0
ဆႏၵေဖာ္ထုတ္ပြဲ/မုံရြာဆရာ/မ
TCP| Hakha| 2020 January 25| နိုင်ငံတော်အစိုးရမှ အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေးနှင့် အခြားထိခိုက်နစ်နာဆုံးရှုံးနေရမှုများနှင့် စပ်လျဉ်း၍ ၂၀၂၀ခုနှစ်၊ ဇန်န၀ါရီလ (၂၆) မှာ ဟားခါးမြို့နယ်အခခံပညာဆရာ/မများနှင့် ဟားခါးပညာရေးကောလိပ်ခေါင်းဆောင်များမှ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မည်ဟု သိရသည်။
ကြွေးကြော်သံ
၅။ သတေသနကို အခြေမခံသော ပညာရေးစနစ်  (အလိုမရှိ)
Unicode version
ပညာရေးဆရာ/ဆရာမများ ဟားခါးမြို့တွင် ဆန္ဒဖော်ထုတ်မည်
နိုင်ငံတော်အစိုးရမှ အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေးနှင့် အခြားထိခိုက်နစ်နာဆုံးရှုံးနေရမှုများနှင့် စပ်လျဉ်း၍ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ (၂၆) မှာ ဟားခါးမြို့နယ်ဆရာ/မနွင့္ ပညာေရးေကာလိပ္ခေါင်းဆောင်များမှ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မည်ဟု သိရသည်။
ဆန္ဒထုတ်ဖော်ပွဲကို ကြွေးကြော်သံများနဲ့ ဟားခါးမြို့ဂေါက်ကွင်းလမ်းခွဲ နံနက် ရးဝဝနာရီတိတိ စုရပ်ပြီး ပြည်တော်သာဘက် ချီတက်ကြမယ်။ ဘုရားကျောင်းသွားချင်တဲ့သူတွေလည်းရှိမှာဆိုတော့ ၁ဝနာရီမ တိုင်ခင်မှာတော့ ပြီးနိုင်အောင်ပါ။ ကျတော်တို့ ဝေးလံခေါင်းဖျားမှာ တာဝန်ထမ်းဆောင်နေသည့် ချင်းပြည်နယ်ကဆရာ/မများအတွက် အဓိက အခက်ခဲဆုံးပါပဲ။ မတ်လအထိ ကျောင်းတက်ပြီးရွာပြန် မှာနဲ့ဆိုရင် တစ်လကျော်လောက်ပဲ နားခွင့်၊ မိသားစုတွေနဲ့တွေ့ဆုံခွင့်ရမှာ ဒီ အခြေခံပညာစာမေးပွဲကာ လပြင်ဆင်နောက်ဆုတ်ခြင်းကိုတော့ ပြန်လည်ဖျက်သိမ်းပေးစေချင်တယ်၊ သက်ဆိုင်သူအားလုံး ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ကြပါလို့ ခေါင်းဆောင်တစ်ယောက် က ချင်းလဲန်ပေါစ့်ကိုပြောသည်။
အခြေခံပညာစာမေးပွဲကာလကို ၂၀၂ဝခုနှစ်၊ မတ်လ (၃၁)အထိ ပြင်ဆင်နောက်ဆုတ်ခြင်းဖြစ်ပြီး အစိုးရစာမေးပွဲစစ် (၄)တန်းနှင့် (၁၀)တန်းဖြေပြီးမှသာ အခြေခံပညာစာမေးပွဲကာလကိုစတင်မှာ ဖြစ်ကြောင်းသိရပါသည်။
ကြွေးကြော်သံ
၁။ အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေး (ဒို့အရေး)
၂။ လုပ်ငန်းခွင်အခြေပြု ပညာရေးမြှင်တင်မှု ဖော်ဆောင်ပေးရေး (ဒို့အရေး)
၃။ ဒီမိုကရေစီနှင့် ညီမျှသော စီမံခန့်ခွဲမှုဖော်ဆောင်ရေး (ဒို့အရေး)
၄။ ဆရာ/မများ၏ လူမှုဘဝမြှင့်တင်ရေး (ဒို့အရေး)
၅။ သတေသနကို အခြေခံမသော ပညာရေးစနစ် (အလိုမရှိ)
၆။ ဒေသန္တရ အခက်အခဲများကို လျစ်လျူရှုသော ပညာရေးစီမံခန့်ခွဲမှုစနစ် (အလိုမရှိ)
၇။ တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုမရှိသော စာမေးပွဲကာလမြင့်တင်မှု အမြင့်ဆုံးဖျက်သိမ်းပေးရေး (ဒို့အရေး)
About The Author
Na ruahning rak langhter ve.. (Leave a comment)
%d bloggers like this: