ဘာသာရေးပွဲလမ်းသဘင်၊ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများအတွက် ကြိုတင်ခွင့်ပြုချက်တောင်းယူရန် မင်းတပ်မြို့ထွေအုပ်က အမိန့်ထုတ်ပြန်

0

(မင်းတပ်မြို့-၂၇၊ ၀၁၊ ၂၀၁၉)

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးက ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၄)ရက်စွဲဖြင့် ဘာသာရေးဆိုင်ရာပွဲတော်များအပြင် INGO/NGO တို့မှ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် သင်တန်းများ ပြုလုပ်ဆောင်ရွက်မည်ဆိုပါက (၂)ပတ်ကြိုတင် ချင်းပြည်နယ်အစိုးရထံသို့ ခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင်သွားရန် အမိန့်တရပ်ထုတ်ပြန်ထားကြောင်း ဒေသခံတဦးက ချင်းလူ့အခွင့်အရေး အဖွဲ့ထံသတင်းပေးပို့ပါသည်။

အဆိုပါအမိန့်စာထဲတွင် ကြိုတင်ခွင့်ပြုချက်ရယူရာတွင် သင်တန်းပြုလုပ်ခွင့်တင်စာ၊ လျှောက်ထားသူ၏ ကိုယ်တိုင်ဂတိဝင်ခံချက်၊ သင်တန်းပို့ချမည့်သူ၏ ကိုယ်ရေးအကျဉ်း၊ သင်တန်းပို့ချမည့် အကြောင်းအရာ အကျဉ်းချုပ်၊ သင်တန်းနောက်ခံစာတမ်း၊ တက်ရောက်မည့်လူဦးရေးစာရင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့် ပြုလုပ်မည့်နေရာ၊နေ့ရက်၊အချိန် စသည့်အချက်များကို ပူးတွဲတင်ပြပြီး (၂)ပတ်ကြိုတင် ခွင့်ပြချက်ရယူသွားရန်နှင့် ခွင့်ပြုချက်ရရှိမှသာ ကျင်းပပြုလုပ်ခွင့်ပြုမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း ထိုသူကဆက်ဆိုသည်။

ဤကိစ္စနှင့်ပတ်သက်၍ မင်းတပ်မြို့လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းမှာ အလုပ်လုပ်နေတဲ့သူတဦးက “ကျေးရွာတစ်ရွာမှာသင်တန်း နှစ်ရက်သုံးရက်လောက်လုပ်ဖို့အရေးကို ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်သွားယူပြီး မင်းတပ်ကိုပြန်လာမယ်။ပြီးမှအစိုးရဆီ နှစ်ပတ်ကြိုပြီးသင်တန်းခွင့်ပြုချက်တောင်းခံစာတင်ရမယ် ဆိုယင် မင်းတပ်မြို့ပေါ်နှင့်ကျေးရွာတစ်ရွာအသွားအပြန်ဆိုင်ကယ်ကယ်ရီခတစ်သိန်းဝန်းကျင်ပေးရတယ် ရွာသူရွာသားတွေဘက်က အချိန်ပေးနိုင်မှုအပေါ်မူတည်တယ်။ သင်တန်းချိန်ကိုမိမိတို့ဘက်ကသတ်မှတ်လို့မရတဲ့အခက်အခဲရှိတယ်” သူကဆိုသည်။

သူကဆက်လက်ပြီး “ချင်းပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့အတွက် တောင်သူတွေလုပ်ငန်းခွင်ဆင်းချိန်ကိုအထူးအလေးပေးရတယ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် ဆိုင်ကယ်ကယ်ရီခမတတ်နိုင်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်သွားယူရန်မဖြစ်နိုင်ပါ၊ ဖုန်းလိုင်းမိုဘိုင်းဆက်သွယ်ရေးလုံးဝမရှိတဲ့ ကျေးရွာများတွင် ကြိုတင်ဆက်သွယ်ရန်အခက်အခဲရှိခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်သွားတောင်းရန်ခက်ခဲပါတယ်၊ မြို့ပေါ်မှာတော့ခွင့်ပြုချက်တောင်းပြီးမှပွဲစီစဉ်လေ့ရှိတယ်၊ ကျေးရွာလူထုအသိပညာပေးရက်တိုသင်တန်းလေးတွေအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ထံခွင့်ပြုမိန့်တောင်းခံတာ လက်တွေ့မကျပါဘူး၊ မိမိတို့လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများဟာ သူဌေးတွေမဟုတ်သည့်အတွက် လမ်းခရီးနှင့်အချိန်ကိုငွေကြေးအများကြီးနဲ့ မဝယ်နိုင်ပါဘူး၊ ဒါဟာ ပြည်သူတွေကို သက်တက်အနိုင်ကျင့်တာပါ” ဟုပြောဆိုပါသည်။

ထိုအမိန့်စာထဲတွင် ချင်းပြည်အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန် ဘာသာနှင့် ဟိန္ဒူဘာသာတို့၏ ဘာသာရေးဆိုင်ရာအဆောက်အဦးများ ပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ မူလပုံစံမပျက်ဆောင်လုပ်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ ဒေသကြီး/ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ရမှသာလျှင် ဆောင်ရွက်သွားရန် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ညွန်ကြားချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

(Ref; CHRO)

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: