May 17, 2025

ဟားခါးမြို့တွင် အိမ်မြေကွက် ဧက ၆၀၀ ကျော်တိုးချဲ့သွားမည်

0
Hakha innhmun

The Chinland Post| 2019 January 19| ချင်းပြည်နယ် အစိုးရ၏ စီမံကိန်းဖြင့် ဟားခါးမြို့တွင် အိမ်မြေကွက် ဧက ၆၀၀ ကျော်အား ထပ်တိုးချဲ့သွားရန် အစီအစဉ်ရှိသည်ဟု ကြားသိရသည်။

“ဟားခါးသည် အိမ်မြေကွက်မရှိသူ များပြားထပ်ထူနေကြောင့်ရယ် မြို့တော်ဖြစ်သည့်ဂုဏ်နှင့်အည်ီ ဧက ၆၇၆ အား အိမ်မြေကွက်အတွက် ထပ်မံတိုးချဲ့သွားမယ်။ နေရာကတော့  ကျောဘုတ်နှင့် ချင်းခရစ်ယာန်တက္ကသိုလ် (CCU)မှာဖြစ်ပြီး ဒီထပ်ချဲ့မည့်ဧက(၆၇၆) ကနေ အိမ်ခြေ ဘယ်လောက် ထွက်ရှိမလဲဆိုတာတော့ အတိအကျမသေချာသေးဘူး။ လာမည့် ၂၀၁၉ခုနှစ်မတ်လ လောက်မှာ ပြည်သူတွေဆီ ချပြသွားမှာဖြစ်တယ်။ မြို့ပြစီမံကိန်းရေးဆွဲပြီး အတွေ့အကြှုံရှိသူတွေက လေ့လာပြီး ကြည့်ရှုလေ့လာဆဲဖြစ်တယ်။ အိမ်မြေကွက် ပိုင်ဆိုင်မူမရှိသူနှင့် အိမ်ငှားများအား ဦးစားပေး စီမံသွားမှာ ဖြစ်တယ်။ ဒါပေမဲ့အိမ်မြေကွက်တွေကို ဘယ်လိုမျိုးနည်းဖြင့် ဆောင်ရွက်သွားမလဲဆိုတော့ ဆုံးဖြတ် ချက်ချတာမျိုး လောလောဆယ်မှာ မရှိသေးဘူးဟု ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မူလက်မူနှင့် စည်ပင်ဝန်ကြီး ဦးစိုးထက်မှ The Chinland Post သို့ ပြောကြားသည်။

ဒီဟားခါးမြို့ပြစီမံကိန်းဖြင့် အိမ်မြေကွက် ထပ်တိုးချဲ့မည့် အသုံးစရိတ်များအတွက် ချင်းပြည်နယ် အစိုးရမှ ကျပ်သိန်းပေါင်း (၂၇၀၀)ကျော် သုံးစွဲရန် လျာထားသည်။ သို့သော်လည်း အစိုးရ၏ ဘတ်ဂျက် တစ်ခုတည်းဖြင့် စီမံကိန်းပြီးစီးဖို့ရန် မလုံလောက်သောကြောင့် စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီများထံတွင် ခန့်မှန်းချေ ကျပ်သိန်း(၃၀၀၀) အကြွေးတင်မှာဖြစ်မည်ဟု အစိုးရတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

“အိမ်မြေကွက်ဖော်မည့်စီမံကိန်းမှာ လမ်း၊ တံတား၊ ကျောင်း နှင့်  အားကစားကွင်းစသည့် အခြေခံလို အပ်ချက်များကို အစိုးရကနေ ပံ့ပိုးရမှာဖြစ်တယ်။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရကနေ ဘတ်ဂျက်အကုန် မပံ့ပိုးပေးဘူး။ ဒီစီမံကိန်း အားလုံးပြီးဖို့တွက် ဘတ်ဂျက်က အရမ်းများတယ်။ ဒါကြောင့် ဒီအိမ်မြေကွက်တွေကို အစိုးရကနေ ကုန်ကျစရတ်ငြိမ်း ပေးဖို့က အဆင်မပြေဘူး။ မြေကွက် တစ်ကွက်အတွက် အနည်းဆုံး ၅ သိန်းကနေ ၁၀အထိလောက်တော့ ဈေးချပြီး ယူရမှာဖြစ်တယ်။ အဲဒီမှာလည်း မြေကွက်နေရာ အနေအထားအပေါ်မူတည်ပြီး ဈေးလည်းကွာသွားမယ်။ ဖြစ်နိုင်တာကတော့ သိန်း ၂၀ ကနေ သိန်း ၅၀လောက်တော့ ဖြစ်မယ်လို့ ခန့်မှန်းရသည်” ဟု ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *