June 24, 2025

ပထမဆံုး ခ်င္းအမ်ိဳးသားေန႔ဘယ္မွာက်င္းပၾကသလဲ

51064700_183593969274100_9213378472590704640_n

The Chinland Post| 2019 February 15| “ခ်င္းအမ်ဳိးသားမ်ား ပညာျမွင့္တင္ေရးအဖြဲ႔” ကို ၁၉၁၈ ေဖေဖာ္၀ါရီ ၂၀ တြင္ စတင္ဖြဲ႔စည္းခဲ့ႀကသည္။

၁၉၂၈ ေဖေဖာ္၀ါရီ ၂၀ တြင္ “ခ်င္းေတာင္ညီညြတ္ေရးအဖြဲ႔” ကုိ ေခတ္ပညာတတ္ မ်ဳိးခ်စ္ဦးဝမ္သူးေမာင္းက ေခတ္ပညာအေျခခံရွိေသာ ခ်င္းအမ်ဳိးသားလူငယ္မ်ားအား စည္းရုံးကာ ခ်င္းအမ်ဳိးသားမ်ား၏ ပထမဆုံးႏုိင္ငံေရးအဖြဲ႔ စတင္ဖြဲ႔စည္းခဲ့သည္။

အဂၤလိပ္အစိုးရက ၁၉၃၈ ေဖေဖာ္၀ါရီ ၂၀ ရက္ေန႔တြင္ကန္ပက္လက္၌ ေတြ႔ဆုံေဆြးေႏြးရန္ ခ်င္းအမ်ဳိးသားမ်ား ညီညြတ္ေရး အဖြဲ႔သုိ ့အေႀကာင္းႀကာစာပုိ႔ခဲ့သည္။

၁၉၄၈ ေဖေဖာ္၀ါရီ ၁၉ မွ ၂၂ ရက္ေန႔အထိ ခ်င္း၀ိေသသလုံးဆုိင္ရာ ညီလာခံ က်င္းပသည္။ ထုိညီလာခံတြင္ တီးတိန္ျမ့ိဳမွ ဦးေထာင္ဇကုိင္းအဆုိတင္သြင္းရာ သဘာပတိ ဦး၀မ္သူးေမာင္းမွ မဲခဲြဆုံးျဖတ္ရာ ေထာက္ခံသူ ငါးေထာင္ေက်ာ္ခန္႔ရွိ၍ ကန္႔ကြက္သူ၁၇ ေယာက္သာ ရွိသျဖင့္ ယင္းအဆုိကုိ အတည္ျပဳခဲ့သည္။

၁၉၅၀ ေအာက္တုိဘာ ၉ ရက္ေန႔တြင္ “ခ်င္းအမ်ဳိးသားေန႔ သတ္မွတ္ေရး” အစည္းအေ၀းကုိ က်င္းပခဲ့သည္။ ယင္းအစည္းအေ၀းမွ နယ္ခ့ဲ်ေတာ္လွန္ေရး သမုိင္းစဥ္တေလွ်ာက္ ထူးျခားတုိက္ဆုိင္မႈ အႀကိမ္ႀကိမ္ရွိခဲ့သည့္ ေဖေဖာ္၀ါရီ ၂၀ ရက္ေန႔အား ခ်င္းအမ်ဳိးသားေန႔အျဖစ္ ေရြးခ်ယ္သတ္မွတ္ရန္ တညီတညြတ္တည္း ဆုံးျဖတ္ခဲ့ႀကသည္။

ထုိအစည္းအေ၀း ဆုံးျဖတ္ခ်က္အတုိင္း ပထမဆုံး ခ်င္းအမ်ဳိးသားေန႔ကုိ ၁၉၅၁ခုႏွစ္ ေဖေဖာ္၀ါရီ ၂၀ ရက္ေန႔တြင္ ေတာင္ပုိင္းခရုိင္ မင္းတပ္ၿမိဳ႕တြင္ က်င္းပရာ ႏုိင္ငံေတာ္ ၀န္ႀကီးခ်ဳပ္ဦးႏု တက္ေရာက္ခဲ့သည္။

ကိုးကားခ်က္။ Salai Thangloon

 

Unicode ျဖင့္

ပထမဆုံး ချင်းအမျိုးသားနေ့ဘယ်မှာကျင်းပကြသလဲ
The Chinland Post| 2019 February 15|
“ချင်းအမျိုးသားများ ပညာမြှင့်တင်ရေးအဖွဲ့” ကို ၁၉၁၈ ဖေဖော်ဝါရီ ၂၀ တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။ ၁၉၂၈ ဖေဖော်ဝါရီ ၂၀ တွင် “ချင်းတောင်ညီညွတ်ရေးအဖွဲ့” ကို ခေတ်ပညာတတ် မျိုးချစ်ဦးဝမ်သူးမောင်းက ခေတ်ပညာအခြေခံရှိသော ချင်းအမျိုးသားလူငယ်များအား စည်းရုံးကာ ချင်းအမျိုးသားများ၏ ပထမဆုံးနိုင်ငံရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည်။

အင်္ဂလိပ်အစိုးရက ၁၉၃၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကန်ပက်လက်၌ တွေ့ဆုံဆွေးနွေးရန် ချင်းအမျိုးသားများ ညီညွတ်ရေး အဖွဲ့သို ့အကြောင်းကြာစာပို့ခဲ့သည်။

၁၉၄၈ ဖေဖော်ဝါရီ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းဝိသေသလုံးဆိုင်ရာ ညီလာခံ ကျင်းပသည်။ ထိုညီလာခံတွင် တီးတိန်မြိ့ုမှ ဦးထောင်ဇကိုင်းအဆိုတင်သွင်းရာ သဘာပတိ ဦးဝမ်သူးမောင်းမှ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ငါးထောင်ကျော်ခန့်ရှိ၍ ကန့်ကွက်သူ၁၇ ယောက်သာ ရှိသဖြင့် ယင်းအဆိုကို အတည်ပြုခဲ့သည်။

၁၉၅၀ အောက်တိုဘာ ၉ ရက်နေ့တွင် “ချင်းအမျိုးသားနေ့ သတ်မှတ်ရေး” အစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးမှ နယ်ခဲ့ျတော်လှန်ရေး သမိုင်းစဉ်တလျှောက် ထူးခြားတိုက်ဆိုင်မှု အကြိမ်ကြိမ်ရှိခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ထိုအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ပထမဆုံး ချင်းအမျိုးသားနေ့ကို ၁၉၅၁ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တောင်ပိုင်းခရိုင် မင်းတပ်မြို့တွင် ကျင်းပရာ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု တက်ရောက်ခဲ့သည်။
ကိုးကားချက်။ Salai Thangloon

 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *