ပြည်သူများနားလည်သင့်ပြီလား? သို့မဟုတ် ကိုယ်စားလှယ်လောင်းတွေရောဘယ်အဆင့်လဲ?

0

Author - Salai Cung Lian/Personal Facebook

Salai Cung Lian Uk| Ph.D(Candidate) & Lawyer| University of Yangon| TCP-Hakha| 2020 October 30|  ပြည်သူများ နားလည်သင့်ပြီမလား? သို့မဟုတ် ကိုယ်စားလှယ်လောင်းတွေရော့ ဘယ်အဆင့်လဲ? (Unicode & Zawgyi)

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ မိတ်ဆက်ခြင်း
နိုင်ငံတိုင်းမှာ အခြေခံဥပဒေ သို့မဟုတ် အခြေခံဥပဒေကဲ့သို့ တည်ဆဲဥပဒေ၊ စီရင်ထုံး၊ ဆုံးဖြတ်ချက်၊ အဆိုအမိန့်စသဖြင့် ရှိကြတယ်။ တချို့နိုင်ငံတွေ မှာဆိုရင် အခြေခံဥပဒေဟု ခေါ်ဆိုကြတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ယခုကျင့်သုံးနေတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက နိုင်ငံတော်ကို ဘယ်လိုဘယ်ပုံနဲ့သွားမလဲ… မဏ္ဍိုင်(၃)ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို သီးခြားထားရှိပြီး အပြန်အလှန်ဘယ်လိုထိန်းကျောင်းမလဲ…. အာဏာ(၃)ရပ်ကို ဘယ်လိုခွဲဝေကျင့်သုံးမလဲ.. ဥပမာ-တိုင်း/ပြည်နယ်တွေကို အာဏာကို ဘယ်လိုခွဲဝေမလဲ.. ဘယ်လောက်ကို လုပ်ပိုင်ခွင့်အာဏာပေးထားမလဲ.. ရွေးကောက်ပွဲကို ဘယ်ပုံဘယ်နည်းနဲ့ကျင်းပမလဲ. .စတာတွေကို အခြေခံအားဖြင့် ဖော်ပြသတ်မှတ်ပေးထားတာဖြစ်တယ်။

ယခုမြန်မာနိုင်ငံမှာဆိုလျှင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း (၅)နှစ် တစ်ကြိမ်ကျင်းပလျက်ရှိသော အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ(၈)၊ ၂၀၂၀ခုနှစ်(တနင်္ဂနွေနေ့)မှာ နိုင်ငံတဝှမ်းလုံး တပြိုင်နက် ကျင်းပရန် ကော်မရှင်က ထုတ်ပြန်ပြီးဖြစ်ပါတယ်။

၂။ ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း
အထွေထွေရွေးကောက်ပွဲမှ အနိုင်ရရှိလာတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ကနေတဆင့် နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရမယ်ဖြစ် တယ်။ ပြည်ထောင်စုအစိုးရဆိုတဲ့အခါ နိုင်ငံတော်သမ္မတဦးဆောင်သော အဖွဲ့ကို ဆိုလိုတာဖြစ်တယ်။ နိုင်ငံတော်သမ္မတက သူ့အစိုးရအဖွဲ့ (ပြည်ထောင်စုအစိုးရ)ကို ဖွဲ့စည်းရမှာဖြစ်တယ်။ ပြည်ထောင်စုအစိုးရမှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်တာဖြစ်တယ် (ပုဒ်မ-၂၀၀-ဖွဲ့စည်းပုံ)။ သူ့အစိုးရအဖွဲ့(ပြည်ထောင်စုအစိုးရ)ကို ဖွဲ့စည်းတဲ့အခါမှာလည်း သူလိုချင်တဲ့ပုဂ္ဂိုလ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်ဖြစ်စေ ဥပဒေက သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ပြည့်စုံလျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရမယ်ဖြစ်တယ်။ ကာကွယ်ရေး၊ နယ်စပ်ရေး၊ ပြည်ထဲရေးဝန်ကြီးများမပါ။

၃။ ဥပဒေပြုခွင့်ရှိစာရင်း(ဇယားများ)

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဇယား(၅)ခုရှိတဲ့အနက် (၃)ခုဟာ လုပ်ပိုင်ခွင့်အာဏာနဲ့ သက်ဆိုင်ခြင်းဖြစ်တယ်။ ဇယား(၁)မှာဆိုရင် ပြည်ထောင်စုက ဥပဒေပြုခွင့်ရှိသော ကိစ္စရပ်များ၊ ဇယား(၂)မှာက တိုင်းဒေသကြီးနှင့် ပြည်နယ်က ဥပဒေပြုခွင့်ရှိသော ကိစ္စရပ်များ၊ ဇယား(၃)မှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့မဟုတ်)ဒေသဦးစီးအဖွဲ့က ဥပဒေပြုခွင့်ရှိသော ကိစ္စရပ်များ စသည့်ဖြင့် ဖော်ပြပေးထားတယ်။

ပြည်ထောင်စုအဆင့်(အုပ်ချုပ်ရေးဖြစ်စေ၊ လွှတ်တော်ဖြစ်စေ၊ တရားရေးဖြစ်စေ)က စီမံဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်တွေဟာ ပြည်ထောင်စုဥပဒေပြုစာရင်း(ဇယား-၁)မှာ ဖော်ပြသတ်မှတ်ပေးတာဖြစ်တယ်။ အဲ့ဒီမှာ ကဏ္ဍကြီး(၁၁)ရပ်ရှိတဲ့အနက် လုံးဝကို ပြည်ထောင်စုအဆင့်မှာသာ အပ်နှင်းပေးထားတာက ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍနှင့် တရားရေးကဏ္ဍများ (Union Defense and Security Sector, Foreign Affairs Sector and Judicial Affairs Sector) ဖြစ်တယ်။ ကျန်တဲ့ ကဏ္ဍ(၈)ရပ်တွေက ပြည်ထောင်စုက ပြဌာန်းတဲ့ဥပဒေ သို့မဟုတ် ပြည်ထောင်စုအဆင့်က စီမံဆောင်ရွက်ရမည်ဟု ဖော်ပြသတ်မှတ်ပေးထားခြင်းများမှအပ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်း (ဇယား-၂)မှာ ပြန်လည်ဖော်ပြပေးထားတာဖြစ်တယ်။

တိုင်းဒေသကြီး/ပြည်နယ်က စိမံဆောင်ရွက်ခွင့်ရတဲ့ကိစ္စရပ်များဟာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေပြု စာရင်း(ဇယား-၂)မှာ ကဏ္ဍပေါင်း(၈)ရပ်နဲ့ ဖော်ပြထားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၏ စီမံအုပ်ချုပ် ခွင့်ရကိစ္စရပ်နဲ့ပတ်သက်တော့ ဇယား(၃)မှာ ဖော်ပြထားပါ။ အသေးစိတ်တော့ မဖော်ပြတော့ပါဘူး။

၄။ တိုင်း/ပြည်နယ်အစိုးရနှင့် ၎င်းတို့လုပ်ပိုင်ခွင့်အာဏာ

နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထဲက သတ်မှတ်ထားသော အရည်အချင်းနဲ့ ပြည့်စုံသူတစ်ဦးအား ဝန်ကြီးချုပ်အဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်ထံ သဘောတူညီချက်ရယူရန် တင်သွင်းရမယ်(ပုဒ်မ-၂၆၁-ခ(၂)၊ဖွဲ့စည်းပုံ)။ သူဟာ သတ်မှတ်အရည်ချင်းနဲ့ ပြည့်စုံရင် လွှတ်တော်က ကန့်ကွက်ခွင့်မရှိပါ။ အကယ်လို့ လွှတ်တော်က ခိုင်လုံတဲ့အထောက်အထားနဲ့ ကန့်ကွက် နိုင်ရင်လည်း နိုင်ငံတော်သမ္မတဟာ မရရအောင် ထပ်မံတင်သွင်းခွင့်ရှိပြန်တယ်။ ဆိုတော့ နိုင်ငံတော်သမ္မတဟာ သူလိုချင်တဲ့ ပုဂ္ဂိုလ်ကို သက်ဆိုင်ရာဝန်ကြီးချုပ်အဖြစ် ခန့်ကို ခန့်ရမယ့် တာဝန်ရှိနေတယ်။

အဲ့လိုပဲ ဝန်ကြီးချုပ်ကလည်း သူ့အစိုးရအဖွဲ့(တိုင်း/ပြည်နယ်အစိုးရအဖွဲ့)ကို သင့်လျော်သောပုဂ္ဂိုလ်များနဲ့ တိုင်း/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်ဖြစ်စေ ရွေးချယ်ရတယ်။ ပြီးရင် ဝန်ကြီးချုပ်ရွေးချယ်ထားတဲ့ စာရင်း(ဝန်ကြီးများစာရင်း)ကို သက်ဆိုင်ရာလွှတ်တော်ထံ သဘောတူညီချက်ရယူဖို့ တင်သွင်းရမည်။ လွှတ်တော်ကလည်း သတ်မှတ်တဲ့အရည်းချင်းနဲ့ပြည်စုံရင် ငြင်းပယ်ခွင့်မရှိဘူး(ပုဒ်မ-၂၆၂-ဂ)၊ဖွဲ့စည်းပုံ။ ငြင်းပယ်ရန် အကြောင်းရှိရင်လည်း ဝန်ကြီးချုပ်က ထပ်မံတင်သွင်းခွင့်ရှိတယ်။ ပြီးမှ နိုင်ငံတော် သမ္မတထံ တင်ပြအကြောင်းကြားရတယ်။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် ဇယား(၂)ရဲ့ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်က ဥပဒေပြုခွင့်ရှိသော ကိစ္စရပ်များနှင့် ပြည်ထောင်စုဥပဒေတစ်ရပ်ရပ်က တိုင်းဒေသကြီး/ ပြည်နယ်အစိုးရကို စီမံဆောင်ရွက်ခွင့်ပေးသောကိစ္စရပ်များ စသည်တို့ကိုပေးထားတယ်(ပုဒ်မ-၂၄၉၊ဖွဲ့စည်းပုံ)။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်သော မူဝါဒများနဲ့ဖြစ်စေ၊ ပြည်ထောင်စု ဥပဒေတစ်ရပ်ရပ်နဲ့ဖြစ်စေ မဆန့်ကျင်စေဘဲ မိမိတိုင်းဒေသကြီး/ပြည်နယ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနဲ့ပတ်သက်ပြီး စီမံကိန်းများကို မိမိလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လို့ရတယ်။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရသည် ၎င်းဝန်ကြီးများ၏ လက်အောက်ရှိ အစိုးရဌာနများ၊ အဖွဲ့ အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖြစ်စေ၊ တည်ဆဲဥပဒေနဲ့အညီဖြစ်စေ စီမံခန့်ခွဲခြင်း၊ လမ်းညွန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းများ ပြုနိုင်တယ်(ပုဒ်မ-၃၁၊ တိုင်း/ပြည်နယ်အစိုးရ ဥပဒေ)။ ပြီးတော့ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် ပြည်ထောင်စုအစိုးရက ပေါင်းစပ်ညှိုနှိုင်းပေးခြင်းကို လက်ခံလိုက်နာရမယ်(ပုဒ်မ-၃၀၊ တိုင်း/ပြည်နယ်အစိုးရ ဥပဒေ)။

အုပ်ချုပ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရမှာသာ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပြီး ၎င်းဆုံးဖြတ်ချက်သာ အတည်ဖြစ်ရမယ်လို့ ဖော်ပြထားတယ်(ပုဒ်မ-၃၂၊ တိုင်း/ပြည်နယ်အစိုးရ ဥပဒေ)။ အဲ့ဒီလိုပဲ ဥပဒေပြုမဏ္ဍိုင်မှာလည်း တိုင်း/ပြည်နယ်လွှတ်တော်က ပြုထားသော ဥပဒေနှင့် ပြည်ထောင်စုက ပြုထားသော ဥပဒေအကြား ကွဲလွဲမှုရှိပါက ပြည်ထောင်စုဥပဒေကသာ အတည်ဖြစ်ရမယ်ဟု ဖော်ထားတယ်။

တိုင်း/ပြည်နယ်အစိုးရက တိုင်း/ပြည်နယ်လွှတ်တော်ရဲ့ချမှတ်ထားသော အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရမည့်အပြင် လွှတ်တော်ထံကိုလည်း ပြန်တင်ပြရမည်။ မိမိနယ်မြေ ဒေသ၏အခြေနေနှင့်ပတ်သက်၍ အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ထံသို့ တင်ပြရမည်ဟု ဖော်ပြထားတယ်။

၅။ ပြည်ထောင်စုအစိုးရနှင့် တိုင်း/ပြည်နယ်အစိုးရ၏ဆက်နွယ်မှု

ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုဆိုင်ရာအခွင့်အာဏာဟာ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များဖြစ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ-၂၁၆မှာ ဖော်ပြထားပြီးဖြစ်တယ်။ ပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးများသည် ယင်းတို့၏ လက်အောက်ရှိအစိုးရဌာနများ၊ အဖွဲ့အစည်းများက လုပ်ငန်းတာတာဝန်များ ဆောင်ရွက်ကြရာတွင် ဥပဒေနဲ့အညီ စီမံခန့်ခွဲခြင်း၊ လမ်းညွန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်ဟု ပြည်ထောင်စုအစိုးရဥပဒေ၊ ပုဒ်မ-၅၄မှာ ဖော်ပြထားတယ်။ နိုင်ငံတော်သမ္မတရဲ့ သီးသန့် လုပ်ပိုင်ခွင့်အာဏာကို မဖော်ပြတော့ပါဘူး။

ဆိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများအခန်းကဏ္ဍကိုကြည့်ရအောင်…ဝန်ကြီးဌာနပေါင်း (၂၀)ကျော်ရှိတယ်။ ဝန်ကြီးဌာနတစ်ချင်းစီမှာ အဆင့်ဆင့်သောဌာများ- တိုင်း/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စသဖြင့် ဌာနဖွဲ့စည်းပုံဆိုတာရှိကြသလို ဌာနတွင်း စည်းမျဉ်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်၊ လုပ်ထုံးလုပ်နည်း စတာတွေရှိတယ်။ အဲ့ဒီမှာ လုပ်ငန်းစီမံကိန်းတစ်ခုကို ဆောင်ရွက်တဲ့အခါ အနိမ့်ဆုံးအဆင့်ကနေ အထက်ကို တင်ပြပြီး..အထက်ကအတည်ပြုပေးကာ အကောင်အထည်ဖော်ဆောင်ရွက် တာရှိသလို….အထက်က အောက်အဆင့်(အဆင့်နိမ့်)သို့ ညွှန်ကြားပြီး ဆောင်ရွက်ခိုင်းတာလည်းရှိတယ်။

ဝန်ကြီးဌာနတိုင်းမှာ ယင်းတို့စီမံခန့်ခွဲတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် စတာတွေရှိတယ်။ တိုင်း/ပြည်နယ်အစိုးရကိုလေ့လာကြည့် မယ်ဆိုရင် တဆင့်ခံဝန်ကြီးဌာနတွေပဲ ဖြစ်တယ်။ အဲ့တော့ တိုင်း/ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်ကို နှိုင်းယှဉ်လေ့လာ ကြည့်မယ်ဆိုရင်…. ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနရဲ့ စီမံဆောင်ရွက်မှုသာ အတည်ဖြစ်တာများတယ်။ အဲ့ဒီမှာ တိုင်း/ပြည်နယ် အစိုးရရဲ့ စီမံဆောင်ရွက်မှုဟာ ဥပဒေနှင့်ညီရင်..မရဘူလား…မေးစရာရှိတယ်…ဟုတ်တယ်.. မှန်ပါတယ်.. သို့သော် လက်တွေ့မှာ ဥပဒေ၊ နည်းဥပဒေတွေရဲ့ အနှစ်သာရ၊ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် စတာတွေဟာ… ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သို့မဟုတ် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးမှာပဲ လုပ်ပိုင်ခွင့်အာဏာ ရှိတာဖြစ်တော့… ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနရဲ့ စီမံဆုံးဖြတ်ချက်ကိုသာ မျက်နှာသာ အနိုင်ပေးတာများ တယ်။ ဥပဒေအရ ကြည့်မယ်ဆိုရင် “ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ စိစစ်ခြင်း” ဟု ပုဒ်မ-၃၂၂(ဂ)မှာ ဖော်ပြထားတယ်။ အဲ့လိုပဲ ပုဒ်မ-၃၂၂(င)မှာလည်း “တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်နှင့်စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း” စသဖြင့် အခွင့်အာဏာကို ဖွဲ့စည်းပုံခုံရုံးမှာ အပ်နှင်းတာဖြစ်တယ်။ ပြီးတော့ ၎င်း၏ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်ရမယ်ဟုလည်း ဖော်ပြထားတယ်…ဆိုတော့.. ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို ကြည့်ရင်… နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးတာဖြစ်ပြီး.. နိုင်ငံတော်သမ္မတဆိုသူကလည်း ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဖြစ်တယ်။

၆။ နိုင်ငံရေးပါတီနှင့် အစိုးရ

မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံဖြစ်ကာ.. ပါတီတိုင်းမှာ ၎င်းတို့ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်း၊ မူဝါဒသဘောထား၊ ရည်ရွယ်ချက် စတာတွေရှိစမြဲပါ။ ဆိုတော့ အစိုးရဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပါတီနဲ့ လုံးဝသက်ဆိုင်တယ်ဆိုတာ အားလုံးအသိပင်ဖြစ်တယ်။

အခုမြန်မာနိုင်ငံဟာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နှစ်ကြီမ်တိုင်တိုင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပပြီးဖြစ်တယ်… ၂၀၁၀ခုနှစ်မှာ USDP ပါတီက အများဆုံးနိုင်တဲ့အတွက် အစိုးရဖွဲ့နိုင်ခဲ့တယ်.. ၂၀၁၅ခုနှစ်မှာ NLD ပါတီက အများဆုံးအနိုင်ရရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တာ်မှာ သမ္မတကို တင်မြှောက်ပြီး သူက အစိုးရဖွဲ့နိုင်ခဲ့တယ်… အစိုးရဖွဲ့စည်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတဖြစ်တာကို အားလုံးအသိပင်ဖြစ်တယ်။ နိုင်ငံတော်သမ္မတကိုလည်း အနိုင်ရပါတီက လွှတ်တော်မှတဆင့် ရွေးချယ် တင်မြှောက်မှာဖြစ်တယ်။

တိုင်း/ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်အာဏာဟာ ဇယား(၂)မှာ ဖော်ပြထားပြီးဖြစ်တယ်..သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်း/ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်(ဇယား-၂)ကို ပြည်ထောင်စုက လုံးဝစွက်ဖက်ခြင်းမပြုရ ဆိုတဲ့ ကန့်သတ်ထားတဲ့ပြဌာန်းချက်မပါရှိခဲ့ပါ။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဇယား-၁,၂,၃ မှာ ဖော်ပြ မထားသောကိစ္စရပ်တွေ ကြွင်းကျန်အာဏာ(Residual power)ဟာ ပြည်ထောင်စုမှာပဲ လုပ်ပိုင်ခွင့်ရှိတယ်လို့ ထပ်ပြီးအပ်နှင်းပြန်တယ်။ ဆိုလိုတာက တိုင်း/ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြည်ထောင်စုက အချိန်မရွေး ဝင်ရောက်စွက်ဖက်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်သွားတယ်။ ဆိုတော့ တိုင်း/ပြည်နယ်တစ်ခုမှာ ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်သောပါတီ မဟုတ်ဘဲ အခြားပါတီက အစိုးရဆိုရင် လုပ်ငန်းဆောင်ရွက်တဲ့အခါ ပူးပေါင်းမှုအားနည်းနိုင်တယ်။ တိုင်း/ပြည်နယ်လွှတ်တော်အတွင်းမှာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကန့်လန့်ကာ တိုက်မှုများနဲ့ ပြည်သူတွေကို အကျိုးမပေးနိုင်ဘဲ သက်တမ်းကုန်သွားမိမယ်လို့ ကျွန်တော်ယူဆမိပါတယ်။

၇။ တိုင်း/ပြည်နယ်အစိုးရနှင့် ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်

ဒီတစ်ချက်က ကျွန်တော့်အနေနဲ့ အရေးကြီးတယ်လို့မြင်တယ်… ဘာဖြစ်လိုလဲဆိုရင်.. တိုင်း/ပြည်နယ် အစိုးရမှာ ဘယ်ပါတီက အစိုးရဖွဲ့ဖွဲ့ အဲ့ဒီအစိုးရ (ဝန်ကြီးများ)ရဲ့စွမ်းဆောင်ရည်မရှိရင်…. ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး… ဝန်ကြီးတစ်ဦးဟာ မိမိဒေသအခြေနေ၊ လုပ်ငန်းတာဝန်များနဲ့သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်းကြားချက်၊ လုပ်ထုတ်လုပ်နည်းတွေကို နားလည်သဘောပေါက်ဖို့ လိုတယ်.. သိဖို့လည်းလိုတယ်။ အဲ့လိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်းကြားချက်၊ လုပ်ထုတ်လုပ်နည်းတွေကို နားလည်သဘောပေါက်ဖို့ လိုတယ်.. သိဖို့လည်းလိုတယ်.. နိုင်ငံရေးသမားမှန်ရင် ဥပဒေထဲက လုပ်ပိုင်ခွင့်အာဏာတွေကို ရှာတတ်ဖို့လိုတယ်။ ပြည်သူအသံကိုလည်း နားထောင်ရမယ်… လေးစားရမယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ တိုင်း/ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ ပုဒ်မ-၁၀ မှာ လုပ်ပိုင်ခွင့်တွေ ပေးထားပြီးဖြစ်တယ်.. ဆိုတော့ တချို့ကိစ္စတွေမှာ ဝန်ကြီးဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ ပါတီအပေါ် အခြေမခံဘဲ ပုဂ္ဂိုလ်၏စွမ်းရည်(personal ability) အပေါ်မှာ အရမ်းကိုမူတည်တယ်လို့ ထင်မိပါတယ်။ နောက်တစ်ခုက စိတ်ရင်းစေတနာ… ဘယ်ဝန်ကြီး/ကိုယ်စားလှယ် ပဲဖြစ်ဖြစ်… ဘယ်လောက်ပဲ တော်တော်.. သိသိ.. စိတ်ရင်းစေတနာမရှိရင် ပြည်သူတွေကို ကောင်းကျိုးမပေးနိုင်ပါဘူးလို့ သုံးသပ်မိပါတယ်။

စာရေးသူ၏ သဘောထားများသာဖြစ်ပြီး ချင်းလဲန်းပို့စ်၏ အာဘော်မဟုတ်ကြောင်းအသိပေးတင်ပြအပ်ပါသည်။ အယ်ဒီတာအဖွဲ့

Zawygi

ျပည္သူမ်ား နားလည္သင့္ၿပီမလား? သို႔မဟုတ္ ကိုယ္စားလွယ္ေလာင္းေတြေရာ့ ဘယ္အဆင့္လဲ?

၁။ ဖြဲ႕စည္းပုံအေျခခံဥပေဒ မိတ္ဆက္ျခင္း
ႏိုင္ငံတိုင္းမွာ အေျခခံဥပေဒ သို႔မဟုတ္ အေျခခံဥပေဒကဲ့သို႔ တည္ဆဲဥပေဒ၊ စီရင္ထုံး၊ ဆုံးျဖတ္ခ်က္၊ အဆိုအမိန႔္စသျဖင့္ ရွိၾကတယ္။ တခ်ိဳ႕ႏိုင္ငံေတြ မွာဆိုရင္ အေျခခံဥပေဒဟု ေခၚဆိုၾကတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ယခုက်င့္သုံးေနတဲ့ ၂၀၀၈ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒရွိတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာက ႏိုင္ငံေတာ္ကို ဘယ္လိုဘယ္ပုံနဲ႔သြားမလဲ… မ႑ိဳင္(၃)ရပ္ျဖစ္တဲ့ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးတို႔ကို သီးျခားထားရွိၿပီး အျပန္အလွန္ဘယ္လိုထိန္းေက်ာင္းမလဲ…. အာဏာ(၃)ရပ္ကို ဘယ္လိုခြဲေဝက်င့္သုံးမလဲ.. ဥပမာ-တိုင္း/ျပည္နယ္ေတြကို အာဏာကို ဘယ္လိုခြဲေဝမလဲ.. ဘယ္ေလာက္ကို လုပ္ပိုင္ခြင့္အာဏာေပးထားမလဲ.. ေ႐ြးေကာက္ပြဲကို ဘယ္ပုံဘယ္နည္းနဲ႔က်င္းပမလဲ. .စတာေတြကို အေျခခံအားျဖင့္ ေဖာ္ျပသတ္မွတ္ေပးထားတာျဖစ္တယ္။

ယခုျမန္မာႏိုင္ငံမွာဆိုလွ်င္ ၂၀၀၈ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ သတ္မွတ္ထားတဲ့အတိုင္း (၅)ႏွစ္ တစ္ႀကိမ္က်င္းပလ်က္ရွိေသာ အေထြေထြေ႐ြးေကာက္ပြဲႀကီးကို ႏိုဝင္ဘာလ(၈)၊ ၂၀၂၀ခုႏွစ္(တနဂၤေႏြေန႔)မွာ ႏိုင္ငံတဝွမ္းလုံး တၿပိဳင္နက္ က်င္းပရန္ ေကာ္မရွင္က ထုတ္ျပန္ၿပီးျဖစ္ပါတယ္။

၂။ ျပည္ေထာင္စုအစိုးရဖြဲ႕စည္းျခင္း
အေထြေထြေ႐ြးေကာက္ပြဲမွ အႏိုင္ရရွိလာတဲ့ ကိုယ္စားလွယ္ေတြက လႊတ္ေတာ္ကေနတဆင့္ ႏိုင္ငံေတာ္သမၼတကို ေ႐ြးခ်ယ္တင္ေျမႇာက္ရမယ္ျဖစ္ တယ္။ ျပည္ေထာင္စုအစိုးရဆိုတဲ့အခါ ႏိုင္ငံေတာ္သမၼတဦးေဆာင္ေသာ အဖြဲ႕ကို ဆိုလိုတာျဖစ္တယ္။ ႏိုင္ငံေတာ္သမၼတက သူ႔အစိုးရအဖြဲ႕ (ျပည္ေထာင္စုအစိုးရ)ကို ဖြဲ႕စည္းရမွာျဖစ္တယ္။ ျပည္ေထာင္စုအစိုးရမွာ ႏိုင္ငံေတာ္သမၼတ၊ ဒုသမၼတမ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ားနဲ႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္တို႔ ပါဝင္တာျဖစ္တယ္ (ပုဒ္မ-၂၀၀-ဖြဲ႕စည္းပုံ)။ သူ႔အစိုးရအဖြဲ႕(ျပည္ေထာင္စုအစိုးရ)ကို ဖြဲ႕စည္းတဲ့အခါမွာလည္း သူလိုခ်င္တဲ့ပုဂၢိဳလ္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ေစ၊ ျပင္ပပုဂၢိဳလ္ျဖစ္ေစ ဥပေဒက သတ္မွတ္ထားတဲ့အရည္အခ်င္းနဲ႔ ျပည့္စုံလွ်င္ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန႔္အပ္ရမယ္ျဖစ္တယ္။ ကာကြယ္ေရး၊ နယ္စပ္ေရး၊ ျပည္ထဲေရးဝန္ႀကီးမ်ားမပါ။

၃။ ဥပေဒျပဳခြင့္ရွိစာရင္း(ဇယားမ်ား)

၂၀၀၈ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ဇယား(၅)ခုရွိတဲ့အနက္ (၃)ခုဟာ လုပ္ပိုင္ခြင့္အာဏာနဲ႔ သက္ဆိုင္ျခင္းျဖစ္တယ္။ ဇယား(၁)မွာဆိုရင္ ျပည္ေထာင္စုက ဥပေဒျပဳခြင့္ရွိေသာ ကိစၥရပ္မ်ား၊ ဇယား(၂)မွာက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္က ဥပေဒျပဳခြင့္ရွိေသာ ကိစၥရပ္မ်ား၊ ဇယား(၃)မွာလည္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း(သို႔မဟုတ္)ေဒသဦးစီးအဖြဲ႕က ဥပေဒျပဳခြင့္ရွိေသာ ကိစၥရပ္မ်ား စသည့္ျဖင့္ ေဖာ္ျပေပးထားတယ္။

ျပည္ေထာင္စုအဆင့္(အုပ္ခ်ဳပ္ေရးျဖစ္ေစ၊ လႊတ္ေတာ္ျဖစ္ေစ၊ တရားေရးျဖစ္ေစ)က စီမံေဆာင္႐ြက္ခြင့္ရွိေသာ ကိစၥရပ္ေတြဟာ ျပည္ေထာင္စုဥပေဒျပဳစာရင္း(ဇယား-၁)မွာ ေဖာ္ျပသတ္မွတ္ေပးတာျဖစ္တယ္။ အဲ့ဒီမွာ က႑ႀကီး(၁၁)ရပ္ရွိတဲ့အနက္ လုံးဝကို ျပည္ေထာင္စုအဆင့္မွာသာ အပ္ႏွင္းေပးထားတာက ကာကြယ္ေရးႏွင့္လုံၿခဳံေရးက႑၊ ႏိုင္ငံျခားေရးက႑ႏွင့္ တရားေရးက႑မ်ား (Union Defense and Security Sector, Foreign Affairs Sector and Judicial Affairs Sector) ျဖစ္တယ္။ က်န္တဲ့ က႑(၈)ရပ္ေတြက ျပည္ေထာင္စုက ျပဌာန္းတဲ့ဥပေဒ သို႔မဟုတ္ ျပည္ေထာင္စုအဆင့္က စီမံေဆာင္႐ြက္ရမည္ဟု ေဖာ္ျပသတ္မွတ္ေပးထားျခင္းမ်ားမွအပ တိုင္းေဒသႀကီး/ျပည္နယ္ ဥပေဒျပဳစာရင္း (ဇယား-၂)မွာ ျပန္လည္ေဖာ္ျပေပးထားတာျဖစ္တယ္။

တိုင္းေဒသႀကီး/ျပည္နယ္က စိမံေဆာင္႐ြက္ခြင့္ရတဲ့ကိစၥရပ္မ်ားဟာ တိုင္းေဒသႀကီး/ျပည္နယ္ဥပေဒျပဳ စာရင္း(ဇယား-၂)မွာ က႑ေပါင္း(၈)ရပ္နဲ႔ ေဖာ္ျပထားတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း/ေဒသ၏ စီမံအုပ္ခ်ဳပ္ ခြင့္ရကိစၥရပ္နဲ႔ပတ္သက္ေတာ့ ဇယား(၃)မွာ ေဖာ္ျပထားပါ။ အေသးစိတ္ေတာ့ မေဖာ္ျပေတာ့ပါဘူး။

၄။ တိုင္း/ျပည္နယ္အစိုးရႏွင့္ ၎တို႔လုပ္ပိုင္ခြင့္အာဏာ

ႏိုင္ငံေတာ္သမၼတက တိုင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ထဲက သတ္မွတ္ထားေသာ အရည္အခ်င္းနဲ႔ ျပည့္စုံသူတစ္ဦးအား ဝန္ႀကီးခ်ဳပ္အျဖစ္ သက္ဆိုင္ရာတိုင္းေဒသႀကီး /ျပည္နယ္လႊတ္ေတာ္ထံ သေဘာတူညီခ်က္ရယူရန္ တင္သြင္းရမယ္(ပုဒ္မ-၂၆၁-ခ(၂)၊ဖြဲ႕စည္းပုံ)။ သူဟာ သတ္မွတ္အရည္ခ်င္းနဲ႔ ျပည့္စုံရင္ လႊတ္ေတာ္က ကန႔္ကြက္ခြင့္မရွိပါ။ အကယ္လို႔ လႊတ္ေတာ္က ခိုင္လုံတဲ့အေထာက္အထားနဲ႔ ကန႔္ကြက္ ႏိုင္ရင္လည္း ႏိုင္ငံေတာ္သမၼတဟာ မရရေအာင္ ထပ္မံတင္သြင္းခြင့္ရွိျပန္တယ္။ ဆိုေတာ့ ႏိုင္ငံေတာ္သမၼတဟာ သူလိုခ်င္တဲ့ ပုဂၢိဳလ္ကို သက္ဆိုင္ရာဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္ကို ခန႔္ရမယ့္ တာဝန္ရွိေနတယ္။

အဲ့လိုပဲ ဝန္ႀကီးခ်ဳပ္ကလည္း သူ႔အစိုးရအဖြဲ႕(တိုင္း/ျပည္နယ္အစိုးရအဖြဲ႕)ကို သင့္ေလ်ာ္ေသာပုဂၢိဳလ္မ်ားနဲ႔ တိုင္း/ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထဲကျဖစ္ေစ၊ ျပင္ပပုဂၢိဳလ္ျဖစ္ေစ ေ႐ြးခ်ယ္ရတယ္။ ၿပီးရင္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ထားတဲ့ စာရင္း(ဝန္ႀကီးမ်ားစာရင္း)ကို သက္ဆိုင္ရာလႊတ္ေတာ္ထံ သေဘာတူညီခ်က္ရယူဖို႔ တင္သြင္းရမည္။ လႊတ္ေတာ္ကလည္း သတ္မွတ္တဲ့အရည္းခ်င္းနဲ႔ျပည္စုံရင္ ျငင္းပယ္ခြင့္မရွိဘူး(ပုဒ္မ-၂၆၂-ဂ)၊ဖြဲ႕စည္းပုံ။ ျငင္းပယ္ရန္ အေၾကာင္းရွိရင္လည္း ဝန္ႀကီးခ်ဳပ္က ထပ္မံတင္သြင္းခြင့္ရွိတယ္။ ၿပီးမွ ႏိုင္ငံေတာ္ သမၼတထံ တင္ျပအေၾကာင္းၾကားရတယ္။

တိုင္းေဒသႀကီး/ျပည္နယ္အစိုးရ၏ အုပ္ခ်ဳပ္မႈအာဏာသည္ ဇယား(၂)ရဲ႕ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္က ဥပေဒျပဳခြင့္ရွိေသာ ကိစၥရပ္မ်ားႏွင့္ ျပည္ေထာင္စုဥပေဒတစ္ရပ္ရပ္က တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရကို စီမံေဆာင္႐ြက္ခြင့္ေပးေသာကိစၥရပ္မ်ား စသည္တို႔ကိုေပးထားတယ္(ပုဒ္မ-၂၄၉၊ဖြဲ႕စည္းပုံ)။ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရသည္ ျပည္ေထာင္စုအစိုးရက ခ်မွတ္ေသာ မူဝါဒမ်ားနဲ႔ျဖစ္ေစ၊ ျပည္ေထာင္စု ဥပေဒတစ္ရပ္ရပ္နဲ႔ျဖစ္ေစ မဆန႔္က်င္ေစဘဲ မိမိတိုင္းေဒသႀကီး/ျပည္နယ္အတြင္း ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားနဲ႔ပတ္သက္ၿပီး စီမံကိန္းမ်ားကို မိမိလႊတ္ေတာ္၏ သေဘာတူညီခ်က္ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လို႔ရတယ္။

တိုင္းေဒသႀကီး/ျပည္နယ္အစိုးရသည္ ၎ဝန္ႀကီးမ်ား၏ လက္ေအာက္ရွိ အစိုးရဌာနမ်ား၊ အဖြဲ႕ အစည္းမ်ား၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီျဖစ္ေစ၊ တည္ဆဲဥပေဒနဲ႔အညီျဖစ္ေစ စီမံခန႔္ခြဲျခင္း၊ လမ္းၫြန္ျခင္း၊ ႀကီးၾကပ္ျခင္း၊ စစ္ေဆးျခင္းမ်ား ျပဳႏိုင္တယ္(ပုဒ္မ-၃၁၊ တိုင္း/ျပည္နယ္အစိုးရ ဥပေဒ)။ ၿပီးေတာ့ မိမိတို႔ေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ားကို ထိေရာက္စြာ အေကာင္အထည္ ေဖာ္ႏိုင္ရန္ ျပည္ေထာင္စုအစိုးရက ေပါင္းစပ္ညႇိဳႏႈိင္းေပးျခင္းကို လက္ခံလိုက္နာရမယ္(ပုဒ္မ-၃၀၊ တိုင္း/ျပည္နယ္အစိုးရ ဥပေဒ)။

အုပ္ခ်ဳပ္မႈဆိုင္ရာ အျငင္းပြားမႈမ်ားႏွင့္ပတ္သက္၍ ျပည္ေထာင္စုအစိုးရမွာသာ လုပ္ပိုင္ခြင့္အာဏာ အပ္ႏွင္းထားၿပီး ၎ဆုံးျဖတ္ခ်က္သာ အတည္ျဖစ္ရမယ္လို႔ ေဖာ္ျပထားတယ္(ပုဒ္မ-၃၂၊ တိုင္း/ျပည္နယ္အစိုးရ ဥပေဒ)။ အဲ့ဒီလိုပဲ ဥပေဒျပဳမ႑ိဳင္မွာလည္း တိုင္း/ျပည္နယ္လႊတ္ေတာ္က ျပဳထားေသာ ဥပေဒႏွင့္ ျပည္ေထာင္စုက ျပဳထားေသာ ဥပေဒအၾကား ကြဲလြဲမႈရွိပါက ျပည္ေထာင္စုဥပေဒကသာ အတည္ျဖစ္ရမယ္ဟု ေဖာ္ထားတယ္။

တိုင္း/ျပည္နယ္အစိုးရက တိုင္း/ျပည္နယ္လႊတ္ေတာ္ရဲ႕ခ်မွတ္ထားေသာ အုပ္ခ်ဳပ္ေရးဆိုင္ရာ ဆုံးျဖတ္ခ်က္ကို အေကာင္အထည္ေဖာ္ရမည့္အျပင္ လႊတ္ေတာ္ထံကိုလည္း ျပန္တင္ျပရမည္။ မိမိနယ္ေျမ ေဒသ၏အေျခေနႏွင့္ပတ္သက္၍ အစီရင္ခံစာကို ျပည္ေထာင္စုအစိုးရႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္ထံသို႔ တင္ျပရမည္ဟု ေဖာ္ျပထားတယ္။

၅။ ျပည္ေထာင္စုအစိုးရႏွင့္ တိုင္း/ျပည္နယ္အစိုးရ၏ဆက္ႏြယ္မႈ

ျပည္ေထာင္စုအစိုးရ၏ အုပ္ခ်ဳပ္မႈဆိုင္ရာအခြင့္အာဏာဟာ ျပည္ေထာင္စုလႊတ္ေတာ္က ဥပေဒျပဳႏိုင္ေသာ ကိစၥရပ္မ်ားျဖစ္ရမည္ဟု ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ပုဒ္မ-၂၁၆မွာ ေဖာ္ျပထားၿပီးျဖစ္တယ္။ ၿပီးေတာ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ ဝန္ႀကီးမ်ားသည္ ယင္းတို႔၏ လက္ေအာက္ရွိအစိုးရဌာနမ်ား၊ အဖြဲ႕အစည္းမ်ားက လုပ္ငန္းတာတာဝန္မ်ား ေဆာင္႐ြက္ၾကရာတြင္ ဥပေဒနဲ႔အညီ စီမံခန႔္ခြဲျခင္း၊ လမ္းၫြန္ျခင္း၊ ႀကီးၾကပ္ျခင္း၊ စစ္ေဆးျခင္းမ်ား ျပဳလုပ္ႏိုင္သည္ဟု ျပည္ေထာင္စုအစိုးရဥပေဒ၊ ပုဒ္မ-၅၄မွာ ေဖာ္ျပထားတယ္။ ႏိုင္ငံေတာ္သမၼတရဲ႕ သီးသန႔္ လုပ္ပိုင္ခြင့္အာဏာကို မေဖာ္ျပေတာ့ပါဘူး။

ဆိုေတာ့ ျပည္ေထာင္စုအစိုးရအဖြဲ႕ ဝန္ႀကီးဌာနမ်ားအခန္းက႑ကိုၾကည့္ရေအာင္…ဝန္ႀကီးဌာနေပါင္း (၂၀)ေက်ာ္ရွိတယ္။ ဝန္ႀကီးဌာနတစ္ခ်င္းစီမွာ အဆင့္ဆင့္ေသာဌာမ်ား- တိုင္း/ျပည္နယ္အဆင့္၊ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ စသျဖင့္ ဌာနဖြဲ႕စည္းပုံဆိုတာရွိၾကသလို ဌာနတြင္း စည္းမ်ဥ္းဥပေဒ၊ ၫႊန္ၾကားခ်က္၊ အမိန႔္၊ လုပ္ထုံးလုပ္နည္း စတာေတြရွိတယ္။ အဲ့ဒီမွာ လုပ္ငန္းစီမံကိန္းတစ္ခုကို ေဆာင္႐ြက္တဲ့အခါ အနိမ့္ဆုံးအဆင့္ကေန အထက္ကို တင္ျပၿပီး..အထက္ကအတည္ျပဳေပးကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ တာရွိသလို….အထက္က ေအာက္အဆင့္(အဆင့္နိမ့္)သို႔ ၫႊန္ၾကားၿပီး ေဆာင္႐ြက္ခိုင္းတာလည္းရွိတယ္။

ဝန္ႀကီးဌာနတိုင္းမွာ ယင္းတို႔စီမံခန႔္ခြဲတဲ့ ဥပေဒ၊ နည္းဥပေဒ၊ အမိန႔္၊ ၫႊန္ၾကားခ်က္ စတာေတြရွိတယ္။ တိုင္း/ျပည္နယ္အစိုးရကိုေလ့လာၾကည့္ မယ္ဆိုရင္ တဆင့္ခံဝန္ႀကီးဌာနေတြပဲ ျဖစ္တယ္။ အဲ့ေတာ့ တိုင္း/ျပည္နယ္အစိုးရရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ျပည္ေထာင္စုအစိုးရရဲ႕ ၫႊန္ၾကားခ်က္ကို ႏႈိင္းယွဥ္ေလ့လာ ၾကည့္မယ္ဆိုရင္…. ျပည္ေထာင္စုအဆင့္ ဝန္ႀကီးဌာနရဲ႕ စီမံေဆာင္႐ြက္မႈသာ အတည္ျဖစ္တာမ်ားတယ္။ အဲ့ဒီမွာ တိုင္း/ျပည္နယ္ အစိုးရရဲ႕ စီမံေဆာင္႐ြက္မႈဟာ ဥပေဒႏွင့္ညီရင္..မရဘူလား…ေမးစရာရွိတယ္…ဟုတ္တယ္.. မွန္ပါတယ္.. သို႔ေသာ္ လက္ေတြ႕မွာ ဥပေဒ၊ နည္းဥပေဒေတြရဲ႕ အႏွစ္သာရ၊ အနက္အဓိပၸါယ္ဖြင့္ဆိုခ်က္ စတာေတြဟာ… ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္း သို႔မဟုတ္ ဖြဲ႕စည္းပုံဆိုင္ရာခုံ႐ုံးမွာပဲ လုပ္ပိုင္ခြင့္အာဏာ ရွိတာျဖစ္ေတာ့… ျပည္ေထာင္စုအဆင့္ဝန္ႀကီးဌာနရဲ႕ စီမံဆုံးျဖတ္ခ်က္ကိုသာ မ်က္ႏွာသာ အႏိုင္ေပးတာမ်ား တယ္။ ဥပေဒအရ ၾကည့္မယ္ဆိုရင္ “ျပည္ေထာင္စု၊ တိုင္းေဒသႀကီးမ်ား၊ ျပည္နယ္မ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရစီရင္စုမ်ား၏ အုပ္ခ်ဳပ္မႈဆိုင္ရာအာဏာပိုင္မ်ား၏ ေဆာင္႐ြက္ခ်က္မ်ားသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ညီၫြတ္ျခင္း ရွိမရွိ စိစစ္ျခင္း” ဟု ပုဒ္မ-၃၂၂(ဂ)မွာ ေဖာ္ျပထားတယ္။ အဲ့လိုပဲ ပုဒ္မ-၃၂၂(င)မွာလည္း “တိုင္းေဒသႀကီး၊ ျပည္နယ္ သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရစီရင္စုတို႔က ျပည္ေထာင္စုဥပေဒကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ ျပည္ေထာင္စုႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရစီရင္စုတို႔၏ အခြင့္အေရးႏွင့္ တာဝန္ႏွင့္စပ္လ်ဥ္း၍ ေပၚေပါက္သည့္ အျငင္းပြားမႈမ်ားကို ဆုံးျဖတ္ျခင္း” စသျဖင့္ အခြင့္အာဏာကို ဖြဲ႕စည္းပုံခုံ႐ုံးမွာ အပ္ႏွင္းတာျဖစ္တယ္။ ၿပီးေတာ့ ၎၏ဆုံးျဖတ္ခ်က္ဟာ အၿပီးသတ္ျဖစ္ရမယ္ဟုလည္း ေဖာ္ျပထားတယ္…ဆိုေတာ့.. ဖြဲ႕စည္းပုံဆိုင္ရာခုံ႐ုံးကို ၾကည့္ရင္… ႏိုင္ငံေတာ္သမၼတက ခန႔္အပ္တာဝန္ေပးတာျဖစ္ၿပီး.. ႏိုင္ငံေတာ္သမၼတဆိုသူကလည္း ျပည္ေထာင္စု အစိုးရအဖြဲ႕ဝင္ျဖစ္တယ္။

၆။ ႏိုင္ငံေရးပါတီႏွင့္ အစိုးရ

ျမန္မာႏိုင္ငံဟာ ပါတီစုံဒီမိုကေရစီစနစ္ က်င့္သုံးတဲ့ႏိုင္ငံျဖစ္ကာ.. ပါတီတိုင္းမွာ ၎တို႔ရဲ႕ဖြဲ႕စည္းပုံ စည္းမ်ဥ္း၊ မူဝါဒသေဘာထား၊ ရည္႐ြယ္ခ်က္ စတာေတြရွိစၿမဲပါ။ ဆိုေတာ့ အစိုးရဖြဲ႕စည္းျခင္းႏွင့္ ပတ္သက္၍ ပါတီနဲ႔ လုံးဝသက္ဆိုင္တယ္ဆိုတာ အားလုံးအသိပင္ျဖစ္တယ္။

အခုျမန္မာႏိုင္ငံဟာ ၂၀၀၈ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ႏွစ္ႀကီမ္တိုင္တိုင္ အေထြေထြေ႐ြးေကာက္ပြဲ ျပဳလုပ္က်င္းပၿပီးျဖစ္တယ္… ၂၀၁၀ခုႏွစ္မွာ USDP ပါတီက အမ်ားဆုံးႏိုင္တဲ့အတြက္ အစိုးရဖြဲ႕ႏိုင္ခဲ့တယ္.. ၂၀၁၅ခုႏွစ္မွာ NLD ပါတီက အမ်ားဆုံးအႏိုင္ရရွိတဲ့အတြက္ ျပည္ေထာင္စုလႊတ္တာ္မွာ သမၼတကို တင္ေျမႇာက္ၿပီး သူက အစိုးရဖြဲ႕ႏိုင္ခဲ့တယ္… အစိုးရဖြဲ႕စည္းႏိုင္တဲ့ပုဂၢိဳလ္ဟာ ႏိုင္ငံေတာ္သမၼတျဖစ္တာကို အားလုံးအသိပင္ျဖစ္တယ္။ ႏိုင္ငံေတာ္သမၼတကိုလည္း အႏိုင္ရပါတီက လႊတ္ေတာ္မွတဆင့္ ေ႐ြးခ်ယ္ တင္ေျမႇာက္မွာျဖစ္တယ္။

တိုင္း/ျပည္နယ္အစိုးရနဲ႔ လုပ္ပိုင္ခြင့္အာဏာဟာ ဇယား(၂)မွာ ေဖာ္ျပထားၿပီးျဖစ္တယ္..သို႔ေသာ္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ တိုင္း/ျပည္နယ္ရဲ႕လုပ္ပိုင္ခြင့္(ဇယား-၂)ကို ျပည္ေထာင္စုက လုံးဝစြက္ဖက္ျခင္းမျပဳရ ဆိုတဲ့ ကန႔္သတ္ထားတဲ့ျပဌာန္းခ်က္မပါရွိခဲ့ပါ။ ဒါ့အျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ဇယား-၁,၂,၃ မွာ ေဖာ္ျပ မထားေသာကိစၥရပ္ေတြ ႂကြင္းက်န္အာဏာ(Residual power)ဟာ ျပည္ေထာင္စုမွာပဲ လုပ္ပိုင္ခြင့္ရွိတယ္လို႔ ထပ္ၿပီးအပ္ႏွင္းျပန္တယ္။ ဆိုလိုတာက တိုင္း/ျပည္နယ္အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ ျပည္ေထာင္စုက အခ်ိန္မေ႐ြး ဝင္ေရာက္စြက္ဖက္ႏိုင္တယ္ဆိုတဲ့ သေဘာသက္ေရာက္သြားတယ္။ ဆိုေတာ့ တိုင္း/ျပည္နယ္တစ္ခုမွာ ျပည္ေထာင္စုအစိုးရဖြဲ႕စည္းႏိုင္ေသာပါတီ မဟုတ္ဘဲ အျခားပါတီက အစိုးရဆိုရင္ လုပ္ငန္းေဆာင္႐ြက္တဲ့အခါ ပူးေပါင္းမႈအားနည္းႏိုင္တယ္။ တိုင္း/ျပည္နယ္လႊတ္ေတာ္အတြင္းမွာလည္း တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ကန႔္လန႔္ကာ တိုက္မႈမ်ားနဲ႔ ျပည္သူေတြကို အက်ိဳးမေပးႏိုင္ဘဲ သက္တမ္းကုန္သြားမိမယ္လို႔ ကြၽန္ေတာ္ယူဆမိပါတယ္။

၇။ တိုင္း/ျပည္နယ္အစိုးရႏွင့္ ကိုယ္စားလွယ္မ်ား၏ စြမ္းေဆာင္ရည္

ဒီတစ္ခ်က္က ကြၽန္ေတာ့္အေနနဲ႔ အေရးႀကီးတယ္လို႔ျမင္တယ္… ဘာျဖစ္လိုလဲဆိုရင္.. တိုင္း/ျပည္နယ္ အစိုးရမွာ ဘယ္ပါတီက အစိုးရဖြဲ႕ဖြဲ႕ အဲ့ဒီအစိုးရ (ဝန္ႀကီးမ်ား)ရဲ႕စြမ္းေဆာင္ရည္မရွိရင္…. ဘာမွလုပ္ႏိုင္မွာ မဟုတ္ဘူး… ဝန္ႀကီးတစ္ဦးဟာ မိမိေဒသအေျခေန၊ လုပ္ငန္းတာဝန္မ်ားနဲ႔သက္ဆိုင္ေသာ ဥပေဒ၊ နည္းဥပေဒ၊ အမိန႔္၊ ၫႊန္းၾကားခ်က္၊ လုပ္ထုတ္လုပ္နည္းေတြကို နားလည္သေဘာေပါက္ဖို႔ လိုတယ္.. သိဖို႔လည္းလိုတယ္။ အဲ့လိုပဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း ဥပေဒ၊ နည္းဥပေဒ၊ အမိန႔္၊ ၫႊန္းၾကားခ်က္၊ လုပ္ထုတ္လုပ္နည္းေတြကို နားလည္သေဘာေပါက္ဖို႔ လိုတယ္.. သိဖို႔လည္းလိုတယ္.. ႏိုင္ငံေရးသမားမွန္ရင္ ဥပေဒထဲက လုပ္ပိုင္ခြင့္အာဏာေတြကို ရွာတတ္ဖို႔လိုတယ္။ ျပည္သူအသံကိုလည္း နားေထာင္ရမယ္… ေလးစားရမယ္။ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးဟာ တိုင္း/ျပည္နယ္လႊတ္ေတာ္ဆိုင္ရာဥပေဒ၊ ပုဒ္မ-၁၀ မွာ လုပ္ပိုင္ခြင့္ေတြ ေပးထားၿပီးျဖစ္တယ္.. ဆိုေတာ့ တခ်ိဳ႕ကိစၥေတြမွာ ဝန္ႀကီးျဖစ္ေစ၊ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ေစ ပါတီအေပၚ အေျခမခံဘဲ ပုဂၢိဳလ္၏စြမ္းရည္(personal ability) အေပၚမွာ အရမ္းကိုမူတည္တယ္လို႔ ထင္မိပါတယ္။ ေနာက္တစ္ခုက စိတ္ရင္းေစတနာ… ဘယ္ဝန္ႀကီး/ကိုယ္စားလွယ္ ပဲျဖစ္ျဖစ္… ဘယ္ေလာက္ပဲ ေတာ္ေတာ္.. သိသိ.. စိတ္ရင္းေစတနာမရွိရင္ ျပည္သူေတြကို ေကာင္းက်ိဳးမေပးႏိုင္ပါဘူးလို႔ သုံးသပ္မိပါတယ္။

စာေရးသူ၏ သေဘာထားမ်ားသာျဖစ္ၿပီး ခ်င္းလဲန္းပို႔စ္၏ အာေဘာ္မဟုတ္ေၾကာင္းအသိေပးတင္ျပအပ္ပါသည္။ အယ္ဒီတာအဖြဲ႕

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: