ချင်းပြည်နယ်အစိုးရမှ ရက်လွန်ပြီဖြစ်သော၂၀၁၅ ချင်းဘေးဒုက္ခအလှူ မီးရှို့ဖျက်ဆီး

0

Hlonhmi Eidin Thil by The Chinland Post

Salai Josephbawi| TCP Hakha| September 26| ၂၀၁၅ခုနှစ် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ပြည်နယ်တွင်း မိုးကြီးမြေပြိုမှုကြောင့် ဘေးသင့်ပြည် သူများအား မြန်မာနိုင်ငံနှင့် ကမ္ဘာ့အရပ် ရပ်မှစေတနာအလှူရှင်များက ငွေကြေး၊ အ၀တ်အထည် စားသောက်ဖွယ်ရာ ပဲ၊ ဆီ၊ ဆန်၊ ၊ရေသန့်၊ ငါးပိ၊ ခေါက်ဆွဲ၊ ဆား စသော လူသုံးကုန်နှင့် စားကုန်ပစ္စည်းများစွာလှူဒါန်းမှုကို ချင်းပြည်နယ်အစိုးရမှ လက်ခံရရှိထားသည်။ ၎င်းလှူဒါန်းပစ္စည်းများကို (၃)နှစ်ကြာ အစိုးရဂိုဒေါင်တွင် ထိန်းသိမ်းသိုလှောင်ထားသည့်နောက်ပိုင်း စားကုန်ပစ္စည်းများနှင့်အ၀တ်အထည်များသည် သုံးစွဲရန် သက်တမ်းကုန်ဆုံး နေပြီဖြစ်သည့်အတွက် ချင်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာဌာနများ စီမံချက်အရ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၂ တွင် မြို့နယ်စည်ပင်ကုန်ကား (၆)စီးဖြင့် ဟားခါးမြို့ပြင်တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။

ပယ်ဖျက်ပစ္စည်းများ by The Chinland Post

ချင်းပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားခဲ့မှုကြောင့် ဘေးသင့်ပြည်သူ များအား ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များမှ လှူဒါန်းထားရှိသော အလှူပစ္စည်း များ(အစားအစာ/အ၀တ်အထည်စသည်) ကိုဟားခါးမြို့၊ မြို့တော်ခန်းမဘေးရှိ ဂိုဒေါင်၌လည်းကောင်း၊ ချင်းပြည်နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများအတွက် အရန်ဆန်များအဖြစ် ဆန်အိတ် (၂၄၈၈)အိတ်အား ခရိုင်စုပေါင်းရုံးခန်းမ ဂိုဒေါင် (က)နှင့် (ခ)တို့တွင် လည်းကောင်းအသီးသီးထိန်းသိမ်းသိုလှောင်ထားရှိရာ အဆိုပါ အလှူရှင်ပစ္စည်း များနှင့် ဆန်အိတ်များကို ဆက်လက်သုံးစွဲရန် မသင့် သောပစ္စည်းများအား ပယ်ဖျက်ခြင်းနှင့် ကောင်း မွန်သောပစ္စည်းများကို စနစ်တကျပြန်လည်ရေ တွက်စစ်ဆေးထုပ်ပိုးခြင်းများ ဆောင်ရွက်သွား နိုင်ရေး အတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက် ချင်းပြည်နယ် အစိုးရရက်စွဲစာဖြင့် အလှူပစ္စည်းနှင့် အရန်ဆန် အိတ်များ စစ်ဆေးရေး အဖွဲ့ကို ဥက္ကဌအဖြစ် ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ထွေအုပ်မှညွန်ကြားရေးမှူး၊ ပြည်နယ် အလုပ်သမားပြည်နယ်ဦးစီးမှူး၊ စားသုံးသူရေးရာပြည်နယ်ဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုပြည်နယ်ဦးစီးမှူး၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြား မှုပြည်နယ်ဦးစီးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဟားခါးမြို့စည်ပင်အမှုဆောင်အရာ ရှိနှင့် ဘေးအန္တရာယ်ဆိုင်ရာပြည်နယ်ဦးစီးမှူးတို့ဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။

၂၀၁၅ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် အလုပ်အကိုင်ခွင့်လမ်းရှားပါးပြီး ဆင်းရဲသား ဘေးသင့် ပြည်သူများစွာရှိသည့်ကြားက အခုလို အချိန်မှီအလှူပစ္စည်းများ မဖြန့်ဝေဘဲ ပယ်ဖျက်မှုအတွက် ဒေသ ခံပြည်သူများမှ ဝေဖန်သံတွေ ထွက်ပေါ်နေသည်။

ပယ်ဖျက်ပစ္စည်းများ

ဒီကိစ္စနှင့် ပတ်သက်ပြီးဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာပြည်နယ် တာဝန်ခံ ဦးကျော်စိုးက ကျနော် ၂၀၁၈လဆန်းပိုင်းမှာပဲ ချင်းပြည်ရောက် လာတာပါ။ စက်တင်ဘာ ၆ရက်မှ ချင်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများအစည်းဝေးထိုင်ပြီးတော့ သုံးစွဲရန်မသင့်တော့ သောပစ္စည်းများ ပယ်ဖျက်ရေးနှင့် ကောင်းမွန်သော ပစ္စည်းများကို စနစ်တကျပြန်လည်ရေတွက်ပြီး ပြည်လည်ထုပ်ပိုးရန်နှင့် လိုအပ်သော နေရာများတွင်သုံးစွဲရန်ဆိုပြီးကျနော်တို့ရုံးကို တာဝန်ပေးတာပါ။ ကျနော်လည်းရောက်တာ မကြာသေး တော့ သိပ်မသိရသေးပါ။ အစိုးရတာဝန်ပေးချက်အရသာလုပ်ရတာပါလို့ The Chinland Post သတင်း ဌာနကို ပြောပါတယ်။

အလှူပစ္စည်းစီမံခန့်ခွဲရေးနှင့် အချိန်မှီ ဖြန့်ဝေမှုနှင့်ပတ်သက်ပြီး မေးမြန်းမှုကိုတော့ ၂၀၁၅ခုနှစ်ရုံးတာ ၀န်ခံက ဦးလင်းထွတ်၊ ၂၀၁၆က ဦးချွန်ဟရဲ(ကွယ်လွန်)၊ ၂၀၁၇က ဦးမြင့်အောင်(အငြိမ်းစား)တို့က ရုံးတာဝန်ခံ ပေမယ့် ဘေးသင့်ပြည်သူအလှူကိစ္စကိုတော့ ချင်းပြည်နယ်အစိုးရကသာ တိုက်ရိုက်ကိုင် တွယ်တာ ဖြစ်ပါတယ်၊ အခု လည်းအစိုးရအစီအစဉ်နဲ့ပဲလုပ်တာလို့ ဘေးအန္တရာယ်ရုံးဝန်ထမ်း တစ်ဦးက The Chinland Post ကိုပြောသည်။

ဘေးသင့်အလှူပစ္စည်းထဲက အချို့သောအ၀တ်အထည်နှင့် ဆန်များကို ဟားခါးရဲစခန်းမိသားစုအ တွင်း ဖြန့်ဝေမှုလည်းရှိခဲ့တယ်လို့ ရဲနှင့်နီးစပ်သူတွေကပြောပေမယ့် တာဝန်ရှိရဲလူကြီးသည်ကတော့ ဤကဲ့သို့ဖြန့်ဝေမှုမရှိကြောင်း The Chinland Post ကို ပြောပါတယ်။

ဆန်အိတ် 2488 အိတ်အသစ်လှဲရန်ထားရှိလုပ်နေပုံ

ချင်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီးဦးပေါလွန်းမင်းထန်က ၂၀၁၅ကနေဒီနေ့အထိ ချင်းပြည်နယ်အခါ အားလျော်စွာ ကျရောက်တတ်သော သဘာဝဘေးကယ်ဆယ်ကူညီနိုင်ရေးအတွက်သာ အလှူပစ္စည်း များကို ထိန်းသိမ်းထားတာဖြစ်ပြီး ရွာဘက်မှ အိမ်ပြိုတာသည်ကို ကူညီမှုများရှိခဲ့တယ်။ ကြီးကြီးမားမား ဘေးကျရောက်မှုမရှိခဲ့၍ အခုလို ရက်လွန်တာသည် ဖြစ်ပါတယ်၊ ကောင်းမွန်သောပစ္စည်းများကိုတော့ ဥပမာ ပလက်ဝစစ်ဘေးလိုမျိုးမှာ သုံးလို့ရမယ်လို့ The Chinland Post ကို ပြောပါတယ်။

ပယ်ဖျက် အ၀တ်အထည်များ

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုရုံး (Food & Drug Administration_FDA) ဆလိုင်းကီးဟုန်းက စုပေါင်းရုံးက ဆန်အိတ်သည်ကလွဲလို့ အစားအသောက်ပစ္စည်းအားလုံးက ရက်လွန်နေပြီဖြစ်သည့် အတွက် အားလုံးပယ်ဖျက်တယ်လို့ The Chinland Post ကို ပြောသည်။

ဒေသခံပြည်သူများ အ၀တ်ထည်ရွေးနေသည့်ပုံ

ဟားခါးကယ်ဆယ်ရေးကော်မီတီ (Hakha Rescue Committee_HRC) အတွင်းရေးမှူး ဆရာတော် တလွန်ကျဲကတော့ ဘေးသင့်တုန်းက HRC လက်ခံအလှူငွေနှင့် အစိုးရလက်ခံအလှူက သီးသန့်ပါ။ ကျနော်တို့ကတော့ အချိန်မှီ ရွာဘက်ကိုလည်း အားလုံးဖြန့်ဖြစ်တယ်။ အစိုးရတော့ လမ်းပြတ်တယ်၊ အိမ်ပြိုတယ်ဆိုမှ ၀န်ကြီးတစ်ပါးလက်ဆောင်အဖြစ်ပေးနေကြတာပါ။ အစိုးရမှတော့ အလှူငွေ သိန်း ၈၀၀၀ (သိန်းရှစ်ထောင်)နှင့် မဖြန့်သေးသောအလှူများရှိသည်ကို သိတော့ လူမှုရေးဝန်ကြီးနှင့် (၂) ကြိမ်တိုင်တိုင်လူကြီးသည်သွားတွေ့တော့ အခုလိုစီစဉ်တာဖြစ်နိုင်တယ်။ အလှူငွေလက်ကျန် သိန်း(၆) ထောင် ကိုလည်း အစိုးရဘဏ်မှရှိသေးကြောင်း အစိုးရဘက်ကနေပြောလာတော့ ဟားခါးသာရ်တည် ဆောက်ရေးအတွက် လျာထားပေးရန်စီစဉ်နေတယ်လို့ The Chinland Post ကို ပြောတယ်။

ဘေးအလှူအ၀တ်အထည်ဟုယူဆရသောပစ္စည်းများ ရဲမိသားစုမှ ရွေးနေကြပုံ

အစိုးရမှ ပယ်ဖျက်စွန့်ပစ်မည့် အ၀တ်အထည်များ၊ စားသောက်ဖွယ်ရာ ပဲ၊ ဆီ၊ ဆန်၊ ၊ရေသန့်၊ ငါးပိ၊ ခေါက်ဆွဲ၊ ဆား စသောပစ္စည်းများရယူနိုင်ရန် ဒေသခံ (၃၀)ကျော်လောက်က စက်တင်ဘာ ၂၂ မှ ၂၅ရက်အထိ ဂိုဒေါင်ရှေ့နှင့် အမိုက်စွန့်ပစ်နေရာများတွင် စောင့်နေကြတာကို The Chinland Post မှ မြင်တွေ့ရပါသည်။ စက်တင်ဘာ ၂၂ရက် ကား ၆စီးစာ စွန့်ပစ်ခဲ့သော်လည်း အနည်းဆုံး ၅စီးစာကျန်ရှိနိုင်သေးကြောင်း မျက်မြင်သက်သေသည်က The Chinland Post ကို ပြောပါတယ်။

ရေသန့်နှင့် စားသောက်ဖွယ်ပယ်ဖျက်မှုများ

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: