ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့အား ဟားခါးမြို့တွင် ကျင်းပမည်

0

City Hunter| 2019 January 14| (၇၁)ကြိမ်မြှောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ ဖေဖော်ဝါရီလ(၂၀) ကို ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ချင်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် တာဝန်ယူကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရသည်။

“ဒီနှစ် (၇၁)ကြိမ်မြှောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ဟာ ဟားခါးတွင် ဆက်လက်ကျင်းပဖို့  အစိုးရက ဆုံးဖြတ်ချက်ချပြီးပြီ။ဟားခါးမှာ ပြုလုပ်ကျင်းပရခြင်း အကြောင်းကတော့ လူကြီးတွေ သွားလာ၊ နေထိုင်၊ နားယူတည်းခိုရန် အဆင်ပြေဆုံးဖြစ်တယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ချင်းပြည်နယ် လွှတ်တော် ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပဖို့ရှိတာကြောင့်လည်း ဖြစ်တယ်ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့် ရှိသူ လျှပ်စစ် စက်မူလက်မူနှင့် စည်ပင်ဝန်ကြီး ဦးစိုးထက်မှ The Chinland Post သို့ ပြောကြားသည်။

“တီးတိန် ပြည်သူလူထုက တီးတိန်မြို့မှာ ကျင်းပဖို့အတွက် တောင်းဆိုတာတော့ရှိတယ်။ သို့သော် လူကြီးတွေ သွားလာ၊ နေထိုင် နားယူဖို့နေရာအခင်း အဆင်ပြေမူမရှိတာကြောင့်ရယ် အချိန်ကန့်သတ် ချက်ကြောင့် အစိုးရဘတ်ဂျက်ကုန်ကျများသွားမှာဖြစ်တဲ့အတွက်ကြောင့် ဟားခါးမှာ ကျင်းပဖို့ ဒီလို ဆုံးဖြတ်ချက် ပြုလုပ်တာဖြစ်တယ်ဟု ဆက်ပြီးတော့ ပြောကြားသည်။

ချင်းအမျိုးသားနေ့အား ပလက်ဝမြို့၌ ကျင်းပပြုလုပ်ပေးရန် ချင်းပြည်သူလူထုများ၏ တောင်းဆိုမူအား အစိုးရအနေဖြင့် အကောင်ထည်မဖော်နိုင်ခြင်းအပေါ် ဝန်ကြီး ဦးစိုးထက်က ချင်းပြည်နယ် အနေဖြင့် ပလက်ဝမြို့တွင် ချင်းအမျိုးသားနေ့ကျင်းပဖို့အတွက် အဆင်မပြေမူတွေ ရှိနေပါသေးတယ်။ ဥပမာ- တည်းခိုနေထိုင်ရန်အတွက် အားနည်းချက်တွေ ရှိနေတယ်။ သို့သော်ကျွန်တော်တို့ပလက်ဝမြို့မှာ ကျင်းပနိုင်ဖို့အတွက် ကြိုးစားနေဆဲဖြစ်တယ်။ ဒါကြောင့် ၂၀၂၀ မှာတော့ ကလာတန် စီမံကိန်းဖွင့်ပွဲနှင့် အတူတကွ ကျင်းပဖို့ရန်အတွက် ကျွန်တော်တို့ သဘောတူထားတာရှိတယ်လို့ The Chinland Post ကို ပြောသည်။

ချင်းအမျိုးသားနေ့နာမည်ဖြင့် ခေတ်အဆက်ဆက်က ကျင်းပခွင့်ပိတ်ပင်ခံရသော်လည်း ၂၀၁၂ခုနှစ် ဦးသိန်းစိန်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး(CNF) ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာ ချုပ်အရ တရားဝင်ကျင်းပခွင့်ရရှိပြီး နှစ်ဖက်ပူးပေါင်းမှုဖြင့် ပထမအကြိမ် ၂၀၁၃ကို မင်းတပ်မြို့၊ ဟားခါးမြို့တွင် နှစ်ကြိမ်နှင့် ဖလမ်းမြို့ အသီးသီးတွင် အစိုးရအစီအစဉ်ဖြင့်ကျင်းပလာခဲ့သည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: