မတူပီမြို့NLD ရုံးမြေကွက်ကိစ္စနှင့်ပတ်သက်၍ တရားမျှတစွာ ဖြေရှင်းမှုပြုလုပ်ပေးရန် မြေပိုင်ရှင်မိသားစုဝင်များကတောင်းဆို

0

NLD Zung Matupi/TCP

Salai Josephbawi| The Chinland Post- Hakha| 2020 September 20| ချင်းပြည်နယ်မတူပီမြို့နယ် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချူပ် (NLD) ပါတီရုံးတည်ဆောက်ရေးအတွက် ဥယာဉ်ခြံပိုင်ရှင်ဦးဘီခေါ်ထံတွင် မတူပီမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဖြစ်သူ ဦးပါထန်းက NLD ရုံးအတွက် မြေကွက်ရောင်းချပေးပါရန် လာရောက် တောင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် ပိုင်ရှင်ကိုဥပေက္ခာပြုပြီး ညှိနှိုင်းတိုင်ပင်မှုတစုံတရာမလုပ်တာ့ပဲ ပါတီရုံးကို ဆောက်ခဲ့သည်သာမက၊ မြေတန်ဖိုးကိုလည်း ယနေ့တိုင်ပေးချေခြင်းမရှိကြောင်း ၎င်းအတွက် တရားမျှတစွာ ဖြေရှင်းပေးသင့်ကြောင်း မိသားစုဝင်များက ချင်းလဲန်းပို့စ်ကို ပြောသည်။

ဤကိစ္စနှင့်ပတ်သက်၍ တရားနည်းလမ်းတကျ ဆောင်ရွက်လိုကြောင်းမြေပိုင်ရှင်ဖက်မှ “မြေကွက်ကို ကျမအဖေ ပင်စင်လစာ ထဲကနေ ဦးဘွေတုန်းထံမှ ၁၉၈၉ခုနှစ်တွင် ဝယ်ယူခဲ့တာဖြစ်ပြီး မြေစာရင်းရုံး တိုင်းတာချက်အရ ၃.၃၉ ဧကရှိပါတယ်။ ပိုင်ဆိုင်မှုအထောက်အထားလည်း မိမိတို့လက်ဝယ်ထားရှိထားပါတယ်။ အဆိုပါမြေကွက်နေရာကို ၁၉၉၄ခုနှစ်နှင့် ၂၀၀၄ခုနှစ်များတွင် တောင်ယာအဖြစ် ခုတ်ထွန်ခဲ့ကြတယ်။၂၀၁၆ခုနှစ်တွင် မတူပီမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဖြစ်သူ ဦးပါထန်းက ယခုလက်ရှိ NLD ရုံးဆောက်တဲ့မြေနေရာအတွက် ဝယ်ချင်တယ်ရောင်းမလားဆိုပြီး လာတောင်းခဲ့တယ်၊ မြေတန်းဖိုးနဲ့၊ ဘာကိစ္စကိုမှ ဆွေးနွေးမှုမရှိဘူး။ အဲဒီနောက်ပိုင်း ဘာတခုမှ တိုင်ပင်ဆွေးနွေးမှုမပြုလုပ်တော့ဘဲ ၂၀၁၉ခုနှစ် တွင် ပေ (၄၀၀)ပတ်လည်ထဲ ၎င်းတို့ဆန္ဒအရ ပါတီရုံးဆောက် လုပ်ခဲ့ကြပါတယ်။ ကျမတို့ပိုင်မြေကွက်မှာ အခုလို မြေပိုင်ရှင်ကို မထေမဲ့မြင်ပြုပြီး ရုံးဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး အဖေက ဦးပါထန်းကိုမေးမြန်းမှုပြုခဲ့တယ်။ ထိုအခါမှ သူက အဲဒီမြေနေရာဟာ အငြင်းပွားနယ်မြေဖြစ်တယ်လို့ ပြောလာပါတယ်။ ဘယ်သူက ဘယ်သူနဲ့ အငြင်းပွားသလဲ ကျမတို့ဖြင့်မသိဖူးပါ။ သူ့ကိုမေးတော့လဲပြန်မဖြေနိုင်ဖြစ်ခဲ့ရတယ်။ ကျမ အဖေက မြေတန်ဘိုးပေးရန်ပြန်တောင်းပါတယ်။ ဒါနဲ့ ဦးပါထန်းနှင့် မတူပီမြို့နယ်ပါတီဥက္ကဌဦအောင်ထန်း (၂)ယောက် ကျမအဖေဆီလာပြီးတော့ နောက်လ (သြဂုတ်လ) တွင် နေပိုက်ဆံပေးချေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြတယ်။ သြဂုတ်ရာက်တော့ ငွေကြေးပေးချေရန်ပျက်ကွက်ခဲ့ကြပြန်တယ်။ ဒါကြောင့် တရားနည်းလမ်းတကျ ဆောင်ရွက်ပေးစေလိုတယ် “လို့ ဥယဉ်ခြံပိုင်ရှင်ဦးဘီခေါ်ပြောပြချက်ကို သမီးဖြစ်သူ အေးအေးက ချင်းလဲန်းပို့စ်ကို ပြောပြာသည်။

“နောက်ကြာလာလေလေ သူတို့လေသံသည်အမျိုးမျိုးပြောင်းလာပါတယ်။ ပါတီရုံးဟာ ပြည်ထဲရေးက ဆောက်ပေးသယောင်ယောင်၊ မတူပီ ဒီချုပ်ရုံးဟာဖြင့် မြို့နယ်နှင့်မဆိုင်ပဲ ပြည်နယ်နှင့်သာ သက်ဆိုင်သလိုလို အမျိုးမျိုးပြောလာကြပါတယ်။ ချင်းပြည်နယ်စီမံဘ ဝန်ကြီးဗီကော မတူပီလာတုန်းက ပြောပါဆိုပြီးပြောခဲ့ကြပါတယ်။ သူက ဒါဟာပြည်နယ်နဲ့မဆိုင်ဘူး မြို့နယ်က ဦးပါထန်းတင်ပြလို့ ထောက်ခံတာဖြစ်ကြောင်း၊ မြို့နယ်နဲ့‌ပြောရန် ညွှန်ကြားခဲ့တယ်။ ဦးပါထန်းကလည်း ကျမတစ်ယောက်ထဲခေါ်ပြီး ပါတီရုံးကို အပင်ပန်းခံပြီး ဘယ်လိုဆောက်ခဲ့သလဲ၊ ဗဟိုက သိန်း ၁၅၀ ချပေးတုန်းက မြေကွက်အဘိုးအခကို ပေးမလို့၊ လွှတ်တော်ရောက်နေတာနဲ့ အောက်ကလူတွေ အကုန်သုံးလို့ မပေးနိုင်ခဲ့ဘူး။ သဒ္ဒါကြေးတောင်းပြီးပေးပါ့မယ်လို့ပြောပြတယ်။ ကျမ ဘာမှမပြောခဲ့ပါ (အသံတော့သွင်းခဲ့တယ်) ဒီနှစ် စက်တင်ဘာ (၈) ရက်နေ့ ငွေအရောက်ပို့ မယ်လို့ပြောပြန်ပါတယ်။ ရပ်ကွက်လူကြီးတွေလည်း လူစုထားတယ်။ တစ်ယောက်မှပေါ်မလာဘူး။ စက်တင်ဘာ (၉)ရက်နေ့ ၉-၁၀နာရီကြား အရောက်လဆက်ပြောသည်။လာခဲ့မယ်ဆိုပြီး ကတိပေးခဲ့တယ်။ မလာပြန်ဘူး။ စက်တင်ဘာ (၁၁)ရက်မှာဦးအိုင်ဇက်ခင်တို့ မြို့နယ် NLD ဥကဌ လူကြီးအဖွဲ့တွေနဲ့ NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် လာကြတယ်။ ဗဟိုကအသိအမှတ်ပြု ဥက္ကဌဆောက်တာပြောတယ်။ မြေကွက်ဟာ အရင်လက်ဖက်ခင်း မြေလွတ်မို့လို့ ထွေအုပ်ကပေးလို့ ဥက္ကဌက ဆောက်တာပြောတယ်။ ပြန်ပြောတာက လက်ဖက်အတွက် သိမ်းတယ်ဆိုတာက ယာကိုသိမ်းတာ မဟုတ်ဘူး လက်ဖက်အစားထိုး စိုက်ခိုင်းတာပဲရှိတာ သိမ်းတာမဟုတ်ဘူးလို့ ပြန်ပြောလိုက်တယ်။ သူတို့က သဒ္ဒါကြေးသိန်း(၃၀)ယူလာပုံရတယ်။ ဒါကိုလည်း ပေးနဲ့အုံး မိသားစုအဖေအမေနဲ့ တိုင်ပင်အုံးဆိုပြီး ဦးအိုက်ဇက်ခင် ကပြောတယ်။ ဦးအိုက်ဇက်ခင်က လုပ်ရင် ခဗျားတို့ပဲရှံးမယ်ဆိုပြီး ချိန်းခြောက်သွားသေးတယ်”လို့ ဆက်ပြောသည်။

“ကျမမိသားစုနှင့် အဖေက NLD ပါတီကို အစဉ်အစိုက်အားပေးထောက်ခံသူဖြစ်သည့်အတွက် အမှုကိုငယ်စေလိုသော သဘောဖြင့် တန်ရာတန်ကြေး တစ်ပေကို တစ်သိန်းနှုန်း (သိန်း ၄၀၀)ဖြင့် ပေးချေရန် တောင်းဆိုခြင်းဖြစ်ပါသည်။ ကျမအဖေအမေက အသက် (၈၀)ကျော်ကြပြီ၊ NLD နှင့် ဒေါ် အောင်ဆန်းစုကြည်ကို တစ်ခုထဲလို့မြင်တယ်၊ ဦးပါထန်းလည်းပဲ မလိမ်ဘူး မညာဘူးလို့ ယုံလည်းယုံကြည်တယ်။ ၂၀၁၉ခုနှစ်၊ နှစ်ကုန်ပိုင်းကနေ ယနေ့တိုင် မတူပီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးပါထန်းနှင့် မတူပီ NLD တာဝန်ရှိသူထံ စာဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်ဖြင့် သော်လည်းကောင်း မတရားနစ်နာဆုံးရှုံးမှုအတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ပေးမည်ဟုအမြဲပြောနေ သော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးမှုမရှိသည့်အတွက် အထက်ပါတီလူကြီးတွေက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးစေချင်တယ်လို့” ဆက်ပြောသည်။

မတူပီမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဖြစ်သူ ဦးပါထန်းက “ထွေအုပ်မှလျှောက်ပြီးတော့ ခရိုင်ဂရမ်နဲ့ဆောက်တာဖြစ် ပါတယ်။ အရင်တုန်းကတော့ သူတို့ပိုင်ရင်ပိုင်မှာပေါ့လေ။ အဲဒီဘက်မှ ထွေအုပ်က လက်ဖက်စိုက်ဖို့အတွက် သိမ်းတယ်။ နောက်ပိုင်း သူတို့လည်းဘာမှ မလုပ်ဘူး။ ကျတော်တို့ ၂၀၁၆-၂၀၁၇လျှောက်တဲ့ (၂)နှစ်အတွင်းမှာလည်း သူတို့မြေဖြစ်ကြောင်း မပြောဘူးလေ။ ဒါပေမယ့် ချင်းထုံးစံအရ နဂိုကတည်းက မြေပိုင်ရှင်ရှိတယ်လို့ သိရလို့ လက်ဖက်ရည်ဖိုးပုံစံပေးမယ်ဆိုတာ လည်းရှိထားတော့ အစည်းအဝေးဆုံးဖြတ်ချက်အရ မနေ့က ပါတီဥက္ကဌတို့ သွားပေမယ့် လက်မခံဘူးလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် ဥပဒေရေးရာနဲ့စဉ်းစားရင်တော့ ကျတော်တို့က ဘာမှစဉ်းစားစရာမရှိတော့ဘူး၊ ချင်းထုံးစံအရပဲ လက်ဖက်ရည် ဖိုးပေးမယ်ဆိုတာပဲ ရှိတယ်။ မြေပိုင်ရှင် အဘိုးနဲ့အဘွားက ကျတော့ကို အရမ်းခင်တယ်။ သားလိုချစ်ပါတယ်။ ၂၀၁၆တွေ့တုန်း ကလည်း မြေကွက်ကိုလျှောက်မယ် တကယ်လို့ရရင် သိန်း (၂၀-၃၀) မုန့်ဖိုးပေးမယ်လို့ပဲပြောခဲ့တယ်။ အဲ့ဒါအပြင်ဘာမှ မရှိဘူး။ ကျတော်တို့က တရားဝင်မြေရထားတော့ သူတို့ပေးဖို့မရှိဘူး။ မရခင်ကတည်းက ပြောပြီးသားဖြစ်တယ်။ အရင်တုန်းက ခဗျားတို့ပိုင်တဲ့မြေဖြစ်တယ်လို့ ကြားသိရတာပေါ့။ ထွေအုပ်လက်ထဲမှာ သူတို့ရှိတာကိုး သူတို့ပြန်မလျှောက်နိုင်တော့လို့ ကျတော်တို့လျှောက်မည့်ကိစ္စကို သူတို့သဘောတူတာဖြစ်တယ်။”လို့ ပြောသည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး သားဖြစ်သူ ချင်းအမျိုးသားတပ်မေတာ်တပ်ဖွဲ့ဝင်ဗိုလ်မှူးချုပ်သန်းထွန်းက “ဒီကိစ္စအတွက် မိသားစုခေါ်တာနဲ့ စက်တင်ဘာလ (၇) မတူပီရောက်တယ်။ (၈) ရက်နေ့မှာ ဦးပါထန်းက ညီမလေးကိုချိန်းတဲ့နေ့မို့ တနေကုန်စောင့်တာ မလာဘူး။ ဒါကြောင့်ညနေပိုင်း ၄း၃၀နာရီမှာ ဦးပါထန်းကိုဖုန်းခေါ်တာ သူက မနက်ဖြန် ၉ ရက်နေ့ နံနက်၉း၀၀နာရီနဲ့ 10နာရီလာမယ် လုံးဝမလိမ်ဘူး မညာဘူး ဂတိပေးတယ်လို့ ကျတော့ကိုပြောတယ်။ ကျတော်က အိမ်မြေကိစ ငွေကိစနဲ့ လာတယ်လို ခင်ဗျားလူကြီးတယောက်နော် ဂတိတည်ပါလို့ပြောလိုက်တယ်။ ဦးပါထန်းက လုံးဝမပျက်ကွက်ဘူး မလိမ်ဘူးလာမယ်ဆိုလို့ စက်တင်ဘာလ 10 နာရီထိ အိမ်မှာ မိသားစုနဲ့စောင့်ခဲ့တယ် လူကြီးဆိုတော့လာမယ်ယုံကြည်ခဲ့တာ ဒါပေမယ့် သူမရောက်လာလို့ စခန်းဖက်ပြန်လာရင်းနဲ့ NLD ရုံးကို 11 နာရီရောက်တယ် ပါးထန်းနဲ့တွေ့ချင်တယ်ပြောတော့ သူမလာဘူးပြောကြတယ် ဖုန်းခေါ်တော့ ဖုန်းပိတ်ထားတယ်။ ဒါကြောင့် ရုံးမှာရှိတယ်လူကြီးတွေဖြစ်တဲ့ ဆရာလှပိုးကိုပြောခဲ့တယ် မြေကိစနဲ့လာတယ်လို့ပြောတော့ မနေ့ကလဲ လူကြီးတွေက ရုံးမြေကိစပေးဖို့လိုပြီလို့ ပြောကြတယ်လို့ ပြန်ဖြေပါတယ်။ ဦးပါထန်းတို့လူကြီးတွေက မြေကိစ္စမုန့်ဖိုးဆိုတာ ကျတော့်အဖေ အမေကိုတခါမှ မပြောဖူးဘူး လိမ်တာပါ ကျတော့ကိုလဲ ကတိပေးပေမယ့် မလာတဲ့လူမျိုးပါ မုန့်ဖိုးလို့ စသုံးလာတာ မနေ့တနေ့ကဖြစ်တယ်။ အိုက်ဇက်ခင်က ညီမဆီမှာ ကျတော့ကိုဖုန်းခေါ်မယ်ပြောတာဘဲ ဒီနေ့ထိ ဘာအဆက်သွယ်မရှိဘူး တခုတော့သူက ကျနော့်အဖေနဲ့အမေကို ဥပဒေနဲ့လုပ်ရင် နင်တို့ ရှုံးမယ်ဆိုပြီချိန်းခြောက်တာတော့ လုံးဝလက်မခံဘူး” လို့ ချင်းလဲန်းပို့စ်ကို ပြောသည်။

မတူပီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်နေ့တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ကိုယ်တိုင်က ဖွင့်ပွဲအခမ်းအနားဖြင့် ဖွင့်လှစ်ကြောင်း သိရှိရသည်။

 

Zawgyi

မတူပီၿမိဳ႕NLD ႐ုံးေျမကြက္ကိစၥႏွင့္ပတ္သက္၍ တရားမွ်တစြာ ေျဖရွင္းမႈျပဳလုပ္ေပးရန္ ေျမပိုင္ရွင္မိသား စုဝင္မ်ားကေတာင္းဆို
Salai Josephbawi| The Chinland Post- Hakha| 2020 September 18| ခ်င္းျပည္နယ္မတူပီၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုက ေရစီအဖြဲ႕ခ်ဴပ္ (NLD) ပါတီ႐ုံးတည္ေဆာက္ေရးအတြက္ ဥယာဥ္ၿခံပိုင္ရွင္ဦးဘီေခၚထံတြင္ မတူပီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ အမတ္ျဖစ္သူ ဦးပါထန္းက NLD ႐ုံးအတြက္ ေျမကြက္ေရာင္းခ်ေပးပါရန္ လာေရာက္ ေတာင္းဆိုခဲ့ၿပီး ေနာက္ပိုင္းတြင္ ပိုင္ရွင္ကိုဥေပကၡာျပဳၿပီး ညႇိႏႈိင္းတိုင္ပင္မႈတစုံတရာမလုပ္တာ့ပဲ ပါတီ႐ုံးကို ေဆာက္ခဲ့သည္သာမက၊ ေျမတန္ဖိုးကိုလည္း ယေန႔တိုင္ေပးေခ်ျခင္းမရွိေၾကာင္း ၎အတြက္ တရားမွ်တစြာ ေျဖရွင္းေပးသင့္ေၾကာင္း မိသားစု၀င္မ်ားက ခ်င္းလဲန္းပို႔စ္ကို ေျပာသည္။

ဤကိစၥႏွင့္ပတ္သက္၍ တရားနည္းလမ္းတက် ေဆာင္႐ြက္လိုေၾကာင္းေျမပိုင္ရွင္ဖက္မွ “ေျမကြက္ကို က်မအေဖ ပင္စင္လစာ ထဲကေန ဦးေဘြတုန္းထံမွ ၁၉၈၉ခုႏွစ္တြင္ ဝယ္ယူခဲ့တာျဖစ္ၿပီး ေျမစာရင္း႐ုံး တိုင္းတာခ်က္အရ ၃.၃၉ ဧကရွိပါတယ္။ ပိုင္ဆိုင္မႈအေထာက္အထားလည္း မိမိတို႔လက္ဝယ္ထားရွိထားပါတယ္။ အဆိုပါေျမကြက္ေနရာကို ၁၉၉၄ခုႏွစ္ႏွင့္ ၂၀၀၄ခုႏွစ္မ်ားတြင္ ေတာင္ယာအျဖစ္ ခုတ္ထြန္ခဲ့ၾကတယ္။၂၀၁၆ခုႏွစ္တြင္ မတူပီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ အမတ္ျဖစ္သူ ဦးပါထန္းက ယခုလက္ရွိ NLD ႐ုံးေဆာက္တဲ့ေျမေနရာအတြက္ ဝယ္ခ်င္တယ္ေရာင္းမလားဆိုၿပီး လာေတာင္းခဲ့တယ္၊ ေျမတန္းဖိုးနဲ႔၊ ဘာကိစၥကိုမွ ေဆြးေႏြးမႈမရွိဘူး။ အဲဒီေနာက္ပိုင္း ဘာတခုမွ တိုင္ပင္ေဆြးေႏြးမႈမျပဳလုပ္ေတာ့ဘဲ ၂၀၁၉ခုႏွစ္ တြင္ ေပ (၄၀၀)ပတ္လည္ထဲ ၎တို႔ဆႏၵအရ ပါတီ႐ုံးေဆာက္ လုပ္ခဲ့ၾကပါတယ္။ က်မတို႔ပိုင္ေျမကြက္မွာ အခုလို ေျမပိုင္ရွင္ကို မေထမဲ့ျမင္ျပဳၿပီး ႐ုံးေဆာက္လုပ္ျခင္းႏွင့္ ပတ္သက္ၿပီး အေဖက ဦးပါထန္းကိုေမးျမန္းမႈျပဳခဲ့တယ္။ ထိုအခါမွ သူက အဲဒီေျမေနရာဟာ အျငင္းပြားနယ္ေျမျဖစ္တယ္လို႔ ေျပာလာပါတယ္။ ဘယ္သူက ဘယ္သူနဲ႔ အျငင္းပြားသလဲ က်မတို႔ျဖင့္မသိဖူးပါ။ သူ႔ကိုေမးေတာ့လဲျပန္မေျဖႏိုင္ျဖစ္ခဲ့ရတယ္။ က်မ အေဖက ေျမတန္ဘိုးေပးရန္ျပန္ေတာင္းပါတယ္။ ဒါနဲ႔ ဦးပါထန္းႏွင့္ မတူပီၿမိဳ႕နယ္ပါတီဥကၠဌဦေအာင္ထန္း (၂)ေယာက္ က်မအေဖဆီလာၿပီးေတာ့ ေနာက္လ (ၾသဂုတ္လ) တြင္ ေနပိုက္ဆံေပးေခ်မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကတယ္။ ၾသဂုတ္ရာက္ေတာ့ ေငြေၾကးေပးေခ်ရန္ပ်က္ကြက္ခဲ့ၾကျပန္တယ္။ ဒါေၾကာင့္ တရားနည္းလမ္းတက် ေဆာင္႐ြက္ေပးေစလိုတယ္ “လို႔ ဥယဥ္ၿခံပိုင္ရွင္ဦးဘီေခၚေျပာျပခ်က္ကို သမီးျဖစ္သူ ေအးေအးက ခ်င္းလဲန္းပို႔စ္ကို ေျပာျပာသည္။

“ေနာက္ၾကာလာေလေလ သူတို႔ေလသံသည္အမ်ိဳးမ်ိဳးေျပာင္းလာပါတယ္။ ပါတီ႐ုံးဟာ ျပည္ထဲေရးက ေဆာက္ေပးသေယာင္ေယာင္၊ မတူပီ ဒီခ်ဳပ္႐ုံးဟာျဖင့္ ၿမိဳ႕နယ္ႏွင့္မဆိုင္ပဲ ျပည္နယ္ႏွင့္သာ သက္ဆိုင္သလိုလို အမ်ိဳးမ်ိဳးေျပာလာၾကပါတယ္။ ခ်င္းျပည္နယ္စီမံဘ ဝန္ႀကီးဗီေကာ မတူပီလာတုန္းက ေျပာပါဆိုၿပီးေျပာခဲ့ၾကပါတယ္။ သူက ဒါဟာျပည္နယ္နဲ႔မဆိုင္ဘူး ၿမိဳ႕နယ္က ဦးပါထန္းတင္ျပလို႔ ေထာက္ခံတာျဖစ္ေၾကာင္း၊ ၿမိဳ႕နယ္နဲ႔‌ေျပာရန္ ၫႊန္ၾကားခဲ့တယ္။ ဦးပါထန္းကလည္း က်မတစ္ေယာက္ထဲေခၚၿပီး ပါတီ႐ုံးကို အပင္ပန္းခံၿပီး ဘယ္လိုေဆာက္ခဲ့သလဲ၊ ဗဟိုက သိန္း ၁၅၀ ခ်ေပးတုန္းက ေျမကြက္အဘိုးအခကို ေပးမလို႔၊ လႊတ္ေတာ္ေရာက္ေနတာနဲ႔ ေအာက္ကလူေတြ အကုန္သုံးလို႔ မေပးႏိုင္ခဲ့ဘူး။ သဒၵါေၾကးေတာင္းၿပီးေပးပါ့မယ္လို႔ေျပာျပတယ္။ က်မ ဘာမွမေျပာခဲ့ပါ (အသံေတာ့သြင္းခဲ့တယ္) ဒီႏွစ္ စက္တင္ဘာ (၈) ရက္ေန႔ ေငြအေရာက္ပို႔ မယ္လို႔ေျပာျပန္ပါတယ္။ ရပ္ကြက္လူႀကီးေတြလည္း လူစုထားတယ္။ တစ္ေယာက္မွေပၚမလာဘူး။ စက္တင္ဘာ (၉)ရက္ေန႔ ၉-၁၀နာရီၾကား အေရာက္လဆက္ေျပာသည္။လာခဲ့မယ္ဆိုၿပီး ကတိေပးခဲ့တယ္။ မလာျပန္ဘူး။ စက္တင္ဘာ (၁၁)ရက္မွာဦးအိုင္ဇက္ခင္တို႔ ၿမိဳ႕နယ္ NLD ဥကဌ လူႀကီးအဖြဲ႕ေတြနဲ႔ NLD ပါတီေအာင္ႏိုင္ေရးအဖြဲ႕ဝင္ လာၾကတယ္။ ဗဟိုကအသိအမွတ္ျပဳ ဥကၠဌေဆာက္တာေျပာတယ္။ ေျမကြက္ဟာ အရင္လက္ဖက္ခင္း ေျမလြတ္မို႔လို႔ ေထြအုပ္ကေပးလို႔ ဥကၠဌက ေဆာက္တာေျပာတယ္။ ျပန္ေျပာတာက လက္ဖက္အတြက္ သိမ္းတယ္ဆိုတာက ယာကိုသိမ္းတာ မဟုတ္ဘူး လက္ဖက္အစားထိုး စိုက္ခိုင္းတာပဲရွိတာ သိမ္းတာမဟုတ္ဘူးလို႔ ျပန္ေျပာလိုက္တယ္။ သူတို႔က သဒၵါေၾကးသိန္း(၃၀)ယူလာပုံရတယ္။ ဒါကိုလည္း ေပးနဲ႔အုံး မိသားစုအေဖအေမနဲ႔ တိုင္ပင္အုံးဆိုၿပီး ဦးအိုက္ဇက္ခင္ ကေျပာတယ္။ ဦးအိုက္ဇက္ခင္က လုပ္ရင္ ခဗ်ားတို႔ပဲရွံးမယ္ဆိုၿပီး ခ်ိန္းေျခာက္သြားေသးတယ္”လို႔ ဆက္ေျပာသည္။

“က်မမိသားစုႏွင့္ အေဖက NLD ပါတီကို အစဥ္အစိုက္အားေပးေထာက္ခံသူျဖစ္သည့္အတြက္ အမႈကိုငယ္ေစလိုေသာ သေဘာျဖင့္ တန္ရာတန္ေၾကး တစ္ေပကို တစ္သိန္းႏႈန္း (သိန္း ၄၀၀)ျဖင့္ ေပးေခ်ရန္ ေတာင္းဆိုျခင္းျဖစ္ပါသည္။ က်မအေဖအေမက အသက္ (၈၀)ေက်ာ္ၾကၿပီ၊ NLD ႏွင့္ ေဒၚ ေအာင္ဆန္းစုၾကည္ကို တစ္ခုထဲလို႔ျမင္တယ္၊ ဦးပါထန္းလည္းပဲ မလိမ္ဘူး မညာဘူးလို႔ ယုံလည္းယုံၾကည္တယ္။ ၂၀၁၉ခုႏွစ္၊ ႏွစ္ကုန္ပိုင္းကေန ယေန႔တိုင္ မတူပီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ျဖစ္သူ ဦးပါထန္းႏွင့္ မတူပီ NLD တာဝန္ရွိသူထံ စာျဖင့္ေသာ္လည္းေကာင္း၊ လူကိုယ္တိုင္ျဖင့္ ေသာ္လည္းေကာင္း မတရားနစ္နာဆုံးရႈံးမႈအတြက္ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ၿပီး ေပးမည္ဟုအၿမဲေျပာေန ေသာ္လည္း တစ္စုံတစ္ရာ ေဆာင္႐ြက္ေပးမႈမရွိသည့္အတြက္ အထက္ပါတီလူႀကီးေတြက အျမန္ဆုံးေျဖရွင္းေဆာင္႐ြက္ေပးေစခ်င္တယ္လို႔” ဆက္ေျပာသည္။

မတူပီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ အမတ္ျဖစ္သူ ဦးပါထန္းက “ေထြအုပ္မွေလွ်ာက္ၿပီးေတာ့ ခ႐ိုင္ဂရမ္နဲ႔ေဆာက္တာျဖစ္ ပါတယ္။ အရင္တုန္းကေတာ့ သူတို႔ပိုင္ရင္ပိုင္မွာေပါ့ေလ။ အဲဒီဘက္မွ ေထြအုပ္က လက္ဖက္စိုက္ဖို႔အတြက္ သိမ္းတယ္။ ေနာက္ပိုင္း သူတို႔လည္းဘာမွ မလုပ္ဘူး။ က်ေတာ္တို႔ ၂၀၁၆-၂၀၁၇ေလွ်ာက္တဲ့ (၂)ႏွစ္အတြင္းမွာလည္း သူတို႔ေျမျဖစ္ေၾကာင္း မေျပာဘူးေလ။ ဒါေပမယ့္ ခ်င္းထုံးစံအရ နဂိုကတည္းက ေျမပိုင္ရွင္ရွိတယ္လို႔ သိရလို႔ လက္ဖက္ရည္ဖိုးပုံစံေပးမယ္ဆိုတာ လည္းရွိထားေတာ့ အစည္းအေဝးဆုံးျဖတ္ခ်က္အရ မေန႔က ပါတီဥကၠဌတို႔ သြားေပမယ့္ လက္မခံဘူးလို႔ သိရတယ္။ ဘာပဲျဖစ္ျဖစ္ ဥပေဒေရးရာနဲ႔စဥ္းစားရင္ေတာ့ က်ေတာ္တို႔က ဘာမွစဥ္းစားစရာမရွိေတာ့ဘူး၊ ခ်င္းထုံးစံအရပဲ လက္ဖက္ရည္ ဖိုးေပးမယ္ဆိုတာပဲ ရွိတယ္။ ေျမပိုင္ရွင္ အဘိုးနဲ႔အဘြားက က်ေတာ့ကို အရမ္းခင္တယ္။ သားလိုခ်စ္ပါတယ္။ ၂၀၁၆ေတြ႕တုန္း ကလည္း ေျမကြက္ကိုေလွ်ာက္မယ္ တကယ္လို႔ရရင္ သိန္း (၂၀-၃၀) မုန႔္ဖိုးေပးမယ္လို႔ပဲေျပာခဲ့တယ္။ အဲ့ဒါအျပင္ဘာမွ မရွိဘူး။ က်ေတာ္တို႔က တရားဝင္ေျမရထားေတာ့ သူတို႔ေပးဖို႔မရွိဘူး။ မရခင္ကတည္းက ေျပာၿပီးသားျဖစ္တယ္။ အရင္တုန္းက ခဗ်ားတို႔ပိုင္တဲ့ေျမျဖစ္တယ္လို႔ ၾကားသိရတာေပါ့။ ေထြအုပ္လက္ထဲမွာ သူတို႔ရွိတာကိုး သူတို႔ျပန္မေလွ်ာက္ႏိုင္ေတာ့လို႔ က်ေတာ္တို႔ေလွ်ာက္မည့္ကိစၥကို သူတို႔သေဘာတူတာျဖစ္တယ္။”လို႔ ေျပာသည္။

ဒီကိစၥႏွင့္ ပတ္သက္ၿပီး သားျဖစ္သူ ခ်င္းအမ်ိဳးသားတပ္ေမတာ္တပ္ဖြဲ႕ဝင္ဗိုလ္မႉးခ်ဳပ္သန္းထြန္းက “ဒီကိစၥအတြက္ မိသားစုေခၚတာနဲ႔ စက္တင္ဘာလ (၇) မတူပီေရာက္တယ္။ (၈) ရက္ေန႔မွာ ဦးပါထန္းက ညီမေလးကိုခ်ိန္းတဲ့ေန႔မို႔ တေနကုန္ေစာင့္တာ မလာဘူး။ ဒါေၾကာင့္ညေနပိုင္း ၄း၃၀နာရီမွာ ဦးပါထန္းကိုဖုန္းေခၚတာ သူက မနက္ျဖန္ ၉ ရက္ေန႔ နံနက္၉း၀၀နာရီနဲ႔ 10နာရီလာမယ္ လုံးဝမလိမ္ဘူး မညာဘူး ဂတိေပးတယ္လို႔ က်ေတာ့ကိုေျပာတယ္။ က်ေတာ္က အိမ္ေျမကိစ ေငြကိစနဲ႔ လာတယ္လို ခင္ဗ်ားလူႀကီးတေယာက္ေနာ္ ဂတိတည္ပါလို႔ေျပာလိုက္တယ္။ ဦးပါထန္းက လုံးဝမပ်က္ကြက္ဘူး မလိမ္ဘူးလာမယ္ဆိုလို႔ စက္တင္ဘာလ 10 နာရီထိ အိမ္မွာ မိသားစုနဲ႔ေစာင့္ခဲ့တယ္ လူႀကီးဆိုေတာ့လာမယ္ယုံၾကည္ခဲ့တာ ဒါေပမယ့္ သူမေရာက္လာလို႔ စခန္းဖက္ျပန္လာရင္းနဲ႔ NLD ႐ုံးကို 11 နာရီေရာက္တယ္ ပါးထန္းနဲ႔ေတြ႕ခ်င္တယ္ေျပာေတာ့ သူမလာဘူးေျပာၾကတယ္ ဖုန္းေခၚေတာ့ ဖုန္းပိတ္ထားတယ္။ ဒါေၾကာင့္ ႐ုံးမွာရွိတယ္လူႀကီးေတြျဖစ္တဲ့ ဆရာလွပိုးကိုေျပာခဲ့တယ္ ေျမကိစနဲ႔လာတယ္လို႔ေျပာေတာ့ မေန႔ကလဲ လူႀကီးေတြက ႐ုံးေျမကိစေပးဖို႔လိုၿပီလို႔ ေျပာၾကတယ္လို႔ ျပန္ေျဖပါတယ္။ ဦးပါထန္းတို႔လူႀကီးေတြက ေျမကိစၥမုန႔္ဖိုးဆိုတာ က်ေတာ့္အေဖ အေမကိုတခါမွ မေျပာဖူးဘူး လိမ္တာပါ က်ေတာ့ကိုလဲ ကတိေပးေပမယ့္ မလာတဲ့လူမ်ိဳးပါ မုန႔္ဖိုးလို႔ စသုံးလာတာ မေန႔တေန႔ကျဖစ္တယ္။ အိုက္ဇက္ခင္က ညီမဆီမွာ က်ေတာ့ကိုဖုန္းေခၚမယ္ေျပာတာဘဲ ဒီေန႔ထိ ဘာအဆက္သြယ္မရွိဘူး တခုေတာ့သူက က်ေနာ့္အေဖနဲ႔အေမကို ဥပေဒနဲ႔လုပ္ရင္ နင္တို႔ ရႈံးမယ္ဆိုၿပီခ်ိန္းေျခာက္တာေတာ့ လုံးဝလက္မခံဘူး” လို႔ ခ်င္းလဲန္းပို႔စ္ကို ေျပာသည္။

မတူပီၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ႐ုံးကို ၂၀၂၀ခုႏွစ္၊ ဇန္နဝါရီ (၁၅) ရက္ေန႔တြင္ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္ကိုယ္တိုင္က ဖြင့္ပြဲအခမ္းအနားျဖင့္ ဖြင့္လွစ္ေၾကာင္း သိရွိရသည္။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: