၈ လကြာLockdown ချခြံထားရတဲ့ ပလက်၀မြို့ (သို့) ကျိန်စာတိုက်ခံနေရတဲ့မြို့

Paletwa, Chin State

Peter Luilu| 2020 September 27| TCP-Hakha|(zawgyi is below) ယခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ကစတင်ပြီး မြန်မာ့တပ်မတော်၏နယ်မြေလုံခြုံရေး အကြောင်းပြချက်ဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ တခြားမြို့နယ်များနှင့်ဆက်သွယ်သွားလာသော လမ်းများကို ပိတ်ထားခဲ့လေသည်။ ထိုသို့ ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ကို ပိတ်ဆို့ထားခြင်းအပြင် အင်တာနက်လိုင်းကိုလည်း ပိတ်ထားခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ဩဂုတ်လ (၁)ရက်နေ့က 2G အဆင့် အင်တာနက်လိုင်းကို ပြန်ဖွင့်ပေးခဲ့သော်လည်း အခုထိ အဆင်ပြေပြေအသုံးမပြုနိုင်သေးပဲ ရှိနေပါသေးသည်။

ပထမအဆင့် Lockdown အစီအစဉ်အဖြစ် ပလက်၀-ကျောက်တော်လမ်း (ရေလမ်း၊ ကားလမ်း)၊ ပလက်၀-ဆမီးလမ်းကို ပိတ်ထားပြီး၊ ယခုနောက်ပိုင်းတွင် ပလက်၀-တရွှန်အိုင်၊ ပလက်၀-နှမဒါ၊ တရွှန်အိုင်-ရှင်းလက်၀၊ ပီချောင်းလမ်းကြောင်းများအားလုံးကို သွားလာခွင့်ပိတ်ထား လိုက်ပြီဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ဒုတိယလိုင်းရိုက်ခက်နေပြီး ရောဂါကူးစက်သူ၊ သေဆုံးသူအရေအတွက် ပိုပိုများလာခြင်းကြောင့် လူဦးရေ (၇-သန်း)ခန့်နေထိုင်သော ရန်ကုန်တိုင်းဒေသကြီးကို STAY AT HOME နေကြရန်နှင့် စက်ရုံအလုပ်ရုံများကို ၂-ပတ်ပိတ်ရန် ညွှန်ကြားချက် အမိန့်စာ အမှတ် ၁၀၇/၂၀၂၀ကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက စက်တင်ဘာလ (၂၀)ရက်နေ့က ကြေညာခဲ့လေသည်။ ထိုသို့ကြေညာပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သော မိဘပြည်သူလူထုအတွက် နောက်ဆက်တွဲအကူအညီ၊ အပံ့အပိုးများဆောင်ရွက်သည့် လုပ်ငန်းစဉ် အစီအမံများကို ဖော်ဆောင်နေသည်ကို အားရဖွယ်မြင်တွေ့ ရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည်လည်း မိမိတို့မြို့နယ်အတွင်း နေထိုင်သော ဒေသခံမိဘပြည်သူလူထု၏အလိုဆန္ဒမဟုတ်ဘဲ မြန်မာ့တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားသောတိုက်ပွဲကြောင့် မြို့နယ်ပြင်ပသို့ ကူလူးဆက်သွယ်သွားလာခွင့် မရခဲ့ကြသည်မှာ ဖေဖော်ဝါရီ (၄)ရက်နေ့မှ ယခုဆို (၈)လပင် မကြာခင်ပြည့်တော့မည်ဖြစ်သည်။ ထိုသို့ Lockdown လုပ်ထားခြင်းခံထားရသည့်အတွက် ပလက်ဝြမို့နယ်အတွင်းရှိ လူဦးရေ (၆၀၀၀၀) ကျော်တို့သည် ဆန်ပြတ်လပ်မှု၊ ဆေးဝါးနှင့် တခြားကုန်စည်ပြတ်လပ်မှု ဒုက္ခကို အလွန်အမင်း ခံစားနေရလာခြင်းဖြစ်သော်လည်း မြန်မာ့တပ်မတော်နှင့် အုပ်ချုပ်ရေးအာဏာပိုင်များက ပလက်ဝမြို့နယ် ဒေသခံများအဆင်ပြေအောင် စီမံဆောင်ရွက်မှုအပိုင်းတွင် မရှိသလောက် အားနည်းနေသည်ကို တွေ့ရပါသည်။

စာရေးသူအနေဖြင့် စစ်ရေးဗျူဟာကို နားမလည်သော်လည်း လုံခြုံရေးကိုအကြောင်းပြုပြီး ပလက်ဝမြို့နယ်အား ဖြတ် (၄)ဖြတ်စနစ်ဖြင့် Lockdown လုပ်ထားသည့်ပုံစံသည် တမင်သက်သက် လုံခြုံရေးကို အကြောင်းပြရုံသက်သက်ဖြင့် ဒေသခံပြည်သူများအား ဒုက္ခပေးနေခြင်းသာဖြစ် သည်ဟု ကြာလာသည်နှင့်အမျှ သံသယ၀င်လာမိပါသည်။

Lockdownကာလထိတ်လန့်စရာဖြစ်ရပ်တစ်ချို့
ထိုသို့လမ်းများပိတ်ထားပြီးနောက်မှာလည်း ပလက်ဝမြို့အနီးအနားတွင် လုံခြုံရေးပိုကောင်းလာခြင်းမရှိဘဲ စက်တင်ဘာလ (၉)ရက်နေ့က နယ်မြေခံ၀န်ကြီးဖြစ်သော ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှု၀န်ကြီး ဦးစိုးထက် စီးနှင်းလိုက်ပါသောစက်လှေအား (၂၈၉) တပ်ရင်းရှေ့ကုလားတန်မြစ်ပေါ်တွင် AA လက်နက်ကိုင်တို့၏ ချောင်းပစ်ခြင်းကို ခံခဲ့ရကာ အသက်ဘေးနှင့်သီသီကလေး လွှတ်ခဲ့ရပြီး တပ်ရင်းအတွင်းသို့ သေနတ်ကျည်ဆံများ ကျရောက်ခဲ့ကြောင်း နီးစပ်ရာအသိုင်းဝိုင်းများ ထံမှ သိရသည်။

ယခုနှစ်အစောပိုင်းက ဆီးဖလောင်းရွာ ကျောင်းအုပ်ဆရာကြီး ဦးအာဗေလအား (၂၈၉)တပ်ရင်း၏ အနောက်မြောက်ပိုင်းအနီးတစ်နေရာတွင် ပြင်းထန်စွာရိုက်နှက်ကာ လက်နက်ကိုင်များက သတ်ပစ်လိုက်ကြသည်။ မတ်လ (၁၄-၁၅)ရက်များက ၀က်မရွာ၊ ပြိုင်တင်းရွာတို့တွင် လေယာဉ်ဖြင့် စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ဒေသခံ ၂၃ ဦးသေဆုံးခဲ့သည်။ မတ်လ (၂၂)ရက်နေ့ညတွင် ကုလားတန်ဘက်စုံသုံးစီမံကိန်း၏ ပလက်၀ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းခွင် ရုံးခန်းသို့ AA လက်နက်ကိုင်များ၀င်ရောက်ပြီး ငွေကျပ်သိန်း (၅၀)ကို ဓားပြတိုက်လုယူ သွားခဲ့သည်။

ဧပြီလအတွင်းတွင်လည်း နန်းချောင်းထဲရွာကို လေယာဉ်ဖြင့် ဗုံးကြဲလို့ အပြစ်မဲ့ဒေသခံ (၈)ဦးသေဆုံးခဲ့သည်။ ဒုက္ခိတဘဝရောက်သွားသူများစွာရှိ လာခဲ့သည်။ ဧပြီလ (၁၂)ရက်နေ့မနက်ပိုင်း (၁)နာရီခန့်တွင် ပလက်ဝမြို့ပေါ် နေအိမ်တွင် အိပ်နေသော စည်ပင်၀န်ထမ်း ဦးမြင့်မောင်အား AA လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်အထိ ပြန်လွှတ်မလာသေးပေ။ ဧပြီလ (၂၂)ရက်နေ့ညနေပိုင်းက ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်ခြံ၀င်းအတွင်း လက်နက်ကြီးများ ကျပြီး ဒေသခံ ၄ (လူကြီး ၂ ဦး၊ ကလေးငယ် ၂ဦး) ဦးသေဆုံးခဲ့သည်။

မေလ (၈)ရက်နေ့က ရိက္ခာရပ်ကွက်နေ ဦးမင်းမင်း(အသက် ၃၈)နှစ်သည် နေအိမ်တွင်ရှိနေစဉ် သေနတ်ကျည်ဆံထိမှန်ပြီး အရေးပေါ်လူနာအဖြစ် ပလက်ဝဆေးရုံတွင် ဆေးကုသခံခဲ့ရသည်။ မေလ (၂၆)ရက်နေ့က မီးလက်ဝအောက်ရွာ မီးရှို့ဖျက်စီးခြင်း ခံခဲ့ရသည်။ ဇူလိုင်လ (၂၉)ရက် နေ့တွင် ဆလိုင်းအောင်စိုးအပါအ၀င် ချင်းလူငယ်(၄)ဦးအား AA လက်နက်ကိုင်များက ဖမ်းဆီးထိန်းသိမ်းပြီး ယနေ့အချိန်ထိ ဆလိုင်းအောင်စိုးတစ်ယောက် လွှတ်လာခြင်းမရှိသေးပေ။ မိုင်းနင်းမိ၍သေဆုံးသူ၊ ဟင်းခူးနေစဉ် အပစ်ခံရ၍ သေဆုံးသူများလည်း ရှိနေပါသည်။

ပလက်ဝမြို့ပေါ်ရှိနေအိမ်များတွင် မကြာခဏ ကျည်ဆံကျပြီး ခေါင်းမိုးပျက်စီးခြင်း၊ နေအိမ်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပြီး မြို့ဘေးပတ်လည်တွင် တိုက်ပွဲအချိန်မြှင့်မြှင့်ပိုမိုဖန်တီးလာခြင်း၊ ရပ်ရွာများကို ပစ်မှတ်ထား တိုက်ပွဲဖန်တီးမှုများပိုများကြောင်း သိရှိနားလည်ရပါသည်။

Lockdown ကာလ အခက်အခဲများ-
မြန်မာ့တပ်မတော်၏ ဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထားခြင်းကြောင့် ဒေသတွင်းတပ်စွဲထားသော တပ်မတော်သားများမှအပ မည်သည့်ကုန်စည်များ ပလက်၀သို့ သယ်ယူပို့ဆောင်ခွင့်မရဘဲ ကျောက်တော်မြို့တွင် ၂၅၀၀၀ကျပ်သာ ရှိသော ဆန်သည် ပလက်ဝမြို့နယ်တွင် တစ်အိတ်ကို ၇၀၀၀၀ ကျပ်အထိ စျေးရှိနေပြီး မြန်မာ့တပ်မတော် တပ်စခန်းများမှာသာ ၀ယ်ယူနိုင်သည့်အခြေအနေတွင် ရှိနေပါသည်။ ထိုသို့စျေးအဆမတန်တင်ရောင်းနေခြင်းကြောင့် ၀င်ငွေမရှိသော ဒေသခံများအနေဖြင့် ၀ယ်ယူရန် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရသည်။

“အရင်က ဒီဒေသမှာ တောင်ယာတွေလုပ်ပြီး အသက်မွေး၀မ်းကျောင်းပြုကြတယ်။ ပြင်ပကဆန်ကို အဓိက ၀ယ်ယူစားသုံးနေသူတွေကတော့ ပလက်ဝြမို့ပေါ်နေလူထုပဲ။ နယ်မှာတော့ အတိုင်းအတာတစ်ခုတော့ စား၀တ်နေရေးအဆင်ပြေကြတယ်။ ဒါပေမဲ့ ဒီဒေသမှာ တိုက်ပွဲဖြစ်တာက ၂၀၁၅ခုနှစ်ကတည်းကဆိုတော့ ဘယ်သူမှ အရင်လို တောင်ယာကောင်းကောင်းမလုပ်နိုင်ကြတော့ဘူး။ အဲဒီတော့ နယ်ကလူတွေလည်း ဆန်ပြတ်လပ်တဲ့ဒါဏ်ကို ခံစားနေရကြတာပါ။ အခုချိန်မှာ ဆန်ကို စစ်တပ်ဆီကပဲ ၀ယ်လို့ရတယ်။ တစ်အိတ်ကို ခုနှစ်သောင်းလောက်စျေးရှိနေတော့ မ၀ယ်နိုင်ကြဘူး။ အဲဒီစျေးနဲ့တောင် လိုသလောက် ၀ယ်လို့ရတာမဟုတ်ဘူး။ စစ်တပ်က တကယ်စေတနာရှိရင် သုံးသောင်းလောက်နဲ့ ရောင်းပေးလို့ရတာပဲလေ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက စိတ်မကောင်းစွာ ပြောသည်။

သိနားလည်သော ပလက်ဝမြို့နယ်ဒေသခံတစ်ချို့က ပလက်ဝမြို့နယ်တွင် တာ၀န်ကျနေသော မြန်မာ့တပ်မတော်၏လုပ်ရပ်သည် မိမိတို့ဒေသခံများ၏ အသက်အိုးအိမ်၊ အကျိုးစီးပွား၊ လုံခြုံရေးထက် ၄င်းတို့ စီးပွားဖြစ်လုပ်ကိုင်နေထိုင်ရေးကို ဖန်တီးနေခြင်းလားဟူသော အတွေးများကိုပင် တွေးနေလာကြခြင်းဖြစ်သည်။

ပလက်ဝမြို့အတွက် အရေးပေါ်အရံဆန် အိတ် (၉၀၀)သည် ဆမီးမြို့တွင် ရှိနေသော်လည်း တပ်မတော်ထံက သယ်ယူပို့ဆောင်ခွင့်မရ၍ ဒီအတိုင်းသာ ရှိနေကြောင်း တာ၀န်ရှိသူတစ်ဦးထံမှ သိရသည်။ ယခုချိန်တွင် ပလက်၀ဘက်ရှိဒေသခံများအနေဖြင့် ဆန်ကိုအရေးပေါ်လိုအပ်နေသည့် အနေအခြေဖြစ်နေပြီး ၄င်းတို့ထံ အကူအညီလှမ်းတောင်းနေသော ရွာများစွာရှိကြောင်း RRCCI ၏ အတွင်းရေး ဆလိုင်းစောမြထံကလည်း သိရသည်။

“ဖုန်းနဲ့ အကူအညီလှမ်းတောင်းတဲ့ရွာတွေအများကြီးပဲ။ ပိုက်ဆံနဲ့ကူညီရင်တောင် ၀ယ်စရာဆန် မရှိတဲ့အတွက် အဆင်မပြေတော့တဲ့အနေထားပါ။ ဆန်ကို အရောက်ပို့ပေးဖို့လိုအပ်နေတယ်။ လူသွားလို့လည်းမရ၊ ဆန်ပို့လို့လည်းမရ၊ တကယ်ကို ဒုက္ခရောက်နေတာပါ။ လာလာပြီးအကူအညီတောင်းတဲ့သူတွေရဲ့အသံကို နားထောင်ပြီး ကျွန်တော်တို့လည်း ၀မ်းနည်းရပါတယ်” ဟု ဆလိုင်းစောမြက ညိုးငယ်သောအသံဖြင့် စကားဆိုသည်။

ကုလားတန်အထက်ပိုင်းအုပ်စုကျေးရွာများတွင် AA လက်နက်ကိုင်များက ခုနှစ်သောင်းကျော်ပေး၀ယ်ရသော ဒေသခံပြည်သူများ၏ဆန်ကို ထက်၀က်စျေးလျော့ကာ အတင်းအားဓမ္မရောင်းခိုင်းနေပြီး ၄င်းတို့သတ်မှတ်ထားသော နေရာအထိလည်း ပို့ဆောင်ပေးနေရမှုများ ရှိနေသည်။
Lockdown ချထားခြင်းကြောင့် ဆေးရုံကြီးများသို့သွားရန်လွဲထားခြင်းခံရသော အရေးပေါ် ဆေးကုသရမည့်လူနာများ လမ်းပိတ်ထားလို့ သေမထူးနေမထူး နေအိမ်ကိုသာပြန်လှည့်ရသူများစွာလည်း ရှိနေပါသည်။ အဆိုပါ လမ်းများပိတ်ဆို့ထားခြင်းအစီအစဉ်သည် ရန်သူလက်နက် ကိုင်အဖွဲ့ကို ဒုက္ခပေးရန် ထိရောက်သော နည်းလမ်းမဟုတ်ဘဲ၊ ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ တစ်သိန်းကျော်အား ပို၍သာ အတိဒုက္ခရောက်စေခြင်းသာဖြစ်သည်ဟု ဒေသခံတစ်ချို့နည်းတူ စာရေးသူအနေဖြင့်လည်း တွေးမိပါသည်။

အရေးပေါ်အကူအညီလိုအပ်သော နေရာများ –
ယနေ့ စက်တင်ဘာလ (၂၇)ရက်နေ့အထိ ပလက်ဝမြို့နယ်ထွေ/အုပ်စာရင်းအရ ပလက်ဝမြို့နယ် တစ်ခုလုံးတွင် စစ်ဘေးရှောင်စခန်းပေါင်း (၆)ခုရှိပြီး ၄င်းတို့မှာ ပလက်၀၊ ဆမီး၊ မီးဇာ၊ ရှင်းလက်၀၊ ဖရုံချောင်း၊ ကွမ်းတောင် တို့ဖြစ်သည်။ အဆိုပါ စစ်ဘေးရှောင်စခန်း (၆)ခုတွင် စစ်ဘေးရှောင် ဒုက္ခသည် အိမ်ထောင်စုပေါင်း – ၂၀၄၀ စု၊ လူဦးရေ ကျား- ၄၂၂၉ဦး၊ မ-၄၇၇၇ ဦး၊ စုစုပေါင်းလူဦးရေ ၉၀၀၆ ဦးရှိသည်။ အဆိုပါစာရင်းများအနက် အရေးပေါ်ဆန်အကူအညီလိုအပ်နေသော IDPs camp များမှာ ပလက်၀၊ ဖရုံချောင်း နှင့် ကွမ်းတောင်တို့ဖြစ်သည်။ ပလက်၀ IDPs camp တွင် အိမ်ထောင်စု – ၁၁၁၃ခု၊ လူဦးရေ ကျား-၂၂၆၃၊ မ-၂၆၁၆၊ စုစုပေါင်းလူဦးရေ ၄၈၇၉ ဦး၊ ဖရုံချောင်းတွင် အိမ်ထောင်စု ၆စု၊ ကျား- ၅၊ မ-၈၊ ပေါင်း-၁၃ ဦး၊ ကွမ်းတောင်တွင် အိမ်ထောင်စု-၉ စု၊ ကျား-၂၄၊ မ-၃၁၊ စုစုပေါင်း-၅၅ ဦးရှိသည်။

ပလက်၀ IDPs Camp တွင်ရောက်နေကြသော ဒုက္ခသည်များအတွက် WFP ၏ အကူအညီဆန်များ ထပ်မံရောက်လာမည်ဟု သတင်းကြားသော်လည်း လက်ရှိ ၄င်းတို့လက်ထဲတွင် စားစရာဆန် (၅)ရက်စာသာ ကျန်ရှိကြောင်း ပလက်ဝမြို့နယ် စစ်ဘေးရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့၏ တာ၀န်ရှိသူတစ်ဦးက ယခုကဲ့သို့ပြောသည်။

“စားစရာဆန်ပြတ်လပ်ပြီ။ IDPs camp က စစ်ဘေးဒုက္ခသည်တွေအတွက်တော့ ဆန် (၅)ရက်စာပဲ ကျန်တော့တယ်။ WFP ရဲ့အကူအညီတွေ မကြာခင်ရောက်လာမယ်လို့ သတင်းရတယ်။ IDP စာရင်းထဲမ၀င်တဲ့ အပြင်က လူတွေလည်းအားလုံး ဒုက္ခရောက်နေကြတာပါ။ လမ်းတွေပြန်ဖွင့်ပေးဖို့ ဆုတောင်းနေရပါတယ်” ဟု ယင်းကပြောသည်။

IDP စခန်းပြင်ပရှိ အရေးပေါ်အကူအညီလိုအပ်နေသော ကျေးရွာများသည် ပလက်ဝမြို့နှင့် အထက်ပိုင်း တောင်ပြိုအကြားရှိ ကျေးရွာများ၊ ပီချောင်းဒေသတွင်းတွင် ခဝဲကျေးရွာမှ ပီချောင်းအထက်ပိုင်းရှိ ကျေးရွာများ၊ ပလက်ချောင်း အတွင်းရှိ ကျေးရွာများဖြစ်ကြပြီး အရေးပေါ်အကူအညီလိုအပ်သော စုစုပေါင်းလူဦးရေ ခန်းမှန်းခြေမှာ ၄၀၀၀၀-၅၀၀၀၀ အကြားတွင်ရှိမည်ဟု ခန်းမှန်းရပါသည်။

ရွေးကောက်ပွဲကိုထိခိုက်မည်ကိုစိုးရိမ်
ပလက်ဝမြို့နယ်ဒေသခံပြည်သူများအနေဖြင့် အထက်ပါအကြောင်းပြချက်များဖြင့် လာမည့်နို၀င်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေး ကောက်ပွဲကို ပလက်ဝမြို့နယ်တွင် ကျင်းပခွင့်မပြုမည်ကို စိုးရိမ်နေကြလျှက်ရှိသည်။

ပြည်သူများ၏လိုလားချက်-
မြန်မာ့တပ်မတော်သို့ ပလက်ဝပြည်သူများ၏တောင်းဆိုလိုသည်များကို စာရေးသူအနေဖြင့် အကျဉ်းချုံးဖော်ပြရလျှင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အများပြည်သူလူထု၏ ဘ၀လုံခြုံမှုနှင့် အိုးအိမ်အကျိုးစီးပွားကို အမှန်တကယ် စာနာထောက်ထားငဲ့ညှာသောအားဖြင့် ပိတ်ထားသောလမ်းများအား ပြန်လည်ဖွင့်ပေးရန်၊ အကယ်၍မဖွင့်ပေးလိုသေးပါက မိမိတို့အတွက် လုံခြုံရသောဘ၀ကိုဖန်တီးပေးပြီး၊ ဆန်နှင့်ကုန်စည်များကို စျေးနှုန်းအသင့်အသင့်ဖြင့် မပြတ်မလပ်၀ယ်ယူရရှိနိုင်အောင် ဖန်တီးပေးရန်၊ အင်တာနက်လိုင်းအား နဂိုအတိုင်းပြန်ဖွင့်ပေးရန်၊ လုံခြုံရေးသဘောထားအမှန်ဖြင့် လိုအပ်မည့်ပိတ်ဆို့မှုများကိုသာ ဆောင်ရွက်ကြရန် တို့သာဖြစ်ပါသည်။

 

Zawgyi Version

၈ လၾကာLockdown ခ်ၿခံထားရတဲ့ ပလက္၀ၿမိဳ႕ (သို႔) က်ိန္စာတိုက္ခံေနရတဲ့ၿမိဳ႕
Peter Luilu| 2020 September 27| TCP-Hakha|ယခုႏွစ္ ေဖေဖာ္ဝါရီလ (၄)ရက္ေန႔ကစတင္ၿပီး ျမန္မာ့တပ္မေတာ္၏နယ္ေျမလုံၿခဳံေရး အေၾကာင္းျပခ်က္ျဖင့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွ တျခားၿမိဳ႕နယ္မ်ားႏွင့္ဆက္သြယ္သြားလာေသာ လမ္းမ်ားကို ပိတ္ထားခဲ့ေလသည္။ ထိုသို႔ ခရီးသြားလာေရး၊ ကုန္စည္ပို႔ေဆာင္ေရးတို႔ကို ပိတ္ဆို႔ထားျခင္းအျပင္ အင္တာနက္လိုင္းကိုလည္း ပိတ္ထားခဲ့ျခင္းျဖစ္ၿပီး လြန္ခဲ့သည့္ ဩဂုတ္လ (၁)ရက္ေန႔က 2G အဆင့္ အင္တာနက္လိုင္းကို ျပန္ဖြင့္ေပးခဲ့ေသာ္လည္း အခုထိ အဆင္ေျပေျပအသုံးမျပဳႏိုင္ေသးပဲ ရွိေနပါေသးသည္။

ပထမအဆင့္ Lockdown အစီအစဥ္အျဖစ္ ပလက္၀-ေက်ာက္ေတာ္လမ္း (ေရလမ္း၊ ကားလမ္း)၊ ပလက္၀-ဆမီးလမ္းကို ပိတ္ထားၿပီး၊ ယခုေနာက္ပိုင္းတြင္ ပလက္၀-တ႐ႊန္အိုင္၊ ပလက္၀-ႏွမဒါ၊ တ႐ႊန္အိုင္-ရွင္းလက္၀၊ ပီေခ်ာင္းလမ္းေၾကာင္းမ်ားအားလုံးကို သြားလာခြင့္ပိတ္ထား လိုက္ၿပီျဖစ္သည္။

ယခုအခါ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ေရာဂါ ဒုတိယလိုင္း႐ိုက္ခက္ေနၿပီး ေရာဂါကူးစက္သူ၊ ေသဆုံးသူအေရအတြက္ ပိုပိုမ်ားလာျခင္းေၾကာင့္ လူဦးေရ (၇-သန္း)ခန္႔ေနထိုင္ေသာ ရန္ကုန္တိုင္းေဒသႀကီးကို STAY AT HOME ေနၾကရန္ႏွင့္ စက္႐ုံအလုပ္႐ုံမ်ားကို ၂-ပတ္ပိတ္ရန္ ၫႊန္ၾကားခ်က္ အမိန္႔စာ အမွတ္ ၁၀၇/၂၀၂၀ကို က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနက စက္တင္ဘာလ (၂၀)ရက္ေန႔က ေၾကညာခဲ့ေလသည္။ ထိုသို႔ေၾကညာၿပီးေနာက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းေနထိုင္ေသာ မိဘျပည္သူလူထုအတြက္ ေနာက္ဆက္တြဲအကူအညီ၊ အပံ့အပိုးမ်ားေဆာင္႐ြက္သည့္ လုပ္ငန္းစဥ္ အစီအမံမ်ားကို ေဖာ္ေဆာင္ေနသည္ကို အားရဖြယ္ျမင္ေတြ႕ ရသည္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္သည္လည္း မိမိတို႔ၿမိဳ႕နယ္အတြင္း ေနထိုင္ေသာ ေဒသခံမိဘျပည္သူလူထု၏အလိုဆႏၵမဟုတ္ဘဲ ျမန္မာ့တပ္မေတာ္ ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔အၾကား ျဖစ္ပြားေသာတိုက္ပြဲေၾကာင့္ ၿမိဳ႕နယ္ျပင္ပသို႔ ကူလူးဆက္သြယ္သြားလာခြင့္ မရခဲ့ၾကသည္မွာ ေဖေဖာ္ဝါရီ (၄)ရက္ေန႔မွ ယခုဆို (၈)လပင္ မၾကာခင္ျပည့္ေတာ့မည္ျဖစ္သည္။ ထိုသို႔ Lockdown လုပ္ထားျခင္းခံထားရသည့္အတြက္ ပလက္ျဝမို႔နယ္အတြင္းရွိ လူဦးေရ (၆၀၀၀၀) ေက်ာ္တို႔သည္ ဆန္ျပတ္လပ္မႈ၊ ေဆးဝါးႏွင့္ တျခားကုန္စည္ျပတ္လပ္မႈ ဒုကၡကို အလြန္အမင္း ခံစားေနရလာျခင္းျဖစ္ေသာ္လည္း ျမန္မာ့တပ္မေတာ္ႏွင့္ အုပ္ခ်ဳပ္ေရးအာဏာပိုင္မ်ားက ပလက္ဝၿမိဳ႕နယ္ ေဒသခံမ်ားအဆင္ေျပေအာင္ စီမံေဆာင္႐ြက္မႈအပိုင္းတြင္ မရွိသေလာက္ အားနည္းေနသည္ကို ေတြ႕ရပါသည္။

စာေရးသူအေနျဖင့္ စစ္ေရးဗ်ဴဟာကို နားမလည္ေသာ္လည္း လုံၿခဳံေရးကိုအေၾကာင္းျပဳၿပီး ပလက္ဝၿမိဳ႕နယ္အား ျဖတ္ (၄)ျဖတ္စနစ္ျဖင့္ Lockdown လုပ္ထားသည့္ပုံစံသည္ တမင္သက္သက္ လုံၿခဳံေရးကို အေၾကာင္းျပ႐ုံသက္သက္ျဖင့္ ေဒသခံျပည္သူမ်ားအား ဒုကၡေပးေနျခင္းသာျဖစ္ သည္ဟု ၾကာလာသည္ႏွင့္အမွ် သံသယ၀င္လာမိပါသည္။

Lockdownကာလထိတ္လန္႔စရာျဖစ္ရပ္တစ္ခ်ိဳ႕
ထိုသို႔လမ္းမ်ားပိတ္ထားၿပီးေနာက္မွာလည္း ပလက္ဝၿမိဳ႕အနီးအနားတြင္ လုံၿခဳံေရးပိုေကာင္းလာျခင္းမရွိဘဲ စက္တင္ဘာလ (၉)ရက္ေန႔က နယ္ေျမခံ၀န္ႀကီးျဖစ္ေသာ ခ်င္းျပည္နယ္ စည္ပင္၊ လွ်ပ္စစ္ႏွင့္ စက္မႈ၀န္ႀကီး ဦးစိုးထက္ စီးႏွင္းလိုက္ပါေသာစက္ေလွအား (၂၈၉) တပ္ရင္းေရွ႕ကုလားတန္ျမစ္ေပၚတြင္ AA လက္နက္ကိုင္တို႔၏ ေခ်ာင္းပစ္ျခင္းကို ခံခဲ့ရကာ အသက္ေဘးႏွင့္သီသီကေလး လႊတ္ခဲ့ရၿပီး တပ္ရင္းအတြင္းသို႔ ေသနတ္က်ည္ဆံမ်ား က်ေရာက္ခဲ့ေၾကာင္း နီးစပ္ရာအသိုင္းဝိုင္းမ်ား ထံမွ သိရသည္။

ယခုႏွစ္အေစာပိုင္းက ဆီးဖေလာင္း႐ြာ ေက်ာင္းအုပ္ဆရာႀကီး ဦးအာေဗလအား (၂၈၉)တပ္ရင္း၏ အေနာက္ေျမာက္ပိုင္းအနီးတစ္ေနရာတြင္ ျပင္းထန္စြာ႐ိုက္ႏွက္ကာ လက္နက္ကိုင္မ်ားက သတ္ပစ္လိုက္ၾကသည္။ မတ္လ (၁၄-၁၅)ရက္မ်ားက ၀က္မ႐ြာ၊ ၿပိဳင္တင္း႐ြာတို႔တြင္ ေလယာဥ္ျဖင့္ စစ္ဆင္ေရးျပဳလုပ္ခဲ့ျခင္းေၾကာင့္ အျပစ္မဲ့ ေဒသခံ ၂၃ ဦးေသဆုံးခဲ့သည္။ မတ္လ (၂၂)ရက္ေန႔ညတြင္ ကုလားတန္ဘက္စုံသုံးစီမံကိန္း၏ ပလက္၀ဆိပ္ခံတံတားတည္ေဆာက္ေရးလုပ္ငန္းခြင္ ႐ုံးခန္းသို႔ AA လက္နက္ကိုင္မ်ား၀င္ေရာက္ၿပီး ေငြက်ပ္သိန္း (၅၀)ကို ဓားျပတိုက္လုယူ သြားခဲ့သည္။

ဧၿပီလအတြင္းတြင္လည္း နန္းေခ်ာင္းထဲ႐ြာကို ေလယာဥ္ျဖင့္ ဗုံးႀကဲလို႔ အျပစ္မဲ့ေဒသခံ (၈)ဦးေသဆုံးခဲ့သည္။ ဒုကၡိတဘဝေရာက္သြားသူမ်ားစြာရွိ လာခဲ့သည္။ ဧၿပီလ (၁၂)ရက္ေန႔မနက္ပိုင္း (၁)နာရီခန္႔တြင္ ပလက္ဝၿမိဳ႕ေပၚ ေနအိမ္တြင္ အိပ္ေနေသာ စည္ပင္၀န္ထမ္း ဦးျမင့္ေမာင္အား AA လက္နက္ကိုင္မ်ားက ဖမ္းဆီးေခၚေဆာင္သြားၿပီး ယခုအခ်ိန္အထိ ျပန္လႊတ္မလာေသးေပ။ ဧၿပီလ (၂၂)ရက္ေန႔ညေနပိုင္းက ပလက္ဝၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္ၿခံ၀င္းအတြင္း လက္နက္ႀကီးမ်ား က်ၿပီး ေဒသခံ ၄ (လူႀကီး ၂ ဦး၊ ကေလးငယ္ ၂ဦး) ဦးေသဆုံးခဲ့သည္။

ေမလ (၈)ရက္ေန႔က ရိကၡာရပ္ကြက္ေန ဦးမင္းမင္း(အသက္ ၃၈)ႏွစ္သည္ ေနအိမ္တြင္ရွိေနစဥ္ ေသနတ္က်ည္ဆံထိမွန္ၿပီး အေရးေပၚလူနာအျဖစ္ ပလက္ဝေဆး႐ုံတြင္ ေဆးကုသခံခဲ့ရသည္။ ေမလ (၂၆)ရက္ေန႔က မီးလက္ဝေအာက္႐ြာ မီးရႈိ႕ဖ်က္စီးျခင္း ခံခဲ့ရသည္။ ဇူလိုင္လ (၂၉)ရက္ ေန႔တြင္ ဆလိုင္းေအာင္စိုးအပါအ၀င္ ခ်င္းလူငယ္(၄)ဦးအား AA လက္နက္ကိုင္မ်ားက ဖမ္းဆီးထိန္းသိမ္းၿပီး ယေန႔အခ်ိန္ထိ ဆလိုင္းေအာင္စိုးတစ္ေယာက္ လႊတ္လာျခင္းမရွိေသးေပ။ မိုင္းနင္းမိ၍ေသဆုံးသူ၊ ဟင္းခူးေနစဥ္ အပစ္ခံရ၍ ေသဆုံးသူမ်ားလည္း ရွိေနပါသည္။

ပလက္ဝၿမိဳ႕ေပၚရွိေနအိမ္မ်ားတြင္ မၾကာခဏ က်ည္ဆံက်ၿပီး ေခါင္းမိုးပ်က္စီးျခင္း၊ ေနအိမ္ပ်က္စီးျခင္းတို႔ ျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ေဘးပတ္လည္တြင္ တိုက္ပြဲအခ်ိန္ျမႇင့္ျမႇင့္ပိုမိုဖန္တီးလာျခင္း၊ ရပ္႐ြာမ်ားကို ပစ္မွတ္ထား တိုက္ပြဲဖန္တီးမႈမ်ားပိုမ်ားေၾကာင္း သိရွိနားလည္ရပါသည္။

Lockdownကာလ အခက္အခဲမ်ား-
ျမန္မာ့တပ္မေတာ္၏ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားပိတ္ထားျခင္းေၾကာင့္ ေဒသတြင္းတပ္စြဲထားေသာ တပ္မေတာ္သားမ်ားမွအပ မည္သည့္ကုန္စည္မ်ား ပလက္၀သို႔ သယ္ယူပို႔ေဆာင္ခြင့္မရဘဲ ေက်ာက္ေတာ္ၿမိဳ႕တြင္ ၂၅၀၀၀က်ပ္သာ ရွိေသာ ဆန္သည္ ပလက္ဝၿမိဳ႕နယ္တြင္ တစ္အိတ္ကို ၇၀၀၀၀ က်ပ္အထိ ေစ်းရွိေနၿပီး ျမန္မာ့တပ္မေတာ္ တပ္စခန္းမ်ားမွာသာ ၀ယ္ယူႏိုင္သည့္အေျခအေနတြင္ ရွိေနပါသည္။ ထိုသို႔ေစ်းအဆမတန္တင္ေရာင္းေနျခင္းေၾကာင့္ ၀င္ေငြမရွိေသာ ေဒသခံမ်ားအေနျဖင့္ ၀ယ္ယူရန္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ေနရေၾကာင္း ေဒသခံမ်ားထံက သိရသည္။

“အရင္က ဒီေဒသမွာ ေတာင္ယာေတြလုပ္ၿပီး အသက္ေမြး၀မ္းေက်ာင္းျပဳၾကတယ္။ ျပင္ပကဆန္ကို အဓိက ၀ယ္ယူစားသုံးေနသူေတြကေတာ့ ပလက္ျဝမို႔ေပၚေနလူထုပဲ။ နယ္မွာေတာ့ အတိုင္းအတာတစ္ခုေတာ့ စား၀တ္ေနေရးအဆင္ေျပၾကတယ္။ ဒါေပမဲ့ ဒီေဒသမွာ တိုက္ပြဲျဖစ္တာက ၂၀၁၅ခုႏွစ္ကတည္းကဆိုေတာ့ ဘယ္သူမွ အရင္လို ေတာင္ယာေကာင္းေကာင္းမလုပ္ႏိုင္ၾကေတာ့ဘူး။ အဲဒီေတာ့ နယ္ကလူေတြလည္း ဆန္ျပတ္လပ္တဲ့ဒါဏ္ကို ခံစားေနရၾကတာပါ။ အခုခ်ိန္မွာ ဆန္ကို စစ္တပ္ဆီကပဲ ၀ယ္လို႔ရတယ္။ တစ္အိတ္ကို ခုႏွစ္ေသာင္းေလာက္ေစ်းရွိေနေတာ့ မ၀ယ္ႏိုင္ၾကဘူး။ အဲဒီေစ်းနဲ႔ေတာင္ လိုသေလာက္ ၀ယ္လို႔ရတာမဟုတ္ဘူး။ စစ္တပ္က တကယ္ေစတနာရွိရင္ သုံးေသာင္းေလာက္နဲ႔ ေရာင္းေပးလို႔ရတာပဲေလ” ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက စိတ္မေကာင္းစြာ ေျပာသည္။

သိနားလည္ေသာ ပလက္ဝၿမိဳ႕နယ္ေဒသခံတစ္ခ်ိဳ႕က ပလက္ဝၿမိဳ႕နယ္တြင္ တာ၀န္က်ေနေသာ ျမန္မာ့တပ္မေတာ္၏လုပ္ရပ္သည္ မိမိတို႔ေဒသခံမ်ား၏ အသက္အိုးအိမ္၊ အက်ိဳးစီးပြား၊ လုံၿခဳံေရးထက္ ၄င္းတို႔ စီးပြားျဖစ္လုပ္ကိုင္ေနထိုင္ေရးကို ဖန္တီးေနျခင္းလားဟူေသာ အေတြးမ်ားကိုပင္ ေတြးေနလာၾကျခင္းျဖစ္သည္။

ပလက္ဝၿမိဳ႕အတြက္ အေရးေပၚအရံဆန္ အိတ္ (၉၀၀)သည္ ဆမီးၿမိဳ႕တြင္ ရွိေနေသာ္လည္း တပ္မေတာ္ထံက သယ္ယူပို႔ေဆာင္ခြင့္မရ၍ ဒီအတိုင္းသာ ရွိေနေၾကာင္း တာ၀န္ရွိသူတစ္ဦးထံမွ သိရသည္။ ယခုခ်ိန္တြင္ ပလက္၀ဘက္ရွိေဒသခံမ်ားအေနျဖင့္ ဆန္ကိုအေရးေပၚလိုအပ္ေနသည့္ အေနအေျချဖစ္ေနၿပီး ၄င္းတို႔ထံ အကူအညီလွမ္းေတာင္းေနေသာ ႐ြာမ်ားစြာရွိေၾကာင္း RRCCI ၏ အတြင္းေရး ဆလိုင္းေစာျမထံကလည္း သိရသည္။

“ဖုန္းနဲ႔ အကူအညီလွမ္းေတာင္းတဲ့႐ြာေတြအမ်ားႀကီးပဲ။ ပိုက္ဆံနဲ႔ကူညီရင္ေတာင္ ၀ယ္စရာဆန္ မရွိတဲ့အတြက္ အဆင္မေျပေတာ့တဲ့အေနထားပါ။ ဆန္ကို အေရာက္ပို႔ေပးဖို႔လိုအပ္ေနတယ္။ လူသြားလို႔လည္းမရ၊ ဆန္ပို႔လို႔လည္းမရ၊ တကယ္ကို ဒုကၡေရာက္ေနတာပါ။ လာလာၿပီးအကူအညီေတာင္းတဲ့သူေတြရဲ႕အသံကို နားေထာင္ၿပီး ကြၽန္ေတာ္တို႔လည္း ၀မ္းနည္းရပါတယ္” ဟု ဆလိုင္းေစာျမက ညိဳးငယ္ေသာအသံျဖင့္ စကားဆိုသည္။

ကုလားတန္အထက္ပိုင္းအုပ္စုေက်း႐ြာမ်ားတြင္ AA လက္နက္ကိုင္မ်ားက ခုႏွစ္ေသာင္းေက်ာ္ေပး၀ယ္ရေသာ ေဒသခံျပည္သူမ်ား၏ဆန္ကို ထက္၀က္ေစ်းေလ်ာ့ကာ အတင္းအားဓမၼေရာင္းခိုင္းေနၿပီး ၄င္းတို႔သတ္မွတ္ထားေသာ ေနရာအထိလည္း ပို႔ေဆာင္ေပးေနရမႈမ်ား ရွိေနသည္။
Lockdown ခ်ထားျခင္းေၾကာင့္ ေဆး႐ုံႀကီးမ်ားသို႔သြားရန္လြဲထားျခင္းခံရေသာ အေရးေပၚ ေဆးကုသရမည့္လူနာမ်ား လမ္းပိတ္ထားလို႔ ေသမထူးေနမထူး ေနအိမ္ကိုသာျပန္လွည့္ရသူမ်ားစြာလည္း ရွိေနပါသည္။ အဆိုပါ လမ္းမ်ားပိတ္ဆို႔ထားျခင္းအစီအစဥ္သည္ ရန္သူလက္နက္ ကိုင္အဖြဲ႕ကို ဒုကၡေပးရန္ ထိေရာက္ေသာ နည္းလမ္းမဟုတ္ဘဲ၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူ တစ္သိန္းေက်ာ္အား ပို၍သာ အတိဒုကၡေရာက္ေစျခင္းသာျဖစ္သည္ဟု ေဒသခံတစ္ခ်ိဳ႕နည္းတူ စာေရးသူအေနျဖင့္လည္း ေတြးမိပါသည္။

အေရးေပၚအကူအညီလိုအပ္ေသာေနရာမ်ား –
ယေန႔ စက္တင္ဘာလ (၂၇)ရက္ေန႔အထိ ပလက္ဝၿမိဳ႕နယ္ေထြ/အုပ္စာရင္းအရ ပလက္ဝၿမိဳ႕နယ္ တစ္ခုလုံးတြင္ စစ္ေဘးေရွာင္စခန္းေပါင္း (၆)ခုရွိၿပီး ၄င္းတို႔မွာ ပလက္၀၊ ဆမီး၊ မီးဇာ၊ ရွင္းလက္၀၊ ဖ႐ုံေခ်ာင္း၊ ကြမ္းေတာင္ တို႔ျဖစ္သည္။ အဆိုပါ စစ္ေဘးေရွာင္စခန္း (၆)ခုတြင္ စစ္ေဘးေရွာင္ ဒုကၡသည္ အိမ္ေထာင္စုေပါင္း – ၂၀၄၀ စု၊ လူဦးေရ က်ား- ၄၂၂၉ဦး၊ မ-၄၇၇၇ ဦး၊ စုစုေပါင္းလူဦးေရ ၉၀၀၆ ဦးရွိသည္။ အဆိုပါစာရင္းမ်ားအနက္ အေရးေပၚဆန္အကူအညီလိုအပ္ေနေသာ IDPs camp မ်ားမွာ ပလက္၀၊ ဖ႐ုံေခ်ာင္း ႏွင့္ ကြမ္းေတာင္တို႔ျဖစ္သည္။ ပလက္၀ IDPs camp တြင္ အိမ္ေထာင္စု – ၁၁၁၃ခု၊ လူဦးေရ က်ား-၂၂၆၃၊ မ-၂၆၁၆၊ စုစုေပါင္းလူဦးေရ ၄၈၇၉ ဦး၊ ဖ႐ုံေခ်ာင္းတြင္ အိမ္ေထာင္စု ၆စု၊ က်ား- ၅၊ မ-၈၊ ေပါင္း-၁၃ ဦး၊ ကြမ္းေတာင္တြင္ အိမ္ေထာင္စု-၉ စု၊ က်ား-၂၄၊ မ-၃၁၊ စုစုေပါင္း-၅၅ ဦးရွိသည္။

ပလက္၀ IDPs Camp တြင္ေရာက္ေနၾကေသာ ဒုကၡသည္မ်ားအတြက္ WFP ၏ အကူအညီဆန္မ်ား ထပ္မံေရာက္လာမည္ဟု သတင္းၾကားေသာ္လည္း လက္ရွိ ၄င္းတို႔လက္ထဲတြင္ စားစရာဆန္ (၅)ရက္စာသာ က်န္ရွိေၾကာင္း ပလက္ဝၿမိဳ႕နယ္ စစ္ေဘးေရွာင္ႏွင့္ သဘာဝေဘးကူညီေရးအဖြဲ႕၏ တာ၀န္ရွိသူတစ္ဦးက ယခုကဲ့သို႔ေျပာသည္။

“စားစရာဆန္ျပတ္လပ္ၿပီ။ IDPs camp က စစ္ေဘးဒုကၡသည္ေတြအတြက္ေတာ့ ဆန္ (၅)ရက္စာပဲ က်န္ေတာ့တယ္။ WFP ရဲ႕အကူအညီေတြ မၾကာခင္ေရာက္လာမယ္လို႔ သတင္းရတယ္။ IDP စာရင္းထဲမ၀င္တဲ့ အျပင္ကလူေတြလည္းအားလုံး ဒုကၡေရာက္ေနၾကတာပါ။ လမ္းေတြျပန္ဖြင့္ေပးဖို႔ ဆုေတာင္းေနရပါတယ္” ဟု ယင္းကေျပာသည္။

IDP စခန္းျပင္ပရွိ အေရးေပၚအကူအညီလိုအပ္ေနေသာ ေက်း႐ြာမ်ားသည္ ပလက္ဝၿမိဳ႕ႏွင့္ အထက္ပိုင္း ေတာင္ၿပိဳအၾကားရွိ ေက်း႐ြာမ်ား၊ ပီေခ်ာင္းေဒသတြင္းတြင္ ခဝဲေက်း႐ြာမွ ပီေခ်ာင္းအထက္ပိုင္းရွိ ေက်း႐ြာမ်ား၊ ပလက္ေခ်ာင္းအတြင္းရွိ ေက်း႐ြာမ်ားျဖစ္ၾကၿပီး အေရးေပၚအကူအညီလိုအပ္ေသာ စုစုေပါင္းလူဦးေရ ခန္းမွန္းေျခမွာ ၄၀၀၀၀-၅၀၀၀၀ အၾကားတြင္ရွိမည္ဟု ခန္းမွန္းရပါသည္။

ေ႐ြးေကာက္ပြဲကိုထိခိုက္မည္ကိုစိုးရိမ္
ပလက္ဝၿမိဳ႕နယ္ေဒသခံျပည္သူမ်ားအေနျဖင့္ အထက္ပါအေၾကာင္းျပခ်က္မ်ားျဖင့္ လာမည့္ႏို၀င္ဘာ (၈)ရက္ေန႔တြင္ က်င္းပမည့္အေထြေထြေ႐ြး ေကာက္ပြဲကို ပလက္ဝၿမိဳ႕နယ္တြင္ က်င္းပခြင့္မျပဳမည္ကို စိုးရိမ္ေနၾကလွ်က္ရွိသည္။

ျပည္သူမ်ား၏လိုလားခ်က္-
ျမန္မာ့တပ္မေတာ္သို႔ ပလက္ဝျပည္သူမ်ား၏ေတာင္းဆိုလိုသည္မ်ားကို စာေရးသူအေနျဖင့္ အက်ဥ္းခ်ဳံးေဖာ္ျပရလွ်င္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အမ်ားျပည္သူလူထု၏ ဘ၀လုံၿခဳံမႈႏွင့္ အိုးအိမ္အက်ိဳးစီးပြားကို အမွန္တကယ္ စာနာေထာက္ထားငဲ့ညႇာေသာအားျဖင့္ ပိတ္ထားေသာလမ္းမ်ားအား ျပန္လည္ဖြင့္ေပးရန္၊ အကယ္၍မဖြင့္ေပးလိုေသးပါက မိမိတို႔အတြက္ လုံၿခဳံရေသာဘ၀ကိုဖန္တီးေပးၿပီး၊ ဆန္ႏွင့္ကုန္စည္မ်ားကို ေစ်းႏႈန္းအသင့္အသင့္ျဖင့္ မျပတ္မလပ္၀ယ္ယူရရွိႏိုင္ေအာင္ ဖန္တီးေပးရန္၊ အင္တာနက္လိုင္းအား နဂိုအတိုင္းျပန္ဖြင့္ေပးရန္၊ လုံၿခဳံေရးသေဘာထားအမွန္ျဖင့္ လိုအပ္မည့္ပိတ္ဆို႔မႈမ်ားကိုသာ ေဆာင္႐ြက္ၾကရန္ တို႔သာျဖစ္ပါသည္။

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: