အပိုင်း (၁၅) ရှေးဦးအေသင် တွင် တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးပုံ

0

Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3|၁၅။ ရှေးဦးအေသင် တွင် တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးပုံ

ရှေးဦး အေသင်မြို့ရဲ့ တိုက်ရိုက် ဒီမိုကရေစီမှာ ပြည်သူငါးရာပါဝင်တဲ့ ကောင်စီက သူ့ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း ဆောင်တာ တွေကို သူက လုပ်ဆောင်တယ်။ သို့သော်လည်းပဲ ကောင်စီက (ကောင်စီဝင် ငါးရာက ဆုံးဖြတ်တယ် လို့ဆိုသော်လည်းပဲ) အရေးကြီးတဲ့ ကိစ္စတွေကျရင် ပြည်သူတရပ်လုံး မြို့သူမြို့သားတွေ အားလုံးခေါ်ပြီးတော့ ဆန္ဒမဲ ပေးခိုင်းပြီးမှ ဆုံးဖြတ်ကြတယ်။

အဲဒီတော့ ပြည်သူအားလုံး ပါတဲ့ လွှတ်တော်ပေါ့။ တမြို့လုံးမှာ ဒီမဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေပေါ့လေ သူတို့က စုရုံးပြီးတော့ ထပ်ပြီးတော့ ဆုံးဖြတ်ပေးတယ်။ ဒီကောင်စီဝင် ငါးရာရဲ့ လက်ထဲမှာ အားလုံး ပုံအပ်ထားတာ မဟုတ်ဘူး။ သိပ်အရေးမကြီးတဲ့ ဟာတွေ ကောင်စီဝင်တွေ ဆုံးဖြတ်လို့ရတယ်။

တကယ့်အရေးကြီးတဲ့ နင်လားငါလား အကြိတ်အနယ် ဆွေးနွေးရမဲ့ ဟာမျိုး ဆိုရင်တော့ တမြို့သားလုံး ပါဝင်ဆုံးဖြတ်ကြတယ်။ တနည်းအားဖြင့်တော့ ဒီတိုင်းပြည်ကို ဒီမြို့နိုင်ငံလေးကို ပြည်သူတွေက တိုက်ရိုက် အုပ်ချုပ်ကြတယ် ဆိုတဲ့သဘောပဲ။ အခုခေတ်မှာလို ပြည်သူ့ကိုယ်စားလှယ် ခေါ် လွှတ်တော် ကိုယ်စားလှယ် တွေက အုပ်ချုပ်တာမဟုတ်ဘူး။

ရှေးဦး အေသင်မြို့ရဲ့ တိုက်ရိုက် ဒီမိုကရေစီစနစ်မှာ ပြည်သူ ခြောက်ယောက်ထဲက တယောက်ဟာ တစ်နှစ်တာကာလအတွင်း အစိုးရ ရာထူး နေရာ မှာ ထမ်းဆောင်ခွင့်ရှိတယ်။ ထမ်းလည်း ထမ်းဆောင်ရတယ်။ အဲဒါက ပြည်သူတိုင်းက မြို့အုပ်ချုပ်ရေး တာဝန် ကို အလှည့်ကျ ထမ်းဆောင် ရတဲ့ သဘောရှိတယ်။

အဲဒါကြောင့်လည်း ဘယ်သူ့လက်ထဲမှာမှ အာဏာ အတည်မရှိဘူး။ အာဏာကို အလှည့်ကျ ထမ်းဆောင် သွားရတဲ့အတွက် ကိုင်ဆောင် သွားရတဲ့အတွက် အာဏာရှင်လည်း မပေါ်နိုင်ဘူး၊ အာဏာရှင် စနစ်လည်း မပေါ်နိုင်ဘူး။ ခုခေတ် ကိုယ်စားပြု ဒီမိုကရေစီစနစ်နဲ့ စာလို့ရှိရင် အဲဒီအေသင်မြို့ရဲ့ စနစ်က အုပ်စိုးသူအစိုးရမရှိပဲ ပြည်သူက တိုက်ရိုက် အုပ်ချုပ်တာဖြစ်တယ်။

အဲဒါကြောင့်လည်း ဒီစနစ်ကို တိုက်ရိုက် ဒီမိုကရေစီစနစ်လို့ ခေါ်တယ်။ အစိုးရမရှိဘူး၊ ရှိစရာလည်းမလိုဘူး၊ ပြည်သူက ကိုယ့်ဖာသာ ကိုယ်ပြန်အုပ်ချုပ်တယ်။ ရှေးဦး အေသင်မြို့ရဲ့ တိုက်ရိုက် ဒီမိုကရေစီစနစ်မှာ အားနည်းချက်တော့ ရှိပါတယ်။ ဥပမာအားဖြင့် အမျိုးသမီးတွေ ၊ ကျွန်တွေ ၊ နိုင်ငံခြားသားတွေ မဲပေးခွင့် ရွေးကောက်ခံခွင့် မရှိကြဘူး။ အဲဒါကို အကြောင်းပြပြီး အေသင်မြို့ရဲ့ ဒီမိုကရေစီဟာ လစ်ဘရယ် ဒီမိုကရေစီ မဟုတ်ဘူးလို့ တချို့က စောဒက တက်ကြတယ်။

အမှန်ပြောရရင် ခေတ်သစ် စက်မှုတော်လှန်ရေး နဲ့ ယှဉ် ပြီးပေါ်ပေါက်လာတဲ့ လစ်ဘရယ်ဒီမိုကရေစီ စနစ်ကို စိုက်ပျိုးမှုခေတ် မှာ ပေါ်ထွန်းခဲ့တဲ့ အေသင် ဒီမိုကရေစီ နဲ့ တော့နှိုင်းစာလို့မရပါဘူး။ သမိုင်းရေခံမြေခံတွေကမတူညီပါဘူး။ သမိုင်း နောက်ခံနဲ့ပြောကြစတမ်းဆိုရင်တော့ အေသင်ဒီမိုကရေစီစနစ်ဟာ သူ့ခေတ်သူ့အခါ မှာ အဆင့်အတန်းအားဖြင့် မြင့်မားတဲ့ အုပ်ချုပ်ရေးစနစ် ဆိုတာကိုငြင်းလို့မရပါဘူး။

အဲဒီတော့ အုပ်ချုပ်ရေးမှာ ပါဝင်ခွင့် ရဖို့အတွက် မိဘနှစ်ပါးလုံးက အေသင်မြို့သူ၊ မြို့သားဖြစ်ရမယ်၊ ယောကျ်ားဖြစ်ရမယ်၊ ဒီလို အကန့်အသတ်နဲ့ လုပ်တဲ့အခါကျတော့ လူဦးရေ နှစ်သိန်းခွဲ လောက်ရှိတဲ့ မြို့မှာ သုံးသောင်း လောက်ကပဲ အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ရှိတယ်။ အဲဒီရာခိုင်နှုန်းက တဆယ့်နှစ် ရာခိုင်နှုန်း ပဲရှိတယ်။

အဲဒီတော့ စောဒကတက်မယ် ဆိုရင်လည်း တက် လို့ရတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်မှာတော့ ဖလမ်းနယ် မှာရှိတဲ့ Pu Conbik (ဗိုလ်ဆွန်ပက်) အုပ်ချုပ်ခဲ့တဲ့ Tlaisun ဆိုတဲ့နယ်မှာ လေ့လာသူတွေ ဆိုထားတာက ရှေးတုန်းက ချင်း လူ့အဖွဲ့အစည်း မှာ ဒီမိုကရေစီစံနစ်ကို ကျင့်သုံးခဲ့တယ်။

အနောက်တိုင်း သမိုင်းသုတေသီတွေက Tlaisun Democratic Council လို့ တင်စား ခေါ်ဝေါ် မှတ်တမ်းတင် ထားတဲ့ လူထုကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးတွေက အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ လူမှုကိစ္စတွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်။

အဲဒီမှာတော့ ကျွန်တွေပါ ပါဝင်ဆွေးနွေး ခွင့်ပေးတယ်လို့ ဆိုတယ်။ Dr. Vumson Suantak ကတော့ ဒီ Tlaisun Democratic Council ဟာ အခုခေတ် အနောက်တိုင်း ဒီမိုကရေစီရဲ့ အဆင့်မှာ ရှိတယ်လို့ သူ့ရဲ့ Zo History ဆိုတဲ့စာအုပ်မှာ မှတ်ချက် ရေးထား ပါတယ်။ ရှေးဟောင်း ချင်း ဘိုးဘေးတွေရဲ့ ဒီမိုကရေစီဟာ အေသင်မြို့ရဲ့ ဒီမိုကရေစီ ထက်တော့ ပိုပြီး အဆင့်မြင့် တယ်လို့ ဆိုရပါမယ်။

ဆက်ရန်။
အခန်း ၁၆။ ယနေ့ခေတ် တိုက်ရိုက် ဒီမိုကရေစီ ကျင့်သုံးမှု

 

Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3|၁၅။ ေရွးဦးေအသင္ တြင္ တိုက္႐ိုက္ဒီမိုကေရစီ က်င့္သုံးပုံ

ေရွးဦး ေအသင္ၿမိဳ႕ရဲ႕ တိုက္႐ိုက္ ဒီမိုကေရစီမွာ ျပည္သူငါးရာပါဝင္တဲ့ ေကာင္စီက သူ႔ရဲ႕ အုပ္ခ်ဳပ္ေရးဆိုင္ရာ လုပ္ငန္း ေဆာင္တာ ေတြကို သူက လုပ္ေဆာင္တယ္။ သို႔ေသာ္လည္းပဲ ေကာင္စီက (ေကာင္စီဝင္ ငါးရာက ဆုံးျဖတ္တယ္ လို႔ဆိုေသာ္လည္းပဲ) အေရးႀကီးတဲ့ ကိစၥေတြက်ရင္ ျပည္သူတရပ္လုံး ၿမိဳ႕သူၿမိဳ႕သားေတြ အားလုံးေခၚၿပီးေတာ့ ဆႏၵမဲ ေပးခိုင္းၿပီးမွ ဆုံးျဖတ္ၾကတယ္။

အဲဒီေတာ့ ျပည္သူအားလုံး ပါတဲ့ လႊတ္ေတာ္ေပါ့။ တၿမိဳ႕လုံးမွာ ဒီမဲေပးပိုင္ခြင့္ရွိတဲ့ ျပည္သူေတြေပါ့ေလ သူတို႔က စု႐ုံးၿပီးေတာ့ ထပ္ၿပီးေတာ့ ဆုံးျဖတ္ေပးတယ္။ ဒီေကာင္စီဝင္ ငါးရာရဲ႕ လက္ထဲမွာ အားလုံး ပုံအပ္ထားတာ မဟုတ္ဘူး။ သိပ္အေရးမႀကီးတဲ့ ဟာေတြ ေကာင္စီဝင္ေတြ ဆုံးျဖတ္လို႔ရတယ္။

တကယ့္အေရးႀကီးတဲ့ နင္လားငါလား အႀကိတ္အနယ္ ေဆြးေႏြးရမဲ့ ဟာမ်ိဳး ဆိုရင္ေတာ့ တၿမိဳ႕သားလုံး ပါဝင္ဆုံးျဖတ္ၾကတယ္။ တနည္းအားျဖင့္ေတာ့ ဒီတိုင္းျပည္ကို ဒီၿမိဳ႕ႏိုင္ငံေလးကို ျပည္သူေတြက တိုက္႐ိုက္ အုပ္ခ်ဳပ္ၾကတယ္ ဆိုတဲ့သေဘာပဲ။ အခုေခတ္မွာလို ျပည္သူ႔ကိုယ္စားလွယ္ ေခၚ လႊတ္ေတာ္ ကိုယ္စားလွယ္ ေတြက အုပ္ခ်ဳပ္တာမဟုတ္ဘူး။

ေရွးဦး ေအသင္ၿမိဳ႕ရဲ႕ တိုက္႐ိုက္ ဒီမိုကေရစီစနစ္မွာ ျပည္သူ ေျခာက္ေယာက္ထဲက တေယာက္ဟာ တစ္ႏွစ္တာကာလအတြင္း အစိုးရ ရာထူး ေနရာ မွာ ထမ္းေဆာင္ခြင့္ရွိတယ္။ ထမ္းလည္း ထမ္းေဆာင္ရတယ္။ အဲဒါက ျပည္သူတိုင္းက ၿမိဳ႕အုပ္ခ်ဳပ္ေရး တာဝန္ ကို အလွည့္က် ထမ္းေဆာင္ ရတဲ့ သေဘာရွိတယ္။

အဲဒါေၾကာင့္လည္း ဘယ္သူ႔လက္ထဲမွာမွ အာဏာ အတည္မရွိဘူး။ အာဏာကို အလွည့္က် ထမ္းေဆာင္ သြားရတဲ့အတြက္ ကိုင္ေဆာင္ သြားရတဲ့အတြက္ အာဏာရွင္လည္း မေပၚႏိုင္ဘူး၊ အာဏာရွင္ စနစ္လည္း မေပၚႏိုင္ဘူး။ ခုေခတ္ ကိုယ္စားျပဳ ဒီမိုကေရစီစနစ္နဲ႔ စာလို႔ရွိရင္ အဲဒီေအသင္ၿမိဳ႕ရဲ႕ စနစ္က အုပ္စိုးသူအစိုးရမရွိပဲ ျပည္သူက တိုက္႐ိုက္ အုပ္ခ်ဳပ္တာျဖစ္တယ္။

အဲဒါေၾကာင့္လည္း ဒီစနစ္ကို တိုက္႐ိုက္ ဒီမိုကေရစီစနစ္လို႔ ေခၚတယ္။ အစိုးရမရွိဘူး၊ ရွိစရာလည္းမလိုဘူး၊ ျပည္သူက ကိုယ့္ဖာသာ ကိုယ္ျပန္အုပ္ခ်ဳပ္တယ္။ ေရွးဦး ေအသင္ၿမိဳ႕ရဲ႕ တိုက္႐ိုက္ ဒီမိုကေရစီစနစ္မွာ အားနည္းခ်က္ေတာ့ ရွိပါတယ္။ ဥပမာအားျဖင့္ အမ်ိဳးသမီးေတြ ၊ ကြၽန္ေတြ ၊ ႏိုင္ငံျခားသားေတြ မဲေပးခြင့္ ေ႐ြးေကာက္ခံခြင့္ မရွိၾကဘူး။ အဲဒါကို အေၾကာင္းျပၿပီး ေအသင္ၿမိဳ႕ရဲ႕ ဒီမိုကေရစီဟာ လစ္ဘရယ္ ဒီမိုကေရစီ မဟုတ္ဘူးလို႔ တခ်ိဳ႕က ေစာဒက တက္ၾကတယ္။

အမွန္ေျပာရရင္ ေခတ္သစ္ စက္မႈေတာ္လွန္ေရး နဲ႔ ယွဥ္ ၿပီးေပၚေပါက္လာတဲ့ လစ္ဘရယ္ဒီမိုကေရစီ စနစ္ကို စိုက္ပ်ိဳးမႈေခတ္ မွာ ေပၚထြန္းခဲ့တဲ့ ေအသင္ ဒီမိုကေရစီ နဲ႔ ေတာ့ႏႈိင္းစာလို႔မရပါဘူး။ သမိုင္းေရခံေျမခံေတြကမတူညီပါဘူး။ သမိုင္း ေနာက္ခံနဲ႔ေျပာၾကစတမ္းဆိုရင္ေတာ့ ေအသင္ဒီမိုကေရစီစနစ္ဟာ သူ႔ေခတ္သူ႔အခါ မွာ အဆင့္အတန္းအားျဖင့္ ျမင့္မားတဲ့ အုပ္ခ်ဳပ္ေရးစနစ္ ဆိုတာကိုျငင္းလို႔မရပါဘူး။

အဲဒီေတာ့ အုပ္ခ်ဳပ္ေရးမွာ ပါဝင္ခြင့္ ရဖို႔အတြက္ မိဘႏွစ္ပါးလုံးက ေအသင္ၿမိဳ႕သူ၊ ၿမိဳ႕သားျဖစ္ရမယ္၊ ေယာက်္ားျဖစ္ရမယ္၊ ဒီလို အကန႔္အသတ္နဲ႔ လုပ္တဲ့အခါက်ေတာ့ လူဦးေရ ႏွစ္သိန္းခြဲ ေလာက္ရွိတဲ့ ၿမိဳ႕မွာ သုံးေသာင္း ေလာက္ကပဲ အုပ္ခ်ဳပ္ေရးမွာ ပါဝင္ခြင့္ရွိတယ္။ အဲဒီရာခိုင္ႏႈန္းက တဆယ့္ႏွစ္ ရာခိုင္ႏႈန္း ပဲရွိတယ္။

အဲဒီေတာ့ ေစာဒကတက္မယ္ ဆိုရင္လည္း တက္ လို႔ရတယ္။ ကြၽန္ေတာ္တို႔ ခ်င္းျပည္နယ္မွာေတာ့ ဖလမ္းနယ္ မွာရွိတဲ့ Pu Conbik (ဗိုလ္ဆြန္ပက္) အုပ္ခ်ဳပ္ခဲ့တဲ့ Tlaisun ဆိုတဲ့နယ္မွာ ေလ့လာသူေတြ ဆိုထားတာက ေရွးတုန္းက ခ်င္း လူ႔အဖြဲ႕အစည္း မွာ ဒီမိုကေရစီစံနစ္ကို က်င့္သုံးခဲ့တယ္။

အေနာက္တိုင္း သမိုင္းသုေတသီေတြက Tlaisun Democratic Council လို႔ တင္စား ေခၚေဝၚ မွတ္တမ္းတင္ ထားတဲ့ လူထုကိုယ္စားလွယ္ေတြရဲ႕ အစည္းအေဝးေတြက အုပ္ခ်ဳပ္ေရး၊ စစ္ေရးနဲ႔ လူမႈကိစၥေတြကို ေဆြးေႏြး ဆုံးျဖတ္ခဲ့ၾကတယ္။

အဲဒီမွာေတာ့ ကြၽန္ေတြပါ ပါဝင္ေဆြးေႏြး ခြင့္ေပးတယ္လို႔ ဆိုတယ္။ Dr. Vumson Suantak ကေတာ့ ဒီ Tlaisun Democratic Council ဟာ အခုေခတ္ အေနာက္တိုင္း ဒီမိုကေရစီရဲ႕ အဆင့္မွာ ရွိတယ္လို႔ သူ႔ရဲ႕ Zo History ဆိုတဲ့စာအုပ္မွာ မွတ္ခ်က္ ေရးထား ပါတယ္။ ေရွးေဟာင္း ခ်င္း ဘိုးေဘးေတြရဲ႕ ဒီမိုကေရစီဟာ ေအသင္ၿမိဳ႕ရဲ႕ ဒီမိုကေရစီ ထက္ေတာ့ ပိုၿပီး အဆင့္ျမင့္ တယ္လို႔ ဆိုရပါမယ္။

ဆက္ရန္။
အခန္း ၁၆။ ယေန႔ေခတ္ တိုက္႐ိုက္ ဒီမိုကေရစီ က်င့္သုံးမႈ

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: