ဆောမြို့တွင် ခရစ်ယာန်ဘာသာဝင်အလောင်း မြို့တွင်းနှင့်တံတားဖြတ်ကျော်ရန် ဒေသခံအာဏာပိုင်က တားမြစ်ပိတ်ပင်ခြင်းခံရသည့် အခက်အခဲကြုံတွေ့နေရ

0

(ဆောမြို့ – ၃၀၊ ၀၈၊ ၂၀၁၈) မနေ့က မကွေးတိုင်းဒေသကြီး ဆောမြို့တွင် ခရစ်ယာန်ဘာသာဝင်တဦးသေဆုံးခဲ့ရာ မြေသဂြိုလ်ရန် သင်္ချိုင်းကုန်းပို့ဆောင်ရာတွင် မြို့တွင်းနှင့် တံတားများဖြတ်ကျော်ရန် ဒေသခံအာဏာပိုင်တွေက တားမြစ် ပိတ်ပင်ခြင်းခံခဲ့ရသည့်အတွက် ဆောချောင်းကြီးကိုခက်ခဲစွာဖြတ်ကျော်ခဲ့ရသည့် အခက်အခဲနှင့် ကြံတွေ့နေရ သည်ဟု အမည်မဖော်လိုသူ ဒေသခံချင်းလူမျိုးတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

မနေ့ ၂၉၊ ၀၈၊ ၂၀၁၈ရက်နေ့တွင် ဆောမြို့ သီရိရပ်ကွက်တွင် သေဆုံးခဲ့ရသော ချင်းအမျိုးသားတဦးရဲ့ အလောင်းကို မြေသဂြိုလ်ရန် တဖက်ကမ်းရှိ မြို့မသင်္ချိုင်းကုန်းသို့သွားရာလမ်းကြောင်းမှာ မြို့တွင်းမှာ လူအုပ်ကြီးနှင့်သယ်ဆောင်ရန်နှင့် တံတားများဖြတ်ကျော်ရန်ကို သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်က တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရသည့်အတွက် ရေလမ်းကြောင်းအတိုင်း ခက်ခဲစွာဖြင့်ဖြတ်ကျော်ပြီး သင်္ချူင်းကုန်းသို့ မြေသဂြိုလ်ခဲ့ရကြောင်း အဆိုပါဒေသခံက ပြောဆိုပါသည်။

အလောင်းသဂြိုလ်ရန်အတွက် ပထမရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ ထောက်ခံချက်ယူရတယ်၊ ပြီးတော့ ဆေးရုံကိုသွားယူရတယ် နောက်ဆုံး စည်ပင်ထံထောက်ခံချက်ယူရတယ်၊ ဒီလိုနဲ့ဘဲအစမှာတော့ ရပ်ကွက်က ထောက်ခံချက်ပေးပြီနောက် ဆေးရုံကလည်းထောက်ခံချက်ပေးပြီးပြီ၊ စည်ပင်ကိုသွားတဲ့အခါ ကျတော့ ရပ်ကွက်တွေနဲ့စည်ပင်တွေဘယ်လိုညှိကြသလဲမသိဘူး. မီးနဲ့ဘဲသဂြိုလ်ရမယ်ပေါ့နော် မီးနဲ့သဂြိုလ်လို့ရှိယင် အစစအရာရာကျနော်တို့ကူညီမယ်၊ မြေနဲ့သဂြိုလ်ဖို့ဆို ဒီဖက်ကမ်းမှာမြေလွတ်မရှိတော့ဘူး ဟိုဖက်ကမ်းမှာ တော့ရတယ် ဒါပေမဲ့ မြို့ထဲမှာလူအုပ်ကြီးနဲ့အလောင်းသယ်တာရယ်၊ တံတားဖြတ်ကျော်တာရယ် ဗုဒအယူအဆ နဲ့ဆန့်ကျင်တဲ့အတွက် တခြားရတဲ့လမ်းကြောင်းကနေသယ်သွားကြပါလို့ပြောကြတယ်၊ ဒီတော့ကျနော် တို့လည်း ထွေအုပ်ဆီကိုသွားတောင်းတော့ ထွေအုပ်ကလည်း ဒေသခံပြည်သူတွေဆနအတိုင်းသာ လုပ်ကြပါ၊ တကယ်လို့ကျနော်ကခွင့်ပြုပြီးနောက်မှာပြသာနာဖြစ်ယင် ကျနော်အတွက်မကောင်းဘူးဟု ပြောဆိုပြန်တဲ့ အတွက် မရတဲ့အဆုံး ဆောချောင်းကိုခက်ခက်ခဲခဲ ကူးဖြတ်ကာ အလောင်းကို မြို့မသင်္ချိုင်းကုန်းမှာ သွားပြီး မြေသဂြိုလ်ခဲ့ကြတယ်၊ ဟိုဖက်ညှိလိုက်ဒီဖက်ညှိလိုက်နဲ့ အလောင်းကိုမွဲလွဲ ၂-နာရီချဖို့စီစဉ်တာကို ညနေ ၅-နာရီနောက်ပိုင်းမှာဘဲ အလောင်းချဖြစ်ခဲ့ကြတယ်” စသဖြင့် အဆိုပါဒေသခံက အဖြစ်အပျက်အသေးစိတ်ကို ရှင်းပြပြောဆိုပါသည်။

ကျနော်တို့နေတဲ့သီရိရပ်ကွက်ဖက်မှာလည်း သင်္ချိုင်းကုန်းတခုတော့ရှိတယ် မြေနေရာမရှိတဲ့ အခက်အခဲ ကြောင့် မြေသဂြိုလ်ခွင့်မပြုတော့ဘူးတဲ့၊ မြေနေရာအလွတ်မရှိတဲ့အတွက် မီးသဂြိုလ်စက် ပြုလုပ်နေရတယ်၊ မီးသဂြိုလ်စက်နဲ့သဂြိုလ်ချင်ယင် အချိန်မရွေးကူညီပေးလို့ရတယ်စသဖြင့် အုပ်ချုပ်ရေးမှူး ကပြောကြောင်း၊ ဟိုဖက်သင်္ချိုင်းကုန်းမှာလည်း မီးသဂြိုလ်စက်နှင့်မြေသဂြိုလ်ရန်နှစ်ခုစလုံးရှိတဲ့အတွက် ကနော်တို့လည်း အလောင်းကို  မြို့တွင်းကနေသယ်မသွားရတော့ဘဲ ဆောချောင်းကို ခက်ခက်ခဲခဲဖြတ်ကျော်လိုက် ရကြောင်း ထိုသူကဆိုသည်။

CHRO

ဒီကိစ္စနှင့်ပတ်သက်ပြီး သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်က ဆက်လက်ပြီး ကျနော်ကတော့ အဲဒီလောက်ကြီး အယူအတည်းမရှိဘူး၊ ဒါပေမဲ့ အခြားလူတွေကနောက်နောင်မှာ ပြသာနာပြန်လာ လုပ်လို့ရှိယင်ကျနော့်အတွက် မကောင်းဘူးလို့ပြောတဲ့အတွက် ကျနော်တို့လည်းဘာတတ်နိုင်မှာလဲ၊ တချို့ကန်ပက်လက်မြို့ကလာတဲ့ ဆွေမျိုးတွေကတော့ အလောင်းကို ကန်ပက်လက်မြို့သို့ သယ်ဆောင်ရန် အထိတောင် ပြောနေကြတဲ့သူတွေရှိကြပေမဲ့လဲ ရေရည်မှာ ကန်ပက်လက်မြို့အထိ အမြဲသယ်ဆောင်ရန်က လက်တွေ့မကျတဲ့အတွက်ကြောင့် အခုလိုမျိုးခက်ခဲစွာနဲ့ဘဲ အလောင်းကိုသယ်ဆောင်ကြရကြောင်းထိုသူက ဆိုသည်။

မြို့တွင်းကနေသွားရင် တစ်မိုင်လောက်သာသွားရမည့်ဟာကို ရေကြောင်းအလိုက် ချောင်းဖြတ်ပြီး သွားရသည့်အပြင် လမ်းမရှိတဲ့ တောကိုလဲတိုးနေရတော့ နှစ်မိုင်ကျော်လောက်ပိုဝေးပြီးသွားနေရတယ်၊ မိုးတွင်းဆိုတော့ ရေစီးလည်းနည်းနည်းသန်တော့ သတိထားပြီးမနည်းကြိုးစားကာ အလောင်းကိုသယ်ဆောင် သွားခဲ့ရကြောင်း ထိုသူကဆက်ဆိုသည်။

ဆောမြို့တွင် ချင်းလူမျိုး အိမ်ခြေပေါင်း(၄၈၀)ကျော်ရှိသည့်အနက် ခရစ်ယာန်ဘာသာဝင်အိမ်ခြေ(၆၀)ကျော် ရှိပြီး လူဦးရေအားဖြင့်(၂၅၀)၀န်းကျင်လောက်ရှိမည်ဖြစ်ကြောင်း၊ ဒေသခံအာဏာပိုင်များနှင့် လူများစု ဗုဒ္ဒဘာသာဝင်တွေက လူနည်းစုခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးများအပေါ် နည်းမျိုးစုံးဖြင့်ဖိနှိပ်ချုပ်ခြင်း ခံနေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: