June 12, 2025

အပြစ်မရှိ ခံရသူကို ဥပဒေအရ ကူညီသွားမည်ဟု ချင်းပြည်နယ် ဥပဒေချုပ်ဆို

0
Sunny Thang Cung

The Chinland Post| 2019 January 27| အစိုးရဖြစ်စေ၊ ပြည်သူဖြစ်စေ ဥပဒေဘောင်အတွင်း အတိုက်ခံရသူများကို တက်နိုင်သလောက်ကူညီရန် အဆင်သင့်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ဟားခါးမြို့မိမြို့ဖနှင့် အစိုးရအဖွဲ့ တွေ့ဆုံပွဲတွင် ချင်းပြည်နယ် ဥပဒေချုပ် ဆန်နီထန်ကျူံ ကပြောသည်။

“ဥပဒေ ၆၀၀ ကျော်ရှိတယ်၊ စာအုပ်တစ်အုပ်ထဲကြည့်ရင်တော့ မှားသွားမယ်၊ ဥပဒေဆိုတာက အပြောင်းအလဲရှိတယ်။ အဲဒါကြောင့် ဥပဒေနှင့် ညှိစွန်းတဲ့ လုပ်ဆောင်ချက်အားလုံး  ကျွန်တော်တို့ တိုက်တယ်။ အခု ကျွန်ုပ်မှာ ရှိတဲ့ မြေဂရမ် ၁၀၅/၁၀၆ အစစ်လာ အတုလာ သိဖို့လိုတယ်။ လက်ရှိ ခဗျားတို့ကိုင်ဆောင်ထားတဲ့ မြေဂရမ် ၁၀၅/၁၀၆ အတုဖြစ်နေရင် ခဗျားအပါအ၀င် ခဗျားလုပ်ဆောင်ပေးတဲ့သူပါ အကတိလိုက်စားမှုနဲ့ တရားစွဲလို့ရတယ်။ တရားရုံးတစ်နေရာ သွားလိုက်ရင် ဥပဒေအရ အရေးယူရမယ်” ဟု ချင်းပြည်နယ် ဥပဒေချုပ် ဆန်နီထန်ကျူံ ကပြောသည်။

ကျတော်ကိုယ်တိုင်လည်း ဟားခါးဇာတိပါ၊ အဲဒါကြောင့် ပြသနာလုပ်ဆောင်သူ သမျှကို တိုက်တယ။ ယနေ့ဟားခါးမြို့ဟာ ကျတော်တို့ ဘိုးဘွားအဆက်ဆက်ကြိုးစားမှုကြောင့် ယနေ့ထိ ရပ်တည်နိုင်တာဖြစ်တယ်။ အဲဒါကြောင့် ဘိုးဘွားလက်ရာကို ဘယ်တော့မှ မပျက်စီးစေချင်ဘူး။ အခုအစိုးရ လက်ထက်မှာတော့ ဥပဒေအညီ လုပ်ဆောင်လို့ နည်းနည်းတော့ အဆင်ပြေတယ်။ စစ်အစိုးရ လက်ထက်ဆိုရင် ပြောရဲ၊ ဆိုရဲတဲ့သူ မရှိဘူး။ အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထုတ်ဖော်ရေးသားတဲ့ သတင်းမီဒီယာများအပေါ် ကျေးဇူးတင်တယ်။ အရာတိုင်းကို ဥပဒေ အတိုင်း လုပ်ဆောင်ဖို့ အရမ်းအရေးကြီး ကြောင်း ချင်းပြည်နယ် ဥပဒေချုပ် ချင်းပြည်နယ် ဥပဒေချုပ် ဆန်နီထန်ကျူံ ကဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *