နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်

0

The Chinland Post | 2019 January 16| နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်သို့ လာရောက်လည်ပတ်ရန်ရှိပြီး ခရီးစဉ်နှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ တာဝန်ရှိသူမှတဆင့် ကြားသိရသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၀ရက်တွင်  ကလေးမြို့အထိ လေယာဉ်ဖြင့်၎င်း၊ ရဟတ်ယာဉ်ဖြင့် ကလေးမြို့မှ ချင်းပြည်နယ် ထန်တလန်မြို့နယ်သီကီရ်ကျေးရွာရှိ ရေလှောင်တမံနှင့် အသေးစားရေအားလျှစ်စစ်ဖွင့်ပွဲ အခမ်းအနားသွားရောက် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့နောက် ရိဒ်ရေကန် သို့မဟုတ် ထန်တလန်မြို့က ပြည်သူလုထုနဲ့ တွေ့ဆုံဆွေးနွေးမူပြုလုပ်သွားမှာ ဖြစ်တယ်။ ပြီးရင် အဲဒီညကို ဟားခါးမြို့မှာ အနားယူသွားမှာ ဖြစ်တယ်။ နောက်တစ်နေ့ ဇန်နဝါရီ ၂၁ ရက်မှ ဟားခါးမြို့ ရှူခင်းသာဖွင့်ပွဲအား ဦးဆောင်ဖွင့်လှစ်ပေးသွားမယ်။ နောက်ပြီးတော့ ချင်းပြည်နယ် ဟားခါးကော် လိပ်နှင့် ဟားခါးမြို့ရှိ ကျောင်းများအား ကြည့်ရှူ လေ့လာသွားမယ်။ အချိန်ရရင်တော့ ဟားခါးမြို့ ပြည်သူလူထုနှင့် တွေ့ဆုံမူ ပြုလုပ်ဖို့လည်းရှိတယ်။ ဒါပေမယ့် အချိန်မရခဲ့လျှင် ပြည်နယ်အစိုးရအဖွဲ့နှင့်ဘဲ တွေ့ဆုံတိုင်ပင် ဆွေးနွေးမူ ပြုလုပ်သွားမည်” ဟု The Chinland Post သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံသည် ဖလမ်းမြို့နယ်ရှိ ဆူရ်ဘွန်လေယာဉ်ကွင်းအား သွားရောက်ကြည့်ရှုခြင်း၊ တီးတိန်မြို့ လူထုတွေ့ဆုံပွဲ၊ နောက်ပြီးတော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ တွန်းဇံမြို့နယ်၊ သွီးခင်ဇန် (ဟားခါးလေးရွာ)တွင် ကျေးရွာသားများအတွက် လှူဒါန်းကူညီတည်ဆောက်ပေးခဲ့သော ၄၆ အိမ်ကို သွားရောက်လည်ပတ်ဖို့ရှိတယ် လို့သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကာလတွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့်ကန်ပလက်မြို့သို့ လည်ပတ်မှုများရှိပြီး ယခုချင်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်တွင် နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးအိုနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် လာရောက်လည်ပတ်ခြင်းဖြစ်မည်ဟုသိရှိရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: