Chin ramkul kahdoh thawng; CNA le CNDF/CDF Kahnak In Ralkap Motor (7) Arawk

0

October 14 ah Falam in Hakha lei aa thawh mi ralkap motor 60 fai le tank 2 cu CNA le CNDF/CDF nih Taal khua pawng in an kham hna i Hakha lei lanh kho lo ding in an tuah hna caah nihin tiang an i tap peng tiah kan theih.

Cu aa tap mi he an kahnak atu le atu a chuah lengmang caah ralhrang motor (7) a rawk cang tiah theih a si.
Tuzing zong ah Taal in Falam lei ah ralkap aa hliammi minung (15) a phortu motor le kee in a kirpi mi ralkap 40 cu Lungpi khua lonh ah lamtan in an kah than hna caah Falam lei kir kho lo in an um.

Hi tuzing kahnak kong ah ralhrang lei siseh, Chin ralkap lei thih lonak le khawndennak kan thei kho lo.

Falam le Hakha karlak ah aa tap mi ralkap le CNA le CNDF/CDF kar kahnak a chuak lengmang nain a thi mi fiangte in kan hngalh kho lo, a thi mi cu an tam cang lai tiah tuanvo ngei tu lei in thawng kan theih.

Nizan ah Hakha lei in aa tap mi ralkap pawl va chanh dinh ah a kal mi zong Hakha khua chuah ah CNA le CDF nih an kah hna i Hakha lei an kir than tiah thawng kan theih.

Hakha lei Falam ah aa tap mi ralkap hi minung 400 renglo an si lai tiah ruah a si. CNA le CNDF/CDF pawl nih a kar ah ceh in kahnak le dohnak an tuah pah lengmang hna tiah kan theih.

CNA နှင့် ချင်းဒေသတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှှုကြောင့် စကစ စစ်ကား(၇) စီးပျက်စီး

ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် (CNDF and CDF) ပူးပေါင်းတိုက်ခိုက်မှှုကြောင့် ဖလမ်းနှင့် ဟားခါးလမ်းမကြီးကြား ပိတ်မိနေသည့် ကစက စစ်ကား (၇) ပျက်စီးကာ အများအပြားသေဆုံးပြီး စကစစစ်သား (၁၅) ကျော် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဖလမ်းမှ ဟားခါးသို့ မောင်းနှင်လာသည့် ကစကစစ်ကား (၆၀) ကျော်သည် ဖလမ်းမြို့မှ (၁၀)မိုင်ကျော်သာသွားနိုင်ပြီး CNA နှင့် ပူးပေါင်းချင်းဒေသကာကွယ်ရေးတပ်များမှ ကြားဖြတ်ပိတ်စို့ကာ ယနေ့ချိန်ထိ ခရီးမဆက်နိုင်ကြသေးကြောင်း သိရသည်။

“ကျနော်တို့ သူတို့ (ကစကစစ်သားတွေ) တက်မလာနိုင်အောင် ခုခံပိတ်စို့တာပေါ့။ ပြီးတော့ အချိန်ခါသင့်သလို သွားတိုက်တယ်။ ပစ်တယ်ပေါ့။ သူတို့ကတော့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသန်းပစ်တယ်။ ကျနော်တို့ဖက်က အထိခိုက် မရှိဘူး” ဟု အမည်မဖော်လိုသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်မှ ပြောသည်။
ဒီမနက် ၁၀း ၀၀ နာရီကျော်ခန့်တွင် ခြေလျှင်ဖြင့် ဖလမ်းသို့ပြန်လှည့်သွားသည့် ကစကစစ်သား (၄၀)နှင့် လူနာ (၁၅) တင်ဆောင်သည့် ကစကစစ်ကားလည်း လုံပီးကျေးရွာအနည်းတဝက်တွင် ပူးပေါင်းတိုက်ဖွဲ့များမှ ကြားဖြတ်ဝင်တိုက်ကာ ဖလမ်းမြို့သို့ ခရီးမဆက်နိုင်ဘဲ ပိတ်ဆို့နေကြကြောင်း သိရသည်။

ယမန်နေ့ညနေက ဟားခါးမြို့မှ စစ်ကူဖြင့် သွားသည့် ကစကစစ်သားများလည်း မြို့အထွက်တွင် ချင်းပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခံရတာကြောင့် ခရီးမဆက်နိုင်ဘဲ ဟားခါးမြို့သို့ ပြန်လှည့်ကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မှ မတူပီသို့ သွားရောက်သည့် ကစကစစ်သားများလည်း (၁၀) မိုင်တွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ ခရီးနားနေကြကြောင်းသိရသည်။ မတူပီမှ တက်လာသည့် ကစကစစ်သားများလည်း မတူပီအဆင်း လေမြိုချောင်းအနားတွင် ယမန်နေ့က CDF မတူပီအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားကာ ယင်းနေရာတွင် စကစစစ်သည်များ ယာယီစခန်းချ နေထိုင်ကြကြောင်း သိရသည်။

ဟားခါးနှင့် ဖလမ်းကြားတွင် ပိတ်မိနေသော စကစစစ်သားများမှ Rialti ကျေးရွားအိမ်း (၁၃) အိမ်နှင့် ဘုရားကျောင်းမီးရှှို့ဖျက်စီးကာ Thlanrawn ရွာရှိ အိမ် (၁၀) ကျော်လည်း မီးရှို့ဖျက်စီးကြကြောင်းသိရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: