အပိုင်း (၁ဝ) ဒီမိုကရေစီ ရဲ့ ဒုတိယ အခြေခံတရား – လွတ်လပ်ရေး

Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3|၁ဝ။ ဒီမိုကရေစီ ရဲ့ ဒုတိယ အခြေခံတရား – လွတ်လပ်ရေး

ဒီမိုကရေစီရဲ့ ဒုတိယ အခြေခံ သဘောတရားအရ ပြည်သူအားလုံး လွတ်လပ်မှု ရှိရမယ်တဲ့။ အဲဒါကို တချို့က အထင် လွဲမှားနေကြတယ်။ ဒီမိုကရေစီ စံနစ်အောက်မှာလည်းမနေခဲ့ကြဖူးတော့ ၊ ပြည်သူအားလုံး လွတ်လပ်မှု ရှိရမယ်ဆိုတော့ ၊ ဒီမိုကရေစီ ဆိုတာလွတ်လပ်တာပဲ၊ လုပ်ချင်တာ လုပ်လို့ရတယ် လို့ထင်နေတယ်။ အဲဒါ မဟုတ်ဘူး။

ဒီမိုကရေစီ်မှာ လုပ်ချင်တိုင်း လုပ်လို့ ကို မရဘူး။ ဘုရင်၊ ဝန်ကြီးချုပ်၊ သမ္မတနဲ့ပြည်သူအားလုံးကပါ ဥပဒေအောက်မှာ နေရတာ၊ ဥပဒေ ဘောင်ထဲမှာ နေရတာ၊ လုပ်ချင်တိုင်း လုပ်လို့မရဘူး။

တနည်းအားဖြင့်ဆိုရင် လွတ်လပ်မှု ဆိုတာကို ဘောင်ခတ်ပြီးတော့ ထားထားတာ။ဥပဒေရဲ့ ဘောင်ထဲမှာပဲ လွတ်လပ်တယ်။ ဥပဒေက သတ်မှတ် ပေးထားတဲ့ ဘောင်ရဲ့ အပြင်မှာလုပ်ချင်တိုင်း လုပ်လို့မရဘူး။

ဥပဒေရဲ့ အပြင်ဘက် ထွက်လာတာနဲ့ တခါတည်း ဥပဒေက ရိုက်ချလိုက်မှာပဲ။ အဲဒီတော့ လွတ်လပ်မှု ဆိုတာ ကလည်း ဘောင်ထဲမှာသာ လွတ်လပ်တာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ လွတ်လပ်တာဖြစ်တယ်။စည်းမဲ့ကမ်းမဲ့ လွတ်လပ်တာ မဟုတ်ဘူး။

ဒါကြောင့် လည်း စည်းကမ်း မရှိသောဒီမိုကရေစီဆိုတာ မရှိဘူး လို့စောစောပိုင်းကပြောခဲ့တာဖြစ်တယ်။တစ်ချိန်က အနောက်တိုင်းကို ရောက်လာတဲ့ လူတယောက်က ပြဿနာတွေ အများကြီးတက်ခဲ့တယ်။ ပုလိပ်နဲ့ လည်း ပြဿနာတက် အခွန်ရုံးနဲ့လည်း ပြဿနာတက်၊ သူ့မှာ ပြဿနာကပေါင်းစုံ။

ဒီတော့ ကျွန်တော်က မေးတယ်၊ ခင်ဗျားမှာက ပြဿနာတွေက တက်လှချေလားဆိုတော့ သူကဖြေတယ် ၊ ဒီမိုကရေစီ နိုင်ငံလေဗျာ၊ လုပ်ချင်တာ လုပ်လို့ရတယ် မဟုတ်လား။အဲဒီတော့မှ ကျွန်တော် ကပြောပြရတယ် ၊ ဘယ်ကလာ လုပ်ချင်တာအကုန် လုပ်လို့ရမှာတုန်း၊ ဒီမိုကရေစီနိုင်ငံမှာ လုပ်ချင်တာ လုပ်လို့ ကို မရဘူး။

ဒီနိုင်ငံမှာ ဥပဒေနဲ့ ဘောင်နဲ့ စည်းနဲ့ကမ်းနဲ့ နေရတာ၊ ခင်ဗျား လုပ်ချင်တိုင်းလုပ်မယ်ဆိုရင်တော့ မြန်မာပြည်ပြန်သွား၊ အာဏာရှင်နိုင်ငံမှာ အာဏာရှင်ကို ဆန့်ကျင်တာကလွဲလို့ ၊ တော်လှန်တာကလွဲလို့ ကြိုက်တာ လုပ်လို့ရတယ်။

ပိုက်ဆံရှိရင်ပြီးရော၊ ကိုယ့်မှာ လူကြီးတွေနဲ့ အဆက်အသွယ် ရှိရင်သော်လည်းကောင်း၊ အာဏာရှိတဲ့လူတွေနဲ့ ဆွေမျိုးတော်ရင် သော်လည်းကောင်း မိတ်ဆွေဖြစ်ရင်သော်လည်းကောင်း လုပ်ချင်တာ လုပ်လို့ရနိုင်တယ်။ ထောင်ကျ နေရင်တောင်မှ ငွေထိုးပြီးတော့ လူစားထိုးလို့ရတယ်၊ ပြန်ထုတ်ယူလို့ရတယ်။

ဒီမိုကရေစီနိုင်ငံမှာ လွတ်လပ်မှု ရှိရမယ်ဆိုတာက လူတယောက်ဟာ သူ့ဘာသာသူကြိုက်တဲ့ ပညာကို သင်ယူခွင့်ရှိရ မယ်၊ သူကြိုက်တဲ့ နေရာမှာ နေလို့ရမယ်၊ ခရီးသွားလာတဲ့အခါမှာလည်း အဟန့်အတားမရှိ စေရဘူး၊ သူပြောချင်တဲ့ အယူအဆ တွေကိုလည်း လွတ်လပ်စွာ ရေးသားနိုင်ရမယ် ပြောဆိုနိုင်ရမယ် စသဖြင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့် တွေးခေါ်ခွင့်၊ စသဖြင့် အဲဒီလို အကြောင်းတရားတွေ အခြေခံတရားတွေ အများကြီးရှိသေးတယ်။

ဥပမာ မိမိ နှစ်သက်ရာ နိုင်ငံရေးပါတီတခုခုကိုလွတ်လပ်စွာ ရွေးချယ် မဲပေးပိုင်ခွင့် စတာတွေ ရှိသေးတယ်။ ဒါတွေက လွတ်လပ်မှု ရှိရမယ်ဆိုတဲ့ အပိုင်းကို နောက်ပိုင်းမှာ အသေးစိတ်တွေ ထပ်လာဦးမယ်။ လောလော ဆယ်အားဖြင့် ပြည်သူအားလုံး လွတ်လပ်မှုရှိရမယ် ဆိုတဲ့ဟာက စည်းမဲ့ ကမ်းမဲ့ လွတ်လပ်ရမယ် လို့ ဆိုလိုတာမဟုတ်ဘူး။

ဒီမိုကရေစီမှာ စည်းကမ်းမရှိသော ဒီမိုကရေစီ ဆိုတာမရှိဘူး။ ဒီမိုကရေစီ ဆိုလိုက်တာနဲ့ စည်းကမ်း ဆိုတာရှိတယ်၊ ဥပဒေ ဆိုတာရှိတယ်။ အဲဒီတော့ ဒီမိုကရေစီ ဆိုကတည်းက စည်းနဲ့ ၊ကမ်းနဲ့ ၊ နေကြရရတယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ လွတ်လပ်မှု ဆိုတာလည်း စည်းနဲ့ ၊ကမ်းနဲ့၊ ဘောင်နဲ့ ရှိတယ်ဆိုတာ ကို အလေးအနက် နားလည်ထားဖို့လိုပါတယ်။

ဆက်ရန်
အခန်း၁၁။ အာဏာရှင်စနစ် နဲ့ ဒီမိုကရေစီ

 

=========

Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3|၁ဝ။ ဒီမိုကေရစီ ရဲ႕ ဒုတိယ အေျခခံတရား – လြတ္လပ္ေရး

ဒီမိုကေရစီရဲ႕ ဒုတိယ အေျခခံ သေဘာတရားအရ ျပည္သူအားလုံး လြတ္လပ္မႈ ရွိရမယ္တဲ့။ အဲဒါကို တခ်ိဳ႕က အထင္ လြဲမွားေနၾကတယ္။ ဒီမိုကေရစီ စံနစ္ေအာက္မွာလည္းမေနခဲ့ၾကဖူးေတာ့ ၊ ျပည္သူအားလုံး လြတ္လပ္မႈ ရွိရမယ္ဆိုေတာ့ ၊ ဒီမိုကေရစီ ဆိုတာလြတ္လပ္တာပဲ၊ လုပ္ခ်င္တာ လုပ္လို႔ရတယ္ လို႔ထင္ေနတယ္။ အဲဒါ မဟုတ္ဘူး။

ဒီမိုကေရစီ္မွာ လုပ္ခ်င္တိုင္း လုပ္လို႔ ကို မရဘူး။ ဘုရင္၊ ဝန္ႀကီးခ်ဳပ္၊ သမၼတနဲ႔ျပည္သူအားလုံးကပါ ဥပေဒေအာက္မွာ ေနရတာ၊ ဥပေဒ ေဘာင္ထဲမွာ ေနရတာ၊ လုပ္ခ်င္တိုင္း လုပ္လို႔မရဘူး။

တနည္းအားျဖင့္ဆိုရင္ လြတ္လပ္မႈ ဆိုတာကို ေဘာင္ခတ္ၿပီးေတာ့ ထားထားတာ။ဥပေဒရဲ႕ ေဘာင္ထဲမွာပဲ လြတ္လပ္တယ္။ ဥပေဒက သတ္မွတ္ ေပးထားတဲ့ ေဘာင္ရဲ႕ အျပင္မွာလုပ္ခ်င္တိုင္း လုပ္လို႔မရဘူး။

ဥပေဒရဲ႕ အျပင္ဘက္ ထြက္လာတာနဲ႔ တခါတည္း ဥပေဒက ႐ိုက္ခ်လိုက္မွာပဲ။ အဲဒီေတာ့ လြတ္လပ္မႈ ဆိုတာ ကလည္း ေဘာင္ထဲမွာသာ လြတ္လပ္တာ ျဖစ္တယ္။ စည္းနဲ႔ကမ္းနဲ႔ လြတ္လပ္တာျဖစ္တယ္။စည္းမဲ့ကမ္းမဲ့ လြတ္လပ္တာ မဟုတ္ဘူး။

ဒါေၾကာင့္ လည္း စည္းကမ္း မရွိေသာဒီမိုကေရစီဆိုတာ မရွိဘူး လို႔ေစာေစာပိုင္းကေျပာခဲ့တာျဖစ္တယ္။တစ္ခ်ိန္က အေနာက္တိုင္းကို ေရာက္လာတဲ့ လူတေယာက္က ျပႆနာေတြ အမ်ားႀကီးတက္ခဲ့တယ္။ ပုလိပ္နဲ႔ လည္း ျပႆနာတက္ အခြန္႐ုံးနဲ႔လည္း ျပႆနာတက္၊ သူ႔မွာ ျပႆနာကေပါင္းစုံ။

ဒီေတာ့ ကြၽန္ေတာ္က ေမးတယ္၊ ခင္ဗ်ားမွာက ျပႆနာေတြက တက္လွေခ်လားဆိုေတာ့ သူကေျဖတယ္ ၊ ဒီမိုကေရစီ ႏိုင္ငံေလဗ်ာ၊ လုပ္ခ်င္တာ လုပ္လို႔ရတယ္ မဟုတ္လား။အဲဒီေတာ့မွ ကြၽန္ေတာ္ ကေျပာျပရတယ္ ၊ ဘယ္ကလာ လုပ္ခ်င္တာအကုန္ လုပ္လို႔ရမွာတုန္း၊ ဒီမိုကေရစီႏိုင္ငံမွာ လုပ္ခ်င္တာ လုပ္လို႔ ကို မရဘူး။

ဒီႏိုင္ငံမွာ ဥပေဒနဲ႔ ေဘာင္နဲ႔ စည္းနဲ႔ကမ္းနဲ႔ ေနရတာ၊ ခင္ဗ်ား လုပ္ခ်င္တိုင္းလုပ္မယ္ဆိုရင္ေတာ့ ျမန္မာျပည္ျပန္သြား၊ အာဏာရွင္ႏိုင္ငံမွာ အာဏာရွင္ကို ဆန႔္က်င္တာကလြဲလို႔ ၊ ေတာ္လွန္တာကလြဲလို႔ ႀကိဳက္တာ လုပ္လို႔ရတယ္။

ပိုက္ဆံရွိရင္ၿပီးေရာ၊ ကိုယ့္မွာ လူႀကီးေတြနဲ႔ အဆက္အသြယ္ ရွိရင္ေသာ္လည္းေကာင္း၊ အာဏာရွိတဲ့လူေတြနဲ႔ ေဆြမ်ိဳးေတာ္ရင္ ေသာ္လည္းေကာင္း မိတ္ေဆြျဖစ္ရင္ေသာ္လည္းေကာင္း လုပ္ခ်င္တာ လုပ္လို႔ရႏိုင္တယ္။ ေထာင္က် ေနရင္ေတာင္မွ ေငြထိုးၿပီးေတာ့ လူစားထိုးလို႔ရတယ္၊ ျပန္ထုတ္ယူလို႔ရတယ္။

ဒီမိုကေရစီႏိုင္ငံမွာ လြတ္လပ္မႈ ရွိရမယ္ဆိုတာက လူတေယာက္ဟာ သူ႔ဘာသာသူႀကိဳက္တဲ့ ပညာကို သင္ယူခြင့္ရွိရ မယ္၊ သူႀကိဳက္တဲ့ ေနရာမွာ ေနလို႔ရမယ္၊ ခရီးသြားလာတဲ့အခါမွာလည္း အဟန႔္အတားမရွိ ေစရဘူး၊ သူေျပာခ်င္တဲ့ အယူအဆ ေတြကိုလည္း လြတ္လပ္စြာ ေရးသားႏိုင္ရမယ္ ေျပာဆိုႏိုင္ရမယ္ စသျဖင့္၊ လြတ္လပ္စြာ ေျပာဆိုခြင့္ ေရးသားခြင့္ ေတြးေခၚခြင့္၊ စသျဖင့္ အဲဒီလို အေၾကာင္းတရားေတြ အေျခခံတရားေတြ အမ်ားႀကီးရွိေသးတယ္။

ဥပမာ မိမိ ႏွစ္သက္ရာ ႏိုင္ငံေရးပါတီတခုခုကိုလြတ္လပ္စြာ ေ႐ြးခ်ယ္ မဲေပးပိုင္ခြင့္ စတာေတြ ရွိေသးတယ္။ ဒါေတြက လြတ္လပ္မႈ ရွိရမယ္ဆိုတဲ့ အပိုင္းကို ေနာက္ပိုင္းမွာ အေသးစိတ္ေတြ ထပ္လာဦးမယ္။ ေလာေလာ ဆယ္အားျဖင့္ ျပည္သူအားလုံး လြတ္လပ္မႈရွိရမယ္ ဆိုတဲ့ဟာက စည္းမဲ့ ကမ္းမဲ့ လြတ္လပ္ရမယ္ လို႔ ဆိုလိုတာမဟုတ္ဘူး။

ဒီမိုကေရစီမွာ စည္းကမ္းမရွိေသာ ဒီမိုကေရစီ ဆိုတာမရွိဘူး။ ဒီမိုကေရစီ ဆိုလိုက္တာနဲ႔ စည္းကမ္း ဆိုတာရွိတယ္၊ ဥပေဒ ဆိုတာရွိတယ္။ အဲဒီေတာ့ ဒီမိုကေရစီ ဆိုကတည္းက စည္းနဲ႔ ၊ကမ္းနဲ႔ ၊ ေနၾကရရတယ္ ဆိုတဲ့ အဓိပၸါယ္ပါပဲ။ လြတ္လပ္မႈ ဆိုတာလည္း စည္းနဲ႔ ၊ကမ္းနဲ႔၊ ေဘာင္နဲ႔ ရွိတယ္ဆိုတာ ကို အေလးအနက္ နားလည္ထားဖို႔လိုပါတယ္။

 

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: