ဦး​ေဝွ႔တင္​းျပန္လြတ္လာမႈအေပၚ CCYO သ​ေဘာထားထုတ္​ျပန္​ခ်က္​| ဦးဝှေ့တင်းပြန်လွတ်လာမှုအပေါ် သဘောထားထုတ်ပြန်ချက်

0

ဦး​ေဝွ႔တင္​းျပန္လြတ္လာမႈအေပၚ သ​ေဘာထားထုတ္​ျပန္​ခ်က္​ (/၂၀၂၀)

၂၀၂၀ခုနွစ္၊ ဇန္န၀ါရီလ (၂၃)ရက္

ရကၡိဳင့္တပ္မေတာ္​(AA)မွ ၂၀၁၉ခုႏွစ္​၊ ႏုိဝင္​ဘာလ(၃)ရက္​​ေန႔တြင္​  ဖမ္းဆီးထိန္းသိမ္းထားေသာ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ အမ်ဳိးသားလႊတ္ေတာ္​အမတ္​ဦး​ေဝွ႔တင္​းအား AA တပ္မေတာ္မွ ျပန္လြတ္လာသည့္အေပၚ ဗဟုိခ်င္​းလူငယ္​အဖြဲ႔အစည္​း (Central Chin Youth Organization)မွ ​ေအာက္​ပါအတုိင္​း သ​ေဘာထားထုတ္​ျပန္​လုိက္​သည္​။

၁။ ခ်င္းျပည္နယ္၊ ပလက္ဝမဲဆႏၵနယ္၊ အမ်ဳိးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္အား AAတပ္မေတာ္မွ ေခတၱ ယာယီထိန္းသိမ္းေမးျမန္းၿပီး ခ်င္းလူထုေတာင္းဆုိသည့္နည္းတူ  ၂၀၂၀ခုနွစ္၊ ဇန္နဝါရီ(၂၁)ရက္ေန႔တြင္ က်န္းမာစြာ ျပန္လႊတ္သည့္အေပၚ ဗဟုိခ်င္းလူငယ္အဖြဲ႔အစည္းမွ အထူးၾကိဳဆုိေက်းဇူးတင္ပါသည္။

၂။ အိမ္နီးခ်င္းျဖစ္ေသာ ရခုိင္လူမ်ဳိးမ်ားသည္ ခ်င္းလူမ်ဳိးတုိ႔နဲ႔ ေ႐ွးဘုိးဘြားစဥ္ဆက္ကတည္းကပင္ အတူယွဥ္ တြဲေနထုိင္ၾကၿပီး ခ်စ္ခင္ရင္းနွီးမႈ၊ ယုံၾကည္မူ၊ နားလည္မူ တည္ေဆာက္ၾကကာ ကူးလူးဆက္ဆံေရးမွာလည္းပဲ အလြန္ပင္ေကာင္းပါသည္။

၃။ တုိင္းရင္းသားလက္နက္ရခုိင္တပ္ေတာ္(AA)၏လႈပ္ရွားမႈကုိ သိရွိနားလည္ပါသည္။ လႈပ္ရွားမႈကာလအတြင္း လူမ်ဳိးေရးအသြင္ေဆာင္ေသာေရရွည္ျပသာနာမ်ားမျဖစ္ေစရန္ခ်င္းျပည္နယ္၊ ပလက္ဝျမဳိ့နယ္နွင့္ ရခုိင္ျပည္နယ္ ရွိခ်င္းလူမ်ဳိးမ်ားအေပၚ အမွားမခံထိန္းထိန္းသိမ္းသိမ္းကုိင္တြယ္ေျဖ႐ွင္းႏုိင္ပါရန္ တုိက္တြန္းအပ္ပါသည္။

၄။ အမ်ဳိးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းတစ္ဦးတည္းမကဘဲ ျခိမ္းေျခာက္ခံေဒသခံေခါင္းေဆာင္မ်ား ဆက္ လက္ဖမ္းဆီးျခင္းမ်ားမျပဳလုပ္ပါရန္နွင့္ ခ်င္းလူမ်ဳိးမ်ားအပါအ၀င္ အျပစ္မဲ့ဖမ္းဆီးထိန္းသိမ္းထားေသာသူမ်ားကုိ လည္း အျမန္ဆုံးျပန္လႊတ္ေပးပါရန္ ေမတၱာရပ္ခံပါသည္။

၅။ ျမန္မာႏုိင္ငံအတြင္း ခ်င္းျပည္နယ္ႏွင့္ ရခုိင္ျပည္နယ္သည္ ဘဝတူဒုကၡအဆင္းရဲခံျပည္နယ္ျဖစ္သည္ကုိ ငဲ့ညာေသာအားျဖင့္ ခ်င္းျပည္နယ္၏ အစုိးရစီမံကိန္းျဖစ္ေသာ လမ္း၊ တံတား၊ အျခားဖြ႔ံျဖဳိးေရး အစီအစဥ္မ်ား၊ လူထုနွင့္သက္ဆုိင္ေသာေနရာ၊ အေဆာက္အအုံမ်ား၊ လမ္းပမ္းဆက္သြယ္ေရးစသည့္ အဟန္႔အတားနွင့္ ထိခုိက္ဖ်က္စီးျခင္းမျပဳလုပ္ပါရန္နွင့္ သိရွိနားလည္မႈေပးႏုိင္မည္ကုိလည္း ေမ်ွာ္လင့္ေၾကာင္း သေဘာထားထုတ္ ျပန္လုိက္ပါသည္။

 

ဗဟုိအလုပ္အမႈေဆာင္ေကာ္မတီ

ဗဟုိခ်င္​းလူငယ္​အဖြဲ႔အစည္​း

(Central Chin Youth Organization)

ဆက္သြယ္ရန္။ ၀၉၂၅၅၁၈၄၅၃၇၊ ၀၉၂၅၈၄၃၇၂၁၆

 

ဦးဝှေ့တင်းပြန်လွတ်လာမှုအပေါ် သဘောထားထုတ်ပြန်ချက် (၁/၂၀၂၀)
၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်
ရက္ခိုင့်တပ်မတော်(AA)မှ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားသော ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ်ဦးဝှေ့တင်းအား AA တပ်မတော်မှ ပြန်လွတ်လာသည့်အပေါ် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization)မှ အောက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်သည်။
၁။ ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်အား AAတပ်မတော်မှ ခေတ္တ ယာယီထိန်းသိမ်းမေးမြန်းပြီး ချင်းလူထုတောင်းဆိုသည့်နည်းတူ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီ(၂၁)ရက်နေ့တွင် ကျန်းမာစွာ ပြန်လွှတ်သည့်အပေါ် ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အထူးကြိုဆိုကျေးဇူးတင်ပါသည်။
၂။ အိမ်နီးချင်းဖြစ်သော ရခိုင်လူမျိုးများသည် ချင်းလူမျိုးတို့နဲ့ ရှေးဘိုးဘွားစဉ်ဆက်ကတည်းကပင် အတူယှဉ် တွဲနေထိုင်ကြပြီး ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မူ၊ နားလည်မူ တည်ဆောက်ကြကာ ကူးလူးဆက်ဆံရေးမှာလည်းပဲ အလွန်ပင်ကောင်းပါသည်။
၃။ တိုင်းရင်းသားလက်နက်ရခိုင်တပ်တော်(AA)၏လှုပ်ရှားမှုကို သိရှိနားလည်ပါသည်။ လှုပ်ရှားမှုကာလအတွင်း လူမျိုးရေးအသွင်ဆောင်သောရေရှည်ပြသာနာများမဖြစ်စေရန်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ရှိချင်းလူမျိုးများအပေါ် အမှားမခံထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖြေရှင်းနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။
၄။ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းတစ်ဦးတည်းမကဘဲ ခြိမ်းခြောက်ခံဒေသခံခေါင်းဆောင်များ ဆက် လက်ဖမ်းဆီးခြင်းများမပြုလုပ်ပါရန်နှင့် ချင်းလူမျိုးများအပါအဝင် အပြစ်မဲ့ဖမ်းဆီးထိန်းသိမ်းထားသောသူများကို လည်း အမြန်ဆုံးပြန်လွှတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
၅။ မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်သည် ဘဝတူဒုက္ခအဆင်းရဲခံပြည်နယ်ဖြစ်သည်ကို ငဲ့ညာသောအားဖြင့် ချင်းပြည်နယ်၏ အစိုးရစီမံကိန်းဖြစ်သော လမ်း၊ တံတား၊ အခြားဖွ့ံဖြိုးရေး အစီအစဉ်များ၊ လူထုနှင့်သက်ဆိုင်သောနေရာ၊ အဆောက်အအုံများ၊ လမ်းပမ်းဆက်သွယ်ရေးစသည့် အဟန့်အတားနှင့် ထိခိုက်ဖျက်စီးခြင်းမပြုလုပ်ပါရန်နှင့် သိရှိနားလည်မှုပေးနိုင်မည်ကိုလည်း မျှော်လင့်ကြောင်း သဘောထားထုတ် ပြန်လိုက်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ဗဟိုချင်းလူငယ်အဖွဲ့အစည်း
(Central Chin Youth Organization)
ဆက်သွယ်ရန်။ ၀၉၂၅၅၁၈၄၅၃၇၊ ၀၉၂၅၈၄၃၇၂၁၆

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: