ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း(ခ)| ခ်င္းျပည္နယ္မွခ်င္းရခိုင္ဆက္ဆံေရးသမိုင္း(ခ)

ခ်င္းျပည္နယ္မွခ်င္းရခိုင္ဆက္ဆံေရးသမိုင္း(ခ)/Rosang

By Ro Sang| The Chinland Post | 2020 January 17|    unicode is below

ခ်င္းျပည္နယ္မွခ်င္းရခိုင္ဆက္ဆံေရးသမိုင္း(ခ)

ပလက္ဝသို႔ရခိုင္ၾသဇာလႊမ္းမိုးလာျခင္း

ဓညဝတီ၊ ေဝသာလီေခတ္မ်ားမွာ မႈန္ဝါးဝါးမၽွသာျဖစ္သည္။ ဒ႑ာရီဆန္ေသာေၾကာင့္ တခ်ိဳ႕နိုင္ငံ တကာသမိုင္းပညာရွင္မ်ားက ပယ္ေသာသူမ်ားရွိသကဲ့သို႔ ခုႏွစ္ကိုေနာက္ေရႊ႕ေသာသူမ်ားလည္း ရွိေလသည္။ မည္သို႔ ပင္ျဖစ္ေစကာမူ ေတာင္ဖက္ ကုလားတန္ျမစ္ဝွမ္းတြင္ အင္ဒိုအာရိယာန္ဘာသာ စကားေျပာ အုပ္စုမ်ား အားေကာင္းစဥ္အခါက ပလက္ဝသည္ ခရီးလမ္းျဖတ္သန္းရာေနရာျဖစ္ပါသည္။ ပလက္ဝနယ္တြင္ ေဝသာလီေခတ္ဆိုင္ရာအေထာက္အထားအားနည္းျခင္းက ထိုအခ်က္ကို ေထာက္ ျပေနပါသည္။ ဓညဝတီ၊ ေဝသာလီေခတ္မွ ေလးၿမိဳ႕ေခတ္၊ ေျမာက္ဦးေခတ္လယ္အထိ ေခတၱစခန္း ခ်ရာ၊ ခရီးျပဳရာ၊ မဲဇာပို႔ရန္ေနရာအျဖစ္သာ အသုံးျပဳခဲ့သည္။ ေဒသခံ ခ်င္း၊ ၿမိဳ၊ ခမီမ်ားမွ အပလာေရာက္ ေနထိုင္သူမ်ားမရွိခဲ့ေသးဟု ေျပာလၽွင္မမွားနိုင္ေပ။

သမိုင္းမတိုင္မွီက ျဗဟၼသုႏၵရပုဏၰားႏွင့္အဥၨနေဒဝီမိဘုရာမွ သားေတာ္ ျဗဟၼသုႏၵရမင္းသားမင္းျပဳ သည့္အခ်ိန္တြင္ ကစၧပနဒီျမစ္အေရွ႕ဖက္ႏွင့္ အေနာက္ဖက္တြင္ ၿမိဳ႕ေပါင္း (၉၉) ၿမိဳ႕စီတည္ေၾကာင္း ဒ႑ာရီလာပါသည္။ ထိုၿမိဳ႕မ်ားတြင္ ျမစ္အေနာက္တြင္ နီလာပန္းေတာင္းႏွင့္အေရွ႕ဖက္တြင္ ေက်ာက္ ပန္းေတာင္း ဟုပါရွိပါသည္။ (ဓညဝတီရာဇဝင္၊ဦးပ႑ိ၊စာ ၁၆-၁၇) သို႔ေသာ္ ထိုျဗဟၼသုႏၵရ ပုဏၰားႏွင့္ အဥၨနေဒဝီမိဘုရားဇတ္လမ္းမွ ဟိႏၵဴ ဘုရား ကရိသၽွမင္းသားႏွင့္ အဇၨဳနမင္းသားအေၾကာင္းမ်ားကို ကူးေရးျခင္းျဖစ္ေၾကာင္းေရွ႕တြင္ ေဖာ္ျပၿပီးျဖစ္သည္။ ၿမိဳ႕ရြာမ်ားမွာလည္း ေနာက္ပိုင္း ၁၉ ရာစုရာ ဇဝင္ဆရာမ်ားက ျပန္လည္စုေပါင္းကာ ရခိုင္ဘုရင္မ်ားဘုန္းတန္ခိုးႀကီး ေၾကာင္းျပလိုေသာ သေဘာ ျဖင္ေဖာ္ျပျခင္းျဖစ္မည္ဟုယူဆရပါသည္။ ထို႔အရပ္မ်ားသည္ ကံရာဇာမင္းႏွင့္ မိဖုရားေစာစစ္ တို႔ေခတၱ ပုန္းခိုေသာေနရာျဖစ္ေလသည္။ (ဓညဝတီရာဇဝင္၊ဦးပ႑ိ၊ စာ ၂၃)

ေလးၿမိဳ႕ေခတ္၊ ဝင္ေရာက္လာသူမ်ားႏွင့္ပဋိပကၡျဖစ္ျခင္း(၁၀၁၈-၁၄၃၀)

အင္ဒိုအာရိယာန္ႏြယ္ဖြား ဓညဝတီ၊ ေဝသာလီမင္းမ်ားႏွင့္ ဆက္ဆံေရးေကာင္းမြန္ေသာ ပလက္ဝ ေဒသမွ ခ်င္းမ်ိဳးႏြယ္စုမ်ား၊ သက္(ခ်ကၠမ)၊ ၿမိဳမ်ိဳးႏြယ္မ်ားသည္ ေလးၿမိဳ႕ေခတ္ေရာက္ေသာအခါ ေတာင္ဖက္မွ ဝင္ေရာက္လာေသာ လူမ်ိဳးအသစ္မ်ားႏွင့္ ပဋိပကၡျဖစ္ရေလသည္။ အထူးသျဖင့္ ေလး ၿမိဳ႕ျမစ္ဝွမ္းတြင္ ေနထိုင္ရင္းျဖစ္ေသာ ခ်င္းမ်ား၊ ၿမိဳမ်ားသည္ ပုဂံေက်ာေထာက္ေနာက္ခံ မြန္ဂိုလြိဳက္ ရခိုင္မ်ားေရာက္လာေသာ အခါ ရင္ဆိုင္ထိေတြ႕မႈမ်ားျဖစ္ပြားခဲ့ရေလသည္။ေဝသာလီေခတ္အကုန္ႏွင့္ ေလးၿမိဳ႕ေခတ္အၾကားတြင္ေလးၿမိဳ႕ျမစ္ဝွမ္း အားၿပိဳင္မႈျဖစ္ ပြားေလသည္။ ၿမိဳတို႔ကလည္း ၿမိဳပဲျဖဴမင္း(၉၆၄-၉၉၄)တြင္ ဝင္ေရာက္က်ဳးေက်ာ္လာသူမ်ားကို ဦးေဆာင္တိုက္ခိုက္ခဲ့ သည္။ သက္တို႔သည္လည္း ၎တို႔၏မူလနယ္ေၿမ စစ္တန္းတင္အရပ္မွ စတင္ကာ ေအဒီ ၇၉၂ ခုတြင္ ငေမာင္ကတုံမွ ဦးေဆာင္တိုက္ခိုက္ျခင္း၊ ဒႆရာဇာမင္း(၁၁၂၁-၁၁၃၇) လက္ထက္တြင္ ကုလားႏွင့္ သက္ပူးေပါင္းကာေတာ္လွန္ျခင္း၊ ငႏွလုံး(၁၂၄၄-၁၂၄၈) မင္းလက္ထက္ ကုလားႏွင့္သက္ ေပါင္းဖက္ ေတာ္လွန္ုျခင္း၊ မင္းထီး(၁၂၈၁-၁၃၈၇) လက္ထက္ သက္ႏွင့္ကုလား ေတာ္လွန္ျခင္း၊ မင္းဖေလာင္း (၁၅၇၀-၁၅၉၂) လက္တက္ စိုင္တင္စားက ငေပါင္ပုန္ကန္ျခင္း၊ မင္းဖေလာင္းလက္ထက္ သံေတာင္ စားငစုံႏွင့္ လင္းကဲး၊ ျမဳံ၊သက္တို႔ပူးေပါင္း ပုန္ကန္ျခင္းစသည္တို႔မွာ ထိုအခ်က္ကိုျမင္နိုင္ ေလသည္။

ခ်င္းျပည္နယ္မွခ်င္းရခိုင္ဆက္ဆံေရးသမိုင္း(ခ)/Rosang

ေဝသာလီ ေခတ္၏ သကၠရာဇ္ကိုမူ ရခိုင္ရာဇဝင္မ်ားရတြက္ခ်က္ျခင္းျဖစ္သည္။ ေခတ္ပညာရွင္မ်ားက ေဝသာလီေခတ္ အား(၇၈၈-၁၀၁၈)ဟု တြက္ခ်က္သည္။ ျပင္စ(၁၀၁၈-၁၁၀၃)၊ အၾကားတြင္ အျဖစ္ အပ်က္မ်ား သိပ္မေပၚလြင္လွေသးေပ။ထိုအခ်က္ကို အဦးဆုံးေထာက္ခံေရးသားသူမွာ ဘုန္းေတာ္ႀကီးမန္ရစ္(Sebastoao Manrique)၏ (၁၆၂၈ ခု) ရခိုင္ျပည္ သြားခရီးအေၾကာင္းကို ျပန္လည္ေရးသားသူ ေမာရစ္ေကာလစ္ (Maurice Collis) ျဖစ္သည္။ ၎က ၉၅၇ ခုႏွွစ္တြင္ ရခိုင္ျပည္နယ္သို႔ မြန္ဂိုလီယံအႏြယ္ဝင္ လူမ်ိဳးတစ္မ်ိဳးဝင္ ေရာက္တိုက္ခိုက္ဖူးေလသည္. ထိုလူမ်ိဳးမ်ားကား ေရွးက်ေသာ ျမန္မာလူမ်ိဳးႀကီးပင္ျဖစ္ေပေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ရခိုင္လူမ်ိဳးမ်ား ယေန႔ေျပာဆိုေနေသာ စကားသည္ အလြန္ေရွးက်ေသာ ျမန္မာစကားမ်ား အတိုင္းျဖစ္ေသာေၾကာင့္တည္း။ (ဦးလွဒင္၊ ရတနာေရႊေျမ၊ စာ ၁၀၄) Maurice Collis, The Land of the Great Image, New York, New Direction Publishing Corporation, 1943

ကုလားတန္ျမစ္ဝွမ္းအလယ္ပိုင္းသို႔ဆန္တက္လာၾကျခင္း

၁၀၇၈ ခုတြင္ မင္းဘီလူးလုပ္ႀကံခံရေလသည္။ အိမ္ေရွ႕မင္း မင္းရဲဘယသည္အေရွ႕ဖက္သို႔ေျပးကာ ပုဂံမင္းက်န္စစ္သားထံတြင္ ခိုလႈံေလသည္။ ႏွစ္ဆယ့္ငါးအၾကာတြင္ သားေတာ္ လက္ယာမင္း နန္းအားရခိုင္ဘုရင္အျဖစ္ထားလ်က္ ပုဂံမင္းအေလာင္းစည္သူမင္း ေက်ာေထာက္ေနာက္ခံျဖင့္ ရခိုင္ ထီးနန္းကိုျပန္လည္သိမ္းပိုက္ေလသည္။ ထိုမင္းႏွင့္အတူပါလာေသာ ပ်ဳႏွင့္တလိုင္း စစ္သည္ တို႔သည္ ဓညဝတီၿမိဳ႕ေဟာင္းမွ မဟာမုနိသို႔ေရာက္လာကာ ဖ်က္ဆီးေလသည္။ ထိုမင္းက ပထမပရိန္ၿမိဳ႕ကို ၁၁၀၃ ခုႏွစ္တြင္တည္ေထာင္သည္။

မဟာျမတ္မုနိသမိုင္း၌ကား၊ သကၠရာဇ္ ၄၈ဝတြင္ ပုဂံျပည့္ရွင္ အေလာင္းစည္သူငယ္မင္းသည္၊ ထိုလက်ာ္မင္းနန္(၁၁၀၃-၁၁၀၉) ကို နန္းတင္ေစလႊတ္ေတာ္မူေသာအခါ၊ ျပဴတလိုင္းတို႔သသည္ မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ကို ပုဂံျပည္သို႔ ပင့္ယူေဆာင္ၾကဥ္းေသာ္လည္း မရသျဖင့္။ ထိုမဟာမုနိ႐ုပ္ရွင္ ေတာ္ျမတ္ကို။ ခ်ိဳးဖဲ့ဖ်က္ဆီးလ်က္၊ ဖိုက်င္းထိုးၾကမည္ ႀကံစည္ၾကေသာအခါ၊ ေမွာင္အတိမိုက္၍ ကြယ္ေပ်ာက္ၿပီး လၽွင္။ တန္ခိုးေတာ္အားျဖင့္ လူႏွင့္မနီးေသာ ေတာႀကီးတစ္ခုသို႔ေရာက္ေနရာ။ ခ်င္း-ကရင္အရိုင္း အစိုင္းတို႔ေတြ႕ျမင္ၾက၍။ နတ္ႀကီးအမွတ္ျဖင့္ကိုးကြယ္ၾက၏။ မိမိတို႔ရပ္ရြာ၌၊မိုဃ္း ေလဝသမရြာ ေသာအခါ၊ ၾကက္-ဝက္-ႏြား-ကၽြဲ တို႔ကို သတ္ျဖတ္၍၊ ေသြးေခ်ာင္းစီးေစလ်က္။ ေခါင္ေသရည္တို႔ႏွင့္ပူေဇာ္ၾက၏။ ထိုသို႔ျပဳလုပ္ေသာအခါ၊ ႀကီးစြာေသာမိုဃ္းရြာသျဖင့္၊ လြန္စြာအား ရၾက၏။ ထိုမဟာ မုနိ႐ုပ္ရွင္ေတာ္ျမတ္ကိုအရိုင္းတို႔၏ဘာသာျဖင့္ မိုဃ္းေကာင္းနတ္ႀကီးဟု အမည္မွည့္ လ်က္။ နိစၥဘတ္ ပူေဇာ္ကိုးကြယ္ၾကသည္ဟု အစဥ္စကား၊အခ်ိဳ႕ေသာ သမိုင္းစာတမ္းမ်ား၌ လာသည့္ အတိုင္း၊ မဟာျမတ္မုနိ သမိုင္းတြင္ ထည့္သြင္းလ်က္ ပါရွိသည္။( ဓညဝတီရာဇဝင္၊ဦးပ႑ိ၊ စာ ၅၃)

ေကာလိယမင္းႀကီး(၁၁၁၆-၁၁၂၁) က ၿမိဳလူမ်ိဳးမ်ားကို ေလးၿမိဳ႕ေခ်ာင္းဖ်ားတိုင္ေအာင္ တိုက္ထုတ္ ခဲ့ရေၾကာင္းဆိုပါသည္။ အေၾကာင္းမွာ မင္းႀကီး၏ နယ္ပယ္အား ၿမိဳတို႔က ေႏွာက္ယွက္ ေသာ ေၾကာင့္ ဟု ဆိုေလသည္။ ယေန႔ေလးၿမိဳ႕ျမစ္ အထက္ဖက္မီးေခ်ာင္းတေလ်ာက္တြင္ ထိုၿမိဳလူမ်ိဳး မ်ားရွိေနေသး သည္။ ထိုအျပင္ ထိုအရပ္မွ တိုင္းရင္းသားမ်ား၏ ေရႊ႕ေျပာင္းမႈကိုေလ့လာလၽွင္လည္း ေတာင္ဖက္ လြင္ျပင္မွ ေတာင္ေပၚသို႔ျပန္တက္လာေၾကာင္းကိုဆိုေပသည္။ ေလးၿမိဳ႕ေခတ္တြင္ ေတာင္တန္းမ်ား၏ အတြင္းဖက္သို႔ ရခိုင္လူမ်ိဳးမ်ားသြားေရာက္ ေနထိုင္ျခင္းမရွိေသးေခ်။

ဦးဉာဏ၏ရာဇဝင္တြင္ ဒုတိယပရိန္ေခတ္ ရခိုင္ဘုရင္ဒႆရာဇာဘုရင္မင္းျမတ္(၁၁၂၃-၁၁၃၉)သည္ စည္းစိမ္အမ်ိဳးမ်ိဳး တို႔ကိုေပးလၽွက္ ေခ်ာင္းဖ်ား၊ ေျမာင္းဖ်ား၌ ေနေသာ ၿမိဳေခြးေမြး စေသာသူတို႔သည္ ႐ုပ္တုေတာ္မဟာမုနိကို ဤအရပ္၌ရွိသည္ဟု ျပသနိုင္မူ……. ငါဝတ္ဆင္ေသာ ပတၱျမားလက္ ေကာက္ကိုေပးေလဟုမွာ ေတာ္မူေလသည္။ ထိုတမန္ တို႔ေရာက္ေလလၽွင္ အမတ္ႀကီး လက်ာ္သည္ ေခ်ာင္းဖ်ား၊ ေျမာင္းဖ်ား၌ေနေသာ ၿမိဳေခြးေမြးတို႔ကိုေမးျမန္းေလေသာ္ ၿမိဳသင္းႀကီး ရေဟာင္လာ၊ အေပါင္လာ ဟူေသာၿမိဳႏွစ္ေယာက္တို႔သည္ ကၽြန္ေတာ္တို႔သိျမင္ပါသည္ဟုဆိုကာ ေခ်ာင္းငယ္ တစ္ခုတြင္ လည္ေတာ္တိုင္ေျမဖုံးလၽွက္ရွိေနေသာမဟာမုနိ ႐ုပ္ရွင္ေတာ္ျမတ္ကိုေတြ႕ေလသည္။ ထိုမွျပန္လည္ပင္ ေဆာင္လာကာ မူလေနရာသို႔ ပူေဇာ္ျပန္ေလသည္။ ၿမိဳတို႔ကိုလည္း ေလးလလၽွင္ လူတစ္ေယာက္စီ တံျမက္ခတ္၊ အမွိုက္လွည္းထားေတာ္မူသည္။ ႐ုပ္ရွင္ေတာ္ျမတ္ကို ေျမာက္ အရပ္တြင္ ေတြ႕ရေလကား ယခင္ကတညဳေတာင္တြင္ သိမ္ေဆာက္၍ အေစာင့္အေန ဆြမ္းေတာ္ တင္၊ စည္တီး၊ မ်က္ႏွာေတာ္သုတ္ တန္းခြန္ဆြဲ။ တဲျမက္ခတ္၊ က်ီးႏွင့္ စာေခ်ာက္ ျပဴတစ္ေထာင္၊ တလိုင္းငါးရာ၊ ကုလားတစ္ေထာင္၊ ျမဳံငါးရာ၊ ခ်င္းငါးရာ လူေပါင္း ေလးေထာင္ကို အသီးသီး စားေျမေနေၿမ ေပးခ်ေတာ္မူသည္။( ဓညဝတီရာဇဝင္၊ဦးပ႑ိ၊ စာ ၅၈) ဤေနရာတြင္ အမတ္ထား ပိုင္ႀကီး ဆိုသည့္ ရာထူးမွာ ေရွးရခိုင္တပ္မေတာ္တြင္ အလြန္ျမင့္မားေသာ အဆင့္တန္းပင္ျဖစ္ေလ သည္။ ၎မွ ေဒသခံမ်ားအေပၚစတင္ၾသဇာလႊမ္းမိုးလာျခင္းကိုဆိုျခင္းျဖစ္ေလသည္။ ထိုေနရာမွာ ယေန႔ေက်ာက္ေတာ္အေရွ႕ဖက္တြင္ျဖစ္ေလသည္။

ဧဧး တုံေမြးမိ၊ နာေထြရွိေလာ၊ ေဂါလိယမင္း၊ သားရင္းသည္းခ်ာ၊ ဒသရာလၽွင္၊ မဟာမုနိ၊ ရွိရာ အေၾကာင္း၊ ေပါင္းေလာင္းၿမိဳ႕ထီး၊ သင္းႀကီးညႊန္ျပ၊ ပုညႀကီးေတြ၊ လြန္ရိုေသလ်က္၊ ဝင္ေလသင္းတက္၊ ထြက္ခဲ့သင္တုတ္၊…….”ဟုေဖာ္ျပပါရွိပါသည္။(ရခိုင္မင္းသမီး ဧခ်င္း အပိုဒ္ (၁၉)တြင္)

ဒုတိယၿခိပ္ေခတ္ မင္းဖုန္းစား(၆၅၆၊ ခရစ္ႏွစ္ ၁၂၉၄)လက္ထက္တြင္ ေတာင္သူငနားႀကီးသည္ ခရီးဦး ညႊန္ျပဳလၽွက္ သုံးသိန္းေသာ ရွမ္းတို႔ႏွင့္စစ္ျပဳအံ့လာေလလၽွင္ မ်ားေျမာင္စြာေသာ ဗိုလ္ပါရဲမက္မ်ားႏွင့္ အဥနနဒီျမစ္ကို ဆန္ေလၿပီေသာ္ေတာင္ႀကီးတစ္လုံးထက္သို႔တက္၍ တိုက္ခိုက္ေလေသာ္ ထိုရွမ္းသုံး သိန္းတို႔ဖရိုဖရဲၿပိဳကြဲ ပ်က္ျပားေလသည္။ ေတာင္သူဆိုရာတြင္ အေရွ႕ဖက္ရွိ ေစတုတၱရာနယ္မွ ေတာင္သူလူမ်ိဳးမ်ားျဖစ္မည္ေလာဟုယူဆနိုင္ေပသည္။ ယေန႔တိုင္ ေတာင္သူခ်င္းမ်ားရွိေနေသးသည္။ (ဦးဉာဏ၊ ဓညဝတီရာဇဝင္သစ္၊ စာ ၂၉၆-၂၉၇၊ အရွင္စႏၵမာလလကၤာရ၊ ရခိုင္ရာဇဝင္သစ္က်မ္း၊ ၂၄၃)

ထိုအျဖစ္အပ်က္မ်ား ကိုသုံးသပ္ရေသာ္ ကုလားတန္ျမစ္ဝွမ္းတြင္တည္ရွိေသာ မဟာမုနိေစတီႏွင့္ ဘုရားအေၾကာင္းတြင္ ေဒသခံၿမိဳမ်ားက နယ္ေျမကၽြမ္းက်င္ပိုင္နိုင္ေၾကာင္းကိုေတြ႕ရမည္ျဖစ္ၿပီး၊ ရခိုင္(မြန္ဂို လြိဳက္) မ်ားက ထိုေနရာကို ေနာက္ေရာက္မ်ားျဖစ္ေနေၾကာင္းဆိုနိုင္ေလသည္။ ထို႔ေၾကာင့္ ေလးၿမိဳ႕ေခတ္အေစာပိုင္းတြင္ ေလးၿမိဳ႕ျမစ္ဝွမ္းတြင္ေနရာယူလာေသာ ရခိုင္မ်ားသည္ ကုလားတန္ ျမစ္ဝွမ္းသို႔ စတင္လႊမ္းမိုးရန္ႀကိဳးစားလာေၾကာင္းေတြ႕ရေလသည္။ ေတာင္တန္းတြင္ ေနထိုင္ေသာ သက္၊ ၿမိဳ၊ ခ်င္းမ်ားမွလည္း အင္အားခ်ိနဲ႔ေသာအခ်ိန္တိုင္းတြင္ ဆင္းလာၿပီးတိုက္ ခိုက္သည္ဆို ေလ သည္။ (Research Paper on Old Arakan, 1998, San Shwe Bu, p 20) ထိုအခ်ိန္က ေျမာက္ဖက္ေတာင္တန္းမ်ား အထိၾသဇာမသက္ ေရာက္ေသးေခ်။ ကုလားတန္းအလယ္ပိုင္းေလ်ာက္တြင္သာ စတင္ၾသဇာသက္ေရာက္ဟန္ရွိသည္။ အဘယ္ ေၾကာင့္ ဆိုေသာ္ရခိုင္ေလးၿမိဳ႕ ေခတ္ဦးသည္ ပုဂံၾသဇာေအာက္မွ လြတ္ေျမာက္ရန္႐ုန္း ကန္ေနရ ေသာကာလျဖစ္ဟန္တူေပသည္။ ပုဂံေခတ္ဦးပိုင္း တြင္ ပုဂံပိုင္နက္သည္ အေနာက္ ဘဂၤလားထိပါ ေၾကာင္းဆိုေလသည္။

မီးစား၊ ေက်ာက္မသာေက်ာက္ဖ်ာ

ေလးၿမိဳ႕ေခတ္လယ္ပိုင္းတြင္မူ ရခိုင္ဘုရင္မ်ားသည္ အင္အားေကာင္းလာကာ နယ္ေျမၾသဇာ လႊမ္းမိုး ေရးကိုေဆာင္ရြက္လာၾကသည္။ ထိုအခ်ိန္တြင္ ယေန႔ ပလက္ဝနယ္အစပ္ အထိေရာက္လာ ေၾကာင္း ဆိုနိုင္ပါသည္။ ေလးၿမိဳ႕ေခတ္ေႏွာင္းရခိုင္ဘုရင္မင္းထီး(၁၂၈၃-၁၃၈၉) လက္ထက္တြင္ အေနာက္ သက္ႏွင့္ အေရွ႕သက္မ်ားထံသို႔စစ္ခ်ီေသာ တပ္စာရင္းတြင္ ယေန႔ပလက္ဝအရပ္မွ အမည္မ်ားကို ရြာစား၊ ေခ်ာင္းစားမ်ားကို မေတြ႕ရေသးေခ်။ သို႔ေသာ္ ၁၃၃၃ ခုႏွစ္ အေရွ႕သက္မ်ားကို ဖမ္းဆီးေခၚ ေဆာင္လာရာတြင္ ေက်ာက္မသာေက်ာက္ဖ်ာရြာ၊ ေႂကြတဲစား၊ မီးစား၊ ကင္းစား၊ စသျဖင့္ ရြာစားခ် ေပးေလသည္။ ထိုသို႔ခ်ေပးရာတြင္ ထိုေနရာမ်ားသည္ တိုင္းျပည္အစြန္အဖ်ား ေဒသမ်ား ျဖစ္ေလ သည္။ ထို႔ေၾကာင့္ပင္အေရွ႕သက္မင္းသားမ်ားမေပ်ာ္ပိုက္ကာ အေရွ႕ျမန္မာျပည္သို႔ေျပးေလသည္။ မီးရြာကိုစားရေလဟန္ရွိသည္။သက္မင္းကိုကား ေက်ာက္မသာေက်ာက္ဖ်ာရာကို ေပးေတာ္မူသည္။ သက္မင္းသမီး ေစာေမခံကို၊ မင္းခ်စ္တန္ေဆာင္ ထားေတာ္မူသည္။သက္မင္းသမီးအငယ္ကို၊ အမတ္ႀကီးသား၊ အမ္းစား ေအာင္သူ ႏွင့္ ထိမ္းျမားေတာ္မူသည္။ သက္ အိမ္ေထာင္စုတေသာင္းကို၊ အမ္းေခ်ာင္း-႐ူးေခ်ာင္းဖ်ားတြင္ ခ်ထား ေတာ္မူသည္။ ဒိုင္းနက္ ေငြခြန္ ဘြဲ႕ေတာ္မူသည္။အမတ္ၾက၊ီးကိုကား မဟာေဝႆဝဏၰအမည္ကို ေပးေတာ္မူ၍။ ဆင္ကေရႊသာေဗာင္းျဖဴ ထြက္စည္-ေရႊထမ္းစင္ေပးသနားေတာ္မူ သည္။သက္မင္း သားအႀကီး ေစာရံကို ေႂကြတဲစား။ သားအလတ္ေစာျဖဴကို #မီးစား။ သားအငယ္စိုးတူ ကိုကင္းစား။ အသီးအသီး သူေကာင္းျပဳ၍ အပါးေတာ္တြင္ထားရာ၊ ေလးၿမိဳ႕သို႔အခ်ီတြင္ သကၠရာဇ္ ၇၀၅-ခုႏွစ္၊ သက္မင္းသား သုံးေယာက္၊ ေလးၿမိဳ႕အညာ၊ ဖိုးေခါင္ေတာင္ကိုလႊဲ၍ အေရွ႕ျမန္မာျပည္သို႔ ေျပးေလ သည္။ ယင္းသို႔အခါသက္မင္းကိုေသာ္ကား မည္သို႔အျပစ္မျပဳ၊ စားေက်းၿမိဳ႕ရြာကိုလည္း မႏုတ္၊ ထားျမဲသာ ထားေတာ္မူသည္။ ( ဓညဝတီရာဇဝင္၊ဦးပ႑ိ၊ စာ ၆၂-၆၃)

ေနာက္ပိုင္း မီးေခ်ာင္းစားအရိုက္အရာကို ကုလားမ်ာလိကက အသျပာျဖင့္ဆက္ကာ ေတာင္းေလ ေၾကာင္းဆိုသည္။ သို႔ေသာ္ ရွင္ပ႑ိက “စည္းေခ်ာင္းစား” ဟုဆို သည္။ ရွင္စႏၵမာလလကၤာရက “မီးေခ်ာင္းစား”ဟု ကြဲလြဲၾကပါသည္။

ေျမာက္ဦးေခတ္လယ္၊ ၊ အထက္ဖက္သို႔ၾသဇာသက္ေရာက္လာျခင္း(၁၄၂၉-၁၅၉၃)

ေျမာက္ဦးေခတ္ရခိုင္ဘုရင္ နရမိတ္လွ ေခၚ မင္းေစာမြန္(၁၄၂၉-၁၄၃၃)သည္ ေျမာက္ဦးတြင္ထီးနန္း ကိုေျပာင္းေရႊ႕ကာ ေျမာက္ဦးေခတ္စတင္ပါသည္။ “ၿမိဳ႕စား၊ ရြာစား၊ ကၽြန္းစား၊ ေခ်ာင္းစား ေပး ေတာ္မူသည္မွာလည္း၊ တၿမိဳ႕တရြာတေခ်ာင္း တစို႔မွလြတ္သည္မရွိပါ။ ထိုေက်းစားတို႔ကလည္း တိုင္းျပည္ကို ဖ်က္ဆီးျပဳၾကပါသည္” ( ဓညဝတီရာဇဝင္၊ဦးပ႑ိ၊ စာ ၆၇) ဆိုရာ ထိုမင္းလက္ထက္တြင္ ၿမိဳ႕စား၊ ရြာစား၊ ေခ်ာင္းစား၊ ကၽြန္းစားမ်ားကို ဖြဲ႕စည္းရာ အခ်ိဳ႕ေသာ ေခ်ာင္းစားမ်ားက ပုန္ကန္ ေၾကာင္းေတြ႕ရသည္။ ထိုအခ်ိန္မွစကာ ကုလားတန္ျမစ္အထက္ပိုင္းသို႔ ရခိုင္ဘုရင္မ်ားစတင္ဝင္ ေရာက္လာသည္ျဖစ္မည္ေလာဟုသုံးသပ္ရပါသည္။ သို႔ေသာ္ ဝင္ေရာက္ေနထိုင္ျခင္းထက္ ရွိႏွင့္ ေသာ လူမ်ိဳးမ်ားအေပၚစတင္လႊမ္းမိုးလာျခင္းကိုဆိုလိုပါသည္။

ဥႆလင္းစား၊ ျမဳံတို႔အရပ္ဥႆလင္း(ႏွစ္ေနရာျဖစ္ေနျခင္း)

အလီခင္(ဥပရာဇာနရႏုမင္း ၁၄၃၃-၁၄၅၉) လက္ထက္တြင္ အင္းဝမင္းထူပါ႐ုံဒါယကာနရပတိမင္းစစ္ခ်ီလာရာ အမတ္ဥႆလင္စားကိုေစလႊတ္ေၾကာင္းဆိုေလသည္။ “ထိုစာကို ေရႊေပတြင္ေရး၍အမတ္ ဥႆ လင္စားကို ေစေတာ္မူလိုက္ရာ။ အဝေရႊနန္းရွင္ နရပတိထံသို႔ေရာက္ေလေသာ္။………ထိုစာကို ေရႊေပ တြင္ေရး၍ ဥႆလင္စားကိုေတာင္ခြင္စားႏွင့္အတူ ထည့္လိုက္ေလသည္။( ဓညဝတီ ရာဇဝင္၊ဦးပ႑ိ၊ စာ ၆၉) ထိုအခ်ိန္တြင္ ဥႆလင္းစားဆိုေသာဘြဲ႕ကိုစတင္ေတြ႕ရွိရသည္။ ထိုဥႆလင္းမွာ ခ်င္းျပည္နယ္ပလက္ဝ ဥႆလင္းေလာ၊ စစ္တေကာင္းအရပ္မွ ဥႆလင္းေလာဟုေလ့လာပါမည္။

မင္းဗာႀကီး(၁၅၃၂-၁၅၅၄)လက္ထက္တြင္အေနာက္ကုလားျပည္သို႔စစ္ခ်ီရန္ တပ္ေတာ္ဖြဲ႕ရာတြင္ “ဒိုင္းကိုင္ကာစြဲ သူရဲတေသာင္းမွာ မီးစားလက်ာ္ေက်ာ္တဗိုလ္။ ကမံေလးကိုင္ သူရဲတေသာင္းမွာ ဥႆလင္းစား သတိုးေအာင္တဗိုလ္။” ဟုေတြ႕ရျပန္ပါသည္။ (ဓညဝတီ ရာဇဝင္၊ဦးပ႑ိ၊ စာ ၇၁) ယင္းေနရာတြင္ ကမံေလးကိုင္သူရဲေကာင္းတေသာင္းမွာ ခ်င္းျပည္နယ္အတြင္းမွ မျဖစ္နိုင္ေပ၊ ရခိုင္ျပည္အတြင္းမွ စစ္သည္မ်ားျဖစ္ဟန္တူသည္။ ဥႆလင္းစားမွာ ဘြဲ႕အမည္သာျဖစ္ၿပီး၊ လူမ်ားမွာ အထက္အညာမွ ဟုတ္ဟန္မတူေပ။ ရွင္စႏၵမာလလကၤာရေရး ရခိုင္ရာဇဝင္သစ္က်မ္းတြင္ ဥႆလင္း စားမပါေပ။(စာ ၆၀-၆၁)

ထိုအခ်က္ကိုဆိုလိုရသည္မွာ မင္းဖေလာင္းႀကီး(၁၅၇၂-၁၅၉၃)လက္ထက္။ တရံေရာအခါ၊ ဥႆလင္း စား ငေပါင္တို႔ကို စိန္တင္စားအရာ ေပးမည္ရွိလတ္ေသာ္။ အမတ္ပညာေက်ာ္ေလၽွာက္သည္ကား။ အရွင္မင္းျမတ္။ ဥႆလင္းစား ငေပါင္တိုသည္ စစ္ထိုးမႈ၌ အလြန္ အလိုႀကီးေသာသူ၊ အက်ိဳးအျပစ္ကို အမွန္သိမည္မထင္ပါ။ စိန္တင္စားအရပ္သားတို႔သည္ ကိုက္တတ္ေသာ ေခြးပမာ။ထို သူႏွစ္ဦး သား တို႔ကို။ အတူမထားသင့္ပါ ေလၽွာက္ေသာ္လည္း။(ဓညဝတီ ရာဇဝင္၊ဦးပ႑ိ၊ စာ ၇၈)

မင္းဖေလာင္း(၁၅၇၂-၁၅၉၃)က ငေပါင္တိုငယ္သည္ အဘမွာျပဳ။အမိမွာေသာ္ကား ကုလားေရာ ေႏွာသည့္သား။ ဆင္စီးတို႔လည္း မႉးမ်ိဳးမတ္မ်ိဳးမဟုတ္။ သင့္ဘ-ငနိုးသည္၊ခမည္းေတာ္ဘုရားသည္ ကုလားျပည္ကို သိမ္းေတာ္မူ ေသာကာလ၊ အမႈထမ္းလိုေၾကာင္းႏွင့္ ေလၽွာက္ေလေသာ္။ အျပန္တြင္ ထမ္းရည္ကိုေထာက္၍ ရိုးစားအရာ ေပးေတာ္မူသည္။ သင့္ဘ-အသုံးရေသာေၾကာင့္ သင့္ကိုေက်း ရြာေပးသည္။(ဓညဝတီ ရာဇဝင္၊ဦးပ႑ိ၊ စာ ၇၉)

အရွင္မင္းျမတ္၊ ကၽြန္ေတာ္မ်ိဳး ငေပါင္တိုကို၊ တဆယ္ေက်ာ္ဥႆလင္း ေခ်ာင္းစားေပးေတာ္မူသည္ကာလ၊ မည္သို႔အေၾကာင္းမရွိပါ။ တန္ရာ တြင္မထား- လြန္၍ထား ေခ် ေသာေၾကာင့္ ငေပါင္တို မာန္ေျမာက္ျခင္းသာ ျဖစ္ပါသည္။ အေနအထား၊ အစားေက်း ရြာသင့္ေလ်ာ္မွသာ၊ အရွည္သျဖင့္၊ ေက်းကၽြန္အသုံးေတာ္ရပါမည္။ လူႏွင့္မတန္လြန္၍ ျပဳေတာ္မူ ေခ်ေသာ္။(ဓညဝတီ ရာဇဝင္၊ဦးပ႑ိ၊ စာ ၇၉)

ထိုအခ်က္မ်ားက ဥႆလင္းသည္ ရခိုင္ဘုရင္မ်ားကစတင္လႊမ္းမိုးလာၿပီး၊ ေခ်ာင္းစားမ်ားကို ခန႔္ အပ္ေၾကာင္းေတြ႕ရသည္။ ကုလားျပည္ကိုသိမ္း၍အျပန္တြင္ ငေပါင္တိုအဖက ေလ်ာက္ေသာေၾကာင့္ ရိုးစားကိုေပးသည္ ဆိုရာတြင္ ထိုေနရာသည္ စစ္တေကာင္းေဒသျဖစ္နိုင္ဖြယ္မ်ားသည္။ မင္းဖေလာင္း သည္အေနာက္ဖက္တလႊား အလြန္ၾသဇာလႊမ္းမိုးေသာဘုရင္ျဖစ္ေလသည္။ အေနာက္ကုလားျပည္ကို စစ္ေၾကာင္းသုံးေၾကာင္းျဖင့္တိုက္ခဲ့ေလသည္။ ထိုအခ်က္ကို ခိုင္မာေစေသာအခ်က္မွာ-တခါတပါး ၁၅၇၂ တြင္ ဘုရင္မဏီသူ(အျမင့္စား)ကိုမူကား ဥႆလင္းသို႔ထြက္ရာ ျမဳံတို႔အရပ္တြင္ ထူးဆန္းေသာ သေဘၤာပင္ႀကီးတပင္ကို ေတြ႕ေလမူ၊ ထိုအပင္ႏွင့္ အသီးမ်ားကို ေရႊခ်၍ ေရႊပေဒ သာပင္ ရခဲ့သည္ဟု လက္ေဆာင္ယူခဲ့ရာ ျပည့္ရွင္မင္းႀကီး(မင္းဖေလာင္း (၁၅၇၂-၁၅၉၃))က အသုံး ကင္စားငလုံးတင္ကို ေစလႊတ္ေတာ္မူ၍ၾကည့္ေစရာ ရလာကင္းဆိပ္တြင္ ငလုံးတင္ႏွင့္ေတြ႕ေလမူ ငလုံးတင္ေရွ႕တြင္ သေဘၤာသီးတလုံး ေကၽြက်သည္ကိုျမင္ေသာ္ (ရခိုင္ရာဇဝင္သစ္က်မ္း၊ စႏၵမာလ လၤကာရ၊၁၃၈)

မင္းဖေလာင္းသည္ေတာင္ငူမင္းက အကူအညီေတာင္းေသာေၾကာင့္ ဟံသာဝတီကိုစစ္ျပင္ေသာ တပ္ ေတာ္တြင္ မီးေခ်ာင္းစား၊ႏွင့္ ဥႆလင္းစားတို႔မပါေပ။ ထို႔ေၾကာင့္ မီးေခ်ာင္း၊ ဥႆလင္း ေဒသမ်ားမွာ ေလးၿမိဳ႕ေခတ္ဦးတြင္ နယ္စြန္သာျဖစ္ေလသည္။ ယခင္ဓမၼေဇယ်အမတ္ ေခတၱခိုေအာင္းစဥ္ ကတည္း က ေနထိုင္ခဲ့ေသာျမဳံေခၚေသာ ၿမိဳလူမ်ိဳးမ်ားျဖစ္ေပသည္။ ရခိုင္လူမ်ိဳးမ်ားလာ ေရာေနထိုင္ျခင္း မရွိေၾကာင္းဆိုနိုင္ေပသည္။ သို႔ေသာ္ ေျမာက္ဦးေခတ္လယ္ပိုင္း ရခိုင္ဘုရင္မ်ား၏ ၾသဇာအာဏာ သည္ ကုလတန္အထက္သို႔ စတင္ေရာက္ရွိေနၿပီကိုကား ေျပာနိုင္ေပသည္။

ဥတၱရာဇ္ေလာ ဥႆလင္းေလာ

ဥႆလင္းႏွင့္ပတ္သက္၍ စဥ္းစားရန္ႏွစ္ေနရာရွိေလသည္။ ပထမေနရာမွာ “ျမဳံတို႔အရပ္ ဥႆလင္း”ဆိုသည္မွာ ႀတိပူရျမဳံတို႔အရပ္လည္းျဖစ္နိုင္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဓမၼေဇယ် အမတ္သည္ အေနာက္သို႔ေျပးဝင္ေသာအခ်ိန္တြင္ႀတိပူရကိုလည္း ျမဳံျပည္ဟုေခၚေလသည္။ ဥတၱရာဇ္ ျပည္ဟုလည္းသမုတ္သည္လည္းဆို၏။ ဟစ္႐ုံျပည္ဟုလည္းဆိုေလသည္။ ေျမပုံတြင္ ျမဳံေထာင္သည္ စစ္တေကာင္းေတာင္တန္းေျမာက္ဖက္ဆုံးနယ္ကိုဆိုသည္။ ယခု ခါကရာခ်ာရီခရိုင္ (Khagrachari District) အား ျမဳံေထာင္အမည္ျဖင့္ေခၚခဲ့ၿပီး၊ ၎နယ္ႏွင့္ ကပ္လ်က္ေျမာက္ဖက္တြင္ ႀတိပူရနယ္ရွိေလ သည္။ ထိုျမဳံတို႔နယ္အား ဥတၱရာဇ္ဟုေခၚေသာေၾကာင့္ ရခိုင္တို႔အေနာက္ဖက္တလႊားကို စတင္ လႊမ္းမိုးခဲ့ေသာ ျမဳံတို႔အရပ္ဥႆလင္းမွ ထိုေနရာလည္းျဖစ္နိုင္ေၾကာင္းစဥ္းစားရပါသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ရခိုင္သမိုင္းမ်ားသည္ ၁၉ ရာစုတြင္ အခ်ိဳ႕ေပစာမ်ားကို ကိုးကားကာ ေနာက္ ျပန္ ေရးသားေလသည္။ ဥတၱရာဇ္ႏွင့္ ဥႆလင္းကို အမွတ္မွားဟန္လည္းတူေပသည္။ တခါတရံ ဥတၱလင္ဟုလည္း ဆိုေလသည္။ အကယ္၍ျမဳံဆိုသည့္လူမ်ိဳးမ်ားမွာ အသၽွင္စကၠိႏၵ၏ ရခိုင္ပုံေသဝတၳဳ (ပထမတြဲ)၁၉၉၈ စာ ၉) တြင္ ဥတၱရမဓုၿမိဳ႕ကို ေနာင္တြင္ ဥႆလင္းဟုေခၚ ေၾကာင္း ဆိုသည္။ သို႔ေသာ္ ရေသ့ႏွင့္အဥၨနေဒဝီ တို႔တည္ေသာေနရာမွာ ေက်ာက္ေတာ္နယ္ကို သာညႊန္းပါ သည္။ ထိုဇတ္လမ္းမွာလည္း ဒ႑ာရီသာျဖစ္သည္။ႀတိပူရအနီးတဝိုက္ရွိ လူမ်ိဳးမ်ားကိုဆိုလိုသည္ ျဖစ္ပါက “ျမဳံတို႔အရပ္ဥႆလင္း”မွာ စစ္တေကာင္းဖက္ျဖစ္ေပလိမ့္ မည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ရခိုင္တို႔က ႀတိပူရီ တို႔ကို ျမဳံအျဖစ္ေတာက္ေလ်ာက္ေခၚဆိုလာခဲ့ေလသည္။

“ဓမၼေဇယ် စုံႏွစ္မမူ၊ ထိုသူရဲမက္၊ သိမ္းေခၚလ်က္သာ၊ ျမဳံရြာအဝင္၊ ေတာင္ခြင္ၿမိဳင္ေျခ၊ ေရွာင္ေနမလစ္၊ အားအံသစ္လ်က္၊ ကစၧပနဒီ၊ တပ္လုံးခ်ီ၍၊ ကပ္မွီေရာက္ခါ၊ ေျမာက္အညာသို႔၊ သြားရာမလိုက္၊ ေတာ္၌ပုံတူ၊ လူအပုံကို၊ အျမဳံဟုေခၚဝါ၊ ေခ်ာင္းအႁမႊာတြင္၊ သုံးရြာစုစု၊ ေနမွတ္ျပဳသည္၊ တည္ ဘူးရာတြင္၊ ထိုျပင္ေျမေဝး၊ ထြက္ေျပးေလတတ္၊ အမတ္ႏွင့္ပါ၊ မ်ားစြာသူပုန္း၊ ေနတုံမလြဲ၊ အမည္စြဲ၍၊ ဟဲ႐ုံခုတြင္၊ သို႔စင္ျပည္ထဲ”( ရခိုင္ရာဇဝင္ေက်ာက္ရိုး၊ ၿမိဳ႕တည္ျခင္း လကၤာေပမူ၊{ခဲ့} ခ်ပ္)

ပလက္ဝနယ္မွ ဥႆလင္းျဖစ္နိုင္ရန္ခဲယဥ္းရျခင္းအေၾကာင္းေနာက္တစ္ခ်က္ရွိေလသည္။ ေျမာက္ဦး ေခတ္လယ္ပိုင္းေလာက္က ေျမာက္ဦးကို ေရာက္ရွိခဲ့ေသာ ခရစ္ယာန္ဘုန္ေတာ္ႀကီးမန္ဒရစ္သည္ တေန႔ေသာအခါ ေျမာက္ဖက္ေတာင္ကုန္းမ်ားအၾကားတြင္ မဲဇာအပို႔ခံရေသာ ေပၚတူဂီကုန္သည္ မ်ားကို သြားေရာက္ေတြ႕ဆုံျခင္းျဖစ္သည္။ ထိုကုန္သည္မ်ားမွာ ထြက္မေျပးနိုင္ေအာင္ ေျခသရြတ္ မ်ားအား ဖ်က္ဆီးထားကာ ေဒသခံ ခ်င္း၊ၿမိဳမ်ားႏွင့္ လက္ ထပ္ေၾကာင္းဆိုသည္။ ထိုေျမာက္ဖက္မွာ ကုလားတန္းျမစ္ေၾကာင္းအတိုင္း ျဖစ္ၿပီးလူသူအေရာက္အေပါက္နည္းေလသည္။

အကယ္၍ ထိုဥႆလင္းမွာ ပလက္ဝနယ္မွ ဥႆလင္းအားဆိုျခင္းျဖစ္သည္ဆိုပါကလည္း ေဒသခံၿမိဳ လူမ်ိဳး ခ်င္းလူမ်ိဳးမ်ား အစဥ္တစိုက္ ေနထိုင္ေသာေနရာသာျဖစ္ေလသည္။ ထိုၿမိဳဆိုေသာသူမ်ား မွာလည္း ယေန႔ေနထိုင္လ်က္ ရွိေသာ ခူမီးခ်င္းမ်ားကိုဆိုလိုဟန္တူသည္။ ေတာေခါင္ေသာအရပ္အား ဘုရင္မ်ားကစိတ္ဝင္စားခဲ့ဟန္မတူေပ။ (ပလက္ဝ ဥႆလင္းအေၾကာင္းအား ေနာက္အခန္းတြင္ ေဖာ္ျပပါမည္)

မင္းဗာႀကီးစစ္ခ်ီလမ္းေၾကာင္း

မင္းဗာႀကီး(၁၅၃၂-၁၅၅၄)လက္ထက္တြင္ အေနာက္သို႔ခ်ီရာတြင္ သားေတာ္အိမ္ေရွ႕မင္းမွာ။ သကၠဒါန္ ေလွေတာ္ကို စီးေတာ္မူသည္။ အသီး အသီး ရဲမက္ဗိုလ္ေျခတို႔ စီးသည့္ေလွမ်ားမွာ။ လြန္းၾကင္ ဘားတပ္။ ဘားမဲ့စပ္တင္ေလွငါးရာ။ သူရဲငါးေသာင္းႏွင့္။ မ႐ူျမစ္ကိုထြက္၍ ပင္လယ္ေၾကာင္း ခ်ီေလသည္။ သားေတာ္သံတြဲစားခ်စ္ေႏွာင္လည္း။ ကစၧပနဒီျမစ္ညာလက္ဝဲဘက္ေပေခ်ာင္းကို ဆန္၍၊ ေက်ာက္မသာေက်ာက္ဖ်ာက။ ေခြးေမြးေတာင္။ခိုင္တမို႔လမ္းခ်ီေလသည္။(ဓညဝတီရာဇဝင္၊ ဦးပ႑ိ၊ စာ ၇၂) မင္းဖေလာင္းလက္ ထက္အေရွ႕သို႔စစ္ခ်ီရာတြင္လည္း “ညီေတာ္ကုလတန္စားခ်စ္ေႏွာင္း ကိုလည္း ျမဳံ၊ သက္။ လင္းကဲ၊ ခ်င္း၊ ေခ်ာ္၊ ေခြးေမြး။ ေလးတူး။ တဲခြ။ ေခ်ာင္းသား။ ကတူး။ ခ်ဳပ္လေဟာ္လူမ်ိဳးတို႔ႏွင့္။ ဖိုးေခါင္ေတာင္အေရွ႕ဘက္ေက်းရြာသို႔ခ်ီတက္ေစ သည္။” (ဓညဝတီ ရာဇဝင္၊ဦးပ႑ိ၊ စာ ၇၅)

ထိုသူမ်ားမွာ စစ္ဆင္ေရးလမ္းေၾကာင္းတေလ်ာက္က လူမ်ားျဖစ္သည္။ သားေတာ္ခ်စ္ေႏွာင္းခ်ီသည့္ ထိုလမ္းေၾကာင္းသည္ ယေန႔ပလက္ဝနယ္၏ အေနာက္ေတာင္ နယ္စပ္ ေခ်ာင္း တေလ်ာက္မွ သြားကာ စစ္တေကာင္းေတာင္တန္းကို ေရာက္ၿပီး ထိုမွသက္ေထာင္၊ ျမဳံေထာင္၊ ႀတိပူရ ဥတၱရာဇ္သို႔ေရာက္ေလသည္။ ထို႔ေၾကာင့္ ကုလားတန္စားျဖစ္ေသာအခါ ဌာေနတိုင္းရင္း သားမ်ားႏွင့္ ရင္းႏွီးေနျခင္းျဖစ္ေလသည္။

ရခိုင္ဘုရင္တို႔၏လႊမ္းမိုးမႈျမန္မာေက်ာက္စာမ်ား

ေအဒီ ၁၄၄၄သက္-ျမဳန္၊-ခ်င္းကို အစိုးရေသာ ကစၥပတိ၊ အႆပတိမည္ေသာ ပန္းေသးမင္းတို႔၏ အမ်ိဳးအႏြယ္ ျဖစ္ေသာ ရခိုင္မင္းသည္ ဖိုးေခါင္ဆဲတပ္ကိုက်ဴး၍ အဘိုးအတိုင္းမသိေသာ ျမရွင္လက္ ေကာက္ကို ဦးထက္တင္၍ဆက္ၿပီးေသာ။ ၈၀၆ ခုစြဲ၊ စစ္ကိုင္းၿမိဳ႕ထူပါ႐ုံေစတီ ေက်ာက္စာ ၂၁၊ ၂၂။

ေအဒီ ၁၄၄၆/ ၁၄၅၄ ခ်င္းလင္းအၿပိဳင္၊ ရခိုင္သံတြဲ၊ သက္ခပဲးတို႔ဝ္ကိုဝ္တမူေလေလည္း အစိုဝ္းရစင္ၿပီးထေသာ။

၈၀၈ ခုစြဲ၊ စစ္ကိုင္းၿမိဳ႕၊ မဟာသီဟသူရေက်ာင္းေက်ာက္စာ ၅။၈၁၆ ခုစြဲ၊စစ္ကိုင္းၿမိဳ႕၊ သစ္ဆိမ္ကေတာ္ေက်ာင္းေက်ာက္စာ ၅။သက္မွာ ခ်ကၠမ၊ ျမဳန္မွာ ႀတိပူရီ၊ ခ်င္းမွာ ရခိုင္ျပည္ေခ်ာင္းေျမာင္းေဘးတြင္ေနထိုင္ေသာခ်င္း တိုင္း ရင္းသားမ်ားကိုဆိုလိုဟန္ရွိေပသည္။ အထူးသျဖင့္ ေလးၿမိဳ႕ျမစ္ဝွမ္းမ်ား၊ ဖိုေခါင္ေတာင္ရိုးေပၚတြင္ အစဥ္မျပတ္ဆက္ဆံေနရေသာ ခ်င္းလူမ်ိဳးမ်ားကိုဆိုလိုပါသည္။

သုံးသပ္ခ်က္

ထိုေျမာက္ဦးေခတ္လယ္ပိုင္းတြင္ ရခိုင္ဘုရင္မ်ား အင္အားႀကီးထြားလာေသာေၾကာင့္ ဌာေနတိုင္း ရင္းသားမ်ားသည္ ထိုရခိုင္ဘုရင္လက္ေအာက္သို႔က်ေရာက္ခဲ့ရပါေတာ့သည္၊ သို႔တိုင္ေအာင္ ေတာင္ ေပၚေတာင္တန္းမ်ားကို ခ်ီတက္တိုက္ခိုက္ျခင္း၊ သိမ္း ယူျခင္းမျပဳခဲ့ေခ်။ ျမစ္ေခ်ာင္းမ်ားတြင္ ေနထိုင္ ေသာ ဌာေနတိုင္းရင္းသား ခ်င္း၊ ၿမိဳ၊ သက္ေက်းရြာမ်ားမွ အုပ္ခ်ဳပ္မႈေအာက္တြင္က်ေရာက္ခဲ့ၿပီး အခြန္အတုပ္မ်ားလည္းေပးေဆာင္ရျခင္း၊ အခ်ိဳ႕နီးစပ္ရာတို႔မွာစစ္ခ်ီရာတြင္ပါဝင္ရျခင္းမ်ားျဖင့္ ပါဝင္ ေကာင္း ပါဝင္ၾကေပလိမ့္မည္။ထိုမင္းလက္ထက္တြင္ တိုင္ရင္းသားဌာေနလူမ်ိဳးမ်ားကို မ်ားစြာစုစည္းနိုင္ခဲ့ပါသည္။ ေျမာက္ဦး၏ ေရႊေခတ္ဟုဆိုနိုင္ေသာ ကာလျဖစ္ေလသည္။ အေၾကာင္းမွာလည္း တိုင္းရင္းသားစည္းလုံးညီ ညြတ္ ေရးကို မွန္ကန္စြာတည္ေဆာက္နိုင္ေသာ ေၾကာင့္ပင္ျဖစ္ပါသည္။ ေျမာက္ဦးေခတ္လယ္ ရခိုင္ဘုရင္ မ်ားလက္ထက္ေရာက္ေသာအခါတြင္ ခ်င္းေတာင္အတြင္း ကုလားတန္ျမစ္ေဘးတြင္ ရခိုင္လူမ်ိဳးမ်ား စတင္ ဝင္ေရာက္စိုးမိုးလာေၾကာင္းဆိုနိုင္ပါသည္။ သို႔တိုင္ေအာင္ အုပ္ခ်ဳပ္ေရးတည္ ေဆာက္သည္ဆို ေသာကိစၥမွာ ဆက္လက္ေလ့လာရန္သာျဖစ္သည္။အဘယ္ေၾကာင့္ဆိုေသာ ဥႆလင္းေနရာမွ ဒြိဟျဖစ္ေနဆဲျဖစ္သည္။ မည္သို႔ဆိုေစကာမူ ရခိုင္ဘုရင္မ်ားတန္ခိုးႀကီးထြားလာေသာ ၁၅ ရာစုေႏွာင္းပိုင္းမွ စတင္ကာ ပတ္ဝန္းက်င္တြင္ ကုလားတန္ျမစ္ရိုးတေလ်ာက္သို႔ ရခိုင္ဘုရင္ၾသဇာ အနည္း ႏွင့္အမ်ားသက္ေရာက္မူရွိသည္ကို လက္ခံနိုင္ရေပမည္။ ေတာင္တန္းအေပၚဖက္သို႔မူကား မေရာက္ရွိေၾကာင္းေသခ်ာေလသည္။ ထိုအခ်ိန္က ရခိုင္လူမ်ိဳးမ်ားႏွင့္ အျခားလူမ်ိဳးမ်ား (ခ်င္းမွအပ) ဝင္ေရာက္ေနထိုင္လာသည္ဟု ေျပာရန္အေထာက္ အထားမရွိေသးေခ်။ ထို႔ျပင္ ရခိုင္ရာဇဝင္ အေထာက္အထားမ်ားကိုေထာက္ရေသာအခါ ၁၆ ရာစုေႏွာင္းပိုင္းေရာက္မွသာ ပလက္ဝကုလားတန္ ျမစ္ရိုးတေလ်ာက္ ရခိုင္လူမ်ိဳးမ်ားအနည္းငယ္ အေျခခ် ေနထိုင္လာေပသည္။(စကားခ်ပ္။ ။ ေျမေအာက္အေထာက္အထား၊ ခိုင္မာေသာ သမိုင္းအေထာက္အထားမ်ား ထပ္မံ ညႊန္းဆိုနိုင္ပါက အနည္းငယ္အေျပာင္းအလဲရွိနိုင္ေပသည္)

Unicode

By Ro Sang| The Chinland Post | 2020 January 17| Zawgyi is below ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း(ခ)
ပလက်ဝသို့ရခိုင်သြဇာလွှမ်းမိုးလာခြင်း
ဓညဝတီ၊ ဝေသာလီခေတ်များမှာ မှုန်ဝါးဝါးမျှသာဖြစ်သည်။ ဒဏ္ဍာရီဆန်သောကြောင့် တချို့နိုင်ငံ တကာသမိုင်းပညာရှင်များက ပယ်သောသူများရှိသကဲ့သို့ ခုနှစ်ကိုနောက်ရွှေ့သောသူများလည်း ရှိလေသည်။ မည်သို့ ပင်ဖြစ်စေကာမူ တောင်ဖက် ကုလားတန်မြစ်ဝှမ်းတွင် အင်ဒိုအာရိယာန်ဘာသာ စကားပြော အုပ်စုများ အားကောင်းစဉ်အခါက ပလက်ဝသည် ခရီးလမ်းဖြတ်သန်းရာနေရာဖြစ်ပါသည်။ ပလက်ဝနယ်တွင် ဝေသာလီခေတ်ဆိုင်ရာအထောက်အထားအားနည်းခြင်းက ထိုအချက်ကို ထောက် ပြနေပါသည်။ ဓညဝတီ၊ ဝေသာလီခေတ်မှ လေးမြို့ခေတ်၊ မြောက်ဦးခေတ်လယ်အထိ ခေတ္တစခန်း ချရာ၊ ခရီးပြုရာ၊ မဲဇာပို့ရန်နေရာအဖြစ်သာ အသုံးပြုခဲ့သည်။ ဒေသခံ ချင်း၊ မြို၊ ခမီများမှ အပလာရောက် နေထိုင်သူများမရှိခဲ့သေးဟု ပြောလျှင်မမှားနိုင်ပေ။
သမိုင်းမတိုင်မှီက ဗြဟ္မသုန္ဒရပုဏ္ဏားနှင့်အဥ္ဇနဒေဝီမိဘုရာမှ သားတော် ဗြဟ္မသုန္ဒရမင်းသားမင်းပြု သည့်အချိန်တွင် ကစ္ဆပနဒီမြစ်အရှေ့ဖက်နှင့် အနောက်ဖက်တွင် မြို့ပေါင်း (၉၉) မြို့စီတည်ကြောင်း ဒဏ္ဍာရီလာပါသည်။ ထိုမြို့များတွင် မြစ်အနောက်တွင် နီလာပန်းတောင်းနှင့်အရှေ့ဖက်တွင် ကျောက် ပန်းတောင်း ဟုပါရှိပါသည်။ (ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊စာ ၁၆-၁၇) သို့သော် ထိုဗြဟ္မသုန္ဒရ ပုဏ္ဏားနှင့် အဥ္ဇနဒေဝီမိဘုရားဇတ်လမ်းမှ ဟိန္ဒူ ဘုရား ကရိသျှမင်းသားနှင့် အဇ္ဇုနမင်းသားအကြောင်းများကို ကူးရေးခြင်းဖြစ်ကြောင်းရှေ့တွင် ဖော်ပြပြီးဖြစ်သည်။ မြို့ရွာများမှာလည်း နောက်ပိုင်း ၁၉ ရာစုရာ ဇဝင်ဆရာများက ပြန်လည်စုပေါင်းကာ ရခိုင်ဘုရင်များဘုန်းတန်ခိုးကြီး ကြောင်းပြလိုသော သဘော ဖြင်ဖော်ပြခြင်းဖြစ်မည်ဟုယူဆရပါသည်။ ထို့အရပ်များသည် ကံရာဇာမင်းနှင့် မိဖုရားစောစစ် တို့ခေတ္တ ပုန်းခိုသောနေရာဖြစ်လေသည်။ (ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၂၃)
လေးမြို့ခေတ်၊ ဝင်ရောက်လာသူများနှင့်ပဋိပက္ခဖြစ်ခြင်း(၁၀၁၈-၁၄၃၀)
အင်ဒိုအာရိယာန်နွယ်ဖွား ဓညဝတီ၊ ဝေသာလီမင်းများနှင့် ဆက်ဆံရေးကောင်းမွန်သော ပလက်ဝ ဒေသမှ ချင်းမျိုးနွယ်စုများ၊ သက်(ချက္ကမ)၊ မြိုမျိုးနွယ်များသည် လေးမြို့ခေတ်ရောက်သောအခါ တောင်ဖက်မှ ဝင်ရောက်လာသော လူမျိုးအသစ်များနှင့် ပဋိပက္ခဖြစ်ရလေသည်။ အထူးသဖြင့် လေး မြို့မြစ်ဝှမ်းတွင် နေထိုင်ရင်းဖြစ်သော ချင်းများ၊ မြိုများသည် ပုဂံကျောထောက်နောက်ခံ မွန်ဂိုလွိုက် ရခိုင်များရောက်လာသော အခါ ရင်ဆိုင်ထိတွေ့မှုများဖြစ်ပွားခဲ့ရလေသည်။ဝေသာလီခေတ်အကုန်နှင့် လေးမြို့ခေတ်အကြားတွင်လေးမြို့မြစ်ဝှမ်း အားပြိုင်မှုဖြစ် ပွားလေသည်။ မြိုတို့ကလည်း မြိုပဲဖြူမင်း(၉၆၄-၉၉၄)တွင် ဝင်ရောက်ကျုးကျော်လာသူများကို ဦးဆောင်တိုက်ခိုက်ခဲ့ သည်။ သက်တို့သည်လည်း ၎င်းတို့၏မူလနယ်မြေ စစ်တန်းတင်အရပ်မှ စတင်ကာ အေဒီ ၇၉၂ ခုတွင် ငမောင်ကတုံမှ ဦးဆောင်တိုက်ခိုက်ခြင်း၊ ဒဿရာဇာမင်း(၁၁၂၁-၁၁၃၇) လက်ထက်တွင် ကုလားနှင့် သက်ပူးပေါင်းကာတော်လှန်ခြင်း၊ ငနှလုံး(၁၂၄၄-၁၂၄၈) မင်းလက်ထက် ကုလားနှင့်သက် ပေါင်းဖက် တော်လှန်ုခြင်း၊ မင်းထီး(၁၂၈၁-၁၃၈၇) လက်ထက် သက်နှင့်ကုလား တော်လှန်ခြင်း၊ မင်းဖလောင်း (၁၅၇၀-၁၅၉၂) လက်တက် စိုင်တင်စားက ငပေါင်ပုန်ကန်ခြင်း၊ မင်းဖလောင်းလက်ထက် သံတောင် စားငစုံနှင့် လင်းကဲး၊ မြုံ၊သက်တို့ပူးပေါင်း ပုန်ကန်ခြင်းစသည်တို့မှာ ထိုအချက်ကိုမြင်နိုင် လေသည်။
ဝေသာလီ ခေတ်၏ သက္ကရာဇ်ကိုမူ ရခိုင်ရာဇဝင်များရတွက်ချက်ခြင်းဖြစ်သည်။ ခေတ်ပညာရှင်များက ဝေသာလီခေတ် အား(၇၈၈-၁၀၁၈)ဟု တွက်ချက်သည်။ ပြင်စ(၁၀၁၈-၁၁၀၃)၊ အကြားတွင် အဖြစ် အပျက်များ သိပ်မပေါ်လွင်လှသေးပေ။ထိုအချက်ကို အဦးဆုံးထောက်ခံရေးသားသူမှာ ဘုန်းတော်ကြီးမန်ရစ်(Sebastoao Manrique)၏ (၁၆၂၈ ခု) ရခိုင်ပြည် သွားခရီးအကြောင်းကို ပြန်လည်ရေးသားသူ မောရစ်ကောလစ် (Maurice Collis) ဖြစ်သည်။ ၎င်းက ၉၅၇ ခုနှှစ်တွင် ရခိုင်ပြည်နယ်သို့ မွန်ဂိုလီယံအနွယ်ဝင် လူမျိုးတစ်မျိုးဝင် ရောက်တိုက်ခိုက်ဖူးလေသည်. ထိုလူမျိုးများကား ရှေးကျသော မြန်မာလူမျိုးကြီးပင်ဖြစ်ပေတော့သည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်လူမျိုးများ ယနေ့ပြောဆိုနေသော စကားသည် အလွန်ရှေးကျသော မြန်မာစကားများ အတိုင်းဖြစ်သောကြောင့်တည်း။ (ဦးလှဒင်၊ ရတနာရွှေမြေ၊ စာ ၁၀၄) Maurice Collis, The Land of the Great Image, New York, New Direction Publishing Corporation, 1943
ကုလားတန်မြစ်ဝှမ်းအလယ်ပိုင်းသို့ဆန်တက်လာကြခြင်း
၁၀၇၈ ခုတွင် မင်းဘီလူးလုပ်ကြံခံရလေသည်။ အိမ်ရှေ့မင်း မင်းရဲဘယသည်အရှေ့ဖက်သို့ပြေးကာ ပုဂံမင်းကျန်စစ်သားထံတွင် ခိုလှုံလေသည်။ နှစ်ဆယ့်ငါးအကြာတွင် သားတော် လက်ယာမင်း နန်းအားရခိုင်ဘုရင်အဖြစ်ထားလျက် ပုဂံမင်းအလောင်းစည်သူမင်း ကျောထောက်နောက်ခံဖြင့် ရခိုင် ထီးနန်းကိုပြန်လည်သိမ်းပိုက်လေသည်။ ထိုမင်းနှင့်အတူပါလာသော ပျုနှင့်တလိုင်း စစ်သည် တို့သည် ဓညဝတီမြို့ဟောင်းမှ မဟာမုနိသို့ရောက်လာကာ ဖျက်ဆီးလေသည်။ ထိုမင်းက ပထမပရိန်မြို့ကို ၁၁၀၃ ခုနှစ်တွင်တည်ထောင်သည်။
မဟာမြတ်မုနိသမိုင်း၌ကား၊ သက္ကရာဇ် ၄၈ဝတွင် ပုဂံပြည့်ရှင် အလောင်းစည်သူငယ်မင်းသည်၊ ထိုလကျာ်မင်းနန်(၁၁၀၃-၁၁၀၉) ကို နန်းတင်စေလွှတ်တော်မူသောအခါ၊ ပြူတလိုင်းတို့သသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို ပုဂံပြည်သို့ ပင့်ယူဆောင်ကြဉ်းသော်လည်း မရသဖြင့်။ ထိုမဟာမုနိရုပ်ရှင် တော်မြတ်ကို။ ချိုးဖဲ့ဖျက်ဆီးလျက်၊ ဖိုကျင်းထိုးကြမည် ကြံစည်ကြသောအခါ၊ မှောင်အတိမိုက်၍ ကွယ်ပျောက်ပြီး လျှင်။ တန်ခိုးတော်အားဖြင့် လူနှင့်မနီးသော တောကြီးတစ်ခုသို့ရောက်နေရာ။ ချင်း-ကရင်အရိုင်း အစိုင်းတို့တွေ့မြင်ကြ၍။ နတ်ကြီးအမှတ်ဖြင့်ကိုးကွယ်ကြ၏။ မိမိတို့ရပ်ရွာ၌၊မိုဃ်း လေဝသမရွာ သောအခါ၊ ကြက်-ဝက်-နွား-ကျွဲ တို့ကို သတ်ဖြတ်၍၊ သွေးချောင်းစီးစေလျက်။ ခေါင်သေရည်တို့နှင့်ပူဇော်ကြ၏။ ထိုသို့ပြုလုပ်သောအခါ၊ ကြီးစွာသောမိုဃ်းရွာသဖြင့်၊ လွန်စွာအား ရကြ၏။ ထိုမဟာ မုနိရုပ်ရှင်တော်မြတ်ကိုအရိုင်းတို့၏ဘာသာဖြင့် မိုဃ်းကောင်းနတ်ကြီးဟု အမည်မှည့် လျက်။ နိစ္စဘတ် ပူဇော်ကိုးကွယ်ကြသည်ဟု အစဉ်စကား၊အချို့သော သမိုင်းစာတမ်းများ၌ လာသည့် အတိုင်း၊ မဟာမြတ်မုနိ သမိုင်းတွင် ထည့်သွင်းလျက် ပါရှိသည်။( ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၅၃)
ကောလိယမင်းကြီး(၁၁၁၆-၁၁၂၁) က မြိုလူမျိုးများကို လေးမြို့ချောင်းဖျားတိုင်အောင် တိုက်ထုတ် ခဲ့ရကြောင်းဆိုပါသည်။ အကြောင်းမှာ မင်းကြီး၏ နယ်ပယ်အား မြိုတို့က နှောက်ယှက် သော ကြောင့် ဟု ဆိုလေသည်။ ယနေ့လေးမြို့မြစ် အထက်ဖက်မီးချောင်းတလျောက်တွင် ထိုမြိုလူမျိုး များရှိနေသေး သည်။ ထိုအပြင် ထိုအရပ်မှ တိုင်းရင်းသားများ၏ ရွှေ့ပြောင်းမှုကိုလေ့လာလျှင်လည်း တောင်ဖက် လွင်ပြင်မှ တောင်ပေါ်သို့ပြန်တက်လာကြောင်းကိုဆိုပေသည်။ လေးမြို့ခေတ်တွင် တောင်တန်းများ၏ အတွင်းဖက်သို့ ရခိုင်လူမျိုးများသွားရောက် နေထိုင်ခြင်းမရှိသေးချေ။
ဦးဉာဏ၏ရာဇဝင်တွင် ဒုတိယပရိန်ခေတ် ရခိုင်ဘုရင်ဒဿရာဇာဘုရင်မင်းမြတ်(၁၁၂၃-၁၁၃၉)သည် စည်းစိမ်အမျိုးမျိုး တို့ကိုပေးလျှက် ချောင်းဖျား၊ မြောင်းဖျား၌ နေသော မြိုခွေးမွေး စသောသူတို့သည် ရုပ်တုတော်မဟာမုနိကို ဤအရပ်၌ရှိသည်ဟု ပြသနိုင်မူ……. ငါဝတ်ဆင်သော ပတ္တမြားလက် ကောက်ကိုပေးလေဟုမှာ တော်မူလေသည်။ ထိုတမန် တို့ရောက်လေလျှင် အမတ်ကြီး လကျာ်သည် ချောင်းဖျား၊ မြောင်းဖျား၌နေသော မြိုခွေးမွေးတို့ကိုမေးမြန်းလေသော် မြိုသင်းကြီး ရဟောင်လာ၊ အပေါင်လာ ဟူသောမြိုနှစ်ယောက်တို့သည် ကျွန်တော်တို့သိမြင်ပါသည်ဟုဆိုကာ ချောင်းငယ် တစ်ခုတွင် လည်တော်တိုင်မြေဖုံးလျှက်ရှိနေသောမဟာမုနိ ရုပ်ရှင်တော်မြတ်ကိုတွေ့လေသည်။ ထိုမှပြန်လည်ပင် ဆောင်လာကာ မူလနေရာသို့ ပူဇော်ပြန်လေသည်။ မြိုတို့ကိုလည်း လေးလလျှင် လူတစ်ယောက်စီ တံမြက်ခတ်၊ အမှိုက်လှည်းထားတော်မူသည်။ ရုပ်ရှင်တော်မြတ်ကို မြောက် အရပ်တွင် တွေ့ရလေကား ယခင်ကတညုတောင်တွင် သိမ်ဆောက်၍ အစောင့်အနေ ဆွမ်းတော် တင်၊ စည်တီး၊ မျက်နှာတော်သုတ် တန်းခွန်ဆွဲ။ တဲမြက်ခတ်၊ ကျီးနှင့် စာချောက် ပြူတစ်ထောင်၊ တလိုင်းငါးရာ၊ ကုလားတစ်ထောင်၊ မြုံငါးရာ၊ ချင်းငါးရာ လူပေါင်း လေးထောင်ကို အသီးသီး စားမြေနေမြေ ပေးချတော်မူသည်။( ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၅၈) ဤနေရာတွင် အမတ်ထား ပိုင်ကြီး ဆိုသည့် ရာထူးမှာ ရှေးရခိုင်တပ်မတော်တွင် အလွန်မြင့်မားသော အဆင့်တန်းပင်ဖြစ်လေ သည်။ ၎င်းမှ ဒေသခံများအပေါ်စတင်သြဇာလွှမ်းမိုးလာခြင်းကိုဆိုခြင်းဖြစ်လေသည်။ ထိုနေရာမှာ ယနေ့ကျောက်တော်အရှေ့ဖက်တွင်ဖြစ်လေသည်။
ဧဧး တုံမွေးမိ၊ နာထွေရှိလော၊ ဂေါလိယမင်း၊ သားရင်းသည်းချာ၊ ဒသရာလျှင်၊ မဟာမုနိ၊ ရှိရာ အကြောင်း၊ ပေါင်းလောင်းမြို့ထီး၊ သင်းကြီးညွှန်ပြ၊ ပုညကြီးတွေ၊ လွန်ရိုသေလျက်၊ ဝင်လေသင်းတက်၊ ထွက်ခဲ့သင်တုတ်၊…….”ဟုဖော်ပြပါရှိပါသည်။(ရခိုင်မင်းသမီး ဧချင်း အပိုဒ် (၁၉)တွင်)
ဒုတိယခြိပ်ခေတ် မင်းဖုန်းစား(၆၅၆၊ ခရစ်နှစ် ၁၂၉၄)လက်ထက်တွင် တောင်သူငနားကြီးသည် ခရီးဦး ညွှန်ပြုလျှက် သုံးသိန်းသော ရှမ်းတို့နှင့်စစ်ပြုအံ့လာလေလျှင် များမြောင်စွာသော ဗိုလ်ပါရဲမက်များနှင့် အဥနနဒီမြစ်ကို ဆန်လေပြီသော်တောင်ကြီးတစ်လုံးထက်သို့တက်၍ တိုက်ခိုက်လေသော် ထိုရှမ်းသုံး သိန်းတို့ဖရိုဖရဲပြိုကွဲ ပျက်ပြားလေသည်။ တောင်သူဆိုရာတွင် အရှေ့ဖက်ရှိ စေတုတ္တရာနယ်မှ တောင်သူလူမျိုးများဖြစ်မည်လောဟုယူဆနိုင်ပေသည်။ ယနေ့တိုင် တောင်သူချင်းများရှိနေသေးသည်။ (ဦးဉာဏ၊ ဓညဝတီရာဇဝင်သစ်၊ စာ ၂၉၆-၂၉၇၊ အရှင်စန္ဒမာလလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်ကျမ်း၊ ၂၄၃)
ထိုအဖြစ်အပျက်များ ကိုသုံးသပ်ရသော် ကုလားတန်မြစ်ဝှမ်းတွင်တည်ရှိသော မဟာမုနိစေတီနှင့် ဘုရားအကြောင်းတွင် ဒေသခံမြိုများက နယ်မြေကျွမ်းကျင်ပိုင်နိုင်ကြောင်းကိုတွေ့ရမည်ဖြစ်ပြီး၊ ရခိုင်(မွန်ဂို လွိုက်) များက ထိုနေရာကို နောက်ရောက်များဖြစ်နေကြောင်းဆိုနိုင်လေသည်။ ထို့ကြောင့် လေးမြို့ခေတ်အစောပိုင်းတွင် လေးမြို့မြစ်ဝှမ်းတွင်နေရာယူလာသော ရခိုင်များသည် ကုလားတန် မြစ်ဝှမ်းသို့ စတင်လွှမ်းမိုးရန်ကြိုးစားလာကြောင်းတွေ့ရလေသည်။ တောင်တန်းတွင် နေထိုင်သော သက်၊ မြို၊ ချင်းများမှလည်း အင်အားချိနဲ့သောအချိန်တိုင်းတွင် ဆင်းလာပြီးတိုက် ခိုက်သည်ဆို လေ သည်။ (Research Paper on Old Arakan, 1998, San Shwe Bu, p 20) ထိုအချိန်က မြောက်ဖက်တောင်တန်းများ အထိသြဇာမသက် ရောက်သေးချေ။ ကုလားတန်းအလယ်ပိုင်းလျောက်တွင်သာ စတင်သြဇာသက်ရောက်ဟန်ရှိသည်။ အဘယ် ကြောင့် ဆိုသော်ရခိုင်လေးမြို့ ခေတ်ဦးသည် ပုဂံသြဇာအောက်မှ လွတ်မြောက်ရန်ရုန်း ကန်နေရ သောကာလဖြစ်ဟန်တူပေသည်။ ပုဂံခေတ်ဦးပိုင်း တွင် ပုဂံပိုင်နက်သည် အနောက် ဘင်္ဂလားထိပါ ကြောင်းဆိုလေသည်။
မီးစား၊ ကျောက်မသာကျောက်ဖျာ
လေးမြို့ခေတ်လယ်ပိုင်းတွင်မူ ရခိုင်ဘုရင်များသည် အင်အားကောင်းလာကာ နယ်မြေသြဇာ လွှမ်းမိုး ရေးကိုဆောင်ရွက်လာကြသည်။ ထိုအချိန်တွင် ယနေ့ ပလက်ဝနယ်အစပ် အထိရောက်လာ ကြောင်း ဆိုနိုင်ပါသည်။ လေးမြို့ခေတ်နှောင်းရခိုင်ဘုရင်မင်းထီး(၁၂၈၃-၁၃၈၉) လက်ထက်တွင် အနောက် သက်နှင့် အရှေ့သက်များထံသို့စစ်ချီသော တပ်စာရင်းတွင် ယနေ့ပလက်ဝအရပ်မှ အမည်များကို ရွာစား၊ ချောင်းစားများကို မတွေ့ရသေးချေ။ သို့သော် ၁၃၃၃ ခုနှစ် အရှေ့သက်များကို ဖမ်းဆီးခေါ် ဆောင်လာရာတွင် ကျောက်မသာကျောက်ဖျာရွာ၊ ကြွေတဲစား၊ မီးစား၊ ကင်းစား၊ စသဖြင့် ရွာစားချ ပေးလေသည်။ ထိုသို့ချပေးရာတွင် ထိုနေရာများသည် တိုင်းပြည်အစွန်အဖျား ဒေသများ ဖြစ်လေ သည်။ ထို့ကြောင့်ပင်အရှေ့သက်မင်းသားများမပျော်ပိုက်ကာ အရှေ့မြန်မာပြည်သို့ပြေးလေသည်။ မီးရွာကိုစားရလေဟန်ရှိသည်။သက်မင်းကိုကား ကျောက်မသာကျောက်ဖျာရာကို ပေးတော်မူသည်။ သက်မင်းသမီး စောမေခံကို၊ မင်းချစ်တန်ဆောင် ထားတော်မူသည်။သက်မင်းသမီးအငယ်ကို၊ အမတ်ကြီးသား၊ အမ်းစား အောင်သူ နှင့် ထိမ်းမြားတော်မူသည်။ သက် အိမ်ထောင်စုတသောင်းကို၊ အမ်းချောင်း-ရူးချောင်းဖျားတွင် ချထား တော်မူသည်။ ဒိုင်းနက် ငွေခွန် ဘွဲ့တော်မူသည်။အမတ်ကြ၊ီးကိုကား မဟာဝေဿဝဏ္ဏအမည်ကို ပေးတော်မူ၍။ ဆင်ကရွှေသာဗောင်းဖြူ ထွက်စည်-ရွှေထမ်းစင်ပေးသနားတော်မူ သည်။သက်မင်း သားအကြီး စောရံကို ကြွေတဲစား။ သားအလတ်စောဖြူကို #မီးစား။ သားအငယ်စိုးတူ ကိုကင်းစား။ အသီးအသီး သူကောင်းပြု၍ အပါးတော်တွင်ထားရာ၊ လေးမြို့သို့အချီတွင် သက္ကရာဇ် ၇၀၅-ခုနှစ်၊ သက်မင်းသား သုံးယောက်၊ လေးမြို့အညာ၊ ဖိုးခေါင်တောင်ကိုလွှဲ၍ အရှေ့မြန်မာပြည်သို့ ပြေးလေ သည်။ ယင်းသို့အခါသက်မင်းကိုသော်ကား မည်သို့အပြစ်မပြု၊ စားကျေးမြို့ရွာကိုလည်း မနုတ်၊ ထားမြဲသာ ထားတော်မူသည်။ ( ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၆၂-၆၃)
နောက်ပိုင်း မီးချောင်းစားအရိုက်အရာကို ကုလားမျာလိကက အသပြာဖြင့်ဆက်ကာ တောင်းလေ ကြောင်းဆိုသည်။ သို့သော် ရှင်ပဏ္ဍိက “စည်းချောင်းစား” ဟုဆို သည်။ ရှင်စန္ဒမာလလင်္ကာရက “မီးချောင်းစား”ဟု ကွဲလွဲကြပါသည်။
မြောက်ဦးခေတ်လယ်၊ ၊ အထက်ဖက်သို့သြဇာသက်ရောက်လာခြင်း(၁၄၂၉-၁၅၉၃)
မြောက်ဦးခေတ်ရခိုင်ဘုရင် နရမိတ်လှ ခေါ် မင်းစောမွန်(၁၄၂၉-၁၄၃၃)သည် မြောက်ဦးတွင်ထီးနန်း ကိုပြောင်းရွှေ့ကာ မြောက်ဦးခေတ်စတင်ပါသည်။ “မြို့စား၊ ရွာစား၊ ကျွန်းစား၊ ချောင်းစား ပေး တော်မူသည်မှာလည်း၊ တမြို့တရွာတချောင်း တစို့မှလွတ်သည်မရှိပါ။ ထိုကျေးစားတို့ကလည်း တိုင်းပြည်ကို ဖျက်ဆီးပြုကြပါသည်” ( ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၆၇) ဆိုရာ ထိုမင်းလက်ထက်တွင် မြို့စား၊ ရွာစား၊ ချောင်းစား၊ ကျွန်းစားများကို ဖွဲ့စည်းရာ အချို့သော ချောင်းစားများက ပုန်ကန် ကြောင်းတွေ့ရသည်။ ထိုအချိန်မှစကာ ကုလားတန်မြစ်အထက်ပိုင်းသို့ ရခိုင်ဘုရင်များစတင်ဝင် ရောက်လာသည်ဖြစ်မည်လောဟုသုံးသပ်ရပါသည်။ သို့သော် ဝင်ရောက်နေထိုင်ခြင်းထက် ရှိနှင့် သော လူမျိုးများအပေါ်စတင်လွှမ်းမိုးလာခြင်းကိုဆိုလိုပါသည်။
ဥဿလင်းစား၊ မြုံတို့အရပ်ဥဿလင်း(နှစ်နေရာဖြစ်နေခြင်း)
အလီခင်(ဥပရာဇာနရနုမင်း ၁၄၃၃-၁၄၅၉) လက်ထက်တွင် အင်းဝမင်းထူပါရုံဒါယကာနရပတိမင်းစစ်ချီလာရာ အမတ်ဥဿလင်စားကိုစေလွှတ်ကြောင်းဆိုလေသည်။ “ထိုစာကို ရွှေပေတွင်ရေး၍အမတ် ဥဿ လင်စားကို စေတော်မူလိုက်ရာ။ အဝရွှေနန်းရှင် နရပတိထံသို့ရောက်လေသော်။………ထိုစာကို ရွှေပေ တွင်ရေး၍ ဥဿလင်စားကိုတောင်ခွင်စားနှင့်အတူ ထည့်လိုက်လေသည်။( ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၆၉) ထိုအချိန်တွင် ဥဿလင်းစားဆိုသောဘွဲ့ကိုစတင်တွေ့ရှိရသည်။ ထိုဥဿလင်းမှာ ချင်းပြည်နယ်ပလက်ဝ ဥဿလင်းလော၊ စစ်တကောင်းအရပ်မှ ဥဿလင်းလောဟုလေ့လာပါမည်။
မင်းဗာကြီး(၁၅၃၂-၁၅၅၄)လက်ထက်တွင်အနောက်ကုလားပြည်သို့စစ်ချီရန် တပ်တော်ဖွဲ့ရာတွင် “ဒိုင်းကိုင်ကာစွဲ သူရဲတသောင်းမှာ မီးစားလကျာ်ကျော်တဗိုလ်။ ကမံလေးကိုင် သူရဲတသောင်းမှာ ဥဿလင်းစား သတိုးအောင်တဗိုလ်။” ဟုတွေ့ရပြန်ပါသည်။ (ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၁) ယင်းနေရာတွင် ကမံလေးကိုင်သူရဲကောင်းတသောင်းမှာ ချင်းပြည်နယ်အတွင်းမှ မဖြစ်နိုင်ပေ၊ ရခိုင်ပြည်အတွင်းမှ စစ်သည်များဖြစ်ဟန်တူသည်။ ဥဿလင်းစားမှာ ဘွဲ့အမည်သာဖြစ်ပြီး၊ လူများမှာ အထက်အညာမှ ဟုတ်ဟန်မတူပေ။ ရှင်စန္ဒမာလလင်္ကာရရေး ရခိုင်ရာဇဝင်သစ်ကျမ်းတွင် ဥဿလင်း စားမပါပေ။(စာ ၆၀-၆၁)
ထိုအချက်ကိုဆိုလိုရသည်မှာ မင်းဖလောင်းကြီး(၁၅၇၂-၁၅၉၃)လက်ထက်။ တရံရောအခါ၊ ဥဿလင်း စား ငပေါင်တို့ကို စိန်တင်စားအရာ ပေးမည်ရှိလတ်သော်။ အမတ်ပညာကျော်လျှောက်သည်ကား။ အရှင်မင်းမြတ်။ ဥဿလင်းစား ငပေါင်တိုသည် စစ်ထိုးမှု၌ အလွန် အလိုကြီးသောသူ၊ အကျိုးအပြစ်ကို အမှန်သိမည်မထင်ပါ။ စိန်တင်စားအရပ်သားတို့သည် ကိုက်တတ်သော ခွေးပမာ။ထို သူနှစ်ဦး သား တို့ကို။ အတူမထားသင့်ပါ လျှောက်သော်လည်း။(ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၈)
မင်းဖလောင်း(၁၅၇၂-၁၅၉၃)က ငပေါင်တိုငယ်သည် အဘမှာပြု။အမိမှာသော်ကား ကုလားရော နှောသည့်သား။ ဆင်စီးတို့လည်း မှူးမျိုးမတ်မျိုးမဟုတ်။ သင့်ဘ-ငနိုးသည်၊ခမည်းတော်ဘုရားသည် ကုလားပြည်ကို သိမ်းတော်မူ သောကာလ၊ အမှုထမ်းလိုကြောင်းနှင့် လျှောက်လေသော်။ အပြန်တွင် ထမ်းရည်ကိုထောက်၍ ရိုးစားအရာ ပေးတော်မူသည်။ သင့်ဘ-အသုံးရသောကြောင့် သင့်ကိုကျေး ရွာပေးသည်။(ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၉)
အရှင်မင်းမြတ်၊ ကျွန်တော်မျိုး ငပေါင်တိုကို၊ တဆယ်ကျော်ဥဿလင်း ချောင်းစားပေးတော်မူသည်ကာလ၊ မည်သို့အကြောင်းမရှိပါ။ တန်ရာ တွင်မထား- လွန်၍ထား ချေ သောကြောင့် ငပေါင်တို မာန်မြောက်ခြင်းသာ ဖြစ်ပါသည်။ အနေအထား၊ အစားကျေး ရွာသင့်လျော်မှသာ၊ အရှည်သဖြင့်၊ ကျေးကျွန်အသုံးတော်ရပါမည်။ လူနှင့်မတန်လွန်၍ ပြုတော်မူ ချေသော်။(ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၉)
ထိုအချက်များက ဥဿလင်းသည် ရခိုင်ဘုရင်များကစတင်လွှမ်းမိုးလာပြီး၊ ချောင်းစားများကို ခန့် အပ်ကြောင်းတွေ့ရသည်။ ကုလားပြည်ကိုသိမ်း၍အပြန်တွင် ငပေါင်တိုအဖက လျောက်သောကြောင့် ရိုးစားကိုပေးသည် ဆိုရာတွင် ထိုနေရာသည် စစ်တကောင်းဒေသဖြစ်နိုင်ဖွယ်များသည်။ မင်းဖလောင်း သည်အနောက်ဖက်တလွှား အလွန်သြဇာလွှမ်းမိုးသောဘုရင်ဖြစ်လေသည်။ အနောက်ကုလားပြည်ကို စစ်ကြောင်းသုံးကြောင်းဖြင့်တိုက်ခဲ့လေသည်။ ထိုအချက်ကို ခိုင်မာစေသောအချက်မှာ-တခါတပါး ၁၅၇၂ တွင် ဘုရင်မဏီသူ(အမြင့်စား)ကိုမူကား ဥဿလင်းသို့ထွက်ရာ မြုံတို့အရပ်တွင် ထူးဆန်းသော သင်္ဘောပင်ကြီးတပင်ကို တွေ့လေမူ၊ ထိုအပင်နှင့် အသီးများကို ရွှေချ၍ ရွှေပဒေ သာပင် ရခဲ့သည်ဟု လက်ဆောင်ယူခဲ့ရာ ပြည့်ရှင်မင်းကြီး(မင်းဖလောင်း (၁၅၇၂-၁၅၉၃))က အသုံး ကင်စားငလုံးတင်ကို စေလွှတ်တော်မူ၍ကြည့်စေရာ ရလာကင်းဆိပ်တွင် ငလုံးတင်နှင့်တွေ့လေမူ ငလုံးတင်ရှေ့တွင် သင်္ဘောသီးတလုံး ကျွေကျသည်ကိုမြင်သော် (ရခိုင်ရာဇဝင်သစ်ကျမ်း၊ စန္ဒမာလ င်္လကာရ၊၁၃၈)
မင်းဖလောင်းသည်တောင်ငူမင်းက အကူအညီတောင်းသောကြောင့် ဟံသာဝတီကိုစစ်ပြင်သော တပ် တော်တွင် မီးချောင်းစား၊နှင့် ဥဿလင်းစားတို့မပါပေ။ ထို့ကြောင့် မီးချောင်း၊ ဥဿလင်း ဒေသများမှာ လေးမြို့ခေတ်ဦးတွင် နယ်စွန်သာဖြစ်လေသည်။ ယခင်ဓမ္မဇေယျအမတ် ခေတ္တခိုအောင်းစဉ် ကတည်း က နေထိုင်ခဲ့သောမြုံခေါ်သော မြိုလူမျိုးများဖြစ်ပေသည်။ ရခိုင်လူမျိုးများလာ ရောနေထိုင်ခြင်း မရှိကြောင်းဆိုနိုင်ပေသည်။ သို့သော် မြောက်ဦးခေတ်လယ်ပိုင်း ရခိုင်ဘုရင်များ၏ သြဇာအာဏာ သည် ကုလတန်အထက်သို့ စတင်ရောက်ရှိနေပြီကိုကား ပြောနိုင်ပေသည်။
ဥတ္တရာဇ်လော ဥဿလင်းလော
ဥဿလင်းနှင့်ပတ်သက်၍ စဉ်းစားရန်နှစ်နေရာရှိလေသည်။ ပထမနေရာမှာ “မြုံတို့အရပ် ဥဿလင်း”ဆိုသည်မှာ တြိပူရမြုံတို့အရပ်လည်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မဇေယျ အမတ်သည် အနောက်သို့ပြေးဝင်သောအချိန်တွင်တြိပူရကိုလည်း မြုံပြည်ဟုခေါ်လေသည်။ ဥတ္တရာဇ် ပြည်ဟုလည်းသမုတ်သည်လည်းဆို၏။ ဟစ်ရုံပြည်ဟုလည်းဆိုလေသည်။ မြေပုံတွင် မြုံထောင်သည် စစ်တကောင်းတောင်တန်းမြောက်ဖက်ဆုံးနယ်ကိုဆိုသည်။ ယခု ခါကရာချာရီခရိုင် (Khagrachari District) အား မြုံထောင်အမည်ဖြင့်ခေါ်ခဲ့ပြီး၊ ၎င်းနယ်နှင့် ကပ်လျက်မြောက်ဖက်တွင် တြိပူရနယ်ရှိလေ သည်။ ထိုမြုံတို့နယ်အား ဥတ္တရာဇ်ဟုခေါ်သောကြောင့် ရခိုင်တို့အနောက်ဖက်တလွှားကို စတင် လွှမ်းမိုးခဲ့သော မြုံတို့အရပ်ဥဿလင်းမှ ထိုနေရာလည်းဖြစ်နိုင်ကြောင်းစဉ်းစားရပါသည်။
အဘယ်ကြောင့်ဆိုသော် ရခိုင်သမိုင်းများသည် ၁၉ ရာစုတွင် အချို့ပေစာများကို ကိုးကားကာ နောက် ပြန် ရေးသားလေသည်။ ဥတ္တရာဇ်နှင့် ဥဿလင်းကို အမှတ်မှားဟန်လည်းတူပေသည်။ တခါတရံ ဥတ္တလင်ဟုလည်း ဆိုလေသည်။ အကယ်၍မြုံဆိုသည့်လူမျိုးများမှာ အသျှင်စက္ကိန္ဒ၏ ရခိုင်ပုံသေဝတ္ထု (ပထမတွဲ)၁၉၉၈ စာ ၉) တွင် ဥတ္တရမဓုမြို့ကို နောင်တွင် ဥဿလင်းဟုခေါ် ကြောင်း ဆိုသည်။ သို့သော် ရသေ့နှင့်အဥ္ဇနဒေဝီ တို့တည်သောနေရာမှာ ကျောက်တော်နယ်ကို သာညွှန်းပါ သည်။ ထိုဇတ်လမ်းမှာလည်း ဒဏ္ဍာရီသာဖြစ်သည်။တြိပူရအနီးတဝိုက်ရှိ လူမျိုးများကိုဆိုလိုသည် ဖြစ်ပါက “မြုံတို့အရပ်ဥဿလင်း”မှာ စစ်တကောင်းဖက်ဖြစ်ပေလိမ့် မည်။ အဘယ့်ကြောင့်ဆိုသော် ရခိုင်တို့က တြိပူရီ တို့ကို မြုံအဖြစ်တောက်လျောက်ခေါ်ဆိုလာခဲ့လေသည်။
“ဓမ္မဇေယျ စုံနှစ်မမူ၊ ထိုသူရဲမက်၊ သိမ်းခေါ်လျက်သာ၊ မြုံရွာအဝင်၊ တောင်ခွင်မြိုင်ခြေ၊ ရှောင်နေမလစ်၊ အားအံသစ်လျက်၊ ကစ္ဆပနဒီ၊ တပ်လုံးချီ၍၊ ကပ်မှီရောက်ခါ၊ မြောက်အညာသို့၊ သွားရာမလိုက်၊ တော်၌ပုံတူ၊ လူအပုံကို၊ အမြုံဟုခေါ်ဝါ၊ ချောင်းအမြွှာတွင်၊ သုံးရွာစုစု၊ နေမှတ်ပြုသည်၊ တည် ဘူးရာတွင်၊ ထိုပြင်မြေဝေး၊ ထွက်ပြေးလေတတ်၊ အမတ်နှင့်ပါ၊ များစွာသူပုန်း၊ နေတုံမလွဲ၊ အမည်စွဲ၍၊ ဟဲရုံခုတွင်၊ သို့စင်ပြည်ထဲ”( ရခိုင်ရာဇဝင်ကျောက်ရိုး၊ မြို့တည်ခြင်း လင်္ကာပေမူ၊{ခဲ့} ချပ်)
ပလက်ဝနယ်မှ ဥဿလင်းဖြစ်နိုင်ရန်ခဲယဉ်းရခြင်းအကြောင်းနောက်တစ်ချက်ရှိလေသည်။ မြောက်ဦး ခေတ်လယ်ပိုင်းလောက်က မြောက်ဦးကို ရောက်ရှိခဲ့သော ခရစ်ယာန်ဘုန်တော်ကြီးမန်ဒရစ်သည် တနေ့သောအခါ မြောက်ဖက်တောင်ကုန်းများအကြားတွင် မဲဇာအပို့ခံရသော ပေါ်တူဂီကုန်သည် များကို သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။ ထိုကုန်သည်များမှာ ထွက်မပြေးနိုင်အောင် ခြေသရွတ် များအား ဖျက်ဆီးထားကာ ဒေသခံ ချင်း၊မြိုများနှင့် လက် ထပ်ကြောင်းဆိုသည်။ ထိုမြောက်ဖက်မှာ ကုလားတန်းမြစ်ကြောင်းအတိုင်း ဖြစ်ပြီးလူသူအရောက်အပေါက်နည်းလေသည်။
အကယ်၍ ထိုဥဿလင်းမှာ ပလက်ဝနယ်မှ ဥဿလင်းအားဆိုခြင်းဖြစ်သည်ဆိုပါကလည်း ဒေသခံမြို လူမျိုး ချင်းလူမျိုးများ အစဉ်တစိုက် နေထိုင်သောနေရာသာဖြစ်လေသည်။ ထိုမြိုဆိုသောသူများ မှာလည်း ယနေ့နေထိုင်လျက် ရှိသော ခူမီးချင်းများကိုဆိုလိုဟန်တူသည်။ တောခေါင်သောအရပ်အား ဘုရင်များကစိတ်ဝင်စားခဲ့ဟန်မတူပေ။ (ပလက်ဝ ဥဿလင်းအကြောင်းအား နောက်အခန်းတွင် ဖော်ပြပါမည်)
မင်းဗာကြီးစစ်ချီလမ်းကြောင်း
မင်းဗာကြီး(၁၅၃၂-၁၅၅၄)လက်ထက်တွင် အနောက်သို့ချီရာတွင် သားတော်အိမ်ရှေ့မင်းမှာ။ သက္ကဒါန် လှေတော်ကို စီးတော်မူသည်။ အသီး အသီး ရဲမက်ဗိုလ်ခြေတို့ စီးသည့်လှေများမှာ။ လွန်းကြင် ဘားတပ်။ ဘားမဲ့စပ်တင်လှေငါးရာ။ သူရဲငါးသောင်းနှင့်။ မရူမြစ်ကိုထွက်၍ ပင်လယ်ကြောင်း ချီလေသည်။ သားတော်သံတွဲစားချစ်နှောင်လည်း။ ကစ္ဆပနဒီမြစ်ညာလက်ဝဲဘက်ပေချောင်းကို ဆန်၍၊ ကျောက်မသာကျောက်ဖျာက။ ခွေးမွေးတောင်။ခိုင်တမို့လမ်းချီလေသည်။(ဓညဝတီရာဇဝင်၊ ဦးပဏ္ဍိ၊ စာ ၇၂) မင်းဖလောင်းလက် ထက်အရှေ့သို့စစ်ချီရာတွင်လည်း “ညီတော်ကုလတန်စားချစ်နှောင်း ကိုလည်း မြုံ၊ သက်။ လင်းကဲ၊ ချင်း၊ ချော်၊ ခွေးမွေး။ လေးတူး။ တဲခွ။ ချောင်းသား။ ကတူး။ ချုပ်လဟော်လူမျိုးတို့နှင့်။ ဖိုးခေါင်တောင်အရှေ့ဘက်ကျေးရွာသို့ချီတက်စေ သည်။” (ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၅)
ထိုသူများမှာ စစ်ဆင်ရေးလမ်းကြောင်းတလျောက်က လူများဖြစ်သည်။ သားတော်ချစ်နှောင်းချီသည့် ထိုလမ်းကြောင်းသည် ယနေ့ပလက်ဝနယ်၏ အနောက်တောင် နယ်စပ် ချောင်း တလျောက်မှ သွားကာ စစ်တကောင်းတောင်တန်းကို ရောက်ပြီး ထိုမှသက်ထောင်၊ မြုံထောင်၊ တြိပူရ ဥတ္တရာဇ်သို့ရောက်လေသည်။ ထို့ကြောင့် ကုလားတန်စားဖြစ်သောအခါ ဌာနေတိုင်းရင်း သားများနှင့် ရင်းနှီးနေခြင်းဖြစ်လေသည်။
ရခိုင်ဘုရင်တို့၏လွှမ်းမိုးမှုမြန်မာကျောက်စာများ
အေဒီ ၁၄၄၄သက်-မြုန်၊-ချင်းကို အစိုးရသော ကစ္စပတိ၊ အဿပတိမည်သော ပန်းသေးမင်းတို့၏ အမျိုးအနွယ် ဖြစ်သော ရခိုင်မင်းသည် ဖိုးခေါင်ဆဲတပ်ကိုကျူး၍ အဘိုးအတိုင်းမသိသော မြရှင်လက် ကောက်ကို ဦးထက်တင်၍ဆက်ပြီးသော။ ၈၀၆ ခုစွဲ၊ စစ်ကိုင်းမြို့ထူပါရုံစေတီ ကျောက်စာ ၂၁၊ ၂၂။
အေဒီ ၁၄၄၆/ ၁၄၅၄ ချင်းလင်းအပြိုင်၊ ရခိုင်သံတွဲ၊ သက်ခပဲးတို့ဝ်ကိုဝ်တမူလေလေည်း အစိုဝ်းရစင်ပြီးထသော။
၈၀၈ ခုစွဲ၊ စစ်ကိုင်းမြို့၊ မဟာသီဟသူရကျောင်းကျောက်စာ ၅။၈၁၆ ခုစွဲ၊စစ်ကိုင်းမြို့၊ သစ်ဆိမ်ကတော်ကျောင်းကျောက်စာ ၅။သက်မှာ ချက္ကမ၊ မြုန်မှာ တြိပူရီ၊ ချင်းမှာ ရခိုင်ပြည်ချောင်းမြောင်းဘေးတွင်နေထိုင်သောချင်း တိုင်း ရင်းသားများကိုဆိုလိုဟန်ရှိပေသည်။ အထူးသဖြင့် လေးမြို့မြစ်ဝှမ်းများ၊ ဖိုခေါင်တောင်ရိုးပေါ်တွင် အစဉ်မပြတ်ဆက်ဆံနေရသော ချင်းလူမျိုးများကိုဆိုလိုပါသည်။
သုံးသပ်ချက်
ထိုမြောက်ဦးခေတ်လယ်ပိုင်းတွင် ရခိုင်ဘုရင်များ အင်အားကြီးထွားလာသောကြောင့် ဌာနေတိုင်း ရင်းသားများသည် ထိုရခိုင်ဘုရင်လက်အောက်သို့ကျရောက်ခဲ့ရပါတော့သည်၊ သို့တိုင်အောင် တောင် ပေါ်တောင်တန်းများကို ချီတက်တိုက်ခိုက်ခြင်း၊ သိမ်း ယူခြင်းမပြုခဲ့ချေ။ မြစ်ချောင်းများတွင် နေထိုင် သော ဌာနေတိုင်းရင်းသား ချင်း၊ မြို၊ သက်ကျေးရွာများမှ အုပ်ချုပ်မှုအောက်တွင်ကျရောက်ခဲ့ပြီး အခွန်အတုပ်များလည်းပေးဆောင်ရခြင်း၊ အချို့နီးစပ်ရာတို့မှာစစ်ချီရာတွင်ပါဝင်ရခြင်းများဖြင့် ပါဝင် ကောင်း ပါဝင်ကြပေလိမ့်မည်။ထိုမင်းလက်ထက်တွင် တိုင်ရင်းသားဌာနေလူမျိုးများကို များစွာစုစည်းနိုင်ခဲ့ပါသည်။ မြောက်ဦး၏ ရွှေခေတ်ဟုဆိုနိုင်သော ကာလဖြစ်လေသည်။ အကြောင်းမှာလည်း တိုင်းရင်းသားစည်းလုံးညီ ညွတ် ရေးကို မှန်ကန်စွာတည်ဆောက်နိုင်သော ကြောင့်ပင်ဖြစ်ပါသည်။ မြောက်ဦးခေတ်လယ် ရခိုင်ဘုရင် များလက်ထက်ရောက်သောအခါတွင် ချင်းတောင်အတွင်း ကုလားတန်မြစ်ဘေးတွင် ရခိုင်လူမျိုးများ စတင် ဝင်ရောက်စိုးမိုးလာကြောင်းဆိုနိုင်ပါသည်။ သို့တိုင်အောင် အုပ်ချုပ်ရေးတည် ဆောက်သည်ဆို သောကိစ္စမှာ ဆက်လက်လေ့လာရန်သာဖြစ်သည်။အဘယ်ကြောင့်ဆိုသော ဥဿလင်းနေရာမှ ဒွိဟဖြစ်နေဆဲဖြစ်သည်။ မည်သို့ဆိုစေကာမူ ရခိုင်ဘုရင်များတန်ခိုးကြီးထွားလာသော ၁၅ ရာစုနှောင်းပိုင်းမှ စတင်ကာ ပတ်ဝန်းကျင်တွင် ကုလားတန်မြစ်ရိုးတလျောက်သို့ ရခိုင်ဘုရင်သြဇာ အနည်း နှင့်အများသက်ရောက်မူရှိသည်ကို လက်ခံနိုင်ရပေမည်။ တောင်တန်းအပေါ်ဖက်သို့မူကား မရောက်ရှိကြောင်းသေချာလေသည်။ ထိုအချိန်က ရခိုင်လူမျိုးများနှင့် အခြားလူမျိုးများ (ချင်းမှအပ) ဝင်ရောက်နေထိုင်လာသည်ဟု ပြောရန်အထောက် အထားမရှိသေးချေ။ ထို့ပြင် ရခိုင်ရာဇဝင် အထောက်အထားများကိုထောက်ရသောအခါ ၁၆ ရာစုနှောင်းပိုင်းရောက်မှသာ ပလက်ဝကုလားတန် မြစ်ရိုးတလျောက် ရခိုင်လူမျိုးများအနည်းငယ် အခြေချ နေထိုင်လာပေသည်။(စကားချပ်။ ။ မြေအောက်အထောက်အထား၊ ခိုင်မာသော သမိုင်းအထောက်အထားများ ထပ်မံ ညွှန်းဆိုနိုင်ပါက အနည်းငယ်အပြောင်းအလဲရှိနိုင်ပေသည်)

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: