ဘာလဲဟဲ့ ရေချို

0

Tha Peng Cung| 29 January 2019| ဤစာစုတွင် ယနေ့ခေတ်ကမ္ဘာနှင့် အ၀ှမ်း ရင်ဆိုင်ကြုံတွေ့နေရသည့် ရေအကျပ်အတည်းများ  (ရေပြတ်လတ်မှု၊ ရေရှားပါးမှု၊ ရေခေါင်းပါးမှု) တို့ကို အပိုင်းနှစ်ပိုင်းခွဲပြီး တင်ပြဆွေးနွေးမည်ဖြစ်ပါသည်။ ပထမပိုင်းတွင် လက်ရှိရေချို၏ ပကတိအရှိ ပမာဏကိုတင်ပြထားပြီး၊ ဒုတိယပိုင်းတွင် ကြုံတွေ့နေ့ရသည့်  စိန်ခေါ်ချက်များကို ဆွေးနွေးသွားပါမည်။

ကမ္ဘာ့ရေချို၏ မျက်နှာစာ

“ရေအသက် တစ်မနက်” ဆိုသည့် ဗမာစကားပုံ ဆိုရိုးစကားက သက်ရှိ သေတ္တဝါတိုင်း အတွက် ရေချို၏ အရေးပါပုံကို ရေမသောက်ပါဘဲလျက်အဘယ်သူမျှ တစ်မနက်ခင်းလေးတောင် အသက်မရှင် နိုင်ကြောင်းကို ဖော်ကျူးထားသည်။ အမှန်စင်စစ် ကမ္ဘာ့မျက်နှာပြင်သည် အများအားဖြင့်  ရေထုနှင့်သာဖွဲ့ စည်းထားသော်လည်း ရေချိုသည် ရှားပါးရင်းမြစ်တစ်ခုဖြစ်နေသည်။ ကမ္ဘာ့ရေထုကြီး၏ (၉ ၇.၅%) သည် ရေငန်များဖြစ်ကြပြီး (၂.၅% )သာလျှင် ရေချိုရေဖြစ်နေသည်။ ယင်း ၂.၅% သာရှိသော ရေချိုပမာဏအားလုံးကို အရှိပကတိအတိုင်းအသုံးပြု၍မရပေ။

ရေသံသရာ စက်ဝိုင်းအရ သမုဒ္ဒရာမှရေများသည် နေ၏အပူချိန်ကြောင့် ရေခိုးရေငွေ့အဖြစ်မှ တိမ်တိုက်သဏ္ဍာန်ပြောင်းလဲက မိုးရေနှင့် ဆီးနှင်းများအဖြစ် ကုန်မြေပေါ် (၁၀%ခန့်) နှင့် ပင်လယ်ထဲတွင် ပြန်လည်စီးဝင်လာကြသည်။ ကမ္ဘာပေါ်ရှိ ရေချိုပမာဏ၏ သုံးပုံနှစ်ပုံ ခန့်သည် ရေခဲမြစ်များနှင့် ရေခဲတောင်များအဖြစ် တည်ရှိနေကြပြီး၊ ကျန်ရှိနေသေးသည့် (၀.၇၇%) ခန့်သည် မြေအောက်ရေအောင်းလွှာ၊ မြေဆီလွှာ၊ ရေကန်၊ ရွှံ့ဗွက်၊ မြစ်ကြောင်းနှင့်လေထုထဲတို့တွင်ပျံ့နှံ့တည်ရှိနေကြသည်။ ယင်း အနည်းငယ်သောရေချိုပမာဏထဲမှ လူသားများအတွက် အသုံးပြုနိုင်သည့် ပမာဏသည် ပို၍သေးငယ်နေသည်။ ဥပမာအားဖြင့် – ရေစီးနှုန်းပမာဏအားဖြင့် အကြီးဆုံးမြစ်ဖြစ်သည့် တောင်အာဖရိကတိုက်ရှိ အမေဇုန် မြစ်၏ ရေစီးကြောင်းသည် ကမ္ဘာ့ ရေစီးကြောင်းများ၏ (၁၅%) ရှိသော်လည်း၊ ယင်း (၁၅%)၏ (၅%) ခန့်သည်သာ လူသားများအတွက် အသုံးပြုနိုင်သည့် ပမာဏဖြစ်သည်။

ကမ္ဘာ့ရေချိုပမာဏကို အပုံ တရာပုံလျှင်တစ်ပုံ၏ (၁%)သည်သာ လူသားအကျိုးပြု သောက်သုံးရေအဖြစ်အသုံးပြု၍့ရသည်။ ယင်း ပမာဏ (၁%)ကိုအပြည့်အ၀ အသုံးပြုနိုင်မည်ဆိုပါက လက်ရှိ ကမ္ဘာ့လူဦးရေအားလုံးကို ရေလုံလောက်စွာ ပေးကောင်းပေးနိုင်ပါမည်။ သို့သော် ရေချိုများနှင့် လူသားများသည့် ညီတူမျှတူ တစ်နေရာထဲတွင် နေထိုင်ပြုမူကြသည်မဟုတ်။

စိန်ခေါ်ချက်များ

ဒုတိယပိုင်းတွင် ရေနှင့်စပ်လျဉ်းသည့် စိန်ခေါ်ချက်များကို ကဏ္ဍငါးခုခွဲ၍ လေ့လာဆွေးနွေးမည်ဖြစ်ပါသည်။

ကမ္ဘာ့လူဦးရေ တိုးပွားလာမှု

ကမ္ဘာ့လူဦးရေတိုးပွားနှုန်းသည် အံ့မခန်းအောင်ပင် လျင်မြန်လှပေသည်။ ၁၉ ၅၀ ပြည့်နှစ်များတွင် လူဦးရေ (၂.၅ )မီလီယံသာ ရှိခဲ့သော်လည်း၊ လက်ရှိလူဦးရေသည် (၆.၁) မီလီယံရှိနေပြီဖြစ်သည်။ ထိုစဉ်တွင် လူတစ်ဦးချင်းစီ၏ ရေလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှုသည့် (၅၈%)အထိ ထိုးကျနေပြီဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာလူဦးရေသန်ခေါင်စာရင်းအဖွဲ့က နောက်နှစ်ပေါင်း ငါးဆယ်အကြာတွင် ကမ္ဘာ့လူဦးရေသည် (၉ .၃) မီလီယံအထိ ထိုးတက်မည်ဟုခန့်မှန်းထားသည်။ လူဦးရေတိုးလာသည်နှင့်အမျှ ရေလိုအပ်ချက်သည် ယခုထက် ပိုမိုများပြားလာသည်မှာ မုချမလွဲဧကန် အမှန်ပင်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ သဘာဝပတ်ဝန်းကျင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သောက်သုံးရေလုံလောက်စွာမရရှိနိုင်သည့် လူဦးရေသည် အနည်းဆုံး ၁.၇ ဘီလီယံခန့်ရှိပြီး၊ ကမ္ဘာ့လူဦးရေ၏ (၄၀%)သည့် ရေပြတ်လတ်မှုကို နှစ်လကြာရှည်ခံစားနေရသည်ဟု ခန့်မှန်းထားကြသည်။ လွန်ခဲ့သည့် ရာစုနှစ်ကို ပြန်ကြည့်မည်ဆိုပါက ကမ္ဘာ့လူဦးရေသည် သုံးဆခန့်တိုးပွားလာပြီဖြစ်ပြီး ကမ္ဘာနှင့်အ၀န်းရေလိုအပ်ချက်သည် ခြောက်ဆခန့်အထိ တိုးမြင့်လာပြီဖြစ်သည်။ ထို့ပြင် လူပေါင်း ၁၅၀၀၀-၃၀၀၀၀ ခန့်သည် ရေနှင့်စပ်လျဉ်းသည့်ရောဂါများကြောင့်နေ့စဉ်သေဆုံးနေကြသည်။ ယင်းသေဆုံးမှုကို သောက်သုံးရေကိုသာ လုံလောက်စွာပံ့ပိုးပေးနိုင်ပါက ကာကွယ်နိုင်မည့် အချင်းအရာများဖြစ်ကြသည်။

ရေလိုအပ်ချက် တိုးမြင့်လာမှု

လွန်ခဲ့သည့် ရာစုနှစ်တွင် ရေသွင်းစိုက်ပျိုးဧရိယာသည် ဧကသန်းပေါင်း (၁၂၅) ခန့်သာရှိခဲ့သော်လည်း ယနေ့ခေတ်တွင်မူ ယင်းဧရိယာမှာ ဧကသန်းပေါင်း (၆၇၀) ကျော်နေပြီဖြစ်သည်။ ဤဖြစ်စဉ်နှင့် စက်မှုထွန်းကားမှုအပါအ၀င်အခြားသော အချက်များကြောင့် ရေချိုအသုံးပြုမှုပမာဏသည် (၇) ဆနီးပါးခန့် တိုးမြင့်လာခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စက်မှုစွမ်းအားထွန်းကားလာရေး အာသီသများကြောင့် ကမ္ဘာ့ရေချို လိုအပ်ချက်နှင့်အသုံးပြုမှုသည် တိုးမြင့်လာဦးမည်။ တစ်ဦးချင်းစီ၏ ရေအသုံးချမှုသည် လက်ရှိအနေအထားအတိုင်းဆက်လက်မြင့်တက်လာမည်ဆိုပါက နောက်နှစ်ပေါင်း (၂၅) နှစ်အတွင်း ရရှိနိုင်သော ရေချိုပမာဏ၏ (၉ ၀%) ကို လူသားများက အသုံးပြု၍ကုန်ခမ်းသွားမည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။ မဝေးတော့သည့်အနာဂါတ်တွင် ရင်ဆိုင်ရမည့် ပြဿနာအကျပ်အတည်းကိုတစ်ခုကို မီးမောင်းထိုးပြခြင်းသာဖြစ်ပါသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု

ကမ္ဘာနှင့်အ၀ှမ်း ရေပြတ်လတ်ရှားပါးမှု၏ (၂၀%) ခန့်သည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်သည်ဆိုသည့် ခန့်မှန်းချက်များလည်း မကြာသေးမီက ပညာရှင်များထုတ်ပြန်ထားသည်။ ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုကို အတိအကျတိုင်းတာရန် ခက်ခဲသော်လည်း မိုးရေချိန်သည် တစ်ချို့နေရာတွင် များလာသည့်တိုင် (လူဦးရေအများဆုံးနေထိုင်ရာဒေသများဖြစ်ကြသော ) အပူပိုင်း မုတ်သုံရာသီဥတုနှင့် သမပိုင်းဇုံဒေသများတွင် ရွာသွန်းမိုးရေချိန်နည်းလာကြောင်း မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ ရေရှိမှု၊ ရေအရည်အသွေးတို့ကို ထိခိုက်လာမည့် ပိုမိုပြင်းထန်ဆိုးရွားသော ရာသီဥတုများဖြစ်ပေါ်လာမည့်အကြောင်းကို မိုးလေ၀သနှင့်ဇလဗေဒပညာရှင်များက ခန့်မှန်းထားကြသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင် ကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ရေပြတ်လပ်မှုတို့သည် သတိပေး ခေါင်းလောင်သဖွယ်ဖြစ်နေသည်။ ၁၉ ၉ ၁ ခုနှစ်မျ ၂၀၁၁ ခုနှစ်များကြားတွင် သဘာဝဘေးအန္တရာယ် ခံစားရသည့် လူဦးရေသည် တစ်နှ်စ်လျှင် သန်းပေါင်း ၁၄၇ ဦးရေမှ သန်းပေါင်း ၂၁၁ ဦးရေထိ တိုးမြင့်လာခဲ့ သည်။ (၉ ၀%) သော သဘာဝဘေးအန္တရာယ်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းမှာရေနှင့် ဆက်စပ်နေကြောင်းကို ပညာရှင်များက ထောက်ပြနေကြသည်။

အခြေခံအဆောက်အဦးများ

ကမ္ဘာပေါ်ရှိ (၂၂၇) ခုသော မြစ်ကြီးအသွယ်သွယ်၏ (၆၀%) သော ရေးစီးနှုန်းကို ဆည်တမံကြီးများ၊ ရေလွှဲဆည်ကြီးများ၊ တူးမြောင်းများက အစိတ်စိတ်အမွာမွာဖြစ်စေသည်။ ယင်းသို့အစိတ်စိတ်အမွာမွာဖြစ်ခြင်းက သဘာဝဂေဟစနစ်ပျက်ဆီး ယိုယွင်းခြင်း၏ လမ်းစပင်ဖြစ်သည်။ အကျိုးရလဒ်အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲသက်ရှိများမျိုးသုန်းသွားသည့်တိုင် အကျိုးဆက်ရှိသည်။ ကာဇက်စတန်နိုင်ငံ၏တောင်ဖက်စူးစူး၊ ဥဇဘက်စတန်နိုင်ငံ၏မြောက်ဖက်စူးစူးတွင်ရှိသော အာရယ် ရေကန်ရှိ ရေထုထည်၏ (၇၅%) ခန့်သည် ၁၉ ၉ ၈ ကတည်းကပင် ရေလွှဲဆည်များကြောင့် ခန့်ခြောက်သွားခဲ့ပြီဖြစ်သည်။ World Commission on Dams အဖွဲ့က ဧရာမ ဆည်ကြီးများမှ ရရှိလာသည့်အကျိုးကျေးဇူးကို ခံစားနိုင်စွမ်းမရှိသော ဆင်းရဲနွမ်းပါးသူနှင့်အာနဂါတ်မျိုးဆက်သစ်များ ရှိနေပါကြောင်း၊ ထို့ပြင်ဧရာမစီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘ၀ပျက်စီးကြောင်းတို့ကို ထောက်ပြခဲ့သည်။

တလွဲဆံပင်ကောင်းနေမှုများ (Mismanagement)

ရေအကျပ်အတည်း၏မူလဇစ်မြစ်ကို တူးဖော်ကြည်မည်ဆိုပါက ကောင်းမွန်သော ရေဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်မရှိခြင်းပင်ဖြစ်သည်။ ရေချိုစီမံခန့်ခွဲသည့် ဌာနများလုံလောက်သည့် အသိပညာ၊အတတ်ပညာမရှိခြင်း၊ ယင်းဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုမရှိခြင်း၊ အများပိုင်ရင်းမြစ်တစ်ခုခုကို တစ်ဦးတစ်ယောက်ကောင်းကျိုး(သို့)တစ်စုတစ်ဖွဲ့အကျိုးအတွက် အမြတ်ထုတ် အသုံးပြုခြင်း စသည့်အချက်များသည် ရေအသုံးချမှုစီမံခန့်ခွဲရေးကို အတွင်းလှိုက်စားသည့် အချက်များပင်ဖြစ်ကြသည်။ ထို့ပြင် သစ်တောပြုန်းတီးမှု၏ဆိုးကျိုးသက်ရောက်မှုကို လေ့လာမည်ဆိုပါက ရေတိုက်စားမှုပြင်းထန်လာပြီ၊ မြက်ပင်ပေါက်လေးများ တိမ်းပါးမှုကြောင့် ရေအရည်အသွေးသည်လည်းကျဆင်းလာမည်ဖြစ်သည်။ ရေဝေရေလဲဒေသထဲတွင် အဆောက်အဦးများဆောက်ခြင်းကလည်း စိမ့်စမ်းရေအထွက်နှုန်းကျဆင်းစေလျက် ရေပြတ်လတ်မှုကို ဖြစ်ပေါ်စေသည်။ World Commission on Water ၏အစီရင်ခံစာအရ ကမ္ဘာပေါ်ရှိအဓိကမြစ်ကြီးများ၏ ထက်ဝက်ခန့်သည် ရေညစ်ညမ်းစာရင်းတွင်ဝင်နေပြီး၊ အချို့မှာ ခမ်းခြောက်စပြုလာပြီဖြစ်သည်ဟု မှတ်သားရသည်။ မြစ်ချောင်းရေများ ညစ်ညမ်းရခြင်း၏ အကြောင်းရင်းတစ်ခုမှာ လူ့အညစ်အကြေး (မစင်) ကြောင့်ဖြစ်ကြောင်းအစီရင်ခံစာကဆို၏။ သောက်သုံးရေရရှိရေးအတွက် ဆည်များ၊ ရေလှောင်ကန်များတည်ဆောက်ခြင်းသည်လည်း ရေတိုရေလတ် ဖြေရှင်းရန် နည်းလမ်းကောင်းဟုဆိုနိုင်ရန်(ခက်ခဲသည့်တိုင်)သော်လည်း၊ ယင်းတို့သည် သဘာဝပတ်ဝန်းကျင်ယိုယွင်းမှု၊ ဂေဟစနစ် ပျက်ဆီးမှုတို့၏ လမ်းစပင်ဖြစ်ကြောင်း ဆွေးနွေးထောက်ပြလိုပါသည်။

နိဂုံး

ရေချိုသည် သက်ရှိသတ္တဝါများနှင့် သဘာဝဂေဟစနစ်အတွက်ပါ မရှိမဖြစ်အရေးပါသည့် သဘာဝသံယံဇာတ ရင်းမြစ်ဖြစ်ပါကြောင်း၊ ရေရှားပါးပြတ်လတ်မှုများ ဖြစ်ပွားရခြင်းအကြောင်းရင်းများကိုလည်ကောင်း၊ ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲ စိန်ခေါ်ချက်များကိုလည်း ဆွေးနွေးခဲ့ပြီဖြစ်ပါသည်။ ထိုသို့ဆိုလျှင် ယင်းစိန်ခေါ်ချက်များကို မည်သို့မည်ပုံကျော်လွှားနိုင်ကြောင်း၊ နောက်မျိုးဆက်များအတွက်ပါ မည်သို့မည်ပုံ ထိန်းသိမ်းသင့်ပါကြောင်းဆိုသည့်အချက်များ ဆက်လက်ဆွေးနွေးပါဦးမည်။

 စကားချပ်များ။   ။

ရေရှားပါးမှုဆိုသည်မှာ နေရာဒေသတစ်ခုခုတွင် ရေပြတ်လပ်မှုသည် လူသားတစ်ဦးအသက်ရှင်နေထိုင်ရန် အနည်းဆုံးလိုအပ်သည့် ပမာဏမရရှိနိုင်ခြင်းကို ဆိုလိုသည်။

ရေပြတ်လပ်မှုဆိုသည်မှာ နေရာဒေသတစ်ခုခု၏ ရေပေးဝေရေးစနစ် ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်ဖြစ်သည်။

ရေခေါင်းပါးမှုဆိုသည်မှာ ရေညစ်ညမ်းမှု၊ ရေပြတ်လပ်မှု (သို့)ရေရရှိနိုင်ခြင်းမရှိခြင်းတို့ကြောင့် ကိစ္စအရပ်ရပ်တို့ကြောင့်ဖြစ်ပေါ်လာသည့် အခြေအနေတစ်ရပ်ဖြစ်သည်။

ရေအကျပ်အတည်းသည် ရေရှိနိုင်ခြင်းမရှိသည့်အနေအခြေကြောင့် ရေနှင့်စပ်လျဉ်းသည့်လုပ်ငန်းစဉ်များ အားလုံး ထိခိုက်ကာ ဗဟိုအစိုးရဖြစ်စေ၊ ဒေသန္တာရအစိုးရဖြစ်စေ ဖြေရှင်းနိုင်ခြင်းမရှိသည့် အခြေအနေကို ဆိုလိုသည်။

Tha Peng Cung

၂၈၊၁၊၂၀၁၉

ခတ္တ-Brisbane

Tha Peng Cung သည် International Water Centre (IWC) မှ ဖွင့်လှစ်သင်ကြားပေးသည့် Master of Integrated Water Management ကို Australia နိုင်ငံ၊ Brisbane မြို့ရှိ Griffith University ၌ တက်ရောက်ပညာသင်ယူနေသော ကျာင်းသားတစ်ဦးဖြစ်ပါသည်။

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: