နာဂလဲန်းနပန်းပြိုင်ပွဲတွင် ချင်းကိုယ်စားလှယ် ၄ဦး သွားရောက်ယှဉ်ပြိုင်မည်

0

Tawk Tling Thang| 2019 February 6|နာဂလဲန်းနပန်းအဖွဲ့ (The Naga Wrestling Association) က ကျင်းပပြုလုပ်မယ့် (၁၂)နှစ်မြောက် Open Naga Wrestlingကို လာမယ့် မတ်လ (၇)ရက်နေ့၊ အိန္ဒိယနိုင်ငံ၊ နာဂလဲန်းပြည်နယ်၏ မြို့တော် ကိုဟီမအာ (Kohima)မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ချင်းကိုယ်စားလှယ် (၄)ဦး သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့လက်ရှိ ချင်းနပန်းချန်ပီယံ Ruang Lian Ceu အပါအ၀င် Denmark နိုင်ငံ၌ နေထိုင်တဲ့ ချင်းနပန်းသမား Lian Pum၊ ဟားခါးမှာနေထိုင်တဲ့ နပန်းသမား နှစ်ယောက် Mang Hnin Thang နှင့် Hrang Tin Thangတို့ အားလုံး (၄)ဦး သွားရောက်ယှဉ်ပြိုင်မည်။ သူတို့(၄)ဦးအပြင် အမေရိကန်နိုင်ငံမှ ကျနော်၊ သင်းအုပ်ဆရာတော် Tin Za Peng, ဟားခါးမြို့မှ ဦး Bual Kungနှင့် ဦး Chan Bik Lian တို့လည်းပါမယ်။ မောင် Lian Pumက Denmark နိုင်ငံမှဟားခါးမြို့အထိလာပြီးတော့ ဟားခါးအဖွဲ့နှင့် အတူတူသွားမယ်။ သူတို့သည် ဟားခါး-ကလေး-တမူးအထိလာပြီး တမူးမှာ နာဂလဲန်းနပန်းအဖွဲ့ကလာကြိုမယ်။ ကျနော်တို့ (၃)ယောက်ကတော့ အမေရိကန်နိုင်ငံကနေ အိန္ဒိယနိုင်ငံအထိ တိုက်ရိုက်သွားမည်။ Denmark နိုင်ငံမှ Lian Pum သည် တစ်ကယ်လာနိုင်မလားဆိုတာ မသေချာသေးဘူးကြောင်း” အမေရိကန်နိုင်ငံမှာ အခြေစိုက်တဲ့ World Paih Championship (World Wrestling Championship) ဥက္ကဌ ဦးAung Cung က The Chinland Post သတင်းဌာနတွင်ပြောသည်။

Open Naga Wrestling ဆုငွေများသည် ပထမဆုငွေ – ရူပီ ၂သိန်း (၂၀၀၀၀၀)၊ ဒုတိယဆုငွေ -ရူပီ ၁သိန်းခွဲ (၁၅၀၀၀၀)၊ တတိယဆုငွေ- ရူပီ ၁သိန်း (၁၀၀၀၀၀) ဆုချီးမြှင့်မည်။

လက်ရှိနာဂလဲန်း နပန်းချန်ပံ Venuzu အလေးချိန်သည် ၂၂၀ ပေါင် နှင့် အရက် ၆ပေ၊ ၂လက်မမြင့်သည်။ ချင်းကိုယ်စားလှယ်မှ လက်ရှိ World Champion Rung Lian Ceu သည် ကိုယ်အလေးချိန် ၂၁၆ ပေါင်နှင့် အရက် ၅ပေ၊ ၈လက်မမြင့်သည်။

World Champion Rung Lian Ceu သည် ပြည်တွင်းပြည်ပ ချင်းနပန်းပြိုင်ပွဲတွင် (၁၁)ကြိမ်ယှဉ်ပြိုင်ပြီး (၉)ကြိမ် ချန်ပံဆုရရှိသူ တစ်ယောက်ဖြစ်ပါသည်။

“လာမယ့် နာဂလဲန်းနပန်းပြိုင်ပွဲတွင် Rung Lian Ceu သည် ၁၀၀ မှာ အနည်းဆုံး ၇၀% ၇ာခိုင်းနှုန်းတော့ နိုင်မယ့်လို့ယုံကြည်မျှော်လင့်ကြောင်း” World Paih Championship ဥက္ကဌ ဦး Ang Cung က The Chinland Post သတင်းဌာနသို့ မှတ်ချက်ပေးခဲ့သည်။

အိန္ဒိယနိုင်ငံ၊ နာဂလဲန်းမှာ Naga Wrestling Association ဦးဆောင်မှုဖြင့် ရိုးရာနပန်းပြိုင်ပွဲကို တစ်နှစ်တစ်ကြီမ် ကျင်းပလေ့ရှိပြီး ယခုနှစ် မတ်လ (၇)ရက်နေ့တွင် (၂၇) နှစ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: