May 19, 2025

ဟားခါးတွင် ဖမ်းဆီးခံသူနှစ်ဦးလုံး ဘယ် CDF တပ်ဖွဲ့များနှင့် ပတ်သက်ခြင်းမရှိဟုဆို

0
Sairas le Myat Mon Thin

SAC nih Tlaihmi Sairas le Myat Mon Thin

The Chinland Post| March 12, 2022| ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ဟားခါးမြို့၌ CDF – Zophei နဲ့ ပတ်သက် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဆလိုင်းဆိုက်ရပ်စ်ငွန်မန်း (၂၁ နှစ်) နှင့် မမြတ်မွန်းသင်း (၁၉ နှစ်) တို့သည် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ၎င်းတို့ဆွေမျိုးနှင့် CDF – Zophei ထံမှ သိရသည်။

ရန်ကုန်နေ မမြတ်မွန်သင်းသည် သူဇာတိအိုင်ဘူးရ်ရွာမှ ရန်ကုန်ပြန်ရန် သူ့ဝမ်းကွဲတော် ဆလိုင်းဆိုက်ရပ်စ်မှ ဟားခါးမြို့ထိလိုက်ပို့စဉ် ဟားခါးစစ်ဆေးရေးဂိတ်တစ်ခုတွင် CDF နှင့် ပတ်သက်သည့် ဓာတ်ပုံများတွေ့ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့များ ထိန်းသိမ်းဖမ်းဆီးမှု ခံရခြင်းဖြစ်သည်။

“လူငယ်လူလပ်ပိုင်း အားလုံးကို စစ်သင်တန်းတက်ရမည် ဆိုတာရှိတယ်။ သူတို့လည်း CDF တိုက်တွန်းမှု မလွန်ဆန်နိုင်တာကြောင့် (၄)ရက် ကြာသင်တန်းတက်ကြတာတော့ရှိတယ်။ သင်တန်းပြီးတာနဲ့ CDF နှင့်ဘာပတ်သက်မှုမှ မလုပ်ကြဘူး။ ရွာမှာ လုပ်အားပေးပြီးတော့ ကလေးတွေ စာသင်ပေးတယ်။ ခုလိုဘာ CDF နဲ့မှပတ်သက်မှုမရှိဘဲ အဖမ်းခံရတော့ တောတောနစ်နာတယ်။ မြန်မြန် သူတို့လွှတ်နိုင်အောင် ဆုေတာင်းေပးနေပါတယ်” ဟု မမြတ်မွန်သင်း၏ အမက ရှင်းပြသည်။

CDF – Zophei တာဝန်ရှိသူများကလည်း ၎င်းတို့နှစ်ဦးသည် CDF အဖွဲ့ဝင်များ မဟုတ်သကဲ့သို့ ဘာပတ်သက်မှုမှ မရှိကြောင်း ပြောပြသည်။

“သူတို့နာမည်တောင် မကြားဖူးဘူး။ သူတို့ အဖမ်းခံမှ သတင်းတက်တော့ သိတယ်။ သင်တန်း တက်မတက်လည်း ကျနော်မသိဘူး။ လူငယ်တွေကို ဖမ်းချင်တိုင်း စစ်ကောင်စီ တပ်တွေက အမျိုးမျိုးစွပ်စွဲပြီးတော့ ဖမ်းတဲ့လူငယ်တွေ မနည်းတော့ဘူး။ စစ်ကောင်စီတို့၏ သပ်သပ်ညစ်ညမ်းမှုနှင့် လူငယ်တွေ CDF မှာ ပါဝင်ဖို့ ကြောက်လာအောင် အကွက်ဆင်နည်းတစ်မျိုးဘဲ ဆိုတာပြောချင်တယ်” ဟု CDF – Zophei မှ ပြောခွင့်ရ Salai Sangpi မှ ရှင်းပြသည်။

အဖမ်းခံ လူငယ်နှစ်ဦးသည် တစ်လကြာပြီဖြစ်သော်လည်း ယနေ့ချိန်ထိ လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *