ချင်းပြည်နယ် ခိုင်ကမ်းမြို့တွင် ဆိုင်ကယ်ခိုးမှုအား နာရီပိုင်းအတွင်း ဖမ်းမိ

0

Khaikam Cycle Fir/ Pic Chin State Police Office

The Chinland Post| 2019 August 21|၂၀၁၉ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့၊ ညနေ ၅း၃၀ အချိန်ခန့်တွင် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ကလေး-တီးတိန်ကားလမ်းရှိ ရှုခင်းသာကုန်းမြင့်တွင် ရပ်ထားသည့် မောင်ဘုန်းနိုင်ထွန်း (၂) (ဘ) ဦးသန်းထွန်းပိုင်၏ ဆိုင်ကယ်အမှတ် ၆၈ယ/၈၀၁၄၇၊ ရမဟာ(လိုင်စင်ရှိ) အစိမ်းရောင် ဆိုင်ကယ်မှာ နာရီဝက်ခန့်အကြာတွင် ပျောက်ဆုံးသွားသဖြင့် ခိုင်ကမ်းနယ်မြေရဲစခန်းတွင် (ပ)၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်)ဖြင့် အမှုဖွင့် ဆောင်ရွက်စဉ် ကလေးမြို့၊ ကြို့သုံးပင် ရပ်ကွက်၊ နယ်မြေ (၅)လမ်းမပေါ်တွင် နန်ဒါလ်းခိုင် (၂၄နှစ်)၊ (ဘ) ဦးကျင့်ခန်ပေါင်၊ ဝေါ့လာကျေးရွာ၊ တီးတိန်မြို့နယ်နေသူအား သက်သေခံဆိုင်ကယ်နှင့်အတူ တွေ့ရှိဖမ်းဆီး အရေးသူခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: