အပိုင်း(၁)ဒီမိုကရီစီမျိုးစေ့နှင့်ပင်လုံပြည်ထောင်စု – ဒီမိုကရီစီမ်ိဳးေစ့ႏွင့္ပင္လုံျပည္ေထာင္စု

0

Salai Kipp Kho Lian| TCP-Hakha| September 22, 2020| အပိုင်း(၁)ဒီမိုကရီစီမျိုးစေ့နှင့်ပင်လုံပြည်ထောင်စု

(၁) ဒီမိုကရေစီ၏ အခြေခံသဘောတရားများ

ဒီမိုကရေစီရဲ့ အခြေခံသဘောတရားနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောကြမယ်ဆိုရင်
ကျယ်ပြန့်လေးနက်ပါတယ်။ ဒီမိုကရေစီ အကြောင်းကို အစအဆုံး ပြည့်ပြည့်စုံစုံတင်ပြဖို့ဆိုရင် တော်တော်ခက်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ပထမခြေလှမ်းအနေနဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို ပို့ချမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်
တော်တို့ ဒီအခြေခံ သဘောတရားတွေကို မသိဘဲ တခြား ဒီမိုကရေစီအကြောင်းအရာတွေ၊ အချက်အလက်တွေ ဘယ်လောက်ပဲသိသိ ဘယ်လောက်ပဲသင်တန်းတွေ ပို့ချပို့ချ သိပ်ပြီး အကျိုးထူးသွားမှာ မဟုတ် ပါဘူး။

တစ်ခါက ဒီမိုကရေစီသင်တန်းတက်ဖူးတဲ့ လူတစ်ယောက်ကို မေးဖူးတယ်။ ကောင်းပါပြီ။ ခင်ဗျားဒီမိုကရေစီသင်တန်း တက်ခဲ့တယ်ဆိုတော့ ပြောပြပါဦး၊ ဘယ်မှာဆုံးရမှန်း
မသိဖြစ်နေတာမျိုး၊ ဒါမှမဟုတ် ပြောစရာတွေများနေလို့လည်း ဖြစ်နိုင်တယ်။

ဘာပဲပြောပြော ကျွန်တော်တို့ လိုချင်တာကတော့ ဒီသင်တန်းမှာ သင်တန်းသားတစ်ယောက်ဟာ သင်တန်းပြီးသွားမှတင် မဟုတ်ဘူး။ သင်တန်းအစမှာကတည်းက ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ မေးလာလို့ရှိရင် တစ်ခါတည်း ပြောနိုင်ရမယ်၊ ရှင်းပြနိုင်ရမယ်။ ပြန်လည်ပြီး ပို့ချတဲ့အခါမှာလည်း ရှင်းရှင်းလင်းလင်းနဲ့ ပြန်ပို့ချနိုင်ရမယ်။ ။

ဒီသင်တန်းရဲ့ ရည်ရွယ်ချက်ကိုက သာမန်ပြည်သူတစ်ယောက်အနေနဲ့ နက်ရှိုင်းတဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို အချိန်တိုတိုအတွင်းမှာ ရှင်းရှင်းလင်းလင်းကြီးကို နား လည်သဘောပေါက်သွားစေချင်တယ်။ တစ်နည်းပြောရရင် ပညာရှင်တွေအတွက် ပို့ချမှာမဟုတ်ဘူး။

ပညာရှင်ကြီးလို အများပြည်သူ နားလည်ရခက်တဲ့ စကားလုံးတွေကိုလည်း သုံးမှာမဟုတ် ဘူး။ သာမန်မြန်မာပြည်သူတစ်ယောက်အနေနဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘော
တရားကို အလွယ် တကူ နားလည်သွားအောင်ဆိုတဲ့ အရင်းခံစေတနာနဲ့ ပို့ချသွားမယ့်သင်တန်းဖြစ်တယ်။

ဒီတော့ ကျွန်တော်တို့သင်တန်းရဲ့ အကျယ်အဝန်းကို ပြောရမယ်ဆိုရင်
အပိုင်း (၁) မှာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို ပို့ချမယ်၊
အပိုင်း (၂) မှာတော့ လက်တွေ့ပိုင်း၊ အထူးသဖြင့် ဒီမိုကရေစီနဲ့ အုပ်ချုပ်ရေးအပိုင်းကို ပို့ချမယ်။
အပိုင်း (၂) ပြီးသွားတဲ့အခါမှာ အပိုင်း (၁) နဲ့ (၂) မှာ သင်ကြားခဲ့တဲ့ အချက်တွေကို အခြေခံပြီး ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သမိုင်းဖြတ်သန်းမှုကို လိုရင်းတိုရှင်း ဆွေးနွေးသွားမယ်။

ကျန်တဲ့ ဒီမိုကရေစီ အခြေခံသဘော တရားတွေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အခြေခံတရားတွေ အများကြီးရှိသေး တယ်။ အဲဒါတွေကို နောက်ပိုင်းကျမှ ဖြည်းဖြည်းချင်း ကျွန်တော်တို့ တစ်ဆင့်ချင်း သင်သွားမယ်။ အခုကတော့ ပထမပိုင်းနဲ့ ဒုတိယပိုင်းကိုပဲ အထူးအာရုံပြုကြရအောင်။ ။

ကျွန်တော်တို့ ဒီသင်တန်းကို ဘာဖြစ်လို့ ဖွင့်ရသလဲဆိုတော့ ဒီမိုကရေစီကို လူတိုင်းကလို
ချင်ကြတယ်။ ဒီမိုကရေစီဆိုတဲ့စကားကိုလည်း တွင်တွင်ပြောကြတယ်။ ဒီမိုကရေစီရရှိရေး တို့အရေး ဆိုပြီးတော့လည်း အလေးအနက် ကြွေးကြော်ကြတယ်။ သို့သော်လည်း ဒီမိုကရေစီကို နားမလည်ဘဲ အော်နေကြတာ၊ ပြောနေကြတာလည်း ရှိတယ်။

အဖွဲ့အစည်းတွေ ထောင်ထား ကြတာလည်းရှိတယ်။ ဒီမိုကရေစီဆိုတဲ့ ဆိုင်းဘုတ်တွေကို တင်ကြတယ်။ အမည်နာမတွေကို သုံးကြတယ်။ ဒါပေမယ့် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့ အပြောအဆိုတွေ၊ အပြုအမူတွေကို မကြာခဏတွေ့တွေ့နေရတယ်။

တိုတိုပြောရမယ်ဆိုရင် ဒီလို ဒီမိုကရေစီကို နားမလည်ဘူးဆိုရင် ယုံကြည် မှာလည်း မဟုတ်ဘူး။ နားမလည်ဘူး၊ မယုံကြည်ဘူးဆိုရင်တော့ ကျင့်ကြံမှာလည်း မဟုတ်ဘူး။
ဒီမိုကရေစီဆိုတာ ကျင့်စဉ်တစ်ခုပါပဲ။

အတွေးအခေါ်တင် မဟုတ်ဘူး၊ လက်တွေ့လည်း ကျင့်ရတယ်။ အတွေးအခေါ်အားဖြင့် ဂဃနဏလည်း နားမလည်၊ ကျင့်စဉ်အားဖြင့်လည်း လက်တွေ့ မလိုက်နာ၊ ယုံလည်း မယုံကြည်ဘူးဆိုရင်တော့ ဒီမိုကရေစီကို နောင်အနှစ်တစ်ရာ ကြိုးစားလည်း ရမှာမဟုတ်ဘူး။

တစ်သက်လုံးလည်း ရမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီမိုကရေစီဆိုတဲ့ အတွေး
အခေါ်ကို ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ အတွေးအခေါ်ထဲမှာ၊ နှလုံးသားထဲမှာ နှစ်နှစ်ကာကာ သိရှိနားလည်ပြီး အားလုံးက လိုက်နာကြဖို့ လိုလားတဲ့အတွက် ဒီသင်တန်းကို ဖွင့်ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီတော်လှန်သော အတွေးအခေါ်ကို ကျွန်တော်တို့ခေါင်းထဲမှာ၊ နှလုံးသားထဲမှာ

စွဲကိုင်ထားခြင်းအားဖြင့် ဒီမိုကရေစီကို မြန်မြန်ဆန်ဆန် ရနိုင်မယ်လို့ ယုံကြည်ပါတယ်။
အဲဒီတော့ ပထမအချက်ကို ပြောမယ်ဆိုရင် ဒီမိုကရေစီ မပေါ်ပေါက်လာခင်မှာ ဘုရင် စနစ်တွေရှိတယ်။ ပဒေသရာဇ်စနစ်တွေရှိတယ်။ တစ်ဦးတည်းရဲ့ လက်ထဲမှာ အာဏာတွေ အပြည့်အဝ ပုံအပ်ထားတဲ့ အာဏာရှင်၊ ဘုရင်စနစ်တွေရှိတယ်။

အဲဒီတုန်းကတော့ ဘုရင်ကို မကြိုက်ရင် တော်လှန်ပုန်ကန်ဖို့ပဲရှိတယ်။ မတော်လှန် မပုန်ကန်နိုင်ရင်တော့ လည်စင်းခံရုံပဲရှိတယ်။ ဘုရင်ရဲ့ ပြုသမျှကို ခံရဖို့ပဲရှိတယ်။ အဲဒီတော့ မခံနိုင်တဲ့သူက ထပြီးပုန်ကန်တဲ့အခါမှာလည်း သူက တော်လှန်ရေး အောင်မြင်သွားလို့ရှိရင် အဲဒီဘုရင်ရဲ့ နေရာကိုယူပြီး ဘုရင်ကြီးပြန်လုပ်ပြီးတော့ သူအရင် က ဖြုတ်ချခဲ့တဲ့ ဘုရင်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အာဏာရှင်စနစ်ကိုပဲ ပြန်သုံးလေ့ရှိတယ်။

အဲဒီတော့ ဒီဘုရင်တွေကို ပုန်ကန်ခြားနားတဲ့အခါမှာလည်း တော်လှန်တဲ့ အတွေးအခေါ် မရှိခဲ့ကြဘူး။ ဒီဘုရင်စနစ်ကို တော်လှန်ပြောင်းလဲမယ်ဆိုတဲ့ အတွေးအခေါ် မရှိခဲ့ကြဘူး။ ဒီမိုကရေစီ ပေါ်ပေါက် လာတဲ့အခါမှာတော့ အရင်ခေတ်နဲ့ လုံးဝကွာခြားတဲ့ တော်လှန်တဲ့ အပြောင်းအလဲတွေ၊ အတွေး အခေါ်တွေ ဖြစ်လာတယ်။ အဲဒီတော့ ဒီမိုကရေစီဆိုတာ တော်လှန်သောအတွေးအခေါ်တစ်ခု ဖြစ်တယ်။ ဒီတော်လှန်သော အတွေးအခေါ်ကို ကျွန်တော်တို့ မိမိရရ ဆုပ်ကိုင်ထားဖို့ လိုပါတယ်။

အဲဒီတော့ ဒီသင်တန်းဟာ မည်သည့်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုသော်လည်း
ကောင်း၊ မည်သည့်အဖွဲ့အစည်းတစ်ခုကိုသော်လည်းကောင်း တိုက်ခိုက်ဖို့၊ ဆန့်ကျင်ဖို့ ဖွင့်တာ မဟုတ်ပါ ဘူး။ မိမိကိုယ်ကို မိမိရဲ့ အသိပညာကို တိုးပွားအောင်လုပ်ဖို့ပါပဲ။

တစ်နည်းအားဖြင့် တော်လှန်ရေး ကို မိမိရဲ့ ဦးခေါင်းထဲမှာ၊ ဦးနှောက်ထဲမှာ၊ နှလုံးသားထဲမှာ စတင်ပြီးတော့ ဆင်နွှဲဖို့ပါပဲ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် အရင်ဦးဆုံး ဆန်းစစ်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ခွန်အားဖြည့်ပေးရမယ်။ ဒီအတွေး အခေါ်ကို ပြည့်ဝအောင် အရင်လုပ်ကြရမယ်ဆိုတာ ကျွန်တော်တို့ရဲ့ ခံယူချက်ပဲဖြစ်ပါတယ်။

ဆက်ရန်။
၂။ တော်လှန်သောအတွေးအခေါ်အစ

Zawgyi Version

အပိုင္း(၁)
ဒီမိုကရီစီမ်ိဳးေစ့ႏွင့္ပင္လုံျပည္ေထာင္စု

(၁) ဒီမိုကေရစီ၏ အေျခခံသေဘာတရားမ်ား

ဒီမိုကေရစီရဲ႕ အေျခခံသေဘာတရားနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ေျပာၾကမယ္ဆိုရင္
က်ယ္ျပန႔္ေလးနက္ပါတယ္။ ဒီမိုကေရစီ အေၾကာင္းကို အစအဆုံး ျပည့္ျပည့္စုံစုံတင္ျပဖို႔ဆိုရင္ ေတာ္ေတာ္ခက္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ ပထမေျခလွမ္းအေနနဲ႔ ဒီမိုကေရစီရဲ႕ အေျခခံသေဘာတရားေတြကို ပို႔ခ်မွာျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္
ေတာ္တို႔ ဒီအေျခခံ သေဘာတရားေတြကို မသိဘဲ တျခား ဒီမိုကေရစီအေၾကာင္းအရာေတြ၊ အခ်က္အလက္ေတြ ဘယ္ေလာက္ပဲသိသိ ဘယ္ေလာက္ပဲသင္တန္းေတြ ပို႔ခ်ပို႔ခ် သိပ္ၿပီး အက်ိဳးထူးသြားမွာ မဟုတ္ ပါဘူး။

တစ္ခါက ဒီမိုကေရစီသင္တန္းတက္ဖူးတဲ့ လူတစ္ေယာက္ကို ေမးဖူးတယ္။ ေကာင္းပါၿပီ။ ခင္ဗ်ားဒီမိုကေရစီသင္တန္း တက္ခဲ့တယ္ဆိုေတာ့ ေျပာျပပါဦး၊ ဘယ္မွာဆုံးရမွန္း
မသိျဖစ္ေနတာမ်ိဳး၊ ဒါမွမဟုတ္ ေျပာစရာေတြမ်ားေနလို႔လည္း ျဖစ္ႏိုင္တယ္။

ဘာပဲေျပာေျပာ ကြၽန္ေတာ္တို႔ လိုခ်င္တာကေတာ့ ဒီသင္တန္းမွာ သင္တန္းသားတစ္ေယာက္ဟာ သင္တန္းၿပီးသြားမွတင္ မဟုတ္ဘူး။ သင္တန္းအစမွာကတည္းက ဒီမိုကေရစီဆိုတာ ဘာလဲဆိုတာ ေမးလာလို႔ရွိရင္ တစ္ခါတည္း ေျပာႏိုင္ရမယ္၊ ရွင္းျပႏိုင္ရမယ္။ ျပန္လည္ၿပီး ပို႔ခ်တဲ့အခါမွာလည္း ရွင္းရွင္းလင္းလင္းနဲ႔ ျပန္ပို႔ခ်ႏိုင္ရမယ္။ ။

ဒီသင္တန္းရဲ႕ ရည္႐ြယ္ခ်က္ကိုက သာမန္ျပည္သူတစ္ေယာက္အေနနဲ႔ နက္ရႈိင္းတဲ့ ဒီမိုကေရစီရဲ႕ အေျခခံသေဘာတရားေတြကို အခ်ိန္တိုတိုအတြင္းမွာ ရွင္းရွင္းလင္းလင္းႀကီးကို နား လည္သေဘာေပါက္သြားေစခ်င္တယ္။ တစ္နည္းေျပာရရင္ ပညာရွင္ေတြအတြက္ ပို႔ခ်မွာမဟုတ္ဘူး။

ပညာရွင္ႀကီးလို အမ်ားျပည္သူ နားလည္ရခက္တဲ့ စကားလုံးေတြကိုလည္း သုံးမွာမဟုတ္ ဘူး။ သာမန္ျမန္မာျပည္သူတစ္ေယာက္အေနနဲ႔ ဒီမိုကေရစီရဲ႕ အေျခခံသေဘာ
တရားကို အလြယ္ တကူ နားလည္သြားေအာင္ဆိုတဲ့ အရင္းခံေစတနာနဲ႔ ပို႔ခ်သြားမယ့္သင္တန္းျဖစ္တယ္။

ဒီေတာ့ ကြၽန္ေတာ္တို႔သင္တန္းရဲ႕ အက်ယ္အဝန္းကို ေျပာရမယ္ဆိုရင္
အပိုင္း (၁) မွာ ဒီမိုကေရစီရဲ႕ အေျခခံသေဘာတရားေတြကို ပို႔ခ်မယ္၊
အပိုင္း (၂) မွာေတာ့ လက္ေတြ႕ပိုင္း၊ အထူးသျဖင့္ ဒီမိုကေရစီနဲ႔ အုပ္ခ်ဳပ္ေရးအပိုင္းကို ပို႔ခ်မယ္။
အပိုင္း (၂) ၿပီးသြားတဲ့အခါမွာ အပိုင္း (၁) နဲ႔ (၂) မွာ သင္ၾကားခဲ့တဲ့ အခ်က္ေတြကို အေျခခံၿပီး ျပည္ေထာင္စုျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ သမိုင္းျဖတ္သန္းမႈကို လိုရင္းတိုရွင္း ေဆြးေႏြးသြားမယ္။

က်န္တဲ့ ဒီမိုကေရစီ အေျခခံသေဘာ တရားေတြနဲ႔ပတ္သက္ၿပီး အေရးႀကီးတဲ့ အေျခခံတရားေတြ အမ်ားႀကီးရွိေသး တယ္။ အဲဒါေတြကို ေနာက္ပိုင္းက်မွ ျဖည္းျဖည္းခ်င္း ကြၽန္ေတာ္တို႔ တစ္ဆင့္ခ်င္း သင္သြားမယ္။ အခုကေတာ့ ပထမပိုင္းနဲ႔ ဒုတိယပိုင္းကိုပဲ အထူးအာ႐ုံျပဳၾကရေအာင္။ ။

ကြၽန္ေတာ္တို႔ ဒီသင္တန္းကို ဘာျဖစ္လို႔ ဖြင့္ရသလဲဆိုေတာ့ ဒီမိုကေရစီကို လူတိုင္းကလို
ခ်င္ၾကတယ္။ ဒီမိုကေရစီဆိုတဲ့စကားကိုလည္း တြင္တြင္ေျပာၾကတယ္။ ဒီမိုကေရစီရရွိေရး တို႔အေရး ဆိုၿပီးေတာ့လည္း အေလးအနက္ ေႂကြးေၾကာ္ၾကတယ္။ သို႔ေသာ္လည္း ဒီမိုကေရစီကို နားမလည္ဘဲ ေအာ္ေနၾကတာ၊ ေျပာေနၾကတာလည္း ရွိတယ္။

အဖြဲ႕အစည္းေတြ ေထာင္ထား ၾကတာလည္းရွိတယ္။ ဒီမိုကေရစီဆိုတဲ့ ဆိုင္းဘုတ္ေတြကို တင္ၾကတယ္။ အမည္နာမေတြကို သုံးၾကတယ္။ ဒါေပမယ့္ ဒီမိုကေရစီနဲ႔ဆန႔္က်င္တဲ့ အေျပာအဆိုေတြ၊ အျပဳအမူေတြကို မၾကာခဏေတြ႕ေတြ႕ေနရတယ္။

တိုတိုေျပာရမယ္ဆိုရင္ ဒီလို ဒီမိုကေရစီကို နားမလည္ဘူးဆိုရင္ ယုံၾကည္ မွာလည္း မဟုတ္ဘူး။ နားမလည္ဘူး၊ မယုံၾကည္ဘူးဆိုရင္ေတာ့ က်င့္ႀကံမွာလည္း မဟုတ္ဘူး။
ဒီမိုကေရစီဆိုတာ က်င့္စဥ္တစ္ခုပါပဲ။

အေတြးအေခၚတင္ မဟုတ္ဘူး၊ လက္ေတြ႕လည္း က်င့္ရတယ္။ အေတြးအေခၚအားျဖင့္ ဂဃနဏလည္း နားမလည္၊ က်င့္စဥ္အားျဖင့္လည္း လက္ေတြ႕ မလိုက္နာ၊ ယုံလည္း မယုံၾကည္ဘူးဆိုရင္ေတာ့ ဒီမိုကေရစီကို ေနာင္အႏွစ္တစ္ရာ ႀကိဳးစားလည္း ရမွာမဟုတ္ဘူး။

တစ္သက္လုံးလည္း ရမွာမဟုတ္ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဒီမိုကေရစီဆိုတဲ့ အေတြး
အေခၚကို ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းထဲမွာ အေတြးအေခၚထဲမွာ၊ ႏွလုံးသားထဲမွာ ႏွစ္ႏွစ္ကာကာ သိရွိနားလည္ၿပီး အားလုံးက လိုက္နာၾကဖို႔ လိုလားတဲ့အတြက္ ဒီသင္တန္းကို ဖြင့္ျခင္းျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ဒီေတာ္လွန္ေသာ အေတြးအေခၚကို ကြၽန္ေတာ္တို႔ေခါင္းထဲမွာ၊ ႏွလုံးသားထဲမွာ

စြဲကိုင္ထားျခင္းအားျဖင့္ ဒီမိုကေရစီကို ျမန္ျမန္ဆန္ဆန္ ရႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။
အဲဒီေတာ့ ပထမအခ်က္ကို ေျပာမယ္ဆိုရင္ ဒီမိုကေရစီ မေပၚေပါက္လာခင္မွာ ဘုရင္ စနစ္ေတြရွိတယ္။ ပေဒသရာဇ္စနစ္ေတြရွိတယ္။ တစ္ဦးတည္းရဲ႕ လက္ထဲမွာ အာဏာေတြ အျပည့္အဝ ပုံအပ္ထားတဲ့ အာဏာရွင္၊ ဘုရင္စနစ္ေတြရွိတယ္။

အဲဒီတုန္းကေတာ့ ဘုရင္ကို မႀကိဳက္ရင္ ေတာ္လွန္ပုန္ကန္ဖို႔ပဲရွိတယ္။ မေတာ္လွန္ မပုန္ကန္ႏိုင္ရင္ေတာ့ လည္စင္းခံ႐ုံပဲရွိတယ္။ ဘုရင္ရဲ႕ ျပဳသမွ်ကို ခံရဖို႔ပဲရွိတယ္။ အဲဒီေတာ့ မခံႏိုင္တဲ့သူက ထၿပီးပုန္ကန္တဲ့အခါမွာလည္း သူက ေတာ္လွန္ေရး ေအာင္ျမင္သြားလို႔ရွိရင္ အဲဒီဘုရင္ရဲ႕ ေနရာကိုယူၿပီး ဘုရင္ႀကီးျပန္လုပ္ၿပီးေတာ့ သူအရင္ က ျဖဳတ္ခ်ခဲ့တဲ့ ဘုရင္ရဲ႕ လုပ္ထုံးလုပ္နည္းေတြနဲ႔ အာဏာရွင္စနစ္ကိုပဲ ျပန္သုံးေလ့ရွိတယ္။

အဲဒီေတာ့ ဒီဘုရင္ေတြကို ပုန္ကန္ျခားနားတဲ့အခါမွာလည္း ေတာ္လွန္တဲ့ အေတြးအေခၚ မရွိခဲ့ၾကဘူး။ ဒီဘုရင္စနစ္ကို ေတာ္လွန္ေျပာင္းလဲမယ္ဆိုတဲ့ အေတြးအေခၚ မရွိခဲ့ၾကဘူး။ ဒီမိုကေရစီ ေပၚေပါက္ လာတဲ့အခါမွာေတာ့ အရင္ေခတ္နဲ႔ လုံးဝကြာျခားတဲ့ ေတာ္လွန္တဲ့ အေျပာင္းအလဲေတြ၊ အေတြး အေခၚေတြ ျဖစ္လာတယ္။ အဲဒီေတာ့ ဒီမိုကေရစီဆိုတာ ေတာ္လွန္ေသာအေတြးအေခၚတစ္ခု ျဖစ္တယ္။ ဒီေတာ္လွန္ေသာ အေတြးအေခၚကို ကြၽန္ေတာ္တို႔ မိမိရရ ဆုပ္ကိုင္ထားဖို႔ လိုပါတယ္။

အဲဒီေတာ့ ဒီသင္တန္းဟာ မည္သည့္လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ကိုေသာ္လည္း
ေကာင္း၊ မည္သည့္အဖြဲ႕အစည္းတစ္ခုကိုေသာ္လည္းေကာင္း တိုက္ခိုက္ဖို႔၊ ဆန႔္က်င္ဖို႔ ဖြင့္တာ မဟုတ္ပါ ဘူး။ မိမိကိုယ္ကို မိမိရဲ႕ အသိပညာကို တိုးပြားေအာင္လုပ္ဖို႔ပါပဲ။

တစ္နည္းအားျဖင့္ ေတာ္လွန္ေရး ကို မိမိရဲ႕ ဦးေခါင္းထဲမွာ၊ ဦးေႏွာက္ထဲမွာ၊ ႏွလုံးသားထဲမွာ စတင္ၿပီးေတာ့ ဆင္ႏႊဲဖို႔ပါပဲ။ အဲဒီေတာ့ ကိုယ့္ကိုယ္ကိုယ္ အရင္ဦးဆုံး ဆန္းစစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ပဲ ခြန္အားျဖည့္ေပးရမယ္။ ဒီအေတြး အေခၚကို ျပည့္ဝေအာင္ အရင္လုပ္ၾကရမယ္ဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ခံယူခ်က္ပဲျဖစ္ပါတယ္။

ဆက္ရန္။
၂။ ေတာ္လွန္ေသာအေတြးအေခၚအစ

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: