မတူပီခရိုင်ရုံးနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရမှ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရန် အမြန်ဆုံးလိုအပ်

0

Matupi

မတူပီခရိုင်ရနီးလုလုဆဲမှာပဲ ၂၀၁၇ခုနှစ် ဇန်န၀ါ်ရီလ ၁၆ရက်နေ့တွင်လူဦးရေ ၂၀၀ ခန့်ဖြင့် ပလက်ဝ မြို့ပေါ်တွင် ခရိုင်ရရှိရေး၊ မတူပီခရိုင်ရမည့်အပေါ် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြပါသည်။ ထိုအ ကြောင်းကြောင့် မတူပီပြည်သူများမှ အိမ်နီးချင်းညီအကို ပလက်ဝမှ မတူပီခရိုင်ရမည့်အပေါ် ကန့် ကွက်ဆန္ဒထုတ်ဖော်မူကို ရှုတ်ချခဲ့ကြပါသည်။ မတူပီခရိုင်ကိစ္စနှင့်ပတ်သက်ပြီး မြို့ မိရပ်ဖများ၊မိဘ ပြည်သူများအကြား စိတ်ဝမ်းကွဲစေမူအစမှာ မတူပီမြို့ မိမြို့ဖ၊စည်ပင်ကော်မတီ၊ သက်ဆိုင်သည့် ဌာနဆိုင် ရာများမှ ကွင်းဆင်းပြီးသားဖြစ်သော ဖူလ်းပါးကွင်း၊ လုံနူးကွင်းနှင့်လက်ရှိထွေအုပ်ရုံး နေရာများကို ချင်းပြည်နယ်အစိုးရထံ တင်ပြခဲ့သော်လည်း ချင်းပြည်နယ်အစိုးရမှဥပက္ခာပြု ပြီး၊ ကျေးရွာရပ်မိရပ်ဖနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ တင်ပြချက်များကို ပိုဦးစားပေး အသိအမှတ်ပြု ရလေသလားမသိ၊ ဒါမှမဟုတ် လူအချို့ ကစားကွက်များလား။ ၂၀၁၈ခုနှစ် ဖေဖော်ဝ်ါရီ ၅ရက်နေ့တွင် မတူပီစည်ပင်နယ်နိမိတ်မဟုတ်သည့် ဖနိုင်နှင့် ငလိုင်ကျေးရွာအကြား ခရိုင်ရုံးတည်ဆောက်ရန် ဘဏ္ဏာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်လျှပ်စစ်နှင့်စည်ပင်ဝန်ကြီး ဦးအိုင်းဇက်ခင်၊အိုးအိမ်မှ တာဝန် ရှိသူများနှင့် ဒုသမ္မတဟင်းနရီဗန်ထီးယူမှ မတူပီပြည်သူ၊ပြည်သားများ အသိပေးရန်နေနေသာသာ မတူပီပြည်သူလွှတ်တော် ဦးပါထန်တောင်မှ အသိမပေးဘဲ လျှက်ဝှက်စွာ ကွင်းဆင်းသည့်အပေါ်၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်နယ်စည်ပင်ဝန်ကြီးဦးအိုင်ဇက်ခင်နှင့် မတူပီပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးပါထန်ကြားအငြင်းပွားခဲ့ပါသည်။ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးပါထန်မှ လူမသိသူမသိကွင်းဆင်းသည့်အပေါ် မတူပီမြို့ပေါ်ရှိပြည်သူလူထုကြား မလိုလားအပ်သည့် သဘောထားကွဲလွဲမူရှိမည်ကိုလည်း ကြိုတင် သတိပေးတင်ပြထားပါသည်။

Salai No Bik

များမကြားခင်အတောအတွင်းမှာဘဲ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက် ကလေးမြို့ GBH Hotel ၌ကျင်းပပြုလုပ်သည့် Chin Youth Organization ညီလာခံအပြီး ချင်းပြည်နယ်အစိုးရလုပ်ငန်း ဆောင်သာများ အမေးအဖြေကဣမှာ ဝန်းကြီးအိုင်ဇက်ခင်ကို မတူပီခရိုင်အကြောင်းနှင့်ပတ်သက်ပြီး မေးခဲ့ပါသည်။ မတူပီခရိုင်ရုံးတည်ဆောက်မည့် နေရာကို မတူပီပြည်သူများ မသိရင်တောင်မှ မတူပီ ပြည်သူလွှတ်တော်ကို အသိမပေးဘဲ ချင်းပြည်နယ်အစိုးရနှင့် ဒု သမ္မတမှ ကွင်းဆင်းသည့်အပေါ် နားမလည်မိကြောင်း၊ မတူပီမြို့ ပေါ်နှင့် ဖနိုင်၊ငလိုင်ကြား အနည်းချက်၊အားသာချက် သိရှိလိုကြောင်း မေးခွန်းထုတ်ခဲ့ပါတယ်။ ဝန်ကြီးပြန်ဖြေတာက ဒုသမ္မတက ပိုရာထူးကြီးတာလား၊ပြည်သူလွှတ်တော်က ပိုလုပ်ပိုင်ခွင့်ရှိတာလား၊ သမ္မတဆိုတော့ သမ္မတလုပ်ပိုင်ခွင့်နှင့် လုပ်တာ၊ကွင်းဆင်တာပေါ့။ ခဗျားတို့ လူငယ်တွေလည်း ဖနိုင်နှင့် ငလိုင်ကြားမှာ Youth Center လျှောက်ရင် ပေးမယ်လို့ပြောခဲ့တယ်။

ကျွန်တော် ဝန်ကြီးကိုဖြေရှင်းစေချင်တာက ခရိုင်တည်ဆောက်ရေးမှာ ပြည်သူလွှတ်တော်အမတ် အသုံးမဝင်တော့ဘူးလား။ ပြီးနောက် ခရိုင်ရုံးဆောက်ရင် မြို့ ပေါ်နှင့် ဖနိုင်၊ ငလိုင်အကြား၏ အားနည်းချက်နှင့် အားသာချက်ဖြစ်ပါတယ်။ အကယ်၍ မည်သည့်နေရာမဆို ဆိုင်ရာဌာနနှင့် ချင်းပြည်နယ်အစိုးရမှ ပြည်သူကြား ပွင့်လင်းမြင်သာစွာ ကောင်းကောင်းချ ပြမည်ဆိုပါက ယခုလို ပြသနာဖြစ်စရာအကြောင်းမရှိဘူး ဘယ်နေရာမဆို လက်ခံသင့်ရင် လက်ခံရမည်ဖြစ်သည်။ အများပြည်သူလိုချင်တာက ခရိုင်ရုံးတည်ဆောက်ရန် ဖနိုင်၊ငလိုင်ကြားမှာပဲဖြစ်ဖြစ် မတူပီမြို့ ပေါ်ဖြစ်ဖြစ် ဒုသမ္မတ၊ချင်းပြည်နယ်အစိုးရနှင့် သက်ဆိုင်သည့်ဌာနမှ အများပြည်သူချမပြနိုင်ရင်တောင် ကျွန်တော်တို့ရွေးကောက်တင်မြှောက်သည့် ပြည်သူလွှတ်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကိုတော့ အသိပေးစေချင်တယ်။ ပြည်သူလွှတ်တော် သိမှ ဘယ်နေရာခရိုင် ရုံးဆောက်ဆောက်၊ ပြည်သူများထံ ပြည်သူများ နားလည်အောင် ပြန်လည်ချပြနိုင်မှာဖြစ်တယ်။

ယခုလက်ရှိ ယခင်ဦးအိုင်ဇက်ခင်ကိုယ်စား လျှပ်စစ်နှင့် စည်ပင်ဝန်ကြီး ဦးစိုးထက်မှ မတူပီပြည်သူ များ၏ ပဠိပက္ခကို မဖြေရှင်းသေးဘဲ မီဒီယာများကို ပြောပြန်ပြီ။ မတူပီပြည်သူအချင်းချင်း ညီညွတ်မူ မရှိပါက ခရိုင်ဘဏ္ဏာရေးနှစ်ကုန်ရင် ရုပ်သိမ်းမည်။ နှောက်နှေးမည်ပြောပြန်တော့ မတူအခက်၊ အိမ်နီး ချင်းအချက်ဖြစ်နေပြီလော့။ ယခုလက်ရှိ မတူပီအခြေအနေဆိုရင် ထိန်းမနိုင်၊သိမ်းမနိုင်ဖြစ်နေပြီ မြို့ ပေါ်ရှိခရိုင်ရုံးထောက်ခံသူနှင့် ဖနိုင်၊ငလိုင်ကြား ထောက်ခံသူ အများပြည်သူအကြား ပြည်သူလွှတ် တော်အမတ်ဦးပါထန် သတိပေးသလိုပဲ မတူပီပြည်သူအချင်းချင်းကြား သဘောထားကွဲလွဲမူမကလို့ အပြန်အလှန်ဆန္ဒပြမူများ၊ လူမျိုးနွယ်စုအကြား လူမျိုးရေးပြသာနာများ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ မတူပီခရိုင်ရုံးနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရကို ကျွန်တော်တို့လူငယ်များ အမြန်ဆုံး တောင်းဆိုချင်တာက မတူပီပြသနာကို မဆိုင်သလိုလက်ပိုက်ကြည့်မနေဘဲ လူမျိုးနွယ်စုများအကြား လူမျိုးရေးအဓိကရုဏ်းများ မဖြစ်ပွားခင် ချင်းပြည်နယ်အစိုးရမှ သတင်းစာရှင်းလင်းပွဲအမြန်ဆုံးပြု လုပ်ပြီး ပြည်သူများအကြား ညှိနှိုင်းတိုင်ပင်မူနှင့် မတူပီခရိုင်ကိုအမြန်ဆုံး အကောင်အထည်ဖော်စေ လိုကြောင်း အကြံပြု လိုပါသည်။

ဆလိုင်းမတူပီနိုဘိခ့်ရေးသားသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: