July 16, 2025

နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို Chin Person of the Year အဖြစ်ရွေးချယ်

IMG_3764

The Chinland Post| 2019 February 8| ရန်ကုန်မြို့အခြေစိုက် All Chin Society အဖွဲ့မှ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို Chin Person of The Year အဖြစ် ရွေးချယ်ကြောင်း တာဝန်ရှိသူထံမှ သတင်းရရှိသည်။

All Chin Society-Yangon ဥက္ကဌ ပီတာကျူံးက “ချင်းမျိုးနွယ်စု လူမှုရေးအသင်း (၁၉)ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် All Chin Society-Yangon အနေဖြင့် ၂၀၁၈ ခုနှစ်အတွက် Chin Person of The Year ကို ပထမဦးဆုံး အကြိမ် ရွေးချယ်ခြင်းဖြစ်သည်။ ကျွန်တော်တို့အဖွဲ့အားလုံး သဘောတူဆုံးဖြတ်ချက်ဖြင့် ၂၀၁၈ ခုနှစ်အတွက် Chin Person of The Year ကို မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ရွေးချယ်သည်။ Chin Person of The Year ဆုကို ရန်ကုန်မြို့တွင် ACSY မှ ဦးဆောင်ကျင်းပမည့် ချင်းအမျိုးသားနေ့တွင် ချီးမြင့်သွားမည်” ဟု The Chinland Post မီဒီယာသို့ပြောသည်။

Chin Person Of The Year ရွေးတဲ့အချိန်မှာ နံပါတ်တစ် ချင်းလူမျိုးဖြစ်ရမယ်၊ နံပါတ်နှစ် ချင်းလူမျိုးတွေကို အကျိုးပြုတဲ့သူဖြစ်ရမယ်၊ နောက်ဆုံးအချက်က ချင်းလူမျိုးတွေထဲက မြန်မာပြည်ကို အလွှမ်းခြုံဆုံးသောသူဆိုပြီး အဲဒီသုံးချက်ကို ကြည့်ပြီးရွေးတာဖြစ်တယ်လို့ သိရှိရပါသည်။

“ကျွန်တော်တို့ ဒုသမ္မတကို ရွေးချယ်ရခြင်း အဓိက အကြောင်းရင်းနှစ်ခုရှိတယ်။ ချင်းလူမျိုးထဲမှ  မြန်မာနိုင်ငံ၏အမြင့်ဆုံး ဒုတိယသမ္မတ ရားထူးကို တာဝန်ထမ်းဆောင်ပေးနိုင်သောသူဖြစ်ပြီး တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် အကျိုးပြု၊ စွမ်းဆောင်နိုင်မှုအပေါ် အဓိကရွေးချယ်ခြင်းဖြစ်သည်” ဟု ဆက်လက်ပြောကြားသည်။

All Chin Society – Yangon အဖွဲ့အနေဖြင့် ချင်းအမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့တွင်ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူအပါအ၀င် ချင်းလူမျိုးများထဲမှ ဆယ်တန်းကို ငါးဘာသာနှင့်အထက် ဂုဏ်ထူးရသူများ၊ Ph.D ဘွဲ့ရများ (Secular & Religion)၊ နိုင်ငံတော်ကိုယ်စားပြု အားကစားသမားများ၊ နိုင်ငံတော်အဆင့် အဆိုတော်များနှင့် အလှမောင်/မယ်များ၊ ဒု-ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးချုပ်များ အစရှိသည်တို့ကို ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *