July 10, 2025
အပိုင်း ၂။ တော်လှန်သောအတွေးအခေါ်အစ
Part 2 Vansangva
Salai Kipp Kho Lian| TCP-Hakha| September 22, 2020|၂။ တော်လှန်သောအတွေးအခေါ်အစ
ကမ္ဘာ့သမိုင်းမှတ်တမ်းတွေအရ ဂရိနိုင်ငံ အေသင်မြို့သားတွေဟာ ဒီမိုကရေစီကို ဘီစီ ၅ဝ၈ မှာ စတင်အကောင်အထည် ဖော်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီဆိုရာမှာ အခြေခံ အကြောင်းတရား(၃)ရပ်ရှိတယ်။
(၁) ပြည်သူအားလုံး (ဥပဒေအောက်မှာ) တန်းတူညီမျှမှု ရှိစေရမယ်။
(၂) ပြည်သူအားလုံး (ဥပဒေအောက်မှာ) လွတ်လပ်မှုရှိရမယ်။
(၃) အဲဒီတန်းတူညီမျှမှု၊ လွတ်လပ်မှုတွေကို အာမခံထားတဲ့ အခြေခံဥပဒေဆိုတာရှိရမယ်။
ဒီလိုဆိုတော့ ပြည်သူလူထုဟာ အခြေခံအားဖြင့် တရားဥပဒေရဲ့ ရှေ့မှောက်မှာ တန်းတူ ညီမျှမှုရကြမယ်၊ တိုင်းပြည်ရဲ့အာဏာကိုလည်း တန်းတူညီမျှ ခွဲဝေခံစားကြရမယ်။ တရားမျှတမှု ရှိရမယ်။ သူတို့ရဲ့ လွတ်လပ်မှု၊ သူတို့ရဲ့ တန်းတူညီမျှမှုကိုလည်း တရားဥပဒေနဲ့ အာမခံထားရမယ် ဆိုတဲ့ဟာပဲ။
အရင်တုန်းက ဒီမိုကရေစီခေတ်မပေါ်ခင်မှာ ရှိခဲ့တဲ့ အာဏာရှင်ဘုရင်စနစ်တွေက လမ်းခွဲလိုက်တာဖြစ်တယ်။ အဲဒီတော့ ဒီမိုကရေစီဆိုတဲ့ဟာကလည်း တော်လှန်သော အတွေးအခေါ် တစ်ရပ်ဖြစ်တယ်။
ဆက်ရန်။
Zawgyi Version
ဆက်ရန်။
ဆက်ရန်
အခန်း၃။ တော်လှန်သောအတွေးအခေါ်၏ အခြေခံတရား – အခြေခံဥပဒေ
About The Author
Leave a Reply
Your email address will not be published. Required fields are marked *