ဟားခါးမြေကွက်ကိစ္စ ညှိနှိုင်းလို့မရပါက တရားဥပဒေအရ ဖြေရှင်းတော့မည်

0

CLAN ရဲ့လှုပ်ရှားမှု

Salai Josephbawi| 2019 February 21| ဟားခါးမြို့မြို့ပြစီမံကိန်းအတွက် ကျောဘုတ်ရပ်ကွက် မြေဧက (၆၇၆)တိုးချဲ့ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ် ဆောင်ရွက်နေမှုကို ဒေသခံတောင်သူလယ်သမားများနှင့် ဘိုးဘွားမြေပိုင်ရှင်များက ဆန့်ကျင်ပြောဆိုခြင်းသည် ဟားခါးမြို့ပြစီမံကိန်းကော်မီတီ၏ ညှိနှိုင်းရေး ဆပ်ကော်မီတီက သေချာစီစိနေဆဲဖြစ်ပြီး  မတရားရောင်းဝယ် ခြင်း၊ ကျူးကျော်ခြင်းများတွေ့ရှိပြီး ဆက်လက်ညှိနှိုင်းလို့မရပါက တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ ၀န်ကြီးဦးစိုးထက်က ချင်းမီဒီယာကွန်ယက်အဖွဲ့များနှင့် အစိုးရတာဝန်ရှိဝန်ကြီးများ တွေ့ဆုံပွဲ ဖေဖော်ဝါရီ (၁၉) တွင် ပြောပါသည်။

ဘိုးဘွားပိုင်မြေဆိုပြီး ဦးဆောင်တဲ့ ဒေါ်ဇာတလန်၊ ဆရာတော် ဟာန်ကီးတို့နဲ့ ကျနော့်ကိုယ်တိုင် တိုင်ပင် ဆွေးနွေးခဲ့ကြတယ်။ သူတို့ဆန္ဒကို ရှေ့တိုင်းတင်ပြီးတော့ အစိုးရဘက်ပြောတဲ့ဟာကို ဂရုမစိုက်ခဲ့ကြဘူး၊ သူတို့ပြောချင်တာတွေပဲ ပြောကြတယ်။ ဘိုးဘွားပိုင်မြေဆိုတာ အမြင်အမျိုးမျိုးရှိကြတာပေါ့ ၁၉၄၈၊ ၁၉၅၃၊ ၁၉၆၃ ဥပဒေအရ အခွန်အခတွေ ပုံမှန်ဆောင်ကြရင်တော့ မရှိဘူးလို့မပြောပါဘူး။ ကျနော်တို့လေ့လာတွေ့ရှိ ချက်အရ (၇၃)ဦးက ပိုင်ဆိုင်တယ်ဆိုပြီး ပြောကြတာပေါ့။ ပြန်ကြည့်တဲ့အခါ(၁၄)ဦးကတော့ ဧကများစွာနေရာ ယူတာကို တွေ့ရတယ်။ ကျောဘုတ်အစိုးရ စိုက်ပျိုးရေးခြံ (၁၃.၀၇ဧက)ကိုလည်း လူ (၁၃)ဦးက သူတို့ဟာလို ယူကြတာကို တွေ့ရတယ်။ တချို့က ခြံလုပ်မည့် ပုံစံ (၇)ရှိတဲ့လူလည်းရှိပါတယ်။ တချို့ကဘာမှ မရှိကြတာကို တွေ့ရတယ်ဟု အဆိုပါတွေ့ဆုံပွဲတွင် ပြောသည်။

Hakha lamzawhnak (Photo: TCP)

အခုချင်းပြည်နယ်အစိုးရလုပ်ဆောင်တဲ့ မြို့သစ်စီမီကိန်း ၆၀၀ဧက ကျော်ကတော့ ချင်းပြည်သူများအတွက်သာ မဟုတ်ပဲ တစ်ခြားလူမျိုးနှင့် သူဌေးတွေကို ရောင်းဖို့ကြံစည်တယ်၊ Federal မရခင် ကျတော်တို့ မြေယာတွေ တစ်ခြားလူမျိုးပိုင်ဆိုင်မယ်ဆိုရင်တော့ ဒီအတိုင်း လက်ပိုက်မကြည့်ဘဲ အပြင်းအထန် ကန့်ကွက်မယ်ဟု လွှတ်တော်အမတ်ဟောင်း Pi Za Tlem က ဇန်န၀ါရီလ (၁၇)ရက်နေ့တွင် The Chinland Post ကို ပြောပါတယ်။

ပွင့်လင်းမြင်သာမှုမရှိသော မြို့ပြစီမံကိန်းများအား အလိုမရှိ၊ တရားဥပဒေ စိုးမိုရေး၊ တိုင်းရင်းသားတောင် သူလယ်သမားအခွင့်အရေး တောင်သူလယ်သမားများ ဘ၀မြှင့်တင်ရေး၊ ချင်းပြည်နယ်အစိုးရက နိုင်ငံတော်မှ ချမှတ်သော မြေမြယာ မှုဝါဒလမ်းညွန်းချက်ကို အပြည့်အ၀ကျင့်သုံးရေး၊ ဘိုးဘွားပိုင် မြေများနှင့် တောင်သူများ အားလုံး ပိုင်မြေကာကွယ်ရေးစသောအဆိုပြုပိုစတာ များကိုင်ဆောင်ကာ ဟားခါးတောင်သူလယ်သမားအသင်း က ၂၀၁၉ခုနှစ်၊ ဇန်န၀ါရီ (၂၅) ဟားခါးမြို့တွင် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည်။

ဟားခါးမြို့ပြစီမံကိန်းပြုလုပ်မည့်နေရာ မြေကွက်များစွာကို လူတစ်ချို့က ၁၅-၂၀သိန်းဖြင့် ၀ယ်ယူရောင်းချမှုများ ရှိပြီး ဘိုးဘွားပိုင်မြေကို ခုတုန်းလုပ်၍ ၎င်းကို ပြန်လည်ကာကွယ်ဖို့အတွက် ဆန္ဒပြတောင်းဆိုနေသည့် လူပုဂ္ဂိုလ်များလည်းရှိကြောင်း အမည်မဖော်လိုသည့် ကွင်းရှင်းလေ့လာသူတစ်ဦးက The Chinland Post ကိုပြောသည်။

ချင်းပြည်နယ် သစ်တောဝန်ကြီးဦးမာန်ဟင်ဒါးက ချင်းပြည်နယ်က ရွှေ့ပြောင်းတောင်ယာနဲ့ အသက်မွေးဝမ်းကျောင်းပြု ကြတယ်၊ နှစ်ပေါင်းများစွာကတည်း ကပေါ့နော်၊ ရှိခဲ့တာဖြစ်ပါတယ်၊ ဆိုတော့ ရွေ့ပြောင်းတောင်ယာဆိုတာ လုပ်ကွက် ဆယ်ကွက်၊ ဆယ့်ငါးကွက်ရှိမှ ကျွန်တော်တို့ တစ်နှစ်စာအတွက် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်တဲ့အနေအထားဖြစ်တော့ ဒါသမိုင်းတစ်လျှောက်ပေါ့နော်၊ ဆိုတော့ ကျေးလက် တောရွာတွေမှာ မိသားစုတစ်စုက မြေကွက် ဆယ်ကွက်၊ ဆယ့်ငါးကွက်လောက် ပိုင်ထားတာဖြစ်ပါတယ်၊ အဲချိန်မှာ သူတို့က တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျ တောင်ယာခုတ်စား တယ်ဆိုတော့ (၁၀) နှစ်တန်သည် (၁၂) နှစ်တန်နဲ့ နားပေးရပါတယ်၊ ဒါကို ကျွန်တော်တို့ မြေလွတ်၊ မြေလပ်ဥပဒေနဲ့ မြေရိုင်းဆိုပြီးတော့ သတ်မှတ်ရင် တော့ ပြည်သူတွေ နစ်နာနိုင်မယ့်အနေအထားရှိပါတယ်။ ၂၀၁၈ မြေလွတ်၊ မြေရိုင်းဥပဒေ ပြင်ဆင်တဲ့ဥပဒေမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့အတိုင်းပိုင်ဆိုင်ထားတဲ့ မြေတွေသည် မြေလွတ်မြေလပ်မြေရိုင်းဥပဒေနဲ့ မသက်ဆိုင်စေရဆိုပြီးပါထားပါတယ်၊ ဆိုတော့ ဒါကို ကျွန်တော်တို့ ဖွံ့ဖြိုးမှုနဲ့ ခုနပြောသလို ထိန်းသိမ်းစောင့် ရှောက်မှုအပိုင်းမှာ ပြည်သူတွေရဲ့အခွင့်အရေးနဲ့ တိုင်းပြည်၊ ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုကို ချိန်ထိုးပြီးတော့လုပ်ရမှာ ဖြစ်တယ်လို့ ယူဆပါတယ် ဖေဖော်ဝါရီ (၁၈)ရက်တွင် ခေါနူမ်းဆုန်သတင်းဌာနကိုပြောသည်။

Chin Land Affair Network (CLAN) ကတော့ ချင်းပြည်နယ်တွင် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် တိုင်းရင်းသားတို့၏ မြေယာကိုလုယက်ရန်နှင့် မှုလပိုင်ရှင် ချင်းလူမျိုးတို့အား ရာဇဝတ်သားဖြစ်သွားစေမည့် ဥပဒေဖြစ်သောကြောင့် မြေလွတ်၊မြေလပ် မြေရိုင်းခေါင်းစဉ်တပ်၍ မြေသိမ်းခြင်း စီမံကိန်းကြီးများကို လာရောက်လုပ်ကိုင်ခြင်းများကို လုံးဝရပ်တန့်ရန်ထုတ်ပြန်ခြင်းနှင့် ချင်းအမျိုးသားနေ့ ချင်းပြည်နယ် မင်းတပ်မြို့၊ တွန်းဇံမြို့ လူစည်ကားနေရာများတွင် မြေ- ရောင်းကုန် မဟုတ်ပါ၊ ချင်းပြည်နယ်မှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိ၊ ဘိုးဘွားပိုင်မြေသာရှိသည် ဆိုတဲ့ ပိုစတာ တွေကို လိုက်ကပ်ပြီး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ဝန်ကြီးစိုးထက်က ဆက်ပြောရာမှ တစ်ချို့မီဒီယာသည်က တဖက်သတ်သတင်းကိုပဲ ဆောင်းပေးပြီးလုပ် လိုက်တော့ လူထုကို ဆွပေးသလိုဖြစ် သွားတာပေါ့။ ဒါကြောင့် မီဒီယာသည်ကို တစ်လတခါတော်တွေ့ချင်တယ် အချိန်မပေးနိုင်သေးလို့ပါ။ သတင်းမှန်သာ တင်စေချင်တယ်လို့ ပြောပါတယ်။

ဟားခါးမြို့ပြစီမံကိန်းကော်မတီအောက်တွင် အကောင်အထည်ဖော်ကော်မတီရှိပြီး ဆပ်ကော်မီတီအဖြစ် ညှိနှိုင်းရေးကော်မတီ (၂၅ဦး)၊ လမ်းရေမီးကော်မတီ၊ ဘဏ္ဍာရေးက်ေမတီနှင့် အိမ်ကွက်ချထားရေးကော်မတီ တို့ဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။ မြို့ပြစီမံကိန်းရေးဆွဲမှုအတွက် အခြေခံစီမံချက်၊ မဟာစီမံချက်နှင့် လက်တွေ့အကောင်အထည်ဖော်မှုဆိုပြီး ဆောင်ရွက်နေခြင်းဖြစ်ပြီး မဟာစီမံချက်အဆင့်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်လည်းဖြစ် စည်ပင်ဝန်ကြီး ဦးစိုးထက်၊ လူမှုရေးဝန်ကြီး ဦးပေါ်လွန်မင်းထန်၊ ပြည်နယ်ထွေအုပ်မင်းကြီး ဦးကျော်စိုးနှင့် ပြည်နယ်ပြန်ကြားရေးမှူးတို့တက်ရောက်ပြီး ချင်းမီဒီယာအဖွဲ့မှ The Chinland Post, Chin World, Khonumtung နှင့် The Chinland Journal များတက်ရောက်ကြောင်းသိရပါသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: