8th ZOFEST 2018 ပွဲတော်တွင် Central CYOနှင့် Chin Students’ Union အပါအ၀င် ချင်းလူမှုရေး အဖွဲ့တက်ရောက်

0

CCYO le CSU at ZOFEST

Mizo Zirlai Pawl (MZP) က နှစ်စဉ် ကမကထပြု၍ (၈)ကြိမ်မြောက် ZOFEST 2018 ပွဲတော်ကြီးကို အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ် Reiek ရွာတွင် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၄-၇) ထိ (၄)ရက်ကြာကျင်းပကြရာ ချင်းပြည်နယ်မှ Central CYO နှင့် Chin Students’ Union အပါအ၀င် အခြားယဉ်ကျေးမှုနှင့် ချင်းလူမှုရေး အဖွဲ့တက်ရောက်ကြသည်ဟုသိရသည်။

ZOFEST MZP nih CCYO Pekmi Roca

ထိုပွဲတော်တွင် Mizo Zirlai Pawl(MZP) ခေါ် Mizo Students’ Association မှ Zofest 2018 တွင် တက် ရောက်လာသော CCYO အဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ထိုဂုဏ်ပြုမှတ်တမ်းကို CCYO ရဲ့ ဒု-ဥက္ကဌ ဆလိုင်းထန်းလွန်းမှ လက်ခံပြီး ကျေးဇူးတင်ခြင်းအမှတ်ရစကားဖြင့် MZP အဖွဲ့အား နုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးဇူးတင်စကားပြောကြားရာတွင် ဆလိုင်းထန်းလွန်းက မိမိတို့ချင်း နဲ့မီဇိုးတို့သည် “သမိုင်းကြောင်း အရဖြစ်စေ၊ ဘာသာစကားဖြစ်စေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရဖြစ်စေ အများစုတူညီကြကြောင်းနဲ့ 1896 Chin Hills Regulation Acts ပူးတွဲအုပ်ချုပ်ရေးစနစ်ရှိခဲ့ကြောင်းပြောကြားသည်။ ထို့နောက် မိမိတို့ဟာ လူမျိုး တစ်မျိုးဖြစ်ကြသည်နဲ့အညီ နောင်လာမည့်အနာဂါတ်နှစ်များတွင်လည်း ပိုမိုချိတ်ဆက်ကြရန်နဲ့ ဆက်လက်ပြီး ဆက်သွယ်ကြဖို့ကိုလည်း တောင်းဆိုလိုက်ကြောင်းသရသည်။

Salai Thang Loon, Vice President of Central CYO

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: