ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက် (Chin Women Organizations’ Network- CWON) ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ သဘောထားထုတ်ပြန်ချက်

0

2nd CWON Conference Group Picture with Chin State Govt. Spokeperson Minister U Soe Thet

ချင်း အမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက် (Chin Women Organizations’ Network – CWON)

ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ သဘောထားထုတ်ပြန်ချက်

           ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၃၀)

2nd CWON Conference Group Picture with Chin State Govt. Spokesperson Minister U Soe Thet

၂၀၁၈ခုနှစ်၊နိုဝင်ဘာလ ၂၈ မှ ၃၀ထိ ပြုလုပ်ခဲ့သော  ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက် (Chin Women Organizations’ Network – CWON)၏ ဒုတိယ အကြိမ်မြောက်  အထွေထွေညီလာခံကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ  Carson Hall တွင် (၃)ရက် ပြုလုပ်ခဲ့ပါသည်။ ညီလာခံတွင် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း အတည်ပြုခြင်း၊ မူဝါဒရေးရာဦးဆောင်အဖွဲ့နှင့် အတွင်းရေးမှူးများအဖွဲ့ ရွေးကောက်တင်မြှောက် ခဲ့ကြပါသည်။ ညီလာခံတွင် CWON ခေါင်းဆောင်များ၊ အဖွဲ့ဝင်ပေါင်း (၁၃)ဖွဲ့(ကိုယ်စားလှယ်စုစုပေါင်း – ၇၅ ဦး) ပါဝင်တက်ရောက်ပြီး ညီလာခံ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါသဘောထားများကို ထုတ်ပြန် ကြေညာလိုက်ပါသည်။

၁။       ချင်းအမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက်သည် ချင်းအမျိုးသမီးများအချင်းချင်း စည်းလုံးညီညွှတ် မှုကို ဦးတည်၍ ချင်းအမျိုးသမီးများ၊ ကလေးသူငယ်များ၏ ဘဝလုံခြုံရေးနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး စသည့်အခန်းကဏ္ဍအသီးသီးတွင် စွမ်းစွမ်းတမံ ပါဝင်လုပ် ဆောင်သွားမည်။

၂။       ချင်းအမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက်သည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက် မှုများ၊ သက်ငယ်မုဒိမ်း အသက်သတ်မှတ်ချက်များအပေါ်နှင့် CEDAW မှ သွေဖီလွဲချော်နေသော မူဝါဒများ၊ ဥပဒေများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

၃။       ချင်းပြည်နယ်အတွင်း အဂတိလိုက်စားမှုများကို သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးရန် CWON မှ တိုက်တွန်းသည်။

၎။       ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သော လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေပြင်ဆင်ချက် ၂၀၁၈ကို CWON အနေဖြင့် လုံးဝသဘောမတူ ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပေးရန် ပြင်းထန်စွာ တိုက်တွန်းလိုက်သည်။

၅။       ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် အချင်းချင်းပစ်ခတ် တိုက်ခိုက်မှုကို အမြန်ဆုံးရပ်ဆိုင်းပေးပါရန် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုင်တွယ်ဖြေရှင်းပေး ပါရန် တိုက်တွန်းလိုက်ပါသည်။

ဆက်သွယ်ရန် –

၁။ ဒေါ်စုံဇီးမန် (အထွေထွေအတွင်းရေးမှူး )         – 09- 254123124

၂။ ဒေါ် ကျဲရ်ကျဲရ် (တွဲဖက် အတွင်းရေးမှူး)         – 09-400303390

The 2nd Chin Women Organizations’ Network Conference

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: