May 19, 2025
အပိုင်း (၁၃) ဒီမိုကရေစီ မွေးဖွားရာ သမိုင်းဝင်အေသင်မြို့ ၏ အစိတ်အပိုင်းများ
0
part 13
Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3|၁၃။ ဒီမိုကရေစီ မွေးဖွားရာ သမိုင်းဝင်အေသင်မြို့ ၏ အစိတ်အပိုင်းများ
ပုံတွေကတော့ ဒီမိုကရေစီ စတင်မွေးဖွားခဲ့တဲ့ ဂရိနိုင်ငံအေသင်မြို့က အကြွင်းအကျန် အဆောက် အဦး တွေ ဖြစ်တယ်။ သမိုင်းဝင်အဆောက်အဦး
နေရာလေးတွေပေါ့။
ပုံ(၁) ကတော့ ဂရိနိုင်ငံ၊အေသင်မြို့မှာ ဒီမိုကရေစီ စတင် ကျင့်သုံးခဲ့တဲ့အခါမှာ အေသင်မြို့သူမြိုု့သားတွေ စုရုံးခဲ့တဲ့ မြို့လယ်ခေါင်နေရာကလေး
ပေါ့။
ပုံ(၂) တော့ ပါသီနွန် လို့ခေါ်တယ်။ ဒီအဆောက်အဦး က အေသင်မြို့ရဲ့ ဒီမိုကရေစီ အထွတ်အထိပ် ရောက်နေတဲ့ ကာလမှာ တည်ဆောက် ခဲ့တာ ဖြစ်တဲ့အတွက် ကမ္ဘာ့ဗိသုကာ သမိုင်းမှာ အင်မတန်မှ အရေးကြီးတဲ့အစိတ်အပိုင်း တခုဖြစ်တယ်။
နတ်ကွန်း အနေနဲ့ တည်ဆောက် ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ဘဏ္ဍာတိုက် အနေနဲ့လည်း အသုံးပြုတယ်။ နောက်ပြီးတော့သမိုင်း
ကြောင်းအရ စစ်ဒဏ်တွေ၊ လေဒဏ်တွေ မိုးဒဏ်တွေ၊ ရာသီဥတုဒဏ်တွေ ခံရပြီးတော့ အကြွင်းအကျန် ပစ္စည်းက ခုချိန်မှာ အင်မတန်မှ တန်ဖိုးထား
ကြတဲ့ ဗိသုကာပစ္စည်း တခုဖြစ်တယ်။ အနောက်တိုင်း ဒီမိုကရေစီ တိုင်းပြည်တွေ ထူထောင်လာတဲ့ အခါမှာလည်း ဒီအဆောက်အဦးရဲ့ ပုံသဏ္ဍာန်
ကို တနည်းတဖုံ အတုခိုးပြီး၊ အတုယူ ပြီးသော်လည်းကောင်း၊ ပုံတူ ကူး ပြီးသော်လည်းကောင်း၊ ဒီဇိုင်းတွေ ရေးဆွဲပြီးတော့ နိုင်ငံရေး အဆောက်
အအုံတွေ ၊ ဘဏ်တိုက်တွေ ဆောက်ကြတာကို ကျွန်တော်တို့ တွေ့ရတယ်။
ဆက်ရန်။
အခန်း ၁၄။ USA တွင် ပြန်လည်တည်ဆောက်ထားသော ပါသီနွန်
နေရာလေးတွေပေါ့။
ပုံ(၁) ကတော့ ဂရိနိုင်ငံ၊အေသင်မြို့မှာ ဒီမိုကရေစီ စတင် ကျင့်သုံးခဲ့တဲ့အခါမှာ အေသင်မြို့သူမြို့သားတွေ စုရုံးခဲ့တဲ့ မြို့လယ်ခေါင်နေရာကလေး
ပေါ့။
ဆက်ရန်။
Leave a Reply
Your email address will not be published. Required fields are marked *