ကိုဗစ်-၁၉ ဆေးထိုးပြီးနောက် လိုအပ်သော သိမှတ်စရာများ

0

FILE PHOTO: A woman holds a small bottle labelled with a "Coronavirus COVID-19 Vaccine" sticker and a medical syringe in this illustration taken October 30, 2020. REUTERS/Dado Ruvic/File Photo

June 17, 2021 – ဤကိုဗစ်-၁၉ ကာကွယ်ဆေးသည် အခြားသော မည်သည့်ရောဂါမျှမပါဝင်သောကြောင့် သင့်အား ကိုဗစ်-၁၉  ရောဂါကူးဆက်စေနိုင်သော ကာကွယ်ဆေးမျိူးမဟုတ်ပါ။

ဤဆေးသည်သင့်အားရောဂါကူးဆက်စေနိုင်မည်မဟုတ်ပါ။ သို့သော်လည်း တချိူ့သောသူများထံတွင် ကိုယ်ခန္ဓာယားယံခြင်း၊ ခွန်အားနည်းခြင်း၊ တစ်ရက်မှာ ၂ နာရီသို့မဟုတ် တစ်ရက်တာပတ်လုံး ခန္ဓာကိုယ်ကိုက်ခဲခြင်း များကိုဖြစ်ပွါးစေနိုင်ပါသည်။ တချို့သောသူများသည် ကိုဗစ်-၁၉ရောဂါသည်များနှင့်ထိတွေ့မှုရှိခြင်းကြောင့် ကိုဗစ်ရောဂါခံနိုင်ရည်အားမရှိခင်တွင် ပိုးကူးဆက်ခံရကြသည်။ထိုမျှမကမည်သည့်ကာကွယ်ဆေးမျှ၁၀၀%ကောင်းမွန်သက်သာ

စေနိုင်သည်မရှိပါ။ကိုဗစ်၁၉ရောဂါကာကွယ်ဆေးသည်၉၅%ထိအာနိသငါရှိကြောင်းဖော်ပြထားကြပါသည်။ ထို့ကြောင့် တချို့သောလူများသည်ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါသည်ကား ကူးဆက်ခံနေရဆဲပင်ဖြစ်သည်။

သိမှတ်စရာများ သင်သည်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးထားသော်လည်း မတ်စ်တပ်ဆင်ခြင်း၊ လက်ကိုခနခနဆေးကြောခြင်းများနှင့်လူစုလူဝေးအားရှောင်နိုင်ရန် ၆ပေအကွာတွင် ဆက်လက်တည်ရှိနေဖို့တို့သည် လိုအပ်နေဆဲပင်ဖြစ်သည်။ ၎င်းသည် သင်နှင့်ဆက်သွယ်သောအခြားသူများကိုရောဂါကူးဆက်ခြင်းမှကာကွယ်နိုင်သော

အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ကိုယ်နေထိုင်သောရပ်ကွက်အသီးသီးတွင်ကာကွယ်ဆေးထိုးနှံမှုပြီးစီးခဲ့ပါကမတ်စ်တပ်ဆင်ရန်လိုမလိုအားပြန်လည်အကြောင်းကြားပေး

မည်ဖြစ်ပါသည်။ကိုယ်နေထိုင်သောရပ်ကွက်အသီးသီးတွင်ကာကွယ်ဆေးထိုးနှံမှုပြီးစီးခဲ့

ပါက မတ်စ်တပ်ဆင်ရန် လိုမလိုအား ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ပါသည်။

 

ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးပြီးနောက် အဖျားလက္ခာ တခုခုပေါ်လာပါက ဘာလုပ်ရမလဲ?

၁။ ကာကွယ်ဆေးထိုးပြီးနောက် ဆေးခန်း၌မိနစ် ၁၅-၃၀ထိ နားပေးရန်လိုအပ်ပါသည်။ ဆေးဖက်ဆိုင်ရာလုပ်ငန်းရှိတာဝန်ရှိပုဂ္ဂိုလ်များက အရင်ဆုံးကြည့်ရှူပေးမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ယားယံခြင်း၊အော့အန်ခြင်းများ သို့ မဟုတ် မူးဝေခြင်းများဖြစ်လျှင် အကြောင်းကြားထားပါ။

၂။ ကာကွယ်ဆေးထိုးပြီးနောက် ရေများစွာသောက်ပေးပါ။

၃။ ဆေးလိပ်၊အရက်သေစာများရှောင်ရှားပါ။ကာကွယ်ဆေးထိုးပြီးနောက် ခေါင်းကိုက်ဝေဒနာခံစားခြင်း၊အအေးမိခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း အားပျက်ခြင်းကဲ့သို့သော ၁-၂ရက်အတွင်း သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။

၄။ ခန္ဓာက်ိုယ်အတွင်းပိုင်း၌ ကိုက်ခဲခြင်းများရှိခဲ့ပါက ပါရာစီတာမော် သောက်ပေး၍ရသည်။ တစ်ပတ်ထက်ပိုကြာနေလျှင် ဆရာဝန်များအား ဆက်သွယ်ပါ။

၅။ ပေါ့ပါးသောအဝတ်အစားများဝတ်ဆင်ပါ။

၆။ အလုပ်လုပ်လိုစိတ်မရှိလျှင် အိမ်မှာဘဲနေပါ။

၇။ အလုပ်လုပ်ချင်စိတ်ရှိပြီး သွားရောက်ရန် အဆင်ပြေပါက လုပ်ခွင့်းရှိပါသည်။

၈။ အဖျားသည် ၂၄ နာရီအတွင်းမသက်သာဿးပါက ကိုဗစ် -၁၉ စစ်ဆေးချက်ယူထားသည့်အရာများကိုသင်၏အရေးပါသောပုဂ္ဂိုလ်များအားဆက်သွယ်ပါ။

၉။ ကိုဗစ်-၁၉ရောဂါစစ်ဆေးချက်ပြုလုပ်ပါ။ ပြီးတော့လိုက်နာရန်များကို ဂရုစိုက်၍လိုက်နာပါ။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: