မြန်မာစစ်တပ်က လမ်းပြအဖြစ်ခေါ်ဆောင်သူ ရွာသားတစ်ဦး မြေမြှပ်မိုင်းနင်းမိပါသဖြင့်သေဆုံး

0

Paletwa, Chin State

(ပလက်ဝမြို့- ၀၅၊ ၀၃၊ ၂၀၁၉) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကူချောင်းဒေသ ရှင်မဒိန်ကျေးရွာနေ ဦးအောင်လွန်းသည် မြန်မာစစ်တပ်က လမ်းပြအဖြစ်ခေါ်ဆောင်သွားရာမှ မြေမြှပ်မိုင်းနင်းမိပါသဖြင့် သေဆုံးခဲ့ရကြောင်း ညီဖြစ်သူ ဦးလွန်းဘဲက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

ခလရ(၅၄၄)လက်အောက်ခံ ရှေ့တန်းတပ်ဖွဲ့က ဦးအောင်လွန်းနှင့် ဦးကိန်းတိုးတို့အား ၂၁၊ ၀၂၊ ၂၀၁၉ရက်နေ့ တွင် လမ်းပြအဖြစ်စတင်ခေါ်ဆောင်သွားခဲ့ရာမှ ၂၅၊ ၀၂၊ ၂၀၁၉ရက်နေ့ နံနက်(၁၀)နာရီပတ်ဝန်းကျင် လောက်တွင် AA အဖွဲ့ထောင်ထားသည်ဟု ယူဆရသော မြေမြုပ်မိုင်းနင်းမိပါသဖြင့် ဦးအောင်လွန်းက ပွဲချင်း သေဆုံးခဲ့ရကြောင်း ထိုသူကဆက်ဆိုသည်။

ကျနော့အကို မြေမြုပ်ပိုင်းထိပြီးသေတဲ့နေရာဟာ ကျနော်တို့ရွာကနေ(၃)ရက်ခရီးလောက်ကွာဝေးတဲ့ ပီချောင်းဖျားဖက် တောတွင်းတနေရာတွင်ဖြစ်တယ်၊ Bangladesh နယ်စပ်နဲ့ပိုနီးသွားပြီ၊ အဲဒီနေ့မှာ စစ်ကြောင်းအဲဒီဖက်မှာသွားကြရာ အရှေ့မှာသွားတဲ့သူတွေက မိုင်းမနင်းကြဘဲ အလည်မှာသွားတဲ့ ကျနော့အကိုက မိုင်းနင်းမိတော့ ၀မ်းဗိုက်တခုလုံးပွင့်ထွက်သွားပြီး ပွဲချင်းသေတယ်၊ ကျနော့အကိုရှေ့မှာ သွားနေတဲ့ ဗိုလ်ကြီးတယောက်နှင့်အခြားရဲဘော်တဦးတို့က ဒဏ်ရာပြင်းတယ်လို့ ကျနော့်အကိုနဲ့အတူလိုက် သွားတဲ့ ဦးကိန်းတိုးက ပြောတယ်၊ ဖြစ်တဲ့နေရာနဲ့ရွာက အလှမ်းဝေးနေရတဲ့အတွက် အလောင်းကို ရွာဖက်သို့သယ်ယူဖို့ အဆင်မပြေတော့တဲ့အတွက် အဲ့ဒီနေရာမှာဘဲ တခါထဲမြေမြုပ်သဂြိုလ်လိုက် ရတော့တယ်” ဟုသူက ဆက်ဆိုသည်။

ဒီကိစ္စနှင့်ပတ်သက်၍ တပ်ရင်းမှူးက သေဆုံးသူနှင့်အတူလိုက်ပါသွားတဲ့ ဦးကိန်းတိုးကိုခေါ်ယူကာ “ချင်းထုံးစံအရ နစ်နာကြေး (လျော်ကြေး) ဘယ်လောက်ပေးလေ့ရှိသလဲ” လို့မေးမြန်းခဲ့ရာ ဦးကိန်းတိုးကလဲ ဘုမသိဘမသိ နဲ့ကျပ်ငွေ(၁၅)သိန်းလောက်ပေးလေ့ရှိတယ်လို့ဖြေဆိုခဲ့ရာမှာ ခမောက်ဝကျေးရွာတွင် တပ်စွဲလျှက်ရှိသော စစ်ဗျူဟာမှူးက နစ်နာကြေးကို ချင်းထုံးစံအတိုင်းပေးမည်ဖြစ်ပါသဖြင့် လာယူပေးကြရန် ဦးကိန်းတိုးမှတဆင့် ၀၃၊ ၀၃၊ ၂၀၁၉ ရက်တွင် မိမိအားအသိပေးအကြောင်းကြားခဲ့ကြောင်း ထိုသူက ဆက်ဆိုသည်။

အဆိုပါနစ်နာကြေးကို မိမိအနေဖြင့် ခမောက်ကျေးရွာ ဗျူဟာရုံးသို့ သွားယူရန် ကြောက်ရွေ့နေသောကြောင့် ပလက်ဝမြို့ပေါ်ရှိ ဆွေမျိုးသားချင်းများအား ဆွေးနွေးတိုင်ပင်ရင်းနဲ့ ပလက်ဝမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်အား အကျိုးအကြောင်းပြောကြားပြီး ခမောက်ကျေးရွာသို့ နစ်နာကြေးသွားယူရန်ကြောက်ရွေ့နေသောကြောင့် နစ်နာကြေးကို ပလက်ဝမြို့အခြေစိုက် ခလရ(၂၂၈)မှာ ထုတ်ယူနိုင်ဖို့အတွက် ပြောပေးရန် တောင်းဆိုခဲ့ရာ ထွေအုပ်က “ပြောပေးမည်အကြောင်းနှင့် စစ်တပ်ကပေးတဲ့အတိုင်း နစ်နာကြေးကို လက်ခံပေးရန်” စသဖြင့် ပြန်လည်မှာကြားခဲ့ကြောင်း ထိုသူကဆက်ဆိုသည်။

မိမိတို့နေဖြင့်လည်း အကိုကြီးဖြစ်သူ ဦးအောင်လွန်းသေဆုံးမှုနဲ့ပတ်သက်ပြီး နစ်ကြေးအဖြစ် ဘယ်လောက် ပေးပါဆိုတာမျိုး တောင်းဆိုပြောကြားရန်လည်းကြောက်ရွေ့နေရပါသဖြင့် စစ်တပ်ဖက်က နစ်နာကြေးအဖြစ် ပေးတဲ့ ငွေကြေးပမာဏအတိုင်း လက်ခံရန်သာစဉ်းစားနေကြောင်း ထိုသူက ဆက်လက်ပြောဆိုပါသည်။

မြန်မာစစ်တပ်ကလမ်းပြအဖြစ် နယ်မြေကျွမ်းကျင်တဲ့ရွာသားတွေကို လိုအပ်တဲ့အခါမှာ အခုလိုမျိုး လမ်းပြ အဖြစ်ခေါ်ယူလေ့ရှိကြရာ တချို့သောသူတွေဆိုလျှင် တစ်ညနှစ်ညလောက်နဲ့ ပြန်လွှတ်ပေးလေ့ရှိကြကြောင်း၊ ယခု သေဆုံးသွားတဲ့ ဦးအောင်လွန်းနှင့် သူ့သူငယ်ချင်း ဦးကိန်းတိုး တို့သည်လည်း စစ်တပ်ကလမ်းပြအဖြစ် ခေါ်ယူတာ ဒီတကြိမ်သည် ပထမအကြိမ်ဖြစ်ခဲ့ရကြောင်း ထိုသူကဆိုသည်။

မြေမြုပ်မိုင်းနင်းမိပြီးသေဆုံးခဲ့ရတဲ့ အသက်(၄၅)နှစ်ရှိသည့် ဦးအောင်လွန်းသည် သားသမီး(၅)ဦးအပါအ၀င် ၄င်းဖခင်အဘိုးကြီးကိုတာဝန်ယူ ပြုစုစောင့်ရှောက် နေရတဲ့သူဖြစ်ကြောင်း သိရှိရပါသည်။

အလားတူစွာ ၂၀၊ ၀၉၊ ၂၀၁၈ရက်နေ့တွင် ပလက်ဝမြို့မှ(၃၅)မိုင်လောက်ကွာဝေးသည့် ပီချောင်းအထက်ရှိ ငတိန်ကျေးရွာသား(၅)ယောက်တို့သည် တောထဲဝါးဥလိုက်ရှာယင်း မြေမြုပ်မိုင်းနင်းမိတဲ့အတွက် အသက်(၂၈) အရွယ် ဒေါ်ဖြစ်လိုက်( Daw Phit Lite) သည်ပွဲချင်းသေဆုံးပြီး သူမသူငယ်ချင်း အသက်(၁၈)နှစ်အရွယ်ရှိသော မတိန်းတင် (Ma Tain Tin)လည်း ပေါက်ကွဲသောမိုင်းအရှိန်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ရပ်ချောင်းကျေးရွာမှ ဦးဟွေ့တန်းသည်လည်း ၂၉၊ ၁၀၊ ၂၀၁၈ရက်နေ့တွင် တောထဲဟင်းထွက်ရှာယင်း မြေမြုပ်မိုင်းနင်းမိတဲ့ အတွက် ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေမြို့သို့ သွားရောက်ဆေးဝါးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိပါသည်။

For further information or to arrange interviews please contact;

Salai Terah (in Burmese), Field Director at CHRO on +95 (0) 9255934177 or email- terah@chro.ca

Ref: Chin Human Rights Organization 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: