မတူပီ-ပလက်ဝလမ်း ဆောက်လုပ်နေဆဲ အက်ကွဲမူများရှိနေ၍ တာဝန်ရှိသူများမှ ကွင်းဆင်းစေလို

0

The Chinland Post| 2019 February 9| ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ပြုလုပ်သည့် မတူပီအတွင်း စမ်းသပ်မူတစ်ခုအဖြစ် ဆောက်လုပ်ရေးမှ တဆင့် ယုံဖူးကုမ္ပဏီမှ တာဝန်ယူသည့် ပလက်ဝလမ်း မတူပီမှ (၅)မိုင်အထိ ကွန်ကရက်လမ်းခင်းရာတွင် လေမျိုသဲနှင့်နှောသဲကျေးရွာချောင်းသဲ နုံးမြေဖုံမှုန့်များသုံးနေသဖြင့် ယခုပြုလုပ်နေစဉ်အတောအတွင်းမှာပဲ အက်ကွဲမူများရှိနေပြီဖြစ်ကြောင်း မတူပီဒေသခံမှတဆင့်သိရသည်။

မတူပီပထဝီမြေအနေအထားအရ ကွန်ဂရက်လမ်းသည် အသင့်တော်ဆုံးဖြစ်ကြောင်းနှင့် မတူပီမှပလက်ဝ လမ်း (၅)မိုင်အထိ ကွန်ဂရက်လမ်းစမ်းသပ်မူကို အောင်မြင်ပါက ပလက်ဝလမ်းတလျှောက်ခင်းရန် အစီအ စဉ်ရှိသည်လို့ ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ညွန်ကြားရေးမှူးက ပြောကြောင်း ဒေသခံသည်က The Chinland Post သတင်းဌာနကို ပြောသည်။

Lam a kakmi

နမူနာစမ်းသပ်မူတစ်ခုပြု လုပ်ရာတွင် အရည်အသွေးပြည့်မီသည့် သဲများကိုသုံးစေချင်တယ်။ မကွေးတိုင်း ပေါက်သဲအသုံးမပြုနိုင်ရင်တောင် အနည်းဆုံး ဘွေလီသဲသုံးနိုင်ရင် ကောင်းမည်။ မတူပီပြည်နယ်လွှတ်တော် အမတ်ဦးအောင်လျန်နှင့် CYO{Matupi}အဖွဲ့ဝင်များမှ ကွင်းဆင်းပြီးဖြစ်သော်လည်း ထပ်ခါထပ်ခါ နုံးသဲများ အသုံးပြုသည်ကိုတွေ့ရပါသည်။ ၃၀%နှုန်းတောင်မပြီးသေးပဲ အက်ကွဲမူများရှိနေပြီ ဆောက်လုပ်ရေးတာဝန် ရှိသူများနှင့် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဆက်လက်ကွင်းဆင်းလေ့လာပြီး ထောက်ပြ စေချင်ပါတယ်လို့ CYO တာဝန်ရှိသူတဦးက The Chinland Postကို ပြောသည်။

ကျနော် မတူပီမြို့နယ် လမ်းတံတာဆောက်လုပ်ရေးလုပ်ငန်းတော်တော်များများကို စံချန်စံညွှန်းမှီအောင် ကွင်းရှင်းလေ့လာမှုသည် လုပ်နေရပါတယ်။ ငလိုင်-ဖနိုင်ဘက် လမ်းအထူး(၁၂) လမ်းခင်းတဲ့ဟာလည်း သဲကျောက်သည် အရည်အသွေးမမှီလို့ လှဲခိုင်းဖူးပါတယ်။ အခု မတူပီ-ပလက်ဝ ကွန်ဂရိတ်လမ်းကိုလည်း သုံးခါလောက်သွားပြီး စစ်ဆေးမှုလုပ်နေပေမယ့် သူတို့က လုပ်နေတဲ့ဟာကို အရည်အသွေးစစ်ဆေးဖို့ နေပြည်တော်ပို့နေတယ်ပြောလို့ မချပြနိုင်သေးဘူး။ ကျောက်မကောင်းတဲ့ဟာသည်ကို ဖယ်ရှားခိုင်းတာ ရှိပါတယ်။ မျက်လုံးကနေကြည့်ရင် ကောင်းတာပေါ့။ သူတို့ဟာ ရောက်ရင်သိရမှာပါ။ အရပ်စကားနဲ့ မကောင်းဘူးပြောလို့ရှိရင်လည်း သူတို့မှာ ပညာရှင်သည်က ထောက်မှာကိုလို့ မတူပီ ချင်းပြည်နယ် လွှတ်တော်အမတ်ဦးအောင်လျန်က The Chinland Postကို ပြောသည်။

မတူပီ-ပလက်ဝလမ်းက မိုင် (၁၃၆) ဝေးပြီး (၆)မိုင်ကို သမ်းသပ်မှုအနေနဲ့ ပြည်ထောင်စုရံပုံငွေဖြင့် လမ်းဦးစီးဌာနမှ တင်ဒါရ ယုဖူးကုမ္ပဏီက ကွန်ဂရိတ်လမ်းခင်းနေတာဖြစ်ပြီး ခိုင်ခံ့မှုကောင်းမွန်မှုရှိပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: