မြန်မာစစ်တပ်က မတူပီမြို့ပေါ်နေရာအချို့တွင် ညအပြင်မထွက်ရအမိန့်ထုတ်ပြန်

0

Matupi

CHRO| (မတူပီမြို့-၀၆၊ ၀၂၊ ၂၀၁၉) ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင် ဒီကနေ့ညနေပိုင်းမှစတင်၍ ချင်းပြည်နယ် စစ်ဗျူဟာ(၂)မှ ဗျူဟာမှူးက ညနေ(၅)နာရီမှ မနက်(၇)နာရီအထိ မတူပီမြို့နေရာတချို့ များတွင် ညအပြင်မထွက်ရ အမိန့်တရပ်ထုတ်ပြန်ခိုင်းထားကြောင်း ဒေသခံတဦးက ချင်းလူ့အခွင့် အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

အဆိုပါအမိန့်ကို ၀၆၊ ၀၂၊ ၂၀၁၉ရက်နေ့တွင် မတူပီမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး ဦးတိုးတိုးထွန်းက Nga Leng ကျေးရွာ၊ Pha Neng ကျေးရွာနှင့် မတူပီမြို့ပေါ်ရှိရပ်ကွက် (၄)ခုမှ အုပ်ချုပ်ရေးမှူးများအား အစည်းအဝေးခေါ်ယူကာ စစ်ဗျူဟာမှူး၏အမိန့်ပေး ပြောကြားခိုင်းချက်အရဟုဆိုကာ မတူပီမြို့မှ Pha Neng ကျေးရွာအကြား ညနေ(၅)နာရီမှ မနက်(၇)နာရီအထိ သွားလာခြင်းများလုံးဝမပြုလုပ်ရန် နုတ်အမိန့်အားဖြင့် တဆင့်အမိန့် ပေးပြောကြားခဲ့ကြောင်း ထိုသူကဆိုသည်။

ဒီကနေ့ညနေ(၇)နာရီခန့်တွင် စံဘောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ အသံချဲ့စက် ဖြင့် အသိပေးနှိုးဆော်ရာ တွင်လည်း ညနေ(၅)နာရီမှ မနက်(၇)နာရီအထိ ဂေါက်သီး ကွင်းသို့ သွားလာခြင်းမပြုရန်၊ မတူပီမှ Pha Neng ကျေးရွာဖက်သို့သွားလာခြင်းမပြုရန်၊ နေ့ခင်းပိုင်းတွင်လည်း Phaneng ရွာဖက် သွားနေချိန်များမှာ ခလရ-၁၄၀ တပ်ရင်းစခန်း ဖြတ်ကျော်နေတဲ့အခါ ဓါတ်ပုံရိုက်ယူခြင်း၊ ဖုန်းပြောဆိုခြင်း၊ ဆိုင်ကယ်ရပ်နားခြင်းများ မပြုလုပ်ရန်၊ မည်သူမှသေနတ်ဖြင့် တောလည်ခြင်းမပြုရန်၊ နေ့ခင်းအချိန် ဂေါက်သီး ကွင်းသွားလာတဲ့အခါ ဗျူဟာကုန်းဖက် သို့ ဓါတ်ပုံရိုက်ယူခြင်းများ မပြုလုပ်ရန် စသဖြင့် အသိပေးခဲ့ရကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောဆိုပါ သည်။

မတူပီမြို့ မင်းတပ်လမ်းခွဲ စံဘောင်လမ်းစုံတွင် ဒီနေ့ညနေပိုင်းကနေစတင်၍ စစ်သား တချို့ကင်းစောင့်နေလျှက် ရှိကြောင်းနှင့် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် အောက်မြန်မာ ပြည်ဖက်ကနေ စစ်ကားအစီးပေါင်း(၅၀)ကျော်ဖြင့် မြန်မာစစ်တပ် မတူပီမြို့သို့ အလုံးအ ရင်းရောက်ရှိလာကြသည့်အပြင် နောက်နေ့များမှစတင်၍ စစ်ရဟတ်ယဉ်(၄)စီး နေ့စဉ် နှင့်အမျှ မတူပီမြို့တွင်ရောက်လာခြင်းများအပေါ် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေ လျှက်ရှိကြကြောင်း သတင်းရရှိပါသည်။ Ref: CHRO

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: