ခ်င္းျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌ ဦးေအာင္သန္း ရာထူးကေန ရပ္နားဖို႔သတင္းမ်ားထြက္ေပၚ

0

Hluttaw Deputy Speaker hlun MP U Aung Taan

Salai Josephbawi| 2019 February 16| ခ်င္းျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌ ဦးေအာင္သန္းဟာ သူ႔ရာထူးကေန ရပ္နားမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားမွတဆင့္ သိရွိရသည္။

ရာထူးကေန ရပ္နားဖုိ႔နဲ႔ ပတ္သက္ျပီး ဦးေအာင္သန္းဟာ မင္းတပ္ NLD အခ်င္းခ်င္းျပသာနာ တစ္စုံတစ္ရာရွိျပီး တုိင္ၾကားမႈေၾကာင့္ အခုလုိ ရာထူးကေန ရပ္နားခုိင္းတာျဖစ္နုိင္တယ္။ NLD မွာလည္း ပါတီတြင္းျပသာနာေတြ ရွိလုိ႔ျဖစ္တာ နီးစပ္ရာလူတစ္ဦးက The Chinland Post ကုိ ေျပာပါတယ္။

ဦးေအာင္သန္းရာထူးကေန အနားယူေတာ့မယ္ဆုိျပီး အစည္းအေ၀းအခ်ိန္မွာ လႊတ္ေတာ္ ဥကၠဌ ပူးဇုိေဘြက အားလုံးကုိ ေျပာတာပါ။ ဘာေၾကာင့္ဘယ္လုိ ျဖစ္လဲဆုိတာ ဘာမွမသိရဘူးလုိ႔ ထန္တလန္ျမိဳ႕နယ္ ျပည္နယ္လြတ္ေတာ္အမတ္ ပူးဗန္ေထာင္းက The Chinland Post ကုိ ေျပာသည္။

လႊတ္ေတာ္ဥကၠဌက ဒုဥကၠဌ ဦးေအာင္သန္းရာထူးကေန အနားယူေတာ့မယ္ဆုိျပီး ေျပာခဲ့တယ္။ ဘာေၾကာင့္ဆုိတာ မသိပါဘူး။ မင္းတပ္မွာလည္း ျပသနာရွိျပီး တုိင္တယ္ ဆုိတာလည္း မၾကားဖူးပါလုိ႔ မင္းတပ္ျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတိတ္ထန္းက The Chinland Post ကုိ ေျပာသည္။

မတူပီျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ဆလုိင္းေအာင္လ်န္ကေတာ့ လႊတ္ေတာ္ဥကၠဌက ေျပာလုိ႔သိၾကရ တာပါ။ ခ်င္းအမ်ဳိးသားေန႔ျပီးမွသာ ရာထူး၊ အေျပာင္းအလဲသည္ ရွိရင္ရွိမွာေပါ့။ ခုေတာ့ အလုပ္မ်ားၾကေတာ့ ဘာမွာ မျဖစ္ေလာက္ေသးဘူးလုိ႔ထင္တယ္ The Chinland Post ကုိ ေျပာသည္။

ဒီကိစၥနွင့္ပတ္သက္ျပီး လႊတ္ေတာ္ဥကၠဌ ပူးဇုိေဘြကုိ ဆက္သြယ္ရာမွာလည္း ေဇဖုိင္ရြာခရီးထြက္ေနလုိ႔ အဆက္အသြယ္မရေသးပါဘူး။ လႊတ္ေတာ္ ဒုဥကၠဌ ဦးေအာင္သန္း ကိုဆက္သြယ္ေမးျမန္းခဲ႔ရာ သူကိုယ္တိုင္ ေျဖဆိုဖို႔ကိုေတာ့ျငင္းဆန္ခဲ႔ပါတယ္ ၁၉၉၀ ကေန ဦးေအာင္သန္းဟာ မင္းတပ္ျမိဳ႕နယ္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD)တြင္ အင္တုိက္အားတုိက္ ပါ၀င္ခဲ့သူျဖစ္ျပီးလူထုရဲ႕ ေထာက္ခံမႈ ကုိလည္းရယူနုိင္ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ မင္းတပ္အမတ္ေလာင္း ေရြးခ်ယ္ရာမွာ ပါတီတြင္းအမတ္ေလာင္း ဦးလိန္းနုိင္းကုိ ဖယ္ရွားျပီး သူ႔သမီးရဲ႕ ခင္ပြန္း/သားမက္ ျဖစ္သူ ဦးေနလင္းေအာင္ (ဗမာလူမ်ဳိး)ထည့္သြင္းရာေနက ပါတီတြင္း ျပသနာလည္းေတြလည္း ရွိခဲ့ဖူးတယ္လုိ႔ ေဒသခံတဦးက The Chinland Post ကုိ ေျပာပါတယ္။

ခ်င္းျပည္နယ္ ျပည္နယ္လႊတ္ေတာ္ကုိ တစ္ျမိဳ႕နယ္က(၂)ဦးစီျဖင့္ ၁၈ဦးနွင့္ တပ္မေတာ္သားကုိယ္ စားလွယ္ ၆ဦး စုစုေပါင္း ၂၄ဦးျဖင့္ဖြဲ႔စည္းထားတာျဖစ္ပါတယ္။ NLD ပါတီဗဟုိေကာ္မီတီ၏ လမ္းညႊန္ခ်က္အရ လြတ္ေတာ္ဥကၠဌ အျဖစ္ ပူးဇုိေဘြ၊ ဒုဥကၠဌအျဖစ္ ဦးေအာင္သန္းႏွင့္ ဝန္ၾကီးခ်ဳပ္အျဖစ္ ဆလိုင္းလ်န္လြယ္တို႔ အသီးသီးတာ၀န္ယူေနၾကတာ ျဖစ္တယ္လုိ႔သိရသည္။

Kawlca Font a ngeilomi caah Unicode

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း ရာထူးကနေ ရပ်နားဖို့သတင်းများထွက်ပေါ်
ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်းဟာ သူ့ရာထူးကနေ ရပ်နားမည်ဖြစ်ကြောင်း ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် သိရှိရသည်။


ရာထူးကနေ ရပ်နားဖို့နဲ့ ပတ်သက်ပြီး ဦးအောင်သန်းဟာ မင်းတပ် NLD အချင်းချင်းပြသာနာ တစ်စုံတစ်ရာရှိပြီး တိုင်ကြားမှုကြောင့် အခုလို ရာထူးကနေ ရပ်နားခိုင်းတာဖြစ်နိုင်တယ်။ NLD မှာလည်း ပါတီတွင်းပြသာနာတွေ ရှိလို့ဖြစ်တာ နီးစပ်ရာလူတစ်ဦးက The Chinland Post ကို ပြောပါတယ်။
ဦးအောင်သန်းရာထူးကနေ အနားယူတော့မယ်ဆိုပြီး အစည်းအဝေးအချိန်မှာ လွှတ်တော် ဥက္ကဌ ပူးဇိုဘွေက အားလုံးကို ပြောတာပါ။ ဘာကြောင့်ဘယ်လို ဖြစ်လဲဆိုတာ ဘာမှမသိရဘူးလို့ ထန်တလန်မြို့နယ် ပြည်နယ်လွတ်တော်အမတ် ပူးဗန်ထောင်းက The Chinland Post ကို ပြောသည်။
လွှတ်တော်ဥက္ကဌက ဒုဥက္ကဌ ဦးအောင်သန်းရာထူးကနေ အနားယူတော့မယ်ဆိုပြီး ပြောခဲ့တယ်။ ဘာကြောင့်ဆိုတာ မသိပါဘူး။ မင်းတပ်မှာလည်း ပြသနာရှိပြီး တိုင်တယ် ဆိုတာလည်း မကြားဖူးပါလို့ မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းက The Chinland Post ကို ပြောသည်။
မတူပီမြို့နယ် ပြည်နယ်လွှတ်တော် ဆလိုင်းအောင်လျန်ကတော့ လွှတ်တော်ဥက္ကဌက ပြောလို့သိကြရ တာပါ။ ချင်းအမျိုးသားနေ့ပြီးမှသာ ရာထူး၊ အပြောင်းအလဲသည် ရှိရင်ရှိမှာပေါ့။ ခုတော့ အလုပ်များကြတော့ ဘာမှာ မဖြစ်လောက်သေးဘူးလို့ထင်တယ် The Chinland Post ကို ပြောသည်။
ဒီကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ဥက္ကဌ ပူးဇိုဘွေကို ဆက်သွယ်ရာမှာလည်း ဇေဖိုင်ရွာခရီးထွက်နေလို့ အဆက်အသွယ်မရသေးပါဘူး။ လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း ကိုဆက်သွယ်မေးမြန်းခဲ့ရာ သူကိုယ်တိုင် ဖြေဆိုဖို့ကိုတော့ငြင်းဆန်ခဲ့ပါတယ် ၁၉၉၀ ကနေ ဦးအောင်သန်းဟာ မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သူဖြစ်ပြီးလူထုရဲ့ ထောက်ခံမှု ကိုလည်းရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မင်းတပ်အမတ်လောင်း ရွေးချယ်ရာမှာ ပါတီတွင်းအမတ်လောင်း ဦးလိန်းနိုင်းကို ဖယ်ရှားပြီး သူ့သမီးရဲ့ ခင်ပွန်း/သားမက် ဖြစ်သူ ဦးနေလင်းအောင် (ဗမာလူမျိုး)ထည့်သွင်းရာနေက ပါတီတွင်း ပြသနာလည်းတွေလည်း ရှိခဲ့ဖူးတယ်လို့ ဒေသခံတဦးက The Chinland Post ကို ပြောပါတယ်။
ချင်းပြည်နယ် ပြည်နယ်လွှတ်တော်ကို တစ်မြို့နယ်က(၂)ဦးစီဖြင့် ၁၈ဦးနှင့် တပ်မတော်သားကိုယ် စားလှယ် ၆ဦး စုစုပေါင်း ၂၄ဦးဖြင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ NLD ပါတီဗဟိုကော်မီတီ၏ လမ်းညွှန်ချက်အရ လွတ်တော်ဥက္ကဌ အဖြစ် ပူးဇိုဘွေ၊ ဒုဥက္ကဌအဖြစ် ဦးအောင်သန်းနှင့် ဝန်ကြီးချုပ်အဖြစ် ဆလိုင်းလျန်လွယ်တို့ အသီးသီးတာဝန်ယူနေကြတာ ဖြစ်တယ်လို့သိရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: