ချင်းအမျိုးသားရေးဆယ်စုနှစ်သမိုင်း| ခ်င္းအမ်ိဳးသားေရးဆယ္စုႏွစ္သမိုင္း

ချင်းအမျိုးသားရေးဆယ်စုနှစ်သမိုင်း (Zawgyi is below)
Ro Sang| The Chinland Post| 2020 April 28

ချင်းမျိုးနွယ်စုများသည် ရှေးယခင်ကတည်းက မိမိမျိုးနွယ်စုအလိုက်သာနေထိုင်အုပ်စိုးရာမှ ကိုလိုနီခေတ်ရောက်လာသောအခါ နယ်မြေ ဒေသအချို့မှာ တောင်တန်းဒေသများအလိုက်စုစည်းမိလာကြလေသည်။ သို့သော် ဘာသာစကားအရသော်လည်း ကောင်း၊ ပထဝီဝင် အရသော်လည်းကောင်း ဝေးကွာကြသဖြင့် အချင်းချင်းစုစည်းကာ အတူတစ်ကွဆွေးနွေးတိုင်ပင်ခြင်းဆိုသည့် အချိန်အခါနည်းပါး ခဲ့လေသည်။ ချင်းတောင်တန်းနှစ်ခြင်းနယ်(Chin Hills Baptist Association) အား ၁၉၀၇ ခုနှစ်တွင်ဖွဲ့စည်းသည့်နောက်တွင် ဘာသာရေးအစည်းအဝေးအား အတော်အတန်စုစည်းပြုလုပ်နိုင်ခဲ့ပါသည်။ ထိုအချိန်မှ စတင်ကာ ချင်းအမျိုးသားများသည် ဘာသာရေး နယ်ပယ်တွင် မျိုးနွယ်တစ်မျိုးနှင့် တစ်မျိုးလက်တွဲကာစုစည်းလာနိုင်ခဲ့ပါသည်။

(က)ပထမအကြိမ်ချင်းအမျိုးသားညီလာခံ(၁၉၄၈) First Chin National Conference (1948)

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ(၂၀)တွင် ဖလမ်းမြို့တွင် ချင်းလူမျိုးကိုယ်စားလှယ်(၅၀၀) ခန့်နှင့်မြို့မိမြို့ဖများ၊ စုစုပေါင်း (၅၀၀၀) ပါဝင်သော လူထုအစည်းအဝေးကြီး အားပထမဆုံးပြုလုပ်နိုင်ခဲ့လေသည်။ ၄င်းအစည်းအဝေးအား ပထမအကြိမ်ချင်းအမျိုးသားညီလာခံ (၁၉၄၈) အဖြစ် မှတ်တမ်းတင်ထားကြပါသည်။ ထိုညီလာခံမှ ချင်းအမျိုးသားရှေးဟောင်းအုပ်ချုပ်ရေးစနစ်အား လူထုဆန္ဒဖြင့် ပယ်ဖျက်ကာ ဒီမိုကရေစီနည်းဖြင့်အုပ်ချုပ်ရန် သဘောတူကြသည့်ဆွေးနွေးချက်ကား ထင်ရှားလေသည်။ ထိုအချက်များကိုပင်အခြေခံကာ ချင်း အမျိုးသားနေ့ဖြစ်ထွန်းလာခြင်းလည်းဖြစ်သည်။ ထိုနောက်ပိုင်းတွင် လူထုအစည်းအဝေးများ၊ အခမ်းအနားများ၊ ညီလာခံငယ်များအား ချင်းအမျိုးသားနေ့နှင့်ပူးတွဲ၍ ပြုလုပ်ကြောင်းသိရသော်လည်း လူထုစုံညီအစည်းအဝေးအဆင့်ကား ရောက်ရှိခဲ့ဟန်မတူပေ။

၁၉၆၂ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားသည့်နောက်ပိုင်းတွင် အမျိုးသားရေးတွင် လွတ်လပ်စွာလုပ် ဆောင်နိုင်ခြင်းမရှိတော့ပဲ ဘာသာ ရေးနှင့် လူမှုရေးအသင်းအဖွဲ့များအတွင်းမှသာ ဆက်လက်ရုန်းကန်ခဲ့ရပါသည်။ ဘာသာရေးအသင်းအဖွဲ့များ သည်ထိုအချိန်က ချင်းအမျိုးသားရေးအား အကာအကွယ်ပြုပေးသည့် အကောင်းဆုံးအဖွဲ့အစည်းများဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် လွတ်လပ်စွာဖြင့် ချင်းအမျိုးသားရေးအား ဦးဆောင်ပေးခဲ့သောအဖွဲ့မှ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ)CLCC(University) ပင်ဖြစ်လေသည်။ ချင်းအမျိုး သားစည်းလုံးရေးကိုလည်းကောင်း၊ ချင်းအမျိုးသားနေ့ကျင်းပရေးအတွက်ကိုလည်းကောင်း ချင်းလူမျိုးများ ကိုယ်စား ရပ်တည်ပေးနိုင်ခဲ့လေသည်။

(ခ) ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံ(၂၀၁၃) Second Chin National Conference(2013)

၂၀၀၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများပိုမိုလွတ်လပ်လာသောအခါ ချင်းအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများ ပိုမိုပေါင်းစည်းမိလာပြီး၊ ချင်းအမျိုးသားရေးဆိုင်ရာအကြောင်းအရာများကို အလေးထားလုပ်ဆောင်လာကြသည်။ ထို့နောက် ပိုမိုစုစည်းလာကြပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၁၂-၁၅) ရက်၊ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ချင်းအမျိုးသားညီလာခံကို ပြည် ထောင်စုဝန်ကြီးများ၊ ချင်းပြည် နယ်အစိုးရအဖွဲ့၊ ချင်းလူမျိုးလွှတ်တော်ကိုယ်စား လှယ်များ၊ ချင်းနိုင်ငံရေး ပါတီများ၊ ချင်းအမျိုး သားတပ်ဦး၊ ချင်းမျိုးနွယ်စုအသီးသီး၊ ဘာသာရေးအဖွဲ့အစည်းများ၊ အမျိုးသမီး၊ ကျောင်းသား၊ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ စသည်တို့မှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ စုစုပေါင်း လူဦးရေ ၅၇၁ ဦးဖြင့် လေးရက်တာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အချို့သော ချင်းအမည်အားလက်မခံလိုသော အုပ်စုများ၊ ပါဝင်သင့်သော်လည်း ဖိတ်ခေါ်ရာတွင် ကျန်ရစ်ခဲ့သောပုဂ္ဂိုလ်များ၊ ဖိတ်ခေါ် သော်လည်း မအားလပ်သောသူများမှ အပ ချင်းရေးရာဦးဆောင်သောသူများစုံလင်သည်ဟုဆိုနိုင်ပါသည်။ ရခိုင်ပြည်နယ်မှ မြို-ခမီ၊ မြိုမျိုးနွယ်များသော်လည်းကောင်း၊ အရှိုချင်း၊ လိုင်းတူ၊ စုမ်းတူမျိုးနွယ်များသော်လည်း ကောင်း၊ စစ်ကိုင်းတိုင်းမှ မီဇို-လူရှိုင်းမျိုးနွယ်များ၊ ကူကီးများပါ ပါဝင်တက်ရောက်နိုင်ခဲ့ကြပါသည်။

ရည်ရွယ်ချက်များ

က) မကြာခင်ကျင်းပမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ချင်းလူမျိုးများ၏ ဘုံသဘောထားရပ်တည်ချက် ဖော်ထုတ်နိုင်ရန်။
ခ) ချင်းလူမျိုးများ၏ ဘုံနိုင်ငံရေးညှိုနှိုင်းမှုမဟာဗျူဟာ ဖော်ထုတ်နိုင်ရန်။
ဂ) ယင်းနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ချင်းလူမျိုးများကိုယ်စားပြု ပါဝင်ဆွေးနွေးနိုင်မည့်နည်းလမ်းများ ဖော်ထုတ်နိုင်ရန်။
ဃ) အမျိုးမျိုးသော ချင်းလူမျိုးုအဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့်သွေးစည်း ညီညွှတ်မှု ပိုမိုဖြစ်ထွန်းစေရန်။

ဒုတိယအကြိမ်ချင်းအမျိူးသားညီလာခံတွင်ဆွေးနွေးသည့်အကြောင်းအရာခေါင်းစဉ်များ
(၁) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များလေ့လာခြင်း (Framework for Political Dialogue)

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေ အားလေ့လာသုံးသပ်ခြင်း (Constitutional Reform)

(၃) မြေယာနှင့် သဘာဝသယံဇာတကိစ္စများ(Land and Natural Resources)

(၄) တရားဥပဒေရေးရာ လေ့လာသုံးသပ်ခြင်း(Jurisdiction Reform (Legislative and Judiciary))

(၅) တိုင်းရင်းသားနှင့်ဘာသာရေးဆိုင်ရာအခွင့်အရေးဆိုင်ရာ
(က) ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး(Rights: Language and Culture)
( ခ ) ချင်းမျိုးနွယ်စု ၅၃ မျိုးအရေး (53 Ethnics)
( ဂ ) ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် (Religious Rights)

(၆) စီးပွားရေးဆိုင်ရာ အရေးကိစ္စများ (အခြေခံအဆောက်အဦးများဖွံ့ဖြိုးတိုးတက်ရေး)(Economic Issues (Infra Development)

(၇) စားနပ်ရိက္ခာဖူလှုံမှုနှင့် လူသားချင်းစာနာထောက်ထားမှု(Food Security and Humanitarian Issues)

(၈) ပညာရေးဆိုင်ရာကိစ္စများ (Educational Issues)

(၉) ကျန်းမာရေးဆိုင်ရာကိစ္စများ (Health Issues)

(၁၀) လူမှုရေးဆိုင်ရာကိစ္စများ
(က) ချင်းဒုက္ခသည်များအရေး(Refugees)
(ခ) အမျိုးသမီး-အမျိုးသားတန်းတူညီမျှရေး (Gender)
(ဂ) မူးယစ်ဆေးဝါးအရေး (Drug)
အဆိုပါအချက်ခေါင်းစဉ်ကြီးများအား အုပ်စု(၁၁)ခုခွဲကာ သုံးရက်တိုင်တိုင်ဆွေးနွေးကြပြီး နောက်ဆုံးနေ့တွင် သဘောထားထုတ်ပြန်ချက် အချက်ကြီး (၁၁)ချက်၊ အချက်ငယ်ပေါင်း(၁၀၀) ချက်ခန့်အား ပရိတ်သတ်မှ တခဲနက်ထောက်ခံကြပါသည်။ ပြည်ပချင်းအဖွဲ့အစည်းများမှလည်းများစွာအထောက်အကူပေးပါသည်။

ချင်းအမျိုးသားညီလာခံညှိနှိုင်းပေါင်းစပ်ရေးကော်မတီ

ဤညီလာခံမှ ဆုံးဖြတ်ချက်များကို အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီတစ်ရပ်အား (၁) ဒေသ အခြေပြုကိုယ်စားလှယ်များ၊ (၂) အမျိုးသမီး ကိုယ်စား လှယ်များ၊ (၃) လူငယ်ကိုယ်စားလှယ်များ၊ (၄) ချင်းနိုင်ငံရေးပါတီများ၊ (၅) ချင်းအမျိုး သားတပ်ဦး၊ (၆) ညီလာခံ Resource Persons များ၊ (၇) ညီလာခံပူးပေါင်းကျင်းပရေးကော်မတီ၊ (၈) တတ်သိပညာရှင်များ စုစုပေါင်း (၄၅)ဦး ဖြင့် ဖွဲ့စည်းခဲ့ကြပါသည်။ ဤချင်းအမျိုးသားညီလာခံသည် ချင်းပြည်နယ်အတွင်းရှိ ချင်းလူမျိုးများ၊ ချင်းပြည် နယ်ပြင်ပရှိ ချင်းလူမျိုးများ၊ နိုင်ငံတကာရောက် ချင်းလူမျိုးများ ပါဝင်တက်ရောက်ကြပြီး ချင်းအမျိုးသားများ၏ ဘုံသဘောထားရပ် တည်ချက်များချမှတ်နိုင်ခဲ့သဖြင့် ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်နိုင်ခဲ့သည့် ချင်းအမျိုးသား ညီလာခံကြီးဖြစ်ကြောင်း ထုတ်ပြန်ကြေငြာနိုင်ခဲ့ကြပါသည်။

သန်းခေါင်းစာရင်းဆိုင်ရာချင်းအမျိုးသားအထောက်အကူပြုကော်မီတီ(၂၀၁၆)(Chin National Action Committee on Census-2016)

၂၀၁၄-သန်းခေါင်းစာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မီတီအား ၂၀၁၄ ခုနှစ်၊ နောက်ပိုင်းတွင် ဖွဲ့စည်းလာပြီး ၂၀၁၆ ခုနှစ်တွင် အဖွဲ့ဝင်သစ်များဖြင့်ထပ်မံဖွဲ့စည်းပါသည်။ ထို့ နောက် မျိုးနွယ်စုအလိုက် အစည်းအဝေးများအား ပြည်၊ မတူပီ၊ လိုင်လင်းပီ၊ စစ်တွေ၊ ပလက်ဝ၊ ကလေးမြို့စသည့်နေရာများတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင်လည်းကောင်းလူထုအစည်းအဝေးများအား ပြုလုပ်နိုင်ပြီး၊ သန်ခေါင်စာရင်းဆိုင်ရာအရေးကိစ္စများနှင့်အတူ ချင်းအမျိုးသားစည်းလုံးရေးကိုလည်း တစ်ဖက်တလမ်းမှ ဆောင်ရွက် နိုင်ခဲ့ကြပါသည်။

နောက်ဆက်တွဲလှုပ်ရှားမှုများ

ညီလာခံပြီးသည့်နောက်တွင်လည်း ထိုဘုံသဘော တူညီချက်များအား ဆက်လက်အကောင်အထည် ဖော်ရန် ကော်မီတီများအားဖြင့် ဆက်လက်လှုပ်ရှားခဲ့ကြပါသည်။ သို့သော် နောက်ပိုင်းတွင် လှုပ်ရှားမှုအားနည်းလာပါသည်။ သို့သော် ထိုဘုံသဘောတူညီချက်များနှင့် ဆုံးဖြတ်ချက်များအား တိုက်ရိုက်ဆက်ခံ၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။ အထူးသဖြင့် CCPR, CNACC, CHRO, CDES, နှင့်နောက်ပိုင်းတွင် All Chin Society တို့မှ သိသိသာသာပင် အချို့အချက်များအားဆက်လက် သယ်ဆောင် လာကာ ချင်းအမျိုးသားရေးကို ဦးဆောင်လာခဲ့လေသည်။ ချင်းအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းအချို့ဖြစ်သည်, CWO, NINU, CWDO, CNRWG, CEI, CEN, Ethnic Concern, အာရုံဦး, etc တို့မှလည်း တပိုင်တနိုင်အားဖြင့် ထိုညီလာခံဆုံးဖြတ်ချက်များကိုပင် ကိုယ့်နည်းကိိုယ့်ဟန်၊ မိမိနည်းလမ်းများဖြင့် ဆက်လက်လုပ်ဆောင်လာလေသည်။ CCYO, CPHRI, CSU, CCSN, etc စသည့်နောက်ပိုင်း ပေါ်ပေါက်လာသော ချင်းအရပ်ဖက်အဖွဲ့အစည်းများက လည်း ထိုအချက်များကို ဆက်လက်ဆောင်ရွက်လာခဲ့ကြပေသည်။

CNC(2) နှင့်ပတ်သက်သည်ဖြစ်စေ၊ မပတ်သက် သည်ဖြစ်စေ ချင်းတမျိုးသားလုံးအတွက်လိုအပ်သော အမျိုးသားရေးဦးတည်ချက်များအား မိမိ အသိဖြင့်ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ဒေသန္တရလူမှုအဖွဲ့အစည်းများကိုမူမဖော်ပြတော့ပေ။ အထူးသဖြင့် ချင်းပြည်နယ် အစိုးရနှင့် ချင်းပြည်နယ်လွှတ်တော်သည်လည်း အချို့အချက်များကို ဆက်လက်အကောင်အထည် ဖော်နေကြောင်း တွေ့နိုင်ပါသည်။ နောက်ပိုင်းတွင်လှုပ်ရှားမှုတိုးတက်လာသော ဂလိုဘယ်ဇိုမီးညီညွတ်ရေး၊ မတူဖိုရမ်၊ ခူမီးဖိုရမ်များ၊ မရာ၊ ဇိုတုန်၊ တောင်ပိုင်းညီလာခံလှုပ်ရှားမှုများစသည်တို့ကိုမူ မျိုးနွယ်စုအဆင့်တွင်ဖြစ်ပြီးချင်းလူမျိုးအားလုံးကိုမခြုံငုံသောကြောင့်မဖော်ပြတော့ပေ။

(ဂ) ချင်းအမျိုးသားဒိုင်ယာလောခ်(၂၀၁၇)Chin National Dialogue(2017)

ထို့နောက် ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ချင်းနယ်ထန်တလန်မြို့၌ ချင်းအမျိုးသားဒိုင်ယာလောခ်(Chin National Dialogue)အား အမျိုးသားအဆင့်ဖြင့်အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြပါသည်။ ထိုအစည်းအဝေးတွင်လည်း ယခင် Chin National Conference (2) ၏ ဘုံသဘောထားများအား ဆက်လက်တင်ပြဆွေးနွေးနိုင်ခဲ့ကြပါသည်။ ထိုမှတဆင့် ၂၁ ပင်လုံအစည်းအဝေးထိတိုင်အောင် ချင်းအမျိုး သားများ၏ အသံသည် တစ်စုတစ်စည်းတည်းဖြင့် ထွက်ပေါ်နိုင်ခဲ့ပါသည်။

ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) ကို ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ (CNDJC) ၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ထန်တလန်နှစ်ခြင်းအသင်းတော်တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်မှ မတ်လ (၁) ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲသို့ ပြည်နယ်တွင်း၊ ပြည်နယ်ပြင်ပမှ ချင်းအမျိုးသားတပ်ဦး၏ ကိုယ်စားလှယ်တော် (၁၅၁) ဦး၊ နိုင်ငံရေးပါတီများ၏ ချင်းကိုယ်စား လှယ်တော် (၂၀၂) ဦး၊ ချင်း အရပ်ဘက်လူ့အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်တော် (၁၆၁) ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သည့် ချင်း ကိုယ်စားလှယ်တော် (၂၀) ဦး၊ ကြီးကြပ်မှုကော်မတီဝင်များ၊ ဧည့်သည်တော်များ နှင့် လေ့လာသူ များ (၁၁၈) ဦး၊ စုစုပေါင်း (၆၅၂) ဦး တက်ရောက်ခဲ့ကြပါသည်။

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွင်ဆွေးနွေးသည့်အကြောင်းအရာခေါင်းစဉ်များ

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံ မူများနှင့်ပတ်သက်၍ ဖော်ပြပါ အကြောင်းအရာများကို ဆွေးနွေးကာ ချင်းလူမျိုးတို့၏ သဘောထားအမြင်များစုစည်းမှုကို ဆောင်ရွက်ခဲ့ပါသည်။
(၁) အချုပ်အခြာအာဏာ (Sovereign Power)

(၂) တန်းတူရေး (Equality)

(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-Determination)

(၄) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုမူ (Federal Principles)

(၅) တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း (Ethnic Minority Rights)

(၆) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး နှင့် ကျား၊မဆိုင်ရာ တန်းတူညီမျှမှု (Democracy, Human Rights and Gender Equality)

(၇) ပါတီစုံဒီမိုကရေစီ (Multi-Party Democracy System)

(၈) ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State)

(၉) အခြားအခြေခံမူများ (Other Principles)

ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(ချင်း)၏ ဘုံသဘောထားအမြင်များစုစည်းမှု (၅၅)ချက် ရရှိခဲ့ပါ သည်။ ချင်းအမျိုးသားတို့၏ ဘုံသဘောထားအမြင်များနှင့် မတူကွဲပြားသည့်အမြင်များ စုစည်းချက်ကို သက်ဆိုင်ရာလုပ်ငန်းကော် မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တို့မှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံသို့ တင်သွင်းကြပါသည်။ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံသို့ဆက်လက်သယ်ဆောင်သွားပါသည်။

(ဃ)ချင်းရှာလောမ်မစ်ရှင်(၂၀၁၉) (Chin Shalom Mission-2019)

ထိုအချိန်မှာပင် ချင်းအမျိုးသားတစ်ရပ်လုံးပိုမိုညီညွတ်ရေး၊ ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ဦးတည်ကာ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(Chin Baptist Convention)မှ ချင်းရှာလောမ်မစ်ရှင်လုပ်ငန်းကော်မီတီ(Chin Shalom Mission) ကိုတည်ထောင်ဖွဲ့စည်းကာ ချင်းအမျိုးသားများပိုမိုညီညွတ်ရေးငြိမ်းချမ်းရေးဆိုင်ရာအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများ ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၁၆-၁၉)တွင် ပထမအကြိမ်ပြုလုပ်လာခဲ့သည်။ ကော်မတီဆွေးနွေးခြင်းများကိုလည်း အဆက်မပြတ်လုပ်ဆောင်နိုင်လေသည်။

နိဂုံး
ချင်းအမျိုးသားရေးမည်သူ့တွင်တာဝန်ရှိပါသနည်း

ချင်းအမျိုးသားအရေးအတွက် ဆွေးနွေးခဲ့သောအကြောင်းအရာများအားလုံးကိုခြုံငုံကြည်လျှင် အုပ်စု(၃) မျိုးကိုတွေ့နိုင်လေသည်။ ၁) ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သော နိုင်ငံရေးအရေးကိစ္စများ ၂) လူမှုရေးနှင့်သက်ဆိုင်သောအရေးကိစ္စများနှင့် ၃) အမျိုးသားစည်းလုံးရေးနှင့် သက်ဆိုင်သောအရေးကိစ္စများဟု၍ဖြစ်ပါသည်။

ချင်းအမျိုးသားညီလာခံ(၂၀၁၃)တွင် နိုင်ငံရေးကိစ္စအား သက်ဆိုင်သူများကဆွေးနွေးခဲ့ကြပြီး၊ လူမှုရေးနှင့်အမျိုးသားရေးအကြောင်းများ ကို လူအများစုက ပိုမိုဆွေးနွေးခဲ့ကြသည်။ ချင်းအမျိုးသားဒိုင်ယာလောခ်(၂၀၁၇) ခုနှစ်တွင်မူ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးမှုဘောင်များကို အဓိကဆွေးနွေးခဲ့ကြပါသည်။ ချင်းရှာလောမ်မစ်ရှင်(၂၀၁၉) တွင်မူ ချင်းအမျိုးသားစည်းလုံးရေးကိစ္စကိုသာ အသားပေးဆွေးနွေးကြောင်း တွေ့နိုင်သည်။ မည်သို့ဆိုစေကာမူ ချင်းပြည်သူလူထုတစ်ဦးအနေဖြင့် ဖြစ်စေချင်သောသဘောထားနှင့်ဆန္ဒမှာ ချင်းနှင့်သက်ဆိုင်သော ပြည်တွင်းပြည်ပအဖွဲ့ အစည်းများမှ တာဝန်ယူပေးရန်လိုလားကြပေသည်။ တာဝန်ယူစေလိုသောအဖွဲ့အစည်းများမှာ-

၁) ချင်းပြည်နယ်အစိုးရ(Chin State Government)

ချင်းပြည်နယ်အစိုးရသည် ချင်းလူမျိုးများအတွက် တစ်ခုတည်းသောနိုင်ငံတော်အောက်မှ အုပ်ချုပ်ရေးအစိုးရအဖွဲ့အစည်းတစ်ခု ပင်ဖြစ် လေသည်။ ချင်းပြည်နယ်အစိုးရတွင်အများစုမှာ ပြည်သူလူထုမှရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်တော် များဖြင့်ဖွဲ့ စည်းထားသော ပြည်နယ်အစိုးရဖြစ်ပေသည်။ ဥပဒေမူဘောင်အတွင်းမှာ ချင်းအမျိုးသားရေးကိုလည်းကောင်း၊ ချင်းလူမှုအရေး ကိစ္စရပ် ဆိုင်ရာများကိုလည်းကောင်း ဆောင်ရွက်ရန်အခွင့်အာဏာလည်းရှိသလို ထိုလုပ်ပိုင်ခွင့်ကိုလည်း နိုင်ငံတော်အစိုးရနှင့် ပြည်သူ လူထု များမှ အပ်နှင့်ထားပါသည်။ ချင်းပြည်နယ်အတွင်းရှိ ချင်းပြည်နယ်အစိုးရလက်အောက်မှ ဌာနဆိုင်ရာအသီးသီးသည်လည်း ထိုအချက် များကို ဆောင် ရွက်ရန် တာဝန်ရှိပါသည်။ ပြည်နယ်သည် တိုင်းဒေသကြီးများနှင့် ကွဲပြားပါသည်။ ပြည်နယ်တွင် ရွေးကောက်တင်မြှောက် ခံရသော ပြည်နယ်အစိုးရ အဖွဲ့ဝန်များ၊ ဝန်ကြီးများ၊ လွှတ်တော်အမတ်များသည် ပုံမှန်အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအပြင် ချင်းအမျိုး သားရေးရာကိစ္စများတွင်ပါ တာဝန်ယူရမည့် အရေးကြီးဆုံးသောအဖွဲ့ပင်ဖြစ်လေသည်။

၂) ချင်းနိုင်ငံရေးပါတီများနှင့်ငြိမ်းချမ်းရေးအဖွဲ့များ(Chin Political Parties and Armed Groups)

ချင်းနိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးအဖွဲ့များတွင် ချင်းတစ်မျိုးသားလုံးအားခြုံငုံသောအဖွဲ့ရှိသကဲ့သို့ မျိုးနွယ်စုအဆင့်ကိုမျှော်မှန်းသော နိုင်ငံရေးသမားဟု နှစ်မျိုးရှိပါသည်။ အချို့ပါတီများမှာ ရွေးကောက်ပွဲတွင် အနိုင်မရသောကြောင့် လုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်မရှိသည် လည်းဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် လက်ရှိပြည်နယ်အစိုးရအား အပြုသဘောဖြင့်သာထောက်ပြကာ တိုးတက်ရာတိုးတက်ကြောင်း ဖော်ပြရမည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုနိုင်ငံရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများသည်လည်း နိုင်ငံတော်၊ နိုင်ငံရေး အဆင့်တွင် ချင်းအမျိုးသားအရေးကိစ္စများကိုဆောင်ရွက်ရန်ဖြစ်ပြီး၊ ထိုအချက်များကိုလည်း ကျေကျေညက်ညက်နားလည်သဘော ပေါက်ရန် လိုအပ်ပါသည်။ ဆိုလိုချင်သည်မှာ နိုင်ငံရေးနေရာရယူယုံသက်သက်မဟုတ်ဘဲ ချင်းအမျိုးသားအရေးကိစ္စကိုပါ စိတ်အား ထက်သန်နေသူများဖြစ်နေရန်လိုအပ်ပါသည်။

၃) ချင်းအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လှုပ်ရှားမှုဆိုင်ရာအဖွဲ့များ(Civil Organizations, Activists and Religious Organization)

ချင်းအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရေးရာလှုပ်မှုဆိုင်ရာအဖွဲ့များသည် အကြောင်းအရာတစ်ခုခုအတွက်ဖွဲ့စည်းကာ ပြည်တွင်း ပြည်ပ ရန်ပုံငွေများအား အခြေပြုကာ လှုပ်ရှားနေရသော သူများဖြစ်ပေသည်။ ပြည်နယ်တွင်းမှ အချက် အလက်များကိုလည်းကောင်း၊ အမျိုးသားရေးအချက်အလက်များကိုလည်းကောင်း အခြေပြုကာ စီမံကိန်း(Projects)များရေးဆွဲပြီး ရန်ပုံငွေတောင်း ခံခြင်း၊ လည်ပတ်ခြင်းများပြုလုပ်ရပေသည်။ ထိုအခါ အဖွဲ့အစည်းလည်ပတ်ရုံသက်သက်သာမဟုတ်ဘဲ ချင်းအမျိုးသားရေးနှင့် လူမှုရေးဆိုင်ရာအရေး ကိစ္စများတွင် စိတ်အားထက်သန်စွာပါဝင်ဆောင်ရွက်ပေးရမည်။ ချင်းပြည်နယ်အစိုးရနှင့် နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့များမပြု လုပ်နိုင်သည့် အရေးကိစ္စများကို ၄င်းအဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရပေမည်။ ချင်းအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ မည်မျှပင် အသစ်များပေါ်ပေါက်လာစေကာမူ ရှေးက ညီလာခံများ၊ ဒိုင်ယာလောခ်ဆွေးနွေးပွဲများ၊ လူထုတွေ့ဆုံပွဲများမှ သဘောတူညီချက်များကို အစဉ်မျက်ခြေမပျက်ရန်မှာ အထူးအရေးကြီးလှပေသည်။ ချင်းဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ မှာမူ ငြိမ်းချမ်းရေးဖော်ဆောင်သူ များနေရာတွင် ရပ်တည်နေရပေမည်။ မျိုးနွယ်စုများ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးအုပ်စုများ၊ လက် နက်ကိုင်များ၊ အခြားအစုအဖွဲ့ များအကြားတွင် နားလည်မှုလွဲမှားခြင်း၊ ပဋိပက္ခဖြစ်ခြင်းများတွင် ကြားဝင်ကာ စေ့စပ်ညှိနှိုင်းပေးရသောနေရာတွင် ခိုင်ခိုင်မာမာ ရပ်တည် နေရပေမည်။

၄) ပြည်ပချင်းအဖွဲ့အစည်းများ(International Chin Organizations)

ပြည်ပချင်းအဖွဲ့အစည်းများမှာမူ ပြည်တွင်းရေးတွင် တိုက်ရိုက်ဝင်ရောက်ရန်ခက်ခဲပေလိမ့်မည်။ သို့ သော် ပြည်တွင်းအင်အားစုများနှင့် အစဉ်ဆက်သွယ်နေကာ အမျိုးသားရေးမျှော်မှန်းချက်များအား မည်သည့်နေရာမှ အားဖြည့်ရမည်ဆိုသည်ကို နား လည်သဘော ပေါက်ရပေမည်။ ရန်ပုံငွေကူညီခြင်း၊အရေးပေါ်သဘာဝဘေးကူညီခြင်းများကိုအားစိုက်ရပေမည်။ပြည်ပအခြေစိုက် ချင်းအဖွဲ့အစည်းများခိုင်ခိုင်မာမာရှိနေပါကလည်း နိုင်ငံတကာဖိအားဖြင့် ချင်းအမျိုးသားအရေးများကို ကူညီနိုင်ပေလိမ့် မည်။ သို့သော် ပြည်နယ်တွင်းမှ လုပ်ဆောင်ရသည့်အရေးများ၊ ပြည်တွင်းအဖွဲ့အစည်းများမှ လုပ် ဆောင်မည့် အရေးများအား ပိုမိုအားကောင်းစေရန် ကူညီပံ့ပိုးမှုအပိုင်းအား အထူးဆောင်ရွက်သင့်ပါသည်။

ကိုးကား
-ချင်းအမျိုးသားညီလာခံ(၂၀၁၃)မှတ်တမ်းများ
-ချင်းအမျိုးသားဒိုင်ယာလောခ်(၂၀၁၇)မှတ်တမ်း
-ချင်းရှာလောမ်ဆွေးနွေးပွဲ(၂၀၁၉)မှတ်တမ်းများ
-CNACC မှတ်တမ်းများ

Ro Sang
28/4/2020

Zawngyi

ခ်င္းအမ်ိဳးသားေရးဆယ္စုႏွစ္သမိုင္း
Ro Sang| The Chinland Post| 2020 April 28
ခ်င္းမ်ိဳးႏြယ္စုမ်ားသည္ ေ႐ွးယခင္ကတည္းက မိမိမ်ိဳးႏြယ္စုအလိုက္သာေနထိုင္အုပ္စိုးရာမွ ကိုလိုနီေခတ္ေရာက္လာေသာအခါ နယ္ေျမ ေဒသအခ်ိဳ႕မွာ ေတာင္တန္းေဒသမ်ားအလိုက္စုစည္းမိလာၾကေလသည္။ သို႔ေသာ္ ဘာသာစကားအရေသာ္လည္း ေကာင္း၊ ပထဝီဝင္ အရေသာ္လည္းေကာင္း ေဝးကြာၾကသျဖင့္ အခ်င္းခ်င္းစုစည္းကာ အတူတစ္ကြေဆြးေႏြးတိုင္ပင္ျခင္းဆိုသည့္ အခ်ိန္အခါနည္းပါး ခဲ့ေလသည္။ ခ်င္းေတာင္တန္းႏွစ္ျခင္းနယ္(Chin Hills Baptist Association) အား ၁၉၀၇ ခုႏွစ္တြင္ဖြဲ႕စည္းသည့္ေနာက္တြင္ ဘာသာေရးအစည္းအေဝးအား အေတာ္အတန္စုစည္းျပဳလုပ္ႏိုင္ခဲ့ပါသည္။ ထိုအခ်ိန္မွ စတင္ကာ ခ်င္းအမ်ိဳးသားမ်ားသည္ ဘာသာေရး နယ္ပယ္တြင္ မ်ိဳးႏြယ္တစ္မ်ိဳးႏွင့္ တစ္မ်ိဳးလက္တြဲကာစုစည္းလာႏိုင္ခဲ့ပါသည္။

(က)ပထမအႀကိမ္ခ်င္းအမ်ိဳးသားညီလာခံ(၁၉၄၈) First Chin National Conference (1948)

၁၉၄၈ ခုႏွစ္၊ ေဖေဖာ္ဝါရီ(၂၀)တြင္ ဖလမ္းၿမိဳ႕တြင္ ခ်င္းလူမ်ိဳးကိုယ္စားလွယ္(၅၀၀) ခန္႔ႏွင့္ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စုစုေပါင္း (၅၀၀၀) ပါဝင္ေသာ လူထုအစည္းအေဝးႀကီး အားပထမဆုံးျပဳလုပ္ႏိုင္ခဲ့ေလသည္။ ၎အစည္းအေဝးအား ပထမအႀကိမ္ခ်င္းအမ်ိဳးသားညီလာခံ (၁၉၄၈) အျဖစ္ မွတ္တမ္းတင္ထားၾကပါသည္။ ထိုညီလာခံမွ ခ်င္းအမ်ိဳးသားေ႐ွးေဟာင္းအုပ္ခ်ဳပ္ေရးစနစ္အား လူထုဆႏၵျဖင့္ ပယ္ဖ်က္ကာ ဒီမိုကေရစီနည္းျဖင့္အုပ္ခ်ဳပ္ရန္ သေဘာတူၾကသည့္ေဆြးေႏြးခ်က္ကား ထင္႐ွားေလသည္။ ထိုအခ်က္မ်ားကိုပင္အေျခခံကာ ခ်င္း အမ်ိဳးသားေန႔ျဖစ္ထြန္းလာျခင္းလည္းျဖစ္သည္။ ထိုေနာက္ပိုင္းတြင္ လူထုအစည္းအေဝးမ်ား၊ အခမ္းအနားမ်ား၊ ညီလာခံငယ္မ်ားအား ခ်င္းအမ်ိဳးသားေန႔ႏွင့္ပူးတြဲ၍ ျပဳလုပ္ေၾကာင္းသိရေသာ္လည္း လူထုစုံညီအစည္းအေဝးအဆင့္ကား ေရာက္႐ွိခဲ့ဟန္မတူေပ။
၁၉၆၂ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ပြားသည့္ေနာက္ပိုင္းတြင္ အမ်ိဳးသားေရးတြင္ လြတ္လပ္စြာလုပ္ ေဆာင္ႏိုင္ျခင္းမ႐ွိေတာ့ပဲ ဘာသာ ေရးႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားအတြင္းမွသာ ဆက္လက္႐ုန္းကန္ခဲ့ရပါသည္။ ဘာသာေရးအသင္းအဖြဲ႕မ်ား သည္ထိုအခ်ိန္က ခ်င္းအမ်ိဳးသားေရးအား အကာအကြယ္ျပဳေပးသည့္ အေကာင္းဆုံးအဖြဲ႕အစည္းမ်ားျဖစ္ခဲ့ပါသည္။ ထိုအခ်ိန္တြင္ လြတ္လပ္စြာျဖင့္ ခ်င္းအမ်ိဳးသားေရးအား ဦးေဆာင္ေပးခဲ့ေသာအဖြဲ႕မွ ခ်င္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ(တကၠသိုလ္မ်ား)CLCC(University) ပင္ျဖစ္ေလသည္။ ခ်င္းအမ်ိဳး သားစည္းလုံးေရးကိုလည္းေကာင္း၊ ခ်င္းအမ်ိဳးသားေန႔က်င္းပေရးအတြက္ကိုလည္းေကာင္း ခ်င္းလူမ်ိဳးမ်ား ကိုယ္စား ရပ္တည္ေပးႏိုင္ခဲ့ေလသည္။

(ခ) ဒုတိယအႀကိမ္ခ်င္းအမ်ိဳးသားညီလာခံ(၂၀၁၃) Second Chin National Conference(2013)

၂၀၀၈ ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံေရးလႈပ္႐ွားမႈမ်ားပိုမိုလြတ္လပ္လာေသာအခါ ခ်င္းအရပ္ဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးဆိုင္ရာ အဖြဲ႕အစည္းမ်ား ပိုမိုေပါင္းစည္းမိလာၿပီး၊ ခ်င္းအမ်ိဳးသားေရးဆိုင္ရာအေၾကာင္းအရာမ်ားကို အေလးထားလုပ္ေဆာင္လာၾကသည္။ ထို႔ေနာက္ ပိုမိုစုစည္းလာၾကၿပီး ၂၀၁၃ ခုႏွစ္ ႏိုဝင္ဘာလ(၁၂-၁၅) ရက္၊ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္ ခ်င္းအမ်ိဳးသားညီလာခံကို ျပည္ ေထာင္စုဝန္ႀကီးမ်ား၊ ခ်င္းျပည္ နယ္အစိုးရအဖြဲ႕၊ ခ်င္းလူမ်ိဳးလႊတ္ေတာ္ကိုယ္စား လွယ္မ်ား၊ ခ်င္းႏိုင္ငံေရး ပါတီမ်ား၊ ခ်င္းအမ်ိဳး သားတပ္ဦး၊ ခ်င္းမ်ိဳးႏြယ္စုအသီးသီး၊ ဘာသာေရးအဖြဲ႕အစည္းမ်ား၊ အမ်ိဳးသမီး၊ ေက်ာင္းသား၊ ခ်င္းအရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ား စသည္တို႔မွ ကိုယ္စားလွယ္မ်ား၊ အထူးဖိတ္ၾကားထားသည့္ ပုဂၢိဳလ္မ်ား စုစုေပါင္း လူဦးေရ ၅၇၁ ဦးျဖင့္ ေလးရက္တာ က်င္းပျပဳလုပ္မည္ ျဖစ္ပါသည္။ အခ်ိဳ႕ေသာ ခ်င္းအမည္အားလက္မခံလိုေသာ အုပ္စုမ်ား၊ ပါဝင္သင့္ေသာ္လည္း ဖိတ္ေခၚရာတြင္ က်န္ရစ္ခဲ့ေသာပုဂၢိဳလ္မ်ား၊ ဖိတ္ေခၚ ေသာ္လည္း မအားလပ္ေသာသူမ်ားမွ အပ ခ်င္းေရးရာဦးေဆာင္ေသာသူမ်ားစုံလင္သည္ဟုဆိုႏိုင္ပါသည္။ ရခိုင္ျပည္နယ္မွ ၿမိဳ-ခမီ၊ ၿမိဳမ်ိဳးႏြယ္မ်ားေသာ္လည္းေကာင္း၊ အ႐ိႈခ်င္း၊ လိုင္းတူ၊ စုမ္းတူမ်ိဳးႏြယ္မ်ားေသာ္လည္း ေကာင္း၊ စစ္ကိုင္းတိုင္းမွ မီဇို-လူ႐ိႈင္းမ်ိဳးႏြယ္မ်ား၊ ကူကီးမ်ားပါ ပါဝင္တက္ေရာက္ႏိုင္ခဲ့ၾကပါသည္။
ရည္႐ြယ္ခ်က္မ်ား

က) မၾကာခင္က်င္းပမည့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲတြင္ ခ်င္းလူမ်ိဳးမ်ား၏ ဘုံသေဘာထားရပ္တည္ခ်က္ ေဖာ္ထုတ္ႏိုင္ရန္။
ခ) ခ်င္းလူမ်ိဳးမ်ား၏ ဘုံႏိုင္ငံေရးညိႇဳႏိႈင္းမႈမဟာဗ်ဴဟာ ေဖာ္ထုတ္ႏိုင္ရန္။
ဂ) ယင္းႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲတြင္ ခ်င္းလူမ်ိဳးမ်ားကိုယ္စားျပဳ ပါဝင္ေဆြးေႏြးႏိုင္မည့္နည္းလမ္းမ်ား ေဖာ္ထုတ္ႏိုင္ရန္။
ဃ) အမ်ိဳးမ်ိဳးေသာ ခ်င္းလူမ်ိဳးဳအဖြဲ႕အစည္းမ်ားအၾကား အျပန္အလွန္နားလည္မႈ၊ ယုံၾကည္မႈႏွင့္ေသြးစည္း ညီၫႊတ္မႈ ပိုမိုျဖစ္ထြန္းေစရန္။
ဒုတိယအႀကိမ္ခ်င္းအမ်ိဴးသားညီလာခံတြင္ေဆြးေႏြးသည့္အေၾကာင္းအရာေခါင္းစဥ္မ်ား
(၁) ႏိုင္ငံေရးေဆြးေႏြးပြဲဆိုင္ရာ မူေဘာင္မ်ားေလ့လာျခင္း (Framework for Political Dialogue)
(၂) ဖြဲ႕စည္းပုံအေျခခံဥပေဒ အားေလ့လာသုံးသပ္ျခင္း (Constitutional Reform)
(၃) ေျမယာႏွင့္ သဘာဝသယံဇာတကိစၥမ်ား(Land and Natural Resources)
(၄) တရားဥပေဒေရးရာ ေလ့လာသုံးသပ္ျခင္း(Jurisdiction Reform (Legislative and Judiciary))
(၅) တိုင္းရင္းသားႏွင့္ဘာသာေရးဆိုင္ရာအခြင့္အေရးဆိုင္ရာ
(က) ဘာသာစကားႏွင့္ ယဥ္ေက်းမႈဆိုင္ရာအခြင့္အေရး(Rights: Language and Culture)
( ခ ) ခ်င္းမ်ိဳးႏြယ္စု ၅၃ မ်ိဳးအေရး (53 Ethnics)
( ဂ ) ဘာသာေရးဆိုင္ရာ လြတ္လပ္ခြင့္ (Religious Rights)
(၆) စီးပြားေရးဆိုင္ရာ အေရးကိစၥမ်ား (အေျခခံအေဆာက္အဦးမ်ားဖြံ႕ၿဖိဳးတိုးတက္ေရး)(Economic Issues (Infra Development)
(၇) စားနပ္ရိကၡာဖူလႈံမႈႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈ(Food Security and Humanitarian Issues)
(၈) ပညာေရးဆိုင္ရာကိစၥမ်ား (Educational Issues)
(၉) က်န္းမာေရးဆိုင္ရာကိစၥမ်ား (Health Issues)
(၁၀) လူမႈေရးဆိုင္ရာကိစၥမ်ား
(က) ခ်င္းဒုကၡသည္မ်ားအေရး(Refugees)
(ခ) အမ်ိဳးသမီး-အမ်ိဳးသားတန္းတူညီမွ်ေရး (Gender)
(ဂ) မူးယစ္ေဆးဝါးအေရး (Drug)
အဆိုပါအခ်က္ေခါင္းစဥ္ႀကီးမ်ားအား အုပ္စု(၁၁)ခုခြဲကာ သုံးရက္တိုင္တိုင္ေဆြးေႏြးၾကၿပီး ေနာက္ဆုံးေန႔တြင္ သေဘာထားထုတ္ျပန္ခ်က္ အခ်က္ႀကီး (၁၁)ခ်က္၊ အခ်က္ငယ္ေပါင္း(၁၀၀) ခ်က္ခန္႔အား ပရိတ္သတ္မွ တခဲနက္ေထာက္ခံၾကပါသည္။ ျပည္ပခ်င္းအဖြဲ႕အစည္းမ်ားမွလည္းမ်ားစြာအေထာက္အကူေပးပါသည္။
ခ်င္းအမ်ိဳးသားညီလာခံညႇိႏိႈင္းေပါင္းစပ္ေရးေကာ္မတီ

ဤညီလာခံမွ ဆုံးျဖတ္ခ်က္မ်ားကို အေကာင္ အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ ညႇိႏိႈင္းေပါင္းစပ္ေရး ေကာ္မတီတစ္ရပ္အား (၁) ေဒသ အေျချပဳကိုယ္စားလွယ္မ်ား၊ (၂) အမ်ိဳးသမီး ကိုယ္စား လွယ္မ်ား၊ (၃) လူငယ္ကိုယ္စားလွယ္မ်ား၊ (၄) ခ်င္းႏိုင္ငံေရးပါတီမ်ား၊ (၅) ခ်င္းအမ်ိဳး သားတပ္ဦး၊ (၆) ညီလာခံ Resource Persons မ်ား၊ (၇) ညီလာခံပူးေပါင္းက်င္းပေရးေကာ္မတီ၊ (၈) တတ္သိပညာ႐ွင္မ်ား စုစုေပါင္း (၄၅)ဦး ျဖင့္ ဖြဲ႕စည္းခဲ့ၾကပါသည္။ ဤခ်င္းအမ်ိဳးသားညီလာခံသည္ ခ်င္းျပည္နယ္အတြင္း႐ွိ ခ်င္းလူမ်ိဳးမ်ား၊ ခ်င္းျပည္ နယ္ျပင္ပ႐ွိ ခ်င္းလူမ်ိဳးမ်ား၊ ႏိုင္ငံတကာေရာက္ ခ်င္းလူမ်ိဳးမ်ား ပါဝင္တက္ေရာက္ၾကၿပီး ခ်င္းအမ်ိဳးသားမ်ား၏ ဘုံသေဘာထားရပ္ တည္ခ်က္မ်ားခ်မွတ္ႏိုင္ခဲ့သျဖင့္ ခ်င္းတစ္မ်ိဳးသားလုံးစည္းလုံးညီၫြတ္မႈကို အခိုင္အမာတည္ေဆာက္ႏိုင္ခဲ့သည့္ ခ်င္းအမ်ိဳးသား ညီလာခံႀကီးျဖစ္ေၾကာင္း ထုတ္ျပန္ေၾကျငာႏိုင္ခဲ့ၾကပါသည္။
သန္းေခါင္းစာရင္းဆိုင္ရာခ်င္းအမ်ိဳးသားအေထာက္အကူျပဳေကာ္မီတီ(၂၀၁၆)(Chin National Action Committee on Census-2016)

၂၀၁၄-သန္းေခါင္းစာရင္းဆိုင္ရာ ခ်င္းအမ်ိဳးသားအေထာက္အကူျပဳေကာ္မီတီအား ၂၀၁၄ ခုႏွစ္၊ ေနာက္ပိုင္းတြင္ ဖြဲ႕စည္းလာၿပီး ၂၀၁၆ ခုႏွစ္တြင္ အဖြဲ႕ဝင္သစ္မ်ားျဖင့္ထပ္မံဖြဲ႕စည္းပါသည္။ ထို႔ ေနာက္ မ်ိဳးႏြယ္စုအလိုက္ အစည္းအေဝးမ်ားအား ျပည္၊ မတူပီ၊ လိုင္လင္းပီ၊ စစ္ေတြ၊ ပလက္ဝ၊ ကေလးၿမိဳ႕စသည့္ေနရာမ်ားတြင္လည္းေကာင္း၊ ရန္ကုန္ၿမိဳ႕တြင္လည္းေကာင္းလူထုအစည္းအေဝးမ်ားအား ျပဳလုပ္ႏိုင္ၿပီး၊ သန္ေခါင္စာရင္းဆိုင္ရာအေရးကိစၥမ်ားႏွင့္အတူ ခ်င္းအမ်ိဳးသားစည္းလုံးေရးကိုလည္း တစ္ဖက္တလမ္းမွ ေဆာင္႐ြက္ ႏိုင္ခဲ့ၾကပါသည္။
ေနာက္ဆက္တြဲလႈပ္႐ွားမႈမ်ား

ညီလာခံၿပီးသည့္ေနာက္တြင္လည္း ထိုဘုံသေဘာ တူညီခ်က္မ်ားအား ဆက္လက္အေကာင္အထည္ ေဖာ္ရန္ ေကာ္မီတီမ်ားအားျဖင့္ ဆက္လက္လႈပ္႐ွားခဲ့ၾကပါသည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ လႈပ္႐ွားမႈအားနည္းလာပါသည္။ သို႔ေသာ္ ထိုဘုံသေဘာတူညီခ်က္မ်ားႏွင့္ ဆုံးျဖတ္ခ်က္မ်ားအား တိုက္႐ိုက္ဆက္ခံ၍ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ဆက္လက္ေဆာင္႐ြက္ခဲ့ၾကပါသည္။ အထူးသျဖင့္ CCPR, CNACC, CHRO, CDES, ႏွင့္ေနာက္ပိုင္းတြင္ All Chin Society တို႔မွ သိသိသာသာပင္ အခ်ိဳ႕အခ်က္မ်ားအားဆက္လက္ သယ္ေဆာင္ လာကာ ခ်င္းအမ်ိဳးသားေရးကို ဦးေဆာင္လာခဲ့ေလသည္။ ခ်င္းအရပ္ဖက္ဆိုင္ရာအဖြဲ႕အစည္းအခ်ိဳ႕ျဖစ္သည္, CWO, NINU, CWDO, CNRWG, CEI, CEN, Ethnic Concern, အာ႐ုံဦး, etc တို႔မွလည္း တပိုင္တႏိုင္အားျဖင့္ ထိုညီလာခံဆုံးျဖတ္ခ်က္မ်ားကိုပင္ ကိုယ့္နည္းကိိဳယ့္ဟန္၊ မိမိနည္းလမ္းမ်ားျဖင့္ ဆက္လက္လုပ္ေဆာင္လာေလသည္။ CCYO, CPHRI, CSU, CCSN, etc စသည့္ေနာက္ပိုင္း ေပၚေပါက္လာေသာ ခ်င္းအရပ္ဖက္အဖြဲ႕အစည္းမ်ားက လည္း ထိုအခ်က္မ်ားကို ဆက္လက္ေဆာင္႐ြက္လာခဲ့ၾကေပသည္။
CNC(2) ႏွင့္ပတ္သက္သည္ျဖစ္ေစ၊ မပတ္သက္ သည္ျဖစ္ေစ ခ်င္းတမ်ိဳးသားလုံးအတြက္လိုအပ္ေသာ အမ်ိဳးသားေရးဦးတည္ခ်က္မ်ားအား မိမိ အသိျဖင့္ဆက္လက္ေဆာင္႐ြက္ႏိုင္ခဲ့ၾကပါသည္။ ေဒသႏၲရလူမႈအဖြဲ႕အစည္းမ်ားကိုမူမေဖာ္ျပေတာ့ေပ။ အထူးသျဖင့္ ခ်င္းျပည္နယ္ အစိုးရႏွင့္ ခ်င္းျပည္နယ္လႊတ္ေတာ္သည္လည္း အခ်ိဳ႕အခ်က္မ်ားကို ဆက္လက္အေကာင္အထည္ ေဖာ္ေနေၾကာင္း ေတြ႕ႏိုင္ပါသည္။ ေနာက္ပိုင္းတြင္လႈပ္႐ွားမႈတိုးတက္လာေသာ ဂလိုဘယ္ဇိုမီးညီၫြတ္ေရး၊ မတူဖိုရမ္၊ ခူမီးဖိုရမ္မ်ား၊ မရာ၊ ဇိုတုန္၊ ေတာင္ပိုင္းညီလာခံလႈပ္႐ွားမႈမ်ားစသည္တို႔ကိုမူ မ်ိဳးႏြယ္စုအဆင့္တြင္ျဖစ္ၿပီးခ်င္းလူမ်ိဳးအားလုံးကိုမျခဳံငုံေသာေၾကာင့္မေဖာ္ျပေတာ့ေပ။

(ဂ) ခ်င္းအမ်ိဳးသားဒိုင္ယာေလာခ္(၂၀၁၇)Chin National Dialogue(2017)

ထို႔ေနာက္ ၂၀၀၇ ခုႏွစ္ ဇန္နဝါရီလတြင္ ခ်င္းနယ္ထန္တလန္ၿမိဳ႕၌ ခ်င္းအမ်ိဳးသားဒိုင္ယာေလာခ္(Chin National Dialogue)အား အမ်ိဳးသားအဆင့္ျဖင့္ေအာင္ျမင္စြာျပဳလုပ္ႏိုင္ခဲ့ၾကပါသည္။ ထိုအစည္းအေဝးတြင္လည္း ယခင္ Chin National Conference (2) ၏ ဘုံသေဘာထားမ်ားအား ဆက္လက္တင္ျပေဆြးေႏြးႏိုင္ခဲ့ၾကပါသည္။ ထိုမွတဆင့္ ၂၁ ပင္လုံအစည္းအေဝးထိတိုင္ေအာင္ ခ်င္းအမ်ိဳး သားမ်ား၏ အသံသည္ တစ္စုတစ္စည္းတည္းျဖင့္ ထြက္ေပၚႏိုင္ခဲ့ပါသည္။
ပထမအႀကိမ္ လူမ်ိဳးအလိုက္ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ (ခ်င္း) ကို ခ်င္းအမ်ိဳးသားႏိုင္ငံေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (CNDJC) ၏ ဦးေဆာင္မႈျဖင့္ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၊ ထန္တလန္ႏွစ္ျခင္းအသင္းေတာ္တြင္ ၂၀၁၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၇) ရက္မွ မတ္လ (၁) ရက္အထိ ေအာင္ျမင္စြာ က်င္းပခဲ့ပါသည္။ ခ်င္းအမ်ိဳးသားႏိုင္ငံေရးေဆြးေႏြးပြဲသို႔ ျပည္နယ္တြင္း၊ ျပည္နယ္ျပင္ပမွ ခ်င္းအမ်ိဳးသားတပ္ဦး၏ ကိုယ္စားလွယ္ေတာ္ (၁၅၁) ဦး၊ ႏိုင္ငံေရးပါတီမ်ား၏ ခ်င္းကိုယ္စား လွယ္ေတာ္ (၂၀၂) ဦး၊ ခ်င္း အရပ္ဘက္လူ႕အဖြဲ႕ အစည္းမ်ား၏ ကိုယ္စားလွယ္ေတာ္ (၁၆၁) ဦး၊ ပါဝင္သင့္ပါဝင္ထိုက္သည့္ ခ်င္း ကိုယ္စားလွယ္ေတာ္ (၂၀) ဦး၊ ႀကီးၾကပ္မႈေကာ္မတီဝင္မ်ား၊ ဧည့္သည္ေတာ္မ်ား ႏွင့္ ေလ့လာသူ မ်ား (၁၁၈) ဦး၊ စုစုေပါင္း (၆၅၂) ဦး တက္ေရာက္ခဲ့ၾကပါသည္။
ခ်င္းအမ်ိဳးသားႏိုင္ငံေရးေဆြးေႏြးပြဲတြင္ေဆြးေႏြးသည့္အေၾကာင္းအရာေခါင္းစဥ္မ်ား

ခ်င္းအမ်ိဳးသားႏိုင္ငံေရးေဆြးေႏြးပြဲတြင္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးဆိုင္ရာ အေျခခံ မူမ်ားႏွင့္ပတ္သက္၍ ေဖာ္ျပပါ အေၾကာင္းအရာမ်ားကို ေဆြးေႏြးကာ ခ်င္းလူမ်ိဳးတို႔၏ သေဘာထားအျမင္မ်ားစုစည္းမႈကို ေဆာင္႐ြက္ခဲ့ပါသည္။
(၁) အခ်ဳပ္အျခာအာဏာ (Sovereign Power)
(၂) တန္းတူေရး (Equality)
(၃) ကိုယ္ပိုင္ျပ႒ာန္းခြင့္ (Self-Determination)
(၄) စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စုမူ (Federal Principles)
(၅) တိုင္းရင္းသားလူနည္းစုမ်ား၏ အခြင့္အေရးမ်ားကို ကာကြယ္ျခင္း (Ethnic Minority Rights)
(၆) ဒီမိုကေရစီအခြင့္အေရး၊ အေျခခံလူ႕အခြင့္အေရး ႏွင့္ က်ား၊မဆိုင္ရာ တန္းတူညီမွ်မႈ (Democracy, Human Rights and Gender Equality)
(၇) ပါတီစုံဒီမိုကေရစီ (Multi-Party Democracy System)
(၈) ဘာသာေရးကို အေျခမခံေသာႏိုင္ငံ (Secular State)
(၉) အျခားအေျခခံမူမ်ား (Other Principles)
ပထမအႀကိမ္ လူမ်ိဳးအလိုက္ အမ်ိဳးသားအဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲ(ခ်င္း)၏ ဘုံသေဘာထားအျမင္မ်ားစုစည္းမႈ (၅၅)ခ်က္ ရ႐ွိခဲ့ပါ သည္။ ခ်င္းအမ်ိဳးသားတို႔၏ ဘုံသေဘာထားအျမင္မ်ားႏွင့္ မတူကြဲျပားသည့္အျမင္မ်ား စုစည္းခ်က္ကို သက္ဆိုင္ရာလုပ္ငန္းေကာ္ မတီႏွင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) တို႔မွတဆင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ – (၂၁) ရာစု ပင္လုံသို႔ တင္သြင္းၾကပါသည္။ ၂၀၁၇ ခုႏွစ္၊ ဧၿပီလတြင္ က်င္းပခဲ့ေသာ ၂၁ ရာစု ပင္လုံညီလာခံသို႔ဆက္လက္သယ္ေဆာင္သြားပါသည္။

(ဃ)ခ်င္း႐ွာေလာမ္မစ္႐ွင္(၂၀၁၉) (Chin Shalom Mission-2019)

ထိုအခ်ိန္မွာပင္ ခ်င္းအမ်ိဳးသားတစ္ရပ္လုံးပိုမိုညီၫြတ္ေရး၊ ၿငိမ္းခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူျဖစ္ေစရန္ ဦးတည္ကာ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္(Chin Baptist Convention)မွ ခ်င္း႐ွာေလာမ္မစ္႐ွင္လုပ္ငန္းေကာ္မီတီ(Chin Shalom Mission) ကိုတည္ေထာင္ဖြဲ႕စည္းကာ #ခ်င္းအမ်ိဳးသားမ်ားပိုမိုညီၫြတ္ေရးၿငိမ္းခ်မ္းေရးဆိုင္ရာအလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲမ်ား ကို ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ(၁၆-၁၉)တြင္ ပထမအႀကိမ္ျပဳလုပ္လာခဲ့သည္။ ေကာ္မတီေဆြးေႏြးျခင္းမ်ားကိုလည္း အဆက္မျပတ္လုပ္ေဆာင္ႏိုင္ေလသည္။

နိဂုံး
ခ်င္းအမ်ိဳးသားေရးမည္သူ႕တြင္တာဝန္႐ွိပါသနည္း

ခ်င္းအမ်ိဳးသားအေရးအတြက္ ေဆြးေႏြးခဲ့ေသာအေၾကာင္းအရာမ်ားအားလုံးကိုျခဳံငုံၾကည္လွ်င္ အုပ္စု(၃) မ်ိဳးကိုေတြ႕ႏိုင္ေလသည္။ ၁) ၿငိမ္းခ်မ္းေရးႏွင့္သက္ဆိုင္ေသာ ႏိုင္ငံေရးအေရးကိစၥမ်ား ၂) လူမႈေရးႏွင့္သက္ဆိုင္ေသာအေရးကိစၥမ်ားႏွင့္ ၃) အမ်ိဳးသားစည္းလုံးေရးႏွင့္ သက္ဆိုင္ေသာအေရးကိစၥမ်ားဟု၍ျဖစ္ပါသည္။
ခ်င္းအမ်ိဳးသားညီလာခံ(၂၀၁၃)တြင္ ႏိုင္ငံေရးကိစၥအား သက္ဆိုင္သူမ်ားကေဆြးေႏြးခဲ့ၾကၿပီး၊ လူမႈေရးႏွင့္အမ်ိဳးသားေရးအေၾကာင္းမ်ား ကို လူအမ်ားစုက ပိုမိုေဆြးေႏြးခဲ့ၾကသည္။ ခ်င္းအမ်ိဳးသားဒိုင္ယာေလာခ္(၂၀၁၇) ခုႏွစ္တြင္မူ ႏိုင္ငံေရးႏွင့္ ၿငိမ္းခ်မ္းေရးမႈေဘာင္မ်ားကို အဓိကေဆြးေႏြးခဲ့ၾကပါသည္။ #ခ်င္း႐ွာေလာမ္မစ္႐ွင္(၂၀၁၉) တြင္မူ ခ်င္းအမ်ိဳးသားစည္းလုံးေရးကိစၥကိုသာ အသားေပးေဆြးေႏြးေၾကာင္း ေတြ႕ႏိုင္သည္။ မည္သို႔ဆိုေစကာမူ ခ်င္းျပည္သူလူထုတစ္ဦးအေနျဖင့္ ျဖစ္ေစခ်င္ေသာသေဘာထားႏွင့္ဆႏၵမွာ ခ်င္းႏွင့္သက္ဆိုင္ေသာ ျပည္တြင္းျပည္ပအဖြဲ႕ အစည္းမ်ားမွ တာဝန္ယူေပးရန္လိုလားၾကေပသည္။ တာဝန္ယူေစလိုေသာအဖြဲ႕အစည္းမ်ားမွာ-

၁) ခ်င္းျပည္နယ္အစိုးရ(Chin State Government)

ခ်င္းျပည္နယ္အစိုးရသည္ ခ်င္းလူမ်ိဳးမ်ားအတြက္ တစ္ခုတည္းေသာႏိုင္ငံေတာ္ေအာက္မွ အုပ္ခ်ဳပ္ေရးအစိုးရအဖြဲ႕အစည္းတစ္ခု ပင္ျဖစ္ ေလသည္။ ခ်င္းျပည္နယ္အစိုးရတြင္အမ်ားစုမွာ ျပည္သူလူထုမွေ႐ြးေကာက္တင္ေျမႇာက္ေသာ ကိုယ္စားလွယ္ေတာ္ မ်ားျဖင့္ဖြဲ႕ စည္းထားေသာ ျပည္နယ္အစိုးရျဖစ္ေပသည္။ ဥပေဒမူေဘာင္အတြင္းမွာ ခ်င္းအမ်ိဳးသားေရးကိုလည္းေကာင္း၊ ခ်င္းလူမႈအေရး ကိစၥရပ္ ဆိုင္ရာမ်ားကိုလည္းေကာင္း ေဆာင္႐ြက္ရန္အခြင့္အာဏာလည္း႐ွိသလို ထိုလုပ္ပိုင္ခြင့္ကိုလည္း ႏိုင္ငံေတာ္အစိုးရႏွင့္ ျပည္သူ လူထု မ်ားမွ အပ္ႏွင့္ထားပါသည္။ ခ်င္းျပည္နယ္အတြင္း႐ွိ ခ်င္းျပည္နယ္အစိုးရလက္ေအာက္မွ ဌာနဆိုင္ရာအသီးသီးသည္လည္း ထိုအခ်က္ မ်ားကို ေဆာင္ ႐ြက္ရန္ တာဝန္႐ွိပါသည္။ ျပည္နယ္သည္ တိုင္းေဒသႀကီးမ်ားႏွင့္ ကြဲျပားပါသည္။ ျပည္နယ္တြင္ ေ႐ြးေကာက္တင္ေျမႇာက္ ခံရေသာ ျပည္နယ္အစိုးရ အဖြဲ႕ဝန္မ်ား၊ ဝန္ႀကီးမ်ား၊ လႊတ္ေတာ္အမတ္မ်ားသည္ ပုံမွန္အုပ္ခ်ဳပ္ေရးဆိုင္ရာ စီမံခန္႔ခြဲမႈအျပင္ ခ်င္းအမ်ိဳး သားေရးရာကိစၥမ်ားတြင္ပါ တာဝန္ယူရမည့္ အေရးႀကီးဆုံးေသာအဖြဲ႕ပင္ျဖစ္ေလသည္။

၂) ခ်င္းႏိုင္ငံေရးပါတီမ်ားႏွင့္ၿငိမ္းခ်မ္းေရးအဖြဲ႕မ်ား(Chin Political Parties and Armed Groups)

ခ်င္းႏိုင္ငံေရးပါတီမ်ားႏွင့္ ၿငိမ္းခ်မ္းေရးအဖြဲ႕မ်ားတြင္ ခ်င္းတစ္မ်ိဳးသားလုံးအားျခဳံငုံေသာအဖြဲ႕႐ွိသကဲ့သို႔ မ်ိဳးႏြယ္စုအဆင့္ကိုေမွ်ာ္မွန္းေသာ ႏိုင္ငံေရးသမားဟု ႏွစ္မ်ိဳး႐ွိပါသည္။ အခ်ိဳ႕ပါတီမ်ားမွာ ေ႐ြးေကာက္ပြဲတြင္ အႏိုင္မရေသာေၾကာင့္ လုပ္ပိုင္ခြင့္၊ ေျပာဆိုပိုင္ခြင့္မ႐ွိသည္ လည္းျဖစ္ေကာင္းျဖစ္ေပမည္။ သို႔ေသာ္ လက္႐ွိျပည္နယ္အစိုးရအား အျပဳသေဘာျဖင့္သာေထာက္ျပကာ တိုးတက္ရာတိုးတက္ေၾကာင္း ေဖာ္ျပရမည္။ မည္သို႔ပင္ျဖစ္ေစကာမူ ထိုႏိုင္ငံေရးအဖြဲ႕အစည္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းမ်ားသည္လည္း ႏိုင္ငံေတာ္၊ ႏိုင္ငံေရး အဆင့္တြင္ ခ်င္းအမ်ိဳးသားအေရးကိစၥမ်ားကိုေဆာင္႐ြက္ရန္ျဖစ္ၿပီး၊ ထိုအခ်က္မ်ားကိုလည္း ေက်ေက်ညက္ညက္နားလည္သေဘာ ေပါက္ရန္ လိုအပ္ပါသည္။ ဆိုလိုခ်င္သည္မွာ ႏိုင္ငံေရးေနရာရယူယုံသက္သက္မဟုတ္ဘဲ ခ်င္းအမ်ိဳးသားအေရးကိစၥကိုပါ စိတ္အား ထက္သန္ေနသူမ်ားျဖစ္ေနရန္လိုအပ္ပါသည္။

၃) ခ်င္းအရပ္ဖက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္လႈပ္႐ွားမႈဆိုင္ရာအဖြဲ႕မ်ား(Civil Organizations, Activists and Religious Organization)

ခ်င္းအရပ္ဖက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ေရးရာလႈပ္မႈဆိုင္ရာအဖြဲ႕မ်ားသည္ အေၾကာင္းအရာတစ္ခုခုအတြက္ဖြဲ႕စည္းကာ ျပည္တြင္း ျပည္ပ ရန္ပုံေငြမ်ားအား အေျချပဳကာ လႈပ္႐ွားေနရေသာ သူမ်ားျဖစ္ေပသည္။ ျပည္နယ္တြင္းမွ အခ်က္ အလက္မ်ားကိုလည္းေကာင္း၊ အမ်ိဳးသားေရးအခ်က္အလက္မ်ားကိုလည္းေကာင္း အေျချပဳကာ စီမံကိန္း(Projects)မ်ားေရးဆြဲၿပီး ရန္ပုံေငြေတာင္း ခံျခင္း၊ လည္ပတ္ျခင္းမ်ားျပဳလုပ္ရေပသည္။ ထိုအခါ အဖြဲ႕အစည္းလည္ပတ္႐ုံသက္သက္သာမဟုတ္ဘဲ ခ်င္းအမ်ိဳးသားေရးႏွင့္ လူမႈေရးဆိုင္ရာအေရး ကိစၥမ်ားတြင္ စိတ္အားထက္သန္စြာပါဝင္ေဆာင္႐ြက္ေပးရမည္။ ခ်င္းျပည္နယ္အစိုးရႏွင့္ ႏိုင္ငံေရးပါတီမ်ား၊ ၿငိမ္းခ်မ္းေရးအဖြဲ႕မ်ားမျပဳ လုပ္ႏိုင္သည့္ အေရးကိစၥမ်ားကို ၎အဖြဲ႕အစည္းမ်ားမွ ေဆာင္႐ြက္ေပးရေပမည္။ ခ်င္းအရပ္ဖက္ဆိုင္ရာအဖြဲ႕အစည္းမ်ား မည္မွ်ပင္ အသစ္မ်ားေပၚေပါက္လာေစကာမူ ေ႐ွးက ညီလာခံမ်ား၊ ဒိုင္ယာေလာခ္ေဆြးေႏြးပြဲမ်ား၊ လူထုေတြ႕ဆုံပြဲမ်ားမွ သေဘာတူညီခ်က္မ်ားကို အစဥ္မ်က္ေျခမပ်က္ရန္မွာ အထူးအေရးႀကီးလွေပသည္။ ခ်င္းဘာသာေရးဆိုင္ရာအဖြဲ႕အစည္းမ်ား မွာမူ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္သူ မ်ားေနရာတြင္ ရပ္တည္ေနရေပမည္။ မ်ိဳးႏြယ္စုမ်ား၊ အသင္းအဖြဲ႕မ်ား၊ ႏိုင္ငံေရးအုပ္စုမ်ား၊ လက္ နက္ကိုင္မ်ား၊ အျခားအစုအဖြဲ႕ မ်ားအၾကားတြင္ နားလည္မႈလြဲမွားျခင္း၊ ပဋိပကၡျဖစ္ျခင္းမ်ားတြင္ ၾကားဝင္ကာ ေစ့စပ္ညႇိႏိႈင္းေပးရေသာေနရာတြင္ ခိုင္ခိုင္မာမာ ရပ္တည္ ေနရေပမည္။

၄) ျပည္ပခ်င္းအဖြဲ႕အစည္းမ်ား(International Chin Organizations)

ျပည္ပခ်င္းအဖြဲ႕အစည္းမ်ားမွာမူ ျပည္တြင္းေရးတြင္ တိုက္႐ိုက္ဝင္ေရာက္ရန္ခက္ခဲေပလိမ့္မည္။ သို႔ ေသာ္ ျပည္တြင္းအင္အားစုမ်ားႏွင့္ အစဥ္ဆက္သြယ္ေနကာ အမ်ိဳးသားေရးေမွ်ာ္မွန္းခ်က္မ်ားအား မည္သည့္ေနရာမွ အားျဖည့္ရမည္ဆိုသည္ကို နား လည္သေဘာ ေပါက္ရေပမည္။ ရန္ပုံေငြကူညီျခင္း၊အေရးေပၚသဘာဝေဘးကူညီျခင္းမ်ားကိုအားစိုက္ရေပမည္။ျပည္ပအေျခစိုက္ ခ်င္းအဖြဲ႕အစည္းမ်ားခိုင္ခိုင္မာမာ႐ွိေနပါကလည္း ႏိုင္ငံတကာဖိအားျဖင့္ ခ်င္းအမ်ိဳးသားအေရးမ်ားကို ကူညီႏိုင္ေပလိမ့္ မည္။ သို႔ေသာ္ ျပည္နယ္တြင္းမွ လုပ္ေဆာင္ရသည့္အေရးမ်ား၊ ျပည္တြင္းအဖြဲ႕အစည္းမ်ားမွ လုပ္ ေဆာင္မည့္ အေရးမ်ားအား ပိုမိုအားေကာင္းေစရန္ ကူညီပံ့ပိုးမႈအပိုင္းအား အထူးေဆာင္႐ြက္သင့္ပါသည္။

ကိုးကား။
-ခ်င္းအမ်ိဳးသားညီလာခံ(၂၀၁၃)မွတ္တမ္းမ်ား
-ခ်င္းအမ်ိဳးသားဒိုင္ယာေလာခ္(၂၀၁၇)မွတ္တမ္း
-ခ်င္း႐ွာေလာမ္ေဆြးေႏြးပြဲ(၂၀၁၉)မွတ္တမ္းမ်ား
-CNACC မွတ္တမ္းမ်ား
Ro Sang
28/4/2020

 

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: