ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း(က)

Chin & Rakhine Map/Ro Sang


သမိုင်းဦးပလက်ဝဒေသ (zawngyi is below)
ချင်းပြည်နယ်၊ပလက်ဝဒေသရှိ ချင်းလူမျိုးတို့သည် မွန်ဂိုလွိုက်မျိုးရင်း၊တိဗက်မြန်မာဘာသာစ ကား အုပ်စုအတွင်းမှ ကူကီး-ချင်းဘာသာစကားတူအုပ်စုခွဲပင်ဖြစ်ပါသည်။ ယနေ့ချင်းလူမျိုးတူစု များကို မြန်မာနိုင်ငံတွင် ချင်းလူမျိုးဟုလည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်တွင် ကူကီးလူမျိုး၊ မီဇိုး လူမျိုးဟု လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ခရန်းလူမျိုးဟုလည်းကောင်း ခေါ်ဝေါ် ကြပါသည်။ ချင်း လူမျိုးဟု အိမ်နီးချင်း ဗမာတိုင်းရင်းသားများက ခေါ်ဝေါ်ကြပြီး၊ ကချင်များ၊ ရှမ်းများက ခန်း၊ ကရင် များက ချော၊ ရခိုင်များက ရှန်း၊ ယောလူမျိုးများက ချန်းဟု ခေါ်ဝေါ် ပေသည်။ ဘာသာဗေဒပညာ ရှင်များကမူမြောက်ဘက်ဆုံး ထာဒိုကူကီးမှ တောင်ဘက်ဆုံး အရှိုချင်းများအထိ ခြုံငုံကာ ကူကီး-ချင်း ဘာသာစကားဟုခေါ်ပါသည်။ ဘာသာစကားအုပ်စု ပေါင်းမြောက်များစွာပါဝင်ပါသည်။ အချို့က ချင်း အုပ်စုဟုပင်မသိသောအနွယ်များလည်း ပါဝင်ပါသည်။ ပလက်ဝနယ်မှ ခူမီးများ၊ ရခိုင်မှ မြိုခမီများ မြို(မရူစား)များသည် တောင်ဘက်ချင်း ဘာသာစကားခွဲအစုဝ်ဖြစ်လေသည်။

တောင်ပိုင်းချင်းဘာသာစကားအုပ်စုဝင်များသည် အေဒီအစပိုင်းနှစ်များတွင် မြန်မာနိုင်ငံအတွင်း ဝင်လာ ကြောင်းဆိုနိုင်ပါသည်။ အိတ်ချ် အက်ဖ်ဟတ်ဇ် (H.F. Hertz)က ချင်းတို့သည် မလိခမြစ် ဝှမ်းတွင် နေထိုင်ခဲ့သော အထောက်အထားများရှိခဲ့ပြီး ဂျိန်းဖောတို့၏ တွန်းအားကြောင့် အနောက်တောင် ဘက်သို့ ချင်းတွင်းမြစ်ဝှမ်း တလျှောက် ရွှေ့ပြောင်းကြောင်း ဆိုပါသည်။ ထိုမှတဆင့် ချင်းတောင်ကို ဖြတ်သန်းလာကာ ပလက်ဝနယ်များသို့ ရောက်ရှိလာကြပါသည်။ အချို့အနွယ်ဝင်များမှ ပင်လယ်ဝ သို့တိုင်အောင် ရောက်ရှိခဲ့ကြပြီးတောင်ဖက်မှ ရောက်ရှိလာသော အခြားလူမျိုးများကြောင့် မြောက် ဖက် တောင်တန်းဒေသများသို့ ပြန်လည်ရောက်ရှိလာကြပြန် ပါသည်။

အာရိယာန်ဓညဝတီ၊ဝေသာလီခေတ်နှင့်ပလက်ဝဒေသ
ရခိုင်သမိုင်းမှတ်တမ်းများအရ သမိုင်းဦးရခိုင်သမိုင်းသည် ပလက်ဝဒေသတွင် အစပြုကြောင်းဆိုပါ သည်။ ထိုသို့ဆိုရသော် ပလက်ဝနယ်အပါအဝင် ရခိုင်မြောက်ပိုင်းအရပ်များသည် အိန္ဒိယမှတိုးဝင် လာသော အင်ဒိုအာရိယာန်အနွယ်ဝင်များနှင့် အာရှအရှေ့ပိုင်းမှ ဝင်လာသော မွန်ဂိုလွိုက်အနွယ်များ ထိပ်တိုက်ဆုံဆည်းသော အရပ်ဖြစ်ပေသည်။ ထိုကြောင့် ထိုအရပ်ရှိ ကနဦးသမိုင်းများသည် အာရိ ယာန်မင်းဆက်များ၏ သမိုင်းမှတ်တမ်းများပိုများပေသည်။ ထိုသို့ဆိုရာတွင် အိန္ဒိယအနွယ်ဝင်များနှင့် ပတ်သက်သောမှတ်တမ်းများက ဒေသခံများတွင် တွေ့ရလေသည်။

အရှေ့တောင်အာရှဒေသကမ်းရိုးတန်းသို့ အဦးဆုံးအခြေချနေထိုင် ပြောင်းရွှေ့လာသောလူမျိုးများမှာ နီဂရစ်တို သို့မဟုတ် ဒြာဗီးဒီးယာန်းမျိုးနွယ်များဖြစ်ဟန်တူကြောင်း မနုသဗေဒပညာရှင်များက ယူဆ ထားကြပေသည်။ ၄င်းတို့သည် မည်းနက်သောအသားရေ၊ ပုသောအရပ်အမောင်း၊ ကောက်ကွေး သောဆံနွယ်များရှိကာ ယဉ်ကျေးမှုနိမ့်ပါးပေသည်။ ထိုအကြောင်းကြောင့် ကနဦးနေထိုင်သူများကို နောက်ပိုင်းမှရောက်လာကာ ရွှေ့ပြောင်းလာသည့် ပိုမိုယဉ်ကျေးသော အာရိယာန်မျိုးနွယ်များက မူလနေထိုင်သော နီဂရစ်တိုလူမျိုးများ၊ ဒြာဗီးဒီးယာန်းလူမျိုးများကို ဘီလူးမျိုးဟုခေါ်ဝေါ်သကဲ့သို့၊ မွန်ဂိုလွိုက်အနွယ်ဝင်များကို မျောက်၊ ဆတ်၊ သမင် စသော တိရိစ္ဆာန်များအဖြစ်လည်းကောင်း၊ ပင်လယ်ပျော် ဩစတြစ်မျိုးနွယ်များကို နဂါးမျိုးနွယ်ဟုလည်းကောင်း အမှတ်အယူရှိလေ့ရှိပါသည်။ ရာမယနဇာတ်တော်သည် ထိုကဲ့သို့သောအဖြစ်ပျက်အရာများကိုဖော်ပြနေသော ဥပမာပင်ဖြစ်ပေ သည်။

ပထမအဖြစ်အပျက်
ရခိုင်ရှေးရာဇဝင်များကို ဆက်လက်လေ့လာလျှင် ဗုဒ္ဓကျမ်းဂမ်လာ ဟိမဝန္တာတောမှာမူ ယနေ့ အိန္ဒိယ နိုင်ငံမြောက်ပိုင်း၊ နီပေါနိုင်ငံတည်ရှိသော တောင်တန်းကြီးဖြစ်သော်လည်း ဤရခိုင်ရာဇဝင်လာ စကား များ မှ
ဟိမဝန္တာတောဝယ် ဆိုသည်မှာ ယနေ့ရခိုင်မြောက်ဖက်မှ ပလက်ဝတောင်တန်းများ ကိုတင် စား ကာဆိုသောစကား ဖြစ်ပေသည်။ ဤအဖြစ်အပျက်မှာ ရခိုင်ပြည်မြောက်ဖျားသို့ နှောင်းပိုင်း မွန်ဂိုလွိုက်ရခိုင်လူမျိုးများ ရောက်ရှိလာသောအခါ ကြားရသော ဒဏ္ဍာရီများကို သမို်င်းမှတ်တမ်းများ အဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်လာဟန်တူပေသည်။ အခြားတစ်နည်းအားဖြင့်. ယူဆနိုင်သည်မှာ ထို ဘီလူးဟုမှတ်တမ်းတင်ထားသောလူများမှာ ယဉ်ကျေးမှုနိမ့်ပါးသော တောင်ပေါ်အနွယ်များ (သို့ မဟုတ်) ရှေးဦးလူမျိုးများဖြစ်နိုင်ပေသည်။ ထိုလူမျိုးများမှာမြောက်ဖက်ကုလားတန်မြစ်ဝှမ်းတလျောက် ပလက်ဝဒေသဘက်မှ ဆင်းသက်လာဟန်ရှိပြီး တောင်ဘက်ဝေသာလီပတ်ဝန်းကျင် အထိ ရောက်ရှိ နေထိုင်ကြဟန်ရှိပေသည်။ ထိုသူများသည် ယနေ့ကျောက်တော်လွင်ပြင် တလျောက်တွင် စစ်ရေး အရာ လွှမ်းမိုးထားဟန်တူပြီး ကနဦးရှိနှင့်သောမင်းဆက်ကိုပင် ဖြုတ်ချနိုင်ခဲ့ပေသည်။ သို့သော် ယဉ်ကျေးမှုအရာ နိမ့်ပါးသောဓလေ့ရှိသောကြောင့် မင်းဆက်တည်ထောင်ကာ အုပ်စိုးနိုင်ခြင်းရှိဟန် မတူ။

ထိုအခါ ဟိမဝန္တာတောဝယ် မျောက်ဖိုနှင့် ဆတ်မသည်အချင်းချင်းပေါင်းဘက် ဆက်ဆံ၍ နေကြစဉ်၊ လေမုန်တိုင်းသည်း ထန်စွာထလျက်၊ မိုဃ်းသည်းထန်စွာရွာလတ်၍၊ မှီတင်း၍ နေသော ညောင်ပင်နှင့် သဖန်းပင်လဲ၍၊ ရေအယဉ်ဖြင့်-ကစ္ဆပနဒီမြစ်ညာမှသည် အစဉ်အတိုင်း မျောကြလတ်သော် သေလာ ဂီရိ ကျောက်တော်တောင်ခြေရင်း ဝယ်ပါးကြလေ၏။ မျောက်ဖိုနှင့် ဆတ်မသည် တောသို့ဝင်၍ ကာလကြာမြင့်ရှည်စွာ ဆက်ဆံပေါင်းဘက်၊ သားသမီးသုံးကျိပ်နှစ်ယောက်မွေးဖွား၏။ ထိုသားတို့ တွင် အချို့ကား လူဖြစ်၍ လူအပေါင်း အဖော်သို့ ဝင်ကြလေ၏။ အချို့ကားဘီလူးဖြစ်၍ တောင် တစ်ခု ဝယ်နေကြကုန်၏။

ထိုအချိန်က ဝေသာလီကိုအုပ်ချုပ်နေသောသူများသည် အင်ဒိုအာရိယာန်အနွယ်ဝင်များ (သို့မဟုတ်) အင်ဒိုဒြာဗီဒီးယာန်းမျိုးနွယ်များ ဖြစ်ဟန်တူလေသည်။ ထိုဘီလူးများဟူသတ်မှတ်ကြသော လူမျိုးများ မှာ သက်(ကျမား)နှင့်(မြိုချာ)တို့ရောနှောနေသော ကနဦးလူမျိုးအုပ်စုကြီးဖြစ်ဟန်တူပေသည်။ အ ဘယ်ကြောင့်ဆိုသော် ထိုဘီလူးဆိုသောသူများနှင့် ၄င်းတို့အချင်းချင်းသည်လည်း မောင်နှမတော် ကြောင်း ရာဇဝင်များက ဆိုပေသည်။ ယနေ့အသက် (ကျတ်)လူမျိုး၊ မြိုချာ (လောင်ဟူ)၊ မြိုခမီး၊ သက် (ချက္ကမ)လူမျိုးများကို ပိုမိုလေ့လာလျှင် ဆွေမျိုးနီးစပ်နေသော ထိုအချက်များကို ပိုမိုတွေ့ ရှိရမည်ဟု မျှော်လင့်ရပါသည်။ ၄င်းလူမျိုးများအကြား ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းစဉ်ဆက်စပ်မှုမှာ ယခင်က ပိုမိုနီးစပ်ခဲ့ဟန်တူပေသည်။ မာရယုမင်းသည်လည်း ထိုဘီလူးများကိုနှိမ်နင်းသောအခါ သူ၏ ဦးရီးတော်များဟုဆိုရာ မိခင်မှာ ဆတ်မဖြစ်သောကြောင့် သက်(ချက္ကမ) လူမျိုးများလည်းပါဝင်ဟန် တူပေသည်။

ဒုတိယအဖြစ်အပျက်
ပလက်ဝအရပ်တွင်ဖြစ်ပျက်ခဲ့သော အခြားမှတ်တမ်းတစ်ခုမှာ အစတွင် လေမုန်တိုင်းတိုက်လျက် မိုး သည်းထန်စွာရွာလျှင် ထိုဣန္ဒမာရုဆတ်မသည်လည်း ညောင်ပင်ထက်ဝယ်စီးလျက် ကစ္ဆပနဒီမြစ် ညာမှ အစဉ်အတိုင်းမြောလာသော် လက်သက်၊ ကူးလက်၊ ကူးလတန်း၊ မိန်း၊ ငတင်ကြီး၊ ငစေထွန်း စသော အရပ်များသို့တိုင် ရောက်လာလေသည်။ ထို့နောက်သူငယ်ကိုမွေးဖွားလာရာ ထိုသူငယ်ကို မြိုသင်းကြီးငအောင်လာက ကောက်ယူမွေးစားလေသည်။ အမည်ကို မာရယုဟုမှည့်လေသည်။ မာရယုမင်းသားသည် အဆင်းအင်္ဂါနှင့်ပြည့်စုံပြီး လေးမြားအရာတွင် ကျွမ်းကျင်လှသောကြောင့် မြိုလူ မျိုးအပေါင်းတို့က မင်းအဖြစ်ကိုတင်အံ့ဟု မြိုသင်းကြီးငအောင်လာ၏သမီး မပိန်ညာနှင့် ပေးစားပြီး ခုနှစ်ဆောင်ရွာ အရပ်တွင် အုပ်စိုးလေသည်။

ဝေးသည်မကပ်၊ ဘေးမျိုးလွှတ်သာ၊ အောင်ရပ်(တောင်ရပ်)မဏ္ဍိုင်၊ တို့ရခိုင်ဝယ်၊ ယှဉ်ပြိုင်စီးကျ၊ ကစ္ဆပလျှင်၊ မြစ်မနဒီ၊ ဖြာဦးချီသား၊ သိင်္ဂီအောင်မျိုး၊ ဝတိံမြို့သို့၊ နှစ်လို့သာစွ၊ မြို့ဓညကို၊ သကျနွယ်ဖွား၊ သက်မသားဟု၊ အဇ္ဇုန္နသွေး၊ ဆင်းငြိမ့်လေးလျှင်၊ ရန်ဘေး လှည့်ချိုး၊ ထီးနန်းပျိုး သည်၊သောင်မိုးမဏ္ဍိုင်၊…….. ရခိုင်သာယောင့်၊သာစွလေ-သာစွလေ၊ ရခိုင်သားလေ-သာစွလေ။ ။( ရခိုင်ရာဇဝင်ဘွဲ့ဖြစ်သော ရက္ခမဏ္ဍိုင်သာစွလေလင်္ကာ အပိုဒ်(၃)

ေဧးေဧးယင်ခေါ်လစ်၊ အမြစ်အရင်း၊ မျိုးစည်ကွင်းကို၊ လွှဲခြင်းသာယာ၊ ကျူး သံဝါဖြင့်၊ ရွှေကာသဘော၊ မိခင်ဗြောဗိမ့်၊ ဘေးစောသကျ၊ အဥ္စုနလည်း၊ ကပ္ပီလဟု၊ ပြည်မခွါရှောင်၊ မြိုင်ချောင်တောတွင်း၊ သတင်းသုံးရာ၊ကြမ္မာလေခတ်၊ ဈာန်လွှတ်လျှော၍၊ ရသေ့မျိုးပွား၊ ဆတ်မ သားဟု၊ မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးပီနှင့်ရှည်မှီတူကွ၊ ဓညရွှေပြည်၊ လာသည်အကြိုက်၊ ရက္ခိုက်ဂုမ္ဘံ၊ ငဆဒါန်ဆိုး၊ဘီလူးမျိုးကို၊ ကြိုးကာသံနွံ၊ ထီးနန်း စံသည်၊ မောင်နှံနှစ်စုံ၊ ဖူးတဲ့လေး။(အမတ်ကြီးအဒူမင်းညိုရေးဖွဲ့သော ရခိုင်မင်းသမီးဧချင်း(မောက်တော် ေဧး ခြင်း) ရမ်းဗြဲကျွန်း သရက်ချောင်းမူ အပိုဒ်(၆))

Map/Ro Sang

မာရယုမင်းသည် အစ၌ ရခိုင်တို့၏ မင်းအဖြစ်ခင်တွင် ပလက်ဝမြိုလူမျိုးတို့၏ မင်းသာ ဖြစ်လေသည်။ သူကြီးပြင်းရာပတ်ဝန်းကျင်၊ သူလက်ထပ်သောဇနီးမှစအားလုံးသည် ပလက်ဝမြိုလူမျိုးသာဖြစ်သော ကြောင့် သူပြောဆိုသော ဘာသာစကားမှာလည်း ပလက်ဝမြိုဘာသာစကားသာ ဖြစ်ပေသည်။ သမိုင်း ကြောင်းမှာ မာရယုမင်းသားသည် မိခင်ဖက်မှ သက်(ဆက္ကမ) မျိုးနွယ်များ အားလုံး၊ မွေးစား ဖခင် ဖက်မှ မြိုမျိုးနွယ်များအားလုံး၊ ဖခင်ဖက်မှ အာရိယာန်မျိုးနွယ်များအားလုံးကို စည်းရုံးကာ အင်အား ကောင်းလာပေသည်။ ထိုမှတဆင့် ဘီလူးရိုင်းများ ဝင်ရောက်နှောက်ယှက်မှုကို နှိမ်နင်းပြီး၊ ပျက်လု နီးပါးဖြစ်နေသော အာရိယာန်တို့၏ ဝေသာလီမြို့ကိုဝင်ပြီးရှိယင်း မင်းမျိုးနွယ်သမီးတော်ရုစိတမာလာ (ရုစိမာလာ)ကို လက်ဆက်ကာ ပထမဆုံးသော ဓညဝတီမြို့ကို သရေချောင်းဖျားတွင် တည် ထောင် ကာ မာရယုမင်းဆက်ကို တည်ထောင်ပြုစုလေသည်။

ထိုရက္ခိုက်ဘီလူးများကို အောင်မြင်သော အရပ်ဖြစ်သောကြောင့် ရက္ခိုင်၊ ရခိုင်ဟုခေါ်ဝေါ်ပေသည်။ ဆိုရသော် ဝေသာလီခေတ်၊ ပထမ ဓညဝတီခေတ်တွင် ပလက်ဝဒေသသည် မွန်ဂိုလွိုက်အနွယ်ဝင်များစတင်ပေါက်ဖွားရာအရပ်ဟု ဆို လျှင်မမှားပေ။ ထိုမှတဆင့် ကုလားတန်မြစ်အောက်ပိုင်းသို့ဆင်းကာ အာရိယာန်တို့၏ တိုင်းပြည် အား အစဉ်နှောက်ယှက်လေသည်။ တိုင်းရင်းသားခေါင်းဆောင် ပလက်ဝသား မာရယုလက်ထက်တွင် တောင်ပေါ် သားတိုင်းရင်းသားတို့သည် အောက်ပိုင်းမြေပြန့်မှ အာရိယာန်တို့ထက် အင်အားကောင်း သောကြောင့် နန်းဆက်များတွင် အားကောင်းစွာလွှမ်းမိုးခဲ့ကြောင်းတွေ့ရပါသည်။ ပထမဓဝတီမင်း ဆက်ကို ကျောထောက်နောက်ခံပြုကာတည်ထောင်သူများမှ ပလက်ဝဒေသမှဌာနေတိုင်းရင်းသားများဖြစ်သည်။

တတိယအဖြစ်အပျက်
ထို့နောက်ဌာနေတိုင်းရင်းသားများ၏အရပ်ဖြစ်သော ပလက်ဝ၏ သမိုင်းသည်တဖန်မြုပ်နေပြီး ဒုတိယ အကြိမ်အာရိယာန်မျိုးနွယ်(သာကီဟုဆို)များ ဝင်ရောက်လာချိန်တွင် ပြန်လည်ပေါ်ပေါက်လာ ပြန်လေ သည်။ ယင်း သို့ထပ်မံဝင်ရောက်လာသော အာရိယာန်မျိုးနွယ်များ၏ ခေါင်းဆောင်မှာ မြန်မာရာဇဝင် အရ သင်းတွဲတကောင်းမင်းဆက်မှ ကံရာဇာကြီးမင်းဖြစ်ပြီး ၄င်းနှင့် အပေါင်းအပါများသည် တကောင်း မှ ထွက်ခွာ လာပြီး၊ ချင်းတွင်းမြစ်ကိုဆန်တက်ကာ ကလေးတောင်ညိုအရပ်သို့ရောက်ကာ ရာဇဂြိုဟ် သမုတ်ကာစံလေသည်။ ထိုမှတဆင့် ဖိုးခေါင်တောင်ကိုကျော်ကာ ချင်းပြည်နယ်၊ ပလက်ဝဒေသ၊ မီးချောင်းဖျားရှိ ကျောက်ပန်းတောင်(ကီးမာတောင်)တွင်မြို့တည်ကာ နှစ်ဆယ့်လေးနှစ်နန်းစံလေ သည်။ ထိုနောက် နီလာပန်းတောင်းတွင်ခိုဝင်နေသော ယခင်ဓညဝတီမင်းဆက်မှ မိဘုရားစောစစ်နှင့် သမီးတော်များကိုဆောင်ယူကာ သမီးတော်များကို သာကီနွယ်အချင်းချင်းဖြစ်သဖြင့် မိဘုရားများ အဖြစ် တင်မြှောက်လေသည်။ ထိုသို့အင်အားပြန်လည်တည်ဆောက်ရာတွင်ပတ်ဝန်းကျင်မှဌာနေ တိုုင်းရင်းသားများ၏ အင်အားကိုပင် အားထားရပြန်ပေသည်။ ဆာအာသာဖယ်ရာ၏ မှတ်တမ်း တွင် လည်း ထိုအချက်ကို ဖော်ပြထားသည်။

ယခုလက်ရှိ ကျောက်ပန်းတောင်ဒေသပတ်ဝန်းကျင်တွင် တိုင်းရင်းသားများသည် ထိုအာရိယာန်မင်း ဆက်များနှင့် ပါတ်သက်သောရာဇဝင်များကို မှတ်မိနေကြပေသေးသည်။ ထိုအဖြစ်အပျက်မှ မင်းနှင့် ပုံပြင်များအား ကုလားဟုဆိုကြသည်။ ထိုမင်းသည် လူသူအင်အားစုဆောင်းပြီးနောက် တောင် ဖက် သို့ဆင်းလာကာ ဒုတိယဓညဝတီခေတ်ကို တည်ထောင်ပြန်လေသည်။ ထိုဒုတိယဓညဝတီကို တည် ထောင်ရာတွင်လည်း ထိုပလက်ဝသည်အလွန်အရေးပါသောကဏ္ဍမှပါဝင်နေပါသည်။

စတုတ္ထအဖြစ်အပျက်
ဒုတိယဓညဝတီခေတ်ကုန်ခါနီး ပလက်ဝအရပ်တွင်ဖြစ်ပျက်သော အခြားအဖြစ်အပျက် တစ်ခု မှာ စန္ဒရားမင်းဆက် နောက်ဆုံးမင်းဖြစ်သော စူဠတိုင်းစန္ဒရားမင်းကြီး တိုင်းခန်းလှည့်လည်ရာ နဂါးရာဇ် အငူတွင် လှေနစ်ကွယ်လေသည်။ ထိုအခါ ကျန်ရစ်သော အမတ်ကြီးဓမ္မဇေယျသည် တ သောင်းသော လှေတို့နှင့်ပြန်လာရာ စူဠတိုင်း စန္ဒရားမင်းကြီး၏ မိဘုရား စန္ဒာဒေဝီမိဘုရားသည် အထင်မှား၍ တား မြစ်လေသည်။ ထို့အခါ ကစ္ဆနဒီမြစ်ကို ဆန်တက်ကာ ချင်းပြည်နယ်၊ ဂူဝ အထက် ကင်္ကာတောင်တွင် မြို့တည်ကာနေလေသည်။ ထို့အခါ ဝေသာလီမင်းမျိုးတို့က လိုက်လံတိုက်ခိုက်သောကြောင့် အမတ် ကြီးသည် ယနေ့တြိပူရနယ်အတွင်းရှိ မြုံဟစ်ရုံပြည်ကို တည်ထောင်လေသည်။

ဓမ္မဇေယျ စုံနှစ်မမူ၊ ထိုသူရဲမက်၊ သိမ်းခေါ်လျက်သာ၊ မြုံရွာအဝင်၊ တောင်ခွင်မြိုင်ခြေ၊ ရှောင်နေမလစ်၊ အားအံသစ်လျက်၊ ကစ္ဆပနဒီ၊ တပ်လုံးချီ၍၊ ကပ်မှီရောက်ခါ၊ မြောက်အညာသို့၊ သွားရာမလိုက်၊ တော်၌ပုံတူ၊ လူအပုံကို၊ အမြုံဟုခေါ်ဝါ၊ ချောင်းအမြွှာတွင်၊ သုံးရွာစုစု၊ နေမှတ်ပြုသည်၊ တည် ဘူးရာတွင်၊ ထိုပြင်မြေဝေး၊ ထွက်ပြေးလေတတ်၊ အမတ်နှင့်ပါ၊ များစွာသူပုန်း၊ နေတုံမလွဲ၊ အမည်စွဲ၍၊ ဟဲရုံခုတွင်၊ သို့စင်ပြည်ထဲ( ရခိုင်ရာဇဝင်ကျောက်ရိုး၊ မြို့တည်ခြင်း လင်္ကာပေမူ၊{ခဲ့} ချပ်)

ထိုအမတ်ကြီး ဓမ္မဇေယျသည်။ တိုင်းပြည်သို့ မဝင်ရသဖြင့်။ ကစ္ဆပနဒီမြစ်ညာကိုဆန်တက်လေ၍။ ကူဝအတက်၊ ဂင်္ဂါတောင်ဝယ်မြို့တည်၍နေလေ၏။ ထိုမြို့ကိုလည်း ဝေသာလီမင်းမျိုးတို့ တိုက်ခိုက်နှင်
ထုတ်လေသောကြောင့်၊ ထိုအမတ်ကြီး ဓမ္မဇေယျသည် မြစ်ညာသို့ ဆန်တက်ပြီးလျှင် အစဉ်အတိုင်း သွားလေသော်၊ယူဇနာသုံးဆယ်မကသော တောအရပ်၌ မြို့ကြီးတည်လေသည်။ ထိုမြို့ကို ယနေ့ တိုင်အောင် ဟစ်ရုံပြည်ဟု ခေါ်တွင်လေ၏။(ဓညဝတီရာဇဝင်သစ်၊ မင်းကျောင်းဆရာတော်၊ စာ၄၈)

အမတ်ကြီးနောက်သို့မလိုက်ဘဲ နောက်ချန်နေရစ်သော ရဲမက်ငါးရာတို့သည် မိမိတို့ဘဝကို ဇာတ် မြုပ်ကာ ရေငုံနှုတ်ပိတ်နေသောကြောင့် မြုံလူမျိုးဟုလည်းကောင်း၊ ၄င်းတို့ အရပ်ကို မြုံပြည် ဟုလည်း ခေါ်ကြ ပေသည်။ ထိုမြုံတို့မှာ ချင်းပြည်နယ်ပလက်ဝ၊ မီးချောင်းတလျောက်မှ မြို ဟု ယခင်က ခေါ်ခဲ့ဘူးသောသူများနှင့် ဆမီးနယ်တဝိုက်က မြိုများဖြစ်ကြောင်း ယူဆရပါသည်။ သို့မဟုတ်ပါက အထက်ကူဝဒေသတွင်ရှေးက မြိုလူမျိုးများနေထိုင်ကြောင်းယူဆနိုင်သကဲ့သို့၊ ခူမီးလူမျိုးများကိုပင် ရှေးကမြိုလူမျိုးများဟုအမှတ်မှားခြင်းဖြစ်နိုင်သည်။ ထို့အပြင် ဥတ္တရာဇ်ဆိုသည်မှာ ထိုနေရာကိုဆိုခြင်း မဟုတ်ဘဲ တြိပူရကို ခေါ်ဆိုခြင်းဖြစ်ကာ အမှတ်မှားခဲ့ဟန်တူလေသည်။

ပဥ္စမအဖြစ်အပျက်
စန္ဒာဒေဝီမိဘုရားသည် အမတ်တို့နှင့်တိုင်ပင်ပြီး၊ နတ်ရွာစံပြီးသော ဘုရင်မင်းကြီး၏ အလိုအတိုင်း လက်စွပ်တော်နှင့်တန်သောသူကို မင်းပြုရန်ရှာဖွေစေရာ နောက်ဆုံးတွင် မီးချောင်းအဖျားတွင် အဆင်း အဝါခွန်အားနှင့် ပြည့်စုံသော မြိုသင်းကြီးညီနောင် သားအဖသုံးယောက်တို့ကို ကွန်ပစ်၍ တွေ့လျှင် လက်စွပ်ကိုဝတ်စေလျက် ဝေသာလီပြည်သို့ ဆောင်ယူကာ အစ်ကိုကြီးအမြတူကို စန္ဒာဒေဝီမိ ဘုရားနှင့် လက်ဆက်စေလျက် မင်းအဖြစ်တင်မြှောက်ကြလေသည်။ ညီတော်အမြကူကို အိမ်ရှေ့ အရာပေးပြီး၊ သားပဲဖြူကို မြောက်ဦးရွာ ကိုအပ်နှင်းလေသည်။ အေဒီ ၇၆၉- ၇၇၆ ခုနှစ်ဖြစ် သည်ဟု ရခိုင်ပညာရှင်များက တွက်ချက်ကြပါသည်။

ေဧး ေဧး ဗိန့်စေရုန်၊ ပန်နှယ်ကုံဗိန့်၊ ပြည်လုံနှုန်မျှ၊ တိုင်မရ၍၊ ဆာဝမည်ထဲ၊ တောင်ရွာဝဲဝယ်၊ အမြဲ နေပင်၊ မြိုတွင်ထင်ရှား၊ သင်းကြီးသားဟု၊ ရည်သွားလုံးရပ်၊ စေ့ကြပ်ကျစ်ကြော၊ ချောမောဆင်ယောင်၊ ညီနောင်သားဘ၊ သုံးယောက်ရလျှင်၊ အစတည်တုံ၊ အမြထုံနှင့်၊ တူစုံသာအောင်၊ ထီးနန်းဆောင်း၍၊ နောင်းကကြိန်မူ၊ သာပေဖျူနှင့်၊ရိပ်ဖြူဆောင်ချုပ်၊ ပြည်ရွာအုပ်လျှက်၊ တုံလှုပ်မစွန်၊ ခပ်ယိုယွန်တွင်၊ သျှန်ကိုးသိန်ရှင်၊ သိုခင်ဘွားကြီး၊ တောင်ရိုးစီး၍၊ ဖျက်ဆီးလေခါ၊ တို့ရွာတကြိန်၊ မင်းမဲ့တိန်သည်၊ စဥ္စိန်မထွန်း၊ ရှူးတဲ့လေ၊ (ရခိုင်မင်းသမီးဧချင်း အပိုဒ် ၁၄ )

ထိုမြိုသားအဖတို့နေသော နေရာသည် ယနေ့ ချင်းပြည်နယ်၊ ပလက်ဝဒေသမီးချောင်းမှ ဆားဝ ကိုပင် ဆိုလိုခြင်းဖြစ်ပြီး၊ ထိုနေရာတွင် အမြဲနေထိုင်သော မျိုးနွယ်များဖြစ်ကြောင်းဆိုပါသည်။

စားသည်ကိုးဆက်၊ စဉ်မပျက်တည်း၊ တောက်ထွက်ထိပ်ပန်၊ နောင်မင်းလွန်၍၊ ပြည်မွန်ပူရီ၊ ဝေသာလီဝယ်၊ ဆန္ဒြိမေရု၊ ဂြိုဟ်စုရာမ၊ သက္ကရာဇာ၊ ရောက်သော အခါ၌၊ ဘာသာမတူ၊ ခမွီးလူဟု၊ မြတူမြိုပျက်၊ ထီးနန်းတက်၏၊ ဆက်၍လှပ်ပျူး၊ မြောက်ဦးတူးလျက်၊ ရွှင်မြူးနန်းမှာ၊ ဆယ်နှစ်ကြာ သည်၊ အောင်ချာမဏ္ဍိုင်၊ ရခိုင်သာယောင့်၊ သာယာစွလေး၊ သာစွလေး၊ ရခိုင်သားလေ- သာစွလေး။ (ရက္ခမဏ္ဍိုင်သာစွလေလင်္ကာ အပိုဒ် (၃))

ထိုလင်္ကာအရ ခမွီး ဆိုသောလူမျိုးနှင့် မြိုသည် ထပ်တူဖြစ်ကြောင်း ညွှန်းဆိုပါသည်။ ထို့အပြင် မြိုပျက် ဆိုသည်မှာ တောတောင်အရိုင်းမျိုးမဟုတ်တော့ဘဲ ယဉ်ကျေးသောလူမျိုးဖြစ်လာသည်ဟူသော အနက်ဖြစ်ပေသည်။ တောင်ပေါ်တွင်နေထိုင်သော တိုင်းရင်းသားများမှ မြေပြန့်အရပ်တွင် ဩဇာလွှမ်း မိုးလာခြင်းကို မြိုတု ဟုဆိုခြင်းဖြစ်ပေသည်။

တောင်ဖက်အထိလွှမ်းမိုးခဲ့သောပလက်ဝဒေသမှဌာနေတိုင်းရင်းသားများ
အေဒီ ၇၇၆ ခုနှစ် ပဲဖြူမင်းလက်ထက်တွင် မြောက်ဖက်မှ လူများဝင်ရောက်လာပြီး၊ မဟာမုနိကုန်း တော်၏ အရှေ့ဖက်တွင် အခြေချနေထိုင်ခဲ့ကြသည်။ ရခိုင်ရာဇဝင်သစ်ကျမ်း၊ စာ ၃၀၇၊ ရခိုင်မင်း သမီးဧချင်း(ဟံသာဝတီမူ)အပိုဒ် ၁၄ တွင်ဖော်ပြပါရှိပါသည်။ မြောက်ဖက်မှလူများဆိုရာတွင် တောင် ပေါ်ဒေသမှ ဆင်းသက်လာသော တိုင်းရင်းသားများဖြစ်ဟန်တူပေသည်။ သို့မဟုတ်ပါက လည်း မြိုခမီးလူမျိုးများကို တောင်ဖက်တိုင်အောင် တွန်းထုတ်လိုက်သော ပလက်ဝအရပ်မှ တိုင်းရင်းသား များဖြစ်ဟန်တူပေသည်။

၄င်းအချိန်ကတည်းကပင် တိုင်းရင်းသားချင်းအနွယ်လူမျိုးများသည် ရခိုင်မြေပြန့်လွင်ပြင်များသို့ ပြောင်းရွှေ့ရောက်ရှိ လာရုံသာမက ရခိုင်ပြည်တောင်ပိုင်း၊ အရှေ့ဖက်ရခိုင်ရိုးမသို့တိုင်အောင် ရောက် ရှိနေထိုင်ကြပြီဖြစ်ကြောင်းထင်ရှားပေသည်။ Noel F. Singer ဆိုသူစာရေးဆရာကြီးက ဝေသာလီ ဟိန္ဒူမင်းဆက်များအကြောင်းကို ဖော်ပြရင်း ထိုမင်းဆက်များအကုန်တွင် ဌာနေတိုင်းရင်းသားများ အလုံးအရင်းနှင့် ရွှေ့ပြောင်းကြကြောင်းကို ဖော်ပြထားပေသည်။

ထိုအပြင် ချင်းပြည် နယ်အတွင်းရှိ ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီဒေသရှိလူမျိုး နွယ်များ၏ နှုတ်သမိုင်းတွင် ပင်လယ်အထိရောက်ရှိနေထိုင်ခဲ့ကြပြီး၊ နောက်ထပ်မံဝင်ရောက်လာ သော လူမျိုးများကြောင့်တောင်ပေါ်သို့ ပြန်လည်တက်ရောက်လာကြောင်းဆိုကြပါသည်။ ခူမီးမျိုးနွယ်များ အတွင်းတွင် ပင်လယ်ဖက်မှ ပြန်တက်ရောက်လာသောမျိုးနွယ်များသည် မြောက်ဖက်မှ ဆင်းလာ သော မျိုးနွယ်များနှင့် ပြန်လည်ပူးပေါင်းကြောင်းဆိုပေသည်။

သုံးသပ်ချက်
ထိုအထောက်အထားများအရ ဓညဝတီခေတ်မှ ဝေသာလီခေတ်အတွင်း ချင်းပြည်နယ် ပလက်ဝသည် နယ်စွန်နယ်ဖျားဖြစ်ကာ နန်းတွင်းမှလူများ လာရောက်ပုန်းခို၊ခိုလှုံရာလည်း ဖြစ်ဟန်တူပေသည်။ ခိုင်မာ သောအုပ်ချုပ်မှုအား တည်ဆောက်ဟန်မတူပေ။ အကြောင်းမှာ အာရိယာန်လူမျိုးတို့သည် မြို့ပြနိုင်ငံ များကို တည်ထောင်သော်လည်း နိုင်ငံနယ်ပယ်ကို တည်ထောင်ဟန်မတူပေ။ မြို့ပြနိုင်ငံ(City State) များတွင် မြို့သာသြဇာလွှမ်းမိုးပြီးနယ်များအား အုပ်ချုပ်ခြင်းမရှိပေ။ ခေတ်ကာလကိုယနေ့ အငြင်းပွား နေဆဲဖြစ်လေသည်။ ထိုပြင်နောက်ပိုင်းရာဇဝင်ဆရာများမှ ထိုမင်းများသြဇာအာဏာကို ချဲ့ထွင်ရေး သားလာရာ မြေပြင်အခြေအနေအဖြစ်အပျက်နှင့် ကိုက်ညီခြင်းမရှိသည်က များပြားလေသည်။ ဥပမာဆိုရသော် ကံရာဇာမင်း၏ စစ်အင်အားနှင့် ဓညဝတီ အရှေ့မြို့ရံ ၉၉ ၊အနောက်မြို့ရံ ၉၉ ဆိုသည်များဖြစ်သည်။

ထိုခေတ်တလျောက်လုံးမှ မှတ်တမ်းများအရ ကုလားတန်မြစ်တလျောက်တွင် အခြားလူမျိုးများ နေ ထိုင်ခြင်းကို လုံးဝမတွေ့ရပေ။ မာရယုနှင့် ကံရာဇာကြီးဇာတ်လမ်းများမှာ ဒဏ္ဍာရီဆန်လှသော ကြောင့် အမှန်ရှိမရှိမသေချာသော်လည်း အိန္ဒိယအနွယ်ဝင်၊ အင်ဒိုအာရီယာန် စကားပြောများဝင်ထွက် သွား လာကြောင်းကားတွေ့ရသည်။ မာရယုမိခင်မြောလာသည့်အခါတွင်လည်းကောင်း၊ ကံရာဇာကြီး ရောက်လာ သည့်အခါတွင်လည်းကောင်း မည်သည့်အခြားဆိုသူများကို မတွေ့ရပေ။ မြိုလူမျိုးများကို သာတောက်လျောက်ဖော်ပြထားလေသည်။ မြိုသည် ခမီးကိုပင်ဆိုလိုသော ရှေးအမည်ဟောင်းဖြစ် သည်။

ရခိုင်စကားပုံများတွင် ရခိုင်အစမြိုက ဆိုသောစကားမှ ထိုအချက်များကိုဆိုလိုနေပါသည်။ ထိုမှရခိုင်အစ ချင်းက ဆိုလေသည်။ သွေးသား တော်စပ်ခြင်းကိုဆိုလိုခြင်းထက် ကူညီထောက်ပံ့ခြင်းသဘော၊ ကျောထောက်နောက်ခံပြုသော သ ဘောကိုဆိုလေသည်။ ထိုအချိန်က ပလက်ဝအရပ်မှ ချင်းလူမျိုးများတွေ့ကြုံရသော လူမျိုးများမှာ မွန်ဂိုလွိုက်ရုပ်ရည်နှင့် တိဘက်မြန်မာစကားပြော ရခိုင်များမဟုတ်သေးချေ။ အချို့နေရာများတွင် ကုလားမင်း၊ ကုလားမင်းသမီးစသော ပုံပြင်များကိုအမှတ်ရနေဆဲဖြစ်လေသည်။

နိဂုံးဆိုရသော် ပထမဓညဝတီ၊ ဒုတိယဓညဝတီ၊ ဝေသာလီခေတ်များတွင် ချင်းပြည်နယ် ပလက်ဝ ဒေသသို့ အခြားလူမျိုးများအပါဝင် ယနေ့ရခိုင်လူမျိုးများဝင်ရောက်အခြေချနေထိုင်ခြင်းမပြုသေးချေ။ တောင်ဖက်ချင်းဘာသာစကားအစုများဖြစ်သည့် ချက္ကမ၊ မြို(မရူစား)၊ မြိုခမီးများနှင့်ခူမီးမျိုးနွယ်များသာ နေထိုင်ကျက် စားနေကြောင်း ရခိုင်သမိုင်းအဆက်ဆက်ကဆိုပါသည်။ အဆက်နှင့် ချက္ကမား(ဒိုင်းနက်)တို့နေထိုင်သည့်အထောက်အထားလည်းရှိပေသည်။ ထိုသူတို့မှာ တောင်ဖက်သို့ဆင်းသွားပြီးပြန် တက်မလာကြတော့ပေ။ ထိုဒေသခံဌာနေတိုင်းရင်းသားများသည် အေးချမ်းစွာနေထိုင်လိုသော သဘာ ဝရှိသည်။ မိမိ တောတောင်သဘာဝတွင်စိုက်ပျိုးရေးလုပ်ကာနေထိုင်တတ်သည်။

ရှေးဘုရင် အဆက် ဆက်မှလည်း ထိုအချက်ကိုသဘောပေါက်ခဲ့သောကြောင့် အေးချမ်းသောအရပ်ဖြစ်ခဲ့ပါသည်။ ဓညဝတီ၊ ဝေသာလီနန်းတော်နှင့် လေးစားမူကိုအခြေပြုသော ကောင်းမွန်သည့်အပြန်အလှန်ဆက်သွယ်မှုရှိခဲ့ပေသည်။

the views express in this article are solely the opinion of the author!

zawngyi

ခ်င္းျပည္နယ္မွခ်င္းရခိုင္ဆက္ဆံေရးသမိုင္း(က)

သမိုင္းဦး-ပလက္ဝေဒသ
ခ်င္းျပည္နယ္၊ပလက္ဝေဒသရွိ ခ်င္းလူမ်ိဳးတို႔သည္ မြန္ဂိုလြိဳက္မ်ိဳးရင္း၊တိဗက္ျမန္မာဘာသာစ ကား အုပ္စုအတြင္းမွ ကူကီး-ခ်င္းဘာသာစကားတူအုပ္စုခြဲပင္ျဖစ္ပါသည္။ ယေန႔ခ်င္းလူမ်ိဳးတူစု မ်ားကို ျမန္မာနိုင္ငံတြင္ ခ်င္းလူမ်ိဳးဟုလည္းေကာင္း၊ အိႏၵိယနိုင္ငံဘက္တြင္ ကူကီးလူမ်ိဳး၊ မီဇိုး လူမ်ိဳးဟု လည္းေကာင္း၊ ဘဂၤလားေဒ့ရွ္နိုင္ငံဘက္တြင္ ခရန္းလူမ်ိဳးဟုလည္းေကာင္း ေခၚေဝၚ ၾကပါသည္။ ခ်င္း လူမ်ိဳးဟု အိမ္နီးခ်င္း ဗမာတိုင္းရင္းသားမ်ားက ေခၚေဝၚၾကၿပီး၊ ကခ်င္မ်ား၊ ရွမ္းမ်ားက ခန္း၊ ကရင္ မ်ားက ေခ်ာ၊ ရခိုင္မ်ားက ရွန္း၊ ေယာလူမ်ိဳးမ်ားက ခ်န္းဟု ေခၚေဝၚ ေပသည္။ ဘာသာေဗဒပညာ ရွင္မ်ားကမူေျမာက္ဘက္ဆုံး ထာဒိုကူကီးမွ ေတာင္ဘက္ဆုံး အရွိုခ်င္းမ်ားအထိ ျခဳံငုံကာ ကူကီး-ခ်င္း ဘာသာစကားဟုေခၚပါသည္။ ဘာသာစကားအုပ္စု ေပါင္းေျမာက္မ်ားစြာပါဝင္ပါသည္။ အခ်ိဳ႕က ခ်င္း အုပ္စုဟုပင္မသိေသာအႏြယ္မ်ားလည္း ပါဝင္ပါသည္။ ပလက္ဝနယ္မွ ခူမီးမ်ား၊ ရခိုင္မွ ၿမိဳခမီမ်ား ၿမိဳ(မ႐ူစား)မ်ားသည္ ေတာင္ဘက္ခ်င္း ဘာသာစကားခြဲအစုဝ္ျဖစ္ေလသည္။
ေတာင္ပိုင္းခ်င္းဘာသာစကားအုပ္စုဝင္မ်ားသည္ ေအဒီအစပိုင္းႏွစ္မ်ားတြင္ ျမန္မာနိုင္ငံအတြင္း ဝင္လာ ေၾကာင္းဆိုနိုင္ပါသည္။ အိတ္ခ်္ အက္ဖ္ဟတ္ဇ္ (H.F. Hertz)က ခ်င္းတို႔သည္ မလိချမစ္ ဝွမ္းတြင္ ေနထိုင္ခဲ့ေသာ အေထာက္အထားမ်ားရွိခဲ့ၿပီး ဂ်ိန္းေဖာတို႔၏ တြန္းအားေၾကာင့္ အေနာက္ေတာင္ ဘက္သို႔ ခ်င္းတြင္းျမစ္ဝွမ္း တေလၽွာက္ ေရႊ႕ေျပာင္းေၾကာင္း ဆိုပါသည္။ ထိုမွတဆင့္ ခ်င္းေတာင္ကို ျဖတ္သန္းလာကာ ပလက္ဝနယ္မ်ားသို႔ ေရာက္ရွိလာၾကပါသည္။ အခ်ိဳ႕အႏြယ္ဝင္မ်ားမွ ပင္လယ္ဝ သို႔တိုင္ေအာင္ ေရာက္ရွိခဲ့ၾကၿပီးေတာင္ဖက္မွ ေရာက္ရွိလာေသာ အျခားလူမ်ိဳးမ်ားေၾကာင့္ ေျမာက္ ဖက္ ေတာင္တန္းေဒသမ်ားသို႔ ျပန္လည္ေရာက္ရွိလာၾကျပန္ ပါသည္။

အာရိယာန္ဓညဝတီ၊ေဝသာလီေခတ္ႏွင့္ပလက္ဝေဒသ

ရခိုင္သမိုင္းမွတ္တမ္းမ်ားအရ သမိုင္းဦးရခိုင္သမိုင္းသည္ ပလက္ဝေဒသတြင္ အစျပဳေၾကာင္းဆိုပါ သည္။ ထိုသို႔ဆိုရေသာ္ ပလက္ဝနယ္အပါအဝင္ ရခိုင္ေျမာက္ပိုင္းအရပ္မ်ားသည္ အိႏၵိယမွတိုးဝင္ လာေသာ အင္ဒိုအာရိယာန္အႏြယ္ဝင္မ်ားႏွင့္ အာရွအေရွ႕ပိုင္းမွ ဝင္လာေသာ မြန္ဂိုလြိဳက္အႏြယ္မ်ား ထိပ္တိုက္ဆုံဆည္းေသာ အရပ္ျဖစ္ေပသည္။ ထိုေၾကာင့္ ထိုအရပ္ရွိ ကနဦးသမိုင္းမ်ားသည္ အာရိ ယာန္မင္းဆက္မ်ား၏ သမိုင္းမွတ္တမ္းမ်ားပိုမ်ားေပသည္။ ထိုသို႔ဆိုရာတြင္ အိႏၵိယအႏြယ္ဝင္မ်ားႏွင့္ ပတ္သက္ေသာမွတ္တမ္းမ်ားက ေဒသခံမ်ားတြင္ ေတြ႕ရေလသည္။
အေရွ႕ေတာင္အာရွေဒသကမ္းရိုးတန္းသို႔ အဦးဆုံးအေျခခ်ေနထိုင္ ေျပာင္းေရႊ႕လာေသာလူမ်ိဳးမ်ားမွာ နီဂရစ္တို သို႔မဟုတ္ ျဒာဗီးဒီးယာန္းမ်ိဳးႏြယ္မ်ားျဖစ္ဟန္တူေၾကာင္း မႏုသေဗဒပညာရွင္မ်ားက ယူဆ ထားၾကေပသည္။ ၄င္းတို႔သည္ မည္းနက္ေသာအသားေရ၊ ပုေသာအရပ္အေမာင္း၊ ေကာက္ေကြး ေသာဆံႏြယ္မ်ားရွိကာ ယဥ္ေက်းမႈနိမ့္ပါးေပသည္။ ထိုအေၾကာင္းေၾကာင့္ ကနဦးေနထိုင္သူမ်ားကို ေနာက္ပိုင္းမွေရာက္လာကာ ေရႊ႕ေျပာင္းလာသည့္ ပိုမိုယဥ္ေက်းေသာ အာရိယာန္မ်ိဳးႏြယ္မ်ားက မူလေနထိုင္ေသာ နီဂရစ္တိုလူမ်ိဳးမ်ား၊ ျဒာဗီးဒီးယာန္းလူမ်ိဳးမ်ားကို ဘီလူးမ်ိဳးဟုေခၚေဝၚသကဲ့သို႔၊ မြန္ဂိုလြိဳက္အႏြယ္ဝင္မ်ားကို ေမ်ာက္၊ ဆတ္၊ သမင္ စေသာ တိရိစၧာန္မ်ားအျဖစ္လည္းေကာင္း၊ ပင္လယ္ေပ်ာ္ ဩစၾတစ္မ်ိဳးႏြယ္မ်ားကို နဂါးမ်ိဳးႏြယ္ဟုလည္းေကာင္း အမွတ္အယူရွိေလ့ရွိပါသည္။ ရာမယနဇာတ္ေတာ္သည္ ထိုကဲ့သို႔ေသာအျဖစ္ပ်က္အရာမ်ားကိုေဖာ္ျပေနေသာ ဥပမာပင္ျဖစ္ေပ သည္။

ပထမအျဖစ္အပ်က္
ရခိုင္ေရွးရာဇဝင္မ်ားကို ဆက္လက္ေလ့လာလၽွင္ ဗုဒၶက်မ္းဂမ္လာ ဟိမဝႏၲာေတာမွာမူ ယေန႔ အိႏၵိယ နိုင္ငံေျမာက္ပိုင္း၊ နီေပါနိုင္ငံတည္ရွိေသာ ေတာင္တန္းႀကီးျဖစ္ေသာ္လည္း ဤရခိုင္ရာဇဝင္လာ စကား မ်ား မွ “ဟိမဝႏၲာေတာဝယ္” ဆိုသည္မွာ ယေန႔ရခိုင္ေျမာက္ဖက္မွ ပလက္ဝေတာင္တန္းမ်ား ကိုတင္ စား ကာဆိုေသာစကား ျဖစ္ေပသည္။ ဤအျဖစ္အပ်က္မွာ ရခိုင္ျပည္ေျမာက္ဖ်ားသို႔ ေႏွာင္းပိုင္း မြန္ဂိုလြိဳက္ရခိုင္လူမ်ိဳးမ်ား ေရာက္ရွိလာေသာအခါ ၾကားရေသာ ဒ႑ာရီမ်ားကို သမို္င္းမွတ္တမ္းမ်ား အျဖစ္သို႔ ေရာက္ရွိလာျခင္းျဖစ္လာဟန္တူေပသည္။ အျခားတစ္နည္းအားျဖင့္. ယူဆနိုင္သည္မွာ ထို ဘီလူးဟုမွတ္တမ္းတင္ထားေသာလူမ်ားမွာ ယဥ္ေက်းမႈနိမ့္ပါးေသာ ေတာင္ေပၚအႏြယ္မ်ား (သို႔ မဟုတ္) ေရွးဦးလူမ်ိဳးမ်ားျဖစ္နိုင္ေပသည္။ ထိုလူမ်ိဳးမ်ားမွာေျမာက္ဖက္ကုလားတန္ျမစ္ဝွမ္းတေလ်ာက္ ပလက္ဝေဒသဘက္မွ ဆင္းသက္လာဟန္ရွိၿပီး ေတာင္ဘက္ေဝသာလီပတ္ဝန္းက်င္ အထိ ေရာက္ရွိ ေနထိုင္ၾကဟန္ရွိေပသည္။ ထိုသူမ်ားသည္ ယေန႔ေက်ာက္ေတာ္လြင္ျပင္ တေလ်ာက္တြင္ စစ္ေရး အရာ လႊမ္းမိုးထားဟန္တူၿပီး ကနဦးရွိႏွင့္ေသာမင္းဆက္ကိုပင္ ျဖဳတ္ခ်နိုင္ခဲ့ေပသည္။ သို႔ေသာ္ ယဥ္ေက်းမႈအရာ နိမ့္ပါးေသာဓေလ့ရွိေသာေၾကာင့္ မင္းဆက္တည္ေထာင္ကာ အုပ္စိုးနိုင္ျခင္းရွိဟန္ မတူ။
“ထိုအခါ ဟိမဝႏၲာေတာဝယ္ ေမ်ာက္ဖိုႏွင့္ ဆတ္မသည္အခ်င္းခ်င္းေပါင္းဘက္ ဆက္ဆံ၍ ေနၾကစဥ္၊ ေလမုန္တိုင္းသည္း ထန္စြာထလ်က္၊ မိုဃ္းသည္းထန္စြာရြာလတ္၍၊ မွီတင္း၍ ေနေသာ ေညာင္ပင္ႏွင့္ သဖန္းပင္လဲ၍၊ ေရအယဥ္ျဖင့္-ကစၧပနဒီျမစ္ညာမွသည္ အစဥ္အတိုင္း ေမ်ာၾကလတ္ေသာ္ ေသလာ ဂီရိ ေက်ာက္ေတာ္ေတာင္ေျခရင္း ဝယ္ပါးၾကေလ၏။ ေမ်ာက္ဖိုႏွင့္ ဆတ္မသည္ ေတာသို႔ဝင္၍ ကာလၾကာျမင့္ရွည္စြာ ဆက္ဆံေပါင္းဘက္၊ သားသမီးသုံးက်ိပ္ႏွစ္ေယာက္ေမြးဖြား၏။ ထိုသားတို႔ တြင္ အခ်ိဳ႕ကား လူျဖစ္၍ လူအေပါင္း အေဖာ္သို႔ ဝင္ၾကေလ၏။ အခ်ိဳ႕ကားဘီလူးျဖစ္၍ ေတာင္ တစ္ခု ဝယ္ေနၾကကုန္၏။”
ထိုအခ်ိန္က ေဝသာလီကိုအုပ္ခ်ဳပ္ေနေသာသူမ်ားသည္ အင္ဒိုအာရိယာန္အႏြယ္ဝင္မ်ား (သို႔မဟုတ္) အင္ဒိုျဒာဗီဒီးယာန္းမ်ိဳးႏြယ္မ်ား ျဖစ္ဟန္တူေလသည္။ ထိုဘီလူးမ်ားဟူသတ္မွတ္ၾကေသာ လူမ်ိဳးမ်ား မွာ သက္(က်မား)ႏွင့္(ၿမိဳခ်ာ)တို႔ေရာေႏွာေနေသာ ကနဦးလူမ်ိဳးအုပ္စုႀကီးျဖစ္ဟန္တူေပသည္။ အ ဘယ္ေၾကာင့္ဆိုေသာ္ ထိုဘီလူးဆိုေသာသူမ်ားႏွင့္ ၄င္းတို႔အခ်င္းခ်င္းသည္လည္း ေမာင္ႏွမေတာ္ ေၾကာင္း ရာဇဝင္မ်ားက ဆိုေပသည္။ ယေန႔အသက္ (က်တ္)လူမ်ိဳး၊ ၿမိဳခ်ာ (ေလာင္ဟူ)၊ ၿမိဳခမီး၊ သက္ (ခ်ကၠမ)လူမ်ိဳးမ်ားကို ပိုမိုေလ့လာလၽွင္ ေဆြမ်ိဳးနီးစပ္ေနေသာ ထိုအခ်က္မ်ားကို ပိုမိုေတြ႕ ရွိရမည္ဟု ေမၽွာ္လင့္ရပါသည္။ ၄င္းလူမ်ိဳးမ်ားအၾကား ယဥ္ေက်းမႈ၊ ဘာသာစကား၊ သမိုင္းစဥ္ဆက္စပ္မႈမွာ ယခင္က ပိုမိုနီးစပ္ခဲ့ဟန္တူေပသည္။ မာရယုမင္းသည္လည္း ထိုဘီလူးမ်ားကိုႏွိမ္နင္းေသာအခါ သူ၏ ဦးရီးေတာ္မ်ားဟုဆိုရာ မိခင္မွာ ဆတ္မျဖစ္ေသာေၾကာင့္ သက္(ခ်ကၠမ) လူမ်ိဳးမ်ားလည္းပါဝင္ဟန္ တူေပသည္။

ဒုတိယအျဖစ္အပ်က္

ပလက္ဝအရပ္တြင္ျဖစ္ပ်က္ခဲ့ေသာ အျခားမွတ္တမ္းတစ္ခုမွာ အစတြင္ ေလမုန္တိုင္းတိုက္လ်က္ မိုး သည္းထန္စြာရြာလၽွင္ ထိုဣႏၵမာ႐ုဆတ္မသည္လည္း ေညာင္ပင္ထက္ဝယ္စီးလ်က္ ကစၧပနဒီျမစ္ ညာမွ အစဥ္အတိုင္းေျမာလာေသာ္ လက္သက္၊ ကူးလက္၊ ကူးလတန္း၊ မိန္း၊ ငတင္ႀကီး၊ ငေစထြန္း စေသာ အရပ္မ်ားသို႔တိုင္ ေရာက္လာေလသည္။ ထို႔ေနာက္သူငယ္ကိုေမြးဖြားလာရာ ထိုသူငယ္ကို ၿမိဳသင္းႀကီးငေအာင္လာက ေကာက္ယူေမြးစားေလသည္။ အမည္ကို မာရယုဟုမွည့္ေလသည္။ မာရယုမင္းသားသည္ အဆင္းအဂၤါႏွင့္ျပည့္စုံၿပီး ေလးျမားအရာတြင္ ကၽြမ္းက်င္လွေသာေၾကာင့္ ၿမိဳလူ မ်ိဳးအေပါင္းတို႔က မင္းအျဖစ္ကိုတင္အံ့ဟု ၿမိဳသင္းႀကီးငေအာင္လာ၏သမီး မပိန္ညာႏွင့္ ေပးစားၿပီး ခုႏွစ္ေဆာင္ရြာ အရပ္တြင္ အုပ္စိုးေလသည္။
“ေဝးသည္မကပ္၊ ေဘးမ်ိဳးလႊတ္သာ၊ ေအာင္ရပ္(ေတာင္ရပ္)မ႑ိဳင္၊ တို႔ရခိုင္ဝယ္၊ ယွဥ္ၿပိဳင္စီးက်၊ ကစၧပလၽွင္၊ ျမစ္မနဒီ၊ ျဖာဦးခ်ီသား၊ သိဂႌေအာင္မ်ိဳး၊ ဝတႎၿမိဳ႕သို႔၊ ႏွစ္လို႔သာစြ၊ ၿမိဳ႕ဓညကို၊ သက်ႏြယ္ဖြား၊ သက္မသားဟု၊ အဇၨဳႏၷေသြး၊ ဆင္းၿငိမ့္ေလးလၽွင္၊ ရန္ေဘး လွည့္ခ်ိဳး၊ ထီးနန္းပ်ိဳး သည္၊ေသာင္မိုးမ႑ိဳင္၊…….. ရခိုင္သာေယာင့္၊သာစြေလ-သာစြေလ၊ ရခိုင္သားေလ-သာစြေလ။ ။”( ရခိုင္ရာဇဝင္ဘြဲ႕ျဖစ္ေသာ ရကၡမ႑ိဳင္သာစြေလလကၤာ အပိုဒ္(၃)
“ေဧး…ေဧးယင္ေခၚလစ္၊ အျမစ္အရင္း၊ မ်ိဳးစည္ကြင္းကို၊ လႊဲျခင္းသာယာ၊ က်ဴး သံဝါျဖင့္၊ ေရႊကာသေဘာ၊ မိခင္ေျဗာဗိမ့္၊ ေဘးေစာသက်၊ အဥၥဳနလည္း၊ ကပၸီလဟု၊ ျပည္မခြါေရွာင္၊ ၿမိဳင္ေခ်ာင္ေတာတြင္း၊ သတင္းသုံးရာ၊ၾကမၼာေလခတ္၊ ဈာန္လႊတ္ေလၽွာ၍၊ ရေသ့မ်ိဳးပြား၊ ဆတ္မ သားဟု၊ မာရယုလၽွင္၊ ဘျဖဴၿမိဳထီး၊ သင္းႀကီးေအာင္လာ၊ သည္းခ်ာေဒဝီ၊ သမီးပီႏွင့္ရွည္မွီတူကြ၊ ဓညေရႊျပည္၊ လာသည္အႀကိဳက္၊ ရကၡိဳက္ဂုမၻံ၊ ငဆဒါန္ဆိုး၊ဘီလူးမ်ိဳးကို၊ ႀကိဳးကာသံႏြံ၊ ထီးနန္း စံသည္၊ ေမာင္ႏွံႏွစ္စုံ၊ ဖူးတဲ့ေလး။”(အမတ္ႀကီးအဒူမင္းညိဳေရးဖြဲ႕ေသာ ရခိုင္မင္းသမီးဧခ်င္း(ေမာက္ေတာ္ ေဧး ျခင္း) ရမ္းျဗဲကၽြန္း သရက္ေခ်ာင္းမူ အပိုဒ္(၆))
မာရယုမင္းသည္ အစ၌ ရခိုင္တို႔၏ မင္းအျဖစ္ခင္တြင္ ပလက္ဝၿမိဳလူမ်ိဳးတို႔၏ မင္းသာ ျဖစ္ေလသည္။ သူႀကီးျပင္းရာပတ္ဝန္းက်င္၊ သူလက္ထပ္ေသာဇနီးမွစအားလုံးသည္ ပလက္ဝၿမိဳလူမ်ိဳးသာျဖစ္ေသာ ေၾကာင့္ သူေျပာဆိုေသာ ဘာသာစကားမွာလည္း ပလက္ဝၿမိဳဘာသာစကားသာ ျဖစ္ေပသည္။ သမိုင္း ေၾကာင္းမွာ မာရယုမင္းသားသည္ မိခင္ဖက္မွ သက္(ဆကၠမ) မ်ိဳးႏြယ္မ်ား အားလုံး၊ ေမြးစား ဖခင္ ဖက္မွ ၿမိဳမ်ိဳးႏြယ္မ်ားအားလုံး၊ ဖခင္ဖက္မွ အာရိယာန္မ်ိဳးႏြယ္မ်ားအားလုံးကို စည္း႐ုံးကာ အင္အား ေကာင္းလာေပသည္။ ထိုမွတဆင့္ ဘီလူးရိုင္းမ်ား ဝင္ေရာက္ေႏွာက္ယွက္မႈကို ႏွိမ္နင္းၿပီး၊ ပ်က္လု နီးပါးျဖစ္ေနေသာ အာရိယာန္တို႔၏ ေဝသာလီၿမိဳ႕ကိုဝင္ၿပီးရွိယင္း မင္းမ်ိဳးႏြယ္သမီးေတာ္႐ုစိတမာလာ (႐ုစိမာလာ)ကို လက္ဆက္ကာ ပထမဆုံးေသာ ဓညဝတီၿမိဳ႕ကို သေရေခ်ာင္းဖ်ားတြင္ တည္ ေထာင္ ကာ မာရယုမင္းဆက္ကို တည္ေထာင္ျပဳစုေလသည္။
ထိုရကၡိဳက္ဘီလူးမ်ားကို ေအာင္ျမင္ေသာ အရပ္ျဖစ္ေသာေၾကာင့္ ရကၡိဳင္၊ ရခိုင္ဟုေခၚေဝၚေပသည္။ ဆိုရေသာ္ ေဝသာလီေခတ္၊ ပထမ ဓညဝတီေခတ္တြင္ ပလက္ဝေဒသသည္ မြန္ဂိုလြိဳက္အႏြယ္ဝင္မ်ားစတင္ေပါက္ဖြားရာအရပ္ဟု ဆို လၽွင္မမွားေပ။ ထိုမွတဆင့္ ကုလားတန္ျမစ္ေအာက္ပိုင္းသို႔ဆင္းကာ အာရိယာန္တို႔၏ တိုင္းျပည္ အား အစဥ္ေႏွာက္ယွက္ေလသည္။ တိုင္းရင္းသားေခါင္းေဆာင္ ပလက္ဝသား မာရယုလက္ထက္တြင္ ေတာင္ေပၚ သားတိုင္းရင္းသားတို႔သည္ ေအာက္ပိုင္းေျမျပန႔္မွ အာရိယာန္တို႔ထက္ အင္အားေကာင္း ေသာေၾကာင့္ နန္းဆက္မ်ားတြင္ အားေကာင္းစြာလႊမ္းမိုးခဲ့ေၾကာင္းေတြ႕ရပါသည္။ ပထမဓဝတီမင္း ဆက္ကို ေက်ာေထာက္ေနာက္ခံျပဳကာတည္ေထာင္သူမ်ားမွ ပလက္ဝေဒသမွဌာေနတိုင္းရင္းသားမ်ားျဖစ္သည္။

တတိယအျဖစ္အပ်က္

ထို႔ေနာက္ဌာေနတိုင္းရင္းသားမ်ား၏အရပ္ျဖစ္ေသာ ပလက္ဝ၏ သမိုင္းသည္တဖန္ျမဳပ္ေနၿပီး ဒုတိယ အႀကိမ္အာရိယာန္မ်ိဳးႏြယ္(သာကီဟုဆို)မ်ား ဝင္ေရာက္လာခ်ိန္တြင္ ျပန္လည္ေပၚေပါက္လာ ျပန္ေလ သည္။ ယင္း သို႔ထပ္မံဝင္ေရာက္လာေသာ အာရိယာန္မ်ိဳးႏြယ္မ်ား၏ ေခါင္းေဆာင္မွာ ျမန္မာရာဇဝင္ အရ သင္းတြဲတေကာင္းမင္းဆက္မွ ကံရာဇာႀကီးမင္းျဖစ္ၿပီး ၄င္းႏွင့္ အေပါင္းအပါမ်ားသည္ တေကာင္း မွ ထြက္ခြာ လာၿပီး၊ ခ်င္းတြင္းျမစ္ကိုဆန္တက္ကာ ကေလးေတာင္ညိဳအရပ္သို႔ေရာက္ကာ ရာဇၿဂိဳဟ္ သမုတ္ကာစံေလသည္။ ထိုမွတဆင့္ ဖိုးေခါင္ေတာင္ကိုေက်ာ္ကာ ခ်င္းျပည္နယ္၊ ပလက္ဝေဒသ၊ မီးေခ်ာင္းဖ်ားရွိ ေက်ာက္ပန္းေတာင္(ကီးမာေတာင္)တြင္ၿမိဳ႕တည္ကာ ႏွစ္ဆယ့္ေလးႏွစ္နန္းစံေလ သည္။ ထိုေနာက္ နီလာပန္းေတာင္းတြင္ခိုဝင္ေနေသာ ယခင္ဓညဝတီမင္းဆက္မွ မိဘုရားေစာစစ္ႏွင့္ သမီးေတာ္မ်ားကိုေဆာင္ယူကာ သမီးေတာ္မ်ားကို သာကီႏြယ္အခ်င္းခ်င္းျဖစ္သျဖင့္ မိဘုရားမ်ား အျဖစ္ တင္ေျမႇာက္ေလသည္။ ထိုသို႔အင္အားျပန္လည္တည္ေဆာက္ရာတြင္ပတ္ဝန္းက်င္မွဌာေန တိုုင္းရင္းသားမ်ား၏ အင္အားကိုပင္ အားထားရျပန္ေပသည္။ ဆာအာသာဖယ္ရာ၏ မွတ္တမ္း တြင္ လည္း ထိုအခ်က္ကို ေဖာ္ျပထားသည္။
ယခုလက္ရွိ ေက်ာက္ပန္းေတာင္ေဒသပတ္ဝန္းက်င္တြင္ တိုင္းရင္းသားမ်ားသည္ ထိုအာရိယာန္မင္း ဆက္မ်ားႏွင့္ ပါတ္သက္ေသာရာဇဝင္မ်ားကို မွတ္မိေနၾကေပေသးသည္။ ထိုအျဖစ္အပ်က္မွ မင္းႏွင့္ ပုံျပင္မ်ားအား ကုလားဟုဆိုၾကသည္။ ထိုမင္းသည္ လူသူအင္အားစုေဆာင္းၿပီးေနာက္ ေတာင္ ဖက္ သို႔ဆင္းလာကာ ဒုတိယဓညဝတီေခတ္ကို တည္ေထာင္ျပန္ေလသည္။ ထိုဒုတိယဓညဝတီကို တည္ ေထာင္ရာတြင္လည္း ထိုပလက္ဝသည္အလြန္အေရးပါေသာက႑မွပါဝင္ေနပါသည္။

စတုတၳအျဖစ္အပ်က္

ဒုတိယဓညဝတီေခတ္ကုန္ခါနီး ပလက္ဝအရပ္တြင္ျဖစ္ပ်က္ေသာ အျခားအျဖစ္အပ်က္ တစ္ခု မွာ စႏၵရားမင္းဆက္ ေနာက္ဆုံးမင္းျဖစ္ေသာ စူဠတိုင္းစႏၵရားမင္းႀကီး တိုင္းခန္းလွည့္လည္ရာ နဂါးရာဇ္ အငူတြင္ ေလွနစ္ကြယ္ေလသည္။ ထိုအခါ က်န္ရစ္ေသာ အမတ္ႀကီးဓမၼေဇယ်သည္ တ ေသာင္းေသာ ေလွတို႔ႏွင့္ျပန္လာရာ စူဠတိုင္း စႏၵရားမင္းႀကီး၏ မိဘုရား စႏၵာေဒဝီမိဘုရားသည္ အထင္မွား၍ တား ျမစ္ေလသည္။ ထို႔အခါ ကစၧနဒီျမစ္ကို ဆန္တက္ကာ ခ်င္းျပည္နယ္၊ ဂူဝ အထက္ ကကၤာေတာင္တြင္ ၿမိဳ႕တည္ကာေနေလသည္။ ထို႔အခါ ေဝသာလီမင္းမ်ိဳးတို႔က လိုက္လံတိုက္ခိုက္ေသာေၾကာင့္ အမတ္ ႀကီးသည္ ယေန႔ႀတိပူရနယ္အတြင္းရွိ ျမဳံဟစ္႐ုံျပည္ကို တည္ေထာင္ေလသည္။
“ဓမၼေဇယ် စုံႏွစ္မမူ၊ ထိုသူရဲမက္၊ သိမ္းေခၚလ်က္သာ၊ ျမဳံရြာအဝင္၊ ေတာင္ခြင္ၿမိဳင္ေျခ၊ ေရွာင္ေနမလစ္၊ အားအံသစ္လ်က္၊ ကစၧပနဒီ၊ တပ္လုံးခ်ီ၍၊ ကပ္မွီေရာက္ခါ၊ ေျမာက္အညာသို႔၊ သြားရာမလိုက္၊ ေတာ္၌ပုံတူ၊ လူအပုံကို၊ အျမဳံဟုေခၚဝါ၊ ေခ်ာင္းအႁမႊာတြင္၊ သုံးရြာစုစု၊ ေနမွတ္ျပဳသည္၊ တည္ ဘူးရာတြင္၊ ထိုျပင္ေျမေဝး၊ ထြက္ေျပးေလတတ္၊ အမတ္ႏွင့္ပါ၊ မ်ားစြာသူပုန္း၊ ေနတုံမလြဲ၊ အမည္စြဲ၍၊ ဟဲ႐ုံခုတြင္၊ သို႔စင္ျပည္ထဲ”( ရခိုင္ရာဇဝင္ေက်ာက္ရိုး၊ ၿမိဳ႕တည္ျခင္း လကၤာေပမူ၊{ခဲ့} ခ်ပ္)
ထိုအမတ္ႀကီး ဓမၼေဇယ်သည္။ တိုင္းျပည္သို႔ မဝင္ရသျဖင့္။ ကစၧပနဒီျမစ္ညာကိုဆန္တက္ေလ၍။ ကူဝအတက္၊ ဂဂၤါေတာင္ဝယ္ၿမိဳ႕တည္၍ေနေလ၏။ ထိုၿမိဳ႕ကိုလည္း ေဝသာလီမင္းမ်ိဳးတို႔ တိုက္ခိုက္ႏွင္
ထုတ္ေလေသာေၾကာင့္၊ ထိုအမတ္ႀကီး ဓမၼေဇယ်သည္ ျမစ္ညာသို႔ ဆန္တက္ၿပီးလၽွင္ အစဥ္အတိုင္း သြားေလေသာ္၊ယူဇနာသုံးဆယ္မကေသာ ေတာအရပ္၌ ၿမိဳ႕ႀကီးတည္ေလသည္။ ထိုၿမိဳ႕ကို ယေန႔ တိုင္ေအာင္ ဟစ္႐ုံျပည္ဟု ေခၚတြင္ေလ၏။(ဓညဝတီရာဇဝင္သစ္၊ မင္းေက်ာင္းဆရာေတာ္၊ စာ၄၈)
အမတ္ႀကီးေနာက္သို႔မလိုက္ဘဲ ေနာက္ခ်န္ေနရစ္ေသာ ရဲမက္ငါးရာတို႔သည္ မိမိတို႔ဘဝကို ဇာတ္ ျမဳပ္ကာ ေရငုံႏႈတ္ပိတ္ေနေသာေၾကာင့္ ျမဳံလူမ်ိဳးဟုလည္းေကာင္း၊ ၄င္းတို႔ အရပ္ကို ျမဳံျပည္ ဟုလည္း ေခၚၾက ေပသည္။ ထိုျမဳံတို႔မွာ ခ်င္းျပည္နယ္ပလက္ဝ၊ မီးေခ်ာင္းတေလ်ာက္မွ ၿမိဳ ဟု ယခင္က ေခၚခဲ့ဘူးေသာသူမ်ားႏွင့္ ဆမီးနယ္တဝိုက္က ၿမိဳမ်ားျဖစ္ေၾကာင္း ယူဆရပါသည္။ သို႔မဟုတ္ပါက အထက္ကူဝေဒသတြင္ေရွးက ၿမိဳလူမ်ိဳးမ်ားေနထိုင္ေၾကာင္းယူဆနိုင္သကဲ့သို႔၊ ခူမီးလူမ်ိဳးမ်ားကိုပင္ ေရွးကၿမိဳလူမ်ိဳးမ်ားဟုအမွတ္မွားျခင္းျဖစ္နိုင္သည္။ ထို႔အျပင္ ဥတၱရာဇ္ဆိုသည္မွာ ထိုေနရာကိုဆိုျခင္း မဟုတ္ဘဲ ႀတိပူရကို ေခၚဆိုျခင္းျဖစ္ကာ အမွတ္မွားခဲ့ဟန္တူေလသည္။
ပဥၥမအျဖစ္အပ်က္

စႏၵာေဒဝီမိဘုရားသည္ အမတ္တို႔ႏွင့္တိုင္ပင္ၿပီး၊ နတ္ရြာစံၿပီးေသာ ဘုရင္မင္းႀကီး၏ အလိုအတိုင္း လက္စြပ္ေတာ္ႏွင့္တန္ေသာသူကို မင္းျပဳရန္ရွာေဖြေစရာ ေနာက္ဆုံးတြင္ မီးေခ်ာင္းအဖ်ားတြင္ အဆင္း အဝါခြန္အားႏွင့္ ျပည့္စုံေသာ ၿမိဳသင္းႀကီးညီေနာင္ သားအဖသုံးေယာက္တို႔ကို ကြန္ပစ္၍ ေတြ႕လၽွင္ လက္စြပ္ကိုဝတ္ေစလ်က္ ေဝသာလီျပည္သို႔ ေဆာင္ယူကာ အစ္ကိုႀကီးအျမတူကို စႏၵာေဒဝီမိ ဘုရားႏွင့္ လက္ဆက္ေစလ်က္ မင္းအျဖစ္တင္ေျမႇာက္ၾကေလသည္။ ညီေတာ္အျမကူကို အိမ္ေရွ႕ အရာေပးၿပီး၊ သားပဲျဖဴကို ေျမာက္ဦးရြာ ကိုအပ္ႏွင္းေလသည္။ ေအဒီ ၇၆၉- ၇၇၆ ခုႏွစ္ျဖစ္ သည္ဟု ရခိုင္ပညာရွင္မ်ားက တြက္ခ်က္ၾကပါသည္။
“ေဧး ေဧး ဗိန႔္ေစ႐ုန္၊ ပန္ႏွယ္ကုံဗိန႔္၊ ျပည္လုံႏႈန္မၽွ၊ တိုင္မရ၍၊ ဆာဝမည္ထဲ၊ ေတာင္ရြာဝဲဝယ္၊ အျမဲ ေနပင္၊ ၿမိဳတြင္ထင္ရွား၊ သင္းႀကီးသားဟု၊ ရည္သြားလုံးရပ္၊ ေစ့ၾကပ္က်စ္ေၾကာ၊ ေခ်ာေမာဆင္ေယာင္၊ ညီေနာင္သားဘ၊ သုံးေယာက္ရလၽွင္၊ အစတည္တုံ၊ အျမထုံႏွင့္၊ တူစုံသာေအာင္၊ ထီးနန္းေဆာင္း၍၊ ေနာင္းကႀကိန္မူ၊ သာေပဖ်ဴႏွင့္၊ရိပ္ျဖဴေဆာင္ခ်ဳပ္၊ ျပည္ရြာအုပ္လၽွက္၊ တုံလႈပ္မစြန္၊ ခပ္ယိုယြန္တြင္၊ သၽွန္ကိုးသိန္ရွင္၊ သိုခင္ဘြားႀကီး၊ ေတာင္ရိုးစီး၍၊ ဖ်က္ဆီးေလခါ၊ တို႔ရြာတႀကိန္၊ မင္းမဲ့တိန္သည္၊ စဥၥိန္မထြန္း၊ ရႉးတဲ့ေလ၊” (ရခိုင္မင္းသမီးဧခ်င္း အပိုဒ္ ၁၄ )
ထိုၿမိဳသားအဖတို႔ေနေသာ ေနရာသည္ ယေန႔ ခ်င္းျပည္နယ္၊ ပလက္ဝေဒသမီးေခ်ာင္းမွ ဆားဝ ကိုပင္ ဆိုလိုျခင္းျဖစ္ၿပီး၊ ထိုေနရာတြင္ အျမဲေနထိုင္ေသာ မ်ိဳးႏြယ္မ်ားျဖစ္ေၾကာင္းဆိုပါသည္။
စားသည္ကိုးဆက္၊ စဥ္မပ်က္တည္း၊ ေတာက္ထြက္ထိပ္ပန္၊ ေနာင္မင္းလြန္၍၊ ျပည္မြန္ပူရီ၊ ေဝသာလီဝယ္၊ ဆျႏၵိေမ႐ု၊ ၿဂိဳဟ္စုရာမ၊ သကၠရာဇာ၊ ေရာက္ေသာ အခါ၌၊ ဘာသာမတူ၊ ခမြီးလူဟု၊ ျမတူၿမိဳပ်က္၊ ထီးနန္းတက္၏၊ ဆက္၍လွပ္ပ်ဴး၊ ေျမာက္ဦးတူးလ်က္၊ ရႊင္ျမဴးနန္းမွာ၊ ဆယ္ႏွစ္ၾကာ သည္၊ ေအာင္ခ်ာမ႑ိဳင္၊ ရခိုင္သာေယာင့္၊ သာယာစြေလး၊ သာစြေလး၊ ရခိုင္သားေလ- သာစြေလး။ (ရကၡမ႑ိဳင္သာစြေလလကၤာ အပိုဒ္ (၃))
ထိုလကၤာအရ ခမြီး ဆိုေသာလူမ်ိဳးႏွင့္ ၿမိဳသည္ ထပ္တူျဖစ္ေၾကာင္း ညႊန္းဆိုပါသည္။ ထို႔အျပင္ ၿမိဳပ်က္ ဆိုသည္မွာ ေတာေတာင္အရိုင္းမ်ိဳးမဟုတ္ေတာ့ဘဲ ယဥ္ေက်းေသာလူမ်ိဳးျဖစ္လာသည္ဟူေသာ အနက္ျဖစ္ေပသည္။ ေတာင္ေပၚတြင္ေနထိုင္ေသာ တိုင္းရင္းသားမ်ားမွ ေျမျပန႔္အရပ္တြင္ ဩဇာလႊမ္း မိုးလာျခင္းကို ၿမိဳတု ဟုဆိုျခင္းျဖစ္ေပသည္။

ေတာင္ဖက္အထိလႊမ္းမိုးခဲ့ေသာပလက္ဝေဒသမွဌာေနတိုင္းရင္းသားမ်ား

ေအဒီ ၇၇၆ ခုႏွစ္ ပဲျဖဴမင္းလက္ထက္တြင္ ေျမာက္ဖက္မွ လူမ်ားဝင္ေရာက္လာၿပီး၊ မဟာမုနိကုန္း ေတာ္၏ အေရွ႕ဖက္တြင္ အေျခခ်ေနထိုင္ခဲ့ၾကသည္။ ရခိုင္ရာဇဝင္သစ္က်မ္း၊ စာ ၃၀၇၊ ရခိုင္မင္း သမီးဧခ်င္း(ဟံသာဝတီမူ)အပိုဒ္ ၁၄ တြင္ေဖာ္ျပပါရွိပါသည္။ ေျမာက္ဖက္မွလူမ်ားဆိုရာတြင္ ေတာင္ ေပၚေဒသမွ ဆင္းသက္လာေသာ တိုင္းရင္းသားမ်ားျဖစ္ဟန္တူေပသည္။ သို႔မဟုတ္ပါက လည္း ၿမိဳခမီးလူမ်ိဳးမ်ားကို ေတာင္ဖက္တိုင္ေအာင္ တြန္းထုတ္လိုက္ေသာ ပလက္ဝအရပ္မွ တိုင္းရင္းသား မ်ားျဖစ္ဟန္တူေပသည္။
၄င္းအခ်ိန္ကတည္းကပင္ တိုင္းရင္းသားခ်င္းအႏြယ္လူမ်ိဳးမ်ားသည္ ရခိုင္ေျမျပန႔္လြင္ျပင္မ်ားသို႔ ေျပာင္းေရႊ႕ေရာက္ရွိ လာ႐ုံသာမက ရခိုင္ျပည္ေတာင္ပိုင္း၊ အေရွ႕ဖက္ရခိုင္ရိုးမသို႔တိုင္ေအာင္ ေရာက္ ရွိေနထိုင္ၾကၿပီျဖစ္ေၾကာင္းထင္ရွားေပသည္။ Noel F. Singer ဆိုသူစာေရးဆရာႀကီးက ေဝသာလီ ဟိႏၵဴမင္းဆက္မ်ားအေၾကာင္းကို ေဖာ္ျပရင္း ထိုမင္းဆက္မ်ားအကုန္တြင္ ဌာေနတိုင္းရင္းသားမ်ား အလုံးအရင္းႏွင့္ ေရႊ႕ေျပာင္းၾကေၾကာင္းကို ေဖာ္ျပထားေပသည္။
ထိုအျပင္ ခ်င္းျပည္ နယ္အတြင္းရွိ ပလက္ဝ၊ မင္းတပ္၊ ကန္ပက္လက္ႏွင့္ မတူပီေဒသရွိလူမ်ိဳး ႏြယ္မ်ား၏ ႏႈတ္သမိုင္းတြင္ ပင္လယ္အထိေရာက္ရွိေနထိုင္ခဲ့ၾကၿပီး၊ ေနာက္ထပ္မံဝင္ေရာက္လာ ေသာ လူမ်ိဳးမ်ားေၾကာင့္ေတာင္ေပၚသို႔ ျပန္လည္တက္ေရာက္လာေၾကာင္းဆိုၾကပါသည္။ ခူမီးမ်ိဳးႏြယ္မ်ား အတြင္းတြင္ ပင္လယ္ဖက္မွ ျပန္တက္ေရာက္လာေသာမ်ိဳးႏြယ္မ်ားသည္ ေျမာက္ဖက္မွ ဆင္းလာ ေသာ မ်ိဳးႏြယ္မ်ားႏွင့္ ျပန္လည္ပူးေပါင္းေၾကာင္းဆိုေပသည္။
သုံးသပ္ခ်က္

ထိုအေထာက္အထားမ်ားအရ ဓညဝတီေခတ္မွ ေဝသာလီေခတ္အတြင္း ခ်င္းျပည္နယ္ ပလက္ဝသည္ နယ္စြန္နယ္ဖ်ားျဖစ္ကာ နန္းတြင္းမွလူမ်ား လာေရာက္ပုန္းခို၊ခိုလႈံရာလည္း ျဖစ္ဟန္တူေပသည္။ ခိုင္မာ ေသာအုပ္ခ်ဳပ္မႈအား တည္ေဆာက္ဟန္မတူေပ။ အေၾကာင္းမွာ အာရိယာန္လူမ်ိဳးတို႔သည္ ၿမိဳ႕ျပနိုင္ငံ မ်ားကို တည္ေထာင္ေသာ္လည္း နိုင္ငံနယ္ပယ္ကို တည္ေထာင္ဟန္မတူေပ။ ၿမိဳ႕ျပနိုင္ငံ(City State) မ်ားတြင္ ၿမိဳ႕သာၾသဇာလႊမ္းမိုးၿပီးနယ္မ်ားအား အုပ္ခ်ဳပ္ျခင္းမရွိေပ။ ေခတ္ကာလကိုယေန႔ အျငင္းပြား ေနဆဲျဖစ္ေလသည္။ ထိုျပင္ေနာက္ပိုင္းရာဇဝင္ဆရာမ်ားမွ ထိုမင္းမ်ားၾသဇာအာဏာကို ခ်ဲ႕ထြင္ေရး သားလာရာ ေျမျပင္အေျခအေနအျဖစ္အပ်က္ႏွင့္ ကိုက္ညီျခင္းမရွိသည္က မ်ားျပားေလသည္။ ဥပမာဆိုရေသာ္ ကံရာဇာမင္း၏ စစ္အင္အားႏွင့္ ဓညဝတီ အေရွ႕ၿမိဳ႕ရံ ၉၉ ၊အေနာက္ၿမိဳ႕ရံ ၉၉ ဆိုသည္မ်ားျဖစ္သည္။
ထိုေခတ္တေလ်ာက္လုံးမွ မွတ္တမ္းမ်ားအရ ကုလားတန္ျမစ္တေလ်ာက္တြင္ အျခားလူမ်ိဳးမ်ား ေန ထိုင္ျခင္းကို လုံးဝမေတြ႕ရေပ။ မာရယုႏွင့္ ကံရာဇာႀကီးဇာတ္လမ္းမ်ားမွာ ဒ႑ာရီဆန္လွေသာ ေၾကာင့္ အမွန္ရွိမရွိမေသခ်ာေသာ္လည္း အိႏၵိယအႏြယ္ဝင္၊ အင္ဒိုအာရီယာန္ စကားေျပာမ်ားဝင္ထြက္ သြား လာေၾကာင္းကားေတြ႕ရသည္။ မာရယုမိခင္ေျမာလာသည့္အခါတြင္လည္းေကာင္း၊ ကံရာဇာႀကီး ေရာက္လာ သည့္အခါတြင္လည္းေကာင္း မည္သည့္အျခားဆိုသူမ်ားကို မေတြ႕ရေပ။ ၿမိဳလူမ်ိဳးမ်ားကို သာေတာက္ေလ်ာက္ေဖာ္ျပထားေလသည္။ ၿမိဳသည္ ခမီးကိုပင္ဆိုလိုေသာ ေရွးအမည္ေဟာင္းျဖစ္ သည္။
ရခိုင္စကားပုံမ်ားတြင္ “ရခိုင္အစၿမိဳက” ဆိုေသာစကားမွ ထိုအခ်က္မ်ားကိုဆိုလိုေနပါသည္။ ထိုမွရခိုင္အစ ခ်င္းက ဆိုေလသည္။ ေသြးသား ေတာ္စပ္ျခင္းကိုဆိုလိုျခင္းထက္ ကူညီေထာက္ပံ့ျခင္းသေဘာ၊ ေက်ာေထာက္ေနာက္ခံျပဳေသာ သ ေဘာကိုဆိုေလသည္။ ထိုအခ်ိန္က ပလက္ဝအရပ္မွ ခ်င္းလူမ်ိဳးမ်ားေတြ႕ၾကဳံရေသာ လူမ်ိဳးမ်ားမွာ မြန္ဂိုလြိဳက္႐ုပ္ရည္ႏွင့္ တိဘက္ျမန္မာစကားေျပာ ရခိုင္မ်ားမဟုတ္ေသးေခ်။ အခ်ိဳ႕ေနရာမ်ားတြင္ ကုလားမင္း၊ ကုလားမင္းသမီးစေသာ ပုံျပင္မ်ားကိုအမွတ္ရေနဆဲျဖစ္ေလသည္။
နိဂုံးဆိုရေသာ္ ပထမဓညဝတီ၊ ဒုတိယဓညဝတီ၊ ေဝသာလီေခတ္မ်ားတြင္ ခ်င္းျပည္နယ္ ပလက္ဝ ေဒသသို႔ အျခားလူမ်ိဳးမ်ားအပါဝင္ ယေန႔ရခိုင္လူမ်ိဳးမ်ားဝင္ေရာက္အေျခခ်ေနထိုင္ျခင္းမျပဳေသးေခ်။ ေတာင္ဖက္ခ်င္းဘာသာစကားအစုမ်ားျဖစ္သည့္ ခ်ကၠမ၊ ၿမိဳ(မ႐ူစား)၊ ၿမိဳခမီးမ်ားႏွင့္ခူမီးမ်ိဳးႏြယ္မ်ားသာ ေနထိုင္က်က္ စားေနေၾကာင္း ရခိုင္သမိုင္းအဆက္ဆက္ကဆိုပါသည္။ အဆက္ႏွင့္ ခ်ကၠမား(ဒိုင္းနက္)တို႔ေနထိုင္သည့္အေထာက္အထားလည္းရွိေပသည္။ ထိုသူတို႔မွာ ေတာင္ဖက္သို႔ဆင္းသြားၿပီးျပန္ တက္မလာၾကေတာ့ေပ။ ထိုေဒသခံဌာေနတိုင္းရင္းသားမ်ားသည္ ေအးခ်မ္းစြာေနထိုင္လိုေသာ သဘာ ဝရွိသည္။ မိမိ ေတာေတာင္သဘာဝတြင္စိုက္ပ်ိဳးေရးလုပ္ကာေနထိုင္တတ္သည္။
ေရွးဘုရင္ အဆက္ ဆက္မွလည္း ထိုအခ်က္ကိုသေဘာေပါက္ခဲ့ေသာေၾကာင့္ ေအးခ်မ္းေသာအရပ္ျဖစ္ခဲ့ပါသည္။ ဓညဝတီ၊ ေဝသာလီနန္းေတာ္ႏွင့္ ေလးစားမူကိုအေျချပဳေသာ ေကာင္းမြန္သည့္အျပန္အလွန္ဆက္သြယ္မႈရွိခဲ့ေပသည္။
၁၅-၁-၂၀၂၀
Ro Sang

Leave a Commnet

%d bloggers like this: