၂၀၂၀​ရွေး​ကောက်​ပွဲကြီးအတွက်​ ဟိုပါတီ၊ဒီပါတီမကြည့်​နဲ့ အမျိုးပြိုင်​သည့်​ပါတီကိုသာကြည့်​ ဖြစ်​​​တော့မည်​​လော

0

Vote

တစ်​နှစ်​နီးပါးသာကျန်​​ရှိ​တော့သည့်​၂၀၂၀ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးအတွက်​ နိုင်​ငံ​ရေးပါတီများ စိတ်​လှုပ်လှုပ်​ရှားရှားဖြစ်​​နေကြသလို၊ အများပြည်​သူ လူငယ်​၊အမျိုးသမီးများကလည်း ဘယ်​ပါတီက ပြည်​သူ့အတွက်​အမှန်​တကယ်​ အလုပ်​လုပ်​နိုင်​သလဲ၊ အဂတိလိုက်​စားမှုကင်းကင်းရှင်းရှင်းဖြစ်​​နေသလ၊ဲ အများပြည်​သူများ၂၀၂၀မှာ ဘယ်​ပါတီကို မဲ​ပေးရင်​​ကောင်းမလဲ ​စောင့်​​ကြည့်​​နေ​သည့်​ကာလဖြစ်​သည်​။ အများအားဖြင့်​ ချင်းပြည်​သူသက်​ကြီးရွယ်​အိုပိုင်း၏ သ​ဘောထားက​တော့ `ဟိုပါတီ၊ဒီပါတီမကြည့်​နဲ့ အမျိုးပြိုင်​သည့်​ပါတီကိုသာကြည့်​´ဆိုတဲ့​ စည်းရုံးမှု​တွေ​ကြောင့်​ လူငယ်​​တွေကြားမှာလည်း အချို့ေ​နရာ​ဒေသ​တွေမှာ ဂယက်​ရိုက်​လာတယ်​။

Salai No Bik

၂၀၁၀​ ရွေး​ကောက်​ပွဲကြီးကနဲ့ ကြံ့ခိုင်​​ရေးပါတီအစိုးရတက်​လာတယ်​ ချင်းပြည်​နယ်​လွှတ်​​တော်​တစ်​ခုလုံးကို ကြံ့ခိုင်​​ရေးပါတီက ကြီးစိုးခဲ့တယ်​။ ထိုအချိန်​မှာ ၀န်​ကြီး​​နေရာရကြသည့်​ ၀န်​ကြီးအများစုက သူတို့မြို့ နယ်​နှင့်​ သူတို့အမျိုး​​တွေအတွက်​သာ ဦးစား​ပေးအလုပ်​လုပ်​ကြပြီး၊ အမတ်​​​နေရာရကြသည့်​ အမတ်​များကလည်း သူတို့​​ကျေးရွာ​ဒေသ၊သူတို့အမျိုး​တွေအတွက်​သာ ကွက်​ပြီး ဦးစား​ပေးအလုပ်​လုပ်​ကြတာကို ​ပြည်​သူများတွေ့လိုက်​ရ​တော့ အများပြည်​သူများ၏အ​တွေးအ​ခေါ်စိတ်​ထဲ​မှာ တရားမျှတမူနှင့်​ ပွင့်​လင်းမြင်​သာမူများ ​တောင်းတလာကြသည်နှင့်​အမျှ ၂၀၁၅အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးမှာ​တော့ အခြားပါတီများ ဘယ်​​လောက်​​ကောင်း​ကောင်း၊မ​ကောင်း​ကောင်း စစ်​အာဏာရှင်​များနှင့်​ ​အ​ပေါင်းအပါများ ဖြုတ်​ချနိုင်​​ရေးကတစ်​ပိုင်း၊ဒီမိုက​ရေစီလမ်းစဉ်​နှင့်​ တရားဥပ​ဒေစိုးမိုး​ရေး၊တန်းတူအခွင့်​အ​ရေး၊တရားမျှတမူ​ဖော်​​ဆောင်​​​ပေးနိုင်​မည့်​ ပါတီကြီးဖြစ်​​သော NLDပါတီကို အားကိုးတကြီးအဓိကဦးတည်​မဲ​ပေးခဲ့ကြ​ပေမဲ့ ၂၀၁၅အလွန်​ NLDအစိုးရမှတက်​လာ​သော ဝန်​ကြီးအချို့ နှင့်​အမတ်​အချို့ လည်းပဲ ကြံခိုင်း​ရေးပါတီနည်း၊ ကြံခိုင်​​ရေးဟန်​နဲ့ ပြုမူလာကြ​တော့ ၂၀၁၈ နိုဝင်​ဘာလ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ ပြည်​သူများ ဘယ်​ပါတီကို မဲ​ပေးရမှန်း ​ဝေ​ဝေဝါးဝါးဖြစ်​​ခဲ့ကြရတယ်​။

၂၀၂၀​ရွေး​ကောက်​ပွဲမှာလည်းပဲ ပြည်​သူများ ​ဝေဝါး​နေအုံးမည်​ဖြစ်​သည်​။ ယခုလက်​ရှိအ​ခြေအ​နေအရ ၂၀၂၀​ ​ရွေး​ကောက်​ပွဲအတွက်​ အချို့ ပြည်​သူများကို တီး​ခေါက်​ကြည့်​​တော့ ၂၀၂၀​ ရွေး​ကောက်​ပွဲကြီးမှာ​တော့ အများအားဖြင့်​ အမတ်​​လောင်း ​ဘယ်​​လောက်​တော်​​တော်​ မ​တော်​​တော်​၊ဘယ်​​လောက်​လုပ်​နိုင်​ မလုပ်​နိုင်​ အမျိုးပြိုင်​သည့်​ပါတီကိုသာမဲ​ပေးမည်​တဲ့။ ”ဟိုပါတီ၊ဒီပါတီ မကြည့်​နဲ့ အမျိုးပြိုင်​သည့်​ပါတီကြည့်​´´ အမျိုးပြိုင်​သည့်​ပါတီမဲ​ပေးမှ အမျိုး​နေရာရမှ သက်​သာမည်​၊အခွင့်​အ​ရေးရမည်​ဆိုသည့်​ အမျိုးလိုက်​​ပြောဆို စည်းရုံးတာ​တွေ​ရှိသလို လူမျိုးစု အမတ်​​နေရာရရှိ​ရေး၊လူမျိးစု​အောင်​နိုင်​​ရေး ​ဟော​ပြောစည်းရုံး​ရေး​တွေ လုပ်​​နေကြတာ​တွေ ​တော်​​တော်​များများတွေ့ရပါသည်​။ ပါတီမကြည့်​နဲ့ အမျိုးပြိုင်​သည့်​ပါတီကြည့်​ ဖြစ်​​ပေါ်လာ​အောင်​ ဖန်​တီး​ပေးသူ​တွေက​တော့ ကြံခိုင်​​ရေးပါတီနှင့်​ NLD ပါတီ ၀န်​ကြီး၊အမတ်​အချို့ ​တွေပါပဲ။ ​ချင်းပြည်​နယ်​ နိုင်​ငံ​ရေးယန္တာရားမှာ ​အမျိုးကြည့်​မဲ​ပေးစနစ်​ကျင့်​သုံးလာကြမည်​ဆိုရင်​ အရည်​အချင်းမရှိ၊ ချင်းပြည်​အတွက်​ သုံးစားမရ၊ ဘာမှမ​ပြောမဆို မ​ဆွေး​နွေးဘဲ လွှတ်​​တော်​ထဲမှာ ၅နှစ်​အတွင်း လခစားပြီး ငုပ်​တုတ်​ထိုင်​​နေသည့်​ အမတ်​များသာထွက်​လာမည်​။

သူတို့​ကြောင့်​ ချင်းပြည်​ဖွံ့ဖြိုးတိုးတက်​​ရေးမှာ​နှောင့်​​နှေးလာမယ်​။ ဒါ​​ကြောင့်​ ကျွန်​​တော်​တို့ လူငယ်​​တွေလိုချင်​တာက နိုင်​ငံ​ရေးယန္တာရားမှာ ​​နိုင်​ငံ​ရေးအမြင်​ရှိသူ၊​အုပ်​ချုပ်​​ရေးပါးနပ်​သူ၊ဥပ​ဒေ​ရေးရာကျွမ်းကျင်​သူများ၊ပြည်​​ထောင်​စုအဆင့်​သမ္မတဝင်​ပြိုင်​နိုင်​မည့်​သူများ၊ဖက်​ဒရယ်​အ​ရေး ​နှပ်​နှပ်​စပ်​စပ်​​ဆွေး​နွေးနိုင်​မည့်​သူ ၊ချင်းအမျိုးသားအ​ရေး​ဆွေး​နွေးနိုင်​မည်​သူ၊ပြည်​သူ​အ​ရေးဦးစား​ပေးသည့်​ ပုဂ္ဂိုလ်​များကိုယ်​သာ မဲ​ပေး​စေချင်​ပါသည်​။ ဒါ​ပေမဲ့ အခု​တော့ ချင်းပြည်​နယ်​အစိုးရလွှတ်​​တော်​ထဲမှာ ပါတီစုံ ရောက်​ရှိ​နေပြီဖြစ်​​သော​ကြောင့်​ ၂၀၁၉ကနဲ့ တစ်​နှစ်​အတွင်း NLD,ZCPနှင့်​ ကြားဖြစ်​​ရွေး​ကောက်​ပွဲကနဲ့ အသစ်​ တက်​လာသည့်​ CLD သုံးပါတီ​ရောက်​ရှိ​နေပါပြီ။ ပြည်​သူများ ​စောင့်​ကြည့်​​နေကြသည်​ ပြည်​သူများ​​၏ အသည်းကြားကမဲတစ်​ပြား ​ပေးမည့်​ ပါတီက ဘက်​လိုက်​မူမရှိ၊တရားမျှတစွာ ချင်းပြည်​နယ်​နင့်​ ချင်းတစ်​မျိုးသားတစ်​လုံးအတွက်​အလုပ်​လုပ်​​ပေးနိုင်​သည့်​ ပုဂ္ဂိုလ်​၊ပါတီကိုသာ အများပြည်​သူများ ​​မဲ​ပေးရန်​​​စောင့်​ကြည့်​နေကြသည့်​အ​နေအထားမှာ ရှိ​နေဆဲပင်​ဖြစ်​သည်​ဟု သုံးသပ်​မိပါသည်​။

ဆလိုင်းမတူပီ နိုဘိခ်​ရေးသားသည်။

စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Chinland Post ၏အာဘော်မဟုတ်ကြောင်းတင်ပြအပ်ပါသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: