ပြည်ထောင်စုနေ့ကို ရင်နာမိတာ ခုထိ

(၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဟားခါးမြို့ တွင်ကျင်းပစဉ်
Pa Ling| 2019 February 14| ဖဖော်ဝါရီ ၁၂ ရက်နေ့တုန်းက ခရီးလွန်လို့ မတင်ဖြစ်တာ မနေနိုင်တော့လို့နောက်ကျနေလည်း တင်လိုက်အုန်းမယ်။ ရက်စက်လိုက်တာ၊ ပြည်ထောင်စုသားမဆန်လိုက်တာ၊ နိုင်ငံသားမပီသလိုက်တာလို့ ထင်ရင်လည်းထင်လိုက်ပါဗျခံလိုက်ပါမယ် ခံရုံပဲရှိတာကို။
စိတ်နာမိတာ ရင်နာမိတာ မနေနိုင်လေက်အောင် ခံစားမိတာအကြိမ်ကြိမ်ဆိုရပဲမေ့ ပြည်ထောင်စုနေ့ ရောက်တိုင်း ပိုပြီးတောင်ခံစားနိုင်ရသေးတယ်။ ပိုပြီးတောင်စိတ်တွေရင်တွေက တစ်စက်စက် နာနိုင်သေးတယ်။ ဖေဖော်ဝါရီ ၁၂ ရက်ကိုတောင် အပြစ်တင်မိတာအမှန်ပါပဲ။ ဒါပေမေ့ သူမှမမှားတာ။ မှားတဲ့သူသာ မမှားခဲ့ရင် ဆိုးတဲ့သူသာမဆိုးခဲ့ရင် ထိုနေ့လေးကို ငါအရမ်းချစ်ပြီး တန်ဖိုးထားမှာအမှန်ပဲ။ ဒါပေမေ့ ခုတောဘာလဲ ချစ်မြတ်နိုးပြီး တန်ဖိုးထားရမယ့် အစား ထိုနေ့လေးကို ငါအပြစ်တင်နေရတာ ငါကမှား နေလို့လာ မမှားပါဘူး။တကယ်တမ်းဆိုရင် ပင်လုံ စာချုပ်ကို သိသိလျက်နဲ့ကတိဖြတ်ပြီး တိုင်းရင်းသားများကို မညှာမတာအာဏာကြီးစိုးလိုသူတွေရဲ့ရက်စက်လွန်းတဲ့ မှားချက်ကြောင်းသာ ငါထိုနေ့ကိုဒီနေ့ထိအပြစ်တင်တာပါ။
အကြောင်းမလှတဲ့ကံကြမ္မာဆိုးကြီးကြောင်းလာ မသိတော့ဘူးဗျ အင်္ဂလိပ်တို့ထံမှလက်ခံရရှိပြီးသော လုံးဝလွတ်လပ်ရေးကို ခုထိလက်လွှတ်ဆုံးရှုံးရတယ်။ သေချာဆွေးနွေးတိုင်ပင်ကြပြီးမှ နှစ်ဖက်သား သဘောတူချုပ်ဆိုထားသောပင်လုံစာချုပ်ရှိနေသားနဲ့ ထိုစာချုပ် ဒီနေ့ထိအသက်မဝင်နိုင်သေးတာ ဘယ်သူအမှားလဲဗျ။ ဒီနေ့ထိပင်လုံစာချုပ်ကိုသာ တမ်းတနေရတာဘယ်သူတွေရဲ့ လက်ချက်ကြောင်း လဲ လူလူသားချင်းစာနာသင့်ပါပြီ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက် လိုအင်ဆန္ဒတွေကိုလိုက်လျော ဖြည့်ဆည်းပေးသင့်ပါပြီ။ ထိုသို့တောင်းဆိုတာ ကလည်း သူတို့မပိုင်ဆိုင်ခဲ့ဖူးသော အသစ်ကိုတောင်း ဆိုတာ မဟုတ်ဘူးလေ သူတို့ပိုင်ဆိုင်ခဲ့ပြီးသော သူတို့ဥစ္စာကို ပြန်ပေးဖို့တောင်းဆိုတာလေ။ သူတို့ လက်ထဲကအလူးခံခဲ့ရတဲ့အရာကိုပြန်ပေးဖို့တောင်းဆိုတာပဲလ။တောင်းဆိုသူက မမှားပါဘူးတရားပါ တယ်။ မှားနေတာက မပေးချင်တဲ့ သူပါ သူကသာမတရားတာလေ။
ဘယ့်နှင့်လဲပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်ရောက်တိုင်း ပြည်ထောင်စုနေ့အခမ်းနားတွေ စည်းစည်ကားကားနဲ့တစ်ကြီးကြီး တကျယ်ကျယ်လုပ်ကြ “ပြည်ထောင်စုနေ့သည်သာအရေးကြီး ပြည်ထောင်စုစိတ် ဓာတ်သည်သာ မျိုးချစ်စိတ်ဓာတ်စစ် ပြည်ထောင်စုကိုထိန်း သိမ်းကာကွယ်ကြပါ ပြည်ထောင်စုစိတ်ဓာတ်ကြောင်းသာ ဒီနေ့ထိ တိုင်းရင်းသားတွေစည်းလုံးစွာအေးအတူပူအမျှ အတူလက်တွဲနိုင်ခဲ့တာ”ဆိုပြီး ပြည်ထောင်စုရဲ့ အနှစ်ကို နိုင်ငံသားများမသိမမြင်ရလေအောင် မြေမြှပ်သဂြိုလ်ခဲ့ပြီး အပေါ်အခွံမာကိုလှအောင်အရောင် တင်ဆေးသုတ်တန်ဆာဆင်၍ ဘူးမသိဘားမသိဖြစ်အောင် ပြည်သူတွေဆီ မိန့်ခွန်းတွေပြောကြ အရူးဆေးတွေတိုက်ကြတာ နှစ်ပေါင်း ၇၁ တောင်ကျော်လာခဲ့ပြီ။ ပြည်ထောင်စုစိတ် ဓာတ်ဆိုတာ ကြားကောင်းအောင် ပြောလို့ကြားလိုက်ရုံနဲ့ ရှင်သန်လာနိုင်မယ့်အရာမှမဟုတ်တာ။ ဖန်တီးမှရနိုင်မယ့် အရာပါ။ ဘယ်လိုဖန်းတီးရမလဲ။ တစ်ခုတည်းသော နည်းလမ်းကို သုံးရမှာပါ။ထိုနည်းလမ်းက ဘာလဲ ပြည်ထောင်စုရဲ့ အရင်းအမြစ် ဖြစ်တဲ့ ပင်လုံစာချုပ်ကို အခြေခံပြီး ပြည်ထောင်စုစနစ် (ဖယ်ဒရဲလ်စနစ်)ကို ထူထောင် ကျင့်သုံးခြင်း ပါပဲ။ ထိုစနစ်ကိုသာထူထောင် ကျင့်သုံးလာ ပြီဆိုရင် အမောခံပြောနေစရာမလိုပဲ ပြည်သူတွေမှာ အလိုလိုနဲ့ပြည်ထောင်စု စာတ်ဓာတ် တွေရှင်သန်လာပြီး ပြည်တွင်းစစ်လည်း ငြိမ်းသွားမှာက မြေကြီး ခတ်မလွဲပါပဲ။ ဒါဆို တို့လိုလားဖြစ်စေချင်နေတဲ့ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို အလိုလိုနဲ့တည် ထောင်နိုင်ခဲ့ပြီပေါ။ ရှင်းနေတာကို ရှုပ်အောင် လုပ်လိုက်တာ လွယ်တာကို ခက်အောင် လုပ်တတ်တာဟာမြန်မာရဲ့ အကျင့်မို့လို့ လာမသိ တော့ဘူးဗျ။တွေးမိတိုင်း စိတ်ပျက်မိတယ် ရင်နာမိတယ် သိနေလျက်နဲ့ မလုပ်ချင်မှတော့ ခက်ရောပေါ့။ တကယ်တမ်းဆိုရင် ဖြစ်နိုင်တဲ့ လမ်းလမ်းကိုသိနေသားနဲ့ ဖြစ်လာမှာကိုစိုးပြီး မဖြစ်နိုင် တဲ့နည်းလမ်းဖြင့် ကြိုးစားနေလို့ပါ။ ဒီတော အချိန်ကုန် အပင်ပန်းခံတာသာ အဖတ်တင်မှာပေါ့။
ပြည်ထောင်စုနေ့ဆိုတာပင်လုံစာချုပ်ကနေဖြစ်လာ တာပါ ပင်လုံစာချုပ်ဆိုတာကလည်း “မိမိကံကြမ္မာ ကို မိမိကသာ လွတ်လပ်စွာစီရင်ဆုံးဖြတ်ပိုင်ခွင့်၊မိမိပြည်နယ် မိမိလူမျိုးကို မိမိကသာကြီးစိုးပြီးစီမံခန့်ခွဲ အုပ်ချုပ်ပိုင်ခွင့် စသည့်လူသားအခွင့် အရေးများအပေါ်တွင်လည်းကောင်း၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပြည်နယ်၊တိုင်းတစ်ခုနှင့်တစ်ခု ကြားမှာသာတူညီမျှမှု တရားမျှတမှု တို့အပေါ်တွင်လည်းကောင်း အ ခြေခံ၍ မတူကွဲပြား သီးခြားစီ ဖြစ်နေကြသော လူမျိုးများကို ပေါင်းစည်းကာနိုင်ငံတစ်ခုအဖြစ် ဖွဲ့စည်း တည်ထောင်ရန်”ဟူသောစာချုပ်လေ။ထိုစာချုပ်အတိုင်း လက်တွေ့မှာရပ်တည်ကျင့်သုံးနေခြင်းမရှိဘဲ နဲ့ပြည်ထောင်စုဆိုတဲ့စကားလုံးတွေ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာတွေ ပြောနေတာ ကြားနေတာ အန်ချင်လာပြီဗျ။ တကယ်တမ်းဆိုရင် တို့နိုင်ငံက ပင်လုံစာချုပ်အပါ် ရပ်တည်နေမှ ပင်လုံစာချုပ် အတိုင်းလက်တွေ့ ကျနေမှပြည်ထောင်စုနေ့ ဟာအဓိပ္ပါယ်ရှိလာမှာလေ တန်ဖိုးရှိလာမှာလေ။
လူသားရဲ့ သဘောသဘာဝဟာ လူသားတိုင်းမှာ တူကြပါတယ် မိမိဘဝ မိမိ ကံကြမ္မာကိုမိမိကသာ ပိုင်ဆိုင်ချင်ကြတယ် မိမိက သာစီရင်ဆုံးဖြတ်ချင်ကြတယ် မိမိကသာစီမံအုပ်ချုပ် ချင်ကြတာပဲ။ တစ်ယောက်ယောက်က လာအုပ်ချုက်တာ လာနှိပ်စက်တာ လာပိုင်ဆိုင်တာတွေကို ဘယ်သူကမှ မနှစ်သက်မလိုလားသလိုမခံချင်ကြဘူးလေ။ ဥပမာပြော ရရင် တို့နိုင်ငံအင်္ဂလိပ်လက်ထဲကျပြီး သူ့ကျွန်ဘဝ ရောက်တော့အင်္ဂလိပ်တွေကိုစတိုက်တော့တာပဲ။ စက္ကူဖြူစာတမ်း၊ ဒိုင်အာခီအုပ်ချုပ်ရေး စနစ်စသည့် တစ်ဝက်တစ်ပြတ် လပ်လပ်မှုတွေပေးပြန်တောလည်း မကျေနပ်သေးဘူးလေ လိုချင်တာ က လုံးဝလွတ်လပ်ရေးပါ။ တစ်နည်းပြောရရင် သူ့ကျွန်ဘဝမရောက်မီ မိမိရဲ့မူလနဂိုအခြေနေနှင့် မူလ ဖြစ်ရပ်အတိုင်း ပြန်လည်ရပ်တည်ချင်တာလေ။ဖက်ဆစ်ဂျပန် ခေတ်ရောက်ပြန်တော့လည်း ဂျပန်က လွတ်လပ်ရေးပေး ခဲ့ပေမေ့ လုံးဝလွတ်လပ်ရေးမဖြစ်လို့လက်မခံခဲ့ကြဘူး။
ဒါကဘာကိုပြနေတာလဲ လူသားတွေဟာလုံးဝ လွတ် လက်ရေးကိုလိုလားတမ်းတကြတယ်ဆိုတာ ပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်မှုဆိုတာဟာ လူသားရဲ့မူလရပိုင်ခွင့် ပဓာနအခွင့်ရေးဖြစ်နေလို့ပါ။
တို့နိုင်ငံက ၁၉၄၈ ဇန်နဝါရီ ၄ရက်နံနက်မိုး မလင်းခင် လေးမှာလုံးဝ လွတ်လပ်ရေးကိုရခဲ့ပြီဆိုပဲမေ့ တို့ တိုင်းရင်းသား တစ်ချို့တွေက တော့ဒီနေ့ထိ မရသေးဘူးလို့ပဲဆိုနေရအုံးမှာပါ။ ပထမသူ့ ကျွန်ဘဝမှ လွတ်လွတ်ပြီးချင်း ဒုတိရသူ့ကျွန်ဘဝသို့ ကံမကောင်း အကြောင်းမလှစွာပင် ဆက်လက်ကူးပြောင်း လိုက်ရတော့တာပေါ့။ ခေတ်စနစ်အရ ၂၀၁၀မှဒီမိုကရေစီ ခေတ်သို့ပြောင်းလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီခေတ်ကူးလာရင် တစ်ဖြည်းဖြည်း နဲ့လုံးဝလွတ်လပ်ရေးကိုခံစားလာလိမ့်မယ်လို့ မျှော်နေခဲ့မိတာ ခုဆို ၉ နှစ်ကြာလေပြီ။ ၂၁ပင်လုံညီလာခံ ဆိုပြီးဆွေးနွေးတိုင်ပင်နေကြရတာလဲ အကြိမ်မနည်း တော့ပဲမယ့်ရလဒ်ကမပြောပါးလောက်သေး အားရ ကျေနပ်ဖွယ်ရာမမြင်နိုင်သေးတုန်း။ လုံးဝလွတ်လပ်ရေးအတွက်ခြေတစ်လှမ်းတောင် မလှမ်းသေးပါလာ လို့ဆိုနိုင်ပါတယ်။ မှန်းချက်နှင့်နှမ်းထွက် တစ်ထပ်တည်း မကျဘူးလို့ပဲဆိုရပါမယ်။ ခုလို ဖားတစ်ပိုင်းငါးတစ်ပိုင်းဒီမို ကရေစီမှာဘယ်လောက်ကြာ ကျင်လည်နေရအုံးမလဲ ဆိုတာတွေးမိတိုင်း ရင်မောတာသာအဖတ် တင်တယ်။ ဖားတစ်ပိုင်းငါးတစ်ပိုင်းဒီမိုကရေစီကနေ လုံးဝလွတ်လပ်မှု ပြည့်ဝသောဖားမပါ ငါးစစ်စစ် ဒီမိုကရေစီသို့ ကူးပြောင်းချင်လှပါပြီဗျ။ ဒါမှ ပြည်ထောင်စုနေ့ဟာ အဓိပ္ပါယ်ပြည့်ဝပြီးတန်ဖိုးရှိလာမှာ။ ဒါမှဖေဖော်ဝါရီ ၁၂ ရက်နေ့လည်းအပြစ်မတင်တော့ပဲ တန်ဖိုးထားလာနိုင်မှာ ဖြစ်ပါတယ်။
ရေးတုန်းဆက်ချင်ပါသေးတယ် ရှည်တယ်ဆိုပြီး မဖတ်ချင် ရင်လည်း မတက်နိုင်ဘူးကျော်သွားပါ။ အင်္ဂလိပ်ခေတ် သူ့ကျွန် ဘဝတုန်းက အင်္ဂလိပ်တို့အား ဗိုလ်ချုပ်ကဒီလို ပြောခဲ့တယ် “ကျုပ်တို့နင်တို့ အား တိုက်နေရတယ်ဆိုတာ နင်တို့ကိုမုန်းလို့ မဟုတ် ပါဘူး။နင်တို့ကလာပြီးကျုပ်တို့ လာအုပ်ချုပ် တာကို မလိုလားလို့ပါ လုံးဝလွတ်လပ်တဲ့ခါကျရင် နင်တို့နှင့် ပူးပေါင်းလက်တွဲသွားချင်ပါတယ်”တဲ့။
ထိုသည်မကသေးပါ ၁၉၄၇ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ပင်လုံစာချုပ် အကြောင်း ဆွေးနွေးတိုင်ပင်ချိန် ကာလ ပင်လုံမြို့စော်ဘွား များနဲ့ညစားပွဲဝိုင်းတွင်လည်း ခုလိုပြောရပါသေးတယ်”ခုကျုပ်တို့နှင့်အင်္ဂလိပ် တို့ဟာ မတည့်ကြပဲမေ့ လုံးဝလွတ်လပ်ရေးရတဲ့ခါကျရင် သူတို့ကိုခင်မင်ရင်းနှီးသွားပြီး လက်တွဲသွား ရမယ် ဒါမှတို့နိုင်ငံမြန်မြန်တိုးတက် နိုင်မှာ”တဲ့။ တို့တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး တောခိုတယ် သူပုန်ထတယ်ဆိုတာ နိုင်ငံတော်ကိုမချစ်လို့ နိုင်ငံတော်မှာ မနေချင်လို့ အစိုးရကိုမုန်းလို့မဟုတ်ပါဘူး။ ဗိုလိချုပ်နှင့် တို့အဘိုးတွေချုပ်ဆိုခဲ့သောပင်လုံစာချုပ် အတိုင်း ဖွဲစည်းတည်ထောင်ထားပြီး လုံးဝလွတ် လပ်မှုပြည်ဝတဲ့ ပြည်ထောင်စုစနစ်(ဖယ်ဒရဲလ်စနစ်) ကိုလိုချင်လို့ပါ။
မိမိကံကြမ္မာကိုမိမိ စီရင်ဆုံးဖြတ် ပိုင်ခွင့် မိမိပြည်နယ်ကို မိမိလွတ်လပ်စွာ စီမံအုပ်ချုပ်ပိုင်ခွင့် အပြည့်အဝရှိပြီး သာတူညီမျှမှု တရားမျှတမှုအပေါ် အခြေခံထားတဲ့ ဖယ်ဒရဲလ်ပြည်ထောင်စုကို လိုချင်လို့ပါပဲ။၎င်းမျိုးနိုင်ငံကိုထူထောင်နိုင်မှပင်လုံစာချုပ် မြောက်ပြီး ပြည်ထောင်စုနေ့ဟာအဓိပ္ပါယ် ရှိလာမှာ။ ဒါမှစစ်မှန်တဲ့ စည်းလုံးညီညွတ်မှု စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ် တွေကို ပြောနေစရာ မလိုပဲအလိုလိုရှင်သန်လာမှာ။ ဒါမှ တို့နိုင်ငံလည်း ပြည်သူနှင့်အစိုးရလိုလားဖြစ်စေချင်သော ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်သို့ကြိုး စားပမ်းစားလုပ်နေစရာမလိုပဲ အလိုလိုအသွင်ပြောင်း လာနိုင်မှာဖြစ်ပါတယ်။
အချုပ်ဆိုရရင်နှစ်ပေါင်း ၇၀ ကျော်လုံးလုံးမမြင်ခဲ့ မစားခဲ့ရသော ပြည်ထောင်စုနေ့ရဲ့ချိုမြည်လှတဲ့ အနှစ်ကို စားချင်လှပါပြီ။ ပြည်ထောင်စုဟူသော အနှစ်မပါအခွံ မာစကားလုံးတွေကိုသာ ပြောနေကြား နေရတာ အီသွားပါပြီ ဝသွားပါပြီ အခွံမာ မဟုတ်တော့ပဲ အလယ်ဗဟိုက အနှစ်သာရဖြစ်တဲ့ ပြည် ထောင်စုစနစ်(ဖယ်ဒရဲလ်စနစ်) ကိုသာ လက်တွေ့ အားဖြင့်ခံစားသင့်နေပါပြီ။ တစ်နည်း ပြောရရင် ပြည်ထောင်စု ဟူသောစကားလုံးမဟုတ်ပဲ ပြည်ထောင်စု ဟူသော စနစ်ကိုလိုချင်တာပါ။ တို့အဘိုးများ ချုပ်ဆိုခဲ့သောပင်လုံစာချုပ်အတိုင်း ထူထောင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးသည် ပြည်ထောင်စု အရေးဖြစ်ပြီး ပြည်ထောင်စုနေ့ရဲ့ အနှစ် ပင်ဖြစ်ပါတယ်။ ၎င်းစနစ်ကိုလက်တွေ့ ကျင့်သုံးနိုင်မှသာလျှင် ၇၂ ကြိမ်တိုင်တိုင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တိုင်းကျင့်ပလာခဲ့တဲ့ ပြည်ထောင်စု နေ့ရဲ့အနှစ်ကို လက်တွေ့ ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါမှသာလျှင် တို့ ပြည်ထောင်စုနေ့သည် လက်တွေ့ ကျပြီး တန်ဖိုးရှိလာမှာ ဖြစ်သလို အဓိပ္ပါယ် ပြည့်ဝလာမှာဖြစ်ပါတယ်။