႕မွ ေရႊ႕ ေျပာင္းကာ ပန္းဝါကုလားနိုင္ငံသို႔ ဝင္ေအာင္းလၽွက္ေနေလ၏။(စႏၵမာလလကၤာရ၊ ရခိုင္ရာဇဝင္ သစ္က်မ္း) ေတာ္လွန္ေရးၿပီးဆုံးသည့္တိုင္ေအာင္ ျပည္သူျပည္သားတို႔မွာ က်ီးလန႔္စာစာဘဝျဖင့္ ေန ထိုင္ခဲ့ရေလသည္။
ထိန္းခ်ဳပ္ရန္ခက္ခဲေသာေတာင္တန္သားမ်ား။ ။ ၁၈၇၀ မတိုင္မီ ရခိုင္ေဒသကိုအုပ္ခ်ဳပ္ေသာ ၿဗိတိ သၽွ အစိုးရအုပ္ခ်ဳပ္သူမ်ားသည္ ေတာင္တန္းသားမ်ားအား ထိေတြ႕ဆက္ဆံရန္ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။ Captain Hopkinson(Commi ssioner of Arakan) ကပင္လၽွင္ ၁၈၅၆ ခုႏွစ္တြင္ ေဖာ္ျပခဲ့ေသာ အခ်က္အရ ယခင္က အုပ္ခ်ဳပ္ခဲ့ေသာ Messrs. Bogle, Phayer, Sir Archibald Bogle (Commissioner)အစရွိေသာသူမ်ားကလည္း ထိုေတာင္တန္းသားမ်ားႏွင့္ ရင္းႏွီးမႈ တည္ ေဆာက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေၾကာင္းေဖာ္ျပပါသည္။ ထို႔ေနာက္အႀကံျပဳ သည္မွာ ထိုမ်ိဳးႏြယ္ မ်ားအားလုံးအား အတူတကြပင္ ၎တို႔၏ နယ္ေျမႏွင့္အတူခ်န္ထားရန္ျဖစ္ပါသည္။ ထိုလူမ်ိဳးမ်ားမွ ေတာင္တန္းအတြင္းဖက္က်ေသာလူမ်ိဳးမ်ားကိုဆိုလိုသည္။ ထိုေတာင္တန္း သားမ်ားတြင္ မရာ (Shandoo) မ်ိဳးႏြယ္မ်ားႏွင့္အျခားခ်င္းမ်ိဳးႏြယ္မ်ားကိုဆိုလိုပါသည္။(Hughes, 8-9) Major Hamilton (Officeating Inspec tor-General of Police) ၏ ေဖာ္ျပခ်က္အရ ၁၈၆၃ မွ ၁၈၇၀ အၾကားတြင္ ေနရာအမ်ိဳးမ်ိဳးမွ တိုက္ခိုက္မႈမ်ား အႀကိမ္ ၃၀ ေက်ာ္ရွိၿပီး လူ ၆၅ ဦးေသေက်ကာ ၂၆၈ ဦးအား ဖမ္းဆီးေခၚေဆာင္ျခင္းခံရေၾကာင္းေဖာ္ျပထားပါသည္။

ခမီး(Kamees)ႏွင့္ၿမိဳ(Mros)တို႔မွာ လြန္ခဲ့ေသာႏွစ္ ၃၀ အထက္က ေတာင္တန္းေပၚတြင္ေနထိုင္ၿပီး ပိုမိုအင္အားႀကီးေသာမ်ိဳးႏြယ္မ်ားေၾကာင့္ ျမစ္ေခ်ာင္းမ်ားသို႔ေျပာင္းေရႊ႕ေနထိုင္လာၾကသည္။ ၎တို႔ သည္ဖခင္ႀကီးစိုးေသာအဖြဲ႕အစည္းျဖစ္ၿပီး ကိုယ္ပိုင္ အုပ္ခ်ဳပ္မႈစနစ္ျဖင့္ေနထိုင္ေလသည္။ ေက်းရြာ တိုင္းတြင္ ေတာင္မင္းမ်ားဟု ရခိုင္မ်ားကေခၚေသာ အုပ္ခ်ဳပ္သူမ်ားရွိသည္။ (Hughes, 10) ယေန႔ ပလက္ဝအား ေနာက္ပိုင္းမွ ဝင္ေရာက္လာေသာ ေခ်ာင္းသားရခိုင္မ်ားဝင္ေရာက္လာေသာ အခ်ိန္တြင္ အနည္းငယ္ရိုင္းစိုင္းေသာ(မဖြံ့ၿဖိဳးေသးဟုဆိုလို)ခမီလူမ်ိဳးမ်ားက ပိုင္ဆိုင္ႏွင့္ေၾကာင္း ၎တို႔၏ ႏႈတ္ သမိုင္းမ်ားက ေဖာ္ျပေနပါသည္။ ထိုစာသားကို ေအာက္ပါအတိုင္းေဖာ္ျပပါမည္။
The Kamees appears, like the Choungthas, in a more rude state of existence; the traditions of the latter people refer to the former as already possessors of the country when the Myamma race entered it. (Remark of Sir Arthur Phayer in the Asiatic Journal)-(Hughes, 14)

နယ္ေျမေပၚသံေယာဇဥ္ႀကီးမားေသာခမီမ်ား။ ။ၿဗိတိသၽွအုပ္ခ်ဳပ္သူမ်ားက၎တို႔အုပ္ခ်ဳပ္ေသာ ေဒသမ်ားအတြင္းရွိ လူမ်ိဳးမ်ား၏ စိတ္ေနစိတ္ထားႏွင့္ မည္သို႔အုပ္ခ်ဳပ္ရမည္ကို ေကာင္းမြန္စြာ မွတ္ တမ္းတင္ထားေပးေလ့ရွိပါသည္။ ထိုအခ်က္မ်ားအရ ပလက္ဝေဒသရွိ ခမီး(ခူမီး)မ်ား၏ ေဒသ နယ္ေၿမ အေပၚသံေယာဇဥ္မည္မၽွႀကီးမားသည္ကို ေတြ႕ျမင္နိုင္သည္။

မ်ိဳးႏြယ္စုမ်ား၏ ဓေလ့စရိုက္တစ္ခုမွာ ၎တို႔၏ နယ္ေျမအေပၚတြင္ခ်စ္ေသာအရာပင္ျဖစ္သည္။ ေျမျပန႔္ ေဒသမ်ားသို႔ ေျပာင္းေရႊ႕ေစရန္ အျခားတိုက္ခိုက္မႈမ်ားမတိုင္မီ ၎တို႔မူလေနထိုင္ေသာ နယ္မ်ား တြင္သာ ေနထိုင္ခ်န္ရစ္လိုၾကသည္။ အသက္ႀကီးေသာ ေခါင္းေဆာင္မ်ားကို အဘယ္ ေၾကာင့္ လုုံျခဳံ ေသာေကာင္းမြန္ေသာ ကၽြန္ုပ္တို႔၏ နယ္ေျမသို႔မေျပာင္းေရႊ႕လိုပါသနည္းဟု ေမးရာ ၎တို႔မွ “ဒိုေျပ၊ ကိုယ့္ေျမ၊ မျဖစ္နိုင္” ဟုဆိုပါသည္။ အဓိပၸါယ္မွာ မိမိတို႔နယ္ေျမႏွင့္ေဒသကို စြန႔္ခြာရန္မျဖစ္နိုင္ ပါဟု ျဖစ္ပါသည္။ မည္သို႔ပင္ျဖစ္ေစကာမူ ခမီး(ခူမီး)မ်ားႏွင့္ ရွမ္းဒူ(မရာ) မ်ားသည္ ျမန္မာ (ၿဗိတိသၽွ ဗားမား) အုပ္ခ်ဳပ္သူမ်ား၏စကားကိုနာခံသည္။ ယဥ္ေက်းတိုးတက္မႈ၊ အက်ိဳးအျမတ္မ်ားကို ေက်နပ္ ႏွစ္သက္ ၾကေသာ္လည္း မိမိတို႔၏ေတာင္တန္းေပၚမွ အိမ္မ်ားသို႔အျမဲျပန္လွည့္ျခင္းရွိေလသည္။ (Hughes 23) ၎ ခ်င္းခမီမ်ားကို ေတာင္သားမ်ားဟုလည္းသုံးႏႈန္းေလသည္။
ေခ်ာင္းသားႏွင့္ေတာင္သားမ်ားအၾကားနားလည္မႈတည္ေဆာက္ရန္လိုအပ္ျခင္း
လြန္ခဲ့ေသာအပိုင္းမ်ားတြင္ ရခိုင္ကနဦးသမိုင္းမ်ားကို ေဖာ္ျပၿပီးျဖစ္ေလသည္။ ပလက္ဝေဒသရွိ ေခ်ာင္းသားမ်ားသည္လည္းေကာင္း၊ ခ်င္းမ်ား သည္လည္းေကာင္း ရခိုင္ေလးၿမိဳ႕ေလးဝတီႏွင့္ အလွမ္းေဝး သည့္အျပင္ လူမ်ိဳးမ်ားသည္လည္း အဆက္အစပ္နည္းပါးပါသည္။ ၎တို႔သည္ မိမိတို႔၏ ေဒသအား ခ်စ္ျမတ္နိုးရာတြင္ တူညီသည္။ မိမိတို႔ပလက္ဝကို သံေယာဇဥ္ထားျခင္း၊ တြယ္တာျခင္းမွာလည္း အတူတူပင္ျဖစ္ပါသည္။ ၎တို႔၏ စိတ္ေနသေဘာထားမ်ား၊ အသိုက္အဝန္းႏွစ္မ်ိဳး၏ အေျခအေနကို ၿဗိတိသၽွအုပ္ခ်ဳပ္ေရးဝင္ေရာက္လာ ေသာအခါ အဂၤလိပ္တို႔မွတ္တမ္းတြင္အထူးေတြ႕ရေပသည္။

အာသာဖယ္ယာက ေခ်ာင္းသားမ်ားသည္ ေတာင္ တန္းမ်ား၏ အတြင္းပိုင္းသို႔ မည္သည့္အခါမၽွ ဝင္ ေရာက္ေနထိုင္ျခင္းမျပဳခဲ့ေၾကာင္းဆိုေလသည္။ ကုလားတန္ျမစ္ဝွမ္းကမ္းပါးမ်ားတြင္ စိုက္ပ်ိဳးေမြးျမဴ ျခင္းမ်ားျပဳလုပ္ျခင္းျဖင့္အသက္ေမြးဝမ္းေၾကာင္းျပဳေၾကာင္း၊ ထို႔ေၾကာင့္ ေခ်ာင္းသားအမည္ရျခင္းျဖစ္ သည္။ Hughes (p 15-16) တြင္ ၎တို႔သည္ ရခိုင္လူမ်ိဳးမ်ားကဲ့သို႔ ညာဏ္မ်ားၾကေၾကာင္းဆိုသည္။ ခမီမ်ား၏ ဘာသာစကားကို နားလည္တတ္ကၽြမ္းၾကေသာေၾကာင့္ ရခိုင္လူမ်ိဳးမ်ားထက္ပင္လ်င္ ခမီလူ မ်ိဳးမ်ားအေပၚ နိုင္လိုမင္းထက္ျပဳမူတတ္ၾကေၾကာင္းေဖာ္ျပထားပါသည္။ ၎တို႔၏ ခမီလူမ်ိဳးမ်ားႏွင့္ အျခား ေတာင္ေပၚတိုင္းရင္းသားမ်ား အေပၚလႊမ္းမိုးမႈမွာ မေကာင္းတတ္ေပ။ အဂၤလိပ္မူရင္း စာသား အတိုင္းသာဖတ္ရႈပါ။
“They are quiet as tricky as the Arakanese, while, with their knowledge of the Kamee language, they are enabled to tyrannize over, defraud, and impose upon the Kamees to a far greater extent than the Arakanses, who are hindered by want of local knowledge; indeed, their influence among the Kamees is generally for evil; they parctise among the other hill tribes much the same deception and chicanery as the Manipur officals appear to have done among the Looshais”. (Hughes 15-16)

ေခ်ာင္းသားမ်ားႏွင့္ေတာင္သားမ်ားအၾကား အျမင္လြဲမွားမႈရွိခဲ့ေသာ အေၾကာင္းကိုလည္း ဆက္လက္ ေဖာ္ျပထားပါသည္။ ၎(ေခ်ာင္းသား)မ်ားအား အုပ္ခ်ဳပ္သူဝန္ထမ္းမ်ားအျဖစ္ထားလၽွင္ ခမီႏွင့္ရွမ္းဒူး မ်ား အေပၚမည္သည့္အခါမၽွ အဆင္ေခ်ာမည္မဟုတ္ေၾကာင္းေဖာ္ျပပါသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ထိုလူမ်ိဳးႏြယ္ႏွစ္ဖက္လုံးအၾကားတြင္ မယုံၾကည္မႈႏွင့္ အထင္ေသးမႈမ်ားရွိေနျခင္းေၾကာင့္ျဖစ္သည္။ ရခိုင္ဘုရင္မွေတာင္တန္း သားမ်ား၏ တိုက္ခိုက္မႈကို ကိုင္တြယ္ေစေသာအခါတြင္ မတိုက္နိုင္သည့္ အခါ ေနာက္ဆုံး ၿငိမ္ခ်မ္းေရးယူကာ ရွမ္းဒူးေခါင္းေဆာင္မ်ားကို ပြဲက်င္းပေပးစဥ္ ေသာက္စားမူးယစ္ ေနေသာအခါတြင္ေသြးေအးေအးျဖင့္သုတ္သင္ဖူးသည္ဆို၏။ ေခ်ာင္းသားမ်ား သည္ အျပဳံးမ်က္ႏွာႏွင့္ပင္ အခြင့္အေရးရလၽွင္ ယေန႔ပင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားအေပၚ အုပ္စိုးခ်င္ေၾကာင္း ခမီမ်ားက ေဖာ္ျပခဲ့သည္ဆိုေလသည္။ (Hughes 16) အေသးစိတ္အဂၤလိပ္လိုသာဖတ္ရႈပါ။
If employed as officals in the Hill tracts, they should never be entertained in posts of power over Kamees or Shandoos; for by both these clans they are regarded with feelings of mistrust and contempt, and there is more than one instance on record in which the Choungthas, when unable in the days of old to adoubt fair means for carrying out the royal edicts from the Court of Arakan for holding in check the turbulent tribes, resorted to foul and deep treachery for the purpose by inviting the more influential Shandoo chiefs as guests to a big feast, making them drunk, and then massacring them all in cold blood. Other stories, still preserved with feelings of mistrust and dislike of the Choungthas, have been told me by Kamees, and admitted with a smile by descendants of these Choungthas, who doubtless, had they the opportunity, would control the tribes even at this day much in the same fashion, utterly ignoring all principles of fair play and honour. (Hughes, 16)

၂)ၿဗိတိသၽွကိုလိုနီေခတ္ပလက္ဝေဒသ (၁၈၂၆-၁၉၄၈)

၁၈၂၆ ခုႏွစ္ ရခိုင္တိုင္းသည္ ၿဗိတိသၽွတို႔လက္ ေအာက္သိုက်ေရာက္ၿပီး ၁၈၂၇ မွစကာ စစ္ေတြစီရင္စု၊ ရမ္းျဗဲစီရင္စု၊ သံတြဲစီရင္စုအျဖစ္ဖြဲ႕စည္းကာ ရခိုင္တိုင္းဝန္ရွင္ေတာ္မင္းႀကီး၏ လက္ေအာက္ခံတြင္ထားရွိေလသည္။ ၁၈၂၉ တြင္ ရခိုင္အား တနသၤာရီမွ ခြဲထုတ္ကာ စစ္တေကာင္းအုပ္ခ်ဳပ္မႈေအာက္တြင္ ထားေလသည္။ ၁၈၆၂ ခုႏွစ္တြင္ ရခိုင္၊တနသၤာရီ၊ ပဲခူးနယ္မ်ားကို စုစည္းကာ ဝန္ရွင္ေတာ္မင္းသုံးဦး ခန႔္ကာ မဟာဝန္ရွင္ေတာ္မင္းမွ အိႏၵိယဘုရင္ခံခ်ဳပ္အားတာဝန္ခံရလသည္။
၁၈၆၅ ခုႏွစ္တြင္ စစ္ေတြ၊ ေက်ာက္ျဖဴ ၊သံတြဲႏွင့္ ရခိုင္ေတာင္တန္းေဒသမ်ားအျဖစ္ေျပာင္းလဲဖြဲ႕စည္း သည္။ ၁၈၇၁ တြင္ ေျမာက္ပိုင္းရခိုင္ေတာင္တန္းစီရင္စုအား စစ္ေတြစီရင္စုမွ ခြဲထုတ္ေလသည္။၁၈၉၇ ခုႏွစ္တြင္ ရခိုင္ခရိုင္ကို စစ္ေတြ၊ ေက်ာက္ျဖဴ ၊ သံတြဲ၊ ရခိုင္ေျမာက္ပိုင္းစီရင္စု ေလးခုျဖင့္ဖြဲ႕စည္း သည္။ ၁၉၀၁-၁၉၀၂ ေျပာင္းလဲဖြဲ႕စည္းေသာ ရခိုင္တိုင္းတြင္ ခရိုင္ေလးခုျဖစ္လာသည္။ ရခိုင္ေတာင္ တန္းေဒသမ်ားအုပ္ခ်ဳပ္ေရးအားသီးသန႔္ျဖစ္ေစရန္ ၁၈၆၅ ခုႏွစ္တြင္ ရခိုင္ေတာင္တန္းေဒသမ်ားအား စစ္ေတြခရိုင္မွခြဲထုတ္ၿပီး ဝန္ေထာက္တစ္ဦး (Superintendent)အားခန႔္ထားေလသည္။ ၁၈၆၈ ခုႏွစ္တြင္ စစ္ေတြေျမာက္ဖက္ ၆၈ မိုင္အကြာ ေျမာက္ေတာင္တြင္ ႐ုံးထိုင္ေလသည္။
ရခိုင္ေျမာက္ပိုင္းေတာင္တန္းေဒသအား ၁၈၇၀/၇၁ တြင္ စစ္ေတြစီရင္စုမွ ခြဲထုတ္ၿပီး၊ ရခိုင္ေတာင္တန္းေဒသအျဖစ္ေရာက္ရွိလာသည္။ (T &Cary, The Chin Hill Gazateer, 1896) ေျမာက္ေတာင္တြင္ အေျခစိုက္ေသာ ႐ုံးအား ၁၈၇၆ ခုႏွစ္တြင္ ေျမာက္ဖက္ မိုင္ ၄၀ အကြာ ပလက္ဝသို႔ ေျပာင္းေရႊ႕႐ုံးထိုင္ေလသည္။

(က)ရခိုင္ေတာင္တန္းစီရင္စုစည္းမ်ဥ္းဥပေဒ (၁၈၇၄)
Arakan Hill District Law Regulation of 1874
ရခိုင္ေတာင္တန္းစီရင္စုစည္းမ်ဥ္းဥပေဒ (၁၈၇၄)အားျပဌာန္းၿပီး အခြန္ေကာက္ခံျခင္းႏွင့္ အုပ္ခ်ဳပ္ေရး မ်ားအား အပိုင္း IX 1874 ျဖင့္အတည္ျပဳသည္။

(ခ)ရခိုင္ေတာင္တန္းတရားမနည္းဥပေဒ (၁၈၇၄)
Arakan Hill Civil Justice Regulation (1874)
ထို႔ေနာက္ ၁၈၇၄ ခုႏွစ္ ရခိုင္ေတာင္တန္းတရားမနည္းဥပေဒျပဌာန္းလိုက္ၿပီး အပိုင္း VIII 1874 ႏွင့္ V 1876 မ်ားအားျဖင့္ ထိုေဒသမ်ားတြင္က်င့္သုံးေလသည္။ ခ်င္းအႀကီးအကဲမ်ား၊ ေတာင္ပိုင္မ်ားအား မူလအရိုက္အရာအတိုင္းထားကာ ဆက္လက္အုပ္ ခ်ဳပ္ေစျခင္းျဖစ္ေလသည္။ (Hugh,The Arakan Hill, 1960) ထိုရခိုင္ေတာင္တန္းတရားမနည္း ဥပေဒ (၁၈၇၄)တြင္ အုပ္ခ်ဳပ္သူမ်ားအားခန႔္ထားျခင္းႏွင့္ စီရင္ျဖတ္ထုံးမ်ားပါဝင္ေလသည္။ ခ်င္းလူမ်ိဳးမ်ားအား ႏွစ္ပိုင္းခြဲထားၿပီး
(i)ခမီ -Criminal Code & Civil Law
(ii)ခ်င္း -Chin Criminal Code &Chin Civil Law (iii)ခ်င္း Civil Law related to Land အျဖစ္ ဓေလ့ထုံးတမ္းမ်ားကို က်င့္သုံးေစသည္။ ေျမယာႏွင့္သက္ဆိုင္ေသာ ဓေလ့ထုံးတမ္းဥပေဒအားထည့္ သြင္းထားျခင္းကထူးျခားေပသည္။(Hughes,The Hill Tracts of Arakan,1881)

(ဂ)ရခိုင္ေတာင္တန္းနည္းဥပေဒ(၁၉၁၆)
Arakan Hills Regulation(1916)
၁၉၁၆ ခုႏွစ္အေရာက္တြင္ ရခိုင္ေတာင္တန္းနည္း ဥပေဒ(၁၉၁၆)အားျပဌာန္းကာ ေတာင္တန္းေဒသ မ်ားကို အုပ္ခ်ဳပ္ျပန္ေလသည္။(ျမင့္သိန္း၊ေျပာင္း လဲလာေသာျမန္မာနိုင္ငံအုပ္ခ်ဳပ္ပုံမ်ား၊၂၀၀၆)

ခ်င္းေျမယာ ႏွင့္ပတ္သက္ေသာ ထိုဥပေဒသည္ ခ်င္းတို႔ပိုင္ဆိုင္ေသာေျမယာမ်ားကို အထူးကာကြယ္ ေပးထားျခင္း ျဖစ္ေလသည္။ ထိုသို႔ ပလက္ဝနယ္မွ လူမ်ားစုျဖစ္ေသာခ်င္းမ်ိဳးႏြယ္မ်ား၊ ခမီးမ်ားအား မိမိဘာသာဓေလ့အတိုင္း အုပ္ခ်ဴပ္စီရင္ခြင့္ျပဳလိုက္ျခင္းသည္ ထိုမ်ိဳးႏြယ္မ်ားအတြက္ တိုးတက္မႈ တစ္ရပ္ပင္ ျဖစ္ပါသည္။ ခ်င္းႏွင့္ခမီးမ်ားအား အျခားလူမ်ိဳးႀကီးမ်ားမွ ကာကြယ္လိုက္ျခင္းျဖစ္သကဲ့သို႔ ထိုေတာင္ တန္းသားဌာေနတိုင္းရင္းသားမ်ားအား တိုးတက္ေစေသာ အခ်က္တစ္ခ်က္ပင္ျဖစ္ပါသည္။

၁၉၁၂ တြင္ ရခိုင္ေတာင္တန္းစီရင္စုအျဖစ္ေျပာင္း လဲေခၚေဝၚသည္။ (Report on the Administration of Burma,1911-12,p 12) ၁၉၂၃ ခုႏွစ္ ဒိုင္အာခီအုပ္ခ်ဳပ္ေရးစနစ္ ျမန္မာျပည္ေရာက္ရွိခ်ိန္တြင္ဤေဒသအား မဖြံ့ၿဖိဳးေသးေသာနယ္ေျမအျဖစ္ ေၾကျငာျခင္းခံရကာ အေနာက္ေျမာက္ နယ္ျခားခရိုင္အတြင္းက်ေရာက္ေလသည္။ ထိုနယ္ျခားဝန္ထမ္းအဖြဲ႕သည္ ၁၉၂၂ ဒီဇင္ဘာလ ၂၀ တြင္ ဖြဲ႕စည္း ကာ အရာရွိေပါင္း ၅၀ ခန႔္ပါဝင္သည္။(ဆိုင္မြန္ေကာ္မရွင္အစီရင္စာ၊ ၁၉၃၁၊ စာ ၉-၁၀)

ရခိုင္ေတာင္တန္းစီရင္စုအုပ္ခ်ဳပ္ေရးစည္းမ်ဥ္း ဥပေဒသာမက အိႏၵိယရာဇသတ္ႏွင့္ ရာဇဝတ္က်င့္ ထုံးဥပေဒကိုလည္း ၁၉၃၀ အထိက်င့္သုံးသည္။ ၁၉၃၀ ခုႏွစ္တြင္ ရခိုင္ေတာင္တန္းစီရင္စုစည္းမ်ဥ္း ဥပေဒ (၁၈၇၄)အားဖ်က္သိမ္းကာ ခ်င္းေတာင္ တန္းစည္းမ်ဥ္းအေျခခံဥပေဒ(၁၈၉၆)ျဖင့္ အစား ထိုးကာ အုပ္ခ်ဳပ္ေလသည္။(Report on the Administration of Burma,1929-1930, p7) ေျမာက္ပိုင္းရခိုင္ေတာင္တန္းေဒသအားလည္း အေနာက္ေျမာက္နယ္ျခား ဝန္ရွင္ေတာ္မင္းက မဖြံ့ၿဖိဳးေသးေသာေဒသအပိုင္း(၁)အျဖစ္အုပ္ခ်ဳပ္ေလသည္။ အေနာက္ေျမာက္နယ္ျခား ခရိုင္ဝန္ရွင္ေတာ္မင္းႀကီးေအာက္တြင္ အေရးပိုင္မ်ား(ခ်င္းေတာင္၊ ရခိုင္ေတာင္တန္း၊ အထက္ခ်င္းတြင္း၊ လက္ေထာက္အေရးပိုင္မ်ား) ခန႔္အပ္ေလသည္။
၃)ရီစ္းေကာ္မစ္ရွင္ထြက္ဆိုခ်က္(၁၉၄၇)

ျမန္မာနိုင္ငံလြတ္လပ္ေရးရရန္တာစူေနေသာအခ်ိန္တြင္ တနိုင္ငံလုံးမွ တိုင္းရင္းသားမ်ားသည္ မိမိတို႔ ေဒသ အေရးႏွင့္ပတ္သက္ကာ တြဲေရးခြဲေရးအ ေၾကာင္းမ်ားကို က်ယ္က်ယ္ေလာင္ေလာင္ ေဆြး ေႏြးလာသည္။ ထိုအတူ ပလက္ဝနယ္သည္လည္း အပါအဝင္ျဖစ္ေလသည္။ ရီစ္းေကာ္မစ္ရွင္ထံထြက္ ဆိုခ်က္မ်ားမွာ-
၁၉၄၇ ခုႏွစ္ ေတာင္တန္းေဒသစုံစမ္းေရးေကာ္မတီ ထံထြက္ဆိုရာတြင္

ပလက္ဝမွ ဖဆပလပါတီဝင္ ေခ်ာင္းသား (ရခိုင္)ေခါင္းေဆာင္ ဦးထြန္းျမႏွင့္ ဦးေစာလွတို႔မွ
၁) ျပည္မႏွင့္တၿပိဳင္နက္ လြတ္လပ္ေရးရလိုေၾကာင္း၊
၂) တန္းတူအခြင့္အေရးရလၽွင္ သီးျခားနယ္အျဖစ္မရပ္တည္လိုဘဲ ျမန္မျပည္မတြင္သာေနလိုေၾကာင္း ထြက္ဆိုပါသည္။
ထိုအခ်ိန္ကာလက ခမီ(ခူမီး)ႏွင့္ လခဲရ္ခ်င္း (မရာ) ကိုယ္စားလွယ္မ်ားက
၁) ဟားခါးႏွင့္ကန္ပက္လက္ခ်င္းတို႔သည္ ဝန္ႀကီးမ်ားအုပ္ခ်ဳပ္ေသာျမန္မာနိုင္ငံႏွင့္ပူးေပါင္းလၽွင္ မိမိတို႔ လည္းပူးေပါင္းပါဝင္မည္ ျဖစ္ေၾကာင္း၊
၂) မိမိတို႔ေဒသႏွင့္ပိုမိုနီးကပ္ေသာ ဟားခါးခ်င္းတို႔ေဆာင္ရြက္သမၽွကိုမိမိတို႔ လိုက္ပါေဆာင္ရြက္ၾက မည္ျဖစ္ေၾကာင္းထြက္ဆို၍၊
လြန္ပုမရိုခ်င္း(ၿမိဳခမီ)တို႔က
၁) မိမိတို႔ေဒသကို မိမိတို႔ဓေလ့ထုံးစံႏွင့္အညီအုပ္ခ်ဳပ္၍ ျမန္မာနိုင္ငံႏွင့္ပူးေပါင္းလိုေၾကာင္းထြက္ဆိုခဲ့ၾကသည္။
ေလးၿမိဳ႕ခ်င္းတို႔္၏ကိုယ္စားလွယ္ဦးျမႇားႏွင့္ စကားျပန္ ဦးသာေအာင္တို႔က
၁) လက္ရွိအုပ္ခ်ဳပ္ေရးအတိုင္း ဆက္လက္အုပ္ခ်ဳပ္ေစလိုေၾကာင္း၊
၂) ထိုသို႔မျဖစ္နိုင္လၽွင္လည္း ပလက္ဝခ်င္းတို႔၏ ဆုံးျဖတ္ခ်က္ကို လိုက္နာလက္ခံမည္ျဖစ္ေၾကာင္း ထြက္ဆိုပါသည္(တိုင္းရင္းသားလူမ်ိဳးမ်ားအေရးႏွင့္၁၉၄၇ ဖြဲ႕စည္းပုံအေျခခံဥပေဒ)
ထိုအခ်က္မ်ားေၾကာင့္ပင္ လြတ္လပ္ၿပီးေခတ္တြင္ လူမ်ိဳးစုတူရာ ခ်င္းေတာင္တန္းခရိုင္၊ ပခုကၠဴ ေတာင္တန္းခရိုင္ႏွင့္ အတူရခိုင္ေတာင္တန္းခရိုင္တို႔သည္ အတူတကြပူးေပါင္းလာၿပီး ခ်င္းဝိေသသ တိုင္းအျဖစ္ ေပၚေပါက္လာေပေတာ့သည္။ လမ္း ပန္းဆက္သြယ္ေရးႏွင့္ နိုင္ငံေရးအေျခအေနမ်ား ေၾကာင့္ ရခိုင္ျပည္နယ္(ထိုအခ်ိန္က ရခိုင္တိုင္း)မွ ပူးတြဲကိုင္တြယ္ေပးေလသည္။

နိဂုံး

၁၉၄၈ ခုႏွစ္ ခ်င္းဝိေသသတိုင္းလက္စြဲဥပေဒ(သို႔) ခ်င္းအက္(၁၉၄၈)ေခၚ အက္ဥပေဒအမွတ္(၄၉) အား ၁၉၄၈ ေအာက္တိုဘာလ(၂၂)တြင္ ထုတ္ျပန္ေၾကျငာသည္။ ထိုအခါယခင္ ရခိုင္ေျမာက္ပိုင္းေတာင္တန္းေဒသခရိုင္သည္ ခ်င္းဝိေသသတိုင္းအတြင္းပါဝင္ေလသည္။ ထိုအက္ဥပေဒ အပိုင္း (၁) အမွတ္(၂) ပုဒ္ခြဲ (၄)၌ေဖာ္ျပထားသည္မွာ “ခ်င္းအမ်ိဳးသားမ်ား” ဆိုသည့္ စကားရပ္တြင္၊ ခ်င္းဝိေသသတိုင္း ၌ အိုးအိမ္အတည္တက်ရွိေသာ ျပည္ေထာင္စုျမန္မာနိုင္ငံသားမ်ားပါဝင္သည္။
ထိုအခ်က္အရ ခ်င္းျပည္နယ္မွ က်န္ခ်င္းတိုင္းရင္း သားမ်ားမွလည္း ေခ်ာင္းသား(ရခိုင္)မ်ားသည္ ညီ ရင္းအစ္ကို တေျမတည္းေနတေရတည္းေသာက္ အမ်ိဳးသားရင္းမ်ား ေသြးေသာက္မ်ားအျဖစ္ ခံယူၾက ပါသည္။ ခ်င္းျပည္နယ္သားအခ်င္းခ်င္းအျဖစ္လည္း ခံယူၾကပါသည္။ ဆိုလိုသည္မွာ ေခ်ာင္သား၊ ခူမီး၊ မရာ၊ အျခားခ်င္းအားလုံးတို႔သည္ တေျမတည္းေနတေရတည္းေသာက္ၾကေသာ ညီရင္းအစ္ ကို အေထာင္သားမ်ားျဖစ္ေၾကာင္း ေခ်ာင္းသားမ်ားမွဖက္မွလည္း ယူဆမည္ျဖစ္ပါသည္။

ေခ်ာင္းသား(ရခိုင္)တို႔သည္ လူမ်ိဳးႏြယ္အားျဖင့္ ရခိုင္ျပည္ဖက္သို႔ ဆက္ႏြယ္ေနသည္ျဖစ္ေသာ္လည္း မိမိေနထိုင္ရာ ေဒသအေရးကိုလည္းအေလးထားရပါမည္။ ခ်င္းအက္ဥပေဒအရ ေခ်ာင္းသား(ရခိုင္) မ်ားကို ခ်င္းျပည္နယ္သား ဇာတိသားမ်ားအျဖစ္လက္ခံထားပါသည္။ ေနာက္ပိုင္းေျပာင္းေရႊ႕လာသူ မ်ားထက္ပင္ နဂိုရွိယင္းစြဲေခ်ာင္းသား(ရခိုင္)မ်ားကပင္ ပို၍အခရာက်ေပသည္။

ခ်င္းျပည္နယ္သားရင္းမ်ားျဖစ္ေသာေၾကာင့္ ခ်င္းျပည္ နယ္အေရး၊ ခ်င္းျပည္နယ္တိုးတက္ေရး၊ ျပည္နယ္အတြင္းရွိအေရးကိစၥမ်ား၊ ခ်င္းျပည္ နယ္၏ လုံျခဳံေရးမ်ား၌ပါ တာဝန္ရွိပါသည္။ အျခားခ်င္းမ်ိဳးႏြယ္မ်ားနည္းတူ သက္ဆိုင္ပါသည္။ ခ်င္း ျပည္နယ္အတြင္းရွိ ခ်င္းတိုင္းရင္းသားမ်ားႏွင့္ေခ်ာင္းသား(ရခိုင္) တို႔သည္ လာမည့္ႏွစ္အေတအတီ ယွဥ္တြဲေနထိုင္ၾကရအုံးမည္သာျဖစ္သည္။ထို႔ေၾကာင့္ခ်င္းျပည္နယ္အတြင္းရွိ အျခားေဒသခံဌာေန ခ်င္းမ်ိဳးႏြယ္အမ်ိဳးမ်ိဳးႏွင့္လည္း ၿငိမ္းခ်မ္းစြာလက္တြဲကာ ေနထိုင္ရန္ ေမၽွာ္လင့္ပါသည္။

ခ်င္းျပည္နယ္သား ေခ်ာင္းသား(ရခိုင္)တိုင္းရင္း သားတို႔၏ ျပည္နယ္သားျဖစ္ျခင္းႏွင့္ ဝတၱရားမ်ားကိုလည္းသေဘာေပါက္ရမည္ျဖစ္ပါသည္။ ေနာင္ျမန္မာနိုင္ငံၿငိမ္းခ်မ္းလာၿပီး နိုင္ငံေရးပိုမို တည္ၿငိမ္လာပါက ထိုေခ်ာင္းသားမ်ိဳးႏြယ္မ်ားအတြက္ နိုင္ငံေရးတည္ေဆာက္ၿပီး၊ အခြင့္လမ္းမ်ားလည္း ပိုမိုရယူလာနိုင္မည္ျဖစ္ပါသည္။
Ro Sang
21-1-2020

Leave a Reply

Your email address will not be published. Required fields are marked *