May 1, 2025

ထန်တလန်-ဟားခါးလမ်းမကြီး၌ ယစ်မျိုးလိုင်စင်မဲ့အရက်ဘီယာ ကာလတန်ဖိုးသိန်း (၇၀)ကျော်ဖမ်းစီး

0
Tita Zu Tlaihmi

Hakha Palek nih Zu Tlaihmi Photo_ Hakha Palek Sakhanhmu

ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးခင်ကျော်၏လမ်းညွှန်မှုဖြင့်ဟားခါးမြို့ပေါ်ရပ်ကွက်များအတွင်း တရားမ၀င်ယစ်မျိုးလုပ်ငန်းပပျောက်စေရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဟားခါးမြို့၊မြို့သစ်ရပ်ကွက် ထန်တလန်နှင့် ဟားခါးလမ်းမကြီး သီတာနှင့် သီးမြစ်စခန်းတွင် ယစ်မျိုးလိုင်စင်မဲ့အရက်ဘီယာ ရောင်းချနေသူများအား ဟားခါးမြို့မ စခန်းမှူး ဒုရဲမှူးသိန်းဇော်ဦး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီက စားသောက်ဆိုင်နှင့်နေအိမ်များအတွင်း အရက်ဘီယာရောင်းချနေမှုများကို ရှာဖွေဖမ်းစီးခြင်းလုပ်ငန်းများဆောင်ရွက်ကာ ကာလတန်ဖိုး သိန်း (၇၀)ကျော်ဖိုး ဖမ်းစီးခဲ့ကြသည်။

Hakha Palek Zu Tlaihmi

၂၀၁၉ခုနှစ်၊ မေလ ၁၆ တွင်လည်း အလားတူဖြစ်စဉ်များရှိခဲ့၍ အသိပေးရှင်းလင်းခြင်းနှင့် သတိပေးခြင်းပြုလုပ်ကာ ဒဏ်ငွေအဖြစ် တစ်သိန်းစီပေးဆောင်ခိုင်းသော်လည်း ယခုလို ထပ်မံရောင်းချနေရသဖြင့် ချင်းဝိသေသတိုင်းအက်ဥပဒေပုဒ်မ−၃၇အရ ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်တစ်သိန်း နှစ်ခုစလုံးဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဟားခါးမြို့မ စခန်းမှူး ဒုရဲမှူးသိန်းဇော်ဦး က The Chinland Post ကို ပြောသည်။

အဆိုပါ ယစ်မျိုးလိုင်စင်မဲ့ အရက်ဘီယာရောင်းချသူ ဦးချန်ဟဲရ် “ရွှေလီစားသောက်ဆိုင်’’၊ ဒေါ်ငွန်ချင်း၊ ဦးသန်းအေး၊ ဒေါ်ဒါရ်ကီးနှင့် ဦးရွှေနော်လ်ထန်(၅)ဦးတို့၏ စားသောက်ဆိုင်နှင့်နေအိမ်များအတွင်း လိုင်စင်မဲ့ ဘီယာဘူးတိုမျိုးစုံ(၁၄၅၆)၊ဘီယာဘူးရှည်မျိုးစုံ(၆၆၅)ဘူး၊ဘီယာပုလင်းမျိုးစုံ (၅၉၇)ပုလင်း၊ အရက်ပုလင်း မျိုးစုံ(၃၁၅)လုံး၊အရက်ပုလင်းပြားမျိုးစုံနှင့်အရက်ဘူး(၅၃၉)ပြား၊ စုစုပေါင်းတန်ဘိုး ၇၄၇၃၀၀၀ (ခုနှစ်ဆယ့်လေးသိန်းခုနှစ်သောင်းသုံးထောင်)တန်ဘိုးရှိ အရက်ဘီယာများ ဖမ်းစီးခဲ့ပြီး တရားမ၀င် အရက်ဘီယာ ရောင်းချ သူများအာားးခါးမြို့မရဲစခန်းမှ(ပ)အမှတ်(၃၀၈)၊(ပ)အမှတ်(၃၀၉)၊ (ပ)အမှတ် (၃၁၀)၊ (ပ)အမှတ်(၃၁၁)၊ (ပ)အမှတ်(၃၁၂) ချင်းဝိသေသတိုင်းအက်ဥပဒေပုဒ်မ−၃၇အရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

The Chinland Post + ခရိုင်(ပြန်/ဆက်)

Leave a Reply

Your email address will not be published. Required fields are marked *