ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း(ဂ) ခ်င္းျပည္နယ္မွခ်င္းရခိုင္ဆက္ဆံေရးသမိုင္း(ဂ)

Map by Ro Sang

By Ro Sang| The Chinland Post | 2020 March 2|    Zawgyi is below
ပလက်ဝတွင်ရခိုင်မရှိခဲ့ပါ

ခေါင်းစဉ်မှာ ပလက်ဝတွင်ရခိုင်မရှိခဲ့ပါဆိုထားရာစာဖတ်သူများအနည်းငယ်ခေါင်းရှုပ်သွားပေလိမ့်မည်။

ယနေ့ပလက်ဝတွင်ရှိသော ရခိုင်အမည်ခံယူသူများမှာ အဘယ်သူနည်း။ မည်သည့်နေရာမှ ဝင်ရောက် လာကြသနည်း၊ မည်သည့်အမျိုးအနွယ် ဇစ်မြစ်မှာအဘယ်နည်းဆိုသည်ကိုလေ့လာလိုသောကြောင့်ခေါင်းစဥ်တပ်ခြင်းဖြစ်ပါသည်။ နားလည်ပေးစေလိုပါသည်။

လက်ရှိ ချင်းပြည်နယ်၊ ပလက်ဝနယ်အတွင်းရှိ ရခိုင်လူမျိုးများသည် မည်သည့် အချိန်မှဝင်ရောက်နေထိုင်လာပါသနည်း။ လူဦးရေမည်မျှနှင့် ကျေးရွာမည်မျှ တည် ထောင်ခဲ့ပါသနည်းဆိုသည်ကို ဆက်လက်လေ့လာပါမည်။ ယခု စာတမ်းများသည် ရခိုင်ရာဇဝင်ကျမ်းများ နှင့်ဥရောပ အထောက် အထားများဖြင့်ဖော်ပြပါမည်။

ပလက်ဝသို့ရခိုင်လူမျိုးများဝင်ရောက်အခြေချနေထိုင်လာကြခြင်းကိုလေ့လာကြည့်လျှင်၁၃၃၃ ခုနှစ် ရခိုင် ဘုရင်မင်းထီးလက်ထက်တွင် အရှေ့အရပ်မှ သက်မင်းအား ပလက်ဝနှင့် ကျောက် တော်နယ်စပ် အကြား ကျောက်ဖျာရွာတွင်လည်းကောင်း၊ သားအလတ်စောဖြူကို မီးစားအဖြစ် စတင် နေရာချ ထားလျက်နေထိုင်စေကြောင်းတွေ့ရပေလိမ့်မည်။ ညီတော်ဥပရာဇာနရနုမင်း/အလီခင်မင်းလက်ထက် (၁၄၃၃-၁၄၅၉) တွင် ဥဿလင်းစားအမည်ကိုစတင်တွေ့ရှိရခြင်း၊ မင်းဗာကြီး (၁၅၃၂-၁၅၅၄) လက်ထက်တွင်လည်း မီးစား နှင့် ဥဿလင်းစားအမည်များကိုထပ်မံတွေ့ရှိရခြင်း၊မင်းဖလောင်းကြီး(၁၅၇၂-၁၅၉၃) လက် ထက်တွင်ဥဿ လင်းစားနေရာအတွက် စီမံဆောင် ရွက်ခြင်း၊ ထိုဘုရင်လက်ထက် ၁၅၇၂ တွင်ပင် ဘုရင်မဏီသူ (အမြင့်စား) ဥဿလင်းသို့ထွက်ရာ မြုံတို့အရပ်မှ ထူးဆန်းသော သင်္ဘောပင်ကိုရရှိလာခြင်း၊ မင်း ဗာ ကြီး(၁၅၃၂-၁၅၅၄)လက်ထက်သားတော်သံတွဲစားချစ်နှောင်းတပ်ချီလမ်းကြောင်းများစသော သဲလွန်စ များ အရသော်လည်းကောင်း၊ ၈၀၆ ခုစွဲ၊ (၁၄၄၄)စစ်ကိုင်းမြို့ထူပါရုံစေတီကျောက် စာ၊ ၈၀၈ ခုစွဲ၊ (၁၄၄၆) စစ်ကိုင်းမြို့၊ မဟာသီဟသူရကျောင်းကျောက်စာ၊ ၈၁၆(၁၄၅၄) ခုစွဲ၊စစ်ကိုင်းမြို့၊ သစ်ဆိမ်က တော်ကျောင်း ကျောက် စာများစသော မြန်မာကျောက်များအရ မြောက်ဦးခေတ်လယ်ပိုင်း တန်ခိုးကြီး ထွားလာသော ရခိုင်ဘုရင်များ၏ သြဇာအာဏာသည် ကုလားတန်းမြစ်ရိုးတလျောက် ဖြန့်ကျက်လာ သည်ဟုဆိုနိုင်ပါသည်။

ထိုအချိန်က ရခိုင်လူမျိုးများဝင်ရောက်နေထိုင်ခြင်းအားတိတိကျကျမတွေ့ရသေးချေ။ ရောက်ရှိလာသူများမှာလည်း ထိုအချိန်က ရခိုင်နန်းတွင်းနှင့်အဆင်မပြေသောကြောင့် ခိုလှုံလာသောသူများ၊ စစ်ပြေးများနှင့် မဲဇာ အပို့ခံရသူများသာများပြားပါသည်။ ၁၈ ရာစုကုန်လောက်မှ မီးချောင်း(ရခိုင်နယ်စပ်)ကို ထိန်း ချုပ်ရန် စစ်သည်မိသားစု(ချောင်းသား)များကို နေထိုင်စေကြောင်းတွေ့ရလိမ့်မည်။

ထပ်မံဖြည့်စွက်လိုသည်မှာ မြောက်ဦးခေတ်အစောပိုင်း မင်းစောမွန်လက်ထက်(၁၄၂၉-၁၄၃၃) တွင် မျောက်သားတော်(မိဖုရား)စောစစ်သည် မင်းစောမွန်မရောက်ပြီထင်၍ မောင်တော်များမှ လင်ပေးစား လိုက်ရာ မင်းစောမွန်မှ လင်ကို မီးချောင်းဖျားသို့လျိုထားပြီး စောစစ်ကို နန်းတော်သို့ ဆောင်လေ သည်။ (ရှင်စန္ဒမာလလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်၊ အတွဲ၅-၇၊ စာ ၈-၉) ထိုအချိန်က မဲဇာပို့သော နယ်စွန်နယ်ဖျားမှာ ကျောက်တော်နယ်စပ်မှ မီးချောင်းဖျားအရပ်ဖြစ်လေသည်။

၁)ဥဿလင်းဘုရားနှင့်ကုန်းတော်ဘုရား
ပလက်ဝရှိရှေးဟောင်းအထောက်အထားများဖြင့်သုံးသပ်ခြင်းကိုပြုလုပ်ရမည်ဖြစ်သောကြောင့် ရှေးကျ သောအထောက်အထားများကိုရှာဖွေရာတွင် ဥဿလင်းဘုရားနှင့် ကုန်းတော်ဘုရားများကိုတွေ့ရပါ သည်။ ထိုဘုရားများ၏ တည်နေရာမှ ယနေ့ပလက်ဝမှ မြောက်ဖက်ဥဿလင်း(၄၃)မိုင်နှင့် ကုန်း တော်(၂၆)မိုင်ကွာဝေးပါသည်။ ဥဿလင်းအမည်အား နရနုမင်းလက်ထက် (၁၄၅၉-၁၄၈၂) နှင့် မင်းဗာ ကြီး(၁၅၃၂-၁၅၅၄)လက်ထက်တွင် ဥဿလင်းစားအမည်များကိုဖော်ပြပါရှိခဲ့သော် လည်း တည် နေရာ အညွှန်းအား ဝိရောဓိဖြစ်နေဆဲဖြစ်ပါသည်။ မြုံတို့အရပ်ဆိုခြင်းမှာ မြုံထောင်ကိုလည်းဆိုနိုင်သော ကြောင့်ပေတည်း။ ထို့အပြင်အရခိုင်သမိုင်းမှတ်တမ်းအစောင်စောင်များတွင် မြုံလူမျိုး၊ မြုံပြည်ဟု ညွှန်းသောအခါ အနောက်ပြည်မှ တြိပူရအနီးမှ စစ်တကောင်းကိုသာညွှန်းဆိုလေသည်။ သိုက်တတ် ငလက်ရုံး၏ ဓညဝတီအညွှန်းတွင် ဥဿလင်းမှာ ဓညဝတီမှ မြောက်ဖက် (၁၇) တိုင်၊ မိုင်အားဖြင့် (၃၀) ကျော်ဆိုရာ မြေပြင်တွင် မိုင်(၈၀)ကျော်ကွာဝေးလေသည်။ ပြန်လည်စစ်ဆေးရန်ဖြစ်သည်။ မည်သို့ဆို စေကာမူ လက်ရှိပလက်ဝအရပ်မှ ဥဿလင်း၏ဇာတ်ကြောင်းနောက်ကိုလိုက်မည်ဖြစ်ပါသည်။ သို့မှ သာ လက်ရှိနေထိုင်သောရခိုင်လူမျိုးများအကြောင်းသဲလွန်စရရှိ မည်ဖြစ်ပါသည်။

ထိုဥဿလင်းစေတီနှင့်ကုန်းတော်စေတီတို့မှာ ဥရိတောင်ဘုရားဒါယိကာရခိုင်ပြည့်ဘုရင်မင်းဖလောင်း (၁၅၇၂-၁၅၉၃)၏ မိဘုရားစောမဲကြီးမှ တည်ထားကိုးကွယ်ကြောင်းဆိုပါသည်။ (GER Grant Brown, Northern Arakan Hills District, 1920, p 9) ချော(ပနန်)လူမျိုးများမှာလည်း ထိုဘုရားများကို ပြုစုရန်တွက် ဘုရားကျွန်အဖြစ်မိဖုရားစောမဲကြီးမှ လှူဒါန်းကြောင်းနှုတ်ရာဇဝင်ရှိပါသည်။ (GER Grant Brown ,p 14) ရခိုင်လူမျိုးများလာရောက်နေထိုင်သည်ကိုမူမဖော်ပြထားပေ။

အခြားရှေးဟောင်းအထောက်အထားတစ်ခုမှာ စတူပါစေတီငယ်များဖြစ်သည်။ ထိုစေတီများသည် ခေတ်တွင်ထွင်းထုထားသောကျောက်သားစတူပါစေတီငယ်လေးများဖြစ်သည်။ချင်းပြည်နယ် ပလက်ဝ တွင် တူးဖော်တွေ့ရှိရသော စတူပါအား မီးချောင်း၊ မီးချောင်းမွေတော်ဓါတ်မှ ရရှိသည်။ ကုန်းတော် အရပ်တွင် စတူပါများတွေ့ရှိရသည်ဆိုသော်လည်း မည်သည့်ခေတ်ကဆိုသည်ကိုမသိရပါ။ (မင်းပြား သိန်းဇံ၊ ရခိုင်စတူပါကျောက်စေတီငယ်များ၊ ၂၀၀၃၊ စာ ၅၈-၅၉) သို့သော် ရခိုင်စတုပါများတွင် ရေးထိုးထားသည့် ကျောက်စာပုံစံကိုကြည့်ခြင်းအားဖြင့် ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်နှစ်မျိုး တွေ့နိုင်သည်။ ချင်းပြည်နယ် ပလက်ဝ၊ ကုန်းတော်တွင်တွေ့ရသော စတူပါ များမှာ ဝေသာလီခေတ် ဆိုပါက အမတ်ဓမ္မဇေယျချန်ထားသောစေတီငယ်များဖြစ်ပေလိမ့်မည်။ သို့ မဟုတ်ပါက မြောက်ဦး ခေတ်လယ် မိဖုရားစောမဲကြီးက တည်ထားခဲ့သော အရံစေတီများဖြစ်ပေလိမ့်မည်။ သို့သော် မြောက် ဦး ခေတ်လယ်မှ စေတီငယ်များဖြစ်နိုင်ရာ၏။

တိုင်းကြီးတစ်တိုင်းဖြစ်လောက်အောင် အဆိုပါပလက်ဝနယ်ဥဿလင်းမှာ လူနေထူထပ်မှုမရှိသော ကြောင့်ဖြစ်သည်။ တိုင်းတစ်တိုင်းအဖြစ်ဖော်ပြနိုင်သော ဥဿလင်းမှ မြုံထောင်ကိုဆိုခြင်းဖြစ်ဟန်တူ လေသည်။ အခြားထင်ရှားသောအချက်တစ်ချက်မှာ မင်းစောမွန်(၁၄၂၉-၁၄၃၃)၊ နရနုမင်း (၁၄၃၃- ၁၄၅၉) လက်ထက်များက အနောက်ဘက်တလွှားကို အောင်မြင်သောကြောင့် ဥဿလင်းစားအမည် ကို ဖော်ပြခြင်းဖြစ်ပေမည်။ မင်းဗာကြီး(၁၅၃၂- ၁၅၅၄)လက်ထက်ကလည်း အနောက်ကုလားပြည်ကို စစ်ချီသောအခါ ဥဿလင်းစားပါဝင်ရခြင်းမှာ စစ်တကောင်းလမ်းကြောင်းသင့်သောကြောင့်ဖြစ်သည်။

သို့သော် မင်းဖလောင်း(၁၅၇၂-၁၅၉၃) လက်ထက် အရှေ့ပဲခူးသို့စစ်ချီသောအခါတွင် ဥဿလင်းစား အမည်မပါတော့ဘဲ မြုံ၊ သက်၊ လင်းကဲ စသဖြင့်သာ ပါဝင်တော့သည်။ ထိုမင်းလက်ထက်က ဥဿ လင်းစားမှ စိန်တင်စားအရိုက်အရာအကြောင်းအခြင်းအရာများ၊ မြုံတို့အရပ်ဥဿလင်း စသည်များကို ထောက်ရှုပါက ပလက်ဝဥဿလင်းနှင့် မြုံဥဿလင်းမှာ မတူကြောင်းမှန်းဆရပါသည်။ ရခိုင်သမိုင်း မှတ်တမ်းများတွင် မြောက်ဦးနှောင်းပိုင်း တောက်လျောက်တွင် ဥဿလင်းအကြောင်း မှေး မှိန်ပြီး၊ မြုံပြည်၊ မြုံမင်း၊ ဥဒရာဇ်၊ ဥတ္တရာဇ်၊ စသည်အမည်များဖြင့် သီးခြားလွတ်လပ်သောပြည်အဖြစ် ဖော်ပြ တွေ့ရှိရပါသည်။ မြောက်ဦးခေတ်လယ်လောက်က ပေါ်ထွက်လာသော ဥဿလင်းအကြောင်းမှာ နောက်ပိုင်းတွင် တိမ်မြုပ်သွားပါသည်။

၂)မွန်တလိုင်းလူမျိုးများ
အခြားအထောက်အထားတစ်ခုမှာ မွန်အမည်ကျေးရွာများကိုတွေ့ရှိရခြင်းဖြစ်ပါသည်။ အချို့အဆိုအရ ၁၅၈၈ ခုနှစ်တွင် ရခိုင်မင်းနှင့် အကြောင်း ပါသည့် ပဲခူးမင်းသမီးတပါးနှင့်အတူပါလာသော မွန်တလိုင်းအနွယ်နောက်လိုက်ပါ အချွေအရံများဖြစ်ကြောင်းဆိုပါသည်။ (Hughes, The Hill Tracts of Arakan, 1881, p 14)ထိုမွန်မင်းသမီးသည်ရခိုင်နန်းတော်တွင်မပျော်ပိုက်သောကြောင့် ကုလားတန်မြစ်ကိုဆန်တက်ကာ ဒလက်မေချောင်းပတ်ဝန်းကျင်တွင် အခြေစိုက်နေထိုင်ကြပေသည်။ ရခိုင်ရာဇဝင် များတွင် ပဲခူးမွန်မင်းသမီးခင်နှောင်းမှ ၁၆၀၁ မင်းရာဇာကြီး (၁၅၉၃-၁၆၁၂) ပဲခူးကိုစစ်အောင်မှ ပါလာ လေသည်။ ဒလက်မေအမည်မှာ မွန်အမည်
ဒလ အားအစွဲပြုဟန်ရှိပြီး ဒလဂမေ မှ ဒလက်မေ ဖြစ်လာကြောင်းဆိုပါသည်။ (Hughes, p 14)

ဥဿလင်းဆိုသည့် အမည်ကိုယ်နှိုက်က ပဲခူးဥဿာကို အစွဲပြုကာခေါ်သော ဥဿာမှ ဥဿလင်္ဂ-ဥဿလင်-ဥဿလင်း ဖြစ်လာသည်ဟုယူဆရပေမည်။ ဥရိတောင်ဘုရားဒါယိကာရခိုင်ပြည့် ဘုရင် မင်းဖလောင်း(၁၅၇၂-၁၅၉၃)၏ မိဘုရားစောမဲကြီးနှင့် အဆိုပါမွန်မင်းသမီးနှုတ်မှတ်တမ်းသည် အတူ တူ ပေလောဟုစဉ်းစားရပါသည်။ မည်သို့ဆိုစေ ကနဦးအခြေချမှုသည် ပြေးဝင်ခိုလှုံလာသော လူတစ်စု လူနည်းစုမှဒေသခံများနှင့် လက်တွဲကာနေထိုင်ကြောင်းယူဆနိုင်ပေသည်။ မြောက်ဦးမှ အုပ်ချုပ်သည် ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ်မရှိပေ။ အခြားပြောနိုင်သောအချက်မှာ ၁၈ ရာစုကုန်တွင် ရခိုင်နယ်စပ်မှ မြို သင်းကြီးအင်အား ကောင်းစွာဖြင့် ရခိုင်ဘုရင်အားတော်လှန်လေသည်။ အထက်သို့ အစဉ်အမြဲအုပ် ချုပ်မှုအာဏာမရှိပေ။

ပဲခူးမွန်များရခိုင်သို့ရောက်ရှိလာခြင်း
ရခိုင်ဘုရင်မင်းရာဇာကြီးလက်ထက် (၁၅၉၃- ၁၆၁၂) ဟံသာဝတီအား ၁၆၀၁ ခု တွင် လုပ်ကြံအောင်မြင်ရာ ဟံသာဝတီဘုရင်သမီးတော်ခင်မနှောင်း(ရှင်ထွေးနှောင်း)အားနောက်လိုက်အ ဆောင်အယောင်ဖြင့် ဆက်သလေသည်။ ထိုနောက် တိုက်ခိုက်လာသော ယိုးဒယားတို့ကိုနိုင်ပြန်သော ကြောင့် ယိုး ဒယားနှင့်မွန်အိမ်ထောင်စုံ ခြောက်သောင်းသိမ်းယူကာပြန်ကြောင်းဆိုလေသည်။ ထိုယိုးဒယားတို့ အား အစုရှစ်စုဖွဲ့ကာ ကစ္ဆပနဒီအရှေ့ဖွဲတားကျွန်း၊ တောင်ရင်းမြစ်၊ အနောက်ဖက်ပေကျွန်း၊ ဦးရစ်တောင်ကျွန်း၊ မရိုးကျွန်း၊ ရာမောင်ကျွန်းတွင်ထားကာ မွန်သုံးသောင်းအား ငါးဇင်ရိုင်းကျွန်းတွင်ထားလေသည်။ (ဦးပဏ္ဍိ၊ ဓညဝတီရာဇဝင်၊ စာ ၁၀၀)

ကျောက်တော်မွန်များပုန်ကန်မှု
ဝရဓမ္မရာဇာမင်း(၁၆၈၅-၁၆၉၂)လက်ထက်ကိုယ်ရံတော်များက နန်းတွင်းအာဏာသိမ်းမှုဖြစ်ကာ ဘု ရင်ကိုရုပ်သေးရုပ်ပမာ ချယ်လှယ်နေချိန်တ ၁၆၈၈ ခုတွင် မွန်နဲကောမိနှင့် စည်းတင်ဘုန်းကြီးတို့ သည် တလိုင်းသူရဲအပေါင်းနှင့် ဝရဓမ္မရာဇာမင်းအားပုန်စားလေသည်။ကိုယ်ရံတော်တို့တိုက်ခိုက်ကြလေလျှင် ပြေးပြန်လေကုန်၏။ ထိုနှစ်ဝါခေါင်လတွင်ပင် တလိုင်းနဲကောမိနှင့်ကုလားတို့ညီညာ၍ ဦးရစ်တောင်တွင်သောင်းကျန်းလေသည်။ ကိုယ်ရံကြီးထွက်၍တိုက်ချေသော် မနိုင်၍ပြန်ခဲ့ရ၏။ ယင်းလတွင်ပင် အထက်အညာအရပ်က တလိုင်းနှင့်ကုလားတပ်တည်၍ သောင်းကြမ်းပြန်လေကုန်၏။ မတ်ရာ ကျေး စားနှင့် ကိုယ်ရံကြီးတို့ချီသွားတိုက် ခိုက်ပြန်ရာ မတ်ရာကျေးစားတို့သည်ပျက်စီး၍ ကိုယ်ရံကြီးတို့ သည် ပြန်ခဲ့ကုန်၏။ ယင်းဝါခေါင်လဆုတ်တဆဲ့သုံးရက် အင်္ဂါနေ့တွင် ကိုယ်ရံကြီးသည် အညာမှာ တပ်ကို သွား၍ တိုက်လေသော် အောင် မြင်၍ပြန်ခဲ့သည်။ကိုယ်ရံကြီးသည်များစွာသော ရဲမက်ဗိုလ်ပါနှင့်တကွ ချီသွားစေ၍ သက္က ရာဇ်(၁၆၈၉) ကဆုန်လဆန်း (၈)ရက်တွင် ဦးရစ်တောင်တပ်၊ တလိုင်း နဲကောမီကို တိုက်လေသော်နိုင်လေ၏။

စန္ဒသူရိယဓမ္မရာဇာမင်း(၁၆၉၄-၁၆၉၆)လက် ထက်တွင် ကစ္ဆပနဒီမြစ်ညာတွင်နေသော မွန်နဲခွဲ၊ နဲသုတ တို့သည် တပ်တည်ကာ သောင်းကျန်းရာ လောသောကဦးစီသတိုးများစွာသော ရဲမက်ဗိုလ် ခြေဖြင့် တိုက်လေရာ လောသောကဦးစီသတိုးကျလေသည်။ ၁၆၉၅ တွင် တပ်ပြန်လာရသည်။ (စာ ၂၄၀) ကိုယ်ရံကြီးတို့ကထိုနှစ်တွင် ဝရဓမ္မရာဇာမင်းကိုနန်းတင်ပြန်ရာ ကစ္ဆပနဒီမြစ်ညာတွင်နေသော မွန်နဲခွဲ၊ နဲသုတနှင့်ကုလားတို့လာကာ စန္ဒသူရိယဓမ္မရာဇာမင်းအား ၁၆၉၆ ခုတွင် နန်းတင်ကာ ဝရဓမ္မရာဇာ မင်းကို ကုလားတန်မြစ်ညာသို့လျှိုပို့လေသည်။ ပြောင်းမီးပေါက်အုပ်ချုပ်သောသူရဲညိုသည် ဗိုလ်မှုးပြု ပြီး တိုက်ခိုက်သောကြောင့် တလိုင်းနဲခွဲနှင့်နဲသုတတို့ပြေးလေသည်။ (ရှင်စန္ဒမာလလင်္ကာရ၊ ၂၄၁)

မာရုမ္ပိယမင်း(၁၆၉၆-၁၆၉၇)လက်ထက်တွင် ကစ္ဆပနဒီမြစ်ညာဖျားတွင် တပ်တည်သောင်းကျန်းသောကြောင့် ၁၆၉၇ ခုတွင် မာရုမ္ပိယမင်းက မဟာဇေယျအမတ်အားစေလွှတ်တိုက်ခိုက်စေရာ ၁၆၉၆ ခုတွင် သရေချောင်းဖျားတွင်တိုက်ပွဲဖြစ်ကာ အမတ်သေလေ၏။ ၁၆၉၇ တွင် မြောက်ဦးကိုသိမ်းလေသည်။ ကိုယ်ရံတော်များစုစည်းကာပြန်တိုက်လေရာပျက်စီးကာပြေးလေသည်။(ရှင်စန္ဒမာလလင်္ကာရ၊စာ၂၄၅) ထိုနှစ်တွင်ကာလန္ဓတ်မင်းနန်းတက်ရာ ဖလောင်းဘရင်ဂျီသည် သင်္ဘောဖြင့်မြစ်ညာမှမွန်နှင့် ကုလား ကို တိုက်ရာ ရမ်းဝတွင်ပျက်ချေသည်။ ထိုကဲ့သို့မြောက်ဦးခေတ်တလျောက် ကုလားတန်မြစ်ညာမှ စစ်သုံ့ပန်မွန်အနွယ်များ၏ပုန်ကန်မှုအား နှိမ်နင်းခဲ့ရာမှ အထက်သို့ ပြေးဝင်ခိုလှုံလာခံကြပြန်ပါသည်။

၃)ချောင်းသားလူမျိုးဖြစ်ပေါ်လာခြင်း
ချင်းပြည်နယ် ပလက်ဝနယ်ရှိ ရခိုင်လူမျိုးများအားလုံးကို ရှေးယခင်က ချောင်းသားလူမျိုးများဟု မှတ် တမ်းတင်ခဲ့ကြပါသည်။ ချောင်းသားဆိုသည်မှာ ရခိုင်ဘာသာစကားကိုေပြောဆိုအသုံးပြုပြီး မြစ်ချောင်း နံဘေးတွင်နေထိုင်သောသူများကို ဆိုလိုပါသည်။ အထူးသဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင်လည်းကောင်းနေထိုင်ကြသောသူများဖြစ်ကြလေသည်။ချောင်းသားများသည် ရခိုင်နှင့်ဗမာလူမျိုးများနှင့် ဓလေ့ ထုံးစံများ၊ ဘာ သာစကားများအနည်း ငယ်ကွဲပြားသည်။ ၎င်းတို့သည် ဗမာမိသားစုကြီးတွင်ပါဝင်ကြောင်းဆို လေသည်။ ချောင်းသားဆိုသောအမည် ၏အနက်မှာ မြစ်ချောင်း၏သားဟုအနက်ရသည်။ ဆိုလို သည် မှာ ချောင်း၊ မြစ်ဘေးတွင်နေထိုင်သောသူကိုဆိုလိုပေသည်။ စာပေအရေးအသား၊ ဓလေ့ထုံးစံ၊ ဝတ်စား ဆင်ယင်မှု၊ အသား အရေနှင့်ပုံသဏ္ဍာန်ကိုသုံးသပ်လျှင် အရှေ့ဖက်ဗမာလူမျိုးများ နှင့်ပိုမိုနီး စပ် လေသည်။ (GER Grant Brown, p 13)

သမိုင်းပညာရှင်ဖြစ်သူ အာသာဖယ်ယာ(Arthur Phayer)က ချောင်းသားများသည်မြန်မာတို့နှင့်မိသား စုတူများဖြစ်သည်။(စကားချပ်၊-မြန်မာဆိုရာတွင် တောင်ဖက်ဘားမစ်ရှ် ဘာသာစကားပြောအုပ်စုဝင်ကို ဆိုလိုပါသည်) မြန်မာအနွယ် (ချောင်းသား)များဝင်ရောက်လာသောအခါ ခမီးများက ထိုအရပ်ဒေသ ကိုပိုင်ဆိုင်ပြီးဖြစ်ကြောင်းဖော်ပြထားပါသည်။ ထို့ကြောင့်ထိုချောင်းသားများသည် အတွင်းပိုင်းတွင်နေ ထိုင်ခြင်းမရှိဘဲ ကုလားတန်မြစ်ဘေး စိုက်ပျိုးရေးကောင်းမွန်သောနေရာများတွင်နေထိုင်ကြသည်။ ထို့အကြောင်းကြောင့် ချောင်းသားဆိုသောအမည်ရလာပြီး မြစ်ချောင်းဘေးတွင်နေထိုင်သောသူများဟု အနက်ရှိပါသည်။( Hughes, p )

ချောင်းသားဟူသောအမည်မှာ ရာခိုင်ရာဇင်သစ်ကျမ်း၌ မင်းဗာကြီးလက်ထက် သားတော်စစ်တံတင်မြို့စားချစ်နှောင်း မင်းဖလောင်း၏ တပ်တော် ၁၅၄၇ ခုနှစ်တွင် ပါဝင်ကြောင်း ၁၉ ရာစုရေး ရာခိုင်ရာဇဝင်သစ်မှဖော်ပြလေသည်။(အရှင်စန္ဒမာလလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်ကျမ်း) ချောင်းသား နည်း တူ တောင်ကုန်းတောင်တန်းတွင်နေထိုင်သောသူများကို တောင်သားဟုသော အမည်ဖြင့်ခေါ်လေ သည်။ ယခု ခူမီးချင်းများကို ခေါ်ပေသည်။

စစ်တွေခရိုင်ဂဇက်အရ ချောင်းသားများသည် မြန်မာပြည်မှ ပျူနှင့်မွန်တို့၏ အဆက် အနွယ်များ ဖြစ်ကြောင်းဆိုလေသည်။ ၁၅၉၆ ခုနှစ် ရခိုင်ဘုရင်မင်းရာဇာကြီးမှာ တောင်ငုူဘုရင်နှင့်အတူ ပျူတိုင်းပြည်ကိုတိုက်ခိုက်ပြီး၊ ရှမ်းများကိုမောင်းထုတ်ခဲ့သည်ဆိုသည်။ ထိုနေရာမှ ဘဏ္ဍာရတနာများ၊ ဘုရင့်သမီးတော်ကိုလည်းရရှိသည်။ ပျူနှင့်တလိုင်းထောင်ချီကိုလည်း ခေါ်ဆောင်လာပြီး သမီး တော်ကိုမိဘုရားမြှောက်လေသည်။နောက်လိုက်နောက်ပါများကိုကုလားတန် မြစ်အရှေ့ဖက် တရွေး ချောင်းအနီးတွင်နေရာချထားလေသည်။ မင်းသမီးမှာ ပဲခူးမင်းသမီးအဖြစ် ထင်ရှားသည်။ နောက် လိုက်နောက် ပါများမှာ စစ်သည်များ လေးသည်တော်များအဖြစ်အမှုထမ်းကြသည်။ တရွေးချောင်း တွင် နေထိုင်နေကြစဉ်တွင် အနီးမှ ရိုးမတောင်များမှ ချင်းများကို တိုက်ခိုက်ရန် အသုံးပြုခံ ရပါသည်။ ရှမ်းတူ (မရာ) ခေါင်းဆောင် မွန်တင်(Muntin)နှင့် မွန်ပရွန်(Munprun)တို့ ကုလားတန်အထက်တွင် ထကြွ စဉ်က ၎င်းတို့ကို နှိမ်နင်းရန်စေလွှတ်ပါသည်။ ထိုစစ်ဆင်ရေးတွင် တလိုင်းနှင့်ပျူစစ်သည်တို့သည် အိမ်ကိုလွမ်းဆွတ်ပြီး အကြိမ်ကြမ်အိမ်သို့ပြန်ပြေးကြသည့်အတွက် ရခိုင်ဘုရင်သည် ၎င်းတို့အား ကုလားတန်မြစ်အထက်နှင့် စစ်တကောင်းတောင် တန်းများ တွင်နေရာ ချပေးလေသည်။ ၎င်းတို့သည် သတ္တိရှိပြီး မာကျောသည့်အတွက် တောင်ပေါ်သားများကို ထိန်းချုပ်ရန်စေလွှတ်ခြင်းဖြစ်လေသည်။ အကျင့်စရိုက်နှင့် ဓလေ့မှာ ရခိုင်ဗမာများနှင့်အနည်း ငယ်ကွဲပြားပါသည်။ (Mr. R.B. Smart, Burma Gazetteer: Akyab District Vol A, 1917, p 91)

မီးချောင်းမြိုသင်းကြီးပုန်ကန်မူ
၁၈ ရာစုအရောက်တွင် မီးချောင်း(ယခု ကျောက်တော်နှင့် ပလက်ဝနယ်စပ်)မှ မြိုသင်းကြီး၏ ပုန် ကန်မှုကိုတွေ့ရသည်။ မူလက ရခိုင်မင်းများထံ ပဏ္ဍာဆက်အဖြစ် အေးချမ်းစွာနေထိုင်ပြီး ကျောက်ပန်းတောင်မှ မဟာဂျီရုပ်တုကိုပင် ဆက်သဖူးသူဖြစ်သည်။ အကြောင်းကြောင်းကြောင့် ပုန်ကုန်မှုစတင်ပြီး ပထမတွင် ရခိုင်တပ်တော်အရေးနိမ့်လေသည်။ ဒုတိယအကြိမ် စစ်သူရဲ ၃ဝဝဝ စေလွှတ်တိုက်ခိုက်ရာမှ အောင်နိုင်လေသည်။ ထိုအဖြစ် အပျက်ကို ဆိုလိုခြင်းပါသည်။

နရအဘယရာဇာ(၁၇၆၁-၁၇၆၄)ထက်ထက်၊ သက္ကရာဇ် (၁၁၀၇-ခရစ်နှစ် ၁၇၄၅)ခု ဝါကျွတ်လတွင် အနောက်ကုလားတန်ပြည်သို့ ဟရမားတိုက်လက်ယာမြန်ဂူတာကိုစေလွှတ်တော်မူလိုက်သည်၊ လက် ဝဲမြန်လည်းသွားလေ၍ မီးချောင်းသို့ ရောက်လေသော် မြိုသူကြီးငပင်ကို ခရီးလမ်းညွှန်စေ၍ သွားပြန် လေသော် ကျောက်ပန်းတောင်း မြို့ဟောင်းသို့ ရောက်လေလျင် မဟာဂျီရုပ်ထုတော် ကိုဖူး မျော်ရ လေ၏။ ယင်းသို့ဖူးမြော်နေစဉ် ရတနာစံဦးဆရာတော်လည်း မဟာဂျီရုပ်ထုတော်ကို ပင့်တော် မူရန် ကြွလာတော်မူလျက် ရုပ်ထုတော်မဟာဂျီတပါးကို ပင့်ယူတော်မူလေသည်၊ ကျန်ရုပ်ထုတော်မဟာဂျီ တပါးကို လက်ဝဲမြန်အမတ် ပင့် ဆောင်တော်မူလျက် နရအဘယရာဇာမင်းအား ဆက်သ တော်မူလေ လျင် နရအဘယရာဇာမင်း နေတော်မူသော တောင်နန်းဆောင်တွင် ရတနာစီချယ်သောပြဿဒ် ဆောင်တွင် ကျိန်းဝပ်တော်မူစေလျက် ကိုးကွယ်တော်မူသည်။ ထိုရုပ်ထုတော် မဟာဂျီကို ရှေးမင်း အဆက်ဆက်တို့သည် ပင့်ဆောင်၍မရလေ။ နရအယရာဇာမင်းလက်ထက်မှ ပင့်ဆောင်ရ ယူတော် မူ၍ ကိုးကွယ်ရလေသတည်း၊(အရှင်စန္ဒမာလလင်္ကာရ၊ ၂၆၈)

တကြိမ်တုံလည်း မီးချောင်းဖျားတွင်နေသော မြိုသင်းကြီးသည် ရိုင်းပြလေသောကြောင့် နရအဘယရာ ဇာမင်းလည်း မြိုသင်းကြီးကို ဆုံးမစိမ့်သောငှါ အမတ်တော်ဆင်ကဲကြီးကို စေလွှတ်တော်မူလိုက်၏။ ဆင်ကဲကြီးလည်း များစွာသောရဲမက်ဗိုလ်ပါနှင့်သက္ကရာဇ် (၁၁၁၀၊ ခရစ် ၁၇၄၈) ပြည့် တပို့တွဲလတွင်ချီ သွား၍ တိုက်လေလျင်ပျက်စီးပြီးပြန်လာရကုန်၏။ ယင်းသို့ပြန်လာပြီးနောက် နရအဘယရာဇာမင်း သည် လင်္ကာတပိုဒ်ရေးသားစေ၍ ခမက်တော်လက်ယာမြန်ဂူတာနှင့် အမတ်သုံးထောင်တို့ကို ကုလားတန် မီးချောင်းသို့စေတော်မူလိုက်ပြန်သည်၊ ၊ခမက်တော်လက်ယာမြန်ဂူတာနှင့် အမတ်သုံးထောင် တို့ ဆန်သွား၍ မိချောင်းသို့ရောက်သွားလေ လျင်မြိုသင်းကြီးကို တိုက်လေသော်သက္ကရာဇ်(၁၁၁၂ ခရစ် ၁၇၅၀)ခုတပိုတွဲလတွင် ဟရမားတိုက်၍ပျက်စီးလေ၏။ (အရှင်စန္ဒမာလလင်္ကာရ၊ ၂၇၀)

သမိုင်းမှတ်တမ်းများတွင် တောင်ပေါ်မျိုးနွယ်စုတိုင်းရင်းသားများသည် ရခိုင်မင်းဆက်များကို မကြာ ခဏနှောက်ယှက်လာသောကြောင့် ထိုဒေသများရှိတိုင်းရင်းသားများ၏ရန်ကို ကာကွယ်ရန်အတွက် ရခိုင်ဘုရင်တစ်ပါးမှ ရဲစွမ်းသတ္တိရှိပြီး ခံနိုင်ရည်စွမ်းအားဂုဏ်သတင်း ကျော်စောသော ထိုချောင်းသား များကို စေလွှတ်ခြင်းဖြစ်ကြောင်းဆိုပါသည်။ (Hughes,7) ထိုအဖြစ်အပျက်မှာ အထက်ဖော်ပြသော မြိုသင်းကြီး၏ ပုန်ကန်မှုကိုရောင်ပြန်ဟပ်မြင်ယောင်စေပါသည်။ ထိုချောင်းသားများသည်လည်း မွန်နှင့် ဗမာအဆက်အနွယ်များသာဖြစ်လေသည်။

၄)ဗမာအဆက်အနွယ်များ
မတရာဇ်မင်း(၁၇၃၇-၁၇၄၂) လက်ထက် သက္က ရာဇ် ၁၁၀၄(ခရစ် ၁၇၄၂) ခုနှစ်တွင် အရှေ့ပြည်မှ ငစံဦး၊ ငရွှေကျော်၊ ငပုညိုတို့သုံးယောက်လူပေါင်းယောက်ျားမိန်းမ တစ်ထောင်နှင်ဝင်ရောက်လာကြ သည်။ ငစံဦး၊ ငရွှေကျော်၊ ငပုညိုတို့နှင့်ပါလာသော လူတို့ကို၊ ပေချောင်းတွင် ချထားတော်မူ၍ လေး ကြော့အစုံ ဘွဲ့တော်မူလေသည်။ ငပုညိုကိုလည်း လေးခက်ထောင်စားအရာ ခန့်တော်မူလျက်ထား လေသည(ဦပဏ္ဍိ၊ စာ ၁၀၉-၁၁၀)

ထို့အပြင် နရအဘယရာဇာမင်း ၁၇၆၂ ပတ်ဝန်း ကျင်တွင် မိချောင်း၊ ပြိုင်းချောင်းတွင် မြန်မာနှမ်းခြည်တောင်စားငထွန်းအောင်အားရွာတည်ပေး သည်။ ၁၇၈၅ ခု ရခိုင်အားမြန်မာတို့သိမ်းပြီးနောက် မြန်မာတို့က မိချောင်းဝတွင်စစ်တပ်တည်၍ အစောင့်အရှောက်ထားလေသည်။(အရှင်စန္ဒမာလလင်္ကာရ)။ ထိုအခါ နရအဘယရာဇာမင်းသည် ပြိုင်းချောင်း မီးချောင်းတို့ ရွာတည်ပေးထားခဲ့သော မြန်မာနှမ်းခြေ တောင်စား ငထွန်းအောင်သည် ရခိုင်အမတ်တွင်ရှိသော အပြောင်မိန်းမတို့ကိုယူ မြန်မာတို့ပိုင် သည် ထင်မှတ်လျက် တောင်စဉ်သို့ပြေးခဲ့၍ ဗိုလ်ငနိုးထံဝင်လာ၏။ (အရှင်စန္ဒမာလလင်္ကာရ၊ ၂၈၃)

ချင်းပြည်နယ်ပလက်ဝရှိရခိုင်လူမျိုးများမျိုးနွယ်ဇစ်မြစ်

ထိုမွန်အနွယ်များ၊ ဗမာအနွယ်များရောနှောလာရာမှရခိုင်များဖြစ်လာဟန်တူပေသည်။ ထိုသူများမွန်အဆက်အအနွယ်ကားလုံးမှ ရခိုင်လူမျိုးများဖြစ်ပေါ်လာဟန်ရှိပေ သည်။ ထိုအချိန်များမှ စကာ တောင်တန်းဒေသ(ပလက်ဝ)အရပ်တွင် ချောင်းသား(ရခိုင်)များ စတင်နေထိုင်လာကြပေသည်။ ပလက်ဝဒေသတွင်လာရောက်နေထိုင်ကြသောသူများသည် လူမျိုးစုံရော နှောနေသော အသိုက်အဝန်း တစ်ခုဖြစ်လေသည်။ မွန်သွေးပိုများလေသည်။

ချောင်းသားများသည် ရခိုင်အဆက်အနွယ်များဖြစ်လေသည်။ ရခိုင်ဘုရင်များက လွန်ခဲ့သော ရာစု နှစ်များက တောင်တန်းမှ လူမျိုးများကို ထိန်းချုပ်ရန်အတွက် တောင်တန်းဒေသသို့ စေလွှတ်ထား သော သတ္တိရှိသော၊ ရဲရင့်သောလူမျိုးများဖြစ်လေသည်။ ထိုသူတို့သည် တောင်တန်းအတွင်း ပိုင်းသို့ နေ ထိုင်ခြင်းမပြုဘဲ ကုလားတန်မြစ်လေးတွင်တွင်နေထိုင်သောကြောင့် ချောင်းသားဟူသော အမည် ကိုရရှိလေသည်။ ၁၈၇၀ တွင် ရခိုင်တောင်တန်းဒေသ(ပလက်ဝ)တွင် ဝန်ထောက်အနေဖြင့် တာဝန်ထမ်းဆောင်ဖူးသော Mr. Sr. John က ရခိုင်(ချောင်းသား)များတွင် မျိုးနွယ်ခုနှစ်ခုရှိကြောင်းဆိုပြီး ၄င်း တို့မှာ
၁။ လုံဟီး(ရခိုင်)
၂။ ဒလ(တလိုင်း)
၃။ တန်ဆထ(ရခိုင်)
၄။ မွန်ထောက်(တလိုင်း)
၅။ ကုန်ဆွေ(ရခိုင်)
၆။ ရွှေဘဇွဲ(ရခိုင်)
၇။ ရုတ်(တလိုင်း)တို့ဖြစ်ကြောင်း ဆိုလေသည်။တလိုင်းဆိုသည်မှ မွန်လူမျိုးအားဆိုလိုခြင်းဖြစ်သည်။ ရခိုင်ဆိုရာတွင် ချောင်းသားများကိုဆိုလိုပါသည်။

၄င်းတို့သည် ဒလက်မေကျေးရွာ၏မြောက်ဖက် ၈ မိုင်အထိသာ နေထိုင်ကြကြောင်းဆိုလေသည်။ (Hughes, The Hill Tracts of Arakan, 1881, p 14) ဒလက်မေရွာသား ဦးကျော်မင်းမှချောင်း သားအထောင် ငါးမျိုးရှိသည်ဆို၏။ အထက်ဖော်ပြပါအမည်များနှင့်တူလေသည်။ ၄င်းတို့မှာ
၁) လွန်ဟီထောင်(ချောင်းသား)
၂) ဒလက်ထောင်(တလိုင်း)
၃) တန်းဆိတ်ထောင််(ချောင်းသား)
၄) ရုပ်သားထောင်(တလိုင်း)
၅) ပဥ္စမဇွဲထောင်(ချောင်းသား)
ထိုအနက် ဒလက်ထောင်(တလိုင်း)တွင် အစဉ်(အစိုင်) ငါးမျိုးပြန်ခွဲလေသည်။ ၄င်းတို့မှာ
၁) တုတ်ကြောသားအစဉ်
၂) ပြင်ဒန်းသားအစဉ်
၃) မယိုင်းသားအစဉ်
၄) ပွတ်စားသားအစဉ်
၅) ဒလက်သားအစဉ်
(မောင်မောင်သိုက်၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့်သမိုင်းဆိုင်ရာကွင်းဆင်းစာတမ်းများ၊ ၁၉၈၅၊စာ ၁၅-၁၆)

နိဂုံး
ပလက်ဝဒေသသို့ ချောင်းသား ရခိုင်လူမျိုးများမည်သည့်အချိန်တွင်ရောက်ရှိလာပါသနည်း ဆိုသည့် မေးခွန်းကို အထက်ပါရခိုင်မှတ်တမ်း၊ ကိုလိုနီမှတ်တမ်းများနှင့် တိုက်ဆိုင်ကြည့်ရှုပါက ရှင်းလင်းပါ လိမ့်မည်။ ချင်းပြည်နယ်ပလက်ဝတွင် မြောက်ဦးခေတ်လယ်ပိုင်းက ရခိုင်ဘုရင်များသြဇာလွှမ်း မိုးမှု အနည်းငယ်ရှိခဲ့သည်။ သို့သော် တောင်တန်းသား ချင်းလူမျိုးများ အပေါ်တွင်သက်ရောက်ခြင်းကား မဟုတ်ပေ။ စစ်ဘေးခိုလှုံလာသောသူများ၊ မင်းပြစ်ဒဏ်သင့်သောသူများ၊ ခေတ္တဖြတ်သန်းရောက်ရှိ လာသောသူများဖြစ်ပေသည်။

မြောက်ဦးခေတ်နှောင်းပိုင်းအရောက်တွင် မွန်လူမျိုးများအကြောင်းကိုတွေ့ရမည်ဖြစ်ပြီး ကျောက်တော် နယ်တွင် နှစ်ပေါင်းများစွာနေထိုင်ပြီးမှ ၁၈ ရာစုအကုန်ပိုင်းတွင် မြောက်ဖက်သို့ဆန်တက်ကာ အခြေချ နေထိုင်လာသောသူများဖြစ်လေသည်။ ထိုမွန်တလိုင်းအနွယ်များမှ ချောင်းသားများဖြစ်လာကာ ထို ချောင်းသားများက ယနေ့ ရခိုင်အမည်ခံယူသောသူများဖြစ်လာကြပါသည်။ ထိုသူများသည်ပင် လျှင် အစောဆုံး ၁၇၂၁(စစ်ကွပ်ကျော်သွေး၊ ငပုလဲ၊ ငချင်းရာ) နှင့် ၁၇၅၀ (လက်ယာမြန်ဂူတာ)တွင်သာ ရောက်ရှိလာမည်ဟုတွက်ချက်နိုင်ပါသည်။နောက်ဆုံးတွင် အကြောင်းအမျိုးမျိုးဖြင့်
ရောက်ရှိလာသောသူများပေါင်းစပ်သွားကြောင်းသုံးသပ်ရပါသည်။

ထိုချောင်းသားများသည် ၁၈၇၂ ခုနှစ်တွင် လူဦးရေ ၁၂၀၀ ဦး ရှိသည် ၁၉၀၁ ခုနှစ်တွင် ၁၁၀၀ ဦး ရှိလေသည်။ ထို ၁၉၀၁ ခုနှစ်တွင် ရခိုင်တောင်တန်းခရိုင်၏ စုစုပေါင်းလူဦးရေမှာ ၂၀၆၈၁ ဦး ရှိပြီး ချောင်းသားရခိုင်လူမျိုးများမှာ (၅.၃) ရာခိုင်နှုန်းသာရှိသည်။ ထိုအချိန်က တောင်တန်းနယ်သည် ယနေ့ လက်ရှိပလက်ဝ၏ သုံးပုံံနှစ်ပုံသာရှိလေသည်။ ရခိုင်အထောင်မှာ (၇) ခုရှိပြီး ထိုအချိန်က တနယ် လုံးတွင် တောင်မင်း၊ ချောင်းစား အုပ်စု ၂၈ ခုရှိသည်။ ကျန် ၂၁ အုပ်စုမှာ ချင်းများ ဖြစ် လေသည်။ ထိုအချိန်ကကျေးရွာပေါင်း ၃၃၄ ရှိသည်။

ဗြိတိသျှလက်အောက်ကျရောက်ပြီးနောက်ပိုင်း ရခိုင်လူဦးတိုးတက်များပြားလာသည်။ လွတ် လပ်ရေး ရပြီး နောက်တွင် တောင်ဖက် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းများမှ ရခိုင်လူမျိုးများ ပိုမို ရောက်ရှိလာကြပြီး ဒေသခံ မွန်အဆက်အနွယ် ချောင်းသားများနှင့်ရောနှောသွားပါတော့သည်။

ခုနှစ်သက္ကရာဇ်များအတွက်ကိုးကားကျမ်းများ

ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမတွဲ)

Htin Aung, A History of Burma, Cambridge University Press, New York and London, 1967

Harvey, G.E., History of Burma: From the Earliest Times to 10 March 1824, Frank Cass & Co. Ltd., London, 1925

Phayre, Lt. Gen. Sir Arthur P., History of Burma, London, 2nd Edition, 1967

Ro Sang
19-1-2020

By Ro Sang| The Chinland Post | 2020 March 2|    Zawgyi is below

ပလက္ဝတြင္ရခိုင္မရွိခဲ့ပါ

ေခါင္းစဥ္မွာ“ပလက္ဝတြင္ရခိုင္မရွိခဲ့ပါ”ဆိုထားရာစာဖတ္သူမ်ားအနည္းငယ္ေခါင္းရႈပ္သြားေပလိမ့္မည္။

ယေန႔ပလက္ဝတြင္ရွိေသာ ရခိုင္အမည္ခံယူသူမ်ားမွာ အဘယ္သူနည္း။ မည္သည့္ေနရာမွ ဝင္ေရာက္ လာၾကသနည္း၊ မည္သည့္အမ်ိဳးအႏြယ္ ဇစ္ျမစ္မွာအဘယ္နည္းဆိုသည္ကိုေလ့လာလိုေသာေၾကာင့္ ေခါင္းစဥ္တပ္ျခင္းျဖစ္ပါသည္။ နားလည္ေပးေစလိုပါသည္။လက္ရွိ ခ်င္းျပည္နယ္၊ ပလက္ဝနယ္ အတြင္းရွိ ရခိုင္လူမ်ိဳးမ်ားသည္ မည္သည့္ အခ်ိန္မွဝင္ေရာက္ေနထိုင္လာပါသနည္း။ လူဦးေရမည္မၽွႏွင့္ ေက်းရြာမည္မၽွ တည္ ေထာင္ခဲ့ပါသနည္းဆိုသည္ကို ဆက္လက္ေလ့လာပါမည္။ ယခု စာတမ္းမ်ား သည္ ရခိုင္ရာဇဝင္က်မ္းမ်ား ႏွင့္ဥေရာပ အေထာက္ အထားမ်ားျဖင့္ေဖာ္ျပပါမည္။

ပလက္ဝသို႔ရခိုင္လူမ်ိဳးမ်ားဝင္ေရာက္အေျခခ်ေနထိုင္လာၾကျခင္းကိုေလ့လာၾကည့္လၽွင္၁၃၃၃ ခုႏွစ္ ရခိုင္ ဘုရင္မင္းထီးလက္ထက္တြင္ အေရွ႕အရပ္မွ သက္မင္းအား ပလက္ဝႏွင့္ ေက်ာက္ ေတာ္နယ္စပ္ အၾကား ေက်ာက္ဖ်ာရြာတြင္လည္းေကာင္း၊ သားအလတ္ေစာျဖဴကို မီးစားအျဖစ္ စတင္ ေနရာခ် ထားလ်က္ေနထိုင္ေစေၾကာင္းေတြ႕ရေပလိမ့္မည္။ ညီေတာ္ဥပရာဇာနရႏုမင္း/အလီခင္မင္းလက္ထက္ (၁၄၃၃-၁၄၅၉) တြင္ ဥႆလင္းစားအမည္ကိုစတင္ေတြ႕ရွိရျခင္း၊ မင္းဗာႀကီး (၁၅၃၂-၁၅၅၄) လက္ထက္တြင္လည္း မီးစား ႏွင့္ ဥႆလင္းစားအမည္မ်ားကိုထပ္မံေတြ႕ရွိရျခင္း၊ မင္းဖေလာင္းႀကီး (၁၅၇၂-၁၅၉၃) လက္ ထက္တြင္ဥႆ လင္းစားေနရာအတြက္ စီမံေဆာင္ရြက္ျခင္း၊ ထိုဘုရင္လက္ထက္ ၁၅၇၂ တြင္ပင္ ဘုရင္မဏီသူ (အျမင့္စား) ဥႆလင္းသို႔ထြက္ရာ ျမဳံတို႔အရပ္မွ ထူးဆန္းေသာ သေဘၤာပင္ကိုရရွိလာျခင္း၊ မင္း ဗာ ႀကီး(၁၅၃၂-၁၅၅၄)လက္ထက္သားေတာ္ သံတြဲစားခ်စ္ေႏွာင္းတပ္ခ်ီလမ္းေၾကာင္းမ်ားစေသာ သဲလြန္စ မ်ား အရေသာ္လည္းေကာင္း၊ ၈၀၆ ခုစြဲ၊ (၁၄၄၄)စစ္ကိုင္းၿမိဳ႕ထူပါ႐ုံေစတီေက်ာက္ စာ၊ ၈၀၈ ခုစြဲ၊ (၁၄၄၆) စစ္ကိုင္းၿမိဳ႕၊ မဟာသီဟသူရေက်ာင္းေက်ာက္စာ၊ ၈၁၆(၁၄၅၄) ခုစြဲ၊စစ္ကိုင္းၿမိဳ႕၊ သစ္ဆိမ္က ေတာ္ေက်ာင္း ေက်ာက္ စာမ်ားစေသာ ျမန္မာေက်ာက္မ်ားအရ ေျမာက္ဦးေခတ္လယ္ပိုင္း တန္ခိုးႀကီး ထြားလာေသာ ရခိုင္ဘုရင္မ်ား၏ ၾသဇာအာဏာသည္ ကုလားတန္းျမစ္ရိုးတေလ်ာက္ ျဖန႔္က်က္လာ သည္ဟုဆိုနိုင္ပါသည္။

ထိုအခ်ိန္က ရခိုင္လူမ်ိဳးမ်ားဝင္ေရာက္ေနထိုင္ျခင္းအားတိတိက်က်မေတြ႕ရေသးေခ်။ ေရာက္ရွိလာသူမ်ားမွာလည္း ထိုအခ်ိန္က ရခိုင္နန္းတြင္းႏွင့္အဆင္မေျပေသာေၾကာင့္ ခိုလႈံလာေသာသူမ်ား၊ စစ္ေျပးမ်ားႏွင့္ မဲဇာ အပို႔ခံရသူမ်ားသာမ်ားျပားပါသည္။ ၁၈ ရာစုကုန္ေလာက္မွ မီးေခ်ာင္း(ရခိုင္နယ္စပ္)ကို ထိန္း ခ်ဳပ္ရန္ စစ္သည္မိသားစု(ေခ်ာင္းသား)မ်ားကို ေနထိုင္ေစေၾကာင္းေတြ႕ရလိမ့္မည္။ ထပ္မံျဖည့္စြက္လိုသည္မွာ ေျမာက္ဦးေခတ္အေစာပိုင္း မင္းေစာမြန္လက္ထက္(၁၄၂၉-၁၄၃၃) တြင္ ေမ်ာက္သားေတာ္(မိဖုရား)ေစာစစ္သည္ မင္းေစာမြန္မေရာက္ၿပီထင္၍ ေမာင္ေတာ္မ်ားမွ လင္ေပးစား လိုက္ရာ မင္းေစာမြန္မွ လင္ကို မီးေခ်ာင္းဖ်ားသို႔လ်ိဳထားၿပီး ေစာစစ္ကို နန္းေတာ္သို႔ ေဆာင္ေလ သည္။ (ရွင္စႏၵမာလလကၤာရ၊ ရခိုင္ရာဇဝင္သစ္၊ အတြဲ၅-၇၊ စာ ၈-၉) ထိုအခ်ိန္က မဲဇာပို႔ေသာ နယ္စြန္နယ္ဖ်ားမွာ ေက်ာက္ေတာ္နယ္စပ္မွ မီးေခ်ာင္းဖ်ားအရပ္ျဖစ္ေလသည္။

၁)ဥႆလင္းဘုရားႏွင့္ကုန္းေတာ္ဘုရား

ပလက္ဝရွိေရွးေဟာင္းအေထာက္အထားမ်ားျဖင့္သုံးသပ္ျခင္းကိုျပဳလုပ္ရမည္ျဖစ္ေသာေၾကာင့္ ေရွးက် ေသာအေထာက္အထားမ်ားကိုရွာေဖြရာတြင္ ဥႆလင္းဘုရားႏွင့္ ကုန္းေတာ္ဘုရားမ်ားကိုေတြ႕ရပါ သည္။ ထိုဘုရားမ်ား၏ တည္ေနရာမွ ယေန႔ပလက္ဝမွ ေျမာက္ဖက္ဥႆလင္း(၄၃)မိုင္ႏွင့္ ကုန္း ေတာ္(၂၆)မိုင္ကြာေဝးပါသည္။ ဥႆလင္းအမည္အား နရႏုမင္းလက္ထက္ (၁၄၅၉-၁၄၈၂) ႏွင့္ မင္းဗာ ႀကီး(၁၅၃၂-၁၅၅၄)လက္ထက္တြင္ ဥႆလင္းစားအမည္မ်ားကိုေဖာ္ျပပါရွိခဲ့ေသာ္ လည္း တည္ ေနရာ အညႊန္းအား ဝိေရာဓိျဖစ္ေနဆဲျဖစ္ပါသည္။ ျမဳံတို႔အရပ္ဆိုျခင္းမွာ ျမဳံေထာင္ကိုလည္းဆိုနိုင္ေသာ ေၾကာင့္ေပတည္း။

ထို႔အျပင္အရခိုင္သမိုင္းမွတ္တမ္းအေစာင္ေစာင္မ်ားတြင္ ျမဳံလူမ်ိဳး၊ ျမဳံျပည္ဟု ညႊန္းေသာအခါ အေနာက္ျပည္မွ ႀတိပူရအနီးမွ စစ္တေကာင္းကိုသာညႊန္းဆိုေလသည္။ သိုက္တတ္ ငလက္႐ုံး၏ ဓညဝတီအညႊန္းတြင္ ဥႆလင္းမွာ ဓညဝတီမွ ေျမာက္ဖက္ (၁၇) တိုင္၊ မိုင္အားျဖင့္ (၃၀) ေက်ာ္ဆိုရာ ေျမျပင္တြင္ မိုင္(၈၀)ေက်ာ္ကြာေဝးေလသည္။ ျပန္လည္စစ္ေဆးရန္ျဖစ္သည္။ မည္သို႔ဆို ေစကာမူ လက္ရွိပလက္ဝအရပ္မွ ဥႆလင္း၏ဇာတ္ေၾကာင္းေနာက္ကိုလိုက္မည္ျဖစ္ပါ သည္။ သို႔မွ သာ လက္ရွိေနထိုင္ေသာရခိုင္လူမ်ိဳးမ်ားအေၾကာင္းသဲလြန္စရရွိ မည္ျဖစ္ပါသည္။

ထိုဥႆလင္းေစတီႏွင့္ကုန္းေတာ္ေစတီတို႔မွာ ဥရိေတာင္ဘုရားဒါယိကာရခိုင္ျပည့္ဘုရင္မင္းဖေလာင္း (၁၅၇၂-၁၅၉၃)၏ မိဘုရားေစာမဲႀကီးမွ တည္ထားကိုးကြယ္ေၾကာင္းဆိုပါသည္။ (GER Grant Brown, Northern Arakan Hills District, 1920, p 9) ေခ်ာ(ပနန္)လူမ်ိဳးမ်ားမွာလည္း ထိုဘုရားမ်ားကို ျပဳစုရန္တြက္ ဘုရားကၽြန္အျဖစ္မိဖုရားေစာမဲႀကီးမွ လႉဒါန္းေၾကာင္းႏႈတ္ရာဇဝင္ရွိပါသည္။ (GER Grant Brown ,p 14) ရခိုင္လူမ်ိဳးမ်ားလာေရာက္ေနထိုင္သည္ကိုမူမေဖာ္ျပထားေပ။

အျခားေရွးေဟာင္းအေထာက္အထားတစ္ခုမွာ စတူပါေစတီငယ္မ်ားျဖစ္သည္။ ထိုေစတီမ်ားသည္ ေခတ္တြင္ထြင္းထုထားေသာေက်ာက္သားစတူပါေစတီငယ္ေလးမ်ားျဖစ္သည္။ခ်င္းျပည္နယ္ ပလက္ဝ တြင္ တူးေဖာ္ေတြ႕ရွိရေသာ စတူပါအား မီးေခ်ာင္း၊ မီးေခ်ာင္းေမြေတာ္ဓါတ္မွ ရရွိသည္။ ကုန္းေတာ္ အရပ္တြင္ စတူပါမ်ားေတြ႕ရွိရသည္ဆိုေသာ္လည္း မည္သည့္ေခတ္ကဆိုသည္ကိုမသိရပါ။ (မင္းျပား သိန္းဇံ၊ ရခိုင္စတူပါေက်ာက္ေစတီငယ္မ်ား၊ ၂၀၀၃၊ စာ ၅၈-၅၉) သို႔ေသာ္ ရခိုင္စတုပါမ်ားတြင္ ေရးထိုးထားသည့္ ေက်ာက္စာပုံစံကိုၾကည့္ျခင္းအားျဖင့္ ေဝသာလီေခတ္ႏွင့္ ေျမာက္ဦးေခတ္ႏွစ္မ်ိဳး ေတြ႕နိုင္သည္။ ခ်င္းျပည္နယ္ ပလက္ဝ၊ ကုန္းေတာ္တြင္ေတြ႕ရေသာ စတူပါ မ်ားမွာ ေဝသာလီေခတ္ ဆိုပါက အမတ္ဓမၼေဇယ်ခ်န္ထားေသာေစတီငယ္မ်ားျဖစ္ေပလိမ့္မည္။ သို႔ မဟုတ္ပါက ေျမာက္ဦး ေခတ္လယ္ မိဖုရားေစာမဲႀကီးက တည္ထားခဲ့ေသာ အရံေစတီမ်ားျဖစ္ေပလိမ့္မည္။ သို႔ေသာ္ ေျမာက္ ဦး ေခတ္လယ္မွ ေစတီငယ္မ်ားျဖစ္နိုင္ရာ၏။

တိုင္းႀကီးတစ္တိုင္းျဖစ္ေလာက္ေအာင္ အဆိုပါပလက္ဝနယ္ဥႆလင္းမွာ လူေနထူထပ္မႈမရွိေသာ ေၾကာင့္ျဖစ္သည္။ တိုင္းတစ္တိုင္းအျဖစ္ေဖာ္ျပနိုင္ေသာ ဥႆလင္းမွ ျမဳံေထာင္ကိုဆိုျခင္းျဖစ္ဟန္တူ ေလသည္။ အျခားထင္ရွားေသာအခ်က္တစ္ခ်က္မွာ မင္းေစာမြန္(၁၄၂၉-၁၄၃၃)၊ နရႏုမင္း (၁၄၃၃- ၁၄၅၉) လက္ထက္မ်ားက အေနာက္ဘက္တလႊားကို ေအာင္ျမင္ေသာေၾကာင့္ ဥႆလင္းစားအမည္ ကို ေဖာ္ျပျခင္းျဖစ္ေပမည္။ မင္းဗာႀကီး(၁၅၃၂- ၁၅၅၄)လက္ထက္ကလည္း အေနာက္ကုလားျပည္ကို စစ္ခ်ီေသာအခါ ဥႆလင္းစားပါဝင္ရျခင္းမွာ စစ္တေကာင္းလမ္းေၾကာင္းသင့္ေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ မင္းဖေလာင္း(၁၅၇၂-၁၅၉၃) လက္ထက္ အေရွ႕ပဲခူးသို႔စစ္ခ်ီေသာအခါတြင္ ဥႆလင္းစား အမည္မပါေတာ့ဘဲ ျမဳံ၊ သက္၊ လင္းကဲ စသျဖင့္သာ ပါဝင္ေတာ့သည္။ ထိုမင္းလက္ထက္က ဥႆ လင္းစားမွ စိန္တင္စားအရိုက္အရာအေၾကာင္းအျခင္းအရာမ်ား၊ ျမဳံတို႔အရပ္ဥႆလင္း စသည္မ်ားကို ေထာက္ရႈပါက ပလက္ဝဥႆလင္းႏွင့္ ျမဳံဥႆလင္းမွာ မတူေၾကာင္းမွန္းဆရပါသည္။ ရခိုင္သမိုင္း မွတ္တမ္းမ်ားတြင္ ေျမာက္ဦးေႏွာင္းပိုင္း ေတာက္ေလ်ာက္တြင္ ဥႆလင္းအေၾကာင္း ေမွး မွိန္ၿပီး၊ ျမဳံျပည္၊ ျမဳံမင္း၊ ဥဒရာဇ္၊ ဥတၱရာဇ္၊ စသည္အမည္မ်ားျဖင့္ သီးျခားလြတ္လပ္ေသာျပည္အျဖစ္ ေဖာ္ၿပ ေတြ႕ရွိရပါသည္။ ေျမာက္ဦးေခတ္လယ္ေလာက္က ေပၚထြက္လာေသာ ဥႆလင္းအေၾကာင္းမွာ ေနာက္ပိုင္းတြင္ တိမ္ျမဳပ္သြားပါသည္။

၂)မြန္တလိုင္းလူမ်ိဳးမ်ား

အျခားအေထာက္အထားတစ္ခုမွာ မြန္အမည္ေက်းရြာမ်ားကိုေတြ႕ရွိရျခင္းျဖစ္ပါသည္။ အခ်ိဳ႕အဆိုအရ ၁၅၈၈ ခုႏွစ္တြင္ ရခိုင္မင္းႏွင့္ အေၾကာင္း ပါသည့္ ပဲခူးမင္းသမီးတပါးႏွင့္အတူပါလာေသာ မြန္တလိုင္းအႏြယ္ေနာက္လိုက္ပါ အေခၽြအရံမ်ားျဖစ္ေၾကာင္းဆိုပါသည္။ (Hughes, The Hill Tracts of Arakan, 1881, p 14)

ထိုမြန္မင္းသမီးသည္ရခိုင္နန္းေတာ္တြင္မေပ်ာ္ပိုက္ေသာေၾကာင့္ ကုလားတန္ျမစ္ကိုဆန္တက္ကာ ဒလက္ေမေခ်ာင္းပတ္ဝန္းက်င္တြင္ အေျခစိုက္ေနထိုင္ၾကေပသည္။ ရခိုင္ရာဇဝင္ မ်ားတြင္ ပဲခူးမြန္မင္းသမီးခင္ေႏွာင္းမွ ၁၆၀၁ မင္းရာဇာႀကီး (၁၅၉၃-၁၆၁၂) ပဲခူးကိုစစ္ေအာင္မွ ပါလာ ေလသည္။ ဒလက္ေမအမည္မွာ မြန္အမည္ “ဒလ” အားအစြဲျပဳဟန္ရွိၿပီး “ဒလဂေမ” မွ “ဒလက္ေမ” ျဖစ္လာေၾကာင္းဆိုပါသည္။ (Hughes, p 14)

ဥႆလင္းဆိုသည့္ အမည္ကိုယ္ႏွိုက္က ပဲခူးဥႆာကို အစြဲျပဳကာေခၚေသာ ဥႆာမွ ဥႆလဂၤ-ဥႆလင္-ဥႆလင္း ျဖစ္လာသည္ဟုယူဆရေပမည္။ ဥရိေတာင္ဘုရားဒါယိကာရခိုင္ျပည့္ ဘုရင္ မင္းဖေလာင္း(၁၅၇၂-၁၅၉၃)၏ မိဘုရားေစာမဲႀကီးႏွင့္ အဆိုပါမြန္မင္းသမီးႏႈတ္မွတ္တမ္းသည္ အတူ တူ ေပေလာဟုစဥ္းစားရပါသည္။ မည္သို႔ဆိုေစ ကနဦးအေျခခ်မႈသည္ ေျပးဝင္ခိုလႈံလာေသာ လူတစ္စု လူနည္းစုမွေဒသခံမ်ားႏွင့္ လက္တြဲကာေနထိုင္ေၾကာင္းယူဆနိုင္ေပသည္။ ေျမာက္ဦးမွ အုပ္ခ်ဳပ္သည္ ဆိုျခင္းမွာ ျဖစ္နိုင္ဖြယ္မရွိေပ။ အျခားေျပာနိုင္ေသာအခ်က္မွာ ၁၈ ရာစုကုန္တြင္ ရခိုင္နယ္စပ္မွ ၿမိဳ သင္းႀကီးအင္အား ေကာင္းစြာျဖင့္ ရခိုင္ဘုရင္အားေတာ္လွန္ေလသည္။ အထက္သို႔ အစဥ္အျမဲအုပ္ ခ်ဳပ္မႈအာဏာမရွိေပ။

ပဲခူးမြန္မ်ားရခိုင္သို႔ေရာက္ရွိလာျခင္း

ရခိုင္ဘုရင္မင္းရာဇာႀကီးလက္ထက္ (၁၅၉၃- ၁၆၁၂) ဟံသာဝတီအား ၁၆၀၁ ခု တြင္ လုပ္ႀကံေအာင္ျမင္ရာ ဟံသာဝတီဘုရင္သမီးေတာ္ခင္မေႏွာင္း(ရွင္ေထြးေႏွာင္း)အားေနာက္လိုက္အ ေဆာင္အေယာင္ျဖင့္ ဆက္သေလသည္။ ထိုေနာက္ တိုက္ခိုက္လာေသာ ယိုးဒယားတို႔ကိုနိုင္ျပန္ေသာ ေၾကာင့္ ယိုး ဒယားႏွင့္မြန္အိမ္ေထာင္စုံ ေျခာက္ေသာင္းသိမ္းယူကာျပန္ေၾကာင္းဆိုေလသည္။ ထိုယိုးဒယားတို႔ အား အစုရွစ္စုဖြဲ႕ကာ ကစၧပနဒီအေရွ႕ဖြဲတားကၽြန္း၊ ေတာင္ရင္းျမစ္၊ အေနာက္ဖက္ေပကၽြန္း၊ ဦးရစ္ေတာင္ကၽြန္း၊ မရိုးကၽြန္း၊ ရာေမာင္ကၽြန္းတြင္ထားကာ မြန္သုံးေသာင္းအား ငါးဇင္ရိုင္းကၽြန္းတြင္ထားေလသည္။ (ဦးပ႑ိ၊ ဓညဝတီရာဇဝင္၊ စာ ၁၀၀)

ေက်ာက္ေတာ္မြန္မ်ားပုန္ကန္မႈ

ဝရဓမၼရာဇာမင္း(၁၆၈၅-၁၆၉၂)လက္ထက္ကိုယ္ရံေတာ္မ်ားက နန္းတြင္းအာဏာသိမ္းမႈျဖစ္ကာ ဘု ရင္ကို႐ုပ္ေသး႐ုပ္ပမာ ခ်ယ္လွယ္ေနခ်ိန္တ ၁၆၈၈ ခုတြင္ မြန္နဲေကာမိႏွင့္ စည္းတင္ဘုန္းႀကီးတို႔ သည္ တလိုင္းသူရဲအေပါင္းႏွင့္ ဝရဓမၼရာဇာမင္းအားပုန္စားေလသည္။ကိုယ္ရံေတာ္တို႔တိုက္ခိုက္ၾကေလလၽွင္ ေျပးျပန္ေလကုန္၏။ ထိုႏွစ္ဝါေခါင္လတြင္ပင္ တလိုင္းနဲေကာမိႏွင့္ကုလားတို႔ညီညာ၍ ဦးရစ္ေတာင္တြင္ေသာင္းက်န္းေလသည္။ ကိုယ္ရံႀကီးထြက္၍တိုက္ေခ်ေသာ္ မနိုင္၍ျပန္ခဲ့ရ၏။ ယင္းလတြင္ပင္ အထက္အညာအရပ္က တလိုင္းႏွင့္ကုလားတပ္တည္၍ ေသာင္းၾကမ္းျပန္ေလကုန္၏။ မတ္ရာ ေက်း စားႏွင့္ ကိုယ္ရံႀကီးတို႔ခ်ီသြားတိုက္ ခိုက္ျပန္ရာ မတ္ရာေက်းစားတို႔သည္ပ်က္စီး၍ ကိုယ္ရံႀကီးတို႔ သည္ ျပန္ခဲ့ကုန္၏။ ယင္းဝါေခါင္လဆုတ္တဆဲ့သုံးရက္ အဂၤါေန႔တြင္ ကိုယ္ရံႀကီးသည္ အညာမွာ တပ္ကို သြား၍ တိုက္ေလေသာ္ ေအာင္ ျမင္၍ျပန္ခဲ့သည္။ကိုယ္ရံႀကီးသည္မ်ားစြာေသာ ရဲမက္ဗိုလ္ပါႏွင့္တကြ ခ်ီသြားေစ၍ သကၠ ရာဇ္(၁၆၈၉) ကဆုန္လဆန္း (၈)ရက္တြင္ ဦးရစ္ေတာင္တပ္၊ တလိုင္း နဲေကာမီကို တိုက္ေလေသာ္နိုင္ေလ၏။

စႏၵသူရိယဓမၼရာဇာမင္း(၁၆၉၄-၁၆၉၆)လက္ ထက္တြင္ ကစၧပနဒီျမစ္ညာတြင္ေနေသာ မြန္နဲခြဲ၊ နဲသုတ တို႔သည္ တပ္တည္ကာ ေသာင္းက်န္းရာ ေလာေသာကဦးစီသတိုးမ်ားစြာေသာ ရဲမက္ဗိုလ္ ေျချဖင့္ တိုက္ေလရာ ေလာေသာကဦးစီသတိုးက်ေလသည္။ ၁၆၉၅ တြင္ တပ္ျပန္လာရသည္။ (စာ ၂၄၀) ကိုယ္ရံႀကီးတို႔ကထိုႏွစ္တြင္ ဝရဓမၼရာဇာမင္းကိုနန္းတင္ျပန္ရာ ကစၧပနဒီျမစ္ညာတြင္ေနေသာ မြန္နဲခြဲ၊ နဲသုတႏွင့္ကုလားတို႔လာကာ စႏၵသူရိယဓမၼရာဇာမင္းအား ၁၆၉၆ ခုတြင္ နန္းတင္ကာ ဝရဓမၼရာဇာ မင္းကို ကုလားတန္ျမစ္ညာသို႔လၽွိုပို႔ေလသည္။

ေျပာင္းမီးေပါက္အုပ္ခ်ဳပ္ေသာသူရဲညိဳသည္ ဗိုလ္မႈးျပဳ ၿပီး တိုက္ခိုက္ေသာေၾကာင့္ တလိုင္းနဲခြဲႏွင့္နဲသုတတို႔ေျပးေလသည္။ (ရွင္စႏၵမာလလကၤာရ၊ ၂၄၁)မာ႐ုမၸိယမင္း(၁၆၉၆-၁၆၉၇)လက္ထက္တြင္ ကစၧပနဒီျမစ္ညာဖ်ားတြင္ တပ္တည္ေသာင္းက်န္းေသာေၾကာင့္ ၁၆၉၇ ခုတြင္ မာ႐ုမၸိယမင္းက မဟာေဇယ်အမတ္အားေစလႊတ္တိုက္ခိုက္ေစရာ ၁၆၉၆ ခုတြင္ သေရေခ်ာင္းဖ်ားတြင္တိုက္ပြဲျဖစ္ကာ အမတ္ေသေလ၏။ ၁၆၉၇ တြင္ ေျမာက္ဦးကိုသိမ္းေလသည္။ ကိုယ္ရံေတာ္မ်ားစုစည္းကာျပန္တိုက္ေလရာပ်က္စီးကာေျပးေလသည္။(ရွင္စႏၵမာလလကၤာရ၊စာ၂၄၅) ထိုႏွစ္တြင္ကာလႏၶတ္မင္းနန္းတက္ရာ ဖေလာင္းဘရင္ဂ်ီသည္ သေဘၤာျဖင့္ျမစ္ညာမွမြန္ႏွင့္ ကုလား ကို တိုက္ရာ ရမ္းဝတြင္ပ်က္ေခ်သည္။ ထိုကဲ့သို႔ေျမာက္ဦးေခတ္တေလ်ာက္ ကုလားတန္ျမစ္ညာမွ စစ္သုံ႔ပန္မြန္အႏြယ္မ်ား၏ပုန္ကန္မႈအား ႏွိမ္နင္းခဲ့ရာမွ အထက္သို႔ ေျပးဝင္ခိုလႈံလာခံၾကျပန္ပါသည္။

၃)ေခ်ာင္းသားလူမ်ိဳးျဖစ္ေပၚလာျခင္း

ခ်င္းျပည္နယ္ ပလက္ဝနယ္ရွိ ရခိုင္လူမ်ိဳးမ်ားအားလုံးကို ေရွးယခင္က ေခ်ာင္းသားလူမ်ိဳးမ်ားဟု မွတ္ တမ္းတင္ခဲ့ၾကပါသည္။ ေခ်ာင္းသားဆိုသည္မွာ ရခိုင္ဘာသာစကားကိုေေျပာဆိုအသုံးျပဳၿပီး ျမစ္ေခ်ာင္း နံေဘးတြင္ေနထိုင္ေသာသူမ်ားကို ဆိုလိုပါသည္။ အထူးသျဖင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္လည္းေကာင္း၊ ဘဂၤလားေဒ့ရွ္နိုင္ငံ စစ္တေကာင္းေတာင္တန္းေဒသတြင္လည္းေကာင္းေနထိုင္ၾကေသာသူမ်ားျဖစ္ၾကေလသည္။

ေခ်ာင္းသားမ်ားသည္ ရခိုင္ႏွင့္ဗမာလူမ်ိဳးမ်ားႏွင့္ ဓေလ့ ထုံးစံမ်ား၊ ဘာ သာစကားမ်ားအနည္း ငယ္ကြဲျပားသည္။ ၎တို႔သည္ ဗမာမိသားစုႀကီးတြင္ပါဝင္ေၾကာင္းဆို ေလသည္။ ေခ်ာင္းသားဆိုေသာအမည္ ၏အနက္မွာ ျမစ္ေခ်ာင္း၏သားဟုအနက္ရသည္။ ဆိုလို သည္ မွာ ေခ်ာင္း၊ ျမစ္ေဘးတြင္ေနထိုင္ေသာသူကိုဆိုလိုေပသည္။ စာေပအေရးအသား၊ ဓေလ့ထုံးစံ၊ ဝတ္စား ဆင္ယင္မႈ၊ အသား အေရႏွင့္ပုံသ႑ာန္ကိုသုံးသပ္လၽွင္ အေရွ႕ဖက္ဗမာလူမ်ိဳးမ်ား ႏွင့္ပိုမိုနီး စပ္ ေလသည္။ (GER Grant Brown, p 13)

သမိုင္းပညာရွင္ျဖစ္သူ အာသာဖယ္ယာ(Arthur Phayer)က ေခ်ာင္းသားမ်ားသည္ျမန္မာတို႔ႏွင့္မိသား စုတူမ်ားျဖစ္သည္။(စကားခ်ပ္၊-ျမန္မာဆိုရာတြင္ ေတာင္ဖက္ဘားမစ္ရွ္ ဘာသာစကားေျပာအုပ္စုဝင္ကို ဆိုလိုပါသည္) ျမန္မာအႏြယ္ (ေခ်ာင္းသား)မ်ားဝင္ေရာက္လာေသာအခါ ခမီးမ်ားက ထိုအရပ္ေဒသ ကိုပိုင္ဆိုင္ၿပီးျဖစ္ေၾကာင္းေဖာ္ျပထားပါသည္။ ထို႔ေၾကာင့္ထိုေခ်ာင္းသားမ်ားသည္ အတြင္းပိုင္းတြင္ေန ထိုင္ျခင္းမရွိဘဲ ကုလားတန္ျမစ္ေဘး စိုက္ပ်ိဳးေရးေကာင္းမြန္ေသာေနရာမ်ားတြင္ေနထိုင္ၾကသည္။ ထို႔အေၾကာင္းေၾကာင့္ ေခ်ာင္းသားဆိုေသာအမည္ရလာၿပီး ျမစ္ေခ်ာင္းေဘးတြင္ေနထိုင္ေသာသူမ်ားဟု အနက္ရွိပါသည္။( Hughes, p )

ေခ်ာင္းသားဟူေသာအမည္မွာ ရာခိုင္ရာဇင္သစ္က်မ္း၌ မင္းဗာႀကီးလက္ထက္ သားေတာ္စစ္တံတင္ ၿမိဳ႕စားခ်စ္ေႏွာင္း မင္းဖေလာင္း၏ တပ္ေတာ္ ၁၅၄၇ ခုႏွစ္တြင္ ပါဝင္ေၾကာင္း ၁၉ ရာစုေရး ရာခိုင္ရာဇဝင္သစ္မွေဖာ္ျပေလသည္။(အရွင္စႏၵမာလလကၤာရ၊ ရခိုင္ရာဇဝင္သစ္က်မ္း) “ေခ်ာင္းသား” နည္း တူ ေတာင္ကုန္းေတာင္တန္းတြင္ေနထိုင္ေသာသူမ်ားကို “ေတာင္သား”ဟုေသာ အမည္ျဖင့္ေခၚေလ သည္။ ယခု ခူမီးခ်င္းမ်ားကို ေခၚေပသည္။

စစ္ေတြခရိုင္ဂဇက္အရ ေခ်ာင္းသားမ်ားသည္ ျမန္မာျပည္မွ ပ်ဴႏွင့္မြန္တို႔၏ အဆက္ အႏြယ္မ်ား ျဖစ္ေၾကာင္းဆိုေလသည္။ ၁၅၉၆ ခုႏွစ္ ရခိုင္ဘုရင္မင္းရာဇာႀကီးမွာ ေတာင္ငုူဘုရင္ႏွင့္အတူ ပ်ဴတိုင္းျပည္ကိုတိုက္ခိုက္ၿပီး၊ ရွမ္းမ်ားကိုေမာင္းထုတ္ခဲ့သည္ဆိုသည္။ ထိုေနရာမွ ဘ႑ာရတနာမ်ား၊ ဘုရင့္သမီးေတာ္ကိုလည္းရရွိသည္။ ပ်ဴႏွင့္တလိုင္းေထာင္ခ်ီကိုလည္း ေခၚေဆာင္လာၿပီး သမီး ေတာ္ကိုမိဘုရားေျမႇာက္ေလသည္။ေနာက္လိုက္ေနာက္ပါမ်ားကိုကုလားတန္ ျမစ္အေရွ႕ဖက္ တေရြး ေခ်ာင္းအနီးတြင္ေနရာခ်ထားေလသည္။ မင္းသမီးမွာ ပဲခူးမင္းသမီးအျဖစ္ ထင္ရွားသည္။ ေနာက္ လိုက္ေနာက္ ပါမ်ားမွာ စစ္သည္မ်ား ေလးသည္ေတာ္မ်ားအျဖစ္အမႈထမ္းၾကသည္။ တေရြးေခ်ာင္း တြင္ ေနထိုင္ေနၾကစဥ္တြင္ အနီးမွ ရိုးမေတာင္မ်ားမွ ခ်င္းမ်ားကို တိုက္ခိုက္ရန္ အသုံးျပဳခံ ရပါသည္။ ရွမ္းတူ (မရာ) ေခါင္းေဆာင္ မြန္တင္(Muntin)ႏွင့္ မြန္ပရြန္(Munprun)တို႔ ကုလားတန္အထက္တြင္ ထႂကြ စဥ္က ၎တို႔ကို ႏွိမ္နင္းရန္ေစလႊတ္ပါသည္။

ထိုစစ္ဆင္ေရးတြင္ တလိုင္းႏွင့္ပ်ဴစစ္သည္တို႔သည္ အိမ္ကိုလြမ္းဆြတ္ၿပီး အႀကိမ္ၾကမ္အိမ္သို႔ျပန္ေျပးၾကသည့္အတြက္ ရခိုင္ဘုရင္သည္ ၎တို႔အား ကုလားတန္ျမစ္အထက္ႏွင့္ စစ္တေကာင္းေတာင္ တန္းမ်ား တြင္ေနရာ ခ်ေပးေလသည္။ ၎တို႔သည္ သတၱိရွိၿပီး မာေက်ာသည့္အတြက္ ေတာင္ေပၚသားမ်ားကို ထိန္းခ်ဳပ္ရန္ေစလႊတ္ျခင္းျဖစ္ေလသည္။ အက်င့္စရိုက္ႏွင့္ ဓေလ့မွာ ရခိုင္ဗမာမ်ားႏွင့္အနည္း ငယ္ကြဲျပားပါသည္။ (Mr. R.B. Smart, Burma Gazetteer: Akyab District Vol A, 1917, p 91)

မီးေခ်ာင္းၿမိဳသင္းႀကီးပုန္ကန္မူ

၁၈ ရာစုအေရာက္တြင္ မီးေခ်ာင္း(ယခု ေက်ာက္ေတာ္ႏွင့္ ပလက္ဝနယ္စပ္)မွ ၿမိဳသင္းႀကီး၏ ပုန္ ကန္မႈကိုေတြ႕ရသည္။ မူလက ရခိုင္မင္းမ်ားထံ ပ႑ာဆက္အျဖစ္ ေအးခ်မ္းစြာေနထိုင္ၿပီး ေက်ာက္ပန္းေတာင္မွ မဟာဂ်ီ႐ုပ္တုကိုပင္ ဆက္သဖူးသူျဖစ္သည္။ အေၾကာင္းေၾကာင္းေၾကာင့္ ပုန္ကုန္မႈစတင္ၿပီး ပထမတြင္ ရခိုင္တပ္ေတာ္အေရးနိမ့္ေလသည္။ ဒုတိယအႀကိမ္ စစ္သူရဲ ၃ဝဝဝ ေစလႊတ္တိုက္ခိုက္ရာမွ ေအာင္နိုင္ေလသည္။ ထိုအျဖစ္ အပ်က္ကို ဆိုလိုျခင္းပါသည္။

နရအဘယရာဇာ(၁၇၆၁-၁၇၆၄)ထက္ထက္၊ သကၠရာဇ္ (၁၁၀၇-ခရစ္ႏွစ္ ၁၇၄၅)ခု ဝါကၽြတ္လတြင္ အေနာက္ကုလားတန္ျပည္သို႔ ဟရမားတိုက္လက္ယာျမန္ဂူတာကိုေစလႊတ္ေတာ္မူလိုက္သည္၊ လက္ ဝဲျမန္လည္းသြားေလ၍ မီးေခ်ာင္းသို႔ ေရာက္ေလေသာ္ ၿမိဳသူႀကီးငပင္ကို ခရီးလမ္းညႊန္ေစ၍ သြားျပန္ ေလေသာ္ ေက်ာက္ပန္းေတာင္း ၿမိဳ႕ေဟာင္းသို႔ ေရာက္ေလလ်င္ မဟာဂ်ီ႐ုပ္ထုေတာ္ ကိုဖူး ေမ်ာ္ရ ေလ၏။ ယင္းသို႔ဖူးေျမာ္ေနစဥ္ ရတနာစံဦးဆရာေတာ္လည္း မဟာဂ်ီ႐ုပ္ထုေတာ္ကို ပင့္ေတာ္ မူရန္ ႂကြလာေတာ္မူလ်က္ ႐ုပ္ထုေတာ္မဟာဂ်ီတပါးကို ပင့္ယူေတာ္မူေလသည္၊ က်န္႐ုပ္ထုေတာ္မဟာဂ်ီ တပါးကို လက္ဝဲျမန္အမတ္ ပင့္ ေဆာင္ေတာ္မူလ်က္ နရအဘယရာဇာမင္းအား ဆက္သ ေတာ္မူေလ လ်င္ နရအဘယရာဇာမင္း ေနေတာ္မူေသာ ေတာင္နန္းေဆာင္တြင္ ရတနာစီခ်ယ္ေသာျပႆဒ္ ေဆာင္တြင္ က်ိန္းဝပ္ေတာ္မူေစလ်က္ ကိုးကြယ္ေတာ္မူသည္။ ထို႐ုပ္ထုေတာ္ မဟာဂ်ီကို ေရွးမင္း အဆက္ဆက္တို႔သည္ ပင့္ေဆာင္၍မရေလ။ နရအယရာဇာမင္းလက္ထက္မွ ပင့္ေဆာင္ရ ယူေတာ္ မူ၍ ကိုးကြယ္ရေလသတည္း၊(အရွင္စႏၵမာလလကၤာရ၊ ၂၆၈)

တႀကိမ္တုံလည္း မီးေခ်ာင္းဖ်ားတြင္ေနေသာ ၿမိဳသင္းႀကီးသည္ ရိုင္းျပေလေသာေၾကာင့္ နရအဘယရာ ဇာမင္းလည္း ၿမိဳသင္းႀကီးကို ဆုံးမစိမ့္ေသာငွါ အမတ္ေတာ္ဆင္ကဲႀကီးကို ေစလႊတ္ေတာ္မူလိုက္၏။ ဆင္ကဲႀကီးလည္း မ်ားစြာေသာရဲမက္ဗိုလ္ပါႏွင့္သကၠရာဇ္ (၁၁၁၀၊ ခရစ္ ၁၇၄၈) ျပည့္ တပို႔တြဲလတြင္ခ်ီ သြား၍ တိုက္ေလလ်င္ပ်က္စီးၿပီးျပန္လာရကုန္၏။ ယင္းသို႔ျပန္လာၿပီးေနာက္ နရအဘယရာဇာမင္း သည္ လကၤာတပိုဒ္ေရးသားေစ၍ ခမက္ေတာ္လက္ယာျမန္ဂူတာႏွင့္ အမတ္သုံးေထာင္တို႔ကို ကုလားတန္ မီးေခ်ာင္းသို႔ေစေတာ္မူလိုက္ျပန္သည္၊ ၊ခမက္ေတာ္လက္ယာျမန္ဂူတာႏွင့္ အမတ္သုံးေထာင္ တို႔ ဆန္သြား၍ မိေခ်ာင္းသို႔ေရာက္သြားေလ လ်င္ၿမိဳသင္းႀကီးကို တိုက္ေလေသာ္သကၠရာဇ္(၁၁၁၂ ခရစ္ ၁၇၅၀)ခုတပိုတြဲလတြင္ ဟရမားတိုက္၍ပ်က္စီးေလ၏။ (အရွင္စႏၵမာလလကၤာရ၊ ၂၇၀)

သမိုင္းမွတ္တမ္းမ်ားတြင္ ေတာင္ေပၚမ်ိဳးႏြယ္စုတိုင္းရင္းသားမ်ားသည္ ရခိုင္မင္းဆက္မ်ားကို မၾကာ ခဏေႏွာက္ယွက္လာေသာေၾကာင့္ ထိုေဒသမ်ားရွိတိုင္းရင္းသားမ်ား၏ရန္ကို ကာကြယ္ရန္အတြက္ ရခိုင္ဘုရင္တစ္ပါးမွ ရဲစြမ္းသတၱိရွိၿပီး ခံနိုင္ရည္စြမ္းအားဂုဏ္သတင္း ေက်ာ္ေစာေသာ ထိုေခ်ာင္းသား မ်ားကို ေစလႊတ္ျခင္းျဖစ္ေၾကာင္းဆိုပါသည္။ (Hughes,7)

ထိုအျဖစ္အပ်က္မွာ အထက္ေဖာ္ျပေသာ ၿမိဳသင္းႀကီး၏ ပုန္ကန္မႈကိုေရာင္ျပန္ဟပ္ျမင္ေယာင္ေစပါသည္။ ထိုေခ်ာင္းသားမ်ားသည္လည္း မြန္ႏွင့္ ဗမာအဆက္အႏြယ္မ်ားသာျဖစ္ေလသည္။

၄)ဗမာအဆက္အႏြယ္မ်ား

မတရာဇ္မင္း(၁၇၃၇-၁၇၄၂) လက္ထက္ သကၠ ရာဇ္ ၁၁၀၄(ခရစ္ ၁၇၄၂) ခုႏွစ္တြင္ အေရွ႕ျပည္မွ ငစံဦး၊ ငေရႊေက်ာ္၊ ငပုညိဳတို႔သုံးေယာက္လူေပါင္းေယာက္်ားမိန္းမ တစ္ေထာင္ႏွင္ဝင္ေရာက္လာၾက သည္။ ငစံဦး၊ ငေရႊေက်ာ္၊ ငပုညိဳတို႔ႏွင့္ပါလာေသာ လူတို႔ကို၊ ေပေခ်ာင္းတြင္ ခ်ထားေတာ္မူ၍ ေလး ေၾကာ့အစုံ ဘြဲ႕ေတာ္မူေလသည္။ ငပုညိဳကိုလည္း ေလးခက္ေထာင္စားအရာ ခန႔္ေတာ္မူလ်က္ထား ေလသည(ဦပ႑ိ၊ စာ ၁၀၉-၁၁၀)

ထို႔အျပင္ နရအဘယရာဇာမင္း ၁၇၆၂ ပတ္ဝန္း က်င္တြင္ မိေခ်ာင္း၊ ၿပိဳင္းေခ်ာင္းတြင္ ျမန္မာႏွမ္းျခည္ေတာင္စားငထြန္းေအာင္အားရြာတည္ေပး သည္။ ၁၇၈၅ ခု ရခိုင္အားျမန္မာတို႔သိမ္းၿပီးေနာက္ ျမန္မာတို႔က မိေခ်ာင္းဝတြင္စစ္တပ္တည္၍ အေစာင့္အေရွာက္ထားေလသည္။(အရွင္စႏၵမာလလကၤာရ)။ ထိုအခါ နရအဘယရာဇာမင္းသည္ ၿပိဳင္းေခ်ာင္း မီးေခ်ာင္းတို႔ ရြာတည္ေပးထားခဲ့ေသာ ျမန္မာႏွမ္းေၿခ ေတာင္စား ငထြန္းေအာင္သည္ ရခိုင္အမတ္တြင္ရွိေသာ အေျပာင္မိန္းမတို႔ကိုယူ ျမန္မာတို႔ပိုင္ သည္ ထင္မွတ္လ်က္ ေတာင္စဥ္သို႔ေျပးခဲ့၍ ဗိုလ္ငနိုးထံဝင္လာ၏။ (အရွင္စႏၵမာလလကၤာရ၊ ၂၈၃)

ခ်င္းျပည္နယ္ပလက္ဝရွိရခိုင္လူမ်ိဳးမ်ား၏ မ်ိဳးႏြယ္ဇစ္ျမစ္

ထိုမြန္အႏြယ္မ်ား၊ ဗမာအႏြယ္မ်ားေရာေႏွာလာရာမွရခိုင္မ်ားျဖစ္လာဟန္တူေပသည္။ ထိုသူမ်ားမြန္အဆက္အအႏြယ္ကားလုံးမွ ရခိုင္လူမ်ိဳးမ်ားျဖစ္ေပၚလာဟန္ရွိေပ သည္။ ထိုအခ်ိန္မ်ားမွ စကာ ေတာင္တန္းေဒသ(ပလက္ဝ)အရပ္တြင္ ေခ်ာင္းသား(ရခိုင္)မ်ား စတင္ေနထိုင္လာၾကေပသည္။ ပလက္ဝေဒသတြင္လာေရာက္ေနထိုင္ၾကေသာသူမ်ားသည္ လူမ်ိဳးစုံေရာ ေႏွာေနေသာ အသိုက္အဝန္း တစ္ခုျဖစ္ေလသည္။ မြန္ေသြးပိုမ်ားေလသည္။ေခ်ာင္းသားမ်ားသည္ ရခိုင္အဆက္အႏြယ္မ်ား ျဖစ္ေလသည္။ ရခိုင္ဘုရင္မ်ားက လြန္ခဲ့ေသာ ရာစု ႏွစ္မ်ားက ေတာင္တန္းမွ လူမ်ိဳးမ်ားကို ထိန္းခ်ဳပ္ရန္အတြက္ ေတာင္တန္းေဒသသို႔ ေစလႊတ္ထား ေသာ သတၱိရွိေသာ၊ ရဲရင့္ေသာလူမ်ိဳးမ်ားျဖစ္ေလသည္။ ထိုသူတို႔သည္ ေတာင္တန္းအတြင္း ပိုင္းသို႔ ေန ထိုင္ျခင္းမျပဳဘဲ ကုလားတန္ျမစ္ေလးတြင္တြင္ေနထိုင္ေသာေၾကာင့္ ေခ်ာင္းသားဟူေသာ အမည္ ကိုရရွိေလသည္။ ၁၈၇၀ တြင္ ရခိုင္ေတာင္တန္းေဒသ(ပလက္ဝ)တြင္ ဝန္ေထာက္အေနျဖင့္ တာဝန္ထမ္းေဆာင္ဖူးေသာ Mr. Sr. John က ရခိုင္(ေခ်ာင္းသား)မ်ားတြင္

မ်ိဳးႏြယ္ခုႏွစ္ခုရွိေၾကာင္းဆိုၿပီး ၄င္းတို႔မွာ

၁။ လုံဟီး(ရခိုင္)

၂။ ဒလ(တလိုင္း)၃။ တန္ဆထ(ရခိုင္)

၄။ မြန္ေထာက္(တလိုင္း)

၅။ ကုန္ေဆြ(ရခိုင္)

၆။ ေရႊဘဇြဲ(ရခိုင္)

၇။ ႐ုတ္(တလိုင္း)တို႔ျဖစ္ေၾကာင္း ဆိုေလသည္။

တလိုင္းဆိုသည္မွ မြန္လူမ်ိဳးအားဆိုလိုျခင္းျဖစ္သည္။ ရခိုင္ဆိုရာတြင္ ေခ်ာင္းသားမ်ားကိုဆိုလိုပါသည္။၄င္းတို႔သည္ ဒလက္ေမေက်းရြာ၏ေျမာက္ဖက္ ၈ မိုင္အထိသာ ေနထိုင္ၾကေၾကာင္းဆိုေလသည္။ (Hughes, The Hill Tracts of Arakan, 1881, p 14)

ဒလက္ေမရြာသား ဦးေက်ာ္မင္းမွေခ်ာင္း သားအေထာင္ ငါးမ်ိဳးရွိသည္ဆို၏။ အထက္ေဖာ္ျပပါအမည္မ်ားႏွင့္တူေလသည္။ ၄င္းတို႔မွာ

၁) လြန္ဟီေထာင္(ေခ်ာင္းသား)

၂) ဒလက္ေထာင္(တလိုင္း)

၃) တန္းဆိတ္ေထာင္္(ေခ်ာင္းသား)

၄) ႐ုပ္သားေထာင္(တလိုင္း)

၅) ပဥၥမဇြဲေထာင္(ေခ်ာင္းသား)

ထိုအနက္ ဒလက္ေထာင္(တလိုင္း)တြင္ အစဥ္(အစိုင္) ငါးမ်ိဳးျပန္ခြဲေလသည္။

၄င္းတို႔မွာ

၁) တုတ္ေၾကာသားအစဥ္

၂) ျပင္ဒန္းသားအစဥ္

၃) မယိုင္းသားအစဥ္

၄) ပြတ္စားသားအစဥ္

၅) ဒလက္သားအစဥ္(ေမာင္ေမာင္သိုက္၊ တိုင္းရင္းသားယဥ္ေက်းမႈႏွင့္သမိုင္းဆိုင္ရာ ကြင္းဆင္းစာတမ္းမ်ား၊ ၁၉၈၅၊စာ ၁၅-၁၆)

နိဂုံး

ပလက္ဝေဒသသို႔ ေခ်ာင္းသား ရခိုင္လူမ်ိဳးမ်ားမည္သည့္အခ်ိန္တြင္ေရာက္ရွိလာပါသနည္း ဆိုသည့္ ေမးခြန္းကို အထက္ပါရခိုင္မွတ္တမ္း၊ ကိုလိုနီမွတ္တမ္းမ်ားႏွင့္ တိုက္ဆိုင္ၾကည့္ရႈပါက ရွင္းလင္းပါ လိမ့္မည္။ ခ်င္းျပည္နယ္ပလက္ဝတြင္ ေျမာက္ဦးေခတ္လယ္ပိုင္းက ရခိုင္ဘုရင္မ်ားၾသဇာလႊမ္း မိုးမႈ အနည္းငယ္ရွိခဲ့သည္။ သို႔ေသာ္ ေတာင္တန္းသား ခ်င္းလူမ်ိဳးမ်ား အေပၚတြင္သက္ေရာက္ျခင္းကား မဟုတ္ေပ။ စစ္ေဘးခိုလႈံလာေသာသူမ်ား၊ မင္းျပစ္ဒဏ္သင့္ေသာသူမ်ား၊ ေခတၱျဖတ္သန္းေရာက္ရွိ လာေသာသူမ်ားျဖစ္ေပသည္။

ေျမာက္ဦးေခတ္ေႏွာင္းပိုင္းအေရာက္တြင္ မြန္လူမ်ိဳးမ်ားအေၾကာင္းကိုေတြ႕ရမည္ျဖစ္ၿပီး ေက်ာက္ေတာ္ နယ္တြင္ ႏွစ္ေပါင္းမ်ားစြာေနထိုင္ၿပီးမွ ၁၈ ရာစုအကုန္ပိုင္းတြင္ ေျမာက္ဖက္သို႔ဆန္တက္ကာ အေျခခ် ေနထိုင္လာေသာသူမ်ားျဖစ္ေလသည္။ ထိုမြန္တလိုင္းအႏြယ္မ်ားမွ ေခ်ာင္းသားမ်ားျဖစ္လာကာ ထို ေခ်ာင္းသားမ်ားက ယေန႔ ရခိုင္အမည္ခံယူေသာသူမ်ားျဖစ္လာၾကပါသည္။ ထိုသူမ်ားသည္ပင္ လၽွင္ အေစာဆုံး ၁၇၂၁(စစ္ကြပ္ေက်ာ္ေသြး၊ ငပုလဲ၊ ငခ်င္းရာ) ႏွင့္ ၁၇၅၀ (လက္ယာျမန္ဂူတာ)တြင္သာ ေရာက္ရွိလာမည္ဟုတြက္ခ်က္နိုင္ပါသည္။

ေနာက္ဆုံးတြင္အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ေရာက္ရွိလာေသာသူမ်ားေပါင္းစပ္သြားေၾကာင္းသုံးသပ္ရပါသည္။ ထိုေခ်ာင္းသားမ်ားသည္ ၁၈၇၂ ခုႏွစ္တြင္ လူဦးေရ ၁၂၀၀ ဦး ရွိသည္ ၁၉၀၁ ခုႏွစ္တြင္ ၁၁၀၀ ဦး ရွိေလသည္။ ထို ၁၉၀၁ ခုႏွစ္တြင္ ရခိုင္ေတာင္တန္းခရိုင္၏ စုစုေပါင္းလူဦးေရမွာ ၂၀၆၈၁ ဦး ရွိၿပီး ေခ်ာင္းသားရခိုင္လူမ်ိဳးမ်ားမွာ (၅.၃) ရာခိုင္ႏႈန္းသာရွိသည္။ ထိုအခ်ိန္က ေတာင္တန္းနယ္သည္ ယေန႔ လက္ရွိပလက္ဝ၏ သုံးပုံံႏွစ္ပုံသာရွိေလသည္။ ရခိုင္အေထာင္မွာ (၇) ခုရွိၿပီး ထိုအခ်ိန္က တနယ္ လုံးတြင္ ေတာင္မင္း၊ ေခ်ာင္းစား အုပ္စု ၂၈ ခုရွိသည္။ က်န္ ၂၁ အုပ္စုမွာ ခ်င္းမ်ား ျဖစ္ ေလသည္။ ထိုအခ်ိန္ကေက်းရြာေပါင္း ၃၃၄ ရွိသည္။ၿဗိတိသၽွလက္ေအာက္က်ေရာက္ၿပီးေနာက္ပိုင္း ရခိုင္လူဦးတိုးတက္မ်ားျပားလာသည္။ လြတ္ လပ္ေရး ရၿပီး ေနာက္တြင္ ေတာင္ဖက္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ပုဏၰားကၽြန္းမ်ားမွ ရခိုင္လူမ်ိဳးမ်ား ပိုမို ေရာက္ရွိလာၾကၿပီး ေဒသခံ မြန္အဆက္အႏြယ္ ေခ်ာင္းသားမ်ားႏွင့္ေရာေႏွာသြားပါေတာ့သည္။

ခုႏွစ္သကၠရာဇ္မ်ားအတြက္ကိုးကားက်မ္းမ်ားရခိုင္ရာဇဝင္သစ္က်မ္း(ပထမတြဲ)

Htin Aung, A History of Burma, Cambridge University Press, New York and London, 1967Harvey, G.E., History of Burma: From the Earliest Times to 10 March 1824, Frank Cass & Co. Ltd., London, 1925Phayre, Lt. Gen. Sir Arthur P., History of Burma, London, 2nd Edition, 1967Ro Sang19-1-2020

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: