ရဲနွင့္ခုိက္ရန္ျဖစ္ပြားမႈျဖင့္ မတူပီလူငယ္ (၆)ဦး ေထာင္ဒဏ္ (၄)နွစ္ေက်ာ္ ျပစ္ဒဏ္ခ်မွတ္မႈလ်ာ့ေပါ့ရန္ ဆႏၵျပ ေတာင္းဆုိ

0

(၇၁)ၾကိမ္ေျမာက္ခ်င္းအမ်ဳိးသားေန႔၊ မတူပီျမိဳ႕/ Matupi IPRD fb

Salai Josephbawi| The Chinland Post| 2019 November 7| ခ်င္းျပည္နယ္မတူပီျမိဳ႕၊ ဗုိလ္တုိက္ခြ်န္းအား ကစားကြင္းအတြင္း၂၀၁၉ ခုနွစ္၊ ေဖေဖာ္၀ါရီလ(၂၀) (၇၁)ၾကိမ္ေျမာက္ခ်င္းအမ်ုဳိးသားေန႔ညေဖ်ာ္ေျဖမႈတြင္ ရဲတပ္ဖြဲ႔နွင့္ မတူပီလူငယ္တစ္ခ်ဳိ႕ခုိက္ရန္ျဖစ္ပြားျပီး ပါ၀င္ပါသက္သူဟုဖမ္းဆီးခံရသူ လူငယ္(၆)ဦး (၄)နွစ္ေက်ာ္ေထာင္ဒဏ္က်ခံရသည့္အေပၚ ျပစ္ဒဏ္ေလ်ာ့ခ်ျပင္ဆင္ေပးႏိုင္ရန္ ရည္ရြယ္၍ ၂၀၁၉ခုနွစ္၊ ေအာက္တုိဘာလ (၂၉)ရက္ေန႔ ၉း၃၀တြင္ ဆလုိင္းထန္းကီးဦးေဆာင္သည့္ေဒသခံျပည္သူ႔ (၃၀၀) ဦးခန္႔က ရွစ္လမ္းဆံုမွ ဗိုလ္တိုက္ခၽြန္းအားကစားကြင္းအထိ ၿငိမ္းခ်မ္းစြားစုေ၀းျခင္းႏွင့္ စီတန္းလွည့္လည္ျခင္းေဆာင္ ရြက္ခဲ့ၾကေၾကာင္းသိရသည္။

( Please see Unicode below)

အဓိကေတာင္းဆုိခ်က္မွာအခင္းျဖစ္ေနရာသို႔ လံုး၀မေရာက္ဘဲ ျပစ္ဒဏ္က်ခံရသူအား အျမန္လႊတ္ေပးပါ၊ တကၠသိုလ္ဘြဲ႔ရသည္အထိ ပညာသင္ၾကားႏိုင္ေရးကို ကူညီေပးပါ၊ ေက်ာင္းသားေလးမ်ား၏ ပညာေရးကို ၿပီးဆံုးေအာင္သင္ယူႏိုင္ေရးအတြက္ ေထာက္ထားငဲ့ညွာေပးပါ၊ မိဘကိုေစာင့္ေရွာက္ေနသူသားျဖစ္သူအတြက္ ျပစ္ဒဏ္စီရင္ခ်က္အား ျပင္ဆင္ေပးပါ၊ လူငယ္တို႔ရဲ႕ အနာဂတ္ဘ၀ ေျဖာင့္ျဖဴးေရးကို လူႀကီးမင္းမ်ား စဥ္းစားေပးပါ” စသည့္ ေဆာင္ပုဒ္မ်ား ကိုင္ေဆာင္ကာ စီတန္းလွည့္လည္ရျခင္း၊ ဆုေတာင္းေမတၱာပို႔ျခင္း၊ ရည္ရြယ္ခ်က္မ်ားကို ဦးေဆာင္သူမ်ားမွ ေျပာၾကားျခင္းမ်ားျပဳလုပ္သည္။

ေဒသခံတစ္ဦးက အခင္းျဖစ္ပြားျခင္းနွင့္ပတ္သက္ျပီး စင္နားကအရက္မူးျပီး ကေနေသာလူငယ္တဦးကုိ ရဲတပ္ဖြဲ႔တစ္ခ်ဳိ႕မွ အၾကမ္းနည္းျဖင့္ ထိန္းသိမ္းရာကေန လူအုပ္စုဖြဲ႔ကာ ရံုးရင္းဆန္ခတ္ခုိက္ရန္ျဖစ္ပြားကာ လူငယ္ေတြရဲ႕ လက္ခ်က္ေၾကာင့္ ကား(၂)စီး ရဲတပ္ဖြဲ႔ကား ေရွ႕မွန္ကြဲ၊ အျခားကားတစ္စီးေနာက္ၾကည့္မွန္ကြဲ တာေတြျဖစ္ခဲ့ကာ ၎အခင္းျဖစ္ပြားစဥ္ပါ၀င္ပါသက္သူမ်ားနွင့္ ဆက္ႏြယ္သည့္ဟုယူဆရေသာ (၁၀)တန္း ေက်ာင္းသား (၂)ေယာက္၊ တကၠသုိလ္ေက်ာင္းသား(၂)နွင့္ လူငယ္အဖြဲ႔၀င္ (၂)ဦး စုစုေပါင္း (၆)ဦးကုိ မတူပီျမိဳ႕နယ္ရဲတပ္ဖြဲ႔ရုံးမွ အမႈဖြင့္အမႈတည္ေဆာက္ကာ ျပည္သူပုိင္ဖ်က္စီးမႈ ၆(၁)အပါအ၀င္ အမႈ(၅)ခုျဖင့္ ေထာင္ဒဏ္ (၄)နွစ္နွင့္ (၃)လျဖင့္ ၂၀၁၉ခုနွစ္၊ ေအာက္တုိဘာလ (၁၀)ရက္တြင္ အမိန္႔ခ်မွတ္သည့္အေပၚ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးရန္ ဆႏၵျပေတာင္းဆုိခဲ့ေၾကာင္းသိရသည္။

ဖမ္းဆီးခံမတူပီးလူငယ္တစ္ခ်ဳိ႕/ Matupi Time Olthang

ခ်င္​းအမ်ဳိးသား​ေန႔ညတြင္​ မတူပီလူငယ္​တစ္ခ်ဳိ႕ႏွင္​့ ျပည္​သူရဲတစ္ခ်ဳိ႕ ခုိက္ရန္​ျဖစ္​ပြားခဲ့ၿပီး ျပည္​သူ႔ရဲမ်ားမွ ၾကိမ္တုတ္နဲ႔ထု၊ ရာဘာက်ဥ္​ဆံသုံးျဖဳိခြဲၿပီး လူငယ္​တစ္ခ်ဳိ႕ဒဏ္​ရာရခဲ့ၾကတယ္။ ရဲကားႏွစ္​စီးမွာလည္​းခုိက္​ရန္​ျဖစ္​ပြား​ေနစဥ္​အတြင္​း ရဲကားမွန္​မ်ားကြဲခဲ့ရသည္​။ ပ်က္စီးခဲ့ေသာရဲကားမွန္​ကုိ ျပဳျပင္ေပးရင ခြင့္လြတ္ေပးမည့္ဟု ဆုိကာ လူငယ္မိဘမ်ားမွ ​အသစ္​ျပန္​လည္​ျပဳျပင္​​ေပးၿပီးျဖစ္​​ေသာ္​လည္​း မသၤကာသူအခ်ဳိ႕ ဆလုိင္း​ထန္​ထဲန္(၂၅နွစ္)​၊ ဆလုိင္​း ​​​ရိန္​ဆန္​းလ်န္​(၂၁နွစ္) ၊ ဆလုိင္​း အာ​ေဘာမ္(၂၃နွစ္)​၊ ဆလုိင္​း ထက္​ႏုိင္​ဦး(၁၉နွစ္)၊ ဆလုိင္​း အဗစ္​ထန္​(၂၃နွစ္) နွင့္ ​ဆလုိင္​း ​​ေဆာမ္​ထန္​္​း(၁၉နွစ္) (၆)ဦးတုိ႔ကုိ ၂၀၁၉​ေအာက္​တုိဘာလ ၁၀ရက္​ ေန႔တြင္​ ​ေထာင္​ဒဏ္​ႏွင္​့အလုပ္​ၾကမ္​း (၄)ႏွစ္​ႏွင္​့ (၃)လခ်မွတ္​သည္​့အ​ေပၚ ​ ခ်င္းလူငယ္မ်ားနွင့္ မတူပီျပည္သူမ်ားမွ​ေက်နပ္​မူမ႐ွိသည္​့အတြက္​ ျပစ္​ဒဏ္​​ေလ်ာ့​ေပါ့​ေပးႏုိင္​ရန္ မတူပီလူငယ္မ်ား​​ဦး​ေဆာင္မူျဖင္​့ ၂၀၁၉ ​ေအာက္​တုိဘာလ ၂၉ ရက္​​ေန႔တြင္​ ဆႏၵထုတ္​​ေဖာ္​ျခင္းျဖစ္တယ္လုိ႔ ခ်င္းလူငယ္အဖြဲ႔အစည္း (မတူပီ)၏ အေထြေထြအတြင္း ေရးမွဴး ဆလုိင္းထန္အုပ္က ခ်င္းလန္ေပါ့စ္သတင္းဌာနကုိေျပာပါတယ္။

အစကတည္းက မိဘေတြနဲ႔ညွိနွႈုိင္းမႈအားနည္းခဲ့တယ္။ က်ေနာ္တုိ႔ မတူပီခ်င္းလူငယ္အဖြဲ႔ဘက္ကလည္း ခ်င္းအမ်ဳိးသားေန႔ ကုိယ့္အမ်ဳိးသားေန႔မွာ အရက္ေတြမူးျပီး ခက္ရန္ျဖစ္ပြားမိတာက ဒီေလာက္္ျပသနာၾကီးက်ယ္ မျဖစ္ေလာက္ဘူး၊ ျပန္ေျပလည္သြားၾကမွာပဲဆုိျပီး ထင္ခဲ့ၾကတာ။ အကယ္ဆုိရင္ တာ၀န္က်တဲ့ရဲေတာ္ေတာ္ မ်ာမ်ားကလည္း အရက္ေတြမူးေနၾကတာ ျမင္းသူတုိင္းသိတယ္။ မိဘဘက္ကလည္း ေရွ႕ေနေတြလည္းဌားျပီး ရဲတပ္ဖြဲ႔ေတြနွင့္ လည္း အဆင္ေျပသြားမွာပါလုိ႔ေျပာလုိ႔ ဘာမွမလုပ္ခဲ့ပါဘူး။ ေထာင္က်တဲ့ လူငယ္(၆)ဦးဟာ မတူပီခ်င္းလူငယ္အဖြဲ႔ လႈပ္ရွားမႈမွာ တက္ၾကြလႈပ္ရွားသည့္ လူငယ္ေတြျဖစ္ပါတယ္။ ဒီေလာက္ၾကီး အျပစ္ေပး ရေလာက္ေအာင္ ရမ္းကားသည့္ လူေတြမဟုတ္သည့္ အတြက္ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးရန္ ေတာင္းဆုိျခင္း ျဖစ္တယ္လုိ႔ ဆက္ေျပာပါတယ္။

က်ေနာ္တုိ႔က တရားမွ်တမႈကုိ ေတာင္းဆုိတာျဖစ္ပါတယ္။ ျမန္မာနုိင္ငံ၏ တရားစီရင္ေရး မ႑ဳိင္က လူတစ္စု (သုိ႔မဟုတ္) အဖြဲ႔အစည္းတစ္ခုခု၏ ေအာက္မွာေရာက္ေနသလား။ မတူပီမွာ ဆုိင္ကယ္ဦးထုပ္မေဆာင္းဘဲ ရဲသုံးေယက္အရက္မႈးျပီးေမာင္းစီးၾကတာ ဘယ္သူဖမ္းမလဲ။ ရဲေတြအရက္မႈးျပီးလမ္းေဘးမွ ပုလင္းေတြ ရုိက္ခြဲရမ္းကားတာ ဘယ္သူဖမ္းမလဲ။ စဥ္းစားစရာျဖစ္လာတယ္။  ဒါေပမယ့္ အရက္မူးျပီးခိုက္ရန္ ျဖစ္ပြားသည့္ က်ေနာ္တုိ႔ခ်င္းလူငယ္ေတြကုိေတာ့ ၄နွစ္ေက်ာ္ေထာင္ဒဏ္က်ခံ ေစတာဟာ လူမ်ဳိးေရးအရ တရားမွ်တမႈမရွိဘဲ ခြဲျခားဆက္ဆံတယ္လုိ႔ပဲယူဆရတယ္၊ အခုေတာင္းဆုိေနတာကလည္း မတူပီလူငယ္နွင့္ အဖြဲ႔အစည္းကုိယ္စား လႈပ္ရွားေနၾကတာျဖစ္တယ္လုိ႔ ဆႏၵျပဦးေဆာင္သူလည္းျဖစ္၊ မတူပီခ်င္းလူငယ္အဖြဲ႔ အစည္းသတင္းနွင့္ ဥပေဒေရးရာတာ၀န္ခံ ဆလုိင္းထန္းကီးက ခ်င္းလဲန္ေပါ့စ္ကုိ ေျပာတယ္။

ဒီကိစၥနွင့္ပတ္သက္ျပီးေတာ့ မွားလားမွန္လားဆုိျပီးေတာ့ အမႈစီရင္တာကုိ မေျပာခ်င္ဘူး ျပည္သူဘက္က ရဲေတြေသာက္စားတယ္၊ ရဲေတြကလည္းျပည္သူေသာက္စားဆုိျပီး အခ်င္းခ်င္းေျပာၾကတယ္။ ဒါေပမယ့္ မေန႔ညအေတြ႔အၾကဳံအရ မေန႔ညရဲေတြနယ္ေျမလုံျခဳံေရး၀င္တယ္။ ည၇-၈နာရီေလာက္ရွိတယ္။ ဆုိင္ကယ္ စီးျပီးေတာ့ ေလွ်ာက္လည္တဲ့ ကေလးေတြ စစ္ေဆးေတာ့၊ ရဲဘက္ပါတာမဟုတ္ဘူးေနာ္ ေကာင္းေကာင္း အစစ္ေဆးမခံေပးနဲ႔ ဟုန္းကနဲထြက္ေျပးသြားတဲ့ ကေလးေတြရွိတယ္။ တစ္ခ်ဳိ႕လူငယ္ေတြက အရက္မူးျပီးေတာ့ ဖဲတာေတြလုပ္ ရပ္ခုိင္းရင္လည္းထြက္ေျပးၾကတာရွိတယ္။ မ်က္ျမင္ကုိယ္ေတြ႔နွင့္ ေစာင့္ၾကည့္တယ၊္တစ္ခုခုျဖစ္ လာရင္ေျပာလုိ႔ရရင္ဆုိျပီးေတာ့။ ခ်င္းအမ်ဳိးသားေန႔မွာလည္း ဒီလုိမ်ဳိးမျဖစ္ နုိင္ဘူးလုိ႔ မေျပာနုိင္ဘူး လက္လြန္ တာလည္းျဖစ္နုိင္တယ္။ အမႈကိစၥနွင့္ေတာ့ ကေလးေတြ ေတာ္ေတာ္နာတယ္။  ဖမ္းတဲ့ထဲမွာ ရန္ျဖစ္တဲ့အခ်ိန္မွာ မပါတဲ့လူငယ္ေတြပါေတာ့ ရဲေတြက ေသခ်ာစီစစ္ျပီးေတာ့ ျပန္လြတ္ေပးေစခ်င္တယ္။ ျပည္သူေတြဖက္ကလည္း ဒီလုိမ်ဳိး ျပည္သူ႔ရဲေတြလုံျခဳံေရး၀င္တဲ့အခ်ိန္မွာ ေကာင္းေကာင္းအစစ္ေဆးခံသင့္တယ္။ ျပီးရင္ ရဲအားနားခ်က္ ေတြလည္း ရွိပါတယ္။ ထိပ္ပုိင္းေတြကုိေတာ့ မေျပာလုိဘူး ေအာက္ေျခမွာရွိေန သည့္လူေတြက ကုိယ့္ခ်င္းမုိ႔လုိ႔ ေစာ္ကားတာမဟုတ္ပါဘူး၊ တစ္ခ်ဳိ႕မိဘေတြက မထိန္းနုိင္တဲ့ သားသမီး ရဲထဲကုိ ၀င္ခုိင္းလုိက္တာမ်ားတယ္။ ဒီလုိေတြနဲ႔ ကေလးေတြေတြ႔လုိ႔ ဒီလုိျပသာနာေတြလည္းျဖစ္လာနုိင္တာေတြရွိတယ္လုိ႔ နုိင္၀င္ဘာ(၅)ရက္ေန႔မွာ ျပည္နယ္လြတ္ ေတာ္ကုိယ္စားလွယ္ ဆလုိင္းေအာင္လ်န္က ခ်င္းလဲန္ေပါစ္ကုိေျပာပါတယ္။

မိဘေတြကလည္းလာတုိင္ပင္တယ္။ က်ေနာ္တုိ႔က ဥပေဒျပဳတဲ့အဖြဲ႔ဆုိေတာ့ တရားစီရင္ေရးပုိင္းကုိေတာ့ မစြက္ဖက္ခ်င္ဘူး။ တရားခံ ၄ေယာက္ထြက္ေျပးတယ္လုိ႔သိတယ္။ မဖမ္းနုိင္လုိ႔ မပါတဲ့လူေတြကုိေတာ့ ပါေအာင္ဆြဲထည့္တာမျဖစ္ေစခ်င္ဘူး၊ ေထာင္မက်ေစခ်င္ဘူး။ လုံး၀မပါတဲ့လူေတြကိစၥကုိေတာ့ ရဲကုိလည္းေျပာပါတယ္။ မပါတဲ့လူေတြကုိ ဆြဲမထည့္ဖုိ႔နွင့္ ကေလးေတြပညာေရးကလည္းအေရးၾကီးေတာ့ ေနာက္က်မယ္။ အမွန္တရားေပၚေပါက္ဖုိ႔ ျပည္သူနဲ႔ပူးေပါင္းပါလုိ႔ရဲကုိေျပာတယ္လုိ႔ ဆက္ေျပာပါတယ္။

ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးရန္ ဆႏၵျပ ေတာင္းဆုိမႈ/ Matupi Times Olthang

“ေက်ာင္းသားေတြလည္းပါတယ္ဆုိေတာ့ အရမ္းနာတာေပါ့။ ျဖစ္တဲ့ညမွာေတာ့ မပါေပမယ့္ မ်က္ျမင္သက္ေသ ေတြေျပာျပတာ။ ခ်င္းအမ်ဳိးသားည ၁၁နာရီေလာက္မွာ သဘာ၀အတုိင္း နည္းနည္းမူးတဲ့ကေလးေတြ ကၾကခုန္ ၾကတာကုိ ရဲေတြကထိန္းတယ္။ ေသခ်ာထိန္းတာမဟုတ္ဘဲ တခါထဲရုိက္တယ္ ေသြးေတြလည္းထြက္တယ္ ကေလးေတြက လြန္တယ္ဆုိျပီးေတာ့ အခ်င္းခ်င္းရုန္းရင္းဆင္ခတ္ျဖစ္တဲ့ျပသနာျဖစ္တယ္။ ရဲေတြကလည္း ရာဘာက်ည္ဆံသုံး ျပီးျဖစ္ေတာ့ ကေလးေတြကုိျပစ္တယ္ ကေလးေတြကလည္း ရဲကားကုိ ရုိက္ခြဲတာေတြ လုပ္တယ္။ ေနာက္ေန႔မွာ ကေလးေတြကုိ ဘာမွအေရးယူမႈမလုပ္ပါဘူးဆုိျပီး ရဲေတြကစည္းရုံးျပီးတစ္ေယာက္ ျပီးတေယာက္ဖမ္း၊ ပ်က္တဲ့ကားကုိလည္းျပင္ခုိင္းျပီးျပီ အဆင္းေျပၾကမယ္လုိ႔ထင္ေပမယ့္ အမိန္႔ခ်လာေတာ့ ဒီလုိဖမ္းတာ စိတ္မေကာင္းဘူး။ ကေလးေတြကလည္း ေက်ာင္းသားေတြပါ အရင္ကဆုိးဖူးတဲ့လူေတြလည္း မဟုတ္ပါဘူး။ ျပည္နယ္အစုိးရကုိလည္း ေလ်ာ့ေပါ့ေပးဖုိ႔နွင့္ျဖစ္နုိင္ရင္ အားလုံးလြတ္ေပးဖုိ႔ေပါ့ေနာ္လုိ႔” မတူပီ တုိင္းမ္ ေအဒီတာခ်ဳပ္ဦးဘူဖြဲ႔က ခ်င္းလဲန္းေပါစ္ကုိ ေျပာပါတယ္။

ဒီကိစၥနွင့္ပတ္သက္ျပီး ခ်င္းျပည္နယ္အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္၀န္ၾကီး ဦးစုိးထက္ကသူတုိ႔ဆႏၵျပတဲ့ ေန႔မွာပဲ လာတုိင္ပင္တာေလးေတြရွိတယ္။ အမိန္႔ခ်တယ္ဆုိေပမယ့္အယူခံခြင့္ရွိတယ္ေလ။ လုပ္ထုံးလုပ္နည္း အရ အယူခံရင္ ဒီဘက္က လုပ္ထုံးလုပ္နည္းအရေျဖေလ်ာ့နုိင္တဲ့ဟာေတြလုပ္လုိ႔ရပါတယ္။ သူတို႔လည္း ေရွ႕ေနနဲ႔ဆုိေတာ့ သူတုိ႔အယူခံတဲ့အေပၚ တရားသူၾကီးက နည္းတယ္မ်ားတယ္ဆုိတဲ့ေပၚမွာေျဖေလ်ာ့လုိ႔ရ တယ္လုိ႔ ေျပာပါတယ္။

မတူပီျမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးရုံး ဒုရဲအုပ္ေက်ာ္ျမင့္က ဒီကိစၥက်ေနာ္မေရာက္ေသးလုိ႔မသိဘူးလုိ႔ ခ်င္းလဲန္ေပါ့ကုိ ေျပာပါတယ္။

အမႈနွင့္ပတ္သက္ျပီးေတာ့ က်ေနာ္တုိ႔ဘက္ကေနစခန္းမွဴးနွင့္ျမိဳ႕နယ္မွဴးကုိညွိနႈိုင္းျပီး ျပည္နယ္တင္ျပီးဆုိေတာ့ ျပည္နယ္သြားပါဆုိျပီးသြားပါတယ္။ ျပည္နယ္ကုိ သြားညွိနႈိင္းျပီးေတာ့ လူမႈေရးနဲ႔ပဲမတူပီမွာ ညွိနႈုိင္းၾကပါဆုိျပီး ပ်က္စီးတဲ့ကားကုိျပင္ေပး သူတို႔ကုိလည္း ခဏခဏဆုိသလုိသြားေတြ႔တယ္ ဒါေပမယ့္ အမႈေလွ်ာ့ေပါ့ျခင္းမရွိ ေသးဘူး။ အခုလုိအခင္းျဖစ္ပြားသည့္အခ်ိန္မွာ မဖမ္းဘဲရဲေတြက အမ်ဳိးမ်ဳိးနဲ႔ပါတယ္ဆုိျပီး သက္ေသထူျပီး မတရားမသကာၤနဲ႔ဖမ္းအမိန္႔ခ်တာလုံး၀မမွန္ဘူး။ အခင္းမွာမပါတဲ့ အန္တီးသားကုိ ၆(၁)နဲ႔မသကၤာနွင့္ ဖမ္းတာမမွန္ဘူး မတရားဘူး။ ရဲေတြကသက္ေသခံထူျပီး လုပ္တာတရားသလား။ တရားသူၾကီးက ဆုံးျဖတ္တာလည္းသေဘာမတူဘူး။ ေရွ႕ေနက မိသားစုဘက္သက္ေသထြက္ဆုိရင္လည္းရတယ္ဆုိေပမယ့္ တရားသူၾကီးနွင့္ ကေလးေတြအတြက္ သက္ေသထူရင္လည္းခုိင္လုံမွာ မဟုတ္ဘူးဆုိျပီး ေျပာတယ္။ အစကေတာ့ မိဘမ်ားကေရွ႕ေနဦးငုိင္ဆတ္ကုိ ဌားဖုိ႔စီစဥ္ေပမယ့္ ခ်င္းအမ်ဳိးသားေန႔ျဖစ္ေျမာက္ေရးေကာ္မတီက ၾကီးၾကီးက်ယ္က်ယ္မဌားနဲ႔ မတူပီဥပေဒရုံးက ဦးေအြနိန္းကုိပဲဌားပါ။ တရားသူၾကီးက ကေလးေတြပဲ ပညာေပးသေဘာေလာက္နဲ႔ (၁)လ၊ (၃)လ၊ (၆)လေလာက္ပဲခ်မွာ အဆင္ေျပမယ္ဆုိျပီး ဦးေအြနိန္းကုိ ဌားတာျဖစ္ပါတယ္။ တစ္ခုခုျငင္းမယ္ဆုိ ရင္လည္း ေရွ႕ေနကနင္တုိ႔ ဘာမွမျငင္းနဲ႔ ေရွ႕ေနသိကၡာက်တယ္ဆုိျပီး တစ္ခုမွမျငင္းပဲအခုလုိျဖစ္လာတာ။ အတယ္ဆုိရင္ အန္တီသား သက္နုိင္ဦး (တကၠသုိလ္မထမနွစ္)က ၂၀၁၈ခုနွစ္၊ဒီဇင္ဘာမွ ပခုကၠဴမွာေက်ာင္း တက္ရင္း ေလျဖတ္ထားတာ။ ခ်င္းအမ်ဳိးသားေန႔အထိက ေကာင္းေကာင္းလမ္းမေလ်ာက္နုိင္ေသးဘူး။ ခ်င္းအမ်ဳိးသားေန႔ညေတာ့သြားေပ မယ့္ အရမ္းေအးလုိ႔ ေစာေစာျပန္လာတာ။ ဒါကုိပါတယ္ဆုိျပီးဖမ္းသည့္အ ေပၚသက္ဆုိင္ရာအစုိးရက ကေလးက်န္မာေရးနွင့္ ပညာေရးအတြက္ သက္ညွာျပီးျပန္လႊတ္ေပးေစခ်င္တယ္ ကူညီေပးပါလုိ႔ ဖမ္းဆီးခံထားသည့္ သက္နုိင္ဦး အေမက ခ်င္းလဲန္ပ႔ုိစ္ကုိေျပာသည္။

ဒီကေလးေတြရဲ႕အမႈဟာ အမ်ဳိးသားေရးနွင့္ပတ္သက္တယ္ဆုိေတာ့ ဥပေဒအတုိင္းပဲဆုံးျဖတ္မယ္ဆုိျပီး တရားသူၾကီးကေျပာလုိ႔ေရွ႕ေနၾကေျပာတယ္။ တရားသူၾကီးက မိဘေတြမလာခုိင္းနဲ႔ဆုိျပီး အျမဲေျပာေတာ့ ေရွ႕ေနဦးေအြးနိန္း၊ ဦးပဲန္းဟုန္းကေနတဆင့္ ဆက္သြယ္ၾကတာမ်ားတယ္လုိ႔ ဆက္ေျပာသည္။

ခ်င္းအမ်ုိဳးသားေန႔ျဖစ္ေျမာက္ေရးေကာ္မတီတာ၀န္ခံဦးပဲန္းဟုန္းက အယူခံဖုိ႔ ဟားခါးကုိလာၾကတယ္။ ၆လပဲဆုိျပီးေျပာေတာ့ အခုလုိျဖစ္လာေတာ့မသိေတာ့ဘူး။ အမွန္ဆုိရင္ မသကၤာနဲ႔ပဲဖမ္းတာေတြရွိပါတယ္။ ကေနာ္တုိ႔ေန႔ထူးေန႔ျမတ္မွာ ခုလုိၾကာၾကာျပသနာျဖစ္တာေကာင္းလုိ႔ ျပည္နယ္အထိလည္းသြားတယ္။ ကားလည္းျပင္ေပးပါဆုိလုိ႔ျပင္ေပးတယ္ ကုိယ့္ဘက္ကေတာ့ အေကာင္းဆုံးၾကိဳးစားၾကပါတယ္လုိ႔ေျပာတယ္။

မတူပီခ်င္းအမ်ဳိးသားေန႔ ၂၀၁၉

ျဖစ္လာတဲ့အစကုိေတာ့ လူၾကီးေတြနဲ႔ေရွ႕တန္းမွာထုိင္တဲ့အခ်ိန္ဆုိေတာ့ ဘယ္လုိစလာသလဲဆုိတာတိတိက်က် မသိရဘူး။ ျဖစ္ေျမာက္ေရးအေနနဲ႔ ျမိဳ႕နယ္၊ ျပည္နယ္ကုိလည္းသြားျပီး ျပည္နယ္ရဲမွဴးကုိလည္းညွိႏႈုိင္းတယ္ လူမႈေရးနဲ႔ပဲအဆင္ေျပမယ္ဆုိျပီး ပညာေပးအေနနဲ႔ ၆လပဲဆုိတဲ့ဟာကုိ အခုလုိ ၄နွစ္ေက်ာ္ျပစ္ဒဏ္ခ်မွတ္မႈကုိ ေတာ့ ေတာ္ေတာ္လြန္တယ္၊ ေျပာသလုိမျဖစ္လာေတာ့ စိတ္မေကာင္းဘူး။ ျပီးရင္ မသကၤာနဲ႔မပါတဲ့ကေလးေတြ ကုိလည္းေထာင္ခ်တာေတာ့ မျဖစ္သင့္ဘူးလုိ႔ ခ်င္းအမ်ုိဳးသားေန႔ျဖစ္ေျမာက္ေရးေကာ္မတီ၀င္ ဦးဟဲမ့္ေဟာန္က ခ်င္းလဲန္ေပါ့စ္ ကုိေျပာတယ္။

မတူပီ ခ်င္းလူငယ္အဖြဲ႔၀င္တစ္ေယာက္က မတူပီ ခ်င္းအမ်ိဳးသားေန႔သည္ နွစ္တုိင္း တမူထူးျခားေအာင္ က်င္းပေရးေကာ္မတီ၊ အရပ္ဖက္အဖြဲ႔အစည္းေတြနွင့္ သက္ဆုိင္ရာေတြပူးေပါင္းျပီးလုပ္ၾကပါတယ္။ လူၾကီးတခ်ဳိ႕ေတြကအမ်ိဳးသားေန႔ကို သာမန္ပြဲကဲ့သုိ႔ အရက္ဘီယာ၊ ဝိုင္၊ ေခါင္ရည္မ်ားၿဖင့္ အုပ္စုလိုက္ လူၾကီးလူငယ္မေရြး ဝိုင္းဖြဲ႔ဂုဏ္ျပဳေနၾကသည္မွာ ရင္​​ေလးစရာျဖစ္​သည္​။ ရဲႏွင့္လူငယ္မ်ား၊ သက္ဆိုင္ရာ လုံၿခဳံေရးအဖြဲ႔ႏွင့္လူငယ္တစ္စုမ်ားအခ်င္းခ်င္းရန္ၿဖစ္တာကလည္း ပူးေပါင္းေဆာင္ရြက္မႈအားနည္းတာရယ္၊ အရက္ကုိၾကိဳက္သလုိ ခ်င္းအမ်ဳိးသားေန႔မွာ ေရာင္း၀ယ္ေသာက္စားခြင့္ေပးထားလုိ႔ျဖစ္တယ္လုိ႔ဆုိပါတယ္။

ေရွ႕ေနဌားခအျဖစ္ ပုဒ္မ၆(၁)အတြက္ (၁၀)သိန္း၊ အမႈ ၃၃၂၊ ၃၂၃၊ ၄၂၇၊ ၄၃ အတြက္ (၂၅)သိန္းေတာင္းေပမယ့္ (၁၅)သိန္း စုစုေပါင္း (၂၅)သိန္းေပးခဲ့တယ္လုိ႔ သိရတယ္။ ေနာက္ဆုံးျပစ္ဒဏ္ ခ်မွတ္မည့္အခ်ိန္တြင္လည္း ေငြမေပးနုိင္လုိ႔ဥပေဒအတုိင္းအမိန္႔ခ်မွတ္ေတာ့မယ္ဆုိျပီး သူတုိ႔ေရွ႕ေနက သတိေပးခဲ့ေပမယ့္ ဘယ္လုိေဆာင္ ရြက္မွန္းမသိလုိ႔ အခုလုိအမိန္႔ခ်တာျဖစ္နုိင္တာလုိ႔ ေထာင္ခ်ခံရသည့္ မိသားစုတစ္ခ်ဳိ႕က ခ်င္းလဲန္ပုိ႔စ္ကုိ ေျပာပါတယ္။

ကားျပဳျပင္ျဖင္းအတြက္(၁၇)သိန္းကုန္က်ခံရျပီး လူမႈေရးအရ ေၾက ေအးရန္ မတူပီျမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးကုိ (၅)သိန္း၊ စခန္းမွဴးကုိ (၅)သိန္းစီျဖင့္ ေတြ႔ဆုံကန္ေတာ့ခဲ့ေပမယ့္ ဘာမွမထူးလာဘူးလုိ႔မိဘမ်ားက ေျပာသည္။

တရားစြဲဆိုခံရသူလူငယ္ (၆)ဦးကုိ အခင္းျဖစ္ပြာခ်ိန္တြင္ လက္ပူးလက္ၾကပ္ဖမ္းဆီးရမိျခင္းမဟုတ္ဘဲ ေနာက္ေန႔တြင္ မသကာၤသူမ်ားေနအိမ္တို္င္းကုိ ရဲကုိယ္တုိင္တရားလုိသက္ေသခံလုပ္ျပီး လက္လံဖမ္းဆီးေနရတယ္လုိ႔ သိရသည္။ အျပစ္က်ဳးလြန္ေၾကာင္း တရားခံသက္ေသဘက္ကမထြက္ၾကဘဲ ရဲေတြက တစ္ဖက္သတ္သူတို႔ က်ဴးလြန္ပါတယ္လို႔ အတင္းထြက္ဆုိမႈေၾကာင့္ အခင္းျဖစ္ပြားသည့္အခ်ိန္မွာ မပါ၀င္သည့္လူငယ္မ်ားဖမ္းဆီးေန ၾကတယ္လုိ႔သိရသည္။

တရားစြဲဆိုခံရသူလူငယ္ (၆)ဦးကုိ ၂၀၁၉ခုနွစ္ အမ်ားျပည္သူပိုင္ပစၥည္းကာကြယ္ေစာင့္ေစာင့္ေ႐ွာက္ေရးဥပေဒ ပုဒ္မ ၆(၁)အရ ေထာင္ဒဏ္ (၃)နွစ္စီ၊ ဝတၱရားေဆာင္ရြက္ေနသည့္ျပည္သူ႔ဝန္ထမ္းကို ထိခိုက္နာက်င္ေစမႈ ပုဒ္မ (၃၃၂)အတြက္ ေထာင္ဒဏ္ (၁)နွစ္စီ၊ ပုဒ္မ (၃၂၃)သူတစ္ပါးအား နာက်င္ေစမႈအတြက္ ေထာင္ဒဏ္ (၃)လစီ၊ ပုဒ္မ (၄၂၇)သူတစ္ပါးအက်ိဳးဖ်က္ဆီးမႈအတြက္ေထာင္ဒဏ္ (၃)လစီ တစ္ဦးလ်င္စုစုေပါင္း (၄)နွစ္ (၃)လစီကုိ အမႈဖြင့္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံရတာျဖစ္ပါတယ္။ တရားခံေျပးအျဖစ္ လုံတလင္းထန္း (၂၉)၊ ရုိဆန္း (၁၉)၊ စေနေအာင္ (၁၉) သတ္မွတ္ခံရျပီး စုံစမ္းေနတယ္လုိ႔သိရသည္။

Matupi

ခ်င္းအမ်ိဳးသားေန႔ေအာင္ပြဲအခမ္းအနားမွာ ႏိုင္ငံေက်ာ္အဆိုေတာ္ Lဆိုင္းဇီ နဲ႔၊ စိုင္းေအာင္ထီးခမ္းတို႔သီဆိုေဖ်ာ္ ေျဖၾကတဲ့စတိတ္စင္ေပၚသို႔ ပရိသတ္တစ္ဦး(အမည္မသိေသး)က၊ ခဲနဲ႔ပစ္ေပါက္တာကို၊ လံုျခံဳေရးတာဝန္က်ရဲ မ်ားရဲ႕ေျဖ႐ွင္းမႈဟာ အလြန္အကြၽံအင္အားသံုးတယ္လို႔ ခ်င္းလူငယ္ပရိသတ္မ်ားက ထင္ျမင္ယူဆၾကရာက တဆင့္ခ်င္းလူငယ္ေတြနဲ႔လံုျခံဳေရးရဲဝန္ထမ္းေတြ တစ္ေယာက္တစ္ေပါက္စီအျမင္မတူျဖစ္ၿပီး၊ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားၾကေၾကာင္းအခင္းျဖစ္ပြားျခင္းနဲ႔ပတ္သက္ျပီး မတူပီတရားရုံးစီရင္ခ်က္မွာပါရွိတယ္လုိ႔သိရသည္။

မိဘေတြဘက္က ေရွ႕ေနဦးငုိင္ဆတ္ကုိ ျပန္လည္အကူအညီေတာင္းခံထားျပီး လာမည့္နုိင္၀င္ပါလ (၁၃)ရက္ ေန႔ေလာက္မွာ အယူခံတင္သြင္းမယ္လုိ႔ၾကားသိရတယ္။ မတူပီးခ်င္းအမ်ဳိးသားေန႔တြင္ ၂၀၁၉ ခုနွစ္၊ ေဖေဖာ္၀ါရီလ (၂၀) မတူပီျမိဳ႕ ခ်င္းအမ်ုဳိးသားေန႔ေဖ်ာ္ေျဖမႈအတြက္ နုိင္ငံ့အဆုိေတာ္ L စုိင္းရည္နွင့္ စုိင္းထီးဆုိင္ ညီ စုိင္းေအာင္ထီးခမ္းတုိ႔ ဖိတ္ေခၚထားတယ္လုိ႔သိရွိရသည္။

 

Unicode

Salai Josephbawi| The Chinland Post| 2019 November 7| ချင်းပြည်နယ်မတူပီမြို့၊ ဗိုလ်တိုက်ချွန်းအား ကစားကွင်းအတွင်း၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) (၇၁)ကြိမ်မြောက်ချင်းအမျုုိးသားနေ့ညဖျော်ဖြေမှုတွင် ရဲတပ်ဖွဲ့နှင့် မတူပီလူငယ်တစ်ချို့ခိုက်ရန်ဖြစ်ပွားပြီး ပါဝင်ပါသက်သူဟုဖမ်းဆီးခံရသူ လူငယ်(၆)ဦး (၄)နှစ်ကျော်ထောင်ဒဏ်ကျခံရသည့်အပေါ် ပြစ်ဒဏ်လျော့ချပြင်ဆင်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ ၉း၃ဝတွင် ဆလိုင်းထန်းကီးဦးဆောင်သည့်ဒေသခံပြည်သူ့ (၃၀၀) ဦးခန့်က ရှစ်လမ်းဆုံမှ ဗိုလ်တိုက်ချွန်းအားကစားကွင်းအထိ ငြိမ်းချမ်းစွားစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။( Please see Unicode below)အဓိကတောင်းဆိုချက်မှာအခင်းဖြစ်နေရာသို့ လုံးဝမရောက်ဘဲ ပြစ်ဒဏ်ကျခံရသူအား အမြန်လွှတ်ပေးပါ၊ တက္ကသိုလ်ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ရေးကို ကူညီပေးပါ၊ ကျောင်းသားလေးများ၏ ပညာရေးကို ပြီးဆုံးအောင်သင်ယူနိုင်ရေးအတွက် ထောက်ထားငဲ့ညှာပေးပါ၊ မိဘကိုစောင့်ရှောက်နေသူသားဖြစ်သူအတွက် ပြစ်ဒဏ်စီရင်ချက်အား ပြင်ဆင်ပေးပါ၊ လူငယ်တို့ရဲ့ အနာဂတ်ဘဝ ဖြောင့်ဖြူးရေးကို လူကြီးမင်းများ စဉ်းစားပေးပါ” စသည့် ဆောင်ပုဒ်များ ကိုင်ဆောင်ကာ စီတန်းလှည့်လည်ရခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း၊ ရည်ရွယ်ချက်များကို ဦးဆောင်သူများမှ ပြောကြားခြင်းများပြုလုပ်သည်။ဒေသခံတစ်ဦးက အခင်းဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စင်နားကအရက်မူးပြီး ကနေသောလူငယ်တဦးကို ရဲတပ်ဖွဲ့တစ်ချို့မှ အကြမ်းနည်းဖြင့် ထိန်းသိမ်းရာကနေ လူအုပ်စုဖွဲ့ကာ ရုံးရင်းဆန်ခတ်ခိုက်ရန်ဖြစ်ပွားကာ လူငယ်တွေရဲ့ လက်ချက်ကြောင့် ကား(၂)စီး ရဲတပ်ဖွဲ့ကား ရှေ့မှန်ကွဲ၊ အခြားကားတစ်စီးနောက်ကြည့်မှန်ကွဲ တာတွေဖြစ်ခဲ့ကာ ၎င်းအခင်းဖြစ်ပွားစဉ်ပါဝင်ပါသက်သူများနှင့် ဆက်နွယ်သည့်ဟုယူဆရသော (၁၀)တန်း ကျောင်းသား (၂)ယောက်၊ တက္ကသိုလ်ကျောင်းသား(၂)နှင့် လူငယ်အဖွဲ့ဝင် (၂)ဦး စုစုပေါင်း (၆)ဦးကို မတူပီမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ အမှုဖွင့်အမှုတည်ဆောက်ကာ ပြည်သူပိုင်ဖျက်စီးမှု ၆(၁)အပါအဝင် အမှု(၅)ခုဖြင့် ထောင်ဒဏ် (၄)နှစ်နှင့် (၃)လဖြင့် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်တွင် အမိန့်ချမှတ်သည့်အပေါ် ပြစ်ဒဏ်လျော့ပေါ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။ဖမ်းဆီးခံမတူပီးလူငယ်တစ်ချို့/ Matupi Time Olthangချင်​းအမျိုးသား​နေ့ညတွင်​ မတူပီလူငယ်​တစ်ချို့နှင်​့ ပြည်​သူရဲတစ်ချို့ ခိုက်ရန်​ဖြစ်​ပွားခဲ့ပြီး ပြည်​သူ့ရဲများမှ ကြိမ်တုတ်နဲ့ထု၊ ရာဘာကျဉ်​ဆံသုံးဖြိုခွဲပြီး လူငယ်​တစ်ချို့ဒဏ်​ရာရခဲ့ကြတယ်။ ရဲကားနှစ်​စီးမှာလည်​းခိုက်​ရန်​ဖြစ်​ပွား​နေစဉ်​အတွင်​း ရဲကားမှန်​များကွဲခဲ့ရသည်​။ ပျက်စီးခဲ့သောရဲကားမှန်​ကို ပြုပြင်ပေးရင ခွင့်လွတ်ပေးမည့်ဟု ဆိုကာ လူငယ်မိဘများမှ ​အသစ်​ပြန်​လည်​ပြုပြင်​​ပေးပြီးဖြစ်​​သော်​လည်​း မင်္သကာသူအချို့ ဆလိုင်း​ထန်​ထဲန်(၂၅နှစ်)​၊ ဆလိုင်​း ​​​ရိန်​ဆန်​းလျန်​(၂၁နှစ်) ၊ ဆလိုင်​း အာ​ဘောမ်(၂၃နှစ်)​၊ ဆလိုင်​း ထက်​နိုင်​ဦး(၁၉နှစ်)၊ ဆလိုင်​း အဗစ်​ထန်​(၂၃နှစ်) နှင့် ​ဆလိုင်​း ​​ဆောမ်​ထန်​်​း(၁၉နှစ်) (၆)ဦးတို့ကို ၂၀၁၉​အောက်​တိုဘာလ ၁ဝရက်​ နေ့တွင်​ ​ထောင်​ဒဏ်​နှင်​့အလုပ်​ကြမ်​း (၄)နှစ်​နှင်​့ (၃)လချမှတ်​သည်​့အ​ပေါ် ​ ချင်းလူငယ်များနှင့် မတူပီပြည်သူများမှ​ကျေနပ်​မူမရှိသည်​့အတွက်​ ပြစ်​ဒဏ်​​လျော့​ပေါ့​ပေးနိုင်​ရန် မတူပီလူငယ်များ​​ဦး​ဆောင်မူဖြင်​့ ၂၀၁၉ ​အောက်​တိုဘာလ ၂၉ ရက်​​နေ့တွင်​ ဆန္ဒထုတ်​​ဖော်​ခြင်းဖြစ်တယ်လို့ ချင်းလူငယ်အဖွဲ့အစည်း (မတူပီ)၏ အထွေထွေအတွင်း ရေးမှူး ဆလိုင်းထန်အုပ်က ချင်းလန်ပေါ့စ်သတင်းဌာနကိုပြောပါတယ်။အစကတည်းက မိဘတွေနဲ့ညှိနှှုုိင်းမှုအားနည်းခဲ့တယ်။ ကျနော်တို့ မတူပီချင်းလူငယ်အဖွဲ့ဘက်ကလည်း ချင်းအမျိုးသားနေ့ ကိုယ့်အမျိုးသားနေ့မှာ အရက်တွေမူးပြီး ခက်ရန်ဖြစ်ပွားမိတာက ဒီလောက််ပြသနာကြီးကျယ် မဖြစ်လောက်ဘူး၊ ပြန်ပြေလည်သွားကြမှာပဲဆိုပြီး ထင်ခဲ့ကြတာ။ အကယ်ဆိုရင် တာဝန်ကျတဲ့ရဲတော်တော် မျာများကလည်း အရက်တွေမူးနေကြတာ မြင်းသူတိုင်းသိတယ်။ မိဘဘက်ကလည်း ရှေ့နေတွေလည်းဌားပြီး ရဲတပ်ဖွဲ့တွေနှင့် လည်း အဆင်ပြေသွားမှာပါလို့ပြောလို့ ဘာမှမလုပ်ခဲ့ပါဘူး။ ထောင်ကျတဲ့ လူငယ်(၆)ဦးဟာ မတူပီချင်းလူငယ်အဖွဲ့ လှုပ်ရှားမှုမှာ တက်ကြွလှုပ်ရှားသည့် လူငယ်တွေဖြစ်ပါတယ်။ ဒီလောက်ကြီး အပြစ်ပေး ရလောက်အောင် ရမ်းကားသည့် လူတွေမဟုတ်သည့် အတွက် ပြစ်ဒဏ်လျော့ပေါ့ပေးရန် တောင်းဆိုခြင်း ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ကျနော်တို့က တရားမျှတမှုကို တောင်းဆိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်က လူတစ်စု (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခု၏ အောက်မှာရောက်နေသလား။ မတူပီမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ရဲသုံးယေက်အရက်မှုးပြီးမောင်းစီးကြတာ ဘယ်သူဖမ်းမလဲ။ ရဲတွေအရက်မှုးပြီးလမ်းဘေးမှ ပုလင်းတွေ ရိုက်ခွဲရမ်းကားတာ ဘယ်သူဖမ်းမလဲ။ စဉ်းစားစရာဖြစ်လာတယ်။ ဒါပေမယ့် အရက်မူးပြီးခိုက်ရန် ဖြစ်ပွားသည့် ကျနော်တို့ချင်းလူငယ်တွေကိုတော့ ၄နှစ်ကျော်ထောင်ဒဏ်ကျခံ စေတာဟာ လူမျိုးရေးအရ တရားမျှတမှုမရှိဘဲ ခွဲခြားဆက်ဆံတယ်လို့ပဲယူဆရတယ်၊ အခုတောင်းဆိုနေတာကလည်း မတူပီလူငယ်နှင့် အဖွဲ့အစည်းကိုယ်စား လှုပ်ရှားနေကြတာဖြစ်တယ်လို့ ဆန္ဒပြဦးဆောင်သူလည်းဖြစ်၊ မတူပီချင်းလူငယ်အဖွဲ့ အစည်းသတင်းနှင့် ဥပဒေရေးရာတာဝန်ခံ ဆလိုင်းထန်းကီးက ချင်းလဲန်ပေါ့စ်ကို ပြောတယ်။ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ မှားလားမှန်လားဆိုပြီးတော့ အမှုစီရင်တာကို မပြောချင်ဘူး ပြည်သူဘက်က ရဲတွေသောက်စားတယ်၊ ရဲတွေကလည်းပြည်သူသောက်စားဆိုပြီး အချင်းချင်းပြောကြတယ်။ ဒါပေမယ့် မနေ့ညအတွေ့အကြုံအရ မနေ့ညရဲတွေနယ်မြေလုံခြုံရေးဝင်တယ်။ ညရ-၈နာရီလောက်ရှိတယ်။ ဆိုင်ကယ် စီးပြီးတော့ လျှောက်လည်တဲ့ ကလေးတွေ စစ်ဆေးတော့၊ ရဲဘက်ပါတာမဟုတ်ဘူးနော် ကောင်းကောင်း အစစ်ဆေးမခံပေးနဲ့ ဟုန်းကနဲထွက်ပြေးသွားတဲ့ ကလေးတွေရှိတယ်။ တစ်ချို့လူငယ်တွေက အရက်မူးပြီးတော့ ဖဲတာတွေလုပ် ရပ်ခိုင်းရင်လည်းထွက်ပြေးကြတာရှိတယ်။ မျက်မြင်ကိုယ်တွေ့နှင့် စောင့်ကြည့်တယ၊်တစ်ခုခုဖြစ် လာရင်ပြောလို့ရရင်ဆိုပြီးတော့။ ချင်းအမျိုးသားနေ့မှာလည်း ဒီလိုမျိုးမဖြစ် နိုင်ဘူးလို့ မပြောနိုင်ဘူး လက်လွန် တာလည်းဖြစ်နိုင်တယ်။ အမှုကိစ္စနှင့်တော့ ကလေးတွေ တော်တော်နာတယ်။ ဖမ်းတဲ့ထဲမှာ ရန်ဖြစ်တဲ့အချိန်မှာ မပါတဲ့လူငယ်တွေပါတော့ ရဲတွေက သေချာစီစစ်ပြီးတော့ ပြန်လွတ်ပေးစေချင်တယ်။ ပြည်သူတွေဖက်ကလည်း ဒီလိုမျိုး ပြည်သူ့ရဲတွေလုံခြုံရေးဝင်တဲ့အချိန်မှာ ကောင်းကောင်းအစစ်ဆေးခံသင့်တယ်။ ပြီးရင် ရဲအားနားချက် တွေလည်း ရှိပါတယ်။ ထိပ်ပိုင်းတွေကိုတော့ မပြောလိုဘူး အောက်ခြေမှာရှိနေ သည့်လူတွေက ကိုယ့်ချင်းမို့လို့ စော်ကားတာမဟုတ်ပါဘူး၊ တစ်ချို့မိဘတွေက မထိန်းနိုင်တဲ့ သားသမီး ရဲထဲကို ဝင်ခိုင်းလိုက်တာများတယ်။ ဒီလိုတွေနဲ့ ကလေးတွေတွေ့လို့ ဒီလိုပြသာနာတွေလည်းဖြစ်လာနိုင်တာတွေရှိတယ်လို့ နိုင်ဝင်ဘာ(၅)ရက်နေ့မှာ ပြည်နယ်လွတ် တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က ချင်းလဲန်ပေါစ်ကိုပြောပါတယ်။မိဘတွေကလည်းလာတိုင်ပင်တယ်။ ကျနော်တို့က ဥပဒေပြုတဲ့အဖွဲ့ဆိုတော့ တရားစီရင်ရေးပိုင်းကိုတော့ မစွက်ဖက်ချင်ဘူး။ တရားခံ ၄ယောက်ထွက်ပြေးတယ်လို့သိတယ်။ မဖမ်းနိုင်လို့ မပါတဲ့လူတွေကိုတော့ ပါအောင်ဆွဲထည့်တာမဖြစ်စေချင်ဘူး၊ ထောင်မကျစေချင်ဘူး။ လုံးဝမပါတဲ့လူတွေကိစ္စကိုတော့ ရဲကိုလည်းပြောပါတယ်။ မပါတဲ့လူတွေကို ဆွဲမထည့်ဖို့နှင့် ကလေးတွေပညာရေးကလည်းအရေးကြီးတော့ နောက်ကျမယ်။ အမှန်တရားပေါ်ပေါက်ဖို့ ပြည်သူနဲ့ပူးပေါင်းပါလို့ရဲကိုပြောတယ်လို့ ဆက်ပြောပါတယ်။ပြစ်ဒဏ်လျော့ပေါ့ပေးရန် ဆန္ဒပြ တောင်းဆိုမှု/ Matupi Times Olthang“ကျောင်းသားတွေလည်းပါတယ်ဆိုတော့ အရမ်းနာတာပေါ့။ ဖြစ်တဲ့ညမှာတော့ မပါပေမယ့် မျက်မြင်သက်သေ တွေပြောပြတာ။ ချင်းအမျိုးသားည ၁၁နာရီလောက်မှာ သဘာဝအတိုင်း နည်းနည်းမူးတဲ့ကလေးတွေ ကကြခုန် ကြတာကို ရဲတွေကထိန်းတယ်။ သေချာထိန်းတာမဟုတ်ဘဲ တခါထဲရိုက်တယ် သွေးတွေလည်းထွက်တယ် ကလေးတွေက လွန်တယ်ဆိုပြီးတော့ အချင်းချင်းရုန်းရင်းဆင်ခတ်ဖြစ်တဲ့ပြသနာဖြစ်တယ်။ ရဲတွေကလည်း ရာဘာကျည်ဆံသုံး ပြီးဖြစ်တော့ ကလေးတွေကိုပြစ်တယ် ကလေးတွေကလည်း ရဲကားကို ရိုက်ခွဲတာတွေ လုပ်တယ်။ နောက်နေ့မှာ ကလေးတွေကို ဘာမှအရေးယူမှုမလုပ်ပါဘူးဆိုပြီး ရဲတွေကစည်းရုံးပြီးတစ်ယောက် ပြီးတယောက်ဖမ်း၊ ပျက်တဲ့ကားကိုလည်းပြင်ခိုင်းပြီးပြီ အဆင်းပြေကြမယ်လို့ထင်ပေမယ့် အမိန့်ချလာတော့ ဒီလိုဖမ်းတာ စိတ်မကောင်းဘူး။ ကလေးတွေကလည်း ကျောင်းသားတွေပါ အရင်ကဆိုးဖူးတဲ့လူတွေလည်း မဟုတ်ပါဘူး။ ပြည်နယ်အစိုးရကိုလည်း လျော့ပေါ့ပေးဖို့နှင့်ဖြစ်နိုင်ရင် အားလုံးလွတ်ပေးဖို့ပေါ့နော်လို့” မတူပီ တိုင်းမ် အေဒီတာချုပ်ဦးဘူဖွဲ့က ချင်းလဲန်းပေါစ်ကို ပြောပါတယ်။ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကသူတို့ဆန္ဒပြတဲ့ နေ့မှာပဲ လာတိုင်ပင်တာလေးတွေရှိတယ်။ အမိန့်ချတယ်ဆိုပေမယ့်အယူခံခွင့်ရှိတယ်လေ။ လုပ်ထုံးလုပ်နည်း အရ အယူခံရင် ဒီဘက်က လုပ်ထုံးလုပ်နည်းအရဖြေလျော့နိုင်တဲ့ဟာတွေလုပ်လို့ရပါတယ်။ သူတို့လည်း ရှေ့နေနဲ့ဆိုတော့ သူတို့အယူခံတဲ့အပေါ် တရားသူကြီးက နည်းတယ်များတယ်ဆိုတဲ့ပေါ်မှာဖြေလျော့လို့ရ တယ်လို့ ပြောပါတယ်။မတူပီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်ကျော်မြင့်က ဒီကိစ္စကျနော်မရောက်သေးလို့မသိဘူးလို့ ချင်းလဲန်ပေါ့ကို ပြောပါတယ်။အမှုနှင့်ပတ်သက်ပြီးတော့ ကျနော်တို့ဘက်ကနေစခန်းမှူးနှင့်မြို့နယ်မှူးကိုညှိနှိုုင်းပြီး ပြည်နယ်တင်ပြီးဆိုတော့ ပြည်နယ်သွားပါဆိုပြီးသွားပါတယ်။ ပြည်နယ်ကို သွားညှိနှိုင်းပြီးတော့ လူမှုရေးနဲ့ပဲမတူပီမှာ ညှိနှုုိင်းကြပါဆိုပြီး ပျက်စီးတဲ့ကားကိုပြင်ပေး သူတို့ကိုလည်း ခဏခဏဆိုသလိုသွားတွေ့တယ် ဒါပေမယ့် အမှုလျှော့ပေါ့ခြင်းမရှိ သေးဘူး။ အခုလိုအခင်းဖြစ်ပွားသည့်အချိန်မှာ မဖမ်းဘဲရဲတွေက အမျိုးမျိုးနဲ့ပါတယ်ဆိုပြီး သက်သေထူပြီး မတရားမသကာင်္နဲ့ဖမ်းအမိန့်ချတာလုံးဝမမှန်ဘူး။ အခင်းမှာမပါတဲ့ အန်တီးသားကို ၆(၁)နဲ့မသင်္ကာနှင့် ဖမ်းတာမမှန်ဘူး မတရားဘူး။ ရဲတွေကသက်သေခံထူပြီး လုပ်တာတရားသလား။ တရားသူကြီးက ဆုံးဖြတ်တာလည်းသဘောမတူဘူး။ ရှေ့နေက မိသားစုဘက်သက်သေထွက်ဆိုရင်လည်းရတယ်ဆိုပေမယ့် တရားသူကြီးနှင့် ကလေးတွေအတွက် သက်သေထူရင်လည်းခိုင်လုံမှာ မဟုတ်ဘူးဆိုပြီး ပြောတယ်။ အစကတော့ မိဘများကရှေ့နေဦးငိုင်ဆတ်ကို ဌားဖို့စီစဉ်ပေမယ့် ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီက ကြီးကြီးကျယ်ကျယ်မဌားနဲ့ မတူပီဥပဒေရုံးက ဦးအွေနိန်းကိုပဲဌားပါ။ တရားသူကြီးက ကလေးတွေပဲ ပညာပေးသဘောလောက်နဲ့ (၁)လ၊ (၃)လ၊ (၆)လလောက်ပဲချမှာ အဆင်ပြေမယ်ဆိုပြီး ဦးအွေနိန်းကို ဌားတာဖြစ်ပါတယ်။ တစ်ခုခုငြင်းမယ်ဆို ရင်လည်း ရှေ့နေကနင်တို့ ဘာမှမငြင်းနဲ့ ရှေ့နေသိက္ခာကျတယ်ဆိုပြီး တစ်ခုမှမငြင်းပဲအခုလိုဖြစ်လာတာ။ အတယ်ဆိုရင် အန်တီသား သက်နိုင်ဦး (တက္ကသိုလ်မထမနှစ်)က ၂၀၁၈ခုနှစ်၊ဒီဇင်ဘာမှ ပခုက္ကူမှာကျောင်း တက်ရင်း လေဖြတ်ထားတာ။ ချင်းအမျိုးသားနေ့အထိက ကောင်းကောင်းလမ်းမလျောက်နိုင်သေးဘူး။ ချင်းအမျိုးသားနေ့ညတော့သွားပေ မယ့် အရမ်းအေးလို့ စောစောပြန်လာတာ။ ဒါကိုပါတယ်ဆိုပြီးဖမ်းသည့်အ ပေါ်သက်ဆိုင်ရာအစိုးရက ကလေးကျန်မာရေးနှင့် ပညာရေးအတွက် သက်ညှာပြီးပြန်လွှတ်ပေးစေချင်တယ် ကူညီပေးပါလို့ ဖမ်းဆီးခံထားသည့် သက်နိုင်ဦး အမေက ချင်းလဲန်ပို့စ်ကိုပြောသည်။ဒီကလေးတွေရဲ့အမှုဟာ အမျိုးသားရေးနှင့်ပတ်သက်တယ်ဆိုတော့ ဥပဒေအတိုင်းပဲဆုံးဖြတ်မယ်ဆိုပြီး တရားသူကြီးကပြောလို့ရှေ့နေကြပြောတယ်။ တရားသူကြီးက မိဘတွေမလာခိုင်းနဲ့ဆိုပြီး အမြဲပြောတော့ ရှေ့နေဦးအွေးနိန်း၊ ဦးပဲန်းဟုန်းကနေတဆင့် ဆက်သွယ်ကြတာများတယ်လို့ ဆက်ပြောသည်။ချင်းအမျိုုးသားနေ့ဖြစ်မြောက်ရေးကော်မတီတာဝန်ခံဦးပဲန်းဟုန်းက အယူခံဖို့ ဟားခါးကိုလာကြတယ်။ ၆လပဲဆိုပြီးပြောတော့ အခုလိုဖြစ်လာတော့မသိတော့ဘူး။ အမှန်ဆိုရင် မသင်္ကာနဲ့ပဲဖမ်းတာတွေရှိပါတယ်။ ကနော်တို့နေ့ထူးနေ့မြတ်မှာ ခုလိုကြာကြာပြသနာဖြစ်တာကောင်းလို့ ပြည်နယ်အထိလည်းသွားတယ်။ ကားလည်းပြင်ပေးပါဆိုလို့ပြင်ပေးတယ် ကိုယ့်ဘက်ကတော့ အကောင်းဆုံးကြိုးစားကြပါတယ်လို့ပြောတယ်။မတူပီချင်းအမျိုးသားနေ့ ၂၀၁၉ဖြစ်လာတဲ့အစကိုတော့ လူကြီးတွေနဲ့ရှေ့တန်းမှာထိုင်တဲ့အချိန်ဆိုတော့ ဘယ်လိုစလာသလဲဆိုတာတိတိကျကျ မသိရဘူး။ ဖြစ်မြောက်ရေးအနေနဲ့ မြို့နယ်၊ ပြည်နယ်ကိုလည်းသွားပြီး ပြည်နယ်ရဲမှူးကိုလည်းညှိနှုုိင်းတယ် လူမှုရေးနဲ့ပဲအဆင်ပြေမယ်ဆိုပြီး ပညာပေးအနေနဲ့ ၆လပဲဆိုတဲ့ဟာကို အခုလို ၄နှစ်ကျော်ပြစ်ဒဏ်ချမှတ်မှုကို တော့ တော်တော်လွန်တယ်၊ ပြောသလိုမဖြစ်လာတော့ စိတ်မကောင်းဘူး။ ပြီးရင် မသင်္ကာနဲ့မပါတဲ့ကလေးတွေ ကိုလည်းထောင်ချတာတော့ မဖြစ်သင့်ဘူးလို့ ချင်းအမျိုုးသားနေ့ဖြစ်မြောက်ရေးကော်မတီဝင် ဦးဟဲမ့်ဟောန်က ချင်းလဲန်ပေါ့စ် ကိုပြောတယ်။မတူပီ ချင်းလူငယ်အဖွဲ့ဝင်တစ်ယောက်က မတူပီ ချင်းအမျိုးသားနေ့သည် နှစ်တိုင်း တမူထူးခြားအောင် ကျင်းပရေးကော်မတီ၊ အရပ်ဖက်အဖွဲ့အစည်းတွေနှင့် သက်ဆိုင်ရာတွေပူးပေါင်းပြီးလုပ်ကြပါတယ်။ လူကြီးတချို့တွေကအမျိုးသားနေ့ကို သာမန်ပွဲကဲ့သို့ အရက်ဘီယာ၊ ဝိုင်၊ ခေါင်ရည်များဖြင့် အုပ်စုလိုက် လူကြီးလူငယ်မရွေး ဝိုင်းဖွဲ့ဂုဏ်ပြုနေကြသည်မှာ ရင်​​လေးစရာဖြစ်​သည်​။ ရဲနှင့်လူငယ်များ၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နှင့်လူငယ်တစ်စုများအချင်းချင်းရန်ဖြစ်တာကလည်း ပူးပေါင်းဆောင်ရွက်မှုအားနည်းတာရယ်၊ အရက်ကိုကြိုက်သလို ချင်းအမျိုးသားနေ့မှာ ရောင်းဝယ်သောက်စားခွင့်ပေးထားလို့ဖြစ်တယ်လို့ဆိုပါတယ်။ရှေ့နေဌားခအဖြစ် ပုဒ်မ၆(၁)အတွက် (၁၀)သိန်း၊ အမှု ၃၃၂၊ ၃၂၃၊ ၄၂၇၊ ၄၃ အတွက် (၂၅)သိန်းတောင်းပေမယ့် (၁၅)သိန်း စုစုပေါင်း (၂၅)သိန်းပေးခဲ့တယ်လို့ သိရတယ်။ နောက်ဆုံးပြစ်ဒဏ် ချမှတ်မည့်အချိန်တွင်လည်း ငွေမပေးနိုင်လို့ဥပဒေအတိုင်းအမိန့်ချမှတ်တော့မယ်ဆိုပြီး သူတို့ရှေ့နေက သတိပေးခဲ့ပေမယ့် ဘယ်လိုဆောင် ရွက်မှန်းမသိလို့ အခုလိုအမိန့်ချတာဖြစ်နိုင်တာလို့ ထောင်ချခံရသည့် မိသားစုတစ်ချို့က ချင်းလဲန်ပို့စ်ကို ပြောပါတယ်။ကားပြုပြင်ဖြင်းအတွက်(၁၇)သိန်းကုန်ကျခံရပြီး လူမှုရေးအရ ကြေ အေးရန် မတူပီမြို့နယ်ရဲတပ်ဖွဲ့မှူးကို (၅)သိန်း၊ စခန်းမှူးကို (၅)သိန်းစီဖြင့် တွေ့ဆုံကန်တော့ခဲ့ပေမယ့် ဘာမှမထူးလာဘူးလို့မိဘများက ပြောသည်။တရားစွဲဆိုခံရသူလူငယ် (၆)ဦးကို အခင်းဖြစ်ပွာချိန်တွင် လက်ပူးလက်ကြပ်ဖမ်းဆီးရမိခြင်းမဟုတ်ဘဲ နောက်နေ့တွင် မသကာင်္သူများနေအိမ်တို်င်းကို ရဲကိုယ်တိုင်တရားလိုသက်သေခံလုပ်ပြီး လက်လံဖမ်းဆီးနေရတယ်လို့ သိရသည်။ အပြစ်ကျုးလွန်ကြောင်း တရားခံသက်သေဘက်ကမထွက်ကြဘဲ ရဲတွေက တစ်ဖက်သတ်သူတို့ ကျူးလွန်ပါတယ်လို့ အတင်းထွက်ဆိုမှုကြောင့် အခင်းဖြစ်ပွားသည့်အချိန်မှာ မပါဝင်သည့်လူငယ်များဖမ်းဆီးနေ ကြတယ်လို့သိရသည်။တရားစွဲဆိုခံရသူလူငယ် (၆)ဦးကို ၂၀၁၉ခုနှစ် အများပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆(၁)အရ ထောင်ဒဏ် (၃)နှစ်စီ၊ ဝတ္တရားဆောင်ရွက်နေသည့်ပြည်သူ့ဝန်ထမ်းကို ထိခိုက်နာကျင်စေမှု ပုဒ်မ (၃၃၂)အတွက် ထောင်ဒဏ် (၁)နှစ်စီ၊ ပုဒ်မ (၃၂၃)သူတစ်ပါးအား နာကျင်စေမှုအတွက် ထောင်ဒဏ် (၃)လစီ၊ ပုဒ်မ (၄၂၇)သူတစ်ပါးအကျိုးဖျက်ဆီးမှုအတွက်ထောင်ဒဏ် (၃)လစီ တစ်ဦးလျင်စုစုပေါင်း (၄)နှစ် (၃)လစီကို အမှုဖွင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရတာဖြစ်ပါတယ်။ တရားခံပြေးအဖြစ် လုံတလင်းထန်း (၂၉)၊ ရိုဆန်း (၁၉)၊ စနေအောင် (၁၉) သတ်မှတ်ခံရပြီး စုံစမ်းနေတယ်လို့သိရသည်။Matupiချင်းအမျိုးသားနေ့အောင်ပွဲအခမ်းအနားမှာ နိုင်ငံကျော်အဆိုတော် Lဆိုင်းဇီ နဲ့၊ စိုင်းအောင်ထီးခမ်းတို့သီဆိုဖျော် ဖြေကြတဲ့စတိတ်စင်ပေါ်သို့ ပရိသတ်တစ်ဦး(အမည်မသိသေး)က၊ ခဲနဲ့ပစ်ပေါက်တာကို၊ လုံခြုံရေးတာဝန်ကျရဲ များရဲ့ဖြေရှင်းမှုဟာ အလွန်အကျွံအင်အားသုံးတယ်လို့ ချင်းလူငယ်ပရိသတ်များက ထင်မြင်ယူဆကြရာက တဆင့်ချင်းလူငယ်တွေနဲ့လုံခြုံရေးရဲဝန်ထမ်းတွေ တစ်ယောက်တစ်ပေါက်စီအမြင်မတူဖြစ်ပြီး၊ ရုန်းရင်းဆန်ခတ် ဖြစ်ပွားကြကြောင်းအခင်းဖြစ်ပွားခြင်းနဲ့ပတ်သက်ပြီး မတူပီတရားရုံးစီရင်ချက်မှာပါရှိတယ်လို့သိရသည်။မိဘတွေဘက်က ရှေ့နေဦးငိုင်ဆတ်ကို ပြန်လည်အကူအညီတောင်းခံထားပြီး လာမည့်နိုင်ဝင်ပါလ (၁၃)ရက် နေ့လောက်မှာ အယူခံတင်သွင်းမယ်လို့ကြားသိရတယ်။ မတူပီးချင်းအမျိုးသားနေ့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) မတူပီမြို့ ချင်းအမျုုိးသားနေ့ဖျော်ဖြေမှုအတွက် နိုင်ငံ့အဆိုတော် L စိုင်းရည်နှင့် စိုင်းထီးဆိုင် ညီ စိုင်းအောင်ထီးခမ်းတို့ ဖိတ်ခေါ်ထားတယ်လို့သိရှိရသည်။

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: