ယောနထန် နှင့် ဗာလ်လှေးအုပ် ပျောက်ဆုံး

The Chinland Post| 2019 May 29| Tikhuangtum ရွာသား ဦးတီးလ်မှုန်း နှင့် ဒေါ် ငွန်နဲ ၏သား အကြီးဆုံးယောနထန် (အသက် ၂၀နှစ် လောက် ) နှင့် Thinghual ရွာသား ဦးဟရန်းသင်းခမ်း ၏သား မောင် ဗာလ်လှေးအုပ်(အသက် ၂၄နှစ် လောက်) သည်တရုတ်နိုင်ငံမှာ သွားဖို့ထွက်ပြီး မူဆယ်ရောက်ချိန်တွင် ပျောက်ဆုံးခဲ့သည်။
သူ့တို့နဲ့အတူ လိုက်ပါလာသော သူငယ်ချင်း နှစ်ယောက် ကပ်တလိန်း နှင့် တလွန်းမှုန်းသည် သွားခွင့်ရပေမယ့် ဗာလ်လှေမှုန်း နှင့် ယောနထန် တို့သည် မှတ်ပုံတင် မရှိသဖြင့် ပြန်လှည့်ခိုင်းပြီး ပြန်ခဲ့သည်။
ထို့နောက် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံခြင်းမရှိပေ။ ကြာလာသောအခါ ဖုန်းလည်းဆက်ပိတ်ခဲ့သည်။ ပျောက်ဆုံးသောနေ့မှ ၄ ရက်ရှိခဲ့ပြီး မေလ ၂၆ ရက်နေ့မှ ယနေ့တိုင်ဆက်သွယ်လို့ မရပေ။ မိခင်ဖြစ်သူမှာ မစားမသောက်နိုင် ဖြစ်ခဲ့သဖြင့် အဆိုပါ သူငယ်ချင်း နှစ်ယောက်တွေ့ရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များတွင် အသိပေးကြပါရန် တောင်းဆိုလိုက်ပါသည်။
Phone:09895808746/
Phone: 09895812627
Thawngpetu: Benjamin Cung Bawi Hu