June 12, 2025

ချင်းပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သဘောထားထုတ်ပြန်

0
DSCN3455

ချင်းပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

သဘောထားထုတ်ပြန်ချက်

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်

(၁၃၈၀ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၆) ရက်)

၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ လူငယ်ရေးရာဌာနကြီးမှ ကြီးမှူး၍ ချင်းပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး လူငယ်ရေးရာစဉ်တိုက် လှုပ်ရှားမှု မိုးယံမှကြယ် အမှတ်စဉ် (၆) ခရီးကြမ်းလမ်းလျှောက်ခြင်းခရီးစဉ်ကို (၂၄.၁၂.၂၀၁၃)မှ (၇.၁.၂၀၁၄) အထိ ခေါ်နူးစုမ်တောင် (နတ်မတောင်)ကို ဗဟိုပြု၍ မင်းတပ်မြို့နယ်မှ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၅)ရွာသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ကျန်မာရေးစစ်ဆေးခြင်းလုပ်ငန်းအား ဒေသခံပြည်သူများအတွက် စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်ခဲ့ပါသည်။

၂။ ထိုသို့ခရီးကြမ်းလမ်းလျှောက်ခြင်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ ပါတီဝင် လူငယ် (၉၁)ဦး၊ မြန်မာနိုင်ငံခြေလျှင် တောင်တက်အသင်းမှ (၁၁)ဦး ပါဝင်လျှက် ခရီးကြမ်းလမ်းလျှောက်ခြင်း ခရီးစဉ် အထိမ်းအမှတ် အဖြစ် ကျောက်စာတိုင်တစ်ခုကို ခေါ်နူးစုမ်တောင် ထိပ်တွင် စိုက်ထူခဲ့ပါသည်။ ထိုကျောက်စာတိုင်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မိုးယံမှကြယ်အမှတ်စဉ် (၆) လူငယ်ရေးရာစဉ်တိုက်လှုပ်ရှားမှု  မင်းတပ်မြို့မှ ကန်ပက်လက်မြို့သို့ ခရီးကြမ်းလမ်းလျှောက်ခြင်း အထိမ်းအမှတ် ကျောက်တိုင် (၂၄.၁၂.၂၀၁၃ မှ ၇.၁. ၂၀၁၄ အထိ) ချင်းပြည်နယ် ဟူ၍ ပါရှိပါသည်။

၃။ ထို အထိမ်းအမှတ် ကျောက်စာတိုင်ကို အောက်ခြေမှ ကလော်ထုတ်ပြီး ဖြိုလှဲကာ ခြုံနွယ်များကြားတွင် စွန့်ပစ်ထားကြောင်း ၂၈.၁၀.၂၀၁၈ရက်နေ့တွင် တွေ့ရှိရပါသည်။ ထိုသို့ ပြုမူဆောင်ရွက်ခြင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပုံရိပ်ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သည်ဟု မှတ်ယူပါသည်။ ထို့ကြောင့် အဆိုပါ လုပ်ရပ်အား ချင်းပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရူတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ချင်းပြည်နယ်

Leave a Reply

Your email address will not be published. Required fields are marked *