May 12, 2025

ချင်းပြည်နယ်အစိုးရမှ ဟားခါးပြည်သူလူထုပိုင် မြေကွက်များ ရောင်းချသွားရန် စီစဉ်နေသည် ; ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း Pi Za Tlem

0
Pi Za Tlem

Tawk Tling Thang| 2019 January 21|  ချင်းပြည်နယ်အစိုးရ၏ ဟားခါးမြို့ပြစီမံကိန်းအတွက် အိမ်မြေကွက် ဧက ၆၀၀ ကျော်တိုးချဲ့မည့်စီမံကိန်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း Pi Za Tlem မှ ကန့်ကွက်သဘောမတူကြောင်း The Chinland Post သို့ပြောကြားသည်။

 “ ချင်းပြည်သူများပိုင်ဆိုင်သော မြေကွက် ဧက ၆၀၀ ကျော်အား ဟားခါးမြို့ မြို့ပြစီမံကိန်းအတွက် ချင်းပြည်နယ်အစိုးရမှ ငွေကြေးတတ်နိုင်သော သူဌေးများထံသို့ ရောင်းချသွားရန် အစီအစဉ်ရှိတယ်။ ဒီနေရာ၊ ဒီမြေကွက်တွေဟာ ဟားခါးမြို့ရဲ့ အချက်အချာကျသော နေရာကောင်းတွေဖြစ်သလို ချင်းလူမျိုးတွေအတွက် အရေးကြီးသော နယ်မြေတွေ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ တောင်းဆိုသည့် ဖက်ဒရယ်စနစ်မရသေးသရွေ့တော့ ကျွန်တော်တို့ပိုင်ဆိုင်သည့်နယ်မြေများကို တခြားလူမျိုးကြီးတွေ လက်အုပ်ကြီး ယူသွားမှာကို အရမ်းစိုးရိမ်ပါတယ်။ ဒါက ဖြစ်လည်း မဖြစ်သင့်သည့် ကိစ္စလို့လည်း မြင်ပါတယ်။ အဲဒီလို ကျွန်တော်တို့ ချင်းလူမျိုးတွေ  ပိုင်ဆိုင်သည့်နယ်မြေများ တခြားလူမျိုးကြီးထံ လက်အုပ်ကြီးစိုးသလိုရောက်သွားခဲ့မယ်ဆိုရင် ကျွန်မတို့ ဒီအတိုင်း ငြိမ်နေဖို့မဖြစ်တော့ဘူး။ ဒါကြောင့် အပြင်းအထန် ကန့်ကွက်သွားမှာပါ။”

နယ်မြေ၊ မြေယာကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရသည် ဟားခါးပြည်သူများ၏ ဘိုးဘွားပိုင်နယ်မြေများ သိမ်းယူခြင်းနှင့် မကင်းကွာပါ။ ၄င်းမြေသိမ်းယူခြင်းနှင့်ပက်သက်၍ ဟားခါးမြို့သစ်နေ တစ်ယောက်က “ပြည်နယ်အစိုးရကနေ ဘိုးဘွားပိုင်နယ်မြေဆိုတာ မရှိဘူးဆိုပြီး ကျွန်တော်တို့နယ်မြေတွေကို အဓမ္မ သိမ်းယူတယ်။ ပြီးတော့ အသိမ်းခံရတဲ့ ကျွန်တော်တို့မြေတွေကို ဗမာကုမ္ပဏီများထံ ရောင်းချသွားရန် အစီအစဉ်ရှိတယ်လို့သိရတယ်။ ဘာကြောင့်လဲဆိုရင် အစိုးရက ထိုကုမ္ပဏီများထံမှ ချေးငွေတွေ အများကြီး ယူထားလို့ ဖြစ်မှာ။” The Chinland Post ကို ပြောသည်။

 “ဟားခါးသည် အိမ်မြေကွက်မရှိသူ များပြားထပ်ထူနေကြောင့်ရယ် မြို့တော်ဖြစ်သည့်ဂုဏ်နှင့်အည်ီ ဧက ၆၇၆ အား အိမ်မြေကွက်အတွက် ထပ်မံတိုးချဲ့သွားမယ်။ နေရာကတော့  ကျောဘုတ်နှင့် ချင်းခရစ်ယာန်တက္ကသိုလ် (CCU) နေရာဘက်မှာဖြစ်တယ်။ ဒီထပ်ချဲ့မည့်ဧက(၆၇၆) ကနေ အိမ်ခြေ ဘယ်လောက် ထွက်ရှိမလဲဆိုတာတော့ အတိအကျမသေချာသေးဘူး။ အစီအစဉ်အတိကျကိုတော့ လာမည့် ၂၀၁၉ခုနှစ်မတ်လလောက်မှာ ပြည်သူတွေဆီ ချပြသွားမှာဖြစ်တယ်။ မြို့ပြစီမံကိန်းရေးဆွဲပြီး အတွေ့အကြှုံရှိသူတွေက လေ့လာပြီး ကြည့်ရှုလေ့လာဆဲဖြစ်တယ်။ အိမ်မြေကွက် ပိုင်ဆိုင်မူမရှိသူနှင့် အိမ်ငှားများအား ဦးစားပေး စီမံသွားမှာ ဖြစ်တယ်။ ဒါပေမဲ့ အိမ်မြေကွက်တွေကို ဘယ်လိုမျိုးနည်းဖြင့် ဆောင်ရွက်သွားမလဲဆိုတော့ ဆုံးဖြတ် ချက်ချတာမျိုး လောလောဆယ်မှာ မရှိသေးဘူး” ဆိုပြီး မြို့ပြစီမံကိန်းအတွက် ဟားခါးပြည်သူတွေ၏ နယ်မြေအသိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ယခုလို  ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မူလက်မူနှင့် စည်ပင်ဝန်ကြီး ဦးစိုးထက်မှ The Chinland Post သို့ ပြောကြားသည်။

 “အိမ်မြေကွက်ဖော်မည့်စီမံကိန်းမှာ လမ်း၊ တံတား၊ ကျောင်း နှင့်  အားကစားကွင်းစသည့် အခြေခံလို အပ်ချက်များကို အစိုးရကနေ ပံ့ပိုးရမှာဖြစ်တယ်။ ဒီစီမံကိန်း အားလုံးပြီးဖို့တွက် ဘတ်ဂျက်က အရမ်းများတယ်။ ဒါကြောင့် ဒီအိမ်မြေကွက်တွေကို အစိုးရကနေ ကုန်ကျစရတ်ငြိမ်း ပေးဖို့က အဆင်မပြေဘူး။ မြေကွက် တစ်ကွက်အတွက် အနည်းဆုံး ၅ သိန်းကနေ ၁၀အထိလောက်တော့ ဈေးချပြီး ယူရမှာဖြစ်တယ်။ အဲဒီမှာလည်း မြေကွက်နေရာ အနေအထားအပေါ်မူတည်ပြီး ဈေးလည်းကွာသွားမယ်။ ဖြစ်နိုင်တာကတော့ သိန်း ၂၀ ကနေ သိန်း ၅၀လောက်တော့ ဖြစ်မယ်လို့ ခန့်မှန်းရသည်” ဟု ဆက်လက်ပြီး ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

ဟားခါးတောင်တူလယ်သမားများအဖွဲ့နှင့် အချို့သော ဘိုးဘွားပိုင်မြေပိုင် ဟားခါးပြည်သူလူထုများက ချင်းပြည်နယ်အစိုးရ၏ မြို့ပြစီမံကိန်းအတွက် မြေကွက် ဧက ၆၀၀ ကျော်နှင့် မြို့ဧရိယာ ဧက ၂၈၀၀၀ ကျော် တိုးချဲ့မည့်စီမံကိန်းအား ကန့်ကွက်ကြောင်း သဘောထား ဆန္ဒပြသွားရန် အစိုးရထံသို့ ဇနန်ဝါရီလ ၂၁ ရက် ၂၀၁၉ တွင် စာတင်ပြီးကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *