စားသောက်ဆိုင်ပိုင်ရှင်များ Covid-19 ကာကွယ်ရေးအတွက် မဖြစ်မနေ ပြင်ဆင်လုပ်ဆောင်ရမယ့် အချက် (၁၅) ချက်

🔘 မြန်မာနိုင်ငံမှာ စားသောက်ဆိုင်တွေကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစပြီး ပြန်လည် ဖွင့်ခွင့်ပေးထားပေမဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်မှု မရှိ၍ အများပြည်သူကျန်းမာရေးအား ထိခိုက်စေနိုင်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူနိုင်ပါတယ်။

🔘 စားသောက်ဆိုင်ပိုင်ရှင်များ အနေဖြင့် ဆိုင်များ ဖွင့်လှစ်လိုပါက မဖြစ်မနေပြင်ဆင် လုပ်ဆောင်ရမယ့် အချက် (၁၅) ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတာဖြစ်ပါတယ်။

🦠 စားသောက်ဆိုင်ပိုင်ရှင်များ တိကျစွာ လိုက်နာလုပ်ဆောင်ရန်အချက်များ 🦠

🔘 ဆိုင်သို့လာသူတိုင်းကို ဆိုင်အဝင်တွင် ကိုယ်အပူချိန်တိုင်းရန်နှင့် လက်ဆေးရန်။

🔘 စားသုံးသူများ ထိုင်မည့်နေရာသည် အလုံပိတ်ခန်းမဖြစ်ရဘဲ လေဝင်လေထွက်ကောင်းရမည်ဖြစ်ပြီး ပြတင်းပေါက်များ ဖွင့်ထားရမည်။

🔘 တစ်ဦးချင်းစီ သို့မဟုတ် အတူလာ (၅) ယောက်ထက်မပိုသော အစုအဖွဲ့ တစ်ခုချင်းစီ သီးခြားစားသုံးနိုင်သည့် နေရာများ စီစဉ်ထားပြီး စားပွဲဝိုင်း တစ်ခုနှင့် တစ်ခုကြားတွင် အကာအရံကန့်ထားပေးရမည်။

🔘 စားပွဲဝိုင်းများ တစ်ခုနှင့်တစ်ခု (၆) ပေခြားထားပြီး အကာအရံများ ကန့်ထားပေးရမည်။

🔘 ကိုယ်တိုင်ယူစနစ်ဖြင့် ရောင်းချသောအစားအစာများဖြစ်ပါက ဆိုင်ဝန်ထမ်းကသာ ဝန်ဆောင်မှုပေးရမည်။

🔘 ပန်းကန်၊ ဇွန်းများအား တစ်ခါသုံး (သို့မဟုတ်) ပိုးသတ်ထားသည်များကိုသာ သုံးရမည်။

🔘 အစားအသောက်စာရင်းကို ချိတ်ဆွဲထားခြင်း (သို့မဟုတ်) စားပွဲမှန်အောက်၌ ထားပေးရမည်။

🔘 COVID 19 ကာကွယ်ရေးနှင့်ပတ်သက်သော ကျန်းမာရေးအသိပညာပေးများကို ပိုစတာများ၊ ဗီနိုင်းများဖြင့် လူများမြင်သာစေရန် ချိတ်ဆွဲထားရမည်။

🔘 ငွေရှင်းကောင်တာရှေ့တွင် မှန်ကာထားရမည်။

🔘 ဆိုင်အတွင်း အယ်လ်ကိုဟော (၆၀) ရာခိုင်နှုန်းအထက်ပါသည့် လက်သန့်ဆေးရည်များ၊ ဆပ်ပြာနှင့် လက်ဆေးရန်နေရာများ စီစဉ်ပေးထားရမည်။

🔘 စားသုံးသူများအတွက် ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာကာများကို ဆိုင်အတွင်းမဝင်မီ တပ်ဆင်နိုင်ရန် မှန်ကန်သောဈေးနှုန်းဖြင့် ရောင်းပေးရမည်။

🔘 စားပွဲ မျက်နှာပြင်များ၊ ကုလားထိုင်များ၊ ကောင်တာများ၊ တံခါးလက်ကိုင်များကို (၇၀) ရာခိုင်နှုန်း အယ်လ်ကိုဟောဖြင့် မကြာခဏ သန့်ရှင်းရေးလုပ်ရမည်။

🔘 ဆိုင်အတွင်း သန့်ရှင်းရေးတာဝန်လုပ်ဆောင်သည့် ဝန်ထမ်း သီးခြားထားပြီး အစားအသောက်ဝန်ဆောင်မှုပေးသူများ၊ စားပွဲထိုးများကို လုပ်ဆောင်စေခြင်းမပြုရ။

🔘 သန့်စင်ခန်းများကို မကြာခဏ သန့်ရှင်းရေးဆောင်ရွက်ရမည်။

🔘 ဆိုင်ဝန်ထမ်းများအားလုံး တစ်ကိုယ်ရေသန့်ရှင်းရေး (လက်မကြာခဏဆေးကြောရန်၊ လက်အိတ်တပ်ထားသော်လည်း ဟိုကိုင် ဒီကိုင်မလုပ်ရန်) ပညာပေးရေးနှင့် လိုက်နာဆောင်ရွက်မှုရှိစေရန် ကြပ်မတ်ရမည်။

ကမ္ဘာတစ်လွှား COVID 19 ကူးစက်ခံရသူအရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့အထိ (၁၆၅) သိန်းကျော်ရှိနေပြီး (၆) သိန်းကျော် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

Link: https://www.tachileik.net/2020/07/PSAJuly01.html

~~~~~~~~⊰❂ Zawgyi Version ❂⊱~~~~~~~~

🔘 စားသောက်ဆိုင်ပိုင်ရှင်များ Covid-19 ကာကွယ်ရေးအတွက် မဖြစ်မနေ ပြင်ဆင်လုပ်ဆောင်ရမယ့် အချက် (၁၅) ချက်

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: