အပိုင်း (၃) တော်လှန်သောအတွေးအခေါ်၏ တတိယအခြေခံတရား

0

Salai Kipp Kho Lian| TCP-Hakha| September 23, 2020|၃။ တော်လှန်သောအတွေးအခေါ်၏ တတိယအခြေခံတရား
ဒီနေရာမှာ ဒီမိုကရေစီရဲ့ တတိယအခြေခံတရားဖြစ်တဲ့ အခြေခံစည်းမျဉ်းဥပဒေဆိုတဲ့ဟာကို အထူးပြုပြီးတော့ ပြောချင်ပါတယ်။ ဒီမိုကရေစီလို့ ပြောတဲ့နေရာမှာ ပါးစပ်ကပြောရုံလောက်နဲ့ မရဘူး။ ဒီမိုကရေစီစနစ်အောက်မှာ တရားဥပဒေစိုးမိုးရမယ်ဆိုတဲ့ အချက်ရှိတယ်။

တရားဥပဒေအောက်မှာ အားလုံးတန်းတူညီမျှရမယ်ဆိုတဲ့ ခံယူချက်လည်းရှိတယ်။ ဒီတရားဥပဒေဆိုတာ မရှိဘဲနဲ့ အဲဒီအောက်မှာ တန်းတူညီမျှမှုတွေ၊ လွတ်လပ်မှုတွေဆိုတာ ဘယ်လိုမှ အာမမခံနိုင်ဘူး။

အဲဒီတော့ ဒီတရားဥပဒေဆိုတာ အပေါ်ဆုံးမှာ ရှိရတယ်။ အဲဒီအောက်မှာ ဘုရင်ရော၊ မင်းမျိုးမင်းနွယ်တွေရော အကုန်လုံး၊ အစိုးရရော၊ သမ္မတရော၊ ဝန်ကြီးချုပ်ရော အကုန်လုံး ရှိတဲ့အခါမှသာ ဒီမိုကရေစီရှင်သန်တယ်လို့ ဆိုနိုင်ပါတယ်။

ဘုရင်လို့ ဆိုလိုက်တာနဲ့ ဒီအာဏာရှင် စနစ်နဲ့ ဒီမိုကရေစီစနစ် ဘယ်လိုလုပ်ပြီး ရောထွေးသွားတာလဲလို့ တချို့က မေးချင်မေးမယ်။ စည်းမျဉ်းခံဘုရင်စနစ်ဆိုတာ ရှိတယ်။ ဆိုလိုတာက ဒီမိုကရေစီစနစ် မကူးပြောင်းခင်မှာသော်လည်းကောင်း၊ ကူးပြောင်းပြီး နိုင်ငံတွေမှာသော်လည်းကောင်း၊ ဒီဘုရင့်အာဏာတွေကို ထိန်းချုပ်၊ ကန့်သတ်ပြီးတော့ ဥပဒေအောက်မှာ ထားတာတွေလည်း ရှိတတ်ပါတယ်။ စည်းမျဉ်းခံဘုရင် စနစ်ဆိုတာပေါ့။
အဲဒါကြောင့် ဒီဥပဒေအောက်မှာ အားလုံးတန်းတူညီမျှတယ်ဆိုတဲ့အကြောင်း ဥပမာတစ်ခု ပြောပြပါမယ်။

တစ်ချိန်တုန်းက လေယာဉ်ပျံတစ်စင်းက လန်ဒန်ကနေ ပျံတက်မယ်လုပ်တဲ့အခါမှာ ပိုင်းလော့က ဘာကိုသွားသတိထားမိသလဲဆိုတော့ သူ့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ အနှောင့် အယှက်ဖြစ်နေတာကို တွေ့တယ်။ ဒီတော့ လေယာဉ်မယ်ကို ခေါ်ပြောတယ်။ ဒီလေယာဉ်ပျံပေါ်မှာ တစ်ယောက်ယောက်က လက်ကိုင်ဖုန်း သုံးနေတယ်။အနှောင့်အယှက် ဖြစ်နေတယ်၊ သွားပိတ်ခိုင်းလိုက်ပါ။ ဒါ ဥပဒေအရခွင့်မပြုဘူး။ ဆိုတော့ လေယာဉ်မယ်က သွားပြောဖို့လုပ်တဲ့အခါကျတော့ အဲဒီလူက ဝန်ကြီးချုပ် တိုနီဘလဲယား ဖြစ်နေတယ်။ တိုနီဘလဲယားကိုယ်တိုင်ကလည်း ဘုရင်မကြီးနဲ့ စကားပြောနေတာဖြစ်တယ်။ အဲဒီတော့ လေယာဉ်မယ်က ပိုင်းလော့ကိုပြန်ပြောတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဘုရင်မကြီးနဲ့ စကား ပြောနေတယ်ဆိုပြီး ပြောလိုက်တယ်။ အဲဒီတော့ ပိုင်းလော့က မလိုချင်ဘူးတဲ့။ ဥပဒေဆိုတာ ဥပဒေပဲ ဘယ်သူမှမပြောရဘူး။ လေယာဉ်ပျံပေါ်မှာ လုံးဝသုံးခွင့်မပြုဘူးဆိုတော့ ပြန်ပြီးတော့ ပိတ်ခိုင်းရတယ်။

တရားဥပဒေဆိုတာ ဘုရင်ရော၊ ဘုရင်မရော၊ သမ္မတရော၊ ဝန်ကြီးချုပ်ရော အားလုံးက လိုက်နာရတယ်။ တရားဥပဒေရဲ့အောက်မှာ တပြေးညီတစ်တန်းတည်း ဥပဒေကို ညီတူညီမျှ လိုက်နာကြရမယ်။ ဥပဒေအရ ပေးထားတဲ့ အခွင့်အရေးတွေကိုလည်း ညီတူမျှတူ ခံစားကြရမယ် ဆိုတဲ့သဘောပဲ။ ဒါကြောင့် ဒီအခြေခံဥပဒေကိုမသိရင်၊ နားမလည်ရင် ဒီမိုကရေစီကို ကောင်းကောင်းနားမလည်သေးတာပဲ။

ဒီတော့ ဒီမိုကရေစီလို့ ဘယ်လောက်ပဲအော်အော်၊ ဒီမိုကရေစီကို ဘယ်လောက်ပဲလိုချင်လိုချင်၊ ဒီမိုကရေစီနိုင်ငံကြီး ဘယ်လောက်ပဲထူထောင်ပါပြီလို့ပြောပြော၊ အခြေခံ ဥပဒေကို ပိုင်ပိုင်နိုင်နိုင် မရေးဆွဲနိုင်လို့ရှိရင် အာဏာရှင်စနစ်ဆိုတာ ပြန်ပေါ်လာဦးမှာပဲ။ ဒီတော့ အစိုးရမင်းလုပ်နေတဲ့ သမ္မတတွေ၊ မှူးကြီးမတ်ရာတွေက ဒီဥပဒေကို မလိုက်နာဘဲ ဥပဒေကို ချိုးဖောက်ပြီး အုပ်ချုပ်နေရင်လည်း တဖြည်းဖြည်းနဲ့ အာဏာရှင်စနစ်ကို ကူးပြောင်းသွားမှာဖြစ်တယ်။

ဒီအခြေခံဥပဒေဆိုတာဟာ ဘာလဲဆိုတာကို ကျွန်တော်တို့ အလေးအနက်ထားပြီးတော့ ပြောဖို့လိုတယ်၊ သိဖို့လည်းလိုတယ်၊ လေ့လာဖို့လည်းလိုတယ်။ တစ်နည်းအားဖြင့် အခြေခံဥပဒေ ဆိုတာကလည်း ပြည်သူတွေကိုယ်တိုင် ရေးဆွဲပြီး ပြည်သူတွေကိုယ်တိုင်က သဘောတူထားတဲ့ အခြေခံဥပဒေဖြစ်တယ်။ တစ်နည်းအားဖြင့် ပြည်သူတွေကိုယ်တိုင်က သူတို့ကိုအုပ်ချုပ်မယ့် အစိုးရ ကို ဘယ်လိုရွေးချယ်မယ်၊ ဘယ်လိုအစိုးရကို လိုချင်တယ်ဆိုတဲ့ဟာကို ရေးဆွဲထားတာဖြစ်ပြီး တော့ အုပ်ချုပ်မယ့်အစိုးရနဲ့ အုပ်ချုပ်ခံရမယ့် ပြည်သူကြားထဲမှာ စာချုပ်ချုပ်ဆိုထားတာဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုရဲ့ အခြေခံဥပဒေလို့ အတိုအားဖြင့် ခေါ်ကြတာဖြစ်တယ်။

Zawgyi Version

Salai Kipp Kho Lian| TCP-Hakha| September 22, 2020|၃။ ေတာ္လွန္ေသာအေတြးအေခၚ၏ တတိယအေျခခံတရား
ဒီေနရာမွာ ဒီမိုကေရစီရဲ႕ တတိယအေျခခံတရားျဖစ္တဲ့ အေျခခံစည္းမ်ဥ္းဥပေဒဆိုတဲ့ဟာကို အထူးျပဳၿပီးေတာ့ ေျပာခ်င္ပါတယ္။ ဒီမိုကေရစီလို႔ ေျပာတဲ့ေနရာမွာ ပါးစပ္ကေျပာ႐ုံေလာက္နဲ႔ မရဘူး။ ဒီမိုကေရစီစနစ္ေအာက္မွာ တရားဥပေဒစိုးမိုးရမယ္ဆိုတဲ့ အခ်က္ရွိတယ္။

တရားဥပေဒေအာက္မွာ အားလုံးတန္းတူညီမွ်ရမယ္ဆိုတဲ့ ခံယူခ်က္လည္းရွိတယ္။ ဒီတရားဥပေဒဆိုတာ မရွိဘဲနဲ႔ အဲဒီေအာက္မွာ တန္းတူညီမွ်မႈေတြ၊ လြတ္လပ္မႈေတြဆိုတာ ဘယ္လိုမွ အာမမခံႏိုင္ဘူး။

အဲဒီေတာ့ ဒီတရားဥပေဒဆိုတာ အေပၚဆုံးမွာ ရွိရတယ္။ အဲဒီေအာက္မွာ ဘုရင္ေရာ၊ မင္းမ်ိဳးမင္းႏြယ္ေတြေရာ အကုန္လုံး၊ အစိုးရေရာ၊ သမၼတေရာ၊ ဝန္ႀကီးခ်ဳပ္ေရာ အကုန္လုံး ရွိတဲ့အခါမွသာ ဒီမိုကေရစီရွင္သန္တယ္လို႔ ဆိုႏိုင္ပါတယ္။

ဘုရင္လို႔ ဆိုလိုက္တာနဲ႔ ဒီအာဏာရွင္ စနစ္နဲ႔ ဒီမိုကေရစီစနစ္ ဘယ္လိုလုပ္ၿပီး ေရာေထြးသြားတာလဲလို႔ တခ်ိဳ႕က ေမးခ်င္ေမးမယ္။ စည္းမ်ဥ္းခံဘုရင္စနစ္ဆိုတာ ရွိတယ္။ ဆိုလိုတာက ဒီမိုကေရစီစနစ္ မကူးေျပာင္းခင္မွာေသာ္လည္းေကာင္း၊ ကူးေျပာင္းၿပီး ႏိုင္ငံေတြမွာေသာ္လည္းေကာင္း၊ ဒီဘုရင့္အာဏာေတြကို ထိန္းခ်ဳပ္၊ ကန႔္သတ္ၿပီးေတာ့ ဥပေဒေအာက္မွာ ထားတာေတြလည္း ရွိတတ္ပါတယ္။ စည္းမ်ဥ္းခံဘုရင္ စနစ္ဆိုတာေပါ့။
အဲဒါေၾကာင့္ ဒီဥပေဒေအာက္မွာ အားလုံးတန္းတူညီမွ်တယ္ဆိုတဲ့အေၾကာင္း ဥပမာတစ္ခု ေျပာျပပါမယ္။

တစ္ခ်ိန္တုန္းက ေလယာဥ္ပ်ံတစ္စင္းက လန္ဒန္ကေန ပ်ံတက္မယ္လုပ္တဲ့အခါမွာ ပိုင္းေလာ့က ဘာကိုသြားသတိထားမိသလဲဆိုေတာ့ သူ႔ရဲ႕ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ အေႏွာင့္ အယွက္ျဖစ္ေနတာကို ေတြ႕တယ္။ ဒီေတာ့ ေလယာဥ္မယ္ကို ေခၚေျပာတယ္။ ဒီေလယာဥ္ပ်ံေပၚမွာ တစ္ေယာက္ေယာက္က လက္ကိုင္ဖုန္း သုံးေနတယ္။အေႏွာင့္အယွက္ ျဖစ္ေနတယ္၊ သြားပိတ္ခိုင္းလိုက္ပါ။ ဒါ ဥပေဒအရခြင့္မျပဳဘူး။ ဆိုေတာ့ ေလယာဥ္မယ္က သြားေျပာဖို႔လုပ္တဲ့အခါက်ေတာ့ အဲဒီလူက ဝန္ႀကီးခ်ဳပ္ တိုနီဘလဲယား ျဖစ္ေနတယ္။ တိုနီဘလဲယားကိုယ္တိုင္ကလည္း ဘုရင္မႀကီးနဲ႔ စကားေျပာေနတာျဖစ္တယ္။ အဲဒီေတာ့ ေလယာဥ္မယ္က ပိုင္းေလာ့ကိုျပန္ေျပာတယ္။ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ဘုရင္မႀကီးနဲ႔ စကား ေျပာေနတယ္ဆိုၿပီး ေျပာလိုက္တယ္။ အဲဒီေတာ့ ပိုင္းေလာ့က မလိုခ်င္ဘူးတဲ့။ ဥပေဒဆိုတာ ဥပေဒပဲ ဘယ္သူမွမေျပာရဘူး။ ေလယာဥ္ပ်ံေပၚမွာ လုံးဝသုံးခြင့္မျပဳဘူးဆိုေတာ့ ျပန္ၿပီးေတာ့ ပိတ္ခိုင္းရတယ္။

တရားဥပေဒဆိုတာ ဘုရင္ေရာ၊ ဘုရင္မေရာ၊ သမၼတေရာ၊ ဝန္ႀကီးခ်ဳပ္ေရာ အားလုံးက လိုက္နာရတယ္။ တရားဥပေဒရဲ႕ေအာက္မွာ တေျပးညီတစ္တန္းတည္း ဥပေဒကို ညီတူညီမွ် လိုက္နာၾကရမယ္။ ဥပေဒအရ ေပးထားတဲ့ အခြင့္အေရးေတြကိုလည္း ညီတူမွ်တူ ခံစားၾကရမယ္ ဆိုတဲ့သေဘာပဲ။ ဒါေၾကာင့္ ဒီအေျခခံဥပေဒကိုမသိရင္၊ နားမလည္ရင္ ဒီမိုကေရစီကို ေကာင္းေကာင္းနားမလည္ေသးတာပဲ။

ဒီေတာ့ ဒီမိုကေရစီလို႔ ဘယ္ေလာက္ပဲေအာ္ေအာ္၊ ဒီမိုကေရစီကို ဘယ္ေလာက္ပဲလိုခ်င္လိုခ်င္၊ ဒီမိုကေရစီႏိုင္ငံႀကီး ဘယ္ေလာက္ပဲထူေထာင္ပါၿပီလို႔ေျပာေျပာ၊ အေျခခံ ဥပေဒကို ပိုင္ပိုင္ႏိုင္ႏိုင္ မေရးဆြဲႏိုင္လို႔ရွိရင္ အာဏာရွင္စနစ္ဆိုတာ ျပန္ေပၚလာဦးမွာပဲ။ ဒီေတာ့ အစိုးရမင္းလုပ္ေနတဲ့ သမၼတေတြ၊ မႉးႀကီးမတ္ရာေတြက ဒီဥပေဒကို မလိုက္နာဘဲ ဥပေဒကို ခ်ိဳးေဖာက္ၿပီး အုပ္ခ်ဳပ္ေနရင္လည္း တျဖည္းျဖည္းနဲ႔ အာဏာရွင္စနစ္ကို ကူးေျပာင္းသြားမွာျဖစ္တယ္။

ဒီအေျခခံဥပေဒဆိုတာဟာ ဘာလဲဆိုတာကို ကြၽန္ေတာ္တို႔ အေလးအနက္ထားၿပီးေတာ့ ေျပာဖို႔လိုတယ္၊ သိဖို႔လည္းလိုတယ္၊ ေလ့လာဖို႔လည္းလိုတယ္။ တစ္နည္းအားျဖင့္ အေျခခံဥပေဒ ဆိုတာကလည္း ျပည္သူေတြကိုယ္တိုင္ ေရးဆြဲၿပီး ျပည္သူေတြကိုယ္တိုင္က သေဘာတူထားတဲ့ အေျခခံဥပေဒျဖစ္တယ္။ တစ္နည္းအားျဖင့္ ျပည္သူေတြကိုယ္တိုင္က သူတို႔ကိုအုပ္ခ်ဳပ္မယ့္ အစိုးရ ကို ဘယ္လိုေ႐ြးခ်ယ္မယ္၊ ဘယ္လိုအစိုးရကို လိုခ်င္တယ္ဆိုတဲ့ဟာကို ေရးဆြဲထားတာျဖစ္ၿပီး ေတာ့ အုပ္ခ်ဳပ္မယ့္အစိုးရနဲ႔ အုပ္ခ်ဳပ္ခံရမယ့္ ျပည္သူၾကားထဲမွာ စာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္တယ္။ ဒါေၾကာင့္ တိုင္းျပည္တစ္ခုရဲ႕ အေျခခံဥပေဒလို႔ အတိုအားျဖင့္ ေခၚၾကတာျဖစ္တယ္။

ဆက္ရန္။
အခန္း၄။ အေျခခံဥပေဒ

ဆက်ရန်။
အခန်း၄။ အခြေခံဥပဒေ

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: